(နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက်)
အိန္ဒိယနိုင်ငံမှ လာမည့်နှစ် (၂၀၁၀) ခုနှစ်၊ ဧပြီလ ပထမအပတ် အတွင်း၌ A (H1 N1) တုပ်ကွေးရောဂါကာကွယ်ဆေးများကို စမ်းသပ် ထုပ်လုပ်မည်ဖြစ်ပြီး ၎င်းနိုင်ငံတ၀န်းတွင် ယခုနှစ်အတွင်း A (H1 N1) တုပ်ကွေးရောဂါဖြင့် သေဆုံးသူဦးရေ (၈၅၀) ခန့် ရှိကြောင်း၊ ယင်းရောဂါဝေဒနာ ခံစားရသူပေါင်း (၂၄၀၀) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါ သည်။ (အင်တာနက်)
***တရုတ်ပြည်တွင် အရှည်ဆုံးတံတားစာရင်းဝင် “ကျို့ရှန်ပင်လယ်ဖြတ်ကျော်တံတား’’ ဖွင့်လှစ် ***
(ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်)
တရုတ်ပြည်၊ ကျိကျန်းပြည်နယ် အရှေ့ပိုင်းရှိ “ကျို့ရှန်ပင်လယ်ဖြတ်ကျော်တံတား’’ ဖြစ်သည့် အရှည် (၄၆ ဒဿမ ၅ ကီလိုမီတာ) ရှိ ၎င်းနိုင်ငံ၏ အရှည်ဆုံးတံတားစာရင်းဝင် တံတားကြီးကို ဒီဇင်ဘာ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာသတင်းမှာဖေါ်ပြ သည်။ (ဆင်ဟွာ)
*** နိုင်ငံတကာ “ စွန်လွှတ်ပွဲတော်” အား ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမည် ***
(ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၈ ရက်)
“နိုင်ငံတကာ စွန်လွှတ်ပွဲတော်’’ ကို လာမည့်ကာလအတွင်း၌ ကမ္ဘောဒီယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲ တော်တွင် တရုတ်၊ ဆွီဒင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့မှ ပါဝင်ယှဉ်ပြိုင်ကြရန်ရှိသည်။ (အင်တာနက်)
***တရုတ်ပြည် ကျောက်မီးသွေးတွင်း တတွင်း မီးလောင်ပေါက်ကွဲ၊ အလုပ်သမား ၁၂ ဦးသေဆုံး***
တရုတ်ပြည်၊ မြောက်ပိုင်း ရှန်စီပြည်နယ် ရှိ ကျောက်မီးးသွေးတွင်းတတွင်း၌ ဓာတ်ငွေ့မီးလောင်ပေါက်ကွဲသဖြင့် အလုပ်သမား ၁၂ ဦး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ အရာရှိများက ဒီဇင်ဘာ ၂၇ ရက်နေ့၊ ည (၁၁:၃၀) နာရီ၌ မီးလောင်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
(အင်တာနက်)
***နယူးဇီလန်နိုင်ငံတွင် ဝေလငါးများ သောင်တင်သေဆုံး***
နယူးဇီလန်နိုင်ငံတွင် တနေရာစီ သီးခြားသောင်တင်နေသော ဝေလငါး အသေ (၁၂၀) ကောင်ကို တွေ့ရှိရကြောင်း၊ နယူးဇီလန်နိုင်ငံ ဝေလငါးထိန်းသိမ်းစောင့်ရှောက်ရေး ဌာနက ဒီဇင်ဘာ (၂၈) ရက်နေ့မှာ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
***ပြန်ပေးဆွဲခံရသော တရုတ် ကုန်တင်သင်္ဘောသည် သင်္ဘောသား (၂၅) ဦးနှင့်အတူ ပြန်လည်လွတ်မြောက်လာ***
တောင်အာဖရိက နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ကျောက်မီးသွေးတန်ချိန် (၇၆၀၀၀) ခန့် တင်ဆောင်လာသော “ကင်တောင်အိုရှစ်ပင်း ကုမ္ပ ဏီလီမီတက်” ပိုင် တရုတ် ကုန်တင်သင်္ဘောတစင်းသည် အောက်တိုဘာလ (၁၉) ရက်နေ့က ဆိုမာလီ နိုင်ငံ အရှေ့ဘက်ကမ်းလွန် ရေမိုင် (၇၀၀) အကွာတွင် ပြန်ပေးဆွဲခံရပြီးနောက် ဒီဇင်ဘာလ (၂၈) ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ အဆိုပါသ င်္ဘောတွင် တရုတ်သင်္ဘောသား(၂၅) ဦးကိုလည်း အောင်မြင်စွာ ကယ်တင်လိုက်နိုင်ကြောင်း ပင်လယ်ရေပြင်ဆိုင်ရာ ရှာဖွေကယ်ဆယ် ရေးဌာနက ပြောကြားသည်။
(အင်တာနက်)
***စုစည်းဘာသာပြန်- မောင်မောင်ဆွေ***
***အိန္ဒိယနိုင်ငံမှ A (H1 N1) ရောဂါကာကွယ်ဆေးထုတ်လုပ်မည်***

No comments:
Post a Comment