ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 6, 2009

ဇူလိုင်လအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

> *** ယူရိုနိုင်ငံများတွင် ၁၀-နှစ်အတွင်း အလုပ်လက်မဲ့နှုန်း (၉.၅)ရာခိုင်နှုန်းသို့ မြင့်တက်…
(ဘရပ်ဆဲလ်၊ ဇူလိုင်လ ၄-ရက်)
ယူရိုငွေကြေးသုံးစွဲသောနိုင်ငံများအတွင်း အလုပ်လက်မဲ့နှုန်းသည် မေလအတွင်း ၁၀-နှစ်တာကာလတွင် အမြင့် ဆုံးအဆင့်သို့ ရောက်ရှိကြောင်း ဇူလိုင်လ ၂-ရက်နေ့က ရရှိသော သတင်းအချက်အလက်များမှ ဖော်ပြလျက် ရှိသည်။ ဈေးကွက်မျှော်မှန်းချက်ကို အားပေးသောအားဖြင့် ဥရောပဗဟိုဘဏ်က ဘဏ်တိုးနှုန်းကို အနိမ့်ဆုံးအ ဆင့်သို့ လျှော့ချမည်ဖြစ်၏။ ယူရိုငွေသုံးစွဲသော ၁၆-နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ဧပြီလတွင် (၉.၃)ရာခိုင် နှုန်းမှ ယခုဇူလိုင်လတွင် (၉.၅)ရာခိုင်နှုန်းသို့တိုးလာပြီး အလုပ်လက်မဲ့ဦးရေသည် ၂၇၃၀၀၀-ဖြစ်သည်။ စုစုပေါင်း အလုပ်လက်မဲ့ဦးရေးသည် (၁၅.၀၀၃)သန်းဖြစ်လာသည်ဟု ဥရောပသမဂ္ဂ စာရင်းအင်းရုံး(ယူရိုစ တက်)က ပြော ကြားခဲ့သည်။ ယင်းသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်းကာလ အချိန်တွင် အဆိုးရွား ဆုံးသော စီးပွားရေးကျဆင်း မှုဖြစ်သည်။ (ရိုက်တာ)

