ဇူလိုင် ၆
ထိုင်းနိုင်ငံဘန်ကောက်မြို့ ဘန်ဘော် ငါးသေတ္တာစက်ရုံနယ်မြေအတွငှ်းမြန်မာအလုပ်သမားများစုပေါင်း၍ တတိ ယအကြိမ်မြောက်ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဘုရား အနေကဇာတင်ပွဲကို ကျင်းပခဲ့ကြ သည်။ထိုင်းနိုင်ငံဘန်ကောက်မြို့ မဟာချူလာလောင်ကွန်းတက္ကသိုလ်တွင် မြန်မာနိုင်ငံအနှံ့ မှကြွရောက် ပညာ သင်ကြားနေကြသော မြန်မာရဟန်းသံဃာအပါး ၆၀ ကျော်တို့ ကို ပင်ဖိတ်ပြီး စည်ကားသိုက်မြိုက် စွာကျင်းပခဲ့
ကြ ခင်း ဖြစ်သည်။ပွဲဖြစ်မြောက်အောင်စီစဉ်သူတစ်ဦးဖြစ်သူ ကိုလှစိုးက“ထိုင်းနိုင်ငံမှာလာ ရောက်ပညာသင်
နေကြတဲ့မြန်မာစာသင်သားသံဃာတွေအတွက် သာသနာ့အကျိုးရည်မျှော်ပြီးကျင်းပကြတာဖြစ်ပါတယ်။
ဒီ လိုသံဃာတော်တွေအများကြီးပင်ဖိတ်ပြီး တစုတဝေးတည်းဖူးမျှော်ခွင့်ရတာကိုကျနော်တို ပီတိဖြစ်ပါတယ်။ ကျနော်တို့ ပင်ပင်ပန်းပန်းအ လုပ်လုပ်ပြီးရထားတဲ့ချွေးနှဲစာထဲက အခုလို စုပေါင်းအလှူလုပ်ကြတာဟာတတိယ အကြိမ်ဖြစ်ပါတယ်''အဆိုပါ အလှူပွဲအတွက်ခန့် မှန်းကုန်ကျငွေမှာ ဘတ်ငွေတစ်သိန်းခွဲခန့် ရှိမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောသည်။ဘန်ကောက်မြို့ ဝတ်တစ်လုံးကျောင်းထိုင် ပဓါန ဆရာတော်ကိုယ်တိုင်ကြွရောက်ချီးမြှင့် သည်။ အဆိုပါထိုင်းဆရာတော်ကြီးမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ သို့ ကြွရောက်လာကြသော မြန်မာစာ သင်သားသံဃာအပါး၅၀ ကျော်ကိုကျောင်းတွင်လက်ခံနေထိုင်သီတင်းသုံးခွင့်ပြုထားသည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း ကြွရောက်လာသောမြန်မာသံဃာတော်များမိန့်ကြားချက်အရသိရသည်။ယခင်နှစ်များ က ဤနေရာတွင်ယခုကဲ့ သို့ ဝါဆိုသင်္ကန်း၊ကထိန်သင်္ဃန်းဆက်ကပ်လှူဒါန်းပွဲများ ကျင်းပခဲ့ကြသော်လည်း နီးစပ်ရာသံဃာငါးပါး ဆယ်ပါး တို့ ဖြင့်သာကျင်းပနိုင်ခဲ့သော်လည်းယခုကဲ့သို သံင်္ဃတော်အရေအတွက်မြောက်များစွာပင့်နိုင်ခြင်းမရှိခဲ့ပေ။
အလှူပွဲကို နံနက် ၈နာရီမှစ၍စတင်းကျင်းပခဲ့ပြီး ကြွရောက်လာသူများကို ရေခဲမုန့်၊ကြံဆံဟင်းခါးနှင့် အချိုရည်အမျိုးမျိုးမုန့်အမျိုးမျိုးတို့ ကိုကျွေးမွေးခဲ့သည်။နေ့လည်ပိုင်းတွင် သင်္ဃန်းများဆက်ကပ်လှူဒါန်းပြီး တရားနာ ရေ စက် ချကာ မွန်းလွဲ၁နာရီကျော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူကြပြီး ၂နာရီကျော်ခန့် တွင် မြန်မာအလုပ်သမား များ၏စုပေါင်းအလှူမင်္ဂလာမှာ အောင်မြင့်စွာပြီးဆုံးခဲ့သည်။ဘန်ကောက်မြို့ အနီး မဟာချိုင်နယ်မြေ ၀တ်ကန်ဖါ၊ ၀တ်ဟုန်၊ ဆေးပေါင်း၊ ၀က်ပုပ်ကျောင်းတို့ တွင်မြန်မာများတပိုင်တနိုင် ၀ါဆိုအလှူများပြုလုပ်ကြကြောင်း
သ တင်း ရရှိသည်။
သတင်း...ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment