ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 24, 2009

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

> ***ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေး ယခုနှစ် ၃ ဒသမ ၁-ရာခိုင်နှုန်း ကျဆင်းသွား***
(ဗီယင်နာ၊ ဒီဇင်ဘာလ ၂၂-ရက်)
ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေးသည် ယခုနှစ်တွင် ၃ ဒသမ ၁-ရာခိုင်နှုန်း ကျဆင်းသွားကြောင်း နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့(အိုင်စီအေအို)က မကြာမီကထုတ်ပြန်သည့် စာရင်းဇယားများတွင် ဖော်ပြ ထားသည်။ ယင်းကဲ့သို့ ကျဆင်းသွားရခြင်းသည် ကမ္ဘာ့ငွေကြေးအကျပ်အတည်းကြောင့် ဖြစ်ကြောင်း၊ လေ ကြောင်း သမိုင်းတွင် အကြီးများဆုံး ကျဆင်းခြင်းလည်းဖြစ်ကြောင်း သိရသည်။ ထိုကျဆင်းသည့် ကိန်းဂဏန်း သည် တစ်ကမ္ဘာလုံး၏ စုစုပေါင်းထုတ်ကုန်တန်ဖိုး ၁-ရာခိုင်နှုန်းကျဆင်းမှုကို ပြသလိုက်ခြင်း ဖြစ်သည်ဟုလည်း အိုင်စီအေအို၏ ကြေညာချက်တွင် ဖော်ပြထားသည်။ လေကြောင်းခရီးသွားလာမှုသည် အရှေ့အလယ်ပိုင်း ဒေသမှ လွဲလျှင် ကျန်ဒေသအားလုံး၌ ကျဆင်းခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသသည် လေကြောင်းသွား လာမှုတွင် ၁၀-ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)

*** အာကာသယာဉ်သုံး ညူကလီးယားအင်ဂျင် ရုရှား စတင်သုတေသနပြု***
(မော်စကို၊ ဒီဇင်ဘာလ ၂၂-ရက်)
ရုရှားနိုင်ငံသည် အာကာသယာဉ်အတွက် ညူကလီးယား အင်ဂျင်ထုတ်လုပ်ရေး သုတေသနလုပ်ငန်းများကို လာမည့်နှစ်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရယ် အာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် အကြီးအကဲအနာတိုလီပါမီနော့က ဒီဇင်ဘာလ ၂၀-ရက်နေ့က ပြောကြားသည်။ အာကာသယာဉ်ဆိုင်ရာ ညူကလီးယားအင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းသည် အလားအလာအလွန်ကောင်းကြောင်း၊ ယင်းညူကလီးယားအင်ဂျင်များကို အင်္ဂါဂြိုဟ်နှင့် အခြားဂြိုဟ်များသို့ လွှတ်တင်ရာတွင် တီထွင်အသုံးပြုသင့်ကြောင်း၊ ကာဇက်စတန်ရှိ ဘိုက်ကိုနောအာကာသစခန်း၌ ၄င်းက ပြောကြားကြောင်း ရုရှားသတင်းဌာနများက ကိုးကားဖော်ပြသည်။ ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်ကလည်း ရုရှားနိုင်ငံအနေဖြင့် ညူကလီးယားစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အာကာသယာဉ်တွင် ညူကလီးယားနည်းပညာကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ (အင်ဟွာ)

*** ကိုကင်း ၂၀-ကီလိုဂရမ် ပြင်သစ်၌ သိမ်းဆည်း***
(ပါရီ၊ ဒီဇင်ဘာလ ၂၂-ရက်)
ပြင်သစ်နိုင်ငံမြောက်ပိုင်း ကာလီးစ်ဒေသရှိ မန်ချီးဥမင်စစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာလ ၂၁-ရက်နေ့က ကားတစ်စီးကို အကောက်ခွန်အရာရှိများက စစ်ဆေးရှာဖွေခဲ့ရာ အထုပ် ၁၈-ထုပ်ဖြင့် ထုတ်ထားသည့် ကိုကင်းကီလိုဂရမ် ၂၀-ကို သိမ်းဆည်းနိုင်ခဲ့ပြီး ယာဉ်မောင်းအား ဖမ်းဆီးလိုက်ကြောင်း ဆင်ဟွာက ဖော်ပြသည်။ ယခုသိမ်းဆည်းနိုင်ခဲ့သည့် ကိုကင်းများမှာ ဥရောပသုံးယူရိုငွေ ၈၄၀၀၀၀-ခန့် တန်ဖိုးရှိကြောင်း သိရသည်။ (ဆင်ဟွာ)

*** ဆိုမာလီပင်လယ်ဓားပြများအား အိန္ဒိယရေတပ်တိုက်ထုတ်နိုင်ခဲ့***
(နယူးဒေလီ၊ ဒီဇင်ဘာလ ၂၂-ရက်)
အေဒင်ပင်လယ်ကွေ့၌ သင်္ဘောတစ်စင်းအား ပြန်ပေးဆွဲရန် ကြိုးပမ်းသည့် ဆိုမာလီပင်လယ်ဓားပြများအား အိန္ဒိယရောက်ရေတပ်က တိုက်ထုတ်နိုင်ခဲ့ကြောင်း အင်ဒို- အာရှသတင်းဌာနက ဒီဇင်ဘာလ ၂၂-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ သင်္ဘောအနီးသို့ ပင်လယ်ဓားပြများ လှေငယ်တစ်စင်းဖြင့် ချဉ်းကပ်ရောက်ရှိလာသည်ကို အိန္ဒိယစစ်သင်္ဘောက သတင်းရရှိပြီးနောက် ရဟတ်ယာဉ်တစ်စင်းစေလွှတ်ကာ ပင်လယ်ဓားပြများအား တိုက်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်း၌ ပါရှိသည်။ သင်္ဘော၏အမည်နှင့် မည်သည့်နိုင်ငံမှ ဖြစ်သည်ကိုမူ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (ဆင်ဟွာ)

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

***ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေး ယခုနှစ် ၃ ဒသမ ၁-ရာခိုင်နှုန်း ကျဆင်းသွား***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)