ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, February 28, 2009

28Feb,09…ယဉ်ယဉ် (နေပြည်တော်)ဆိုသူ သိစေရန်-(ဆယ်ပေါင်တူထံ ပေးစာများ)

Xxx ရာဇ၀တ်ကောင်တွေကို ကိုယ်ချင်းစာတဲ့ ရာဇ၀တ်မ =ယဉ်ယဉ် (နေပြည်တော်) ဆိုတဲ့ရေးသူ
မိန်းမဟာ သူခိုးမ လူလိမ် ဘိန်းရောင်း သူ
ဖြစ်မယ်။ ။ မုဒိမ်းသမားလူသတ်သမားတွေကိုလွတ်ပေးပြီးမိသားစု နဲ့ ဆုံစေတာ ၀မ်းသာစရာလား ဒါဆိုရင်တော့ တော်တော်ချာတဲ့ မိန်းမပဲ...

ငါတို့ တောင်းဆိုနေတာ ရာဇ၀တ်ကောင်တွေကို မလွှတ်ပါနဲ့ .. နိုင်ငံရေးသမားပဲ လွှတ်ပါပြောနေတာ မဟုတ်ဘူးဟ…။ စစ်မှန်တဲ့ဥပဒေ ဆိုတာလည်း နင်သိအောင်မှတ်ထား လူဆိုးတစ်ရာရဲ့ အမှုတွေကို လစ်ဟာနေလို့  ထောင်မချမိတာထက် လူကောင်းတစ်ယောက်...အပြစ်မရှိတဲ့ သူတစ်ယောက်ကို ပြစ်ဒဏ်မပေးမိဖို့ ကပို အရေးကြီးတယ် ။
ရာဇ၀တ်ကောင်တွေကို ကိုယ်ချင်းစာတဲ့ ရာဇ၀တ်မရေ… နည်းနည်းလည်း အရှက်တရားလေးနဲ့  ဝေဖန်ပါ....
ဘာမှမသိပဲ ရမ်းပြီး ကိုယ်ချင်းစာတရားလျှောက်ရေးတော့ ....နင်လည်း ကိုယ်.ကိုယ် ကိုယ် ဖေါ် နေသလိုဖြစ်နေပြီ -- ရာဇ၀တ်ကောင်တွေကို ကိုယ်ချင်းစာတဲ့ ရာဇ၀တ်မ ..... ရူးနေတယ် ထင်တယ် ...
ရာဇ၀တ်မှုနဲ့ ထောင် ကျသူတွေကို သူတို့ ပြစ်ဒဏ်တွေ လျော့ပေါ့ပြီးပြည်သူကြားထဲ
လွှတ်လပ်ခွင့်ပေးချင်းတိုင်းပေးလို့ ရတာ မဟုတ်ဘူး.... နိုင်ငံရေးမှုဆိုတာ အများအတွက် ရင်းနှီးပေးဆပ်တဲ့ အပြစ်မဲ့ သူတွေဟ။
"လူတိုင်းဘ၀ ကိုယ်စီ "ဆိုပြီ: လျောက် စာပို့ မနေနဲ့  ... ထမင်းစားပြီး ကြီးသူမှန်သမျှ လူဆိုးသူခိုး နဲ့  လူကောင်း ခွဲခြားမြင် ရတယ် ... မုဒိမ်းသမားလူသတ်သမားတွေကိုလွတ်ပေးပြီးမိသားစု နဲ့ ဆုံစေတာ ၀မ်းသာစရာလား ။ ။
ပေးပို့သူ… အိုးဝေအောင်

Xxx သူခိုး သူခိုးချင်း၊ ဓားပြ ဓားပြချင်း၊ ပြည့်တန်ဆာ ပြည့်တန်ဆာချင်း၊ ရိုင်းပင်းကူညီကာ စာနာထောက်ထားမှုမှာတော့ နအဖနဲ့ ယဉ်ယဉ် (နေပြည်တော်)ဆိုသူဟာ အတော်ကို ကလေးကစားစရာပါပဲ၊
ပေးပို့သူ… အပ်လုံး (နေပြည်တော်တပ်ကုန်း)

+++ ယဉ်ယဉ် (နေပြည်တော်)ရေ…။ ကြပ်ပြေးဟာ ကြပ်ပြေးပါပဲ။ ကြပ်ပြေးမှာ အငတ်ဘေးဆိုက်ရင် ဒို့ဆီကိုအပြေးလာခဲ့နော်…. ချီးကျွေးမယ်……။
ပေးပို့သူ…. ပုဆိန်ရိုး (လူထုအားကိုး)
+++ မယဉ်ယဉ်ခင်ဗျား...။ မယဉ်ယဉ်ရဲ့ နာမည်အပြည့်အစုံက "ယဉ်ယဉ်လေး" မဟုတ်ဘူးလားဗျာ။ ယဉ်ယဉ်လေးနဲ့...........။
ပေးပို့သူ.... အဆိုးမြင် ၀ါဒီ (နအဖနဲ့ အပေါင်းအပါများ လုပ်သမျှ)

မှတ်ချက်။ ။ ပေးစာတာဝန်ခံ အယ်ဒီတာ ဆယ်ပေါင်တူထံပေးစာများ ဆက်လက်ပေးပို့ကြပါရန် ပန်ကြား အပ်ပါသည်။

Read More...

28 Feb,09....ဖေဖော်ဝါရီလအတွင်းထိုင်းနှင့်မလေးရှားတ၀ှမ်းရှိသတင်းအတိုအထွာများ..

(ဖေဖော်ဝါရီလ ၂၈ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမားများအား မိမိတို့ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ထွက်ခွာကြရန် ရက်သတ်မှတ်မှုသည် ယနေ့နောက်ဆုံးဖြစ်ကြောင်း သတင်းရရှိသည်။ သို့ဖြစ်၍

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့အလုပ်ရှင်မှ တာဝန်မယူလျှင်(၀ါ) အလုပ်ဆက် လက်မခိုင်း စေတော့လျှင် မိမိတို့အစီအစဉ်ဖြင့် ပြည်တော်ပြန်ကြရန် အခက်အခဲများစွာရှိနေကြကြောင်း သိရသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကျောင်းကြီးကျောင်းဆရာတော် ဦးဥတ္တမ(၇၄)နှစ်၏ ဘ၀နတ်ထံပျံလွန်တော်မူခြင်း အန္တိမအဂ္ဂိဈာပနအခမ်းအနားအား ယနေ့နောက်ဆုံးနေ့အဖြစ် ကျင်းပကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ စတင်ကာမြန်မာဇာတ်ပွဲ၊ ကလေးများပျော်ရွှင်ပွဲ၊ အပါအ၀င် ရွှေပွဲလာပရိသတ်များကို ယနေ့အထိဖျော်ဖြေလျက်ရှိကြောင်း တွေ့ရသည်။
(ဖေဖော်ဝါရီလ ၂၇ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့လယ် ကျောက်မျက်ရတနာဈေးကွက် ပြန်လည်အသက်ဝင်လာစေရေးအတွက် ရည်ရွယ်လျက် ကျောက်မျက်ကုန်ပစ္စည်းကြော်ငြာနှင့် မော်ဒယ်ရှိုးပြပွဲကို ယနေ့ညပိုင်းတွင် ကျင်းပပြုလုပ်သည်ကို တွေ့ရသည်။ မဲဆောက်ကျောက်မျက်ရတနာဈေးကွက်သည် လွန်ခဲ့သော ၁၀-နှစ်မှ စတင်ပြီး စန်းပွင့်ခဲ့ကာ မကြာမှီသော ၃-၄နှစ်အတွင်း ဈေးကွက်အေးခဲ့ပြီး တရုတ်-မြန်မာနယ်စပ်သို့ ကျောက်ကုန်သည်နှင့် ပွဲစားများပိုမို စိတ်ဝင်စားကာ လုပ်ကိုင်လျက်ရှိကြသည်။ ထို့ကြောင့် မဲဆောက်ကျောက်ဈေးကွက် ပြန်လည်အသက်ဝင်စေရန် ကျောက်ကုန်သည်များအသင်းနှင့် တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း (FTI) က မော်ဒယ်ရှိုးပြပွဲဖြင့် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ မြောက်ပိုင်း (ချင်းမိုင်၊ ချင်းရိုင်၊ လမ်းပန်း၊ လမ်းဖုန်း၊ ဖယောင်း) မြို့များ. ကောင်းကင်လေထုထဲတွင် တောမီးရှို့မှုမှ ဖြစ်ပေါ်လာသော မီးခိုးမှုန်များသည် ကျန်းမာရေးထိခိုက်နိုင် သည့် PM-10 အဆင့်ကို ကျော်လွန်နေသဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စည်းပြီး ထွက်ကြပါရန် ထိုင်းပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားသည်။ (ဧရာဝတီ)
(ဖေဖော်ဝါရီလ ၂၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မဲဆောက်၊ ဖုတ်ဖရ၊ မယ်ရမတ်မြို့နယ်များရှိ လက်မှတ်မဲ့ မြန်မာအလုပ်သမား ၁၀၀၀ ခန့်ကို ယမန်နေ့နှင့် ယနေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖမ်းဆီးမှုတွင် ထောင်ကား(ခေါ်) အချုပ်ကားကြီးများဖြင့် ထိုင်းအာဏာပိုင်အဖွဲ့အစည်း ပေါင်းစုံတို့မှ အလုပ်သမားတန်းလျားများ၊ ၀န်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံများ၊ ကျေးရွာနှင့် မြို့ပြဈေးများ စသည်ဖြင့် နေရာပေါင်းစုံကို အထူးစီမံချက်အနေဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး ယခင်ကကဲ့သို့ ငွေပေးရွေးယူ၍ ယခုအချိန်အထိ မရသေးကြောင်း ကာယကံရှင်များက မြန်မာပြည်သားသို့ ပြောဆိုသည်။
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်ဒေသမှာ မြန်မာပြည်မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ခရီးသွားလာနေသော မြန်မာသံဃာတော် ၂-ပါးကို ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် မဟာချိုင် မြို့မရဲစခန်းက ကားပေါ်တင်ခေါ်ပြီး ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖမ်းဆီးစစ်ဆေးမှုတွင် သံဃာတော်များပိုင်ဆိုင်သော ဘတ်ငွေ ၁၂၀၀၀နှင့် မြန်မာအလုပ်သမားများလှူဒါန်းထားသော ၀တ္ထုငွေစာအိပ်များ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ် မြ၀တီဘက်၌ နေ့စဉ်နှင့်အမျှ ပြန်လည်ဝင်ရောက်လာကြသော်လည်း ယခုအခါမှာ ခါတိုင်းထက်ပိုမိုများပြားလာနေကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ မြ၀တီနယ်စပ်သို့ ပြန်လာသောအလုပ်သမားတဦး၏ ပြောပြချက်အရ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှ မြ၀တီနယ်စပ်သို့ အရောက်ပွဲစားခဘတ် (၆၀၀၀)ပေးရပြီး ယင်းတို့ကို ရဲအချုပ်ကားဖြင့် အတားအဆီးအဟန့်အတားမရှိ လွယ်ကူချောမွေ့စွာ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
(ဖေဖော်ဝါရီလ ၂၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်နာဝပ်ကို ထောက်ခံသူ ထောင်ပေါင်းများစွာတို့သည် ဖေဖော်ဝါရီလ ၂၄ရက်နေ့က အစိုးရအဖွဲ့၏ အဓိကရုံးအား ၀ိုင်းလိုက်ပြီးလွှတ်တော်ဖျက်သိမ်းပေးရန်နှင့် ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။ (VOA)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုကျေးရွာရှိ ဟန်ထိုင်းသိုးမွှေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား(၁၀၀၀)ခန့်အား လုပ်ငန်းခွင်အတွင်း လုပ်အားခအပါအ၀င် အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိကြောင်း စာချုပ်စာတမ်းဖြင့် လိမ်လည်လှည့်ဖြားပြီး လက်မှတ်ထိုးခိုင်းခြင်းကို ကန့်ကွက်သည့် မြန်မာအလုပ်သမား ၂၉၃-ဦးကို ဖေဖော်ဝါရီလ ၂၄ရက်နေ့က အလုပ်ဖြုတ်ပစ်လိုက်ကြောင်း သတင်းရရှိသည်။
(ဖေဖော်ဝါရီလ ၂၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ လွန်ခဲ့သော ၂-လခန့် ကောက်သစ်ပေါ်ချိန်မှစ၍ မြ၀တီမှ မဲဆောက်သို့ ညစဉ်ဆန်အိတ်ရေ တစ်သောင်းခန့်တရားမ၀င်တင်သွင်းနေခြင်းကို ထိုင်းဘက်ကရုတ်တရက်တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် မြ၀တီဘက်ကမ်းတွင် မြန်မာဆန်အိတ်ရေ နှစ်သောင်းခန့် သောင်တင်နေကြောင်း ခေတ်ပြိုင်သတင်းတပုဒ်ကဖော်ပြသည်။ မြန်မာဆန်ကို ထိုင်းဘက်သို့ မှောင်ခိုတင်သွင်းသူများအနက် ရာထူးကြီးသော နိုင်ငံရေးသမားများ၊ ၀န်ကြီးဟောင်းများနှင့် ယူနီဖောင်းဝတ် အရာရှိကြီးများပါဝင်သည်ဟု ဖေဖော်ဝါရီလ ၂၃ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင်လည်း ဖော်ပြထားသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၈ရက်နေ့က KNU နှင့် KNLA ငြိမ်းချမ်းရေးကောင်စီ (ဗိုလ်ထိန်မောင်အဖွဲ့)နှင့် သွားရောက်ပူးပေါင်းခဲ့သူ ၁၃-ဦးမှာ KNLA တပ်မတော်မှ စစ်သည်များမဟုတ်ပဲ ကော့ကရိတ်မြို့နယ် စက်က၀တ်ကျေးရွာမှ ရွာသားများသာဖြစ်ကြောင်း KNLA တပ်မဟာ (၆)စစ်ရုံးမှ ဒုတိယဗိုလ်မှူးကြီးတဦးက ခေတ်ပြိုင်သို့ ပြောဆိုသည်။
(ဖေဖော်ဝါရီလ ၂၂ရက် ၂၀၀၉) မြန်မာအလုပ်သမားအခွင့်အရေး အကာအကွယ်ပေးရေးကော်မတီ (BWRPC) ၏ ရုံးကဲ့သို့ မလေးအလုပ်ရှင်များက ၀င်ရောက်ရိုက်နှက်ပြီးနောက် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတာဝန်ရှိသူတဦးသည် ယင်းတို့ကို လာရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ သို့ရာတွင် (BWRPC) ၏ အတွင်းရေးမှူး ကိုရဲမင်းထွန်းက မြန်မာသံရုံးနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း၊ အကယ်၍ ဆက်သွယ်ဆောင်ရွက်ချင်ပါလျှင် ယခုကိစ္စကို ကူညီမည့် အန်ဂျီအိုနှင့် ဆက်သွယ်ရန် ပြောဆိုခဲ့ကြောင်း အာရ်အက်ဖ်အေ သတင်းတပုဒ်ကဖော်ပြသည်။ (RFA)
(ဖေဖော်ဝါရီလ ၂၁ရက်၂၀၀၉) ဖြစ်ရပ်-၁။ ။မြန်မာသတင်းသမဂ္ဂ(BMA)၏ ၆ ကြိမ်မြောက်ညီလာခံကိုထိုင်းနိုင်ငံချင်းမိုင်တွင် ယနေ့  ကျင်းပရန်ရှိကြောင်းသတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ လိင်တူချစ်သူများပွဲတော်ကိုထိုင်းနိုင်ငံချင်းမိုင်မြို့ တွင်ယနေ့ ညနေ ပိုင်းမှာကျင်းပကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(ဖေဖော်ဝါရီလ ၂၀ရက်၂၀၀၉)ဖြစ်ရပ်-၁။ ။ ထိုင်းဝန်ကြီးချုပ် အဘီဆစ်သည် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး ဒေသအတွင်းနိုင်ငံများနှင့်ဆွေးနွေးဖြေရှင်းရမည်ဖြစ်ကြောင်းအင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသောအာဆီယံထိပ်သီးအစည်း
အဝေးတွင်ဖေဖော်ဝါရီလ၂၀ရက်နေ့ ကပြောဆိုလိုက်သည်။(BBC)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက်စောစောပိုင်းက လုပ်ငန်းခွင်ဆီသို့သွားစဉ် မော်တော်ကားတိမ်းမှောက်သဖြင့် အသက် ၇-နှစ်အရွယ်ကလေး ၁-ယောက်အပါအ၀င် မြန်မာဆောက်လုပ်ရေး အလုပ်သမား ၃၀-ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချင်းမိုင်မြို့အခြေစိုက် သတင်းထောက်တဦးက မြန်မာပြည်သားသို့ ပြောပြသည်။ ယင်းတို့သည် ချင်းမိုင်မြို့ လေယာဉ်ကွင်းအနီး ဖတ်ထရာအမည်ရှိ မြန်မာဆောက်လုပ်ရေးတန်းလျားတွင် နေထိုင်သော အလုပ်သမားများဖြစ်ကြပြီး ကားပေါ်လိုက်ပါသည့် ၄၇-ဦးအနက် အသက် ၃၅-နှစ်အရွယ်ရှိ စိုင်းလုံဆိုသူမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု ဆေးရုံ၌သွားရောက်ကြည့်ရှုသူ တဦးကပြောဆိုသည်။
ဖြစ်ရပ်-၃။ ။ ရိုဟင်ဂျာများကို ထိုင်းနိုင်ငံမှတဆင့် မလေးရှားသို့ ခိုးသွင်းနေသော လူမှောင်ခိုဂိုဏ်းအား ဖြိုခွင်းရေးအတွက် ထိုင်းအစိုးရအထူး စုံစမ်းစစ်ဆေးရေးအဖွဲ့(DSI)မှ အပူတပြင်း စုံစမ်းစစ်ဆေးနေပြီးရက်ပိုင်းအတွင်း ထိုင်းလူမှောင်ခိုဂိုဏ်းသားများအား ဖမ်းဝရမ်းထုတ်တော့မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်း တပုဒ်က ဖော်ပြသည်။ ဘန်ကောက်သို့ ခိုးသွင်းလာသည့် ရိုဟင်ဂျာများမှာ မလေးရှားသို့ မသွားမီ ဘန်ကောက်မြို့တွင် လက်တွန်းလှည်းနှင့် မလာတာရောင်းသော အလုပ်ကိုလုပ်ကိုင်ကြပြီး ယခုအခါ ၁၃-ဦးကို ဖမ်းထားပြီးဖြစ်ကြောင်း သိရသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၄။ ။ ကူးစက်ရောဂါများ ပြန့်ပွားမှုမှ ကာကွယ်ရန်အတွက် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ထိုင်းနယ်နိမိတ်အတွင်းတွင် ဖေဖော်ဝါရီလ ၂၀ရက်နေ့က မြန်မာအလုပ်သမားများကို ထိုင်းဆရာဝန်များက မထပဆုံးအကြိမ် ကျန်းမာရေးစစ်ဆေးပေးကြောင်း သတင်းရရှိသည်။ (လွတ်လပ်သည့် မွန်သတင်း)
(ဖေဖော်ဝါရီ ၁၉ရက်၂၀၀၉) ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့  ရှိမယ်တော်ဆေးခန်း တည်ထောင်ခြင်း၏ အနှစ်၂၀-အခမ်းအနားတရပ်ကိုယနေ့ ကျင်းပကြကြောင်းသတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် ဒေါက်တာစင် သီယာမောင်၊မန်းစိန်ဟန်၊ဆရာမနော်ထူးစသောမယ်တော်ဆေးခန်းစတင်တည်ထောင်သူများမှ
ဗိုလ်မှုးကြီးနေစိုး(KNU)၊ဖာသာမာလတ်၊ကိုတင်စိုးတို့ အပါအ၀င်ပူးတွဲတည်ထောင်ခဲ့သူများအားဂုဏ်ပြုခြင်း၊ ၂၀၀၈ခုနှစ်အထိမယ်တော်ဆေးခန်း၏၀န်ထမ်းထူးချွန်ဆုရရှိသူအယောက်၂၀အားဆုချီးမြှင့်ခြင်း၊
မဲဆောက်ဆေးရုံကြီး၏ကိုယ်စားဒေါက်တာမောလစ်မှဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ရိုးရာကရင်ဒုံးယိမ်း၊
အနောက်တိုင်းတေးဂီတဖျော်ဖြေရေးအစီအစဉ်များအပါအ၀င်ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲလျက်ရှိနေဆဲဖြစ်
ကြောင်းသိရသည်။
(ဖေဖော်ဝါရီလ၁၈ရက်၂၀၀၉)ဖြစ်ရပ်-၁။ ။ ကံနိမ့်နေသောပြည်ပြေးထိုင်းဝန်ကြီးချုပ်တပ်ဆင်၏ အတိတ်ဘ၀မှဝဋ်ကြွေးများ၊ကံကြွေးများကြေစေရန်ရည်ရွယ်လျက်ယဇ်ပူဇော်ယတြာချေပွဲကြီးတရပ်
ကိုဖေဖော်ဝါရီလ၁၈ရက်နေ့ ကထိုင်းနိုင်ငံချင်းမိုင်မြို့ တွင်၎င်းကိုထောက်ခံ သူလူ၃၀၀ကျော်ကစုပေါင်းကျင်း ပကြသည်။တပ်ဆင်ထောက်ခံသောနတ်ကတော်တဦးအားသက်ဆိုင်ရာက၀င်ပူးပြီးပြောဆိုချက်အရ
တပ်ဆင်သည်အတိတ်ဘ၀မှာစစ်လိုလားသောထိုင်းဘုရင်တဦးဖြစ်ခဲ့စဉ်ကမြန်မာများကိုသတ်ပြီးငွေနှင့်
ဘုရားဆင်းတုများကိုလုယူခဲ့သည့်မကောင်းမှုကံကြောင့်ယခုဘ၀တွင်ဤသို့ ဒုက္ခဆင်းရဲကြုံရခြင်းဖြစ်
သည်ဟုဆိုသည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ အလုံပိတ်ကားဖြင့်ထိုင်းနိုင်ငံရနောင်းမြို့ မှဖန်ငဆီသို့ အသွားခရီးတွင်အသက်ရှူ မွန်းကြပ်ပြီးသေဆုံးသွားကြသောမြန်မာအလုပ်သမား၅၄ဦးအနက်၃၇ဦးကိုထိုင်းအာမခံကုမ္မဏီ
ကဖေဖော်ဝါရီလ၁၈ရက်နေ့ တွင်လျော်ကြေးငွေ၏စရံအဖြစ်ဘတ်ငွေ(၃သောင်း၅ထောင်)စီချ
ပေးလိုက်ကြောင်းသတင်းရရှိသည်။(NMG)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ်မဲဆောက်နှင့်ပတ်ဝန်းကျင်မြို့  ရွာများရှိမွေးမြူရေး ကြက်ခြံများတွင်ယခုလအတွင်းရောဂါဖြစ်ပွားပြီးနေ့စဉ်ကြက်များသေဆုံးမှုရှိ
နေသည်ဟုမွေးမြူရေးလုပ်သားများနှင့်ကျန်းမားရေးလုပ်သားအချို့ ကပြောဆိုသည်။(NMG)
(ဖေဖော်ဝါရီလ၁၇ရက်၂၀၀၉) ထိုင်းနိုင်ငံအခြေစိုက် ကရင်နီအမျိုးသားလူငယ်အစည်း အရုံး(KNYO) က ”ပြန်လာခဲ့ပါလောပိတ”အမည်ရှိVCD၊ကာရာအိုကေသီချင်းခွေကိုထုတ်ဝေလိုက်ကြောင်းဖေဖော်ဝါရီလ၁၇ရက်နေ့  ထုတ်သတင်းနှင့်မီဒီယာကွန်ယက်သတင်းတပုဒ်တွင်ဖော်ပြသည်။နအဖစစ်အုပ်စု၏ဖွံ ဖြိုးရေးလုပ်ငန်းများသည်ရေရှည်အကျိုးမရှိနိုင်ကြောင်းသိရှိစေရန်နှင့်ကရင်နီပြည်၏အလုအပနှင့်
သယံဇာတများကိုကရင်နီပြည်သူများဝိုင်းဝန်းထိန်းသိမ်းကြရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းအဆိုပါအဖွဲ့ 
ကပြောဆိုသည်။(NMG)
(ဖေဖော်ဝါရီလ၁၆ရက်၂၀၀၉) မလေးရှားနိုင်ငံဆိုင်ဂမ်ဂလို့ နယ်ရှိအထည်ချုပ်စက်ရုံမှ မြန်မာအလုပ် သမားများကို အကာအကွယ်ပေးခဲ့ခြင်းကြောင့်မြန်မာအလုပ်သမားအခွင့်အရေးအကာအကွယ်ပေး ရေးကော်မတီ(BWRPC)မှ
အလုပ်အမှုဆောင်များကိုစက်ရုံပိုင်ရှင်၏လူမိုက်များကအတင်းရုံးခန်းအထိဝင်ရောက်ရိုက်ခဲ့ကာအလုပ်
အမှုဆောင်များကိုလည်းမလေးရှားရဲကခေါ်ယူစစ်ဆေးလျက်ရှိကြောင်းကော်မတီ၏အလုပ်အမှုဆောင်
တစ်ဦးဖြစ်သူ…ကိုရဲမင်းထွန်းကပြောဆိုသည်။(ခေတ်ပြိုင်)
(ဖေဖော်ဝါရီလ၁၅ရက်၂၀၀၉) ဖြစ်ရပ်-၁။ ။ထိုင်းနိုင်ငံစူရတ်ဌာနီခရိုင်တနေရာတွင်မြန်မာပြည်သို့  ပြန်ကြမည့်မြန်မာအလုပ်သမား၇၀ခန့် တို့ သည် လမ်းခရီး၌ ပိုက်ဆံပေးပြီးဖြစ်သော လူဝင်မှုကြီးကြပ်ရေးများ၏ ဖမ်းဆီးခြင်းကိုခံရကြောင်းသတင်းရရှိသည်။ ယင်းတို့  တွင်ပါရှိသောရွှေငွေလက်ဝတ်ရတနာပစ္စည်းများကိုထိုသို့ အဖမ်း ခံရစဉ်တွင်သိမ်းဆည်း ခံရပြီးအဆိုပါဖမ်းဆီးသူလူဝင်မှုကြီးကြပ်ရေးများကိုငွေထပ်ပေးပြီးပါမှဘုရားသုံးဆူသို့  ပို့ပေးခဲ့ကြောင်း သတင်းရရှိသည်။(့ဘီဘီစီနံနက်ခင်းသတင်း)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင်ဘန်နီးယန်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်များဆီသို့ ဖေဖော်ဝါရီလ
၁၅ရက်နေ့ ကတကွာပါစစ်တပ်မှရောက်ရှိစစ်ဆေးပြီးလက်မှတ်မဲ့မြန်မာအလုပ်သမား၃၈ ယောက်အားဖမ်းဆီး သွားကြောင်းသတင်းရရှိသည်။(GHRE)
(ဖေဖော်ဝါရီလ၁၄ရက်၂၀၀၉) ဖြစ်ရပ်-၁။ ။ယမန်နှစ်ကဤနေ့ ဤရက်တွင်လုပ်ကြံခံခဲ့ရသော ကရင်တိုင်းရင်းသားခေါင်းဆောင် ဖဒိုမန်းရှာအတွက် ဂုဏ်ပြုလျက်(၁) နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားတရပ်ကိုထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့  စုပေါင်းကျင်းပကြသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ်ကရင်ပြည်နယ်မြ၀တီမြို့ တွင်ဖေဖော်ဝါရီလ၁၄ရက်နေ့ ကပေါက်ကွဲမှုများဖြစ် ပွားခဲ့ကြောင်းသတင်းရရှိသည်။မြန်မာကုန်သည်များ၏ပြောဆိုချက်အရနယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍
DKBAနှင့်မြန်မာစစ်အစိုးရတို့ အကြားတွင်သဘောထား မတူညီမှုများကြောင့်လှည့်ကွက် သုံးခြင်းဖြစ်နိုင်ကြောင်း ပြောဆိုသည်။KNU၏ယူဆချက်အရကုလသမဂ္ဂ၏လူ့ အခွင့်အရေးသံတမန် ကင်တားနားလာရောက်ရန်ရှိရာ
ယခုကဲ့သို့ မတည်မငြိမ်ဖြစ်အောင်တမင်ရည်ရွယ်ဖန်တီးခြင်းဖြစ်ကြောင်းသုံးသပ်သည်။(BBC)
(ဖေဖော်ဝါရီလ ၁၃ရက် ၂၀၀၉)ဖြစ်ရပ်-၁။ ။မလေးရှား-ထိုင်းနယ်စပ်သို့ ပြန်လည်ပို့  ဆောင်ခံရသော မြန်မာအလုပ်သမားများကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးများကလူပွဲစားများနှင့်နယ်စပ်ရှိလူမိုက်ဂိုဏ်း
ထံတဆင့်ရောင်းစားနေကြပြီင်္းလူပွဲစားများကလည်းအမျိုးမျိုးခြိမ်းခြောက်ကာငွေကြေးမပေးနိုင်သူများ
ကိုပြန်လည်ရောင်းစားနေကြကြောင်းဖေဖော်ဝါရီလ၁၃ရက်နေ့ ထုတ်ခေတ်ပြိုင်အင်တာနက်သတင်း
တပုဒ်ကဖော်ပြသည်။
ဖြစ်ရပ်-၂။ ။ ၉၄နှစ်မြောက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၀ါ)မြန်မ့ာကလေးများနေ့ ကိုထိုင်း-မြန်မာ နယ်စပ်အခြေစိုက်မြန်မာ့အမျိုးသမီးများလူမှုကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့  (SAW)အလယ်တန်း
ကျောင်းတွင်လူ၃၀၀ခန့် ဖြင့်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံကိုေ၇ာက်လာကြသောရိုဟင်ဂျာလှေစီးဒုက္ခသည်များကိုထိုင်းအာဏာပိုင်များ
ကလှေပေါ်တင်ပြီးပင်လယ်ထဲသို့ အတင်းပြန်လွှတ်ကောင်း ပြန်လွှတ်နိုင်ခဲ့ကြောင်း လိုက်ထိုင်းဝန်ကြီးချုပ်အဘီဆစ်ကဖေဖော်ဝါရီလ၁၃ရက်နေ့  တွင်ဝန်ခံပြောကြားလိုက်သည်။(VOA)
ဖြစ်ရပ်-၄။ ။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တဖက်ခြမ်းရှိကရင်ပြည်နယ်မြ၀တီမြို့ နယ်အင်ကြင်း
မြိုင်ကျေးရွာနှင့်ဖုတ်ဖရာ့မြို့ နယ်တဖက်ခြမ်းရှိမြ၀တီမြို့ နယ်မော်လီချိုင်းကျေးရွာတို့ မှကျေးရွာသား
များကိုDKBAတပ်ဖွဲ့ မှအဓမ္မလုပ်အားပေးစေခိုင်းခြင်းများရှိနေကြောင်း၊ပဲပြောင်းစသည့်သီးနှံများကိုလည်း ထိုင်းဘက်သို့  စိတ်ကြိုက်ရောင်းဝယ်ခွင့်ကိုDKBAကပိတ်ဆို့ မှုများရှိနေကြောင်းသတင်းရရှိသည်။ (BBC)
(ဖေဖော်ဝါရီလ ၁၂ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယနေ့ဗုံးပေါက်ကွဲမှုကြောင့်
ရဲအရာရှိ ၃ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းအေဂျင်စီများတွင် ဖော်ပြသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ပကျေးရွာအုပ်စုရှိ စိန်ဟိန်းသိုးမွှေးစက်ရုံမှ ၂၀၀၇-ခုနှစ်
မေလ ၁၈ရက်နေ့တွင် အကြောင်းမဲ့အလုပ်ဖြုတ်ခံခဲ့ရသော အမျိုးသမီးအလုပ်သမား ၂၄-ဦးအနက်
တရားရုံးတွင် တရားစွဲဆိုခဲ့ကြသော အမျိုးသမီးအလုပ်သမား ၄-ဦးတို့သည် တရားရုံးအမိန့်ဖြင့် ယနေ့
လျော်ကြေးငွေ ၃-သောင်းဘတ်စီ ရရှိကြကြောင်း သတင်းရရှိသည်။ ဤသို့ အလုပ်သမားအခွင့်အရေး
များ ရရှိစေရန် ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)နှင့် မြန်မာပြည်သားများ
အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)တို့က ထိုင်းအလုပ်သမားဥပဒေအတိုင်း ပူးပေါင်းဆောင်ရွက်
ပေးခဲ့ခြင်းဖြစ်သည်။
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံဗာသ၀ပ်ပြည်နယ်ကမုံစပါးမြို့ တွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာ
အလုပ်သမား၅၀ခန့် ကိုဖေဖော်ဝါရီလအစောပိုင်းကဖမ်းဆီးပြီင်္းဖေဖော်ဝါရီလ၁၂ရက်နေ့ ၌တရားရုံးက အပြစ်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်းသတင်းရရှိသည်။ထိုအလုပ်သမား၅၀ယောက်ထဲမှအယောက်
၃၀-သည်ထောင်ဒဏ်၃လနှင့်ကြိမ်ဒဏ်တချက်၊အခြား၁၀ယောက်ကိုမူချုပ်ရက်၁၄ရက်ပြစ်ဒဏ်ချမှတ်
ကြောင်းပြန်လွတ်လာသူအလုပ်သမားတစ်ဦးကပြောဆိုသည်။(NMG)
(ဖေဖော်ဝါရီလ၁၁ရက်၊၂၀၀၉) ဖြစ်ရပ်-၁။ ။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ တော်ရှိမြန်မာသံရုံးရှေ့ 
တွင်အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်လွတ်မြောက်နယ်မြေ(မလေးရှားဌာနခွဲ)မှဦးဆောင်ကာယနေ့ 
ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက်မြန်မာပြည်တွင်းရှိအမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်မှတောင်းဆိုချက်ကို ထောက်ခံဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။(RFA)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံ-ချင်းမိုင်မြို့ တွင်ရှမ်းတိုင်းရင်းသားအများစုပါဝင်သူတို့  ကိုအခုရက်ပိုင်းအတွင်း
ဆက်တိုက်ဆိုသလို့ ဖမ်းဆီးလာရာယခုအခါလူရာဂဏန်း အထိရှိသွားပြီဖြစ်ကြောင်းဗွီအိုအေသတင်း တပုဒ်ကဖော်ပြသည်။ပြီးခဲ့သောဖေဖော်ဝါရီလ၈ရက်နေ့  ကရှမ်းတိုင်းရင်းသားနှစ်ဦးမှချင်းမိုင်မြို့ (မယ့်ဂျိုး) တက္ကသိုလ်ကျောင်းသူတဦးအားအဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခဲ့သည့်အတွက်တက္ကသိုလ်ကျောင်းသားများက
အလုပ်သမားများကိုရှင်းလင်းပေးရန်ဆန္ဒပြတောင်းဆိုခဲ့ကြသလိုအာဏာပိုင်များကလည်းတိုး မြှင့်ဖမ်းဆီး
ခဲ့သည်။
(ဖေဖော်ဝါရီလ ၁၀ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် တနေရာတွင် (၆၂)နှစ်မြောက် မွန်အမျိုးသားနေ့
အခမ်းအနားတရပ်ကို ယနေ့ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ မွန်အမျိုးသားတို့သည် နှစ်စဉ် တပို့တွဲ
လ ပြည့်ကျော် ၁ရက်နေ့ရောက်သည့်အခါတိုင်း `မွန်အမျိုးသားနေ့´အဖြစ် သတ်မှတ်ကာ ၁၉၄၇-ခုနှစ်
မှ ယနေ့အထိ နှစ်စဉ်ဆက်မပြတ်ကျင်းပလာကြခြင်းဖြစ်သည်။ ယနေ့အခမ်းအနားသို့ လူ ၆၀၀-ခန့်
တက်ရောက်ကြပြီး ရိုးရာထမနဲဖြင့် ဧည့်ခံသည်ကိုတွေ့ရသည်။ အလားတူ ထိုင်း-မြန်မာနယ်စပ်ရှိ
တာ့ခ်၊ မဲဆောက်၊ ဖုတ်ဖရား၊ မယ်ရမတ်၊ အုန်းဖန်၊ ထဆောင်ယမ်း၊ စသော မြို့နယ်များတွင်လည်း
အဝေးရောက်မြန်မာပြည်သားများနှင့် ရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံတို့က ရိုးရာထမနဲပွဲ
များကို စုပေါင်းဆင်နွဲကြကြောင်း သိရသည်။
(ဖေဖော်ဝါရီလ၉ရက်၊၂၀၀၉) ထိုင်းနိုင်ငံချင်းမိုင်မြို့  တွင်ထိုင်းကျောင်း သူလေးတဦးကို မြန်မာအလုပ်
သမား၂ဦးကအဓမ္မပြုကျင့်ပြီးယင်းတို့  ၏အလုပ်သမားတန်းလျား၌ပစ်ထားခဲ့စဉ်ယမန်နေ့  ကထိုင်းရဲမှရှာ
ဖွေဖမ်းဆီးခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ထိုင်းရဲက အဆိုပါ အလုပ်သမား ၂ဦးနေထိုင်ရာဆောက်လုပ်
ရေးလုပ်ငန်းခွင်တန်းလျားသို့  သွားရောက်ရှာဖွေဖမ်းဆီးရာ တဦးသာဖမ်းမိပြီး တဦးမှာထွက်ပြေးလွတ် မြောက်သွားကြောင်း၊ဤမူဒိန်းမှုနှင့်ပတ်သက်၍တက္ကသိုလ်ကျောင်းဆောင်အနီးရှိ မြန်မာအလုပ်သမား များ၏ဆောက်လုပ်ရေးတန်းလျားများကိုဖျက်သိမ်းပေးရန်နှင့်ယင်းတို့  ကိုထိုအနားတ၀ိုက်၌ထားရှိခြင်း မပြုရန်ထိုင်းကျောင်းသားများကစုပေါင်းဆန္ဒပြခဲ့သဖြင့်ထိုင်းအာဏာပိုင်များကကျောင်းသားများ၏ဆန္ဒ
အတိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ (BBC)
(ဖေဖော်ဝါရီလ၈ရက်၊၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံဗာသ၀ပ်ပြည်နယ်က မုံဇ၀ါးပလပ်(ခေါ်)မြန်မာ
အလုပ်သမားများ နေထိုင်ရာရပ်ကွက်တွင်ဖေဖော်ဝါရီလ၈ရက်နေ့  ညကအလုပ်သမား၅၀ခန့် ကိုအာဏာ
ပိုင်များ မှဖမ်းဆီးခဲ့သဖြင့်မိမိတို့  လုံခြုံရေးအတွက်ကင်းစောင့်နေကြကြောင်းကာယကံရှင်အလုပ်သမား
များကပြောဆိုသည်။(NMG-သတင်း)
ဖြစ်ရပ်-၂။ ။ထိုင်းစီးပွားရေးကျဆင်းနေမှုကြောင့်ထိုင်းအစိုးရအနေဖြင့် အမေရိကန်ဒေါ်လာသန်း၃၃၀၀ရှိသောစီးပွားရေးစီင်္မံကိန်းတရပ်ကိုချမှတ်ပြီးစီးပွားရေး ပြန်လည်ဦးမော့လာအောင်ဆောင်ရွက်သွားရန်ရှိကြောင်းဝန်ကြီးချူပ်အဘီဆစ် ကယနေ့ 
ပြောကြားလိုက်သည်။(RFA)
ဖြစ်ရပ်-၃။ ။ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ တောင်ဘက်တွင်ရှိသောဖုတ်ဖရာ့မြို့  နယ်၄၄ကီလိုမီတာကျေးရွာတွင်ဒေါ်ခင်သန်းမော်ဝန်း(ပြောင်ကြီးဝန်းအနီး)မှ မြန်မာအလုပ်သမား၎ဦးနှင့်စောထူးဝန်းထဲမှမြန်မာအလုပ်သမား-၁ဦးတို့ အား တရားမ၀င်နေထိုင်မှု၊
တရားမ၀င်ဈေးရောင်းမှုတို့ ဖြင့်ထိုင်းအာဏာပိုင်များကယနေ့  လာရောက်ရှာဖွေဖမ်းဆီးသွားကြောင်း
ဒေသခံများကမြန်မာပြည်သားသို့ ပြောပြသည်။
(ဖေဖော်ဝါရီလ ၇ရက်၊၂၀၀၉) ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့  မှလူအင်အား၂၀၀၀ ကျော်ပါဝင်သော
စက်ဘီးစီးချစ်ကြည်ရေးအဖွဲ့ သည့်  ဖေဖော်ဝါရီင်္လ၇ရက်နေ့ တွင်မြ၀တီမြို့ သို့ စက်ဘီးစီးကာတနေ့  တာလည်ပတ်ခဲ့ကြောင်းသတင်းရရှိသည်။ဤစက်ဘီးစီးလှုပ်ရှားမှုကိုလွန်ခဲ့သော၁၀နှစ်ခန့်  မှစတင်ခဲ့ခြင်းဖြစ်ပြီးယခုနှစ်၁၀ကြိမ်မြောက်လှုပ်ရှားမှုတွင်၂နိုင်ငံခရီးသွားလုပ်ငန်းတိုးမြှင့်မှုအတွက်မဲဆောက်
ဒေသမှထိုင်းနိုင်ငံသားများအားမြ၀တီမြို့ သို့ တနေ့ တာလည်ပတ်စေ ခြင်းဖြစ်ကြောင်း တာ့ခ်ခရိုင် စက်မှုလုပ်
ငန်းရှင်များ နှင့်ကုန်သည်ကြီးများအသင်း(FTI)က ပြောဆိုသည်။(BBC)
(ဖေဖော်ဝါရီ ၆ရက်၊၂၀၀၉) ဖြစ်ရပ်-၁။ ။ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော(UNHCR)၏အထူးသံတမန်တဦးဖြစ် သူဟောလီးဝုဒ်စူပါစတားမင်းသမီးအင်ဂျလီနာဂျိုလီကလှေစီးရိုဟင်ဂျာဒုက္ခသည်များ ကိုလူသားချင်းစာနာထောက်ထားရန်နှင့်ကာကွယ်စောင့်ရှောက်ပေးလိမ့်မည်ဟုမိမိ မျှော်လင့်ကြောင်းထိုင်းနိုင်ငံအာ့းဖေဖော်ဝါရီလ၆ရက်နေ့ တွင်တိုက်တွန်းပြော ဆိုလိုက်သည်။(RFA)
ဖြစ်ရပ်-၂။ ။ကမ္ဘောဒီးယားဝန်ကြီးချူပ်ဟွန်ဆန်ကဧည့်သည်တော်ထိုင်းကာကွယ်ရေး ၀န်ကြီးနှင့်တွေ့  ဆုံအပြီးတွင်အငြင်းပွားနေသောဘုရားကျောင်းကိစ္စနှင့်ပတ်သက်၍မိမိ တို့  နှစ်နိုင်ငံသည်ငြိမ်းချမ်းစွားဆွေးနွေး
အဖြေရှာနိုင်ခဲ့ကြောင်းယနေ့ ပြောကြားလိုက်သည်။(RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံမြောက်ပိုင်း မီရတ်ပြည်နယ်တွင် လက်ရှိအာဏာရပါတီကိုဆန့်  ကျင့်သောအတိုက်အခံပါတီဦးဆောင်သည့်လူထုဆန္ဒပြပွဲတရပ်ဖေဖော်ဝါရီလ၆ရက်ကဖြစ်ပွားကြောင်းသိရသည်။
(VOA)
ဖြစ်ရပ်-၄။ ။ ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ့်စရီးယန်းနှင့် ဆော့မိုအိမြို့နယ်များကို
ဖြတ်ပြီး မြန်မာပြည်ဘက်မှ တရားမ၀င်, ၀င်ရောက်လာမည့် ရွှေ့ပြောင်းအလုပ်သမားများ (အထူးသဖြင့်) ရိုဟင်
ဂျာများကို အသေအချာစောင့်ကြည့်ရန် မယ့်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး သွန်ဂ်ချိုင်းက ညွှန်ကြားထား
ကြောင်း ဖေဖော်ဝါရီလ ၆ရက်နေ့ထုတ် (RFA)သတင်းတပုဒ်မှာ ဖော်ပြသည်။
(ဖေဖော်ဝါရီ ၅ရက်၊၂၀၀၉) ရှမ်းပြည်နယ်အရှေ့ ပိုင်း၊ထိုင်း-မြန်မာနယ်စပ်တာချီလိတ်မြို့  တွင်မှောင်ခိုတင်
ဆောင်လာ သောလက်နက်ခဲယမ်းမီးကျောက်အချို့  ကိုမြန်မာအာဏာပိုင်များကသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါလက်နက်များနှင့်အတူစစ်တပ်မှအရာရှိနှင့်ရဲဘော်အချို့ ကိုစစ်ဆေး မေးမြန်းနေဆဲရှိပြီးတြိဂံဒေသတိုင်းစစ်ဌာနချူပ်တိုင်းမှူးဗိုလ်မှူးချူပ်ကျော်ဖြိုးမှလည်းလာရောက် ကွင်းဆင်းစစ်ဆေးသွားကြောင်းသတင်းရရှိသည်။(VOA)
(ဖေဖော်ဝါရီ ၄ရက်၊၂၀၀၉) ထိုင်းတက္ကသိုလ်ကျောင်းသူ ၇၀% သည်အင်တာနက်ပြည့်တန်ဆာခန်းဝက်ဝ်
ဆိုက်များသို့  မိမိတို့ ခန္စာကိုယ်ကို အချိန်ပိုင်းရောင်းစားရန်ဆက်သွယ်ခဲ့ကြသည်ဟုတက္ကသိုလ်လူထု ဆန္ဒစစ်တမ်းကိုကိုးကားပြီးထိုင်းသတင်းစာများတွင်ဖော်ပြထားသည်။(ခေတ်ပြိုင်)
(ဖေဖော်ဝါရီ ၃ရက်၊၂၀၀၉) ဖြစ်ရပ်-၁။ ။ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာအထူးသံတမန်တဦးဖြစ်သူကမ္ဘာ
ကျော်ဟော လီးဝုဒ်မင်းသမီးအင်ဂျလီနာဂျိုလီနှင့်ခင်ပွန်းဖြစ်သူဘရက်ပစ်တို့ ဇနီးမောင်နှံသည်ထိုင်း-မြန်မာ နယ်စပ်ရှိကရင်နီဒုက္ခသည်စခန်းသို့ ဖေဖော်ဝါရီလ၃ရက်နေ့ ကလေ့လာရေးခရီးရောက်ရှိခဲ့ပြီး ဒုက္ခသည်များအားလွတ်လပ်စွာနေထိုင်ခွင့်ကိုယခုထက်ပိုပြီးတိုးမြှင့်ပေးပါရန်ပန်ကြားလိုက် ကြောင်းသတင်း
ရရှိသည်။(VOA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့ တွင်ရိုဟင်ဂျာလူမျိုးများအတွက်ကုလသမဂ္ဂ၏ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရုံးမှဒုက္ခသည်စခန်းတည်ဆောက်မည်ဆိုခြင်းကြောင့်ဖေဖော်ဝါရီ လ၃ရက်နေ့  ၌ဒေသခံ
ထိုင်းလူမျိုး၁၀၀၀ခန့် ဆန္ဒပြခဲ့ကြကြောင်းသတင်းရရှိသည်။(RFA)
(ဖေဖော်ဝါရီလ ၁ရက် ၂၀၀၉) ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီလ ၁ရက်နေ့၌ လူငယ်တစုက လူအုပ်ထဲသို့
လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းသဖြင့် လူ ၇ဦးသေဆုံးသွားကြောင်း ထိုင်းသတင်း အေဂျင်စီများမှာ ဖော်ပြသည်။

Read More...

28 Feb, 2009... “ငါ့စကားနားထောင်တယ်”

ချဲလ်ဆီအသင်းမှ ကစားသမား အက်ရှ်လေကိုး မူးပြီးပြန်လာသည်။ လိုက်ပို့သည့်အဖော်ဖြစ်သူက ယင်းကဲ့သို့မူးနေလျှင် မိန်းမနှင့် ပြဿနာတက်မည်ဟု အက်ရှ်လေကိုးအား သတိပေးသည်။ သို့ရာတွင် အက်ရှ်လေကိုးက ယင်း၏မိန်းမမှာ သူ့စကားကို နားထောင်၍ ပြဿနာမရှိကြောင်း ပြန်ပြောသည်။

အိမ်ရောက်သော် မိန်းမကထွက်လာပြီး အက်ရှ်လေကိုးအား လက်ညှိုးထိုးကာ…
“ရှင်… ဒီအရေတွေသောက်လာပြန်ပြီလား ဟင်…မသာကြီး… မသာကြီး...” ဟု ဆဲသည်။
ထိုအခါ ယင်း၏အဖော်က “ဟေ့ကောင်… ဘယ်လိုလဲ… မင်းပြောတော့ မင်းစကားနားထောင်တယ်ဆိုကွ”
“မပူပါနဲ့ကွာ။ ငါပိုင်ပါတယ်ကွ။ ဟေ့မိန်းမ… နောက်(၂)ခါလောက်ထပ်ပြောစမ်း”
ထိုအခါ အက်ရှ်လေကိုးက အဖော်ဘက်သို့လှည့်ပြီး… “တွေ့လား… ငါ့မိန်းမက ငါ့စကားနားထောင်တယ်နော်။ ယုံပြီလား”

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…

Read More...

Friday, February 27, 2009

27Feb,09....ဘင်္ဂလားဒေ့၇ှ်နိုင်ငံမှသွေးစွန်းသောတပ်တွင်းပုန်ကန်မှု..


အိန္ဒိယတိုက်ငယ်တွင်ပါဝင်သောတောင်အာရှဒေသရှိဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၁၉၇၄ခုနှစ်၌
အ၀ါမီလစ်ပါတီခေါင်းဆောင်ရှိတ်မူဂျစ(်ခေါ်)ရှိတ်မူဂျီဂိုရာမန်ဦးဆောင်ပြီးပါကစ္စတန်နိုင်ငံထဲ
မှခွဲထွက်လာသောနိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံဖြစ်ပြီးမြန်မာနိုင်ငံကဲ့သို့ စစ်ဝါဒီတို့ လွှမ်းမိုးချုပ်ကိုင်ခဲ့သည့်အ
စဉ်အလာရှိခဲ့ဘူးသောနိုင်ငံဖြစ်သည်။ဘင်္ဂလားဒေရှ်နိုင်ငံတွင်သွေးစွန်းသောတပ်တွင်းပုန်ကန်
မှုတရပ်မကြာမီကဖြစ်ပွားခဲ့ပြီးအမျိုးသားခေါင်းဆောင်ရှိတ်မူဂျစ်၏သမီးဖြစ်သူ-လက်ရှိဝန်ကြီး
ချုပ်ရှိတ်ဟာဆီနာကမည်သို့ မည်ပုံအကောင်းဆုံးကိုင်တွယ်ဖြေရှင်းကာတပ်တွင်းပုန်ကန်မှုအား
ပြီးဆုံးစေခဲ့သည်ကိုအထက်ပါဓာတ်ပုံများတွင်မျက်ဝါးထင်ထင်တွေ့ မြင်ကြရပေမည်။သွေးစွန်း
သောတပ်တွင်းပုန်ကန်မှုကားပြီးစီးခဲ့ပါပြီ။သို့ သော်.........................?

သတင်းဓာတ်ပုံ.......နိုင်နိုင်(စစ်တွေ)

Read More...

27.2.09.....ပုတ်ကုန်ပြီ .....

xxxအခြေအနေ ဘယ်လိုလဲ
မင်းကလည်း မေးပြန်ပြီ
ညံစီနေတာပဲ ဖမ်းဆီးနေတာ။

မင်းလက်မှတ် တိုးထားလား
တိုးထားထား မတိုးထားထား
အကုန်ကို ဆွဲသွားပြီ။
ဘာဖြစ်လို့ လုပ်တာလဲ
မင်းကလည်း မေးပြန်ပြီ
တကောင်သေ တလှေပုတ်လေကွာ။
အဲဒါဆို ဘယ်လိုလုပ်မှာလဲ
ရှောင်လင်သိုင်းသာ သင်ထား
အန္တရာယ်ကင်းသွားမယ် တကယ်ပြောတာကွ။
အခုမင်း ဘယ်မှာလဲ
ဝဏက ပြောထားတယ်
တောထဲမှာ ခဏရှောင်ထားတဲ့။
ဘာဖြစ်လို့ ရှောင်တာလဲ
ဝဏက ပြောတယ်လေ
တကောင်သေ တလှေပုတ်။
အလုပ်လည်း မလုပ်နိုင်
တောထဲမှာ ငိုင်တိုင်တိုင်နဲ့
ဖြုတ်ခြင်တွေနဲ့ နပန်းလုံး။
တို့အခွင့်အရေးလည်း
ဘယ်မှာသွားသုံး
အကုန်အကုန် အကုန်ရှုံး။ ...../

ပေးပို့ သူ.......ခွန်မိုးဈာန်အောင်(ချင်းမိုင်)


Read More...

27Feb,09.....မဲဆောက်မြို့ ကျောက်မျက်ရတနာတန်းကမော်ဒယ်ရှိုးပြပွဲ


ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ လယ်ရှိကျောက်မျက်ရတနာဈေးတန်းတနေရာတွင်
(Super Sparkle Maesot Gems)ဟူသောကျောက်မျက်အရည်အသွေးဆိုင်ရာကုန်

ပစ္စည်းကြော်ငြာနှင့်မော်ဒယ်ရှိုးပြပွဲကိုယနေ့ ညပိုင်း၌ကျင်းပကြသည်ကိုတွေ့ ရသည်။
်အဆိုပါပြပွဲတွင်အစ်ကိုကာလသားတို့ အကြိုက်အမိုက်စားများကို(မြန်မာပြည်မှပိန်ညောင်
်လှီမော်ဒယ်များနှင့်တမူထူးခြားစွာ)၀၀ဖြိုးဖြိုးမော်ဒယ်များ(၀ါ)ကောက်ညှင်းထုပ-်ကြိုး
တုတ်ပုံစံမော်ဒယ်များကိုကြုံကြိုက်တုန်းအစွံထုတ်သည့်အလားဤသို့ ရှုစားကြရပါသည်။

သတင်းမှတ်တမ်း......မြန်မာပြည်သား

Read More...

