ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 31, 2009

ဟက်ပီးနယူးရီးယား

`ဟေ့… ဂျုမုံ၊ နင်နေကောင်းလား၊ ဟက်ပီးနယူးရီးယားနော်´ ဟု ၂၀၀၉-ခုနှစ် ဒီဇင်ဘာလ ၃၁-ရက်နေ့ည ၁၂-နာရီ တိတိ (တစ်စက္ကန့်ပင်မစွန်း) သော အချိန်တွင် ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်စန်းစန်း (ယခု MPU)က ဖုန်းကွန်တက်လုပ်လာကြောင်း၊ ဤသို့ ဂျုမုံနှင့် မိမိအား လွှဲမှားစွာ နူတ်ဆက်ခံရတာကို မဲဆောက်မြို့ လေထန်ကုန်း လ္ဘက်ရည်ဆိုင်မှ ကျစိမ့်တီး တစ်ကရား အ၀တိုက်ကာ ၀မ်းချုပ်စေတာနှင့် တူနေကြောင်း မီဒီယာအကျော်အမော် တောပျော် မန်းမျိုးမြင့်က လေထန်ကုန်းကဖေးတွင် သတင်းစာရှင်းလင်းပွဲလုပ်၏။
တဖန် မဲဆောက်မြို့ရှိ ချန်ပီယံ (ခေါ်) အက်စ်ဒီ ဖက်ရှင် စက်ရုံမှ မကြက်ဖကြီးက မြန်မာပြည်သားအဖွဲ့ (JACBA)၏ တိုက်ရဲသူရိပ်သာသို့ ထိုနေ့တွင်ပင် အလည်လာရင်း ဤသို့ မေးလေသည်။ `ဂုရုဆန်ရေ။ ဟို… ဂျုံမှုန့်အခွေတွေ ဘာတွေမရှိဘူးလား၊ သမီးတို့ ကြည့်ချင်လို့´ တဲ့။ ထိုအချိန်တွင် ဂျုမုံ (ခေါ်) ဂျုံမှုန့်တို့ နိုင်ငံဖြစ်သော ကိုရီးယားနိုင်ငံမှာဂျုံမှုန့်ဈေးနှုန်းများ ကောင်းကင်ထက်ဝယ် ၀ဲပျံသွားကြောင်း ကြားသိရလေသည်။ ထိုသို့ ကိုရီးယားနိုင်ငံတွင် ဂျုံမှုန့်ဈေးနှုန်းများ တဟုန်ထိုးတက်သွားသည့် နည်းတူ ထိုင်း-မြန်မာနယ်စပ်မှ ဂျုံထုတ်လုပ်သူများ သမဂ္ဂမှ အလုပ်သမားများက ဆန္ဒပြမည် တကဲကဲလုပ်နေသဖြင့် အလုပ်သမားရေးရာဝန်ကြီး ခွန်မြင့်ထွန်းက အပူတပြင်းဖြေရှင်းနေရလေသည်။ အလုပ်သမားရေးရာဝန်ကြီး ခွန်မြင့်ထွန်းနှင့် အလုပ်သမားသမဂ္ဂများ ဒူးတိုက်၊ ခေါင်းတိုက်၊

