***`အမြီးကိုင်ပြီး တောင်းပန်ပါရဲ့ရှင်
ဦးချိုကိုင်ပြီး တောင်းပန်ပါရဲ့ဗျာ…´လို့
နူတ်ဖျားက မချိုမခါးနဲ့
ဟောဒီဆိုစကားကိုပဲ
မြန်မာအလုပ်သမားများက ဆိုလိုက်ပါရစေ…။
*** ခင်ဗျားတို့ မြေပေါ်မှာနေ
ခင်ဗျားတို့ရေကို သောက်နေပေမယ့်
ကျုပ်တို့လုပ်အားတွေနဲ့
ကျုပ်တို့ မျက်ရည်တွေနဲ့
ကျုပ်တို့ အသက်သွေးချွေးတွေနဲ့
ခင်ဗျားတို့ ထိုင်းနိုင်ငံ စီးပွားရေး စမတ်ကျအောင်
ပေးဆပ်နေသူတွေထဲမှာ
ကျုပ်တို့ မြန်မာအလုပ်သမားတွေဟာ
ထိပ်ဆုံးရဲ့ ထိပ်မှာဆိုတာ ငြင်းချင်သေးလို့လားဗျာ…။
*** ထိုင်းနိုင်ငံသားတွေ
ထိုင်းအလုပ်သမားတွေ
မလုပ်ချင်ကြတဲ့
ခက်ခဲကြမ်းတမ်းတဲ့အလုပ် (Difficult)
ညစ်ပတ်စုတ်ပြတ်တဲ့အလုပ် (Dirty)
အန္တရာယ်ရှိတဲ့အလုပ် (Dangerous)
အဲဒီအလုပ် အ မျိုးအစားတွေကို
မြန်မာအလုပ်သမားတွေက
လုပ်အားခဈေးပေါပေါနဲ့
ခင်ဗျားတို့ နိုင်ငံထဲမှာ စီးမျောပေးနေကြတာပါဗျာ…။
*** ဈေးပေါပေါနဲ့
စီးမျောပေးနေတာကိုတောင်
အယောင်ဆောင် ရဲနဲ့ လ၀ကတစ်မျိုး
ရဲအစစ်နဲ့ လ၀ကအစစ်က တဖုံ
ပြည်သူ့စစ်က တမှောင့်
ရင်ဘတ်ကိုဆောင့်ကန်ကြသလိုမွှေကြ
ငွေတောင်းကြ၊ ခြိမ်းခြောက် အနိုင်ကျင့်ကြ
ဖမ်းဆီးကြ၊ အဓမ္မပြုကျင့်ကြနဲ့
သင့်၏၊ မသင့်၏၊ မထိန်းချုပ်နိုင်လောက်အောင်
ဥပဒေဘောင်ထဲကပဲ
မသဲမကွဲ ချိုးဖောက်ပြီးတော့
လူ့ အောက်တန်းစား မြန်မာပြည်သားတွေ အဖြစ်
နွံနစ်သထက်နစ် နေတာကို သိပေမယ့်
ဒို့ ပြည်တွင်းမှာလေ အလုပ်အကိုင်ရှားပါးပြီး
ဝင်ငွေကနည်းပါးလွန်း တာမို့  (ရှင်းရှင်းပြော ရရင်ထမင်း မ၀လို့ )
နင်တို့  ထိုင်းနိုင်ငံ ထဲမှာက
မသာလည်းတ ၊ သာလည်း တရတဲ့
ဖိုးလမင်း ဘ၀ ဆိုတာ
ငါတို့ ပါ ဟေ့ကောင်ရာ…..။
(ဆက်လက်ဖော်ပြပါမည်)
ခံစားတင်ပြသူ --- သောင်ရင်းနဂါး (မြန်မာပြည်သား)
***(အပိုင်း - ၁ ) ***
***`အမြီးကိုင်ပြီး တောင်းပန်ပါရဲ့ရှင်
ဦးချိုကိုင်ပြီး တောင်းပန်ပါရဲ့ဗျာ…´လို့
နူတ်ဖျားက မချိုမခါးနဲ့
ဟောဒီဆိုစကားကိုပဲ
မြန်မာအလုပ်သမားများက ဆိုလိုက်ပါရစေ…။
*** ခင်ဗျားတို့ မြေပေါ်မှာနေ
ခင်ဗျားတို့ရေကို သောက်နေပေမယ့်
ကျုပ်တို့လုပ်အားတွေနဲ့
ကျုပ်တို့ မျက်ရည်တွေနဲ့
ကျုပ်တို့ အသက်သွေးချွေးတွေနဲ့
ခင်ဗျားတို့ ထိုင်းနိုင်ငံ စီးပွားရေး စမတ်ကျအောင်
ပေးဆပ်နေသူတွေထဲမှာ
ကျုပ်တို့ မြန်မာအလုပ်သမားတွေဟာ
ထိပ်ဆုံးရဲ့ ထိပ်မှာဆိုတာ ငြင်းချင်သေးလို့လားဗျာ…။
*** ထိုင်းနိုင်ငံသားတွေ
ထိုင်းအလုပ်သမားတွေ
မလုပ်ချင်ကြတဲ့
ခက်ခဲကြမ်းတမ်းတဲ့အလုပ် (Difficult)
ညစ်ပတ်စုတ်ပြတ်တဲ့အလုပ် (Dirty)
အန္တရာယ်ရှိတဲ့အလုပ် (Dangerous)
အဲဒီအလုပ် အ မျိုးအစားတွေကို
မြန်မာအလုပ်သမားတွေက
လုပ်အားခဈေးပေါပေါနဲ့
ခင်ဗျားတို့ နိုင်ငံထဲမှာ စီးမျောပေးနေကြတာပါဗျာ…။
*** ဈေးပေါပေါနဲ့
စီးမျောပေးနေတာကိုတောင်
အယောင်ဆောင် ရဲနဲ့ လ၀ကတစ်မျိုး
ရဲအစစ်နဲ့ လ၀ကအစစ်က တဖုံ
ပြည်သူ့စစ်က တမှောင့်
ရင်ဘတ်ကိုဆောင့်ကန်ကြသလိုမွှေကြ
ငွေတောင်းကြ၊ ခြိမ်းခြောက် အနိုင်ကျင့်ကြ
ဖမ်းဆီးကြ၊ အဓမ္မပြုကျင့်ကြနဲ့
သင့်၏၊ မသင့်၏၊ မထိန်းချုပ်နိုင်လောက်အောင်
ဥပဒေဘောင်ထဲကပဲ
မသဲမကွဲ ချိုးဖောက်ပြီးတော့
လူ့ အောက်တန်းစား မြန်မာပြည်သားတွေ အဖြစ်
နွံနစ်သထက်နစ် နေတာကို သိပေမယ့်
ဒို့ ပြည်တွင်းမှာလေ အလုပ်အကိုင်ရှားပါးပြီး
ဝင်ငွေကနည်းပါးလွန်း တာမို့  (ရှင်းရှင်းပြော ရရင်ထမင်း မ၀လို့ )
နင်တို့  ထိုင်းနိုင်ငံ ထဲမှာက
မသာလည်းတ ၊ သာလည်း တရတဲ့
ဖိုးလမင်း ဘ၀ ဆိုတာ
ငါတို့ ပါ ဟေ့ကောင်ရာ…..။
(ဆက်လက်ဖော်ပြပါမည်)
ခံစားတင်ပြသူ --- သောင်ရင်းနဂါး (မြန်မာပြည်သား)
No comments:
Post a Comment