27 Feb,09……..မဲဆောက်ဈေးထဲကဟာသကြော်ငြာများ………

+++ထိုင်း-မြန်မာနယ်စပ်ရောက်သူတွေဟာ
မဲဆောက်ဈေးတနေရာမှာ
ကြော်ငြာတစ်ခုကိုသည်လိုတွေ့ရ
“အပျိုမ၅ယောက်ယူမည်။ထိုင်းစကားတတ်ရမည်
ဒီဆိုင်မှာစုံစမ်းပါ” တဲ့

ကြော်ငြာရှင်ဟာ………
သူ့ဟာသူ၅ယောက်မကလို့အယောက်၁၀၀ပဲယူယူ
ကျုပ်တို့ကဘာကိုငြူစူလိမ့်မတုန်း
အခုဟာက……..
အလုပ်ခေါ်တာ၊ဆိုင်အကူမိန်းကလေး ခေါ်တာမို့ လို့
ပြောနေရတာဗျို့။
``ဒီမှာဆိုင်ကယ်ရပြီ” တဲ့
ဆိုင်ကယ်လ်များရောင်းနေတာလား
ထင်မှတ်မှားစရာပါ
ဘယ်ဟုတ်မလဲဗျာ
ဆိုင်ကယ်ငှားတဲ့နေရာပါပဲ……..
+++ မဲဆောက်ဈေးအနား
ရပ်ကွက်သားတွေရဲ့ဆိုင်းဘုတ်
သည်လိုရေးထုတ်ထားပြန်ရော
“ ရက်ကွပ်ကျမ်းမာရေထာနာ” တဲ့
ကုလားတွေများလို့ရပ်ကွက်ကနေ
(ရက်ကွပ်)ဖြစ်လေရော့သလား
(ထာနာ)ဆိုတာကရောဝပ်ထနာဗဲလစ်ရီဆော့လို မျိုးပေလား
ပြုံးစရာများ-များသထက်များလာပြီနော်…….။
+++သိုးမွှေးစက်ရုံတစ်ခုကအလုပ်ခေါ်တဲ့
ကြော်ငြာကိုဈေးနံရံမှာကပ်ထားတာက
အမွှေးနုတ်ရန်မိန်းကလေး၂၀ဦးနှင့်ယောင်္ကျား
လေး၅ဦးဆက်သွယ်ပါ” တဲ့
ဘယ်သူ့အမွှေးကိုနုတ်ဖို့ဆက်သွယ်ရမှာလဲ
ကြည့်လည်းလုပ်ကြပါအုံးဗျာ………..။ ။

ဆန် တာကလော့စ်(ခေတ္တ-အင်္ဂပူ)

Read More...

27 Feb, 2009 `လျှော့အိပ်ကြည့်လိုက်ပေါ့´

(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)
မန်ယူအသင်းမှ ကစားသမား ရူနီသည် ဇနီးဖြစ်သူ ကောလင်းနှင့် အတူနေသည်မှာ ကြာပြီ
ဖြစ်သော်လည်း ကလေးမရသေး၍ အလွန်စိတ်ပျက်နေသည်။
တစ်ရက်သော် ညအိပ်ရာဝင်ခါနီး၌ ရူနီက ဇနီးဖြစ်သူကောလင်းအား ပြောသည်၊

``ညက ကလေး ကိုအိပ်မက်မက်တယ်သိလား။ အိပ်မက်ထဲမှာ ကိုယ်တို့ကလေး
တွေတစ်ပြုံကြီးနဲ့တဲ့ အရမ်းပျော်ဖို့ကောင်းတယ်ကွ… တကယ်ပဲ… အဲ… စိတ်ပျက်
တာက အဲဒီလိုအပြင်မှာတကယ်မဖြစ်ဘူးဖြစ်နေတယ်ကွ။ အိပ်မက်ထဲကအတိုင်း
ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူးကွာ´´
ထိုအခါ ကောလင်းက ရူနီအားမျက်စောင်းထိုးကြည့်ပြီး
``ရှင့်မလဲဒီလောက်အအိပ်ပုတ်နေတော့ အိပ်မက်တွေမက်မှာပေါ့။ ၀လာမှာပေါ့။
အိပ်မက်တွေအကောင်းအထည်ဖော်ဖို့… ဟုတ်လား ရှင်လျှော့အိပ်ကြည့်လိုက်ပေါ့…။

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ..........။

Read More...

Thursday, February 26, 2009

26 Feb, 09… “အကြမ်းရေဟာ အနွမ်းဖြေစရာပါဗျာနှင့် ဘလော့ရောဂါ…”

(Public Health)
သြော်… ဘာလိုလိုနဲ့ ကညာပျိုတောင် အနှစ် ၂၀-ပြည့်(အဲလေ) ထိုင်း-မြန်မာနယ်စပ်က ဒေါက်တာ စင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေးခန်းတောင် အခုဆိုရင် အနှစ် ၂၀-ပြည့်ပါပေါ့လား။ တို့များတက်ကြွလှုပ်ရှားသူတွေရဲ့ ဒီမိုကရေစီတော်လှန်ရေးဟာလည်း အနှစ် ၂၀-လွန်မြောက်လို့ ၂၁-နှစ်ထဲကို ချင်းနင်းဝင်ရောက်လာပြန်ပါပေါ့လား။ ကိုသန်းလှိုင်၊ ကိုတင်လှိုင် တို့ရဲ့သီချင်းတွေကို

တေးချစ်သူတွေက “အနှစ် ၂၀-တိုင်၊ အချစ်မပြယ်နိုင်သူတို့အတွက်” ရယ်လို့ ရည်ညွှန်းသတဲ့။ သို့ဂလို ဂုရုဆန်၏ အတွေးလိပ်ပြာများသည် အပေါ်ပျံဝဲလိုက်၊ စစ်ခွေးမိစ္ဆာများကို ကလော်ပြန်ဆဲလိုက်ဖြင့် စိတ်နှင့်ကိုယ်တို့မှာ အထာညီညီ ဖြစ်တည်နေကြပေသည်။ အခုလည်းကြည့်…။ နာမည်ရစပြုလာသော မဲဆောက်မြို့ဈေးကြီးအပြင်တန်းမှ “လေထန်ကုန်း ကဖေး” တနေရာတွင် ဂုရုဆန်တစ်ယောက် နိုက်တင်းဂေးလ် ဂျာနယ်တိုက်ထံ အချိန်ဇယားကိုက် စာမူပို့နိုင်ရန် စာရေးလိုက်၊ လ္ဘက်ရည်သောက်လိုက်၊ ရေနွေးကြမ်း ကျိုက်လိုက်လုပ်နေချိန်ဖြစ်ပေချိမ့်…။ မဲဆောက်မြို့မှာ တောတွေလျှောက်သောက်ခြင်းဖြင့် ပျော်ပျော်ပါးပါး(အဲလေ)တောကိုချစ်ခင်ကာ ပျော်ပျော်ရွှင်ရွှင်နေတတ်သော တောပျော် မန်းမျိုးမြင့်သည် လေထန်ကုန်းတွင် လူစုံနေသည့်အခိုက် သူ၏ပါးစပ်သေနတ်ကို တလစပ် ပစ်ခတ်ပါတော့သည်။
(မန်းမျိုးမြင့်) ဒီမှာ ဘော်ဒါတို့။ လူကိုသေချာရှု၊ ရှိုးကြပါ။ လူကိုမလေးစားရင်နေပါ။ စီးလာတဲ့ ဆိုင်ကယ်လ်ကိုတော့ လေးစားကြပါ…။ စတိုင်ထွားတဲ့ဂနိုင်သားလို့ ထင်ရင်မှားမယ်ဗျနော်။
ထိုသို့ သူ၏စကား အစချီလိုက်အပြီးမှာတော့ လေထန်ကုန်းကဖေးဆိုင်မှာ သောက်သုံးသူများနှင့် ဘေးပတ်ဝန်းကျင်မှ သူ၏ကျယ်လောင်အောင်မြင်သောအသံကို ကြားရသူအပေါင်းတို့သည် သူစီးနင်းလာသောဆိုင်ကယ်လ်သည် အသစ်ဖြစ်မှန်းရိပ်မိသိရှိသွားသဖြင့် ၀ိုင်းဝန်းမေတ္တာပို့သကြပါသည်။ (ဘယ်လိုမေတ္တာ ပို့သလဲဆိုတာ ပရိတ်ကြီး ၁၁-သုတ်လာ “မေတ္တာသုတ်” ၌ အပြည်အစုံဖတ်ရှုကြပါကုန်၊၊ မေတ္တာပို့ရုံဖြင့် မကျေနပ်သေးလျှင် မန်းမျိုးမြင့် အတွက် အမျှပါဝေနိုင်ပါသည်)
(ဂုရုဆန်) အာ… အတော်ပဲဗျာ၊ လာပါ၊ ထိုင်ပါ၊ ရေနွေးကြမ်းသောက်ဗျာ…
(မန်းမျိုးမြင့်) ဟာဗျာ… ဂုရုဆန်ကလည်း…။ လ္ဘက်ရည်သောက်ပါ၊ ကော်ဖီသောက်ပါ ပြောမှပေါ့ဗျ။ ဘယ်နဲ့ဗျာ၊ ရေနွေးကြမ်းသောက်တဲ့။ ရှိုးပဲ့လိုက်တာဗျာ…။
(ဂုရုဆန်) ဒီမယ်… မန်းကြီး၊ ရေနွေးကြမ်းသောက်တာ သိပ်အကျိုးများတယ်ဗျ။ ရေနွေးကြမ်းကို နေ့စဉ်ပုံမှန်ပေါ့ဗျာ။ ဒီလိုသောက်သုံးမယ်ဆိုရင် လေဖြတ်ခြင်းဖြစ်ပွားမှု ၂၁-ရာခိုင်နှုန်းလျော့ကျသွားနိုင်တယ်လို့ ဗြိတိသျှ သုတေသီတွေက ပြောထားတယ်ဗျ။ နောက်ပြီး… အခု ခင်ဗျားကို တိုက်တဲ့ရေနွေးကြမ်းကလည်း လ္ဘက်ခြောက်က ဂယ်ရွှတ်မယ့် ဂွတ်ရှယ်နော်ကိုယ့်လူ၊ ရွှေလီခြောက်နဲ့ ပင်လောင်းခြောက်ကို ရောသမမွှေထားတာဗျို့၊ မြည်းပြီးမှ အိမ်မှာ ခေါ်ထားတဲ့ ခယ်မလေး မေ့သွားဦးမယ်၊ ငှဲ ငှဲ ငှဲ…။
(မန်းမျိုးမြင့်) ဟဲဟဲ… အားနာပါးနာနဲ့ တခွက်တလေမြည်းစမ်းရမှာပေါ့ဗျာ၊ အားပါး… တယ်ကောင်းပါလားဗျ။ အမှန်က ဒီလိုဆိုတယ်ဗျ။ ရေနွေးကြမ်းမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်နဲ့ အခြားဓါတ်ပေါင်းတွေဟာ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပွားနိုင်တဲ့ ရောဂါအများအပြားကို ကာကွယ်ပေးနိုင်စွမ်းရှိသတဲ့ဗျ။ ဒီတွေ့ရှိချက်ဟာ ရေနွေးကြမ်းပုံမှန်သောက်သုံးသူ လူ ၄၀၀၀-ယောက်ကို သုတေသနပြုချက်အရ လေဖြတ်ရောဂါ ဖြစ်ပွားကြတာ မရှိဘူးလို့ ရည်ညွှန်းထားတယ်ဗျ။
(ဂုရုဆန်) ဟုတ်တာပေါ့ မန်းကြီးရာ။ ရေနွေးကြမ်းဟာ အကြမ်းရေနဲ့ အနွမ်းပြေစေတာနဲ့တင် ဘယ်ကပါ့မလဲ(ရေနွေးကြမ်းဟာ ခန္ဓာကိုယ်နဲ့ သွေးတွေအတွင်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်သလို ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အညစ်အကြေးတွေကိုလည်း (ချွေး)တွေအဖြစ် ပြောင်းလဲသန့်စင်ပေးနိုင်သတဲ့ဗျ။
(မန်းမျိုးမြင့်) ဒါကြောင့်ထင်ပါရဲ့။ ရန်ကုန်မြို့ စီးပွားရေး တက္ကသိုလ်ထဲက ကိုအောင်ရင် ကဖေးဆိုတာ လွန်ခဲ့တဲ့ အနှစ် ၃၀-လောက်က နာမည်ကြီးပေါ့ဗျာ။ တက္ကသိုလ်မဂ္ဂဇင်းတွေထဲမှာ ကြော်ငြာရင်- “လ္ဘက်ရည်အဖန် သောက်ရင်ဖြင့် ကျက်သရေ အမှန်ရောက်ပေလိမ့် ကိုအောင်ရင် လ္ဘက်ရည်ဆိုင်ကို ကြွခဲ့ပါ” တဲ့ဗျ။
အမှန်တော့ ဆရာဇော်ဂျီတို့ စာချိုးကလေးကို စံနမူယူပြီး ကြော်ငြာတာပေါ့ဗျာ။ အဲဒီလ္ဘက်ရည်အဖန်ဆိုတာ ကျနော်တို့ သောက်နေတဲ့ တီး(Tea) လ္ဘက်ရည်မဟုတ်ဘူးဗျ။ ရေနွေးကြမ်းအဖန်ရေကို ဆိုလိုတာ။ အညာဒေသမှာဆိုရင် “လ္ဘက်ရည်သောက်ကြွပါ” ဘာညာဆိုတာ အဖန်ရေ၊ အကြမ်းရေသောကဖို့ ဖိတ်ခေါ်တာ မဟုတ်လားဗျ။ ဒီတော့ကာ…ကျတ်သရေ အမှန်ရောက်ဖို့တင်မကပဲ လေမဖြတ်ရလေအောင်၊ ချွေးထွက်လည်းကောင်းအောင် အကြမ်းရေ သောက်ကိုသောက်မှ ဖြစ်တော့မှာပဲဗျို့။ ကဲ… စားပွဲထိုးလုလင်ရေ၊ ဟောဒီက ယမကာလုလင်တွေကို (အဲလေ) လ္ဘက်ရည်သောက်ပရိသတ်ကို အဖန်ရေ၊ အကြမ်းရေတွေ တစ်ခါတစ်ခါချတာမဟုတ်ပဲ၊ အခါခါချပေးပါအုံးကွာ…။
(ဂုရုဆန်) အနွမ်းဖြေစရာမို့ အကြမ်းရေသာ၊ ဆက်ကာ ဆက်ကာ ချပေးစမ်းပါကွာ။
ထိုသို့ဤသို့ နှစ်ယောက်သား ခရားရေလွှတ်တတွတ်တွတ်လုပ်နေကြချိန်တွင် လေထန်ကုန်းဆီသို့ ဒေါက်တာသီဟမောင်နှင့် ဆရာဂါမဏီတည်းဟူသော မန်ယူအသင်းသားနှစ်ဦး(အဲလေ) နိုက်တင်ဂေးလ်ဂျာနယ် အယ်ဒီတာနှစ်ဦး ပေါက်ချလာတာတွေ့ရ၏။
(သီ+ ဂါ) အံမယ်… ခင်ဗျားတို့နှစ်ယောက်က ဒီမှာလာပြီးဘလော့ဂ်ဂါတွေ လုပ်နေကြတာကိုး။
(မန်းမျိုးမြင့်) အာ… ဆရာတို့ကလည်းဗျာ။ တော်ကီပစ်နေတာကို ဘလော့ဂ်ဂါလုပ်နေတယ်ဆိုတော့ မဟုတ်သေးပါဘူး။ ဆရာတို့အတွေးတွေ ဗိုင်းရပ်စ်များ ၀င်နေကြသလားဗျ၊
(ဒေါက်တာသီ) အတွေးမှာ ဗိုင်းရပ်စ်မ၀င်ပါဘူးဗျာ။ အခုဟာက ကျုပ်တို့လူတွေ၊ ရဲဘော်တွေ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ်ပြောသမျှ၊ လုပ်သမျှဟာ ဘလော့ဂ်အထာနဲ့ ဘလော့ဂ်သညာတွေ ဆန်နေကြတာမို့လို့ ဘလော့ဂ်ဂါတွေလုပ်နေတာလားလို့ တင်စားရည်ညွှန်းလိုက်တာပါ။ သြော်… ဒါနဲ့၊ ဒေါက်တာလွဏ်းဆွေကောမလာသေးဘူးလားဗျ။
(ဆရာဂါ) ဆရာသီဟကလည်း ဒီအချိန်မှာ သူဘယ်လာဦးမှာလဲ။ သူက ဘလော့ဂ်ထဲကမထွက်နိုင်တဲ့ ဘလော့ဂ်ဂါအစစ်ကြီးလေဗျာ။ သူ့မှာ ခရီးသွားဖို့ မဆိုထားနဲ့၊ လ္ဘက်ရည်သောက်ဖို့၊ ထမင်းစားဖို့တောင်အချိန်ဆင်းရဲရှာသဗျ။
(ဂုရုဆန်) ဒါနဲ့ ဆရာသီဟက ချင်းမိုင်မြို့မှာ ကျင်းပတဲ့ ၆-ကြိမ်မြောက် မြန်မာသတင်းမီဒီယာ ညီလာခံမှာ (ဘလော့ဂ်ရောဂါကို ကုထုံးရှိရင်ပေးကြပါ)လို့ တောင်းဆိုခဲ့သေးတယ်နော်။ ဆရာ့မှာကော ကုထုံးနဲ့နီးစပ်တာလေး ဘာလေးတကယ်မရှိတော့ဘူးလားဆရာ။
(ဒေါက်တာသီ) ဘယ်ကလာရှိရမှာလဲဗျ။ ဖေဖော်ဝါရီလ ၂၃-ရက်နေ့ မြန်မာ့သတင်းမီဒီယာ ညီလာခံနောက်ဆုံးနေ့မှာ တက်ရောက်လာသူအားလုံးကို ကျနော်က အတိအလင်းပန်ကြားတာ ခင်ဗျားတို့လည်း ကြားတာပဲလေ။ ဒေါက်တာလွဏ်းဆွေတို့လို ဘလော့ဂ်(Blog)ကို စွဲငြိနေသူတွေဟာ ဘလော့ဂ်ရောဂါကျိန်သေရှိနေပြီလို့ ကျနော်က ယူဆမိတယ်ဗျ။ ဒီဘလော့ဂ်ရောဂါကို သေချာဝေဖန်ဆန်းစစ်ကြည့်ရင်လည်း စာပေအနူပညာနဲ့ ပတ်သက်တဲ့ ခင်ဗျားတို့ ကျနော်တို့မှာရှိတဲ့ (ရွပိုး)ပေါ့နော်။ အဲဒီရွပိုးထိုးလို့ မရေးရမနေနိုင်၊ ဘလော့ဂ်ကိုမထိရ၊ မကြည့်ရမနေနိုင်တွေဖြစ်ကြပြီး ဘလော့ဂ်ရောဂါတွေ စွဲကပ်လာကြတယ်ထင်ပါရဲ့ဗျာ။
(မန်းမျိုးမြင့်) အံမယ်… အံမယ်၊ ဆရာတို့က ဒေါက်တာလွဏ်းဆွေကိုချည်း ပစ်မှတ်အဖြစ်နဲ့ မချစ်ကြနဲ့ဦး၊ မဟစ်ကြနဲ့ဦး လေဗျာ။ ဆရာတို့ကကော ဘာထူးလို့လဲ။ ဒေါက်တာလွဏ်းလောက်သာ ဘလော့ဂ်တွေမရေးကြ၊ မဖတ်ကြပေမယ့် ပြီးခဲ့တဲ့ ချင်းမိုင် သတင်းမီဒီယာ ညီလာခံ ကျင်းပနေကြချိန်မှာတောင် လက်ပ်တော့ကိုယ်စီနဲ့ ဘလော့ဂ်တွေချည်းလိုက်ကြည့်နေတာကို “မြင်တယ်xxx ဒို့သိတယ်xxx ဒို့မြင်တယ်နော့xxx”။ ငှဲ ငှဲ ငှဲ….။
(ဆရာဂါ) ထားပါဗျာ၊ ထားပါ။ ဘလော့ဂ်ဟာ ကွန်ပျူတာသုံးစွဲသူတွေကို စွဲငြိစေတယ်။ ခင်မင်တွယ်တာစေတယ်။ ဘလော့ဂ်နဲ့ မထိရ၊ မကြည့်ရရင် မနေနိုင်အောင် ဘလော့ဂ်ရောဂါရစေတယ်။ ဘလော့ဂ်ရောဂါထစေတယ်…စသဖြင့်ပေါ့ဗျာ။ အခု မန်းကြီးနဲ့ ဂုရုဆန်တို့ နှစ်ယောက်သား အကြမ်းရေစွဲငြိနေသလိုပေါ့နော်။ အကြမ်းရေဟာ အနွမ်းတွေပြေစရာ၊ ဖြေစရာ၊ ကြေစရာတွေအများကြီးရှိတဲ့ ကောင်းကွက်တွေလည်း ရှိတယ်ဗျ။
(ဒေါက်တာသီ) ဟုတ်ပါတယ်… ဟုတ်ပါတယ်။ ဘလော့ဂ်ရဲ့ကောင်းကွက်တွေကိုလည်း ကျနော်မငြင်းလို၊ မပယ်လိုပါဘူး။ ကျနော် ဆိုလိုတာက ဘလော့ဂ်ကို အခုကျနော်တို့ အကုန်လုံးစွဲငြိတာထက်ကို ဒေါက်တာလွဏ်းဆွေက ခရေဇီပိုမိုဖြစ်တာ၊ ဆိုရရင်ဗျာ ကျနော်တို့က ဘလော့ဂ်စွဲငြိခြင်းရောဂါအရ ဘလော့ဂ်အိပ်ခ်ျအိုင်ဗွီတွေ ဆိုကြရင် ဒေါက်တာလွဏ်းဆွေက ဘလော့ဂ်အေအိုင်ဒီအက်စ်အဆင့် လောက်အထိ ခရေဇီဖြစ်နေတာကို ပြောတာပါ။ ကျနော်တို့က ဘလော့ဂ်ရောဂါထစ(၀ါ) ဘလော့ဂ်ပိုးနဲ့ နေထိုင်ရပ်တည်နေကြသူတွေလို့ ရည်ညွှန်းမယ်ဆိုရင် ဒေါက်တာလွဏ်းက ဘလော့ဂ်ရောဂါသည်(၀ါ) ဘလော့ဂ်ဝေဒနာလူ ဖြစ်နေပြီပေါ့ဗျာ။ (“ဝေဒနာလူxxx အတွေးလေမှာနှင်xxx မသေခင်တုန်းxxx စွဲလန်းသွားပါရစေxxx လောကကြီးရယ်xxx ဝေဒနာကမ္ဘာကြီးအလယ်xxx ငြိမ်းချမ်းမယ့်နေရာxxx မမောတမ်းသွားမယ်xxx” ဟူသော ဘေးပတ်ဝန်းကျင်ဆီက နောက်ခံသီချင်းသံ သဲ့သဲ့ငြိမ့်ငြိမ့်လေး ပျံ့လွှင့်လာတာကြားရပါ၏။)
(ဂုရုဆန်) ဆရာ အချဉ်ပြ ကျွေးမွေး(အဲလေ)တင်ပြဆွေးနွေးသွားတာ သိပ်ကောင်းပါတယ်။ အကြမ်းရေခါးခါးလေးလည်း ပြောရင်း၊ ဆိုရင်းမြည်းကြပါဦးဗျာ။ ကျနော် အမြင်ကို ကဗျာဖွဲ့နွဲ့ရရင်…
“ဘလော့ဂ် ရောဂါ
စွဲငြိတာကား
ကုရာနတ္ထိ၊ ဆေးမရှိဘူး” လို့ တင်ပြချင်ပါတယ် ဆရာတို့။
(ဒေါက်တာသီ) မှန်ပေသပေါ့ဗျာ။ ဘလော့ဂ်ရောဂါ မှာလဲ အေအိုင်ဒီအက်စ်ရောဂါလိုပဲ ကုရာနတ္ထိ ဆေးမရှိပါဘူး။ ကျနော်အဆံးအစွန်အထိ အတိဿယ အလင်္ကာနဲ့ ဥပမာပေးရရင် အေအိုင်ဒီအက်စ် ရောဂါသာလျှင်- ကုထုံးဆေးဟာတွေ့ချင်တွေ့ပါလိမ့်မယ်။ ဟောဒီ ဘလော့ဂ်ရောဂါကဖြင့် ဘယ်လို၊ ဘယ်အချိန်၊ ဘယ်အခါမှာမှ ကုထုံးမရှိတဲ့ (သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး) ဘ၀ရပ်တည်မှုကြီး ဖြစ်တာပေါ့ဗျာ။
(မန်းမျိုးမြင့်) “သေရင်သေxxx သေရင်မသာကြီးပါကွယ်xxx ရှင်ရင်လေxxx သရဲကိုတော့ မောင်မကြည့်ရဲတယ်xxx အဝေးစစ်မြေစခန်းxxx အခြောက်ကြီးနဲ့xxx လှမ်းလာခဲ့ရင်xxx”
(ဆရာဂါ) မန်းကြီးကတော့ ဆိုင်ကယ်လ်အသစ်နဲ့ မောင်ဘချစ်ဆိုတော့လည်း ပျော်နေမှာပေါ့ဗျာ။ ကိုင်း-ကိုင်း၊ ရောင်းရင်းတို့၊ ဘော်ဒါတို့ရေ၊ အကြမ်းရေကိုလည်း ဆက်သောက်၊ ဘလော့ဂ်တွေကိုလည်း ဆက်တည်ဆောက်ရင်း သာမှဝါးပျော်သော် (အဲဗျာ၊ ယောင်လို့) သာယာဝပြောသော လောကသစ်ကြီး(၀ါ) ဘယ်မှာရှိမှန်း သေချာမသိလို့ ဝေရာမဏိသိက္ခာပဒံ သမာဓိရာမိလို့ ဆိုနေရတဲ့ ၀န်းကျင်သစ်ကြီးဆီကို ကိုယုံကြည်ရာအတိုင်း ရိုးရိုးသားသား ဆက်မိုက်ကြတာပေါ့ဗျာ။
(အားလုံးတပြိုင်နက်) “ဘလော့ဂ်ရောဂါ
စွဲငြိတာကား
ကုရာနတ္ထိ၊ ဆေးမရှိဘူး” ဟား… ဟား… ဟား…။
အဲသည်နောက် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှ ထုတ်ဝေသော နိုက်တင်ဂေးလ်ဂျာနယ် ၀ိုင်းတော်သားများဖြစ်ကြသည့် အဆိုပါ ဘလော့ဂါတစ်သိုက်သည် ဒေါက်တာ စင်သီယာမောင်နှင့် ဒေါက်တာလွဏ်းဆွေတို့ အချိန်ပိုင်း အခြေစိုက်ရာ နိုက်တင်ဂေးလ်ဂျာနယ်တိုက်ရှိရာသို့ ထန်းရည်တိုက်ရန်(အဲလေ) အကြမ်းရေတိုက်ရန် ချီတက်သွားကြကုန်သတည်း။

ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)

မှတ်ချက်။ ။ မကြာမှီ ထုတ်ဝေဖြန့်ချီမည့် နိုက်တင်ဂေးလ်ဂျာနယ်တွင်လည်း ဤဆောင်းပါးကို ဖော်ပြမည်ဖြစ်ပါသည်။

Read More...

26Feb,09......မဲဆောက်နှင့်ပတ်ဝန်းကျင်မြို့ ရွာများမှအဖမ်းအဆီးသတင်း.....

