ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 25, 2009

အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်

> မြန်မာ ပြည်ကြီး၏ ကံကြမ္မာသည် အသက် ထွက်ခါနီး လူမမာ တစ်ယောက် ပမာ ဖုတ်လှိုက် ဖုတ်လှိုက် အခြေအနေ၊ လူတိုင်း ရင်မှာတော့ သောက အထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာ ကိုယ်စီ ဆွဲထားခြင်းကို ခံနေကြရပြီ၊ ထမင်းရည် တစ်ခွက်ကို နတ်သုဒ္ဓါလို ထင်မှတ်ကာ သောက်ဖို့ ချောင်းနေကြတဲ့ သူတောင်းစား ခွက်ပျောက်တွေ ကလဲ အလျှိုလျှို ပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့ မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွား အမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်း များစွာနဲ့ ……….။
ဒီလို ပြော ဒီလို မောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ ဘ၀တွေကို အဆုံးသတ် ခံကြတော့ မလား၊ ငါတို့ဟာ ငတုံး ငညံ့တွေ အဖြစ် ငါတို့ရဲ့ သားစဉ် မျိုးဆက်တွေ အတွက် ချန်ထားရစ် ခဲ့ကြတော့ မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်း မရှိကြတော့တဲ့ လူသားတွေ အဖြစ် မိမိကိုယ် မိမိ သတ်မှတ် လိုက်ကြပြီလား၊ မကောင်းမှန်းလဲ သိတယ်၊ မဖြစ်သင့်မှန်းလဲ သိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲ လုပ်ဆိုတဲ့ တရား မျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ် ရဲတဲ့ သတ္တိတွေ မပြ ကြတော့ ဘူးလား၊ သာကီ မျိုးဟေ့ ဒို့ဗမာ ဆိုတာတွေရော ပုံပြင်တွေ အဖြစ် စာအုပ် တွေထဲမှာ ကျန်ရစ်ခဲ့ ကုန်ပြီလား …….။

အမှန်တရားသည် သေဒဏ် ဆိုတဲ့ ဟောင်းနွမ်း စုတ်ပြတ် ရိရွဲ နေတဲ့ သီအိုရီကို လက်မခံ တွန်းလှန် ဖယ်ရှား ပစ်ရေးသည် မြန်မာ နိုင်ငံသား မှန်သမျှ မဖြစ်မနေ လုပ်ဆောင် ကြရမည့် တာဝန် တစ်ခုဖြစ်ပေသည်။ တာဝန် ပေးရမည်၊ တာဝန်ယူရမည်၊ တာဝန် ကျေပွန် ရမည်၊ သားစဉ် မြေးဆက် စစ်ကျွန် သဘောက် ပြားပြား မှောက်မည့် အဖြစ်ဆိုး ဘေးဆိုးကြီးမှ ၀ိုင်းဝန်း ကာကွယ် တားဆီး ကြရမည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်ရှိရေး အတွက် မြန်မာ ပြည်သူ လူထု တစ်ရပ်လုံးက အားသွန်ခွန်စိုက် ၀ိုင်းဝန်း ပူးပေါင်းပါဝင် လုပ်ဆောင် ကြရမည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဆိုသည့် လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးသည် အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်သည်။ မြန်မာ နိုင်ငံကြီး လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာပြည် လုံးဝ လွတ်လပ်ရေး ဟူသော တစ်ခုတည်းသော ခေါင်းစဉ်ကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ပီပီ ပြင်ပြင် ချမှတ် နိုင်ခဲ့သည်။ အမျိုးသားရေး တာဝန် ကိစ္စကို ပီပြင်စွာအကောင်ထည်ဖော်ဆောင် ပြီးသည့်အခါ အမျိုးသား နိုင်ငံရေး ဆိုသည့် မူကို ချမှတ်ပြီး ဗိုလ်ချုပ် ကျဆုံးသည် အထိ လုပ်ဆောင် သွားနိုင်ခဲ့သည်။ ဗိုလ်ချုပ်သည် သူချစ်သည့် မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေ အတွက် သူ့အသက်ကို ပေးစွန့်ပြီး တာဝန် ကျေပြွန်စွာ လွတ်လပ်ရေးကို အရ ယူပေးနိုင်ခဲ့သည်။

