ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 29, 2009

လူသားများအတွက် သတင်းထူး

> လူသည် အမှန်သိရန်လိုသည်၊ သိပ္ပံပညာရှင်များသည် အမှန်ကိုရှာသည်ဟုတော့ ဆိုကြသည်။ သို့သော် အမှန်သစ္စာသည် လောကီ၌မရှိ လောကုတ္တရာ၌သာ နက်နဲစွာ ကိန်းအောင်းသည်။ ထို့ကြောင့် လောကုတ္တရာကို မလိုက်စားသော သိပ္ပံသည် အမှန်ကိုမတွေ့နိုင်၊ ၄င်းတို့တွေ့သောအမှန်တရား ဆိုသည်မှာ သာမည အပေါ်ယံအမှန်တရားမျှသာ ဖြစ်သည်။ အနှစ်သာရ အတွင်းသဘော အမှန်တရားမှာ ဗုဒ္ဓဘာသာ၌သာ ရှိသည်။ မိမိသည် ဗုဒ္ဓဘာသာကျင့်ရာ အမှန်တရားကိုတွေ့ပြီ။ ထို့ကြောင့် လူသားအားလုံးအတွက် သတင်းကောင်းကို ပေးလိုက်ပြီ၊ သတင်းမှန်ကို ပေးလိုက်ပြီ၊ အကျိုးရှိသော သတင်းကို ပေးလိုက်ပြီ၊ ဗုဒ္ဓဘာသာ၏ နိဗ္ဗာန်ရှိခြင်းကို မိမိကိုယ်တိုင် တွေ့ရပြီ၊ လွန်စွာ အံသြဖွယ်ရာကောင်းသည်။ ၄င်းကိစ္စကို လူသားများ သိနားလည်နိုင်စေရန် မိမိကိုယ်တိုင် ကြိုးစား၍ ဖော်ပြရှင်းလင်းမည်။ စိတ်ဝင်စားသူ မည်သူမဆို မိမိအား မေးမြန်းနိုင်သည်။ ရိုးသားစွာမေးလျှင် ရိုးသားစွာပြန်မည်၊ မရိုးသားသော ပုဂ္ဂိုလ်များနှင့်မူ မဆက်ဆံလိုပါ။
*သိပ္ပံပညာသည် အမှန်တရားကို မတွေ့ခြင်း၌ – လောကုတ္တရာကို စွန့်ပယ်သောကြောင့် ဖြစ်သည်။

*သိပ္ပံပညာရှင်သည် အစစ်အမှန်ကို မတွေ့ခြင်း၌ – ဘာသာရေးများကို ပယ်သောကြောင့် ဖြစ်သည်။
*သိပ္ပံပညာရှင်များသည် အမှန်တရားကို ထိထိရောက်ရောက် မတွေ့ခြင်း၌ – ဗုဒ္ဓဘာသာကို မလေ့လာသောကြောင့် ဖြစ်သည်။
*သိပ္ပံပညာရှင်များသည် အမှန်တရား၏ အနက်ရှိုင်းဆုံးအရာကို မတွေ့သည်မှာ – နိဗ္ဗာန်ကို မဝင်စားသောကြောင့် ဖြစ်သည်။
*လူသား၏အမှန်တရားမှာ – နိဗ္ဗာန်ကို ဝင်စားမှသာ သိနိုင်သည်။
*နိဗ္ဗာန်ကို သိသောအခါ – လူအသိပညာ၏ အထွတ်အထိပ်ကိုရသည်။ မိမိကိုယ်တိုင် ထိုအသိပညာကို ရသဖြင့် စိတ်ရင်းစေတနာ ကောင်းမွန်စွာ ကမ္ဘာကို တင်ပြပေးလိုသည်။ ထို့ကြောင့် ဤစခန်းကို ဖွင့်ရခြင်းဖြစ်သည်။
မိမိသည် အသက်ရှင်နေသေးသဖြင့် အချိန်မရွေး စစ်ဆေးနိုင်သည်၊ စမ်းသပ်နိုင်သည်၊ ဆွေးနွေးနိုင်သည်၊ အကျိုးအကြောင်း ဖလှယ်တင်ပြနိုင်သည်။ သို့သော် ရိုးသားသူများအတွက်သာ တံခါးဖွင့်ထားပါလိမ့်မည်။ မလိုတမာ မရိုးသားသူများအတွက်မူ တံခါးသည် ပွင့်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် မိမိသည် အချိန်ကုန် မခံနိုင်ချေ။ ရိုးသားသော အမှန်တရားလိုသူများအတွက် တံခါးဖွင့်လိုက်ကြောင်း ကြေငြာလိုက်ပါသည်။

