သြဂုတ်၂၅
ဧရာဝတီတိုင်း ဘိုကလေးမြို့ နယ်။ကဒုံကနိကျေးရွာအုပ်စု ဓနိချောင်းကျေးရွာ မှရာအိမ်မှူး ဦးဌေးတင်အောင်
ဆိုသူက ဒေသခံနာဂစ်ဒုက္ခသည်များနှင့် လယ်သမားများထံမှ မတရားခေါင်းပုံဖြတ်စီးပွားရှာနေကြောင်းသိ
ရသည်။နာဂစ်သင့်ပြည်သူများအတွက် နိုင်ငံတကာအင်ဂျီအိုများနှင့်ပြည်တွင်းပြည်ပတို့ မှလှူဒါန်းသော အလှူ ပစ္စည်းများကို တစ်ကိုယ်ကောင်းအလွဲသုံးစားပြုလုပ်လျက်စီးပွားရှာနေကြောင်း လယ်သမားတစ်ဦးကပြောသည်။
“ကျနော်တို့ က ကျွဲတွေ နွားတွေ လည်းသေသွားတော့ လယ်လည်းမလုပ်နိုင်တော့ဘူးလေ။အလှူရှင်တွေက ကျနော်တို့ ရွာကိုလယ်ထွန်စက် သုံးလုံးပေးတယ်။ သူပဲယူထားတယ်။ရွာသားတွေဘာမှမရဘူး။ အ၀တ်အထည်၊ အသုံးအဆောင်တွေဆိုလည်း သူ နဲ့ နီးစပ်တဲ့လူတွေကိုပဲပေးတာ။ကျနော်လယ်လည်မလုပ်နိုင်တော့ဘူး။ ကွန်ပစ် ချင်လို့  အလှူရှင်တွေပေးတဲ့အထဲပါတဲ့ ကွန်တစ်လက်သွားတောင်းတယ်။ ကျပ် ၅၀၀၀ ပေးမှ ရလာတယ်။ အဖိုးတန်တဲ့ အသုံးအဆောင်တွေကို ရောင်းစားနေတာဗျ။ချမ်းသာလောက်အောင်သူရတော့။ အလှူရှင်တွေ လာလှူသမျှသူ့ ဆီမှာပဲအပ်ရတယ်”အသက် ၅၀ ကျော်အရွယ် ရာအိမ်မှူးဦးဌေးတင်အောင်ဆိုသူသည် က ဒုံက နိကျေးရွာအုပ်စု( ရယက)ဥက္ကဌဖြစ်သူ ဦးဇော်မင်း ဆိုသူအား နေ့ စဉ်နံနက်တိုင်း ကဒုံကနိ ရွာသို့ သွားရောက် လ္ဘက်ရည်ကော်ဖီတိုက်လေ့ရှိကြောင်းလယ်သမားကပြောသည်၊နာဂစ်အလှူရှင်များလာရောက်လှူဒါန်းသော အလှူပစ္စည်းများအပြင် Ayeyar Delta Agri Export Co.Ltd ကုမ္မဏီမှထုတ်ချေးသော ချေးငွေများအပေါ်တွင် လည်း ရံပုံငွေအဖြစ်ဖြတ်တောက်တောင်းခံသည်။နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ယူအင်ဒီပီ မှတည်ဆောက် ပေးထားသည့်တစ်ကျောင်းတည်းသော စာသင်ကျောင်းမှာ ပြိုကျပျက်စီးခဲ့သည်။လယ်သမား တစ်ဦးက “အဲဒီစာ သင်ကျောင်းကသွပ်တွေသစ်တွေကိုရွာသားတွေအကူအညီနဲ့အမိုးလုံအောင်တဲထိုးပြီးထားခဲ့ကြတယ်။နိုင်ငံ တကာအလှူရှင်အဖွဲ့တစ်ခုကကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းဖို့လာတဲ့အခါသွပ်ဟောင်းတွေနဲ့ သစ်ဟောင်းတွေကို ဆယ်အိမ်မှူး ဦးဌေးတင်အောင် က သူ့အိမ်ကို သယ်ယူသွားခဲ့တယ်။လက်သမားရော ပန်းရံရော သူယောက္ခတွေပဲ။သူလူတွေဆိုရင် နိုင်ငံခြားကလှူတဲ့အကောင်းစားပစ္စည်းတွေပြည့်လို့ ။ကျနော်တို့ ရွာသား တွေကတော့သူတို့ မလိုချင်တဲ့ အစုတ်အပဲ့တွေပဲပေးတာ။ ဒါတောင်နည်းနည်းကောင်းရင်ပိုက်ဆံ ပေးမှရတယ် ဗျာ”ဟုပြောသည်၊အီးယူနိုင်ငံများအဖွဲ့မှ ACF အဖွဲ့ မှ အိမ်ထောင်စုတစ်စုအား အမေရိကန်ဒေါ်လာ၁၀၀ စီပေး အပ်လှူဒါန်းရာတွင်လည်းရာအိမ်မှူးဦးဌေးတင်အောင်က ကျပ်ငွေ ၇၅၀၀၀ စီသာပေးကြောင်းရွာခံအမျိုးသမီး တစ်ဦးကပြောသည်၊(ပြည်တွင်းငွေကြေးပေါက်ဈေးအရ ကျပ်တစ်သိန်းဝန်းကျင်ရှိသည်။)“ကျမတို့ လည်း ရရင်ပြီးရော့ဆိုပြီးယူရတာပေါ့။ သူကပြောသေးတယ်။ငါ့ကိုဘယ်ကောင်မှဖြုတ်လို့ မရ ဘူး။ငါ့ကိုပြုတ်အောင်ဖြုတ်မယ့် သူ မမွေးသေးဘူးတဲ့။ ဘာလဲ ယမမင်းတောင်လာဖြုတ်လို့ မရဘူးလို့ ပြောတယ်တော့”ဟု သို့ ပြောသည်။
အဆို ပါဓနိချောင်းရွာတွင်အိမ်ခြေ ၅၀၀ ၀န်းကျင်ခန့် ရှိပြီး လယ်သမားပေါင်း၂၀၀ ကျော်ခန့် ရှိသော ရွာကြီး ဖြစ် သည်။ရွာနှင့် ဘိုကလေးမြို့ မှာ စက်လှေဖြင့် ၅နာရီခန့် သွားရသောခရီးဝေးတွင်တည်ရှိသည်၊နာဂစ်မုန်တိုင်း
တိုက်ခတ်ခဲ့ပြီးတစ်နှစ်ကျော်ကြာလာခဲ့သည့်တိုင်အောင် ဒေသခံပြည်သူများမှာ အလုပ်အကိုင်၊နေထိုင်ရေး၊ ကလေးငယ်များပညာရေးနှင့် စားဝတ်နေရေးတို့ မှာ ယခုတိုင်အခက်အခဲရှိနေသေးကြောင်းဓနိချောင်းရွာခံ များ ကပြောပြကြသည်။
သတင်း…ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment