ဒီဇင်ဘာ ၂၄-ရက် ဒေလီးနယူး(ထိုင်းဘာသာသတင်းစာ)
ထိုင်းဘာသာပြန် ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ယမန်နေ ညနေပိုင်းက ဘန်ကောက်မြို့ တနေရာတွင် မူးယစ် ဆေးဝါးသယ်ဆောင်လာသူ ထိုင်းအမျိုးသားတစ်ဦးနှင့် မြန်မာ နိုင်ငံမှ ရှမ်းအမျိုးသမီးငယ်နှစ်ဦးတို့အား ယာဘစိတ်ကြွဆေးပြား အမြောက်အမြားဖြင့် ဖမ်းဆ:ီမိ လိုက်သည်။ ကားနံပါတ် KB/9689 ဟွန်ဒါဂျက်အဖြူရောင်ဖြင့် အသက် ၄၂-နှစ်အ၇ွယ် နိုင်ချု့ ချီဒေ ၀န်ထ၀ီနှင့် မြန်မာ(တောင်ကြီးရှမ်း၊ အသက် ၂၅နှစ်အရွယ် မနန်းပေါင်နှင့် အသက်၂၃နှစ်အရွယ် မနန်းယဉ်တို့ အား စိတ် ကြွဆေးပြား
(တစ်သိန်းခြောက်ထောင်)ကာလတန်ဘိုးဘတ်သန်း၂၀-ဖိုး အားဖမ်းဆီ:လိုက်သည်။ အဆိုပါသူများမှာ ဘန်ကောက်မြို့ လဖလောက် ချူချိုင်လမ်းသွယ်(၄) ရှိ အဆောက်အဦးအမည် ချို့ ထုံချိုင်ပဲလစ် (၄၆/၉၄)တတိယထပ် အခမ်းအမှတ်(၃၀၈)အားငှားရမ်းနေထိုင်သူများဖြစ်သည်။ နိုင်ချု့ ချီဒေ ၀န်ထ၀ီ သည်ထိုင်းနိုင်ငံအရှေ့ ပိုင်း ခြုံဘူရီမြို့တွင်စားသောက်ဆိုင်ဖွင့်လှစ်ထားသူဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသူများဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ တို့ ကသတင်းရရှိထားပြီးဖြစ်သဖြင့် မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ကြောင်း ရဲဗိုလ်ချုပ် အဘီထစ်
ပန်ကျမာနွန် ကပြောသည်။
***ူသတင်း- ကိုကျော်သောင်း (ဘန်ကောက်)***

No comments:
Post a Comment