တာဝန်ယူမှု ။ ။ ဤသို့အမှန်တရားကို တွေ့ရှိပြီဟု ကြေငြာရာ၌ မိမိကိုယ်တိုင်သည် မိမိကိုယ်တိုင်အတွက်သာ တာဝန်ယူသည်၊ မည်သူ့အတွက်မှ တာဝန်မယူနိုင်၊ အဘယ့်ကြောင့်ဆိုသော် အခြားသူအတွက် တာဝန်ယူလျှင် မခိုင်မာ မစစ်မှန်ပါက မိမိ၌ ဝန်လေးမည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင်ပဲ တာဝန်ယူသည်။ မိမိမသေမီ ဤတာဝန်ကို ထမ်းဆောင်သွားလိုသည်၊ အမှန်တရားကို တွေ့ရှိပြီဖြစ်သည်၊ လူ့အသိပညာ၏ အထွတ်အထိပ်ကို ရပြီဖြစ်သည်၊ နိဗ္ဗာန်ကို မြင်ဖူးပြီဖြစ်သည်၊ နိဗ္ဗာန်အကြောင်းလည်း ရေရေလည်လည် ပြောတတ် ဟောတတ် ပါသည်၊ တင်ပြ ဆွေနွေးနိုင်ပါသည်။ နောင် အခါအားလျော်စွာ ဗုဒ္ဓဘာသာများအတွက် အထူး နိဗ္ဗာန်အကြောင်းကို မှန်ကန်တိကျစွာ မြတ်စွာဘုရား အလိုတော်ကျ၊ သူတော်ကောင်းများ အလိုတော်ကျ ရှင်းလင်းဖော်ပြမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ဤကိစ္စ၌ မိမိ၏ အယူအဆ အပြောအဆို တင်ပြချက် သဘောတရားများအတွက်သာ မိမိတာဝန် ယူနိုင်သည်၊ အခြား မည်သူတစ်ဦးတစ်ယောက်၏ တာဝန်ကိုမှ မယူနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် မစစ်မှန်ပါက မိမိ၌ ဝန်လေးဖွယ်ရာရှိသည်။ ထို့ကြောင့် မိမိကိုယ်တိုင်သိသော တရားကို မိမိအနေနှင့် တစ်ဦးတည်းသာ တာဝန်ယူကြောင်း အထူး ပြောကြားလိုပါသည်။ သာမာန်အားဖြင့် သူလည်း အတူတူပဲ ကိုယ်လည်း အတူတူပဲ ဟူသောသဘောထားများ ပေါ်ထွန်းလာပါက ၄င်းတို့သည် မိမိကိုတုသော ပုဂ္ဂိုလ်များဖြစ်နေလျှင် မိမိသည် ဝန်လေးနိုင်သည်။ ထို့ကြောင့် မိမိတစ်ဦးတည်းအတွက်သာ မိမိ တာဝန်ယူကြောင်း ရိုးသားစွာနှင့် မှန်ကန်စွာ၊ တိကျစွာ၊ ထက်မြက်စွာ၊ ပွင့်လင်းစွာ၊ ရဲရင့်စွာ၊ ကြေငြာ အပ်ပါသည်။
ဤကိစ္စနှင့် ပတ်သက်၍ မယုံကြည်က မယုံပိုင်ခွင့်ရှိပါသည်။ သို့သော် ထိုပုဂ္ဂိုလ်များသည် မိမိတွေ့ရှိထားသော အမှန်တရားအတွက် သော့ချက်များကို သိနားလည်နိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။ မိမိတွေ့ရှိထားသော အသိပညာကိုမူ မိမိကို ယုံမှသာလျှင် ဖြစ်နိုင်မည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်း ပါးအပ်ပါသည်။ တခြား အမှန်တရားတွေ့သူများ ရှိပါကလည်း ၄င်းတို့အနေနှင့် သီးခြားသီးခြား တွေ့သည်ကို မိမိအနေနှင့် ဘာမှ အထူးမပြောလိုသော်လည်း၊ မိမိတွေ့ရှိသော အမှန်တရားမှာမူ အကျိုးအကြောင်း Logically, Reasonably, Scientifically ဖြေရှင်းနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပင် အာမခံချက် ပေးလိုက်ပါသည်။
ထို့ကြောင့် မိမိပြောသောစကားကို မိမိတာဝန်ယူသည် အခြားမည်သူအတွက်မှ တာဝန်မယူနိုင်ပါ အဘယ့်ကြောင့်ဆိုသော် အခြားသူများသည် အခြားသောစိတ်ကူးများနှင့် အခြားပြောဟောချက် များသည် မိမိနှင့်သက်ဆိုင်သည်ဟု မယူဆလိုပါ။ မိမိသည် ရှင်းရှင်းလင်းလင်း သီးသီးသန့်သန့်တာဝန် ယူလိုသည်။ တာဝန်မယူနိုင်သော ကိစ္စများအတွက်လည်း တာဝန်မယူနိုင်ပါ၊ ယခုလောလောဆယ် မိမိအတွက်မူ မိမိတာဝန်ယူနိုင်သည်၊ မိမိပြောသော စကားအတွက်မူ မိမိတာဝန်ယူနိုင်သည် – အချိန်မရွေး ဤ Web Site မှ ရှင်းလင်းနိုင်သည်၊ တင်ပြနိုင်သည်၊ ဖြေရှင်းနိုင်သည်။ နောင်သောအခါ အင်္ဂလိပ်ဘာသာနှင့်ပါ ဆက်လက်၍ တင်ပြပါဦးမည်။ ယခုအခါ မြန်မာဖြစ်၍ မိမိကျွမ်းကျင်နိုင်နင်းသော မြန်မာဘာသာနှင့် စတင်ဖော်ထုတ်မည်။ အကြောင်းအရာများသည် နက်နဲခက်ခဲလှလေရာ မြန်မာ ဘာသာနှင့်သာ ရှေးဦးစွာ ဖော်ပြဆွေးနွေးလိုသည်။
ကြောင်းအရာမှာ လောကုတ္တရာ၊ လောကုတ္တရာ ဆိုသည်မှာ – လောကလွန်ရာဖြစ်သည်။ သိပ္ပံသည် ကောင်းပါသည်၊ သို့သော် သူသည် လောကအတွက် အမှန်တရားမျှသာ ဖြစ်သည်၊ သူသည်လောကုတ္တရာကို မချဉ်းကပ်ချေ။ ထို့ကြောင့် အထွတ်အထိပ်ကျသော အသိပညာများကို မရနိုင်ချေ။
*သိပ္ပံသိသော အသိပညာများသည် လောကီအသိပညာများသာ ဖြစ်သည်။
*သိပ္ပံကိုယ်တိုင် ကလည်း လောကုတ္တရာကို လိုက်စားလိမ့်မည် မဟုတ်ပါ။
*သိပ္ပံကိုယ်တိုင်ကလည်း ဘာသာရေးများကို လေ့လာလိမ့်မည် မဟုတ်ပါ။
*သိပ္ပံကိုယ်တိုင်ကလည်း နိဗ္ဗာန်အကြောင်းကို လက်ခံလိမ့်မည် မဟုတ်ပါ။
*နိဗ္ဗာန်၏ အမှန်တရားကို သိပ္ပံသည်ငြင်းဖျက် ခဲ့ပါသည်။

ထို့ကြောင့် ဤနေရာ၌ သိပ္ပံ၏လောကီအမှန်ကို လေးစားသော်လည်း လောကုတ္တရာနှင့် မပတ်သက်ကြောင်း မိမိနားလည်ပါသည်။ သိပ္ပံသည် ကရိယာအား လွန်စွာအားကိုးရာ၊ သီလ သမာဓိ ပညာတည်ဆောက်သော ဗုဒ္ဓဘာသာနှင့် ဝေးပါသည်။ သိပ္ပံသည် လူသားများ၏ ဓမ္မဓိဋ္ဌာန်ကျနိုင်သော အရိယာဖြစ်ခြင်းကို ထောက်ခံခြင်းမပြုရာ သစ္စာကို သိသော၊ နိဗ္ဗာန်ကို နားလည်နိုင်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်နှင့် မနီးစပ်ပါ။ ထို့ကြောင့် လောကီကိစ္စအား သိပ္ပံကိုပေး၍၊ လောကုတ္တရာကိစ္စကိုမူ မိမိကိုယ်တိုင် ဗုဒ္ဓဘာသာနည်းကျ ရှင်းပြရန် ကမ္ဘာသို့ဖွင့်အံ လိုက်ရခြင်းဖြစ်သည်။
မိမိသည် သိပ္ပံပညာနှင့် ပတ်သက်၍ ဒေါက်တာဘွဲ့ ရခဲ့ပါသည်။ သို့သော် သိပ္ပံသည် လောကုတ္တရာကို မလေ့လာပါ၊ ဘာသာရေးကို ကျောခိုင်းပါသည်၊ ဗုဒ္ဓဘာသာကို ငြင်းဖျက်၍ နိဗ္ဗာန်၏ တည်ရှိခြင်းကို အသိအမှတ်မပြုပါ။ ထိုအခါ ဤလောကုတ္တရာ အမှန်တရား၊ သစ္စာအမှန်တရားနှင့် ပတ်သက်၍မူ သိပ္ပံကို ဝမ်းနည်းဖွယ်ရာကောင်းစွာ ချန်ထားခဲ့ရပါသည်။ သိပ္ပံကို စိတ်ဝင်စားမှု မပြုဘဲမူ သီလ သမာဓိ ပညာ တည်ဆောက်အပ်သော ဗုဒ္ဓဘာသာမှ မိမိတွေ့ရှိ သိမြင်သော လူ့အသိပညာ၏ အထွတ်အထိပ်ကို ဤ Web Site လေ့လာသူများအား ရှင်းလင်းတင်ပြပါတော့မည် … မိမိသည် ဒေါက်တာချစ်ငယ်၊ မြန်မာနိုင်ငံမှ ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