တကိုယ်လုံးတိုက် ဆွေးနွေးနေကြစဉ်ပင် ဂျုံအလုပ်သမားများအတွင်း၌ `ဂျုမုံနှင့် ဂျုံမှုန့်သည် သပ်သပ်စီဖြစ်ကြောင်း´က တဖက်၊ `ဂျုမုံနှင့် ဂျုံမှုန့်သည် အတူတူသာဖြစ်ကြောင်း၊ နားကြားလွဲကာ ဝေါဟာရ ကွဲပြားသွားရကြောင်း´က တဖက်၊ ငါက စာတတ်သည်၊ မင်းကစာမတတ် စသည်ဖြင့် ပညာရေးဆိုင်ရာ အငြင်းပွားမှုပါ ပါဝင်နေသဖြင့် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားကျောင်းအချို့ကို လိုက်လံလေ့လာနေသော ပညာရေးဝန်ကြီး ဦးထွန်းဝင်းမှာ ရောက်ရာခရီးမှ နောက်ကြောင်းသို့ အမြန်လစ်ပြေးခဲ့ရသည်ဟူသတတ်။
ဂျုံမှုန့်ပြဿနာသည် ဂျုံထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအတွင်း `စာတတ်ခြင်း၊ မတတ်ခြင်း၊ ဆိုတာကြီးနှင့် မိမိ၏ ပညာရေးဝန်ကြီးဌာန မည်သို့ မည်ပုံ ဆက်စပ်မှုရှိပါသနည်း´ ဆိုသည်ကို ခေါင်းတဗျင်းဗျင်းကုတ်ကာ ဦးထွန်းဝင်း စဉ်းစားရပါတော့သည်။ ဘယ်လိုမှ စဉ်းစားမရသည့်အဆုံး၌ အနီးရှိ အဂ္ဂမဟေသီကြီးထံ မေးငေါ့ကာ မဟေသီမဂ္ဂဇင်းကိုရော၊ သောင်းပြောင်းထွေလာ မဂ္ဂဇင်းကိုပါ အတင်းလှန်လှောရှာဖွေရပါတော့သည်။
ထိုသို့ ၀န်ကြီး ဦးထွန်းဝင်း ကြံရာမရဖြစ်နေစဉ်တွင် ဇိနတ္ထပကာသနီကျမ်းကြီးက တဖက်၊ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကြီးက တဖက်၊ လက်တွင်ကိုင်ကာ ချီတက်လာတာက နိုင်သောင်းရှိန် (ခေါ်) စာရေးဆရာ ရာဇာဓိရာဇ်ဖြစ်ပါသည်။
၎င်း ကိုင်လာသော ဇိနတ္ထပကာသနီကျမ်းကြီးအား ဦးထွန်းဝင်းအိမ်အ၀၌ သံတို သံစနှင့် ပလတ်စတစ်၊ စက္ကူ အဟောင်းရော အကောင်းပါ ရောင်းဝယ်သော ကုလားဆာမိက `အလိုး… ဆရာ´ ဟု နူတ်ဆက်သည်တွင် နိုင်သောင်းရှိန်က `ဟဲ့… ကုလား၊ မင်းငါ့ကို စကားကောင်းကောင်းပြော၊ လူကနေပေမယ့် ငါ့လက်မှာ ကိုင်ထားတဲ့ ဇိနတ္ထပကာသနီ ကျမ်းကမနေဘူး၊ မင်းခေါင်းကို ဒေါင်းကနဲ ဒေါင်းကနဲမြည်အောင် ထုနိုင်တယ်ကွ´
`အား… ဇရာ၊ ကုလားနော် ဇရာပြောတဲ့ ပတ္တားနီကို အရမ်းကြိုက်တယ်။ ဇရာ့မှာပါရင် ကုလားအားများကြီးစားပစ်လိုက်မယ်။´
`တယ်… ဒီသောက်ကုလားက တမှောက်၊ မင်းလုပ်မှပဲ ဇိနတ္ထပကာသနီလည်း ပတ္တားနီဖြစ်တော့တယ်။ သွားကွာ… သွား´
သို့ဖြင့် နိုင်သောင်းရှိန်တစ်ယောက် ဦးထွန်းဝင်း အိမ်သို့ ကျမ်းကြီး ကျမ်းငယ်ကိုင်ကာ ပေါက်ချလာသည်ဟူသတတ်။
တဖက်တွင်လည်း ထိုင်း-မြန်မာနယ်စပ် မီဒီယာဥက္ကဌ အန်ဒါမန်ဟီးရိုးက ဟက်ပီးနယူးရီးယား အထိမ်းအမှတ်အဖြစ် ၄င်း အိမ်တွင် ပတ်ဝန်းကျင်မှ ကလေးများအား ကိုရီးယားလုပ် ကင်ချီစတိုင် အထူးပြုလုပ်ကျွေးမွေးရာ ဖျော်ဖြေရေးအနေဖြင့် `ဂျုမုံ သူရဲကောင်း´ဇာတ်ကားကို ပြသလေသည်။ ဤတွင် ၄င်း၏ ချစ်ဇနီးက နာမည်ကြီး အိန္ဒိယဇာတ်ကား တစ်ကားအား ပြသရန် အောက်စက်ဖွင့်လိုက်ချိန်တွင် စားရင်း သောက်ရင်း ဂျုမုံကား အားပေးကြသော ကလေးမင်းအပေါင်းတို့က ဂျုမုံကားကိုပင် ဆက်ပြရန် ဆန္ဒပြကြလေသည်။
အခြားတနေရာတွင်လည်း မဲဆောက်မြို့၊ မယ်ပရွာ တောရကျောင်းမှ ဆရာတော် နှစ်ပါးဖြစ်သော ဦးမဟိန္ဒနှင့် ဦးခေမာစာရတို့သည် ကျောင်းအရေး၊ ဘုန်းကြီးအရေး၊ သာရေး၊ နာရေး၊ လူမှုရေးကိစ္စများအား ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးပြီးကြချိန်တွင် သီတင်းသုံးဖော် သံဃာအချို့က စိတ်ပြေလက်ပျောက်အနေဖြင့် အောက်စက်ကို ဖွင့်ပါတော့သည်။ ကဲ… ပရိသတ်…။ အဲဒီ ကိုယ်တော်တွေ ဖွင့်ချလိုက်တာက `ဂျုမုံ´ ဇာတ်ကားတွဲဖြစ်လေတော့ တောရကျောင်းအကြီးအကဲ ဆရာတော်နှစ်ပါးက… `ဂျုမုံလည်း မကြည့်လို၊ ဂျုံမှုန့်လည်း မသိလို၊ ငါတို့ကြည့်လိုတာက ဂျိမ်းဘွန်း´ဟုဆိုကာ တော်ရာသို့ ထွက်ခွာသွားကြ လေသတတ်။
ဟော… သောင်ရင်းမြစ် ကမ်းနဖူးဒေသ မယ်တော်ကျေးရွာအတွင်းက အောက်လှေဂိတ် (ခေါ်) ကုတို့ဆိပ် (၁၇) ခုမှ မဲဆောက်မြို့ဆီကို ၀င်လာကြသော မြန်မာပြည်သားများမှာလည်း အဆိုပါ ဂိတ် အသီးသီးကို မောကြီး ပန်းကြီး ရောက်လာသည့်အခိုက် အနီးနားက လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ဖျတ်ကနဲ လှမ်းအကြည့်ဝယ် `ဂျုမုံ သူရဲကောင်း´ ဇာတ်ကားတွဲဖြစ်စေ၊ ကိုရီးယားဇာတ်ကားတွဲတစ်ခုခု ဖြစ်စေ၊ ပြသနေကြတာကို ကြုံကြရပါသတဲ့။
ဟုတ်ကဲ့ပါ…။ အခု ဖြတ်သန်းခဲ့တဲ့ ၂၀၀၉ ခုနှစ်ဟာ ဘ၀အမောနဲ့ သောကအပူတွေကို သူ့အပူ ကိုယ့်အပူ မျှဝေ၊ ငှဝေယူခဲ့ကြရတဲ့ နှစ်တစ်နှစ် ဆိုရင်မမှားပါဘူး။ ကိုင်း…။ အခုလာမယ့် ၂၀၁၀ ခုနှစ်ကကော ဘယ်လိုထင်ကြသလဲ။ ဒီကနေ့ ဒီဇင်ဘာလ ၃၁-ရက်နေ့ည ၁၂-နာရီကျော်ရင် ၂၀၁၀ ခုနှစ်ထဲကို ချီးနင်း (အဲလေ) ချင်းနင်းဝင်ရောက်လာကြပြီနော်။ ကျနော်တို့တတွေ ဂျုမုံ သူရဲကောင်းလို ဖြစ်ချင်တာတွေ ရှိချင်ရှိနေကြမှာပါ။ အဲဒီလိုပဲ `ရမ်ဘို´လို ဇာတ်လိုက်ကျော်တွေ လုပ်ခွင့်ရရင် လုပ်လိုကြမှာပါ။ ဒါ့အပြင် ဟက်ပီးနယူးရီးယား….(Happy New Year) ဆိုတာကို (Heavy New Year) လို့ နားကြားလွဲပြီးတော့ ပြုံးထေ့ထေ့နဲ့ ပြောချင်ရင် ပြောနေကြမှာပါ။ ဂုရုဆန်က ကဗျာဆရာ မောင်လွမ်းဏီကို ` ဟက်ပီးနယူးရီးယား…´ လို့ ဖုန်းထဲကနေ နူတ်ဆက်တဲ့အခါ သူက `ဟေ့လူ…။ လဲဗီးနယူးရီးယားလို့ မဆဲနဲ့လေဗျာ´တဲ့။
ဟုတ်ကဲ့…။ ကျနော်တို့တတွေ ဒီနေ့ည ၁၂-နာရီကျော်က စလို့ ဟက်ပီးနယူးရီးယား….(Happy New Year)… ဟက်ပီးနယူးရီးယား….(Happy New Year) … ဟက်ပီးနယူးရီးယား….(Happy New Year)… ထုံးတမ်းစဉ်လာအတိုင်း ရင်ထဲကတမျိုး၊ ပါးစပ်ကထွက်တော့ တဖုံနဲ့………….။ ဟုတ်ကဲ့… ဟက်ပီးနယူးရီးယား….(Happy New Year)……………..။