မြန်မာ ပြည်သည် စစ်တပ် အုပ်ချုပ်မှု အောက်မှာ ပြားပြားမှောက် ခဲ့ရသဖြင့် အဆင့်အတန်း မမီ ဆင်းရဲမွဲတေသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကို ခဏတာ ဘေးဖယ်ထားပြီး တိုင်းပြည် တစ်ခုရဲ့ အသက် သွေးကြော ဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတာတွေ ဘယ် အဆင့်အတန်း ရောက်နေသလဲ ဆိုတာ ဝေးဝေး လံလံ ပြေးကြည့်စရာ မလိုပါ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ ရှင်းကနဲ တွေ့မြင် နိုင်ပါတယ်။ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခ အထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ် တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။

ပညာမဲ့သူ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်က ပညာမဲ့တဲ့ တိုင်းပြည် ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက် လူရမ်းကားတွေ ပေါများ လာတယ်၊ ကြီးနိုင် ငယ်ညှင်း ဆိုတဲ့ တိရိစ္ဆာန် ၀ါဒတွေ ခေတ်စား လာတယ်၊ ဗုဒ္ဓ ဘာသာ ကြီးစိုးတဲ့ တိုင်းပြည်၊ ကိုယ်ချင်းစာ တရားတွေ အပ်ကြောင်း ထပ်နေအောင် ထားစရာ နေရာ မရှိ လောက်အောင် ပြန့်နှံ့ ခဲ့သည့် တိုင်းပြည်၊ ဒီတိုင်းပြည်မှာ ဒီနေ့ ဒီတရားတွေ မရှိတော့ဘူး၊ အာဏာနဲ့ ငွေရှိဖို့ပဲ လိုတယ် ကျန်တာတွေ ဘာတစ်ခုမှ အရေးမကြီးဆိုသည့် မှားယွင်းသည့် အယူအဆတွေ၊ အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့ စီးဝင်လျှက် ရှိနေပေပြီ။ ဒီလို တရားမရှိ ထင်ရာစိုင်း အုပ်ချုပ်နေတဲ့ သူတွေက တည်ဆောက် ပါမယ် ဆိုတဲ့ ဒီမိုကရေစီက ဘာဒီမိုကရေစီလဲ ဆိုတာတိရိစ္ဆာန်ပင်နားလည်နိုင်မည်ထင်ပါသည်။

မဟုတ်မဟတ် ယုံတမ်း စကား ပလီပလာ မာယာ ပရိယာယ် အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော် အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖ ခေါ်သည့် စစ်အုပ်စုသည် သန်း(၅၀) ကျော်သော ပြည်သူတွေကို ၂၀၁၀ သေတွင်း မီးလောင်တိုက် ထဲသို့ ပို့ဆောင် နေကြပြီ ဖြစ်သည်။ နာဇီ ဂျာမန် ဟစ်တလာသည် ဂျူး လူမျိုးတို့အား မီးလောင် တိုက်သွင်းခြင်းက တစ်ကြိမ် တစ်ခါသာ သေခဲ့ ကြရသည်။ ၂၀၁၀ မီးလောင်တိုက် ကတော့ သားစဉ် မျိုးဆက် အကြိမ်ကြိမ် သေကြရမည့် မီးလောင်တိုက်ကြီး တစ်ခု ဖြစ်နေသည်ကို သိရှိ နားလည် သဘောပေါက်ကြရန် အထူး အရေးကြီး လှပေသည်။

တိုင်းပြည် တစ်ခု ပြုပြင် ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့ အရေးကြီး ပေသည်။ အချင်းချင်း သစ္စာ ရှိရမည်၊ အပြန်အလှန် နားလည်မှု တည်ဆောက် ကြရမည်။ ပြည်သူလူထု အကျိုးကို ရှေ့ရှုပြီး တိုင်းပြည် အကျိုး စီးပွားကို အတူတကွ အားလုံး ပူပေါင်း ပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုး မုန်းတီးရေး ၀ါဒ တွေကို စွန့်လွတ် ကြရမည်၊ စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာ အားထားရာ ဟူသည့် ဆင်ကန်း တောတိုး စရိုက်တွေကို ပြုပြင် ပြောင်းလဲ ပစ်ရမည် ဖြစ်သည်။

ထိုကဲသို့သော ယုံကြည်မှုမျိုးကို တည်ဆောက်ဖို့ မကြိုးစားပဲ အမှန်တရားသည် သေဒဏ် အဖြစ် သတ်မှတ်ကာ လက်နက် အားကိုး အာဏာ အားကိုးပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် ညှင်းပမ်း နှိပ်စက် ထင်တိုင်း ကြဲကြဦးမည် ဆိုပါက.......... ။

****တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)***
၂၃.၁၂.၂၀၀၉


မြန်မာ ပြည်ကြီး၏ ကံကြမ္မာသည် အသက် ထွက်ခါနီး လူမမာ တစ်ယောက် ပမာ ဖုတ်လှိုက် ဖုတ်လှိုက် အခြေအနေ၊ လူတိုင်း ရင်မှာတော့ သောက အထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာ ကိုယ်စီ ဆွဲထားခြင်းကို ခံနေကြရပြီ၊ ထမင်းရည် တစ်ခွက်ကို နတ်သုဒ္ဓါလို ထင်မှတ်ကာ သောက်ဖို့ ချောင်းနေကြတဲ့ သူတောင်းစား ခွက်ပျောက်တွေ ကလဲ အလျှိုလျှို ပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့ မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွား အမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်း များစွာနဲ့ ……….။
ဒီလို ပြော ဒီလို မောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ ဘ၀တွေကို အဆုံးသတ် ခံကြတော့ မလား၊ ငါတို့ဟာ ငတုံး ငညံ့တွေ အဖြစ် ငါတို့ရဲ့ သားစဉ် မျိုးဆက်တွေ အတွက် ချန်ထားရစ် ခဲ့ကြတော့ မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်း မရှိကြတော့တဲ့ လူသားတွေ အဖြစ် မိမိကိုယ် မိမိ သတ်မှတ် လိုက်ကြပြီလား၊ မကောင်းမှန်းလဲ သိတယ်၊ မဖြစ်သင့်မှန်းလဲ သိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲ လုပ်ဆိုတဲ့ တရား မျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ် ရဲတဲ့ သတ္တိတွေ မပြ ကြတော့ ဘူးလား၊ သာကီ မျိုးဟေ့ ဒို့ဗမာ ဆိုတာတွေရော ပုံပြင်တွေ အဖြစ် စာအုပ် တွေထဲမှာ ကျန်ရစ်ခဲ့ ကုန်ပြီလား …….။

အမှန်တရားသည် သေဒဏ် ဆိုတဲ့ ဟောင်းနွမ်း စုတ်ပြတ် ရိရွဲ နေတဲ့ သီအိုရီကို လက်မခံ တွန်းလှန် ဖယ်ရှား ပစ်ရေးသည် မြန်မာ နိုင်ငံသား မှန်သမျှ မဖြစ်မနေ လုပ်ဆောင် ကြရမည့် တာဝန် တစ်ခုဖြစ်ပေသည်။ တာဝန် ပေးရမည်၊ တာဝန်ယူရမည်၊ တာဝန် ကျေပွန် ရမည်၊ သားစဉ် မြေးဆက် စစ်ကျွန် သဘောက် ပြားပြား မှောက်မည့် အဖြစ်ဆိုး ဘေးဆိုးကြီးမှ ၀ိုင်းဝန်း ကာကွယ် တားဆီး ကြရမည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်ရှိရေး အတွက် မြန်မာ ပြည်သူ လူထု တစ်ရပ်လုံးက အားသွန်ခွန်စိုက် ၀ိုင်းဝန်း ပူးပေါင်းပါဝင် လုပ်ဆောင် ကြရမည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဆိုသည့် လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးသည် အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်သည်။ မြန်မာ နိုင်ငံကြီး လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာပြည် လုံးဝ လွတ်လပ်ရေး ဟူသော တစ်ခုတည်းသော ခေါင်းစဉ်ကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ပီပီ ပြင်ပြင် ချမှတ် နိုင်ခဲ့သည်။ အမျိုးသားရေး တာဝန် ကိစ္စကို ပီပြင်စွာအကောင်ထည်ဖော်ဆောင် ပြီးသည့်အခါ အမျိုးသား နိုင်ငံရေး ဆိုသည့် မူကို ချမှတ်ပြီး ဗိုလ်ချုပ် ကျဆုံးသည် အထိ လုပ်ဆောင် သွားနိုင်ခဲ့သည်။ ဗိုလ်ချုပ်သည် သူချစ်သည့် မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေ အတွက် သူ့အသက်ကို ပေးစွန့်ပြီး တာဝန် ကျေပြွန်စွာ လွတ်လပ်ရေးကို အရ ယူပေးနိုင်ခဲ့သည်။