ရဲရင့်စွာဖြင့်

***ဒေါက်တာချစ်ငယ်(ဒဿန)***
M.A, Ph.D (Doctor of Philosophy in Religious Sciences) London.
မြန်မာနိုင်ငံ။


လူသည် အမှန်သိရန်လိုသည်၊ သိပ္ပံပညာရှင်များသည် အမှန်ကိုရှာသည်ဟုတော့ ဆိုကြသည်။ သို့သော် အမှန်သစ္စာသည် လောကီ၌မရှိ လောကုတ္တရာ၌သာ နက်နဲစွာ ကိန်းအောင်းသည်။ ထို့ကြောင့် လောကုတ္တရာကို မလိုက်စားသော သိပ္ပံသည် အမှန်ကိုမတွေ့နိုင်၊ ၄င်းတို့တွေ့သောအမှန်တရား ဆိုသည်မှာ သာမည အပေါ်ယံအမှန်တရားမျှသာ ဖြစ်သည်။ အနှစ်သာရ အတွင်းသဘော အမှန်တရားမှာ ဗုဒ္ဓဘာသာ၌သာ ရှိသည်။ မိမိသည် ဗုဒ္ဓဘာသာကျင့်ရာ အမှန်တရားကိုတွေ့ပြီ။ ထို့ကြောင့် လူသားအားလုံးအတွက် သတင်းကောင်းကို ပေးလိုက်ပြီ၊ သတင်းမှန်ကို ပေးလိုက်ပြီ၊ အကျိုးရှိသော သတင်းကို ပေးလိုက်ပြီ၊ ဗုဒ္ဓဘာသာ၏ နိဗ္ဗာန်ရှိခြင်းကို မိမိကိုယ်တိုင် တွေ့ရပြီ၊ လွန်စွာ အံသြဖွယ်ရာကောင်းသည်။ ၄င်းကိစ္စကို လူသားများ သိနားလည်နိုင်စေရန် မိမိကိုယ်တိုင် ကြိုးစား၍ ဖော်ပြရှင်းလင်းမည်။ စိတ်ဝင်စားသူ မည်သူမဆို မိမိအား မေးမြန်းနိုင်သည်။ ရိုးသားစွာမေးလျှင် ရိုးသားစွာပြန်မည်၊ မရိုးသားသော ပုဂ္ဂိုလ်များနှင့်မူ မဆက်ဆံလိုပါ။
*သိပ္ပံပညာသည် အမှန်တရားကို မတွေ့ခြင်း၌ – လောကုတ္တရာကို စွန့်ပယ်သောကြောင့် ဖြစ်သည်။

*သိပ္ပံပညာရှင်သည် အစစ်အမှန်ကို မတွေ့ခြင်း၌ – ဘာသာရေးများကို ပယ်သောကြောင့် ဖြစ်သည်။
*သိပ္ပံပညာရှင်များသည် အမှန်တရားကို ထိထိရောက်ရောက် မတွေ့ခြင်း၌ – ဗုဒ္ဓဘာသာကို မလေ့လာသောကြောင့် ဖြစ်သည်။
*သိပ္ပံပညာရှင်များသည် အမှန်တရား၏ အနက်ရှိုင်းဆုံးအရာကို မတွေ့သည်မှာ – နိဗ္ဗာန်ကို မဝင်စားသောကြောင့် ဖြစ်သည်။
*လူသား၏အမှန်တရားမှာ – နိဗ္ဗာန်ကို ဝင်စားမှသာ သိနိုင်သည်။
*နိဗ္ဗာန်ကို သိသောအခါ – လူအသိပညာ၏ အထွတ်အထိပ်ကိုရသည်။ မိမိကိုယ်တိုင် ထိုအသိပညာကို ရသဖြင့် စိတ်ရင်းစေတနာ ကောင်းမွန်စွာ ကမ္ဘာကို တင်ပြပေးလိုသည်။ ထို့ကြောင့် ဤစခန်းကို ဖွင့်ရခြင်းဖြစ်သည်။
မိမိသည် အသက်ရှင်နေသေးသဖြင့် အချိန်မရွေး စစ်ဆေးနိုင်သည်၊ စမ်းသပ်နိုင်သည်၊ ဆွေးနွေးနိုင်သည်၊ အကျိုးအကြောင်း ဖလှယ်တင်ပြနိုင်သည်။ သို့သော် ရိုးသားသူများအတွက်သာ တံခါးဖွင့်ထားပါလိမ့်မည်။ မလိုတမာ မရိုးသားသူများအတွက်မူ တံခါးသည် ပွင့်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် မိမိသည် အချိန်ကုန် မခံနိုင်ချေ။ ရိုးသားသော အမှန်တရားလိုသူများအတွက် တံခါးဖွင့်လိုက်ကြောင်း ကြေငြာလိုက်ပါသည်။

တာဝန်ယူမှု ။ ။ ဤသို့အမှန်တရားကို တွေ့ရှိပြီဟု ကြေငြာရာ၌ မိမိကိုယ်တိုင်သည် မိမိကိုယ်တိုင်အတွက်သာ တာဝန်ယူသည်၊ မည်သူ့အတွက်မှ တာဝန်မယူနိုင်၊ အဘယ့်ကြောင့်ဆိုသော် အခြားသူအတွက် တာဝန်ယူလျှင် မခိုင်မာ မစစ်မှန်ပါက မိမိ၌ ဝန်လေးမည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင်ပဲ တာဝန်ယူသည်။ မိမိမသေမီ ဤတာဝန်ကို ထမ်းဆောင်သွားလိုသည်၊ အမှန်တရားကို တွေ့ရှိပြီဖြစ်သည်၊ လူ့အသိပညာ၏ အထွတ်အထိပ်ကို ရပြီဖြစ်သည်၊ နိဗ္ဗာန်ကို မြင်ဖူးပြီဖြစ်သည်၊ နိဗ္ဗာန်အကြောင်းလည်း ရေရေလည်လည် ပြောတတ် ဟောတတ် ပါသည်၊ တင်ပြ ဆွေနွေးနိုင်ပါသည်။ နောင် အခါအားလျော်စွာ ဗုဒ္ဓဘာသာများအတွက် အထူး နိဗ္ဗာန်အကြောင်းကို မှန်ကန်တိကျစွာ မြတ်စွာဘုရား အလိုတော်ကျ၊ သူတော်ကောင်းများ အလိုတော်ကျ ရှင်းလင်းဖော်ပြမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ဤကိစ္စ၌ မိမိ၏ အယူအဆ အပြောအဆို တင်ပြချက် သဘောတရားများအတွက်သာ မိမိတာဝန် ယူနိုင်သည်၊ အခြား မည်သူတစ်ဦးတစ်ယောက်၏ တာဝန်ကိုမှ မယူနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် မစစ်မှန်ပါက မိမိ၌ ဝန်လေးဖွယ်ရာရှိသည်။ ထို့ကြောင့် မိမိကိုယ်တိုင်သိသော တရားကို မိမိအနေနှင့် တစ်ဦးတည်းသာ တာဝန်ယူကြောင်း အထူး ပြောကြားလိုပါသည်။ သာမာန်အားဖြင့် သူလည်း အတူတူပဲ ကိုယ်လည်း အတူတူပဲ ဟူသောသဘောထားများ ပေါ်ထွန်းလာပါက ၄င်းတို့သည် မိမိကိုတုသော ပုဂ္ဂိုလ်များဖြစ်နေလျှင် မိမိသည် ဝန်လေးနိုင်သည်။ ထို့ကြောင့် မိမိတစ်ဦးတည်းအတွက်သာ မိမိ တာဝန်ယူကြောင်း ရိုးသားစွာနှင့် မှန်ကန်စွာ၊ တိကျစွာ၊ ထက်မြက်စွာ၊ ပွင့်လင်းစွာ၊ ရဲရင့်စွာ၊ ကြေငြာ အပ်ပါသည်။
ဤကိစ္စနှင့် ပတ်သက်၍ မယုံကြည်က မယုံပိုင်ခွင့်ရှိပါသည်။ သို့သော် ထိုပုဂ္ဂိုလ်များသည် မိမိတွေ့ရှိထားသော အမှန်တရားအတွက် သော့ချက်များကို သိနားလည်နိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။ မိမိတွေ့ရှိထားသော အသိပညာကိုမူ မိမိကို ယုံမှသာလျှင် ဖြစ်နိုင်မည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်း ပါးအပ်ပါသည်။ တခြား အမှန်တရားတွေ့သူများ ရှိပါကလည်း ၄င်းတို့အနေနှင့် သီးခြားသီးခြား တွေ့သည်ကို မိမိအနေနှင့် ဘာမှ အထူးမပြောလိုသော်လည်း၊ မိမိတွေ့ရှိသော အမှန်တရားမှာမူ အကျိုးအကြောင်း Logically, Reasonably, Scientifically ဖြေရှင်းနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပင် အာမခံချက် ပေးလိုက်ပါသည်။
ထို့ကြောင့် မိမိပြောသောစကားကို မိမိတာဝန်ယူသည် အခြားမည်သူအတွက်မှ တာဝန်မယူနိုင်ပါ အဘယ့်ကြောင့်ဆိုသော် အခြားသူများသည် အခြားသောစိတ်ကူးများနှင့် အခြားပြောဟောချက် များသည် မိမိနှင့်သက်ဆိုင်သည်ဟု မယူဆလိုပါ။ မိမိသည် ရှင်းရှင်းလင်းလင်း သီးသီးသန့်သန့်တာဝန် ယူလိုသည်။ တာဝန်မယူနိုင်သော ကိစ္စများအတွက်လည်း တာဝန်မယူနိုင်ပါ၊ ယခုလောလောဆယ် မိမိအတွက်မူ မိမိတာဝန်ယူနိုင်သည်၊ မိမိပြောသော စကားအတွက်မူ မိမိတာဝန်ယူနိုင်သည် – အချိန်မရွေး ဤ Web Site မှ ရှင်းလင်းနိုင်သည်၊ တင်ပြနိုင်သည်၊ ဖြေရှင်းနိုင်သည်။ နောင်သောအခါ အင်္ဂလိပ်ဘာသာနှင့်ပါ ဆက်လက်၍ တင်ပြပါဦးမည်။ ယခုအခါ မြန်မာဖြစ်၍ မိမိကျွမ်းကျင်နိုင်နင်းသော မြန်မာဘာသာနှင့် စတင်ဖော်ထုတ်မည်။ အကြောင်းအရာများသည် နက်နဲခက်ခဲလှလေရာ မြန်မာ ဘာသာနှင့်သာ ရှေးဦးစွာ ဖော်ပြဆွေးနွေးလိုသည်။
ကြောင်းအရာမှာ လောကုတ္တရာ၊ လောကုတ္တရာ ဆိုသည်မှာ – လောကလွန်ရာဖြစ်သည်။ သိပ္ပံသည် ကောင်းပါသည်၊ သို့သော် သူသည် လောကအတွက် အမှန်တရားမျှသာ ဖြစ်သည်၊ သူသည်လောကုတ္တရာကို မချဉ်းကပ်ချေ။ ထို့ကြောင့် အထွတ်အထိပ်ကျသော အသိပညာများကို မရနိုင်ချေ။
*သိပ္ပံသိသော အသိပညာများသည် လောကီအသိပညာများသာ ဖြစ်သည်။
*သိပ္ပံကိုယ်တိုင် ကလည်း လောကုတ္တရာကို လိုက်စားလိမ့်မည် မဟုတ်ပါ။
*သိပ္ပံကိုယ်တိုင်ကလည်း ဘာသာရေးများကို လေ့လာလိမ့်မည် မဟုတ်ပါ။
*သိပ္ပံကိုယ်တိုင်ကလည်း နိဗ္ဗာန်အကြောင်းကို လက်ခံလိမ့်မည် မဟုတ်ပါ။
*နိဗ္ဗာန်၏ အမှန်တရားကို သိပ္ပံသည်ငြင်းဖျက် ခဲ့ပါသည်။

ထို့ကြောင့် ဤနေရာ၌ သိပ္ပံ၏လောကီအမှန်ကို လေးစားသော်လည်း လောကုတ္တရာနှင့် မပတ်သက်ကြောင်း မိမိနားလည်ပါသည်။ သိပ္ပံသည် ကရိယာအား လွန်စွာအားကိုးရာ၊ သီလ သမာဓိ ပညာတည်ဆောက်သော ဗုဒ္ဓဘာသာနှင့် ဝေးပါသည်။ သိပ္ပံသည် လူသားများ၏ ဓမ္မဓိဋ္ဌာန်ကျနိုင်သော အရိယာဖြစ်ခြင်းကို ထောက်ခံခြင်းမပြုရာ သစ္စာကို သိသော၊ နိဗ္ဗာန်ကို နားလည်နိုင်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်နှင့် မနီးစပ်ပါ။ ထို့ကြောင့် လောကီကိစ္စအား သိပ္ပံကိုပေး၍၊ လောကုတ္တရာကိစ္စကိုမူ မိမိကိုယ်တိုင် ဗုဒ္ဓဘာသာနည်းကျ ရှင်းပြရန် ကမ္ဘာသို့ဖွင့်အံ လိုက်ရခြင်းဖြစ်သည်။
မိမိသည် သိပ္ပံပညာနှင့် ပတ်သက်၍ ဒေါက်တာဘွဲ့ ရခဲ့ပါသည်။ သို့သော် သိပ္ပံသည် လောကုတ္တရာကို မလေ့လာပါ၊ ဘာသာရေးကို ကျောခိုင်းပါသည်၊ ဗုဒ္ဓဘာသာကို ငြင်းဖျက်၍ နိဗ္ဗာန်၏ တည်ရှိခြင်းကို အသိအမှတ်မပြုပါ။ ထိုအခါ ဤလောကုတ္တရာ အမှန်တရား၊ သစ္စာအမှန်တရားနှင့် ပတ်သက်၍မူ သိပ္ပံကို ဝမ်းနည်းဖွယ်ရာကောင်းစွာ ချန်ထားခဲ့ရပါသည်။ သိပ္ပံကို စိတ်ဝင်စားမှု မပြုဘဲမူ သီလ သမာဓိ ပညာ တည်ဆောက်အပ်သော ဗုဒ္ဓဘာသာမှ မိမိတွေ့ရှိ သိမြင်သော လူ့အသိပညာ၏ အထွတ်အထိပ်ကို ဤ Web Site လေ့လာသူများအား ရှင်းလင်းတင်ပြပါတော့မည် … မိမိသည် ဒေါက်တာချစ်ငယ်၊ မြန်မာနိုင်ငံမှ ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

ရဲရင့်စွာဖြင့်

***ဒေါက်တာချစ်ငယ်(ဒဿန)***
M.A, Ph.D (Doctor of Philosophy in Religious Sciences) London.
မြန်မာနိုင်ငံ။


No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)