မှတ်ချက်။ ။ ပျော်စေ ကလက်စေ အရေးတထွေဖြင့် ရင်းနှီးစွာ ရေးသားပါသည်။


***ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)***


Read More...

ဆယ်စုနှစ်တစ်ခုကို နောက်ပြန်လှည့်ကြည့်ခြင်း

ဘာလိုလိုနဲ့ နှစ်တစ်နှစ်တောင် ကုန်တော့မှာပဲနော်။ ကျွန်တော်လည်း နှစ်သစ်ရောက်တော့မယ်ဆိုတော့ အရင်နှစ်တွေတုန်းကလိုပဲ နှစ်တစ်နှစ်လုံးစာက အဖြစ်အပျက်တွေကို review ပုံစံနဲ့ ပြန်ရေးဖို့ အချက်အလက်တွေစုနေတုန်း ဒီအပတ် (ဒီဇင်ဘာ ၇ ရက်) ထုတ်တိုင်းမ်မဂ္ဂဇင်းကို ဖတ်လိုက်ရတယ်ဗျ။ မျက်နှာဖုံးဆောင်းပါးရဲ့ ခေါင်းစဉ်က The decade from hell တဲ့။ ငရဲခန်းထဲက ဆယ်စုနှစ်ပေါ့ဗျာ။ ဒီခေါင်းစဉ်လေးတွေ့မှပဲ ၂၀၀၉ ခုနှစ်ဟာ နှစ်တစ်နှစ်ကုန်ဆုံးရုံတင်မကပဲ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်တစ်ခု ကုန်ဆုံးတာပါလား ဆိုတာကိုလည်း သတိပြုမိတယ်။ ပြီးတော့ ဆောင်းပါးရှင်ရေးပြထားတဲ့ ဆယ်စုနှစ်တစ်ခုစာ အချက်အလက်တွေကို တွေ့လိုက်ရတော့မှ ကမ္ဘာကြီးပေါ်မှာ ဒီဆယ်စုနှစ်ဟာ အဆိုးရွားဆုံးအဖြစ်အပျက်တွေနဲ့လွှမ်းမိုးခဲ့တယ်ဆိုတာကို ပြန်ပြီးတွေးမိတယ်ဗျ။