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်အတွင်းရှိမြို့ နယ်များဖြစ်ကြသောမဲဆောက်၊ဖုတ်ဖရာ့၊
မယ်ရမတ်မြို့ နယ်ဧရိယာအတွင်းရှိမြို့ ရွာများတွင်လက်မှတ်မဲ့မြန်မာအလုပ်သမားများ
ကိုယမန် နေ့ နှင့်ယနေ့ တွင်အထူးစီမံချက်ဖြင့်ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ရာအ

နည်းဆုံးမြန်မာအလုပ်သမား(၁၀၀၀)ယောက်ခန့် အဖမ်းခံကြရကြောင်းသက်ဆိုင်ရာ
မြန်မာအလုပ်သမားများကမြန်မာပြည်သားသို့ ပြောပြသည်။ယမန်နေ့ ကဖုတ်ဖရာ့မြို့ 
နယ်ပါဝိုင်ကျေးရွာ၊ပခါးမိုင်ကျေးရွာ၊စအိုတိုက်နယ်အတွင်းရှိကျေးရွာအချို့ တွင်လက်
မှတ်မဲ့မြန်မာပြည်သား၂၀၀ခန့် အဖမ်းခံကြရကြောင်း၊ထောင်ကားများဖြင့်လာရောက်
ဖမ်းဆီးခြင်းဖြစ်ကြောင်းသက်ဆိုင်ရာဒေသခံမြန်မာအလုပ်သမားအချို့ ကမြန်မာပြည်
သားသို့ ပြောပြသည်။တဆက်တည်းမှာပင်ယမန်နေ့ ကမဲဆောက်မြို့ တောင်ဘက်
ဘန့် မိုင်ကျေးရွာတွင်လူ၃၀ခန့် ၊နောင်တဲကျေးရွာတွင်လူ၁၀ယောက်ခန့် အဖမ်းခံကြ
ရကြောင်းဒေသခံစည်းရုံးရေးမှူးစောရဲသွေးကမြန်မာပြည်သားသို့ ပြောပြသည်။
ယနေ့ တွင်မူနံနက်စောစော053း0AM ခန့် မှစ၍မဲဆောက်မြို့ ရှိကုလားတန်းခေါ်အရှေ့ 
ဘင်္ဂလားဝါလီရပ်၊အနောက်ဘင်္ဂလားဝါလီရပ်၊မိုဟာဂျီရင်ရပ်၊ဘွန်ခွန်းရပ်၊ဘန့် ထုံးရပ်၊
ချွန်ချန်ဘန်ချာလရပ်၊ဘန့် ထုံထောင်းရပ်၊ မဲဆောက်ဈေးနှင့် ကျေးရွာအချို့ စသည်
တို့ တွင်ထောင်ကား(ခေါ်)အချုပ်ကား
ကြီးများဖြင့်လည်းကောင်း၊အမိုးဖွင့်ဟိုင်းလက်ကားအချို့ ဖြင့်လည်းကောင်း၊လက်မှတ်မဲ့
မြန်မာအလုပ်သမား၆၀၀ခန့် အားလာရောက်ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။
အလားတူမဲဆောက်မြို့ မြောက်ဘက်ရှိမယ်ရမတ်မြို့ နယ်မယ်ကျလောင်းတိုက်နယ်၊
မဲ့ယိုင်ကျေးရွာ၊မယ်ကုစန္ဒကျေးရွာတို့ ဘက်တွင်လည်းခန့် မှန်းခြေအားဖြင့်မြန်မာအလုပ်
သမား၁၀၀ခန့် အဖမ်းခံကြရကြောင်း၊လာေ၇ာက်ဖမ်းဆီးသူအချို့ မှထိုင်းဘာသာဖြင့်ကွာ
အလန်(ရှင်းလင်းရေး)ဟုထုတ်ဖော်ပြောဆိုသည်ကိုမိမိတို့ ကြားခဲ့ရကြောင်းဒေသခံမြန်မာ
အလုပ်သမားတို့ ကမြန်မာပြည်သားသို့ ပြောဆိုသည်။

သတင်း..........မြန်မာပြည်သား

Read More...

Wednesday, February 25, 2009

25Feb,09.....မထူးဆန်းတော့ဘူး

xxxတို့ပြည်မြန်မာ မီးမလာ

ထူးဆန်းမှုတခု မဟုတ်ပါ။

မီးမလာတော့ မီးစက်နိုး

နားအူရောဂါ ဖြစ်တာရိုး။

မီးခိုးတလူလူ လျှံလို့ထွက်

လောင်ပြန်ပြီဟ ဟိုရပ်ကွက်။

မီးပျက်လို့တဲ့ မီးမလာ

အထူးအဆန်း မဟုတ်ပါ။

မီးမလာတော့ မီးလောင်လည်း

အထူးအဆန်းမှ မဟုတ်ပဲ။

အဲဒါ တို့ရဲ့ မြန်မာပြည်ပါပဲ။ .....။

ပေးပို့ သူ........... ခွန်မိုးဈာန်အောင် (ချင်းမိုင်)



Read More...

25Feb,09....သူနှင့်သူ့အကြောင်း

xxxသူ...လမ်းမယူဘူး
လမ်းပြင်ရမှာကြောက်လို့ 
လမ်းဖောက်ရမှာကြောက်လို့ 
လမ်းရဲ့ ကုန်ကျစရိတ်တွေဖျောက်ပစ်၇မှာကြောက်လို့ ............။

+++သူ ...... အငြင်းသန်တယ်
သူများဆီက လှီး ၊ ဖြတ် ၊ ရိတ်ဖို့  ငြင်းတယ်
သူများဆီက စကားတွေ အပို့ အယူလုပ်ဖို့ ငြင်းတယ်
(အထူးသဖြင့် )လူထုဆီက ကလိမ်ကကျစ်နည်းနဲ့  ရယူဖို့ ကို
သူဟာအကြောက်အကန်
ုငြင်းဆန်တယ်၊ အငြင်းသန်တယ်......။
xxxမြန်မာပြည်မှာတော့
သူဟာ......အောက်ကနေတယ်
ပဲခူးတိုင်းသားဖြစ်လို့ 
မြေညီထပ်စစ်စစ်မြေကြီးပေါ်မှာတဲဆောက်လို့ 
အထက်ကလူတွေများနေလို့ 
အထက်ကလေတွေသွားနေလို့ ..........။
xxxxအခုတော့သူဟာ
ဘန်ကောက်မှာနေထိုင်ပြီး
ကြီး၊လတ် ၊ငယ် လူတွေအကြား
အသွင်အပြင်နဲ့ အဆင်အယင်တွေတထပ်ကြီးနဲ့ 
ဆံပင်ညှပ်သမားလုပ်နေသတတ်........။ ..........။

ပေးပို့ သူ......လူဇော်(ဘန်ကောက်)ရွှေ့ပြောင်းအလုပ်သမားတဦး


Read More...

25Feb,09…..ဆန်တာကလော့စ်ဟာအန်ဒါဒေါ့ဂ်တွေဘက်က…….

Xxxဆန်တာကလော့စ် ဆိုတာ
အန်ဒါဒေါ့ဂ်တွေအတွက်
ဘက်တော်သားစင်စစ်
ဧကန်ဖြစ်သဗျ…..။

+++ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ
အုပ်ချူပ်သူနဲ့  အုပ်ချုပ်ခံ
အမှန်တရားဟာ ဘယ်ဘက်ကရှိရှိ
အဖိနှိပ်ခံတွေ ၊ အန်ဒါဒေါ့ဂ်တွေဘက်က
ဆန်တာကလော့စ် ရှိတယ်…..
ဆန်တာကလော့စ် ရပ်တယ်…..
ှိအဖိနှိပ်ခံဘက်က လိုက်တာဟာအမှန်တရားပဲမဟုတ်လား..။
Xxxစမူဆာမကြိုက်ဘူး
ဘက်သုံးဘက် ချွန်ရမှာစိုးလို့ ……..။
+++နှစ်ဖက်သွားဓားမကိုင်ဘူး
ဘက်နှစ်ဘက်ချွန်ရမှာစိုးလို့ …….။
Xxxလမ်းမယူဘူး
လမ်းကြိတ်စက်လို သွားနေတယ်……….။
+++မပြောင်းမလဲနဲ့ 
တကြောင်းထဲပဲလျှောက်တယ်………
တကယ်လို့ ………အဲဒီလမ်းဟာ
သေမယ့်လမ်း ဆိုရင်လည်း
ငရဲအထိသွားကြည့်ချင်တယ်………..။

ဆန်တာကလော့စ်(ခေတ္တ- အင်္ဂပု) စကာင်္ပူအနီး မိုင်၁၀၀၀အကွာ

မှတ်ချက်။ ။ ဆရာလူထုစိန်ဝင်း၏ပြောနေကျစကားအတိုင်းအန်ဒါဒေါ့ဂ
်(အခြေခံလူတန်းစား)ကိုလေးစားစွာ မှီငြမ်းသုံးနှုန်းထားပါသည်။


Read More...

Tuesday, February 24, 2009

24Feb,09....နိုင်ငံတကာမိခင်ဘာသာစကားနေ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာကျင်းပ...


နိုင်ငံတိုင်းတွင်သူတို့ ယုံကြည်အားထားရာမိခင်ဘာသာစကားကိုယ်စီရှိကြပါသည်။
ယနေ့ ကမ္ဘာကြီးတွင်နိုင်ငံပေါင်း(၂၀၈)နိုင်ငံရှိသည်ဟုသိရပါသည်။

ဤဓာတ်ပုံများသည်ဖေဖော်ဝါရီလ၂၁ရက်နေ့ ကဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်ကျင်းပခဲ့သော
(နိုင်ငံတကာမိခင်ဘာသာစကားနေ့ )ဓာတ်ပုံများဖြစ်ပြီးကိုနိုင်နိုင်(စစ်တွေ)မှအမှတ်တ
ရပေးပို့ လာခြင်းဖြစ်ပါသည်။

ပေးပို့ သူ.........နိုင်နိုင်(စစ်တွေ)

Read More...

24Feb,09….(အပြောင်းအလဲဆိုတာ ဒါပဲလား ဟေ့)

Xxx နွေသည်ပူ၏
ဆောင်းသည်ချမ်း၏
မိုးသည်အေး၏
ဒါတွေကို ကလေးဘ၀ကပင်သိခဲ့………….။

+++ယနေ့  အခါမှာတော့
နွေ ထဲ မိုးရွာ
မိုး ထဲ နွေဝင်
ဆောင်းတွင် မိုးသည်း
ပလောင်းပလဲ နှင့်
ဒါသည်ပဲ အပြောင်းအလဲလေလားကွယ်……..။……….။

ပေးပို့ သူ………..လှိုင်ဘွား(ဘန်ကောက်)
ရွှေ့ ပြောင်းအလုပ်သမားတဦး…။

Read More...

Monday, February 23, 2009

23Feb,09.....ချင်းမိုင်မြို့ မှ၆ကြိမ်မြောက်မြန်မာသတင်းမီဒီယာညီလာခံ...


ထိုင်းနိုင်ငံ-ချင်းမိုင်မြို့ တွင်ဖေဖော်ဝါရီလ(21,22,23)ရက်များ၌ကျင်းပပြုလုပ်နေသော

မြန်မာ့သတင်းသမဂ္ဂ(BMA)မှကြီးမှူးသည့်မြန်မာသတင်းမီဒီယာညီလာခံ၏မြင်ကွင်းကို
ဓာတ်ပုံသတင်းအနေဖြင့်တင်ဆက်လိုက်ပါသည်။

ဓာတ်ပုံသတင်း(မြန်မာပြည်သား)

Read More...

23Feb,09…..အကြံတွေ ၊ အတွေးတွေ…..

Xxx ``တရေးနိုးသော်
အကြံပေါ်
ပေါ်သည့်အကြံ
ပြန်အိပ်ရန်´´တဲ့

ကောင်းလှရဲ့  ဒီအကြံ
လူကြံလျှင် ထရံပင်
အိပ်သာတွင်
တုတ်ခနောင်း ဖြစ်ရ
ကက …..မျောက်ရှုံးအောင်ပင်က………။
+++ သူ ဥာဏ်သွားချက်က
ကြံဖျားမှာ
ယင်နားတာကိုတောင်
နောက်ထပ်ခြင် ကျား မ၀င်လာရအောင်
သူက စွမ်းဆောင်နိုင်ခဲ့ ……..။
Xxx ဒါပေမယ့်လေ
အုန်းရေတွေ အုန်းသီးထဲ ဘယ်လိုဝင်လာရတာလဲ
ငါခေါင်းကဆံပင် ဟာ အခြားအကြို့ အကြားမှာရှိခဲ့ရင်
ငါ့အမြင် ငါ့အတွေးအတိုင်း (ဒါကိုဆံပင်လို့ပဲခေါ်ရမလား)
အတွေးတွေေ၀၀ါးရင်း
အကြွေးတွေ အသေစားရင်း
ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်နေပါတော့တယ်…..။…..။

ပေးပို့ သူ……..လှိုင်ဘွား(ဘန်ကောက်)
ရွှေ့ ပြောင်းအလုပ်သမားတဦး

Read More...

23Feb,09.....(ထောင်လွှားသူသို့)

မာနမဏ္ဍိုင် မိုးသို့တိုင်လည်း
လေလည်ပါက အနံ့ရ၏
မာနတံခွန် မိုးသို့ချွန်လည်း
မစင်စွန့်က ဖင်ချွတ်ရ၏
မာနမိုးတိမ် ၀တိံထိလည်း
တည်မြဲနတ္ထိ သေရ၏

ခွန်မိုးဈာန်အောင် (ချင်းမိုင်)

Read More...

Sunday, February 22, 2009

22Feb,09....ဟိုအကြောင်း၊ဒီအကြောင်း၊သူ့တို့ အကြောင်း..

xxxအော်စကာဆုညစာစားပွဲအတွက် ကိတ်ဝင်းဆလက်ကြိုတင်ပြင်ဆင်ထား
ကိတ်ဝင်းဆလက်က သူမသည် အော်စကာဆုကို လက်ခံရရှိသည့် အထိမ်းအမှတ်အဖြစ်
် ဧည့်ခံပွဲတစ်ခု ပြုလုပ်ကျင်းပသွားရန်ပင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထုတ်ဖော်
ပြောဆိုခဲ့သည်။ အသက်(၃၃)နှစ်ရှိ မင်းသမီးသည် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင်

ကျင်းပပြုလုပ်မည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု
ရရှိမည်ဟု ထိပ်ဆုံးနေရာမှ ရေပန်းစားနေသူဖြစ်သည်။ သူမသည် ရွှေကမ္ဘာလုံးဆုနှင့်
Baftasဆုများကို လက်ခံရရှိပြီးဖြစ်သလို The Readerဇာတ်ကားဖြင့် အော်စကာဆု ဆွတ်
်ခူးလိမ့်မည်ဟု တစ်ပြေးနေသူလည်းဖြစ်သည်။ သူမသည် အော်စကာ ဆန်ခါတင်စာရင်းတွင်
် ခြောက်ကြိမ်မြောက် ပါဝင်ပြီးနောက် သူမသာ ယခုနှစ် ဆုပေးပွဲ၏ အကောင်းဆုံး အမျိုးသမီး
ဇာတ်ဆောင်ဆုကို ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်း ၀င်းဆလက်ကဆိုသည်။
သူမ၏ ဧည့်ခံပွဲသို့ မိတ်ဆွေအပေါင်းအသင်းများနှင့် မိသားစုများကိုသာ ဖိတ်ကြားသွားရန် ရည်
်ရွယ်ထားကြောင်းလည်း မင်းသမီးက ပြောကြားခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ
ဆမ်မန်းဒက်စ်ကလည်း ၎င်း၏ဇနီးသည် အော်စကာဆုနှင့် ထိုက်တန်ကြောင်း ထောက်ခံပြော
ဆိုခဲ့သည်။ ကိတ်ဝင်းဆလက်က အော်စကာဆုကို လက်ခံရရှိမည့် အခိုက်အတန့်သည် အလွန်ရင်
်ခုန်စရာ ကောင်းလိမ့်မည်ထင်ကြောင်း၊ သူမယခုကဲ့သို့ အောင်မြင်မှုများ ရရှိစေရန် ကူညီခဲ့သည့်
ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်မိကြောင်း သတင်းထောက်များထံ ပြောကြားသွားသည်။
သူမအနေနှင့် အော်စကာဆုကို သေချာပေါက် ရရှိမည်ဟု ယုံကြည်ကြောင်း၊ အလွဲအမှားအချို့
ကြောင့် သူမအနေနှင့် အော်စကာဆု မရခဲ့လျင်လည်း သူမ၏ အရည်အသွေးကို ယုံကြည်သော
အားဖြင့် ဧည့်ခံပွဲကို ကျင်းပမည်သာဖြစ်ကြောင်း ကိတ်ဝင်းဆလက်က ထုတ်ဖော်ပြောဆိုသွားသည်။

(အင်တာနက်သတင်း)



Read More...

22Feb,09...PSB Academy၏ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုအစီအစဉ်

စင်ကာပူနိုင်ငံရှိ PSB Academy မှ မြန်မာကျောင်းသားများအတွက် ပညာသင်ထူးချွန်ဆုများနှင့်
ပညာသင်စရိတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ထူးချွန်ဆုအတွက်
စင်ကာပူဒေါ်လာ နှစ်သောင်းတန်ဆု ၃၀ဆုနှင့် ပညာသင်စရိတ်အတွက် စင်ကာပူဒေါ်လာ

တစ်သောင်းတန်ဆု ၅၀ဆုတို့ကို ပေးအပ်သွားမည် ဖြစ်သည်။ အဆိုပါဆုများမှာ PSB Academyရှိ
စီးပွားရေးဘာသာရပ်(CALIFORNIA STATE UNIVERSITY, LONG BEACH, USA) (CSULB)သင်တန်း
သို့ တက်ရောက်ရန်ဖြစ်ပြီး၊ သုံးနှစ်ခွဲကြာ ဒီဂရီဘွဲ့သင်တန်း၏ ပုံမှန်သင်တန်းကြေးမှာ စင်ကာပူဒေါ်လာ
ခြောက်သောင်းနီးပါးခန့် ကုန်ကျမည်ဖြစ်ကြောင်း ၎င်းကျောင်းနှင့်ချိတ်ဆက်ထားသော ပြည်တွင်း ပညာ
ရေးဝန်ဆောင်မှုတစ်ခုက ဆိုသည်။ မြန်မာကျောင်းသားများ အနေဖြင့် စင်ကာပူဒေါ်လာနှစ်သောင်းတန်
ပညာသင်ထူးချွန်ဆုရရှိပါက ကျောင်းတက်ရန် စင်ကာပူဒေါ်လာလေးသောင်းနီးပါး ကုန်ကျခံနိုင်ရမည်ဖြစ်ပြီး၊ စင်ကာပူဒေါ်လာတစ်သောင်းတန် ပညာသင်စရိတ်ရရှိပါက စင်ကာပူဒေါ်လာ ငါးသောင်းနီးပါး အကုန်အ
ကျခံနိုင်ရမည် ဖြစ်သည်။ အဆိုပါဆုများနှင့် ပတ်သက်သော ပညာရေးဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ
၂၁ ရက်၊ နံနက် ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအထိ၊ နေ့လယ် ၃ နာရီခွဲမှ ၄ နာရီခွဲအထိနှင့် ညနေ ၅ နာရိမှ ၆
နာရီထိ သုံးချိန်ခွဲ၍ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အသေးစိတ်ဟောပြောမည်ဖြစ်သည်။ ပညာသင်ထူးချွန်ဆုစာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းလိုသူများအနေဖြင့် အဆိုပါဆွေးနွေးပွဲအပြီး
စာရင်းပေးသွင်းနိုင်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ သို့မဟုတ် ဘွဲ့ကြို၊ ဘွဲ့ရများဖြစ်ရမည်ဖြစ်
်သည်။ အဆိုပါစာမေးပွဲအား ဖေဖော်ဝါရီလ ၂၂ ရက်၌ ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး
အင်္ဂလိပ်ဘာသာတစ်မျိုးတည်းသာ ဖြေဆိုရမည်ဖြစ်ကာ စာမေးပွဲ ၀င်ရောက်ဖြေဆိုသော်လည်း ရွေးချယ်
်မခံရပါက ပညာသင်စရိတ် စင်ကာပူဒေါ်လာတစ်သောင်းကို လျှောက်ထားရရှိနိုင်ကြောင်း သိရသည်။

Credit: နေလင်းထွန်း (7DayNews, Vol. 7, No. 48)
မှတ်ချက်။ ။ဤသတင်းကို 7Day News မှကူးယူတင်ပြသည်။

Read More...

22Feb,09….…. ရွှင်ပြုံးတခဏ…ဘောလုံးဟာသ

(အရက်ပြန်သောက်ပြီ)
မိန်းမဖြစ်သူကမန်စီးတီးအသင်းမှဘယ်လာမီအားမည်တွန် တောက်တီးနေသည်။
``ရှင့်မလဲညစဉ်ညတိုင်းအရက်သောက်ပြီးပြန်လာတာကျမစိတ်ညစ်လှပြီရှင့်။

ဘေးအိမ်ကရှင့်သူငယ်ချင်းဆိုအရက်ဖြတ်လိုက်ပြီသိလား။ရှင်ကသူ့ လောက်တောင် စိတ်မခိုင်ဘူး´´
ထိုအခါဘယ်လာမီက
``ဘာ….ငါစိတ်မခိုင်ဘူးဟုတ်လား။အေး…..မင်းနဲ့ ငါဘယ်သူစိတ်ခိုင်သလဲကြည့်ရအောင်။
ဒီနေ့ ကစပြီးမင်းနဲ့ ငါတစ်ခန်းစီခွဲအိပ်ကြမယ်´´
၎င်းတို့ နှစ်ဦးယင်းကဲ့သို့ နေထိုင်စဉ်တစ်ပတ်လောက်ကြာပြီးနောက်ညအချိန်တခု၌မိန်းမကဘယ်လာမီ၏အခန်းတခါး
အားလာခေါက်သည်။ထိုအခါဘယ်လာမီက…
``ဘယ်သူလဲကွ´´
``ကျမပါ´´
``ဘာကိစ္စရှိလို့ လဲ´´
``ဟို…ဟို…ရှင့်သူငယ်ချင်းအရက်ပြန်သောက်နေပြီဆိုတာပြောမလို့ ပါ´´


မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ….။


Read More...

Saturday, February 21, 2009

21Feb,09...ဟိုအကြောင်း၊ဒီအကြောင်း၊သူ့ တိုအကြောင်း...

xxxဗြိတိန်နိုင်ငံမှ ၁၃နှစ်သားကလေးအဖေxxx
(၁၃)နှစ်အရွယ်နှင့် ကလေးအဖေ ဖြစ်လာခဲ့သူ အဲလ်ဖီးပက်တန်ကြောင့် ဗြိတိန်နိုင်ငံ၏
ကလေးသူငယ်များအား မိဘများက အုပ်ထိန်းနေသည့် ပုံစံစနစ်ကို မေးခွန်းထုတ်စရာ
ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဲလ်ဖီးသည် အသက်(၁၅)နှစ်အရွယ်ရှိ ၎င်း၏ချစ်သူ
ချန်တယ်လာစတိဒ်မန်းနှင့် သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပြီဖြစ်သည်။ အဲလ်ဖီးက ၎င်း

တို့နှစ်ဦးသည် ချန်တယ်လာတွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ချိန်က ဖျက်ချပစ်ရန် ကြံ
စည်ခဲ့သေးကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း ၎င်းတွင်မုန့်ဖိုးငွေ အလုံအလောက် မရှိ
သောကြောင့် ထိုကိစ္စ အထမမြောက်ခဲ့ကြောင်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အဲလ်ဖီး၏
ဖခင်သည် ၎င်းအား တခါတရံမှသာ (၁၀)ပေါင်ခန့် မုန့်ဖိုးပေးလေ့ရှိသည်။ အဲလ်ဖီးသည်
အရပ်(၄)ပေသာရှိသေးသည့် ပီဘိကလေးငယ်တစ်ဦးဖြစ်ပြီး ၎င်း၏မိခင်သည် ၎င်းတို့၏
ကိုယ်ဝန်အကြောင်းကို သိရှိသွားမည်ကို အလွန်ကြောက်ရွံ့မိခဲ့ကြောင်း ပြန်လည်ပြော
ကြားခဲ့သည်။
ကလေးငယ်ကို မွေးလိုခဲ့သော်လည်း ပတ်ဝန်းကျင်၏ တုန့်ပြန်မှုများကို ကြောက်ရွံ့ခဲ့မိပါ
သည်ဟု အဲလ်ဖီးကဆိုသည်။ အဲလ်ဖီး၏အကြောင်းကို ကြားသိခဲ့ပြီးနောက် ဝေဖန်မှုများစွာ
ထွက်ပေါ်ခဲ့ပြီး ဗြိတိန်ကလေးငယ်များ၏ အနာဂတ်အတွက် စိုးရိမ်မှုမှာ မြင့်တက်လာခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကမူ အဆိုပါဖြစ်ရပ်အတွက် မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့
သည်။ ဖေဖော်ဝါရီလ (၉)ရက်နေ့က မွေးဖွားခဲ့သည့် အဲလ်ဖီး၏ သမီးလေးသည် မွေးဖွားချိန်
်တွင် (၇)ပေါင်၊ (၃)အောင်စမျှ အလေးချိန်ရှိပြီး မေဆီရော့ဆယ်နီဟု အမည်ပေးထားသည်။
မေဆီလေးအား ဆေးရုံတွင် သွားရောက်မွေးဖွားခဲ့ခြင်းဟုလည်း အဲလ်ဖီးက ပြောကြားခဲ့သည်။
အရှေ့ဆက်ဆက်စ်ရှိ အက်စဘော်နီဆေးရုံမှ တာဝန်ရှိသူများက ကလေးငယ်မှာ ကျန်းမာရေး
ကောင်းမွန်နေပါသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အဲလ်ဖီး၏ မိသားစုများ
က အဲလ်ဖီးကို ကျောင်းမှထုတ်ပယ်လိုက်မည်ကို စိုးရိမ်နေကြသည်။ ကလေးမွေးသည့်နေ့က
အဲလ်ဖီးသည် တစ်ညလုံး ဆေးရုံတွင် နေခဲ့ပြီးမှ နောက်တစ်နေ့တွင် ကျောင်းဝတ်စုံကို လဲ
လှယ်ပြီး ကျောင်းသွားတက်ခဲ့သည်။
အဲလ်ဖီးသည် ကလေးအဖေ ဖြစ်လာခဲ့သည့်တိုင် ကွန်ပျူတာဂိမ်းကစားခြင်းကို စွဲလန်းနေသည့်
ကလေးတစ်ဦးမျှသာ ရှိနေသေးကြောင်း အဲလ်ဖီး၏ဖခင် ဒင်းနစ်က ညည်းတွားပြောဆိုခဲ့သည်။
အဲလ်ဖီးကမူ ၎င်းအနေနှင့် ဖခင်ကောင်းတစ်ယောက် ဖြစ်လာချင်ပါကြောင်း ပြောကြားထားသည်။
ရဲတပ်ဖွဲ့က အသက်မပြည့်ဘဲ ကလေးရသည်အထိ ကျူးကျူးလွန်လွန် ဖြစ်ခဲ့သည့်တိုင် အဲလ်ဖီးတို့
စုံတွဲကို အရေးယူမည် မဟုတ်ဟု ကြေငြာထားခဲ့သည်။ ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး ကလေး
အဖေအဖြစ် စံချိန်တင်ထားသူမှာ အသက်(၁၂)နှစ်အရွယ် ရှောင်စတီးဝပ်ဆိုသူဖြစ်ပြီး အသက်(၁၅)
နှစ်ရှိ ချစ်သူမန်းကလေး အီမာဝက်ဘ်စတာနှင့် (၁၉၉၈)ခုနှစ်အတွင်းက ရှန်ဘရွတ်ခ်တွင် ကလေးတစ်ဦး
ရခဲ့သော်လည်း (၆)လအကြာတွင် လမ်းခွဲခဲ့ကြသည်။(အင်တာနက်သတင်း)

Read More...

21Feb,09…..နိုင်ငံတကာထူးခြားသတင်း…….

