*** ကိုယ်ဝန်ဆောင်အမျိုးသမီးများ သိုင်းရွိုက်ဟော်မုန်းအခြေအနေ ပုံမှန်စစ်ဆေးသင့်***
အမျိုးသမီးများ ကိုယ်ဝန်ရင့်မာချိန်၌ သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းကြောင့် ကလေးငယ်၏ ဦးခေါင်းလှည့်မှု အနေအထား ပုံမှန်မဖြစ်ဘဲ မွေးဖွားချိန်တွင် ချောမောစွာဖွားမြင်ရန် ပြင်ပအကူအညီလိုအပ်ကြောင်း လေ့လာ တွေ့ရှိရသည်။ သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းကို ကိုယ်ဝန်ဆောင်မိခင် ၁၀-ဦးလျှင် တစ်ဦးခန့် တွေ့ရတတ် သဖြင့် ကိုယ်ဝန်ပျက်ခြင်း၊ အချိန်စေ့၍ လမစေ့မီမွေးဖွားခြင်းနှင့် ကိုယ်ဝန်အဆိပ်တက်ခြင်းများ ဖြစ်လေ့ရှိ သည်။ ထိုသို့သော မိခင်လောင်းများကို မွေးဖွားပေးရခြင်းအတွက် ပိုမိုအချိန်ကြာပြီး
ခက်ခဲသည့်အပြင် ညှပ်နှင့် လေစုပ်၍ ဆွဲထုတ်သည့် ကိရိယာအသုံးပြုခြင်း သို့မဟုတ် ဗိုက်ခွဲမွေးရခြင်းများ လိုအပ်လာတတ်သည်ဟုဆို၏။ ထို့ကြောင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ မမွေးဖွားမီ သိုင်းရွိုက်ဟော်မုန်းနည်းမနည်းကို ပုံမှန်စစ်ဆေးရန်လိုအပ်သည်ဟု သိပ္ပံပညာရှင်များက ယူဆသည်။ (အင်တာနက်)
*** (Public Health)***

No comments:
Post a Comment