မြန်မာ ပြည်သည် စစ်တပ် အုပ်ချုပ်မှု အောက်မှာ ပြားပြားမှောက် ခဲ့ရသဖြင့် အဆင့်အတန်း မမီ ဆင်းရဲမွဲတေသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကို ခဏတာ ဘေးဖယ်ထားပြီး တိုင်းပြည် တစ်ခုရဲ့ အသက် သွေးကြော ဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတာတွေ ဘယ် အဆင့်အတန်း ရောက်နေသလဲ ဆိုတာ ဝေးဝေး လံလံ ပြေးကြည့်စရာ မလိုပါ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ ရှင်းကနဲ တွေ့မြင် နိုင်ပါတယ်။ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခ အထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ် တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။

ပညာမဲ့သူ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်က ပညာမဲ့တဲ့ တိုင်းပြည် ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက် လူရမ်းကားတွေ ပေါများ လာတယ်၊ ကြီးနိုင် ငယ်ညှင်း ဆိုတဲ့ တိရိစ္ဆာန် ၀ါဒတွေ ခေတ်စား လာတယ်၊ ဗုဒ္ဓ ဘာသာ ကြီးစိုးတဲ့ တိုင်းပြည်၊ ကိုယ်ချင်းစာ တရားတွေ အပ်ကြောင်း ထပ်နေအောင် ထားစရာ နေရာ မရှိ လောက်အောင် ပြန့်နှံ့ ခဲ့သည့် တိုင်းပြည်၊ ဒီတိုင်းပြည်မှာ ဒီနေ့ ဒီတရားတွေ မရှိတော့ဘူး၊ အာဏာနဲ့ ငွေရှိဖို့ပဲ လိုတယ် ကျန်တာတွေ ဘာတစ်ခုမှ အရေးမကြီးဆိုသည့် မှားယွင်းသည့် အယူအဆတွေ၊ အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့ စီးဝင်လျှက် ရှိနေပေပြီ။ ဒီလို တရားမရှိ ထင်ရာစိုင်း အုပ်ချုပ်နေတဲ့ သူတွေက တည်ဆောက် ပါမယ် ဆိုတဲ့ ဒီမိုကရေစီက ဘာဒီမိုကရေစီလဲ ဆိုတာတိရိစ္ဆာန်ပင်နားလည်နိုင်မည်ထင်ပါသည်။

မဟုတ်မဟတ် ယုံတမ်း စကား ပလီပလာ မာယာ ပရိယာယ် အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော် အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖ ခေါ်သည့် စစ်အုပ်စုသည် သန်း(၅၀) ကျော်သော ပြည်သူတွေကို ၂၀၁၀ သေတွင်း မီးလောင်တိုက် ထဲသို့ ပို့ဆောင် နေကြပြီ ဖြစ်သည်။ နာဇီ ဂျာမန် ဟစ်တလာသည် ဂျူး လူမျိုးတို့အား မီးလောင် တိုက်သွင်းခြင်းက တစ်ကြိမ် တစ်ခါသာ သေခဲ့ ကြရသည်။ ၂၀၁၀ မီးလောင်တိုက် ကတော့ သားစဉ် မျိုးဆက် အကြိမ်ကြိမ် သေကြရမည့် မီးလောင်တိုက်ကြီး တစ်ခု ဖြစ်နေသည်ကို သိရှိ နားလည် သဘောပေါက်ကြရန် အထူး အရေးကြီး လှပေသည်။

တိုင်းပြည် တစ်ခု ပြုပြင် ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့ အရေးကြီး ပေသည်။ အချင်းချင်း သစ္စာ ရှိရမည်၊ အပြန်အလှန် နားလည်မှု တည်ဆောက် ကြရမည်။ ပြည်သူလူထု အကျိုးကို ရှေ့ရှုပြီး တိုင်းပြည် အကျိုး စီးပွားကို အတူတကွ အားလုံး ပူပေါင်း ပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုး မုန်းတီးရေး ၀ါဒ တွေကို စွန့်လွတ် ကြရမည်၊ စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာ အားထားရာ ဟူသည့် ဆင်ကန်း တောတိုး စရိုက်တွေကို ပြုပြင် ပြောင်းလဲ ပစ်ရမည် ဖြစ်သည်။

ထိုကဲသို့သော ယုံကြည်မှုမျိုးကို တည်ဆောက်ဖို့ မကြိုးစားပဲ အမှန်တရားသည် သေဒဏ် အဖြစ် သတ်မှတ်ကာ လက်နက် အားကိုး အာဏာ အားကိုးပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် ညှင်းပမ်း နှိပ်စက် ထင်တိုင်း ကြဲကြဦးမည် ဆိုပါက.......... ။

****တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)***
၂၃.၁၂.၂၀၀၉


No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)