Xxxအစ္စရေးမှာ နတန်ယာဟု ဒုတိယအကြိမ်ဝန်ကြီးချုပ်ဖြစ်ဖို့ နီးစပ်လာပြီ…
အစ္စရေးနိုင်ငံတွင်လီကွတ်ပါတီခေါင်းဆောင်(ဘက်ဂျမန်နတန်ယာဟု)အားအစ္စရေးသမ္မတ
(ရှီမွန်ပိရက်စ်)ကအစိုးရသစ်ဖွဲ့ စည်းနိုင်ရေးအတွက်ဖေဖော်ဝါရီ၂၀ရက်နေ့ကဖိတ်ခေါ်

လိုက်ကြောင်းသတင်းရရှိသည်။နတန်ယာဟုသည်ခါဒီမာပါတီကဲ့သို့ သောပါတီတချို့ 
ကိုစည်းရုံးပြီးမိမိ၏ညွှန့် ပေါင်းအစိုးရသစ်ကိုခိုင်မာအောင်ဖွဲ့ စည်းသွားရန်ရှိကြောင်း သတင်းထောက်များကိုပြောဆိုသည်။သူသည်၁၉၉၀ပြည့်လွန်နှစ်များက၀န်ကြီးချုပ်တ
ကြိမ်ဖြစ်ခဲ့သေးဖူးရာယခုအခါနှင့်ဆိုပါလျှင်ဒုတိယအကြိမ်မြောက်ဝန်ကြီးချုပ်ဖြစ်လာခြင်း
ဖြစ်သည်။(BBC)

xxx ချယ်လ်ဆီးနည်းပြသစ် ဂူဟစ်ဒင့်ခ်နှင့် အခက်အခဲများ xxx
ချယ်လ်ဆီးအသင်း နည်းပြသစ် ဂူဟစ်ဒင့်ခ်သည် အသင်းအား ကိုင်တွယ်ရာတွင် အခက်
်အခဲများ ရှိလာနိုင်ကြောင်း အင်္ဂလန်ဘောလုံးလောက ကျွမ်းကျင်သူများက ခန့်မှန်းသုံးသပ်
ထားကြသည်။ ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်ဖြစ်သူ ရုရှားဘီလျံနာ ရိုမန်အေဗရာမိုဗစ်ခ်ျသည်
ဟစ်ဒင့်ခ်အား ဘောလုံးသမား ခေါ်ယူမှုများနှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ကာ
ဟစ်ဒင့်ခ်အနေနှင့်ဘောလုံးသမား ၀ယ်ယူမှု မပြုမီ အသင်းမှ မလိုအပ်ဘဲ ပိုလျံနေသော
ကစားသမားများကို ဦးစွာရောင်းချသွားရန် ကြိုတင်ညွှန်ကြားထားပြီး ဖြစ်ကြောင်း သတင်းများ
ထွက်ပေါ်လျက်ရှိသည်။ ချယ်လ်ဆီးအသင်းသည် ယမန်နှစ်အတွင်းက ပေါင်စတာလင် (၆၅)သန်း
အရှုံးပေါ်ခဲ့သောကြောင့် အေဗရာမိုဗစ်ခ်ျက ယခုကဲ့သို့ ငွေကြေးကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း
သိရသည်။ ယခင်အခြေအနေအရ အေဗရာမိုဗစ်ခ်ျအတွက် ထိုမျှလောက်ပမာဏသည် ပြောပ
လောက်ခြင်း မရှိသော်လည်း ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း ငွေကြေးပေါင် ဘီလျံနှင့်ချီပြီး ဆုံးရှုံး
နေသောကြောင့် ယခုကဲ့သို့ ၎င်းပိုင် ချယ်လ်ဆီးအသင်း၏ ငွေကြေးသုံးစွဲမှုကို စီစစ်လာရခြင်းဖြစ်
သည်။ ချယ်လ်ဆီးအမှုဆောင် ပီတာကင်ညွန်ကလည်း အသင်း၏ ငွေကြေးပေါ်လစီကို ပြောင်းလဲ
ပစ်ပြီး ဘောလုံးသမား ၀ယ်ယူပါက ဘောလုံးသမား အရင်ရောင်းရမည်ဖြစ်ကြောင်း အတည်ပြု
ပြောကြားထားသည်။ ချယ်လ်ဆီးအသင်းသည် နည်းပြဟောင်း လူးဝစ်ဖီးလစ် စကိုလာရီကို ထုတ်
ပယ်ခဲ့မှုအတွက် ပေါင်(၇)သန်း လျော်ကြေးပေးရမည့် ကိစ္စလည်း ရှိနေသေးရာ ဘောလုံးသမား
ဝယ်ယူမှုအတွက် အသုံးစရိတ်ကို ပိုမိုခြွေတာရန် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။ ဟစ်ဒင့်ခ်က
လက်ရှိချယ်လ်ဆီးအသင်း ဘောလုံးသမားအင်အား စုဖွဲ့မှုအပေါ် ကျေနပ်အားရကြောင်း ပြောဆိုခဲ့
သည့်တိုင် ကျွမ်းကျင်သူများက ချယ်လ်ဆီးအနေနှင့် နောက်ထပ်ဘောလုံးသမား ဖြည့်တင်းမှုအချို့
ပြုလုပ်ရန် လိုအပ်နေသေးကြောင်း ထောက်ပြဆွေးနွေးထားကြသည်။ ငွေကြေးကြပ်တည်းမှုကြောင့်
ဟစ်ဒင့်ခ်၏ ချန်ပီယံရည်မှန်းချက်များအပေါ် သက်ရောက်မှု ရှိမရှိဆိုသည်မှာမူ အချိန်ကာလကသာ
စကားပြောသွားမည်ဖြစ်ပြီး ဟစ်ဒင့်ခ်အနေနှင့် ချယ်လ်ဆီးအား အောင်မြင်မှုများ ဆောင်ကြဉ်းပေး
နိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေတစ်ခုသာ ဖြစ်ပါတော့သည်။(အင်တာနက်)

+++ မန်ယူကို အမီလိုက်မည်ဟု ချယ်လ်ဆီးနည်းပြသစ်ပြောကြား +++

ချယ်လ်ဆီးနည်းပြသစ် ဂူဟစ်ဒင့်ခ်က လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်၏ (၇)မှတ်အသာဖြင့်
အမှတ်ပေးဇယားကို ဦးဆောင်နေမှုအား ချေဖျက်ပစ်မည်ဟု ကြုံးဝါးလိုက်သည်။ ချယ်လ်ဆီးအသင်း၏
နည်းပြသစ်ဖြစ်လာသော ဒတ်ခ်ျလူမျိုး ဟစ်ဒင့်ခ်သည် ၀တ်ဒ်ဖို့နှင့် FAဖလားပွဲစဉ်တွင် ချယ်လ်ဆီးကို
ပွဲဦးထွက်ကိုင်တွယ်မည်ဖြစ်သည်။ ဟစ်ဒင့်ခ်က ၎င်းသည် အမြဲတမ်း အောင်နိုင်သူတစ်ဦးအဖြစ် နေထိုင်
်နိုင်ခဲ့ကြောင်း၊ ချယ်လ်ဆီးတွင်လည်း ထိုအဖြစ်မျိုးကိုပင် ပိုင်ဆိုင်နိုင်ရန် ကစားသမားများက ကူညီကြ
လိမ့်မည်ဟု မျှော်လင့်ကြောင်း စိတ်ဓာတ်မြင့်တင်ရေးအဖြစ် ပြောကြားခဲ့သည်။ အင်္ဂလန် ဘောလုံးလော
ကသည် ယှဉ်ပြိုင်မှုပြင်းထန်သည့် နေရာတစ်ခုဖြစ်ပြီး ထိုအခြေအနေကို နှစ်သက်မိသည်ဟုလည်း
နည်းပြကြီးက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ချယ်လ်ဆီးအနေနှင့် ဖလား(၃)လုံးစလုံးကို မျှော်လင့်
့်နိုင်ဆဲဖြစ်ကြောင်းလည်း ဟစ်ဒင့်ခ်က ဆိုသည်။ ချယ်လ်ဆီးသည် ၀တ်ဒ်ဖို့နှင့်တွေ့ဆုံပြီးနောက် အက်စ်
တန်ဗီလာနှင့် ပရီးမီးယားလိဂ်တွင်လည်းကောင်း၊ ဂျူဗင်းတပ်စ်နှင့် ချန်ပီယံလိဂ်တွင်လည်းကောင်း
ဆက်လက်တွေ့ဆုံမည်ဖြစ်ရာ ထိုပွဲများတွင် ရလဒ်ကောင်းများ ဖော်ဆောင်နိုင်မည်ဟုလည်း ဟစ်ဒင့်ခ်က
ယုံကြည်လျက်ရှိသည်။ ဟစ်ဒင့်ခ်အနေနှင့် ၎င်းအားအသန်ဆုံး (၄-၃-၃)ကစားကွက်ကိုပင် ချယ်လ်ဆီးတွင် ဆက်လက်အသုံးပြုသွားဖွယ်ရှိပြီး PSVအသင်းအား ကိုင်တွယ်စဉ်က ၎င်း၏လက်အောက်တွင် ကစားခဲ့သည့်
ဘရာဇီးလ် လက်ရွေးစင် နောက်ခံလူ အဲလက်စ်ကဲ့သို့ တပည့်ဟောင်းများ ရှိနေခြင်းကြောင့်လည်း ချယ်လ်
်ဆီးတွင် လျင်မြန်စွာ အထိုင်ကျသွားရန် မျှော်လင့်လျက်ရှိသည်။(အင်တာနက်)

xxx အီရတ်နိုင်ငံအတွင်း သေဆုံးသူ အမေရိကန်တပ်ဖွဲ့ဝင် ၄၂၄၃ ယောက်ရှိပြီ+++
(၀ါရှင်တန်ဖေဖော်ဝါရီ ၁၅)....
အီရတ်စစ်ပွဲဖြစ်ပွားချိန်ဖြစ်သော ၂၀၀၃-ခုနှစ် မတ်လမှ စတင်ကာ ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်
်အထိကာလအတွင်းတွင် အီရတ်၌သေဆုံးသော အမေရိကန်တပ်ဖွဲ့ဝင် ဦးရေမှာ(၄၂၄၃)ယောက်
ရှိပြီဖြစ်သည်။ ယင်းတို့အနက် (၈)ဦးမှာ စစ်ဘက်တာဝန်ထမ်းဆောင်ရင်း သေဆုံးသောအရပ်သားများ
ဖြစ်သည်ဟု ဆိုသည်။ (၃၄၀၆)ဦးထက်မနည်းမှာ တိုက်ပွဲအတွင်း ကျဆုံးသူများဖြစ်သည်ဟု စစ်ဘက်စာ
ရင်းဇယားများက ဖော်ပြသည်။ (အင်တာနက်)

xxx တရုတ်ပြည် တောင်ပိုင်းတွင် စက်ရုံ ၂၄၀၀-ကျော်လုပ်ငန်းရပ်ဆိုင်းxxx
ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးကျဆင်းမှုကြောင့် တရုတ်ပြည် တောင်ပိုင်း ပြည်နယ်ဒေသများတွင် လွန်ခဲ့
သောနှစ်က ကုန်ထုတ်လုပ်ငန်း စက်ရုံ ၂၄၅၂-ခုသည် ကုန်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း(သို့)ပိတ်ခဲ့ရကြောင်း
ဂွမ်ဒေါင်းပြည်နယ် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ (အင်တာနက်)

Xxxချဲလ်ဆီးကလပ်မှာမန်နေဂျာအသစ်ပြောင်းလိုက်ပြီxxx
အင်္ဂလိပ်ပရီးမီးယားလိဂ်ဇယားထိပ်မှာမန်ယူနှင့်လီဗာပူတို့ နောက်မှတတိ ယ နေရာ တွင်ရှိနေသောနာမည်ကြီးဘောလုံးကလပ်အသင်းဖြစ်သည့်ချဲလ်ဆီးသည်ယင်းတို့ ၏ကမ္ဘာကျော်ဘရာဇီးလူမျိုးမန်နေဂျာဖြစ်သူ(စကိုလာရီ)ကိုရလာဒ်ကောင်းရရှိအောင်
မစွမ်းဆောင်နိုင်ခြင်းကြောင့်အလုပ်ဖြုတ်ပစ်လိုက်ပြီဖြစ်ကြောင်းယနေ့ (BBC)နံနက်ခင်း သတင်းတပုဒ်တွင်ဖော်ပြသည်။ချဲလ်ဆီးအသင်း၏ိဆက်လက်ယှဉ်ပြိုင်ရန်ရှိသောပရီး
မီးယားလိဂ်၃လခန့် နှင့်အခြားပြိုင်ပွဲများအတွက်နာမည်ကျော်မန်နေဂျာတဦး ဖြစ်သူ (ဂုဒ်ဟစ်ဒင့်)အားချဲလ်ဆီးအသင်းနှင့်၎င်းလက်ရှိကိုင်တွယ်နေသောရုရှလက်ရွေးစင်
ဘောလုံးအသင်းတို့ အားပူးတွဲကိုင်တွယ်ရန်ခန့် အပ်လိုက်ကြောင်းသတင်းရရှိသည်။
ဂုဒ်ဟစ်ဒင့်သည်ယူရို၂၀၀၈ပြိုင်ပွဲတွင်ရုရှအသင်းကိုဆီမီးဖိုင်နယ်အဆင့်၊၂၀၀၂ခုနှစ်
ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပူးတွဲအိမ်ရှင်ဖြစ်သူတောင်ကိုရီးယားအသင်းကိုဆီမီးဖိုင်နယ်
အဆင့်၊စသည်ဖြင့်ပို့ ဆောင်ပေးခဲ့သူဖြစ်သဖြင့် ၄င်းကို(ဆီမီးဖိုင်နယ်ဟစ်ဒင့်) ဟူ၍ ကမ္ဘာ့ဘောလုံးလောကတွင်ကျော်ကြားနေသူဖြစ်သည်။ကလပ်အသင်းအတွေ့ အကြုံ အနေဖြင့်လည်းနယ်သာလန်နိုင်ငံမှပီအက်စ်ဗွီအင်ဟိုဗန်ကလပ်အသင်းနှင့်အတူဒတ်ခ်ျ
လိဂ်ဖလား၊ယူအီးအက်ဖ်အေဆီမီးဖိုင်နယ်အဆင့်အထိအောင်မြင်မူများရရှိဘူးသည့်အ
ပြင်စပိန်လာလီဂါကလပ်အသင်းကြီးဖြစ်သောရီးရဲမက်ဒရစ်ကလပ်အသင်းတွင်လည်း
တစုံတရာအောင်မြင်အောင်စွမ်းဆောင်ခဲ့ဘူးသူဖြစ်သည်။၎င်းသည်ချဲလ်ဆီးအသင်းပိုင်
ရှင်နှင့်ရုရှလက်ရွေးစင်အသင်းကိုအဓိကငွေကြေးပံ့ပိုးပေးနေသူ(ရုရှသူဌေး-အေဗရာမိုဗစ်)နှင့်လည်းအလွန်ရင်းနှီးသောဆက်ဆံရေးရှိသူဖြစ်ခြင်းကြောင့်ယခုကဲ့သို့  အသင်းနှစ်သင်းအားပူးတွဲနည်းပြခွင့်ရရှိပုံရကြောင်းဘောလုံးအကဲခတ်များကဝေဖန်သုံးသပ်သည်။
(BBC)

xxxသြစတြေးလျနိုင်ငံ၌ တောမီးများ ဆိုးရွားစွာလောင်ကျွမ်း xxx
သြစတေးလျနိုင်ငံတွင် ဖေဖေါ်ဝါရီ(၇)ရက်နေ့၌ စတင်လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် လူပေါင်း
(၁၃၄)ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေမှာ (၂၃၀)အထိ ထပ်မံမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းနေ
ကြသည်။ Kinglakeဒေသတွင် တောမီးကြောင့် အိမ်ခြေပေါင်း(၇၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခု
လောင်ကျွမ်းသည့် တောမီးမှာ သြစတြေးလျနိုင်ငံ သမိုင်းတလျောက် အဆိုးရွားဆုံးဟု ဆိုသည်။
(အင်တာနက်)

xxxဒေးဗစ်ဘက်ဟမ်း အေစီမီလန်သို့အပြီးပြောင်းရန် ဖာဂူဆန်ထောက်ခံပြောကြားxxx
မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ဒေးဗစ်ဘက်ဟမ်းသည် အေစီမီလန်သို့
အပြီးပြောင်းရွှေ့သင့်ကြောင်း ထောက်ခံပြောဆိုလိုက်သည်။ အီတလီ စီးရီးအေထိပ်သီး မီလန်အသင်းနှင့်
စကော့တလန်ကလပ် ရိန်းဂျားစ်တို့ ကစားခဲ့သော ချစ်ကြည်ရေး ခြေစမ်းပွဲအပြီးတွင် အသက်(၃၃)နှစ်ရှိ
အင်္ဂလန်လက်ရွေးစင်က ဥရောပတွင် ဆက်ကစားလိုသည့် ၎င်း၏ဆန္ဒကို ပထမဆုံးအကြိမ် တရားဝင်
ထုတ်ဖော်ပြောဆိုခဲ့သည်။ ဆာဖာဂူဆန်က ဘက်ဟမ်းအနေနှင့် ၎င်းအတွက် အကောင်းဆုံးဖြစ်မည့်
အခြေအနေကို စဉ်းစားတွေးတောခြင်းသာဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ကမ္ဘာ့ထိပ်သီး ကစားသမားတစ်ဦးသည်
အမေရိကန်ကလပ် လော့စ်အိန်ဂျလိစ် ဂလက်စီအသင်းထက် အေစီမီလန်၏ ဆန်ဆီရိုကွင်းကြီးတွင်ကစား
နေရန်သာ ဖြစ်သင့်ကြောင်း BBCသို့ ပြောကြားခဲ့သည်။ ဘက်ဟမ်းသည် မန်ချက်စတာယူနိုက်တက်၏ ငယ်
မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်ပြီး ဆာဖာဂူဆန်၏ တပည့်ရင်းလည်းဖြစ်သည်။ ဘက်ဟမ်း၏ အရည်
အသွေးကို အကောင်းဆုံး နားလည်သည့် နည်းပြတစ်ဦးအနေနှင့် ဘက်ဟမ်း ဥရောပတွင် ဆက်ရှိနေရေးကို
အပြည့်အ၀ ထောက်ခံကြောင်း ဖာဂူဆန်က ပြောကြားသွားသည်။ ဘက်ဟမ်းသည် လော့စ်အိန်ဂျလိစ်မြို့ခံ
အသင်းမှ အေစီမီလန်သို့ ကာလတို အငှားစာချုပ်တစ်ရပ်ဖြင့် လာရောက်ကစားနေခြင်း ဖြစ်ပြီး အေစီမီလန်
တွင် ခြေစွမ်းပြ ဂိုးများသွင်းယူနေသောကြောင့် မီလန်က အပြီးသတ် ခေါ်ယူချင်နေသော်လည်း အဆင်မပြေ
ပါက မတ်လ(၉)ရက်နေ့တွင် အမေရိကန်ကလပ်သို့ ပြန်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(အင်တာနက်)

Xxx၂၀၀၉ခုနှစ်မှာတောင်ကိုရီးယားစီးပွားရေး၎%ကျဆင်းမည်xxx
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြုံတွေ့ နေရချိန်တွင်ပြည်တွင်းဝယ်လို အားနှင့်ပြည်ပ
ပိုကုန်များကျဆင်းလာမှုကြောင့် ၂၀၀၉ခုနှစ်အတွက်တောငကိုရီးယားနိုင်ငံ၏စီးပွားရေ်း်
အခြေအနေမှာ၎%ကျဆင်းမည်ဟုနိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)ကဖေဖော်ဝါရီ
လ၃ရက်နေ့ မှာပြောကြားသည်။သို့ ရာတွင်အာရှတိုက် ၏စတုတ္ထမြောက် စီးပွားရေးအင်အား အတိုးတက်ဆုံးဖြစ်သောတောင်ကိုရီးယားနိုင်ငံသည်၂၀၁၀ပြည့်နှစ်၌စီးပွားရေးအခြေအနေ
တိုးတက်ရန်ခံမှန်းထားကြောင်း(IMF)ကဖော်ပြခဲ့သည်။
(အင်တာနက်သတင်း)

Xxxသြစတြေးလျအပူလှိုင်းကျရောက်၊ ၂၂ ဦးသေဆုံး ၊ အိမ် ၂၀ မီးလောင်…..
(မဲလ်ဘုန်း၊ဖေဖော်ဝါရီ-၁) သြစတြေးလျနိုင်ငံတောင်ပိုင်းဒေသများအပူလှိုင်းကျရောက်မှုကြောင့်အနည်းဆုံး
၂၂ဦးသေဆုံးခဲ့ပြီးအိမ်လုံးရေ၂၀ခန့် တောမီးလောင်ကာ လျှပ်စစ်ဓာတ်အားများပြတ် တောက်သွားကြောင်း၊
ဒီဇင်ဘာလ၃၁ရက်နေ့ မှစ၍အပူချိန့် လျော့ကျစပြုပြီဖြစ်ကြောင်းအင်တာနက် သတင်း၌ ဖော်ပြထားသည်။ နှစ်၁၀၀အတွင်းအဆိုးဆုံးအပူလှိုင်းဖြစ်ပြီးအသက်ကြီးသောပုဂ္ဂိုလ်များသေဆုံးမည်ကိုအာဏပိုင်များကစိုးရိမ်
လျက်ရှိသည်။ဖေဖော်ဝါရီလ-၁ရက်စောစောပိုင်းမှစ၍၄၀ဒီဂရီစဲလ်စီးယပ်စ်(၁၀၄ဒီဂရီဖာရင်ဟိုက်)အောက်သို့ ကျဆင်းပြီးဖြစ်၏။(အင်တာနက်)

xxx(ရီပတ်ဗလီကင်ပါတီဥက္ကဌအဖြစ်လူမည်းတဦးကိုခန့် အပ်လိုက်ပြီ)
အမေရိကန်ပြည်ထောင်စုတွင်အတိုက်အခံရီပတ်ဗလီကင်ပါတီဥက္ကဌအဖြစ်အာဖရိကနွယ်ဖွားလူမည်း
တဦးဖြစ်သူ(မိုက်ကယ်စတီးလ်)အားယမန့်နေ့ ကရွေးချယ်ခန့် အပ်လိုက်ကြောင်းသတင်းရရှိသည်။
ယခုအခါအမေရိကန်ပြည်ထောင်စုတွင်အဓိကနိုင်ငံရေးပြိုင်ဘက်နှစ်ဦးအဖြစ်လူမည်းသမ္မတ-ဘားရက်အိုဘားမားနှင့်လူမည်းဥက္ကဌမိုက်ကယ်စတီးတို့ သည်သမိုင်းတွင်ထူးထုးခြားခြား ရွေးချယ်တင်မြှောက်ခံရသောအာဖရိကနွယ်ဖွားလူမည်းများဖြစ်ကြသည်။ (BBC)

xxx၂၀၀၉ခုနှစ်တွင်ကမ္ဘာတ၀ှမ်း၌အလုပ်လက်မဲ့နှုန်းတိုးလာမည်ဟု(ILO)ခန့် မှန်း…
ကမ္ဘာပေါ်တွင်လက်ရှိဖြစ်ပွားနေသောစီးပွားရေးအကြပ်အတည်းကြောင့်၂၀၀၉ခုနှစ်အတွင်း၌
ကမ္ဘာအ၀န်းမှာအလုပ်အကိုင်ဆုံးရှုံးသွားနိုင်သောလူဦးရေသည်၅၁သန်းအထိရှိလာနိုင်ကြောင်း
နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ ချူပ်(ILO)ကခန့် မှန်းလိုက်သည်။ကမ္ဘာအလုပ်လက်မဲ့နှုန်း အခြေအနေသည်၂၀၀၇ခုနှစ်က၅.၇%ရှိနေရာမှ၂၀၀၈ခုနှစ်တွင် ၆%အထိမြှင့်တက်လာခဲ့ပြီး
၂၀၀၉ ခုနှစ် တွင် ၇.၁%အထိ မြင့်တက်လာစရာရှိကြောင်း(ILO)၏ ကိန်းဂဏန်းများ ကဖော်
ပြသည်။
(အင်တာနက်)

Xxx၆လအတွင်းဖိလစ်ပိုင်အလုပ်သမား၂သိန်း၅သောင်းခန့် အလုပ်အကိုင်ဆုံးရှုံးမည်xxx
ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကာလတွင်လာမည့်၆လအတွင်းဖိလစ်ပိုင်နိုင်ငံမှအလုပ်
သမား၂သိန်း၅သောင်းခန့် အလုပ်အကိုင်ဆုံးရှုံးမည်ဟုဇန်န၀ါရီလ-၂၇ရက်နေ့ ထုတ်ပြည် တွင်းသတင်းများ၌ဖော်ပြသည်။ဖိလစ်ပိုင်နိုင်ငံအလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးဌာန
ကဒီဇင်ဘာလကုန်ကတည်းကအလုပ်သမား၃သောင်းကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း၊
ယင်းကိန်းဂဏန်းအရဆိုပါလျှင်ယခုဇန်န၀ါရီလအကုန်တွင်အလုပ်သမား၃သောင်း၅ထောင်
အထိရောက်ရှိမည်ဖြစ်ကြောင်း၊ယခုနှုန်းအတိုင်းဆက်လက်ဖြစ်ပွားပါကလာမည့်၆လအတွင်း
အလုပ်လက်မဲ့၂သိန်း၅သောင်းအထိရှိလာနိုင်ကြောင်းတာဝန်ရှိသူများကခန့် မှန်းကြသည်။
(အင်တာနက်)

Xxx၁၈နှစ်အတွင်း-အကောင်းဆုံးဘောလုံးအသင်းဆုဘာစီလိုနာကလပ်မှရရှိ….
(လန်ဒန်၊ဇန်န၀ါရီ-၂၄ရက်)
နိုင်ငံတကာဘောလုံးသမိုင်းကြောင်းနှင့်မှတ်တမ်းမှတ်ရာအဖွဲ့ ချုပ်(IFFHS)မှရွေးချယ်သော (၁၈နှစ်)အတွင်းအကောင်းဆုံးဘောလုံးအသင်းဆုကိုစပိန်နိုင်ငံလာလီဂါကလပ်အသင်းဖြစ်
သည့်(ဘာစီလိုနာ)ကရရှိသွားသည်။ဤဆုကိုပေးအပ်ရန်အတွက်ယင်းအဖွဲ့ သည်၁၉၉၁ ခုနှစ်ရလာဒ်များမှစတင်စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီးဂိုးသွင်းယူနိုင်မှုအနေအထားကို
အဓိကအခြေခံခဲ့သည်ဟုဆို၏။ယင်းသို့ စစ်တမ်းဖြင့်ရွေးချယ်ခဲ့ရာတွင်…
(၁)ဘာစီလိုနာ - ပထမ
(၂) မန်ချက်စတာယူနိုက်တက် - ဒုတိယ
(၃) ဂျူဗင်တပ်စ် -- တတိယ
(၄) အေစိီမီလန် -- စတုတ္ထ
(၅) ရီးယဲလ်မက်ဒရစ် -- ပဉ္စမ
(၆)အင်တာမီလန် -- ဆဌမ
(၇) ဘိုင်ယန်မြူးနစ် -- သတ္တမ
(၈)အာဆင်နယ် --အဌမ
(၉) ရေးဗားပလိတ် (အာဂျင်တီနား)-- န၀မ
(၁၀) ချယ်လ်ဆီး -- ဒသမ…တို့ ဖြစ်သည်။
(အင်တာနက်)

Xxxကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့်လျှပ်စစ်ကုမ္မဏီကြီးများထိခိုက်လာကြ…..
(တိုကျို ၊ဇန်န၀ါရီ-၂၄ရက်)
အာရှတိုက်၏အကြီးဆုံးလျှပ်စစ်ကုမ္မဏီကြီးများဖြစ်ကြသော(ဆိုနီ ၊ ဆမ်ဆောင်း)တို့  တွင်စီးပွားရေးအခြေအနေကျဆင်းကြောင်းသတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း၌အာရှဈေးကွက်
အခြေအနေသည်နိမ့်ဆင်းသွားသည်။ဇန်န၀ါရီလ-၂၃ရက်တွင်ဂျပန်နိုင်ငံ၏ဈေးကွက်အခြေအနေကို
ဖော်ပြသော(နီကိုင်း)ညွှန်းကိန်းသည် ၄%ကျဆင်းသွားပြီးတောင်ကိုရီးယား ဈေးကွက်အနေ အထား ကိုဖော်ပြသောညွှန်းကိန်း(ကော့စ်ပီ)မှာလည်း ၂%ကျဆင်းသွားသည်။ အမေရိကန်ဈေးကွက်တွင် လည်းမိုက္ကရိုဆော့ဖ်နှင့်အင်တယ်လ်ကုမ္မဏီများတွင်အလုပ်အကိုင်နေရာများဖြတ်တောက်မည်ဟု
သတင်းများထွက်ပေါ်ပြီးနောက်ဝေါလ်ဆထရိ၏ဈေးကွက်အခြေအနေသည်လည်းပြုတ်ကျခဲ့ရသည်။
(အင်တာနက်သတင်း)

xxxစပိန်တိုက်လေယာဉ်နှစ်စင်းတိုက်မိ၊လေယာဉ်မှူး၃ဦးစလုံးသေဆုံး….
ဇန်န၀ါရီလ၂၀ရက်နေ့ ကလေ့ကျင့်ပျံသန်းနေစဉ်စပိန်တိုက်လေယာဉ်နှစ်စင်းတိုက်မိရာလေယာဉ်ပေါ်တွင်
ပါလာသူလေယာဉ်မှူး၃ဦးစလုံးသေဆုံးသွားကြောင်းစပိန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှပြောကြားသည်။
အဆိုပါတိုက်လေယာဉ်နှစ်စင်းသည်စပိန်နိုင်ငံအလယ်ပိုင်း(အယ်ဘာဆီတီ)ပြည်နယ်ကောင်းကင်ယံတွင်
လေ့ကျင့်ပျံသန်းနေစဉ်မတော်တဆတိုက်မိခဲ့ပြီးမတော်တဆဖြစ်ပွားသောအကြောင်းအရင်းကိုမသိရသေး
ကြောင်းစစ်ဘက်တာဝန်ရှိသူတဦးကပြောကြားသည်။
(အင်တာနက်သတင်း)

xxxထိုင်းအလမ္မာယ်ဆရာများမှမြွေများမသေစေရန်အနွေးဓာတ်ပေးထားရ…
(ဘန်ကောက်-ဆန်ဂဒေသ,ဇန်န၀ါရီလ၁၉ရက်)
ယခုရက်သတ္တပတ်အတောအတွင်းထိုင်းနိုင်ငံတွင်အအေး
လှိုင်းဖြတ်သဖြင့်ရာသီဥတုမှာပုံမှန်ထက်ပိုမိုပြီးအေးနေရာမြွေအလမ္မာယ်ဆရာများနေထိုင်သောဘန်
ကောက်ပြည်နယ်၊ဆန်ဂကျေးရွာတွင်ယခင်ကမကြုံဘူးသောပြသာနာမျိုးနှင့်ရင်ဆိုင်နေကြရသည်။
ပြသာနာမှာယင်းတို့ အလမ္မာယ်ပြစားရာတွင်အသုံးပြုသောမြွေဟောက်များ ကိုအအေးဒဏ်ကြောင့် သေဆုံးမသွားစေရန်အနွေးဓာတ်ပေးထားရသည့်အလုပ်ပင်ဖြစ်သည်။
(အင်တာနက်သတင်း)







Read More...