*** ကာဇက်စတန်မှ ယူရေနီယံများကို အခြားနိုင်ငံများသို့ ပေးပို့မည်မဟုတ်ဟု ပြောဆို…
(အယ်လ်မာတီ၊ ဇူလိုင် ၄-ရက်)
ကာဇက်စတန်နိုင်ငံ သမ္မတ နာစူလတန်နာဖာဘေရက်က လူများကို အစုလိုက်၊ အပြုံလိုက် သေစေနိုင်သော လက်နက်များပြုလုပ်ရာတွင် အသုံးပြုရသည့် ညူကလီယားအဏုမြူလောင်စာပစ္စည်းများကို အခြားနိုင်ငံများသို့ ပေးပို့ထောက်ပံ့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကာဇက်စတန်နိုင်ငံရှိ ဆီမီးပါလာတင်စတီးဒေသတွင် ညူကလီယားစမ်းသပ်မှုကို ၄၉-နှစ်ကြာပြုလုပ်ခဲ့ရာ ပြည်သူ (၁)သန်းခန့်သည် ဓါတ်ရောင်ခြည်အဆိပ်သင့်ခဲ့ရကြောင်း၊ အက်စ်တာနာဒေသ၌ အစ္စရေးသမ္မတ-ရှီမွန်ပီရက်ဇ်နှင့် ပူးတွဲကျင်းပသော တသင်းစာရှင်းလင်းပွဲတွင် ကာဇက်စတန်သမ္မတ နာစူုလတန်နာဖာဘေရက်က ပြောကြား အင်တာဖက်စ်သတင်းမှာ ဖော်ပြသည်။ ဆီမီပါလာတင်စကီး ညူကလီယားစမ်းသပ်ရေး စခန်းတွင် အကြီးဆုံး စမ်းသပ်စခန်းဖြစ်ကြောင်း၊ ၁၉၄၉-ခုနှစ်မှ ၁၉၈၉-ခုနှစ် (အနှစ် ၄၀-အတွင်း)စမ်းသပ်မှုအကြိမ်ပေါင်း ၅၀၀-နီးပါးပြုလုပ်ခဲ့ကြောင်း၊ ယင်းစမ်းသပ်မှုများကို ရပ်ဆိုင်းပစ်ရန် ၁၉၉၁-ခုနှစ်က ညွှန်ကြားခဲ့ကြောင်း ၄င်းကပြောကြားခဲ့သည်။ (ဆင်ဟွာ)
*** ပါကစ္စတန်အနောက်မြောက်ဒေသတွင် ဒေသခံလူမျိုးစုများက စစ်သွေးကြွ ၄၂-ဦးကို ရှင်းလင်းသုတ်သင်…
(အစ္စလာမ်မာဘတ်၊ ဇူလိုင်လ ၃-ရက်)
တာလီဘန်စစ်သွေးကြွများအား လိုလားသော လက်နက်ကိုင်များကို ပါကစ္စတန် အနောက်မြောက်ဒေသမှ လူမျိုးစုများက ဆန့်ကျင်ကာ ပြန်လည်တိုက်ခိုက်လာပြီဖြစ်သည်။ မတည်မငြိမ်ဖြစ်နေသော ပါကစ္စတန်အနောက်မြောက်ဒေသရှိ တာလီဘန်အဖွဲ့နှစ် အဆက်အသွယ်ရှိသော စစ်သွေးကြွများကို ဒေသခံလူများစုများက အလုံးအရင်းနှင့် ပြန်လည်တိုက်ခိုက်ရာ စစ်သွေးကြွ ၄၂-ဦးသေဆုံးသွားကြောင်း အင်တာနက်သတင်းက ဖော်ပြသည်။ (အင်တာနက်)
*** ၁၈-နှစ်ကျော် တာဝန်ထမ်းရွက်ခဲ့သော နေလေ့လာရေးအာကာသယာဉ် လုပ်ငန်းအဆုံးသတ်ပြီ…
(၀ါရှင်တန်- ဇူလိုင် ၁ရက်)
နေလေ့လာရေး ဂြိုလ်ပတ်ယာဉ်ဖြစ်သော (အူလစ်ဆေး)အာကာသယာဉ်သည် ၁၈-နှစ်ကျော် လုပ်ငန်းတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စူးစမ်းလေ့လာရေးလုပ်ငန်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ယနေ့အင်တာနက် သတင်းမှာ ဖော်ပြသည်။ အူလစ်ဆေး အာကာသယာဉ်သည် နေ၏ အနီးတ၀ိုက်တွင် လှည့်လည်ကာ နေနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို သိပ္ပံပညာရှင်များထံ နှစ်ပေါင်းရှည်ကြာစွာ ပေးပို့ခဲ့ပြီးဖြစ်သည်။ နေနှင့် ပတ်သက်၍ မိမိတို့သိရှိရန် မျှော်လင့်ခဲ့သည်ထက်ပိုမိုများပြားသော သတင်းအချက်အလက်များကို ရရှိခဲ့ကြောင်း၊ ဥရောပအာကာသအေဂျင်စီ၏ နေလေ့လာ ရေး စီမံကိန်းမန်နေဂျာ ရစ်ချတ်မာစဒန်က ပြောဆိုသည်။ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)နှင့် ဥရောပအာကာသအေဂျင်စီ(အီးအက်စ်အေ)တို့၏ ပူးတွဲလေ့လာရေးစီမံကိန်းအရ အူလစ်ဆေးအာကာသယာဉ်ကို ၁၉၉၀-ပြည့်နှစ် အောက်တိုဘာလ ၆-ရက်နေ့တွင် ဒစ်ကာဗာရီအာကာသလွန်းပျံယာဉ်မှ တဆင့်အာကာသအတွင်းသို့ စေလွှတ်ခဲ့သည်။ အူလစ်ဆေးအာကာသယာဉ်သည် နေစူးစမ်းလေ့လာရေး တာဝန်ကို ဆောင်ရွက်စဉ်အတွင်း မိုင်ပေါင်း(၅.၅)ဘီလီယံအထိခရီးနှင်ခဲ့သည်။ အူလစ်ဆေးအာကာယာဉ်၏ စူးစမ်းလေ့လာမှု သက်တမ်းမှာ ၁၈-နှစ်၊ ၈-လနှင့် ၂၄-ရက် (၆၈၄၂-ရက်) ဖြစ်ကြောင်း ဥရောပအာကာသအေဂျင်စီက ပြောကြားသည်။ (အင်တာနက်- ဘာသာပြန်- တက်လူ)
*** အီတလီနိုင်ငံမှာ ရထားလမ်းချော် လူ ၁၃-ဦးထက်မနည်းသေဆုံး…
(ရောမ-ဇူလိုင်လ ၂ရက်)