21Feb,09…. ရွှင်ပြုံးတခဏ…ဘောလုံးဟာသ

(သူ့ အဖေဘယ်သူလဲ)
မန်ယူအသင်းမှဖာဒီနန်၏သားဖြစ်သူသည်ကျောင်း၌အခြားကလေးတစ်ဦး
ကိုရိုက်နှက်မှုဖြင့်ရုံးခန်းသို့ ရောက်သွားသည်။ထိုသတင်းကြားသော်မိခင်ဖြစ်
သူကလိုက်လာပြီးသူမ၏သားကိုယခုကဲ့သို့ ဆက်ဆံရသလားဆိုပြီးအလွန်
ဒေါသထွက်ကာကျောင်းအုပ်ကိုဆူပူကြိမ်းမောင်းသည်။
ယင်းနောက်
်``ဆရာ့အနေနဲ့ ကျွန်မသားကိုအခုလိုမဆက်ဆံသင့်ဘူးရှင့်။သု့ အဖေဘယ်သူလဲဆိုတာရှင်သိလား´´
ထိုအခါကျောင်းအုပ်ဖြစ်သူကခေါင်းကုတ်ပြီး
``အော်…ကျနော်က..ကလေးအဖေဖာဒီနန်လို့ ပဲထင်ထားတာခင်ဗျ´´။

မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ….။

Read More...

Friday, February 20, 2009

20Feb,09……ဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း….

(1).ဗြိတိန်နိုင်ငံ၏ Brit Awards ဂီတဆုပေးပွဲကျင်းပ......
ဖေဖော်ဝါရီလ (၁၈)ရက်နေ့ညက လန်ဒန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Brit Awardsဆုပေးပွဲတွင်
ဒက်ဖီ(Duffy)နှင့် Girls Aloudတို့သည် ပထမဆုံး အောင်မြင်မှုများကို ရရှိပိုင်ဆိုင်နိုင်ခဲ့ကြသည်။
ဗြိတိန်၏ ဂုဏ်အရှိဆုံး တေးဂီတဆုတစ်ခု ဖြစ်သည့် Britဆုကို အကောင်းဆုံး ဗြိတိသျှ တေးဂီတ
အဖွဲ့အဖြစ် Girls Aloudက Elbowအယ်လ်ဘမ်ဖြင့် သိမ်းပိုက်ရရှိခဲ့သည်။ ထို့အတူ ဒက်ဖီကလည်း
အကောင်းဆုံး ဆု(၃)ခုကို ရယူနိုင်ခဲ့သည်။
သူမသည် လွန်ခဲ့သော တစ်နှစ်တာကာလက လူမသိသူမသိ အမျိုးသမီးလေး တစ်ဦးသာ ဖြစ်ခဲ့သော
်လည်း (၂၀၀၈)ခုနှစ်၊ မတ်လက ထုတ်ဝေခဲ့သည့် သူမ၏ Rockferryအယ်လ်ဘမ် ကမ္ဘာတလွှားတွင်
ချပ်ရေ(၂)သန်းထိ ရောင်းချခဲ့ပြီးနောက်တွင်မူ အသက်(၂၄)နှစ်ရှိ မိန်းမချောလေးမှာ ဗြိတိန်၏ အ
ကျော်ကြားဆုံး အဆိုတော်တစ်ယောက် ဖြစ်လာခဲ့သည်။ Duffyသည် အကောင်းဆုံး အယ်လ်ဘမ်ဆု၊
အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆုနှင့် အအောင်မြင်ဆုံး ထိုးဖောက်လာသည့် အနုပညာရှင်ဆု
များကို ရရှိသွားခဲ့သည်။ အမျိုးသား အဆိုတော်ဆုကိုမူ ပေါလ်ဝယ်လာက ရရှိခဲ့သည်။ နိုင်ငံတကာမှ
အကောင်းဆုံး အမျိုးသားအဆိုတော်ဆုကို ကင်ညာဝက်စ်က လည်းကောင်း၊ အမျိုးသမီး အဆိုတော်
ဆုကို ကိတ်ပယ်ရီက လည်းကောင်း အသီးသီး ရယူနိုင်ခဲ့ကြသည်။ ထိုပွဲတွင် အခြားသော အနုပညာ
ရှင်များက ပါဝင်ပူးပေါင်း ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး ဆုရရှိသူများကလည်း ကိုယ်တိုင်သီဆိုကာ
ပရိသတ်အား ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

Brit Awards 2009 ဆုရရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အကောင်းဆုံးတေးသီချင်းအယ်လ်ဘမ်ဆု - Duffy (Rockferry)

၂။ အကောင်းဆုံးအမျိုးသားအဆိုတော်ဆု - Paul Weeler

၃။ အကောင်းဆုံးအမျိုးသမီးအဆိုတော်ဆု - Duffy

၎။ အကျော်ကြားဆုံး တေးသံရှင်ဆု - Duffy

၅။ အကောင်းဆုံးအဆိုတော်အဖွဲ့အယ်လ်ဘမ် - Elbow (Girls Aloud)

၆။ အကောင်းဆုံးလိုက်ဖ်ရှိုးဖျော်ဖြေမှု - Iron Maiden

၇။ အကောင်းဆုံးနိုင်ငံတကာအယ်လ်ဘမ် - Kings of Leon (Only By The Night)

၈။ အကောင်းဆုံးနိုင်ငံတကာအမျိုးသားတေးသံရှင် - Kanye West

၉။ အကောင်းဆုံးနိုင်ငံတကာအမျိုးသမီးတေးသံရှင် - Kate Perry

၁၀။ အကောင်းဆုံးနိုင်ငံတကာအဆိုတော်အဖွဲ့ - Kings of Leon

၁၁။ အကောင်းဆုံးတေးသီချင်းရေးသားမှု - Pet Shop Boys (အင်တာနက်သတင်း)



(2)အာစင်နယ်ကွင်းလယ်အတွက် နောက်ထပ်ကစားသမားမလိုဟုဆို......
အာစင်နယ် ကွင်းလယ်အတွက် နောက်ထပ်ကစားသမား မလိုအပ်ကြောင်း ဆာမီနာဆရီက ပြောကြား
လိုက်သည်။ အဆိုပါ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူသည် အာစင်နယ်သို့ ယခုနှစ်အစောပိုင်းက
ရောက်ရှိလာခဲ့ပြီးနောက် နည်းပြကြီး အာစင်းဝင်းဂါးလက်အောက်တွင် ခြေစွမ်းပြ ကစားနေသူဖြစ်သည်။
အသက်(၂၁)နှစ်ရှိ နာဆရီက ပရိသတ်များသည် အာစင်နယ်အလယ်တန်းအတွက် လူသစ်လိုအပ်နေသည်
ဟု ထင်ကြေးပေးနေကြသည်ကို နားမလည်နိုင်အောင် ဖြစ်မိကြောင်း၊ အမှန်ဆိုလျင် အာစင်နယ်၏ ကွင်း
လယ်ကစားကွက်အတွက် ဘောလုံးသမား ပြည့်စုံလုံလောက်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာစင်နယ်
အသင်းတွင် ဂီလ်ဘာတိုဆေးလ်ဗား၊ လာဆနာဒိုင်ယာရာ၊ မက်သရူး ဖလာမီနီတို့ကဲ့သို့ ထိပ်တန်းအဆင့်
ကွင်းလယ်ကစားသမား များစွာတို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အဓိကကွင်းလယ်လူများ ဖြစ်ကြသည့်
ဆက်စ်ဖာဘရီဂက်စ်နှင့် တိုမက်စ်ရိုဆစ်စကီးတို့ကိုလည်း ဒဏ်ရာများကြောင့် အသုံးပြုနိုင်ခြင်း မရှိသေးပေ။
နာဆရီက ယခုနှစ် ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်း ဇင်းနစ်စိန့်ပီတာစဘတ်မှ ပြောင်းရွှေ့လာ
သည့် ရုရှားလက်ရွေးစင် အင်ဒရီအက်ရှ်ဗင်အား တစ်ချိန်က အာစင်နယ်အသင်းခေါင်းဆောင် ပက်ထရစ်
ဗီအဲရာနှင့် နှိုင်းယှဉ်ချီးကျူးခဲ့ပြီး ၎င်းသည် အာစင်နယ်၏ ကွင်းလယ်ကို များစွာပံ့ပိုးနိုင်မည့် ကမ္ဘာ့အဆင့်
ကစားသမားဖြစ်ကြောင်း ထောက်ခံပြောကြားလိုက်သည်။ လက်ရှိအချိန်တွင် အာစင်နယ်အသင်းသည်
ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်း၏နောက် ရမှတ်(၁၅)မှတ်ထိ ပြတ်ကျန်ခဲ့ပြီး အမှတ်ပေးဇယား
ပဉ္စမနေရာတွင်သာ ရပ်တည်နေနိုင်ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည့် အခွင့်အရေး မရှိတော့ပေ။ သို့သော်
လည်း နာဆရီကမူ အာစင်နယ်မှာ ချန်ပီယံဆုကို ရယူနိုင်မည့် အနေအထား ရှိနေဆဲဖြစ်ကြောင်း ပြောကြား
သွားခဲ့သည်။(အင်တာနက်သတင်း)


Read More...

20Feb,09….ဖိနပ်ခိုးသူရယ်…….

Xxxမရှိလို့ ခိုးတာပါတဲ့
အလှူအိမ်သွားမိတာ
ကျနော့်အမှားပေါ့ဗျာ

မှားပါတယ် ဖိနပ်သူခိုးရယ်…
ဖိနပ်ပျောက်သူ တွေမယ်(ကျနော်နဲ့ အခြားဆယ်ယောက်)
သင်းကတော့ အရက်တွေသောက်လို့ 
အဲသည်လိုသောက်မှသာ
သူဖိနပ်ခိုးတာ ပေါ်တာပါဗျာ……..။
+++မရှိလို့  ခိုးတာပါတဲ့
ဘုန်းကြီးကျောင်းသွားမိတာ
ကျနော့်အမှားပေါ့ဗျာ
မှားပါတယ် ဖိနပ်ငတွမ်ရယ်
ရှာမတွေ့ သူ တွေမယ်
ကျနော်နဲ့ အခြားဆယ်ယောက်
သင်းကတော့အရက်တွေသောက်လို့ 
အဲသည်လိုသောက်မှသာ
သူဖိနပ်ခိုးတာ ပေါ်တာပါဗျာ….။
Xxxတစ်နေ့ သောအခါ
ကန်တော်ကြီးစောင်းတနေရာ
အတွဲချောင်းဖို့ အပင်ပေါ်အတက်
ဖိနပ်ကတော့ အောက်ကျန်ခဲ့ပေါ့
အမှန်အကန်တွေကိုတ၀ကြီး ရှုအပြီးမှာ
အပင်အောက်ကိုပြန်ရောက်တော့
ကျနော့်ဖိနပ်ပျောက်ပါရောလား
အားပါးပါး ဒီတခါတော့ဗျာ
``ဖိနပ်ခိုးသူရယ်…
တဖက်ပဲကျန်တော့တယ်…´´(အီးဟီးဟီး)

ပေးပို့ သူ………….အော်ဂျက် (မဟာချိုင့်)ရွှေ့ ပြောင်းအလုပ်သမားတစ်ဦး



Read More...

20Feb,09…ရွှင်ပြုံးတခဏ…ဘောလုံးဟာသ

(ကြိုက်တာယူဆိုလို့ )
တနေ့ တွင်ဘာစီလိုနာကလပ်အသင်းမှကစားသမားဖြစ်သူမက်ဆီသည်အထုပ်အပိုး
များမနှိင်မနင်းဆွဲ၍အိမ်ပြန်လာသည်ကိုတွေ့ သဖြင့်သူငယ်ချင်းများက၀ိုင်းမေးကြသည်။ ``ဟေ့ကောင်…ဘယ်လိုဖြစ်တာလဲကွ….အထုပ်အပိုးတွေမနိုင်မနင်းနဲ့ ´´

``ငါ့ရှေ့ ကိုကွာ…အထုပ်အပိုးမနိုင်မနင်းနဲ့ ကောင်မလေးတစ်ယောက်ရောက်လာတယ်။
ပြီးတော့အထုပ်အပိုးတွေကိုပစ်ချတယ်။နောက်သူ့ အင်္ကျီကိုဆွဲဖြဲလိုက်ပြီး…ကဲ…ရှင်ကြိုက
်တာယူဆိုပြီးပြောပါရောကွာ။ဒီလိုမှမလုပ်ရင်သူ့ ကိုယ်သူသတ်သေမယ်တဲ့´´
ထိုအခါဝိုင်းလာပြီး….
``ဟာစိတ်ဝင်စားစရာပဲ ဒီတော့မင်းဘာလုပ်လိုက်လဲပြောပါဦးကွာ´´ သူငယ်ချင်းများ၏စကားကြားသော်မက်ဆီကအလွန်စိတ်ပျက်သည့်ပုံစံဖြင့်
``ဒီအထုပ်အပိုးတွေပဲယူလာရတာပေါ့ကွာ။သူ့ အကျီ င်္တွေကပြဲသွားပြီဆိုတော့ဘာလုပ်လို့ ရတော့မှာလဲ´´

မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ….။

Read More...

Thursday, February 19, 2009

19Feb,09.....ကိုကိုရေဖုန်းလာနေတယ်....

+++ထိုင်းနိုင်ငံဘန်ကောက်မှာလေ
နေရာအထွေထွေမှာ ကြားရတာတွေ
``ကိုကိုရေ....ဖုန်းလာနေတယ်´´ တဲ့

ဘယ်သူ့ ဆီကလည်း လှမ်းကြည့်ရင်း
ဦးဇင်းတပါးဆီက ဖုန်းသံမို့ 
ဒါတွေနဲ့  ရုန်းကန်နေရတဲ့သူဘဝ
သနားမိပါရဲ့ ဗျာ....``အော်...ကျွတ်ကျွတ်ကျွတ်...။

xxxဟောဗျ....ကြားရပြန်ပါပြီ
``ကိုကိုရေ....ဖုန်းလာနေတယ်´´တဲ့
``ခေါ်မကြား...အော်မကြားနဲ့ ´´တဲ့
ဇင်ဇင်ဇော်မြင့်ရဲ့ အသံဟာ
ဒီနေ ရာမှာ တယ်ဟန်ကျပါကလား
ဦးဇင်းတွေဆီကလည်းကြားရ
မြန်မာအလုပ်သမားတွေဆီကလည်းကြားရ
ယူအန်လက်မှတ်ကိုင်သူတွေဆီကလည်းကြားရ
တက်ကြွလှုပ်ရှားသူတွေဆီကလည်းကြားရ
မြန်မာစကားတတ်တဲ့ လ၀ကနဲ့  ပုလိပ်တွေဆီကလည်းကြားရ
အဲဗျ.......ကျနော့်ဆီကတော့မကြားရဘူးဗျ( ကျနော်ကသင်ဇာဝင့်ကျော်ပဲကြိုက်တယ်လေ)

+++တနေ့  လမ်းလျှောက်အလာ
အထပ်၂၀လောက်ဆီကနေ
``ကိုကိုရေ....ဖုန်းလာနေတယ်´´တဲ့......။

xxxအိမ်သာတက်နေရင်းလည်း
ဘေးအခန်းကအသံတွေကြားရ
``ကိုကိုရေ....ဖုန်းလာနေတယ်´´တဲ့......။

+++အလုပ်ကပါး
ဝင်ငွေကရှား
ဆော်ကလည်းပဲများနေချိန်မှာ
ကျနော်လေ(ညစ)်နေချိန်မှာ
ကျနော့်အနားလာပြီးဆူနေတဲ့
``ကိုကိုရေ....ဖုန်းလာနေတယ်´´ဆိုတာတွေကို
မကြားလို မနာလိုဖြစ်နေတာမို့ 
သွားကြစို့ လေ နီးစပ်ရာထိုင်းဘုန်းကြီးကျောင်းဆိုတော့
ကျနော်ကကောင်းတာပေါ့ငါလည်းလိုက်မယ်
ကျောင်းရောက်င်္ပြီး ဂူဘုရားတခုမှာ
ပါလာတဲ့ စိတ်ပုတီးကိုအသာထုတ်ပြီး
ပုတီးကိုတလုံးချင်းချကာ အာရုံယူနေစဉ်
အကြင်ဖုန်းသံ ပွတ်လောကိုညံပါရော
``ကိုကိုရေ....ဖုန်းလာနေတယ်´´ တဲ့ဗျာ....။.......။

ပေးပို့ သူ.............လူဇော်(ဘန်ကောက်)ရွှေ့ ပြောင်းလုပ်သားတဦး



Read More...

19Feb,09...မယ်တော်ဆေးခန်း၏အနှစ်၂၀မြောက်နှစ်ပတ်လည်..



ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ ၊မယ်တော်ကျေးရွာရှိမယ်တော်ဆေးခန်းသည်ယနေ့
့ဆိုပါလျှင်ဖြတ်သန်းမှုအနှစ်၂၀တိုင်ခဲ့ပါချေပြီ။လွန်ခဲ့သောအနှစ်၂၀ဖြစ်သော၁၉၈၉ခုနှစ်၊

ဖေဖော်ဝါရီလ၁၉ရက်နေ့ တွင်ကရင်အမျိုးသားအစည်းအရုံး(KNU)မှဗိုလ်မှူးကြီးနေစိုး
နှင့်ရဲဘော်ရဲဘက်များ၏စုပေါင်းဝိုင်းဝန်းထောက်ကူမှုဖြင့်မယ်တော်ဆေးခန်း(MTC)ဟူ
၍ဖြစ်ထွန်းပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ဤမှတ်တမ်းဓာတ်ပုံများတွင်မယ်တော်ဆေး
ခန်း၏အနှစ်၂၀မြောက်တည်ထောင်ခြင်းနေ့ အထိမ်းအမှတ်အဖြစ်ဖေဖော်ဝါရီလ၁၈ရက်
နေ့ ကဘောလုံးပြိုင်ပွဲများ၊အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲဓာတ်ပုံများကိုလည်းကောင်း၊
ယနေ့ အခမ်းအနားကြီးတွင်ပီတီဖြစ်ဖွယ်ရာရှုထောင့်ပေါင်းစုံမှဓာတ်ပုံများကိုလည်းကောင်း၊
တွေ့ မြင်ကြရမည်ဖြစ်ပါသည်။

သတင်းမှတ်တမ်း.........မြန်မာပြည်သား

Read More...

19Feb,09....မြန်မာအခွန်ရုံးများအကြောင်း.....

xxxနိုင်ငံတကာဆီ
မြန်မာပြည်ကနေဖြန့် ကျက်
စစ်သားတ၀က်, အရပ်သားတ၀က်နဲ့ 
ရောလျက်ပါ သံခင်းတမန်ခင်း
ဒင်းတို့ လုပ်ရပ် မဟုတ်ဇာတ်တွေမို့ 

အလုပ်ရပ်ဖို့  သတိပေးချင်ပါပြီ...။

+++အခွန်ကောက်တာကလွဲလို့  သူတို့ မသိ
အများဆင်းရဲချင် ဆင်းရဲပါစေ
ဒင်းတို့ တွေအခွန်ကောက်ဖို့ ပဲသိ
အဲဒီအသိကို သူတို့ ဦးနှောက်ထဲအထိ
စွဲငြိအောင်ထိန်းညှိလို့ ထားကြ
အများက ဘယ်လိုပင် မကြည်ဖြူသော်လည်း
ကောက်မြဲ၊ကောက်ဆဲ၊အကောက်တွေ တွဲနေဆဲပါလေ....။....။

(အဝေးရောက်မြန်မာတွေဆဲနေဆဲပါဟေ..............)

ပေးပို့ သူ.........လူဇော်(ဘန်ကောက်)


Read More...

Wednesday, February 18, 2009

18Feb,09.....ထိုင်းမှာပဲနေရဦးမယ်.....

xxxဖမ်းလို ကဖမ်းပါလေ
မြန်မာပြေပြန်ဖို့ မရှိ......။

+++ပို့ လို ကပို့ ပါလေ
ခဏနေရင်ပြန်လာဖို့ အသင့်.......။
xxxရွှေယူယူ၊ ငွေယူယူ
လူကိုပါ ယူစေဦး
မထူးတော့တဲ့ဘဝ
ဆုတ်လည်း စူးဘ၀တွေမို့ 
ဘ၀အခြေ ဘယ်လို ရိုင်းရိုင်း
ထိုင်းမှာ ပဲနေရဦးမယ်........။

ပေးပို့ သူ.......... မောင်ဝင်း(ဖုတ်ဖရာ့)စိုက်ပျိုးရေးလုပ်သားတဦး

Read More...

18Feb,09....ဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း

(အာဖဂန်နစ္စတန်တွင် စစ်သည်အင်အားတိုးမြှင့်ရန် အိုဘားမားခွင့်ပြု )
အာဖဂန်နစ္စတန်သို့ အမေရိကန်စစ်သည် (၁၇၀၀၀)ခန့် အင်အားဖြည့်တင်း ပေးပို့ရန်အတွက် အမေရိကန်
သမ္မတ ဘာရတ်အိုဘားမားက သဘောတူ ခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုသဘောတူညီမှုသည် ၎င်း၏ အာဏာ

သက်တမ်းအတွင်း စစ်ရေးဆိုင်ရာ အထင်ရှားဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်လာခဲ့သည်။ အိုဘားမားက
အာဖဂန်အတွက် အမေရိကန်စစ်သည်ဦးရေ မလုံလောက်ကြောင်း စစ်ဘက်ဆိုင်ရာ အကြံပေး အရာရှိများ၏
ထောက်ပြမှုကို သဘောတူလက်ခံပြီး မကြာမီကာလများအတွင်း စစ်သည်ဦးရေ ဖြည့်တင်းမှုကို အစပြုသွားရန်
မီးစိမ်းပြလိုက်ပြီဖြစ်သည်။
အိမ်ဖြူတော်၏ ကြေညာချက်အရ အမေရိကန်နိုင်ငံ သမ္မတသည် မရိန်းစစ်သည်များကို အာဖဂန်နိုင်ငံမြို့တော်
ကဘူးလ်တွင် မြို့စောင့်တပ်များအဖြစ် ထားရှိသွားရန် သဘောတူညီလိုက်ကြောင်း ပါရှိခဲ့သည်။ လာမည့်နွေရာ
သီမှ အစပြုပြီး ထိုတပ်များကို ပို့လွှတ်မည်ဖြစ်ကာ မရိန်းစစ်သည် (၈၀၀၀)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ (၄၀၀၀)နှင့်
ထောက်ပံ့ရေးတပ်သား (၅၀၀၀)တို့အား အာဖဂန်တွင် တာဝန်ထမ်းဆောင်စေမည်ဟု သိရသည်။ ၎င်းတို့သည်
လက်ရှိအာဖဂန်တွင် တပ်စွဲထားသည့် အမေရိကန် စစ်သည် (၃၀၀၀၀)နှင့် သွားရောက်ပူးပေါင်းမည်ဖြစ်သည်။
ယခုကဲ့သို့ တပ်များစတင်ရွှေ့ပြောင်းမှုသည် (၂၀၀၉)ခုနှစ်အတွင်း အမေရိကန်စစ်တပ် အရေအတွက် အများပြားဆုံး ရွှေ့ပြောင်းမှုလည်း ဖြစ်လာခဲ့သည်။
ပန်တဂွန်စစ်ဌာနချုပ်က တိုက်ခိုက်ရေးစစ်သည် (၁၂၀၀၀)နှင့် ထောက်ပံ့ရေးစစ်သည် (၅၀၀၀)တို့ကို အာဖဂန်
သို့ စေလွှတ်မည်ဟု ယခင်ကတည်းက အရိပ်အမြွက် ပြောကြားထားဖူးပြီး ယခုအခါတွင် အစိုးရကပါ အတည်ပြု
ပေးလိုက်ပြီဖြစ်သည်။ အိုဘားမားသည် ၎င်း၏သမတသက်တမ်းအတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ်
ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့စဉ်က သတင်းထောက်များအား ၎င်းသည် အာဖဂန်အရေးကို ပိုမိုအလေးပေး
အာရုံစိုက်သွားမည်ဟု ပြောကြားထားခဲ့ပြီး ယခုအခါတွင် အာဖဂန်ရှိ အမေရိကန် စစ်ရေးလှုပ်ရှားမှုများကို
ပိုမိုအသားပေးလာခြင်း ဖြစ်နိုင်ကြောင်း ကမ္ဘာ့အရေး အကဲခတ်များက သုံးသပ်လျက်ရှိကြသည်။