ကမ္ဘာ့စက်မှုထိပ်သီး ၈-နိုင်ငံတွင် တနိုင်ငံအပါအ၀င်ဖြစ်သော အီတလီနိုင်ငံမြောက်ပိုင်း၌ လောင်စာဆီတင်ရထားတွဲ နှစ်တွဲသည် ရထားလမ်းချော်တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲကြောင်း၊ ၁၃-ဦးထက်မနည်းသေဆုံးပြီး လူ ၅၀-ဦးဒဏ်ရာရရှိသွားကြောင်း၊ သတင်းများကဖော်ပြသည်။ ဗိုင်ယာရီဂျီယိုမြို့မှ ရထားတစ်စင်းသည် နံနက်စောစောပိုင်းအချိန်တွင် တီဆာဒေသသို့ ဦးတည်ခုတ်မောင်းလာစဉ် စောင်စာဆီအပြည့်တင်ထားသော တွဲနှစ်တွဲသည် ပင်လယ်လမ်းခြေမြို့ရှိ ဘူတာရုံအနီးသို့ရောက်ရှိစဉ် ပေါက်ကွဲမှုဖြစ်ပွာကြောင်း အန်ဆာသတင်းဌာနက ဖော်ပြသည်။ ရထားဘူတာရှိအဆောက်အအုံနှစ်ခုမှာလည်း မီးလောင်ပေါက်ကွဲမှုကြောင့် ဆိုးရွားစွာပျက်စီးသွားကြောင်း၊ အနီးအနားတွင်ရှိသော လူများကို ဘေးကင်းရာသို့ရွှေ့ပြောင်းလိုက်ရကြောင်း၊ မီးသတ်သမားများက အသက်ရှင်ဆဲဖြစ်သော ကလေးတစ်ဦးကို တွေ့ရကြောင်း၊ ယင်းသို့ဖြစ်ပွားရသည့်အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
*** ရုရှားတပ်ဖွဲ့များနှင့် တရုတ်တပ်ဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်ရန်ပြင်ဆင်…
(မော်စကို၊ ဇူလိုင်လ ၂ရက်)
ရုရှားလက်နက်ကိုင်တပ်ဖွဲ့များသည် တရုတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးလေ့ကျင့်မှုကို လာမည့်ဇူလိုင်လ ၂၂ရက်နေ့မှာ ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ဘက်သတင်းဌာနက ဇွန်လ ၃၀ရက်နေ့မှာ ဖော်ပြသည်။ ထိုစစ်ရေးလေ့ကျင့်မှုကို “၂၀၀၉-ခုနှစ် ငြိမ်းချမ်းရေး စစ်ရေးလေ့ကျင့်မှု”ဟူ၍ အမည်ပေးထားပြီး တပ်ဖွဲ့ဝင်အင်အား ၂၅၀၀-ယောက်ဖြင့် ဇူလိုင်လ ၂၂-ရက်မှ ၂၅-ရက်နေ့အထိပြုလုပ်သွားရန် ရှိကြောင်းသိရသည်။ (အင်တာနက်)
*** သြစတြေးလျအိမ်ထောင်စုများ စီးပွားရေးပျက်ကပ်ကြောင့် ပိုင်ဆိုင်မှု၏ သုံးပုံတစ်ပုံဆုံးရှုံးခဲ့…
(ဆစ်ဒနီ၊ ဇူလိုင်လ ၂ရက်)
သြစတြေးလျနိုင်ငံရှိ အိမ်ထောင်စုများအနေဖြင့် ကမ္ဘာ့စီးပွားရေးပျက်ကပ် စတင်ချိန်မှစ၍ ယင်းတို့၏ ငွေကြေးပိုင်ဆိုင်မှု ၃၆-ရာခိုင်နှုန်းကို နစ်နာဆုံးရှုံးခဲ့ကြကြောင်း သြစတြေးလျ စာရင်းအင်းဌာနက ထုတ်ဖော်ပြောကြားသည်။ အိမ်ထောင်စုများ၏ ငွေကြေးပိုင်ဆိုင်မှုပေါင်းသည် ၂၀၀၇-ခုနှစ် စက်တင်ဘာလတွင် (၁၂၄၆)ဘီလီယံဒေါ်လာရှိခဲ့ပြီး မတ်လကုန်တွင် သြစတြေးလျ ၇၈၇-ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၇၈၆-ဘီလီယံ)သို့ကျဆင်းခဲ့သည်ဟု ဆိုသည်။ ယင်းစုစုပေါင်းအရေအတွက်တွင် ချက်လက်မှတ်၊ ဘဏ်တွင်ငွေအပ်နှံခြင်း၊ ငွေချေးစာချုပ်နှင့် အစုရှယ်ယာဝင်ခြင်းတို့ပါဝင်သည်။ ဖော်ပြပါစာရင်းတွင် အငြိမ်းစားလစာနှင့် အိမ်မြေပိုင်ဆိုင်မှုတို့ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသော်လည်း အဆိုပါအငြိမ်းစားနှင့် အိမ်မြေပိုင်ဆိုင်မှုများမှာလည်း ကျဆင်းလာသည်ဟု ဆိုသည်။ (ဆင်ဟွာ)
*** စပိန်နိုင်ငံ ကမ်းလွန်တွင် ရွှေ့ပြောင်းအခြေချသူ ရ-ဦးသေဆုံး…
(မဒရစ်၊ ဇူလိုင်လ ၂ရက်)
စပိန်နိုင်ငံတောင်ပိုင်းရှိ ကာဒစ်ဒေသအနီး၌ ဇွန်လ ၂၉-ရက်နေ့က တရားမ၀င်ရွှေ့ပြောင်းအခြေချနေထိုင်ရန် ၀င်ရောက်လာသူ ၃၀-ဦးကို တင်ဆောင်လာသော သင်္ဘောငယ်တစီးသည် ကျောက်ဆောင်နှင့်ဝင်တိုက်မိသဖြင့် သင်္ဘောပေါ်တွင်ပါလာသော အာဖရိက လူမျိုး ၇-ဦးထက်မနည်း သေဆုံးသွားကြောင်း လမ်းခြေစောင့် ရဲတပ်ဖွဲ့က ပြောဆိုသည်။ (အင်တာနက်)

*** ယူရိုနိုင်ငံများတွင် ၁၀-နှစ်အတွင်း အလုပ်လက်မဲ့နှုန်း (၉.၅)ရာခိုင်နှုန်းသို့ မြင့်တက်…

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)