(ဦးစားပေးကစားသမား ရွေးချယ်ဖို့ခက်နေတဲ့ ဖာဂူဆန်)
မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ဖေဖော်ဝါရီလ (၁၈)ရက်နေ့ည
တွင် ဖူလ်ဟမ်နှင့် ကစားမည့်ပွဲအတွက် လူရွေးချယ်ရန် ခက်ခဲနေကြောင်း ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် အသင်းမှ ကစားသမားတိုင်း ပထမပွဲထွက်နေရာနှင့် ထိုက်တန်သည့် ခြေစွမ်းကို
ပြသနေကြသဖြင့် မည်သူ့ကို ဦးစားပေးရွေးချယ်ရမည်ကို ခေါင်းစားနေရကြောင်း ဖာဂူဆန်က
ဝန်ခံခဲ့သည်။ တိုက်စစ်နေရာတွင် ဒီမီတာဘာဘာတော့ဗ်နှင့် ကားလို့စ်တီဗက်စ်တို့မှာ တွဲဖက်မိစွာ
ကစားနေနိုင်ပြီဖြစ်ပြီး ဒဏ်ရာမှ သက်သာလာသည့် ၀ိန်းရွန်နီမှာလည်း လေ့ကျင့်ရေး အစီအစဉ်များ
တွင် ကြံ့ခိုင်မှုပြည့်ဝစွာဖြင့် အကောင်းဆုံး ခြေစွမ်းပြနေပြီဟု ဖာဂူဆန်က ပြောကြားခဲ့သည်။ လက်ရှိ
အနေအထားအရ ကစားသမားတစ်ဦးကို အရံခုံတွင် ထားရှိရမည့် ဆုံးဖြတ်ချက်တိုင်းအတွက် ကိုယ့်ကိုယ်
်ကို အပြစ်ရှိနေသည်ဟု ထင်မှတ်မိကြောင်း ဖာဂူဆန်က ပြောဆိုသွားသည်။ ကစားသမားတိုင်း အကောင်း
ဆုံး ခြေစွမ်းရရှိနေခြင်းကြောင့် အသင်း၏အင်အားကို တောင့်တင်းစေသော်လည်း နည်းပြတစ်ဦးအတွက်
ဆုံးဖြတ်ရ ခက်ခဲမှုများ ဖြစ်စေကြောင်း ဖာဂူဆန်က သုံးသပ်ခဲ့သည်။ ဖာဂူဆန်သည် ဖူလ်ဟမ်နှင့်ပွဲအတွက်
အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သော်လည်း ဖူလ်ဟမ်နှင့်ပွဲတွင် အင်္ဂလန်လက
်ရွေးစင် ရှေ့တန်းလူ ၀ိန်းရွန်နီအား အသုံးပြုမပြုဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားသွားခြင်း မရှိ
ှိကြောင်းလည်း သတင်းရရှိသည်။

(ဒီရာယာ)
ရီးယဲလ်မက်ဒရစ်မှ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား လာဆနာ ဒီရာယာက လီဗာပူးလ်
် အသင်းအနေနှင့် စပိန်လာလီဂါ ချန်ပီယံအသင်းကို အချိန်မရွေး အနိုင်ယူသွားနိုင်ကြောင်း ရီးယဲလ်
်အသင်းဖော်များကို သတိပေးလိုက်သည်။ ပို့စ်မောက်သ်မှ ရီးယဲလ်သို့ ပြောင်းရွှေ့လာသော ဒီရာယာ
သည် အင်္ဂလန် ဘောလုံးလောကနှင့် အကျွမ်းဝင်ပြီးဖြစ်ကာ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ညတွင် လီဗာ
ပူးလ်အသင်း၏ အန်းဖီးလ်ကွင်းတွင် သွားရောက်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်သည် ရီးယဲလ်အတွက်
် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ၀န်ခံပြောဆိုခဲ့သည်။

(ကာကာ)
အေစီမီလန်အသင်း၏ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရီကာဒိုကာကာက ၎င်းသည်
မန်ချက်စတာစီးတီး အသင်းဆီသို့ ရောက်ရှိရန် အလွန်နီးစပ်သွားခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။
မန်ချက်စတာစီးတီး၏ စံချိန်တင် ကမ်းလှမ်းမှုများသည် ငြင်းဆန်နိုင်ရန် ခက်ခဲလှကြောင်း ကာကာက
ပြောကြားခဲ့ပြီး ၎င်းအနေနှင့် မီလန်အား သံယောဇဉ်ရှိလွန်းသောကြောင့်သာ တစ်သက်တွင် တစ်ကြိမ်
သာ ကြုံရနိုင်သည့် အခွင့်အရေးအား ပယ်ချခဲ့ခြင်းဟု ထုတ်ဖော်ပြောဆိုသွားသည်။

(ဒါဆေးလ်ဗား)
အာစင်နယ်အသင်းမှ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး နစ်ကလက်စ်ဘန်တနာက ကစားဖော် အီဒွာ
ဒိုဒါဆေးလ်ဗားအား အလွန်စိတ်ဓာတ်ကြံ့ခိုင်သူအဖြစ် ချီးကျူးလိုက်သည်။ အဆိုပါ ဘရာဇီးလ်ဖွား
ခရိုအေးရှား လက်ရွေးစင် ရှေ့တန်းလူသည် ဒဏ်ရာကြောင့် ကာလကြာမြင့်စွာ အနားယူနေခဲ့ရသော
်လည်း ပြန်ကစားသည့် FAဖလားပွဲစဉ်တွင် ပင်နယ်တီ(၁)ဂိုး အပါအ၀င် (၂)ဂိုးသွင်းယူပေးခဲ့သောကြောင့်
အာစင်နယ်ပရိသတ်များကလည်း အားပေးဂုဏ်ပြုခဲ့ကြသည်။

(ဒေးဗစ်ဘက်ဟမ်း)
ဒေးဗစ်ဘက်ဟမ်းအား အပြီးသတ် ခေါ်ယူနိုင်ရေး ညှိနှိုင်းရန်အတွက် အေစီမီလန်အသင်း ဒါရိုက်တာ
အမ်ဘာတို ဂန်ဒီနီနှင့် တာဝန်ရှိသူများသည် အမေရိကန်နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း
မီလန်အသင်းက အတည်ပြု ကြေငြာခဲ့သည်။ မီလန်အသင်းသည် အဆိုပါ အင်္ဂလန်လက်ရွေးစင်အား
အငှားဖြင့် ခေါ်ယူထားရာမှ အပြီးသတ် စာချုပ်ချုပ်ဆိုခွင့်အတွက် အမေရိကန်ဒေါ်လာ (၁၀)သန်းဖြင့်
လော့စ်အိန်ဂျလိစ် ဂလက်စီအသင်းထံ ကမ်းလှမ်းခဲ့သော်လည်း အမေရိကန် ဘောလုံးကလပ်အသင်းက
ချက်ချင်းပယ်ချထားသည်။

(အီတူး)
မန်ချက်စတာစီးတီးသည် အသင်းအင်အား ဖြည့်တင်းရေးအတွက် နောက်ထပ်ပစ်မှတ်တစ်ခုအဖြစ် စပိန်
လာလီဂါအသင်း ဘာစီလိုနာမှ ကင်မရွန်းလက်ရွေးစင် တိုက်စစ်မှူး ဆမ်မြူရယ်လ်အီတူးထံသို့ ဦးလှည့်
လာပြန်ပြီဖြစ်သည်။ အသက်(၂၈)နှစ်အရွယ် အီတူးအား မန်ချက်စတာစီးတီးက ပေါင်စတာလင် သန်း
(၂၀)ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ဘာစီလိုနာကမူ ၎င်းတို့၏ ဂိုးသွင်းစက်ကို ရောင်းချရန်
စိတ်ကူးမရှိကြောင်း ကြေငြာထားသည်။

(ဗန်ဒါဆား)
လိဂ်ပွဲ(၁၃)ပွဲဆက်တိုက် ပေးဂိုးမရှိ စံချိန်သစ်ကို တင်ထားနိုင်သည့် မန်ချက်စတာယူနိုက်တက် ဂိုးသမားကြီး
အက်ဒွင်ဗန်ဒါဆားက ၎င်း၏ စံချိန်သစ်အတွက် အဓိက လျှို့ဝှက်ချက်မှာ စိတ်ကို တည်ငြိမ်စွာ ထားရှိနိုင်ခြင်း
ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ ဒတ်ခ်ျဂိုးသမားကြီးက ဘောလုံး၏ လားရာလမ်း
ကြောင်းကို သိရှိနေနိုင်အောင် အမြဲတမ်း စိတ်ကိုစူးစိုက်ထားကြောင်း၊ ၎င်း၏ စံချိန်သစ်အတွက် စိတ်အာရုံစူး
စိုက်မှုသည် အရေးပါခဲ့သလို အသင်းကစားဖော်များ၏ ခံစစ်ကို ပံ့ပိုးပေးမှုမှာလည်း အလွန်အထောက်အကူ
ပြုခဲ့ပါကြောင်း ပြောကြားသွားသည်။

(မန်စီယာနီ)
ချယ်လ်ဆီးအသင်း နည်းပြသစ် ဂူးဟစ်ဒင့်ခ်က မိုက်ကယ်မန်စီယာနီကဲ့သို့ ကစားသမားများ ထွက်ပေါ်လာစေ
ရန် အသင်း၏ လူငယ်စီမံကိန်းအပေါ် ပိုမိုအာရုံစိုက်သွားမည်ဟု ကတိပြု ပြောကြားလိုက်သည်။ အသက်(၂၀)
အရွယ် အဆိုပါ အင်္ဂလန်လူငယ် လက်ရွေးစင်လေးသည် ၀က်ဖို့ဒ်နှင့် ကစားခဲ့သည့် FAဖလားပွဲစဉ်တွင် ချယ်လ်
်ဆီးအသင်း ညာတောင်ပံခံစစ်တွင် ခြေစွမ်းပြသွားနိုင်ခဲ့ပြီး မန်စီယာနီကဲ့သို့ ကစားသမားလေးများကို စင်တင်
ပေးပြီး အသင်း၏ အသုံးစရိတ်ကို စီစစ်သွားမည်ဟု ဟစ်ဒင့်ခ်က အတည်ပြုသွားသည်။

မှတ်ချက်။ ။ Goal(အင်တာနက်)ဘောလုံးသတင်းမှ......။

Read More...

18 Feb, 09... ဗိုလ်ချုပ်အောင်ဆန်း (၀ါ) လူထုကြယ်တပွင့်...

xxx ကြယ်တပွင့်
အရွယ်မလင့်မီကြွေကျ
ဘယ်လိုပင် မြေခခဲ့ပေမယ့်

မမေ့တဲ့ လွမ်းဆွတ်မှုတွေနဲ့
ထာဝရဦးညွတ်မိ....။ ။

ပေးပို့သူ.... နိုင်လူထက် (ခေါန်ကန်)လာအို-ထိုင်းနယ်စပ်

Read More...

Tuesday, February 17, 2009

17Feb,09.....ဖုန်းသံကြားရင်-အိပ်ပျက်သရှင်......

xxxဦး ဦး ဦး နဲ့ 
သရဲပူးနေတာလား
ဝက်ရူးပြန်နေတာလား

ထင်မှတ်မှားနေတာ
အားပါးပါး
စောင်ပါးပါးခြုံပြီး
ဖုန်းပြောနေတာကိုး....။
+++ဟင့် ဟင့် ဟင့် ၊ ဦးကလည်းရယ်နဲ့ 
ပုံပြင်ဖွဲ့  မူယာနွဲ့ လို့ 
မချောရဲ့  ပြောဆိုသံတွေများ
ကျမ မှာ အတိုင်းသား ကြားနေရတယ်...။
xxxညသန်းခေါင် ယံမှာ
သူမ ရဲ့ ဖုန်းသံက ကကျွိကကျွိ
ိနားထဲမှာ ကလိကလိနဲ့ 
သူ့ အနားအိပ်ရတဲ့ ကျမမှာ
ဝဋ်ဒုက္ခ ကြီးစွာနဲ့ 
သူ့ဝေဒနာတွေ ကူးစက်လို့ 
ဒီညအဖို့  အိပ်မပျော်တော့ပါဘူးရှင်....။......။

ပေးပို့ သူ ..... နှင်းဝေေ၀(ခေါန် ကန်) လာအို - ထိုင်းနယ်စပ်




Read More...

17Feb,09....ဟိုအကြောင်း ၊ ဒီအကြောင်း ၊ သူတို့ အကြောင်း...

(1)အာစင်နယ်မှ ဒါဆေးလ်ဗား ဘောလုံးပြန်ကစားနိုင်ပြီ
အသင်းရလဒ်ပိုင်းများ ယိမ်းယိုင်နေသည့် အာစင်နယ်အတွက် အကောင်းဆုံး ဆုလာဘ်အဖြစ်
ဒဏ်ရာကြောင့် ကာလကြာရှည်စွာ အနားယူနေရသည့် ခရိုအေးရှား လက်ရွေးစင် တိုက်စစ်မှူး
အီဒွာဒို ဒါဆေးလ်ဗားမှာ ဒဏ်ရာမှသက်သာကာ ပြန်ကစားလာနိုင်ခဲ့ပြီဖြစ်သည်။ ဖေဖော်ဝါရီလ

(၁၆)ရက်နေ့က ကစားခဲ့သည့် FAဖလား ပြန်ကန်ပွဲစဉ်တွင် အာစင်နယ်က ကားဒစ်ဖ်စီးတီးအား
(၄)ဂိုးပြတ်ဖြင့် အနိုင်ယူပြီး ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့ရာတွင် အီဒွာဒိုက ခြေစွမ်းပြပြီး
(၂)ဂိုးသွင်းပေးခဲ့သည်။ အသက်(၂၆)နှစ်ရှိ ဘရာဇီးလ်ဖွား တိုက်စစ်မှူးသည် ၎င်း၏ဒုတိယဂိုးကို
သွင်းယူပြီးနောက် ကြံ့ခိုင်ရေးမှူး တိုနီကောလ်ဘတ်နှင့်အတူ အောင်ပွဲခံခဲ့သည်။ နည်းပြကြီး
အာစင်းဝင်းဂါးက အီဒွာဒို၏ဒဏ်ရာ အဆိုးရွားဆုံး ရရှိနေချိန်တွင် တိုနီသည် တလျှောက်လုံး အား
ပေးနေခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထိုညအတွင် အီဒွာဒိုသည် စတားဖြစ်ခဲ့ကြောင်း
ဝင်းဂါးက ချီးကျူးခဲ့သည်။ အာစင်နယ်အတွက် ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာနှင့် ဒတ်ခ်ျတိုက်
်စစ်မှူး ဗန်ပါစီတို့က တစ်ဂိုးစီ ထပ်မံသွင်းယူပေးခဲ့သည်။ အီဒွာဒို ပြန်လည်ကစားနိုင်မှုနှင့်အတူ
အာစင်နယ်အသင်းခေါင်းဆောင် စပိန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ဆက်စ်ဖာဘရီဂက်စ်
သည်လည်း နောက်ထပ်(၁၀)ရက်အတွင်း ပုံမှန်လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖွယ်ရှိကြောင်း အသင်းက
သတင်းထုတ်ပြန် ကြေငြာထားသည်။(အင်တာနက်သတင်း)

(2)ဂျေလိုရဲ့အလှကို အားကျမိလို့ ဒုက္ခရောက်ရတဲ့ အမျိုးသမီးနှစ်ဦး
ဂျနီဖာလိုပက်ဇ်၏ ခန္ဓာကိုယ်အလှကို အားကျမိသော အမျိုးသမီးနှစ်ဦးခမျာ ဒုက္ခဆိုးနှင့် ရင်ဆိုင်နေ
ကြရကြောင်း သိရှိရသည်။ လိုပက်ဇ်၏ နာမည်ကြီး နောက်ပိုင်းအလှကို သဘောကျသဖြင့် ဆီလီကွန်
ထိုးထည့်မိသည့် အသက်(၃၀)အရွယ် အန်ဒရာလီးဆိုသည့် အမျိုးသမီးသည် ကျောက်ကပ်လုံးဝ ပျက်စီး
သွားပြီဖြစ်ပြီး အဆိုပါ အခြေအနေသည် ဆီလီကွန်နှင့် ဓာတ်မတည့်သောကြောင့် ဖြစ်နိုင်ကြောင်း ဆရာ
ဝန်များက သုံးသပ်ထားသည်။ သူမ၏ သူငယ်ချင်းဖြစ်သည့် အသက်(၃၃)နှစ်အရွယ် ဇာကီတာတီဂျယ်လ်
မှာလည်း ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ လုပ်ငန်းဆောင်ရွက်မှု လုံးဝရပ်တန့်သွားပြီဖြစ်ပြီး အသက်
အန္တရာယ် အလွန်စိုးရိမ်နေရကြောင်း သူမတက်ရောက် ကုသမှု ခံယူနေရသည့် ဖလော်ရီဒါဆေးရုံမှ
ဆရာဝန်များက ပြောကြားခဲ့ကြသည်။ သူမတို့နှစ်ဦးကို ဆေးထိုးပေးခဲ့သည့် ရှာဟွန်ဒါလင်းဆေးမှာမူ
အမျိုးသမီးနှစ်ဦးစလုံး သေကောင်ပေါင်းလဲနှင့် ဆေးရုံသို့ ရောက်ရှိလာချိန်မှာပင် ထွက်ပြေးတိမ်းရှောင်
်သွားပြီဟု သိရသည်။အသက်(၃၂)နှစ်ရှိ လင်းဆေးတွင် ဆေးကုသခွင့် လိုင်စင်မရှိသလို အဆိုပါ ဆီလီ
ကွန်ဖြည့်တင်းမှု အတွေ့အကြုံလည်း လုံးဝမရှိကြောင်း ရဲများက ပြောကြားခဲ့သည်။ အမျိုးသမီးနှစ်ဦးတို့သည်
ဂျနီဖာလိုပက်ဇ်၏ ခန္ဓာကိုယ်အလှမျိုး ရရှိစေရန် ဆီလီကွန် ထိုးသွင်းမှုကို အကြိမ်အရေအတွက် အတော်
အတန် ပြုလုပ်ရမည်ဟု လင်းဆေး၏ စကားကို ယုံကြည်သဖြင့် ပေါင်စတာလင် (၃၀၀)ကျော်မျှ သူမကို
ပေးချေကာ ယခုကဲ့သို့ ဆေးထိုးမှု ပြုလုပ်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြသည်။ ဆေးထိုးနေစဉ် ပြင်းပြင်း
ထန်ထန် ဝေဒနာ ခံစားရမှုကို ဆေးထိုးနေချိန် တစ်နာရီခွဲအတွင်း တစ်ဦးက အကြိမ်(၄၀)ထိ ကြုံတွေ့
ခဲ့ရပြီး နောက်တစ်ဦးက အကြိမ်(၂၀)ကျော်မျှ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။ ယခုအချိန်တွင် နှစ်ဦး
စလုံး၏ အသက်ကို ကယ်တင်နိုင်ရန် ဆရာဝန်များက အသည်းအသန် ကြိုးပမ်းနေရဆဲဖြစ်ပြီး အခြေ
အနေကို စိုးရိမ်မှုဖြင့် စောင့်ကြည့်နေကြကြောင်း သတင်းရရှိသည်။(အင်တာနက်သတင်း)


Read More...

17 Feb, 09… ``စစ်ပြန်ကြီးတဲ့လား´´

*** ရပ်ထဲ ရွာထဲ
တခဲံနက် ကြွေးကြော်
ငါ စစ်ပြန် ရဲဘော်

တကယ် စစ်ပြန် ရဲဘော်
ဆော်ခဲ့တာတွေ၊ မနည်းဘူးကွ
သောင်းကျန်းသူတွေ၊ အတုံးအရုံးကျ
ပါးစပ်က လေကြွား
ကိုယ့်ဂုဏ်ကိုဖော်တော့
မသူတော် ခုနှစ်ပါးတဲ့ဟေ့….။
***စစ် ပြန် မိန်းမ
ဘော်လီမပါ
ဟာလာဟင်းလင်း
နို့ပျဉ်းကျ
ခွလျက်ကလေး
ဟိုအိမ်ပြေး ဒီအိမ်သွား
လိမ်စား၊ ပတ်စား
သူ့ယောင်္ကျား
စစ်သားရဲ့ဂုဏ်
ကြွားသလား မပြောနဲ့တော့…။
*** တရားသောစစ်တဲ့
နစ်နာနေတာက ဒို့တိုင်းရင်းသား
နင်းပြားဘဝ
ထမင်းမစားရ
အတင်းမဟား ဒယားလုပ်
အပျိုစင် ဂုဏ်ပြုတ်
အထုပ်အထည်နဲ့ ကျန်
တကယ်မဟန်တော့
`ကေသီပန်´တွေဝယ်ကါစား
ဒါမင်းတို့ စစ်ခွေးတွေ လက်ချက်ဘဲ…။
*** လူသတ် မုဒိမ်းကျင့်
ခွေးကျင့်၊ ခွေးကြံ
အကြံပက်စက်
ဆန်ကောလောက်မှ၊ စောက်မနက်
အသက်တွေစတေးရ
ဒို့တိုင်းရင်းသားတွေရဲ့ဘဝ
ဘိုးဘွားမီဘ အမွေ
ပဝေသဏီက
နေလာခဲ့တဲ့ ရွာကလေး
`စစ်´ခွေးတွေ လက်ချက်
အတင်းဆွဲဖျက်၊ ပျက်စီးယိုယွင်း
စစ်တလင်းဖြစ်
ပစ်လိုက်တဲ့ ဗုံးသီး
မီးတွေထလောင်
ပြောတလင်းခါ
နေစရာမရှိ၊ စားစရာနတ္ထိ
ပြေးမိပြေးရာ၊ ဝေးစွာရှောင်ရှား
တိုင်းတစ်ပါးရောက်
ကျွန်သဘောက်ဖြစ်
`တစ်´တရားခံဟာ မင်းတို့ဘဲ…
`ပေ´ဖြစ်တုံး လှိမ့်ခံ
`တူ´ဖြစ်ရင် နှံသာပ
`ငါးပျံ´တလှည့်၊ ဗုံလုံတလှည့်တဲ့
မင်းတို့ အလှည့်ရောက်မှ
ကြောက်နေကြသလား
ဒို့တိုင်းရင်းသား လက်တွဲ
ခိုင်ခိုင်မြဲမြဲ ဓါးကိုဆုပ်
ကျူပင်ခုတ်၊ ကျူငုတ်မကျန်စေရ
စစ်ပြန်မှန်သမျှ၊ `ဠင်းတ´စာအကုန်ကြွေး
`အောင်မယ်လေးဗျ´ အော်သံ
ဘ၀ဂ်ညံစေရမယ်
သံသရာဝဋ်ကြွေး
အပြန်တရာ မလွတ်သေး
ကဗျာ`ဆရာ မဟာဇော်´ ကလောင်သွေးလို့
မနှေးအမြန် ဟစ်ခါကြွေးလိုက်မယ်
အဲဒါဟာ…`ဒို့အရေး´….။

ပေးပို့သူ…မဟာဇော်(မကွေး)


Read More...

Monday, February 16, 2009

16 Feb, 09… HWF အဖွဲ့မှ ရွှေ့ပြောင်း ကျောင်း (၆)ကျောင်းနှင့်အားကစားပြိုင်ပွဲကျင်းပ



ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများဖြစ်ကြသော BHSOHအထက်
တန်းကျောင်း၊ ခွဲကပေါင် အလယ်တန်းကျောင်း၊ LDF-ကျောင်း၊ စေတနာအလယ်တန်းကျောင်း၊ နေ့သစ်မူလတန်း

ကျောင်း၊နှင့် ထိုင်းနှင့် မြန်မာပူးတွဲဖွင့်လှစ်ထားသော ထဟန်စာသင်ကျောင်း စသည်တို့မှ ရွှေ့ပြောင်းအလုပ်သမားတို့၏ ရင်သွေးငယ်များကို အားကစားနှင့် ပျော်ရွှင်ပွဲများအား Help Without Frontier (HWF)အဖွဲ့မှ ကြီးမှူးကာ ထဟန်(ထိုင်း)စာသင်ကျောင်းတွင် ယမန်နေ့က ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။ ဤဓါတ်ပုံများတွင် အဆိုပါ
ရွှေ့ပြောင်းကျောင်း ၇-ကျောင်းမှ ရွှေ့ပြောင်းအလုပ်သမားတို့၏ ရင်သွေးငယ်များ ပျော် ရွှင်နေကြပုံ မျိုးစုံတို့ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

သတင်းမှတ်တမ်း….မြန်မာပြည်သား…

Read More...

16Feb,09…..တပ်ထိန်းနှင့်ပတ်ထိန်းတို့ အကြောင်း

Xxxတပ်ကိုမထိန်း
ပတ်ကိုထိန်းသမို့ 
``ပတ်ထိန်း´´ရယ်လို့ ခေါ်ချင်သလား……..။

+++တပ်ထိန်းနည်းပါး
ပတ်ထိန်းများက
ပျက်ပြားစည်းကမ်း
အပျက်လမ်းတွင် ၊ လူထုမှာချဉ်
တပ်လည်းချဉ်ကာ
အင်တပ်မတော်ဖြစ်လတ္တံ………။
Xxxစစ်သားမယား
စစ်ဗိုလ်မယား
လူကြီးမယား
အားလုံးအခေါ်
စစ်ကတော်များ ၊ပမာထားသည့်
ထိုနွားအုပ်ထိန်း
ဂျပ်ပိန်းများကို
``ပတ်ထိန်း´´လို့ သာခေါ်သတတ် ……။ ။

ပေးပို့ သူ…..လူဇော်(ဘန်ကောက်)


Read More...

Saturday, February 14, 2009

14Feb,09….ထိုင်း-မြန်မာနယ်စပ်မှဖဒိုမန်းရှာအောက်မေ့ပွဲ…..

ကရင်အမျိုးသားတို့ ၏တော်လှန်ရေးအတွက်သာမ ကလူမျိုးပေါင်းစုံပြည်သူလူထုကြီး၏ဒီမိုကရေစီတော်လှန် ရေးအတွက်အရေးပါသောသူရဲကောင်းတစ်ဦးဖြစ်သည့်ဖဒိုမန်းရှာသည်၂၀၀၈ခုနှစ်၊ဖေဖော်ဝါရီလ၁၄ရက်နေ

့တွင်မသမာသူလူ၂ဦီး၏လုပ်ကြံခြင်းကိုခံခဲ့ရသည်။ယခု(၁)နှစ်မြောက်အောက်မေ့ဘွယ်အခမ်းအနားကိုသူ့ အပေါ်လေးစားကြည်ညိုကြသူထိုင်း-မြန်မာနယ်စပ်မှရဲဘော်၊ရဲမေအပေါင်းကအမှတ်တရပြုလုပ်ကြသော
ဓာတ်ပုံများဖြစ်ပါသည်။

သတင်းမှတ်တမ်း….မြန်မာပြည်သား

Read More...

14Feb,09...ထိုင်းတောင်ပိုင်းဖန်ငဒေသရောက်မြန်မာလုပ်သားများစုပေါင်းသန့် ရှင်းရေးပြုလုပ်..


ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့ နယ် ထလမု ကျေးရွာတွင်းရှိ လမ်းများကို
THAPLAMU , PHANG NGA အလင်းတံခါး စာကြည့် တိုက်မှကြည့်မှုး၍ ရပ်ကွက်တွင်း ရှိရေလုပ်
သားခေါင်းဆောင်များနှင့် ပူးပေါင်းကာ(ဖေဖေါ်ဝါရီ ၁၀)နေ့က ရပ်ကွက် သန့်ရှင်း

ရေးလုပ်အားပေးခဲ့ကြကြောင်းသိရသည်။
စာကြည့်တိုက်အဖွဲ့ဝင်များနှင့်အတူ ဝေါဗီးရှင်းနှင့် အမ်အက်ဆက်အဖွဲ့တို့ပူးပေါင်း၍လူအင်အား
၅၀ခန့်လုပ်အားပေးခဲ့ကြသည်။
စာကြည့်တိုက်အတွင်းရေးမှူးကိုအုန်းကြိုင်က“စည်းကမ်းမဲ့အမှုက်စွန့်ပစ်မှုတွေကိုစနစ်
တကျဖြစ်စေချင်တာရယ်၊ကျမ္မာရေးကောင်းမွန်းစေရန်အပါအ၀င် ရွာလူကြီးဟာ
ကျနော်တို့စာကြည့်တိုက်က ကျင်းပတဲ့ဟောပြောပွဲတို့ပျော်ပွဲရွှင်ပွဲတို့ကျင်းပခွင့်ပြုတာ
တွေကိုပါကျေးဇူးသိတတ်တဲ့အနေနဲ့ လစဉ် လုပ်အားပေးသွားကြမှာဖြစ်ပါတယ်”ဟု
ပြောသည်။
ထလမုရွာတွင် ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီး အခြားလုပ်ငန်းများအပါအ၀င်
မြန်မာအလုပ်သမားပေါင်း၂၀၀၀ ကျော်ခန့်ရှိသည်။
လမ်းများတစ်လျှောက်တွင် အမှိုက်များ ကောက်ခြင်း ၊ ရေပုတ် မြောင်း များ ပြန်ဖေါ်ခြင်း
များအပြင်၊ အမှိုက်များ စည်းကမ်းမဲ့ မပစ်ရန် သတိ ပေး ဆိုင်းဘုတ်များ ကပ်ခြင်းများကို
နံနက် ၉နာရီမှမွန်းလွဲ၂နာရီ ထိလုပ်အားပေးခဲ့ကြသည်။
အလင်းတံခါး စာကြည့်တိုက် activity
10/02/2009 နေ့  THALAMUS , PANG NGA ခရိုင် တွင် အလင်းတံခါး စာကြည့် တိုက်မှ
လမ်းများတစ်လျှောက်တွင် အမှိုက်များ ကောက်ခြင်း ၊ ရေပုတ် မြောင်း များ ပြန်ဖေါ်ခြင်း ၊
အမှိုက်များ စည်းကမ်းမဲ့ မပစ်ရန် သတိ ပေး sign ဘုတ်များ ကတ်ခြင်းများကို 09း00 နာရီ မှ
14း 00 နာရီ အထိ ပြုလုပ်ခဲ့ ပါသည်။

ပေးပို့ သူ.......ဦးကျော်သောင်း(ဘန်ကောက်)



Read More...

14Feb,09.....ဖဒိုမန်းရှာကျဆုံးမှု(၁)နှစ်မြောက်အောက်မေ့ခြင်းကဗျာ

***သူရဲကောင်း(မန်းရှာ)သို့ ***
``တခေတ်တယောက်
ထွန်းပေါက်ခဲ့သူ
ထွင်းဖောက်ခဲ့သူ
လင်းတောက်ခဲ့သူ
သင့်လိုလူကို
ပြည်သူဦးညွတ်ပါလိမ့်မည်...........´´

သောင်ရင်းနဂါး(မြန်မာပြည်သား)

Read More...

14 Feb, 2009… ရွှေ ပြောင်းအလုပ်သမား(၇)မျိုး

့ကုလသမဂ္ဂက သတ်မှတ်ပြဌာန်းထားတဲ့ ရွှေ့ ပြောင်းအလုပ်သမား အမျိုးအစား
(၇)မျိုးရှိပါတယ်။ ဒီလိုလင်္ကာအတိုအထွာနဲ့  မှတ်ရင်လွယ် ပါတယ်။ အောက်မှာကြည့်ပါ။
"နယ်ခြား၊ ရာသီ.....စီမံ၊ ကမ်းလွန် ထူးတာဝန်ဖြင့်…….ကိုယ်တိုင်အချိန်ပိုင်း
ဤ ခုနှစ်လိုင်း.......စိတ်ပိုင်းရွှေ့ ပြောင်းအလုပ်........."

* အထက်က လင်္ကာကို အကျယ်တ၀ံ့ရှင်းပြရရင်…
(1) နယ်ခြား= နယ်ခြားဒေသအလုပ်သမား (Frontier Worker)
(2) ရာသီ= ရာသီအလိုက်အလုပ်သမား(Seasonal Worker)၊
(3) စီမံ= စီမံကိန်းဆိုင်ရာအလိုက် အလုပ်သမား (project-typeWorker) (4)ကမ်းလွန်= ကမ်းလွန် ပင်လယ်လုပ်ငန်းဆိုင်ရာ အလုပ်သမား (Worker on an offshore installation) (5)ထူးတာဝန်= နိုင်ငံရပ်ခြားမှာ အထုးတာဝန်နှင့်လုပ်ကိုင်တဲ့ အလုပ်သမား (Specified Employment Worker) (6)ကိုယ်တိုင်= နိုင်ငံရပ်ခြားမှာ ကိုယ်တိုင်ရှာဖွေလုပ်ကိုင်တဲ့အလုပ်သမား (Self-employed Worker)
(7)အချိန်ပိုင်း= နိုင်ငံရပ်ခြားမှာ အချိန်ပိုင်းလှည့်လည်လုပ်ကိုင်တဲ့အလုပ်သမား( Itinerant Worker) …. စသဖြင့်
သတ်မှတ်ထားပါတယ်။ ဆက်လက်ပြီး ရွှေ့ ပြောင်းအလုပ်သမား မဟုတ်သူတွေကိုလည်း ဒီလိုဒီပုံ
ခွဲခြားသတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့….
.(1) နိုင်ငံတကာ အဖွဲ့ အစည်းတွေ၊ ရုံးတွေ…။
(2) နိုင်ငံရပ်ခြားများမှာ ငွေအရင်းအနှီးမြုပ်နှံသူတွေ…။
(3) ဒုက္ခသည်တွေ (၀ါ) ဘယ်နိုင်ငံကမှ နိုင်ငံသားအဖြစ် အသိအမှတ်မပြုထားသူတွေ…။
(4) ပညာတော်သင်တွေ။ လေ့ကျင့်ရေးသင်တန်းတက်သူတွေ၊ သင်္ဘော သားတွေ
(သင်္ဘောသားတွေဆိုရာမှာ သူတို့ လုပ်ကိုင်နေတဲ့ သင်္ဘောမှာ စာရင်းသွင်းမှတ်ပုံတင်ထားတဲ့
နိုင်ငံမှာသာ နေထိုင်ခွင့်ရရှိပြီး ၀င်ငွေရတဲ့အလုပ်ကို လုပ်ကိုင်နေမှသာ အကျုံးဝင်ပါတယ်။)
ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ရွှေ့ ပြောင်းအလုပ်သမား မူဝါဒမှာ အထူး သတိပြုရမှာက
ဒုက္ခသည်တွေ၊ ဒုက္ခသည်စခန်းလျှောက်ထားသူတွေ မပါဘူးဆိုတာပါဘဲ…။ အဲဒီလိုပဲ ဒုက္ခ
သည်မူဝါဒထဲမှာ ရွှေ့ ပြောင်း အလုပ်သမားအဖြစ် ၀င်ရောက်လုပ်ကိုင်နေသူတွေဟာ မဆီလျော်၊
အကျုံးမ၀င် ဘူးဆိုတာသတိပြုကြစေချင်ပါတယ်။

(မြန်မာပြည်သား)

Read More...

14 Feb, 2009…ရွှင်ပြုံးတခဏ-ဘောလုံးဟာသ

( ဘာတွေ တိုးလာလဲ…)
လီဗာပူးအသင်း၏ နှစ်ပတ်လည် ဘုတ်အဖွဲ့အစည်းအဝေးတွင် ဖြစ်သည်။
အသင်းပိုင်ရှင်ဖြစ်သည့် တွမ်ဟစ်က အမှာစကားပြောကြားရာတွင်…
``အသင်းရဲ့ အခြေအနေက အားရစရာကောင်းလှပါတယ်။

စီးပွားရေးပိုင်းမှာလည်း မထင်မှတ်လောက်အောင် တိုးတက်လာခဲ့တာ
ဝမ်းသာစရာပါ။ ဒီနှစ်အစပိုင်းမှာဆို မနှစ်ကထက်(၃၀)ရာခိုင်နှုန်းတိုး
လာတယ်။ နောက်(၃)လကြာတော့ (၆၀)ရာခိုင်နှုန်းထိ ဖြစ်လာတယ်။
အဲ… အခုတော့ (၇၅)ရာခိုင်နှုန်းအထိတိုးလာခဲ့ပါပြီ…။´´
ထိုအခါ အစည်းအဝေးခန်းမအတွင်း၌ ရှိနေသည့် အသင်းမန်နေဂျာဘင်နီတက်ဇ်က
``ဘာပဲဖြစ်ဖြစ်တိုးလာ တာတော့ဝမ်းသာစရာပဲပေါ့နော်။ ဒါပေမဲ့
ဘာတွေတိုးလာတာလဲ ဆိုတာတစ်ချက်လောက် ရှင်းပြပါဦး…´´
ဘင်နီတက်ဇ်စကားကြားသော် တွမ်ဟစ်က ခေါင်းကုတ်ပြီး တိုးတိုး
လေးပြောလိုက်ပါသည်။
``အကြွေးတွေပါ…´´

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ….။

Read More...

Friday, February 13, 2009

13Feb,09…..၉၄နှစ်မြောက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မဲဆောက်မှာကျင်းပ


ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ ရှိမြန်မာအမျိုးသမီးများလူမှုကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ (SAW)၏အလယ်တန်းကျောင်းတွင်၉၄နှစ်မြောက်ဗိုလ်ချုပ်မွေးနေ့ (၀ါ)မြန်မာ့ကလေးများနေ့ 

ကိုယနေ့ ကျင်းပခဲ့ကြသည်။ကလေးများ၏ပန်းချီပြိုင်ပွဲ၊ကဗျာပြိုင်ပွဲ၊အားကစားများအပြင်ဗိုလ်ချုပ်
်မိန့်  ခွန်းပြိုင်ပွဲ၊ကျောင်းသားနှင့်ကျောင်းသူချစ် ကြည်ရေးဘောလုံးပြိုင်ပွဲ၊ဆရာနှင့်ဆရာမများချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကိုလည်းယခုနှစ်တွင်ထူးထူးခြားခြားပြုလုပ်သည့်ကိုတွေ့ ရသည်။ဖော်ပြပါဓာတ်ပုံများ သည်မြန်မာပြည်တွင်နည်းအမျိုးမျိုးဖြင့်ပိတ်ပင်ခံနေရသောအမျိုးသားခေါင်းဆောင်ကြီးအပေါ်သူ့ နိုင်ငံ
ံနှင့်သူ့ လူမျိုးတို့ ကမည်မျှအထိလေးစားချစ်ခင်သည်ဆိုသည်ကိုလည်းကောင်း၊ရွှေ့ ပြောင်းအလုပ်သမား
များနှင့်ယင်းတို့ ၏ရင်သွေးငယ်များပျော်ရွှင်ငြိမ်းချမ်းစွာဆော့ကစားကြသည့်များကိုလည်းကောင်းမျက်ဝါး
ထင်ထင်မြင်ကြရပေမည်။

သတင်းမှတ်တမ်း……..မြန်မာပြည်သား


Read More...

13 Feb, 09...အယ်ဒီတာဆယ်ပေါင်တူသို့ပေးစာများ……………..

(ဂျုံမုန့်ကို သိပ်ကြိုက်သူ)
အယ်ဒီတာရှင့်...
ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်တဲ့ (ဂျုံမုန့်လား၊ ဂျုမုံလား တော့မသိဘူး) အဲဒါ သမီးတို့ အရမ်းကြိုက်တာမို့ မြ၀တီက ဖြစ်စေ၊ မဲဆောက်ကဖြစ်စေ၊ (အဲလေ) MRTV ကဖြစ်စေ၊ ပြန်လွှင့်ပေးပါလို့ ပန်ကြားပါရစေ....။
ပေးပို့သူ... ကြက်ဖနှင့် ဂျုံမုန့်ကြိုက်သူများ (ချန်ပီယံသိုးမွှေးစက်ရုံ၊ မဲဆောက်)


xxx ကြက်ဖနှင့် ဂျုံမုန့်ကြိုက်သူများခင်ဗျား....
ဂျုံမုန့်ကြိုက်ရင် အီကြာကွေးနဲ့ နံပြားကိုလည်း ကြိုက်မှာပေါ့နော်(အဲလေ) ဂျူမုံဇာတ်လမ်းတွဲတွေကို နှစ်သက်တယ်ဆိုရင် မြ၀တီရုပ်သံတို့၊ MRTV တို့ကို လှမ်းပြီး စာရေးပါလားဗျာ...။ ကျနော် ဆယ်ပေါင်တူမှာ ရုပ်သံဌာနဖွင့်လှစ်ထားတာမရှိလို့ ခင်ဗျားတို့လို ဂျူမုံ ဇာတ်လမ်းတွဲ ကြိုက်ရင်တောင် အခွေဆိုင်ကငှားရပါတယ်။ အဲဒီတော့ ကျနော်ကကော ဘာများလုပ်နိုင်မှာလဲဗျာ....(နံပြားလုပ်နိုင်တာကလွဲလို့ပေါ့)
ပြန်ကြားသူ.... ဆယ်ပေါင်တူ (ပေးစာစာမျက်နှာ- အယ်ဒီတာ)

10Feb,09…….အယ်ဒီတာဆယ်ပေါင်တူခင်ဗျား……………..
သီချင်းတောင်းချင်လို့ ပါ။ကျနော့သီချင်းတွေပြန်ပေးပါ။ကျွန်တော်မငှားတော့ဘူး။ ချမ်းသာမလားလို့  စီးရီးထုတ်စားခါမှနေပြည်တော်နဲ့ ပိတောက်မြေက အလကားရ တိုင်းနင်းကန်လျှောက်လွှင့်နေတော့ ကျုပ်အဆိုတော်လည်းအခွေမရောင်းရတော့ဘူး။ ပြည်သူတွေကလအလကားရလို့  လေလှိုင်းပေါ်ကနားဆင်ကုန်ကြပြီ။အဲဒီတော့ကျနော့် သီချင်းပြန်ပေးပါလို့  … သီချင်းတောင်းပါတယ်။စိတ်ဆိုးသွားလားမသိဘူး…။လဲသေလို့  ရပါတယ်။လူ့  အခွင့်အရေးရှိတာဘဲ….ကိုယ်ဘာသာကိုယ်လဲသေပေါ့။သူများနိုင်ငံတွေ မှာရုပ်မြင်သံကြားနဲ့  သတင်းတွေလွှင့်ရင်ရာဇ၀တ်မှု၊ နိုင်ငံရေးမှု၊စီးပွားရေး၊အားကစား၊ စတဲ့စိတ်ဝင်စားစရာတွေကို လွှင့်တယ်။မြန်မာပြည်မှာကတော့ရေဒီယိုဆိုရင်သတင်းမလွှင့်ဘဲ အတင်းပဒေသာနဲ့  သီချင်းတွေဘဲအားရပါးရချနေလေရော။ TVမှာဆိုရင်လည်း တိုင်းမှူးတွေ၊ဗိုလ်ချူပ်တွေ အပျင်းပြေလျှောက်ပတ်လှည့်လည်ကြည်ရှုပြီးလိုတာမှာကြား (မှာစား) စားပြီးသောက်ပြီးပြန်သွားကြောင်းသတင်းရရှိပါတယ်ရှင်ဆိုတာချည်းဘဲ။ ပြီးတော့ကြော်ငြာထည့်ချင်လို့  ရမလား…ရတယ်ဆိုလို့ ပါဟိုဟာလေ…
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုဆန့် ကျင်ကြ..။
စစ်အစိုးရအုပ်ချုပ်မှုကိုဆန် ကျင်ကြ..။
ကန့် ကွက်မဲပေးကြ..။
``ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကိုတောင်းဆိုကြ´´စတဲ့ကြော်ငြာထည့်ချင်ပါတယ်။
ကျသလောက်ပေးပါမယ်။

ပေးပို့ သူ………..တေးသံရှင်တစ်ဦး

9Feb,09…..ဆယ်ပေါင်တူထံပေးစာ…..
အယ်ဒီတာဆယ်ပေါင်တူခင်ဗျား………..။
နာဂစ်ကြောင့်နှာကစ်နေကြတဲ့ပြည်သူတွေကိုယ်စားကျွန်တော်ပုဆိန်ရိုးစိန်သိုးစာရေးလိုက်ပါသည်။
ပိတောက်မြေကိုဆက်သွယ်မေးမြန်းခန်းလုပ်ချင်ပေမယ့်လေအောက်ကမြေပိတောက်အဖွဲ့ သားတွေ မာနကြီးကြသည်ထင်ပါသည်။ဟိုတခါလေလှိုင်းပေါ်ကကြားလိုက်ရပါသည်။နာဂစ်ဖြစ်လာတာသဘာ
ဝဘေးအန္တရာယ်ကြောင့်သူ့ ဘာသာဖြစ်လာရတာလူအခွင့်အရေးချိုးဖောက်တာနဲ့ မဆိုင်ဆို လို့ ပါ။ နာဂစ်ကတော့နာဂစ်အခွင့်အရေးမချိုးဖောက်ပါဘူး။သူ့ သဘာဝကအန္တရာယ်ပေးဖို့ တာဝန်ပါပဲ။ နောက်ထပ်အန္တရာယ်ကမုန်တိုင်းမိပြည်သူတွေကိုပေးတဲ့ရိက္ခာကိုစစ်အစိုးရတင်မကပိတောက်မြေအဖွဲ့  သားတွေလည်းနည်းနည်းပါးပါးအရိုးကိုက်ရလို့ မသိမသာနဲ့ သိသိသာသာငြိမ်နေ တယ်လို့ ယူဆပါတယ်။
မုန်တိုင်းနဲ့ နီးတဲ့ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်သတိပေးစက်
တပ်ဆင်ထားပြီလို့ ကြားရပါတယ်။မြို့ လယ်ကောင်ကနာရီစင်ကိုတောင်ဓာတ်ခဲမထည့်နိုင်ပဲနဲ့ ဒီလိုစက် တွေ တပ်ဆင်ထားတယ်ဆိုတာဟုတ်နိုင်ပါ့မလား။နာရီစင်မှာတနှစ်ပတ်လုံး ၄နာရီပဲပြနေလို့ ဝန်ထမ်းတွေ အလုပ် စောစောပြန်ကုန်ကြသလားမသိတော့ပါဘူးဗျာ။ကျနော်ကတော့ပြည်ပအားကိုးလို့ လားမသိဘူးဝလို့ ဖြိုးလို့ ။ မြန်မာပြည်မှာတော့ဈေးဝယ်ထွက်ရင်ပိုက်ဆံကိုဂုံနှီအိတ်နဲ့ ထည့်ပြီးထွက်ဝယ်ရင်တောင်ကန်စွန်းရွက်နဲ့ 
ငပိရည်ပဲရတယ်ပြောတယ်။ပိတောက်မြေအဖွဲ့ သားတွေနင်းကန်အော်နေကြတဲ့``ပြည်ပအားကိုး-ပုဆိန်ရိုး´´
ဆိုတာမှာတရုပ်ကြီးကိုသိပ်အားကိုးတဲ့နအဖစစ်အုပ်စုကိုရောခင်ဗျားတို့ ဘယ်လို ပြောကြမလဲ။
``တရုပ်အားကိုး-မအေ..... ´´လို့ ကျနော်တို့ ပြည်သူတွေက၀ိုင်းပြောကြရင်ပိတောက်မြေကအဲဒီအတိုင်း
လွှင့်ထုတ်ပေးမှာလား......သိချင်ပါတယ်။

ပေးပို့ သူ………..ပုဆိန်ရိုး စိန်သိုး

25Jan,2009…အယ်ဒီတာ…ဆယ်ပေါင်တူထံသို့ ပေးစာများ…..
နေပြည်တော်အသံလွှင်ဌာနကိုစာရေးလိုက်ပါတယ်……
အရမ်းရမ်းကိုမရမ်းပြားစားပြီးချီးကျူးပါတယ်…အရမ်းလည်းတော်ကြပါတယ်…
လမ်းဆုံကဂျမ်းပုံတစ်ယောက်တော့ပြိုင်ဘက်ပေါ်လို့ ဝမ်းသာပြီထင်ပါရဲ့ …။
ပိတောက်မြေကဆီးသီးသည်မဗျိုင်းလား ငါးစိမ်းသည် … မရိုင်းလားတော့မသိဘူး…။
မိုးတောင်မလင်းသေးဘူး … သူများအတင်းတုတ်တော့တာဘဲ…။ BBC,VOA,RFA,ကသတင်းကိုလွှင့်နေတာပါ..။အခုနေပြည်တော်ပိတောက်မြေအုပ်စု
ကတော့သတင်းမလွှင့်ဘဲနဲ့ အတင်းဘဲတုတ်တော့တာဘဲ..။ဗမာပြည်မှာလူ့ အခွင့်အရေး
ချိုးဖောက်တယ်ဆိုတာနာဂစ်မုန်တိုင်းဒုက္ခသည်ရဲ့ ရပိုင်ခွင့်တွေကိုခင်ဗျားတို့ အုပ်စုက၀ိုင်း
ဝါးထားပြီးတော့..။သူခိုးကလူပြန်မဟစ်ပါနဲ့ လို့ ပြောချင်တာပါ..။ သီချင်းကောင်း ကောင်း ဘဲလွှင့်ပါ.။အတင်းတွေခဏဖယ်ထားပေးပါ….။လမ်းဆုံက ဂျမ်းပုံနဲ့ ငါးစိမ်းသည်မရိုင်းတို့ အပြိုင်ကျဲချင်ရင်တော့ကျွန်တော်ဒိုင်လုပ်ပေးပါရစေ..။ကြိုးဝိုင်းပေါ်မှာချဲကြပေတော့ဗျား။
ကျွန်တော်ကငပျင်းပါ..။သတင်းကိုမြတ်နိုးပြီးအတင်းကိုအရမ်းမုန်းသူပါ..။

ပေးပို့ သူ…မောင်းပျင်း(ရမည်းသင်း)

6 Jan, 2009 ဆယ်ပေါင်တူထံ ပေးစာ....
နေပြည်တော် အသံလွှင့်ဌာနကို စာရေးလိုက်ပါတယ်- ကျနော် ပျဉ်းမနားက ငတက်ပြားပါ- နေပြည်တော်ကို အရမ်းအရမ်းကို မြတ်နိုးချစ်သူပါ- အထူးသဖြင့် မမတွေကိုပေါ့- ၆၁နှစ်ပြည့်ပြီးဖြစ်တဲ့ လွတ်လပ်ရေးကို တပ်မတော်သားတွေကာကွယ်ထားတာ ကျေးဇူးတင်ပါတယ်-
ဒါပေမယ့် ကာတော့ကာကြပါ- ကွယ်တော့မကွယ်စေပါစေနဲ့လို့ သတိပေးချင်လို့ပါ- နောင်လာနောင်သား သားသမီးတွေက ဗိုလ်ချုပ်ဆိုတာ လွတ်လပ်ရေးဖခင်လို့ပြောတာနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပြောတာလားလို့ မေးကုန်ဦးမယ် ပြီးတော့ နေပြည်တော်အသံကို စေတနာနဲ့ သတိပေးတာပါ- အမေရိကန်အကြောင်း သွားအာမချောင်ပါနဲ့လို့ တော်ကြာ အမေရိကန်လာထုလို့ ကြပ်ပြေးကနေ မီးသွေးဖြစ်ကုန်မယ်- သီချင်းတွေနားမထောင်ရဘဲ အခွေဝယ်နေရင် မချောင်ဘူး- သြော် ဒါနဲ့သီချင်းတောင်းချင်လို့ နော်ဝေ- ဆွီဒင်- သြစတြလျ- အမေရိကန်- ကနေဒါကို စစ်ဗိုလ်တွေလိုက်ဖမ်းလို့ထွက်ပြေးရင်းနဲ့ ရောက်နေတဲ့ သူငယ်ချင်းတွေကို သတိရလက်ဆောင် ပါးချင်ပါတယ်- သီချင်းနာမည်က `သွေးမပြောင်းတဲ့ ခွပ်ဒေါင်း´ သီချင်းကို တစ်နေ့ ၁၀-ကြိမ်လွှင့်ပေးပါလို့ …..=
ပေးပို့သူ….ပျဉ်းမနား - ငတက်ပြား….

1Jan, 2009… အယ်ဒီတာ ဆယ်ပေါင်တူခင်ဗျား….
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်သည် (လေးဆူဓါတ်ပုံ-ရွှေတိဂုံ)ဟူသည်နှင့်အညီ ကြည်ညိုဘွယ်အတိ ဖြစ် ပါသည်။ သို့ရာတွင် ဤရွှေတိဂုံစေတီနှင့် ပုံစံတူဟု ဆိုကာ နေပြည်တော်(ကြပ်ပြေး)တွင် ဥပ္ပါတသန္တိစေတီကို ၂၀၀၉-ခုနှစ် မတ်လ (တပေါင်းပွဲတော်)အမှီဆိုကာတပ်မတော်နေ့ မှာစေတီဖွင့်ပွဲ လုပ်မလားမသိပါ။ယခုအခါနေပြည်တော် ပျဉ်းမနား၊ နေပြည်တော်လယ်ဝေး၊ နေပြည် တော် တပ်ကုန်းမြို့နယ်များရှိ ရပ်ရွာလူထုထံမှ` မထည့်မနေရအလှူငွေ´များကို ရယကနှင့် ကြံ့ဖွံ့များက ဦးစီး ကာ ကောက်ခံနေပါသည်။ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီသည် အတင်းအကြပ်အလှူငွေကောက်ခံစရာမလိုပဲ ဘုရားဖူးသူ ပြည်သူအများက မိမိ တို့သဒ္ဓါတရားဖြင့် ထည့်ဝင်လှူဒါန်းသွားကြပါသည်။ မိမိတို့ နေပြည်တော်မှာတော့ဗျာ….။
ညောင်လွန့် ကျေးရွာသားတစ်ဦး…(နေပြည်တော် တပ်ကုန်းမြို့နယ်)

30 Dec, 2008… ဆယ်ပေါင် တူထံပေးစာကဏ္ဍ…
နေပြည်တော် မြန်မာ့အသံကို အထူးကျေးဇူးတင်ပါသည်။ တိတ်ခွေဈေးကြီး၍ ၀ယ်နိုင်မှုအင်အား မရှိပါသော ကြောင့် အခွေဝယ်ရသက်သာပါသည်။ သို့သော်လည်း သီချင်းအပြီးကြားမှာ ပေါက်ကရလျှောက်အော်မယ့်အ စား မိုးလင်းမိုးချုပ်သီချင်းသက်သက်လွှင့်ပေးပါ။ အဆိုတော်တွေလည်းစီးရီးများများထုတ်ပြီး နေပြည်တော်အ သံလွှင့်ဌာနမှ လွှင့်ထုတ်ပေးပါ။ အခွေဈေးကြီး၍ မ၀ယ်နိုင်ပါ။အခုနေခါအခွေ ထုတ်ကအရင်းပြုတ်ရုံသာရှိမည်ထင် ပါသည်။ နေပြည်တော်ကလည်း လက်ဆောင်ပို့ပေးပါဦးလို့ ။ပြက္ခဒိန်အစား ပြည်သူများထံမလှိမ့်တပတ်ဖြင့်ပို့  ပေးနေကြဖြစ်သောပါဆယ်ဗုံး....စသည်ဖြင့် ပို့ပေးပါ။ စောင့်မျှော်နေပါမည်။
ပေးပို့သူ… (နင်းပြား- ပျဉ်းမနား)

29 Dec, 2008… ဆယ်ပေါင်တူထံပေးစာကဏ္ဍ…
နေပြည်တော် ပျဉ်းမနားတွင် တကယ်ပေါသော ပျဉ်းမနားမျှစ်ချဉ်ပို့ပေးပါ။ စစ်ဗိုလ်တွေလည်း မျှစ်စားပြီး အချစ် စကားတွေရွာရိုးကိုးပေါက် မိန်းမချောတွေလိုက်ပြောနေမည်ထင်ပါသည်။ မုဆိုးမနှင့် တစ်ခုလပ်မကျန်အာ ချောင်နေသော တပ်မတော်သားအားလုံးကိုလည်း ကြည့်ထိန်းပေးပါဦးလို့…။

ပေးပို့သူ… အပ်လုံး- (နေပြည်တော်တပ်ကုန်း)
မှတ်ချက်။ ။ ဆက်လက်ပေးပို့ကြပါရန် ကွမ်းသီးရပ်ခံ(အဲလေ)မေတ္တာရပ်ခံပါသည်။
တာဝန်ခံအယ်ဒီတာ= ဆယ်ပေါင်တူ….

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)