လတ်တလောဖြစ်နေတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်အပါအ၀င် သမိုင်းမှာရှိခဲ့ဘူးတဲ့ အဆိုးရွားဆုံးစံချိန်တွေကို ရိုက်ချိုးနိုင်လောက်တဲ့ လူလူချင်းလုပ်ကြံမှုတွေ၊ သဘာဝဘေးဒဏ်တွေ၊ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့တဲ့ရောဂါဆန်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဆယ်စုနှစ်တစ်ခုလည်း ဖြစ်ခဲ့တယ်လို့ ဆိုတယ်ဗျ။ ဒါကြောင့်လည်း ဒိဆောင်းပါးရဲ့ ဒုတိယခေါင်းစဉ်ကို ဆောင်းပါးရှင်က အဆိုးရွားဆုံးဆယ်စုနှစ်လို့ တပ်ခဲ့ဟန်တူပါတယ်။

ဆယ်စုနှစ်ရဲ့ပထမဆုံးနှစ်ဖြစ်တဲ့ ၂၀၀၀ ပြည့်နှစ်ကို ရောက်ပြီဆိုတာနဲ့ ပထမဆုံး ဇန်န၀ါရီလ (၁)ရက်နေ့မှာပဲ Y2K ဗိုင်းရပ်ပြဿနာနဲ့ စပြီးရင်ဆိုင်ရတော့တာပဲ မဟုတ်လား။ အဲဒီအချိန်တုန်းကတော့ ကွန်ပျုတာပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေအတွက်ကတော့ တစ်ကယ့်ကို ခေါင်းခဲစေခဲ့ ပြဿနာတစ်ခုပါပဲ။

အဲ ပြီးတော့ နောက်တစ်နှစ် ၂၀၀၁ ခုနှစ်ထဲရောက်တော့လည်း ကျွန်တော်တို့တွေ တစ်ခါမှ စိတ်ကူးတောင်ယဉ်မကြည့်ဘူးခဲ့တဲ့ 9/11 ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့ပြန်တယ်။ အမေရိကန်တွေအတွက်ရော တစ်ကမ္ဘာလုံးအတွက်ပါ ဘယ်လိုမှမေ့ပျောက်မရနိုင်တဲ့ စစ်ဖြစ်ပွားခြင်းကြောင့်မဟုတ်ပဲ အဆိုးရွားဆုံးလူလူခြင်းသေစေမှုကြီးလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော်သေဆုံးခဲ့ရတယ် မဟုတ်လား။

၂၀၀၂ ခုနှစ်ရောက်တော့ ဘာလီကျွန်းဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြန်တယ်။

၂၀၀၃ ခုနှစ်မှာတော့ မြန်မာပြည်မှာပဲ စစ်အာဏာရှင်တွေက ဦးဆောင်ပြီး အစုအပြုံလိုက် လှောင်ပိတ်သတ်ဖြတ်တဲ့ ရာဇ၀င်မှာ ရမ်းကားဆိုးသွမ်းမှုနဲ့ စံတင်လောက်တဲ့ ဒီပဲယင်းလူသတ်ပွဲကြီး၊ တနည်းအားဖြင့် နှိင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွါးခဲ့တယ်။ ပြီးတော့တခါ တရုတ်တိုင်ပေမှာ သူတို့နိုင်ငံမှာ လူလူချင်းကူးစက်လွယ်တဲ့ SARS ရောဂါဗိုင်းရပ်ပိုး တစ်မျိုးကိုတွေ့ရှိကြောင်း တရားဝင်ကြေငြာတယ်။ ပြီးတော့ အာရှတိုက်ရဲ့ ခရီးသွားလုပ်ငန်းတွေ အဆိုးရွားဆုံး ထိခိုက်ခဲ့ရပြန်တယ်။

၂၀၀၄ ခုနှစ် နှစ်ကုန်ခါနီးအချိန်ရောက်တော့ ကမ္ဘာကိုတုန်လှုပ်သွားစေမယ့် သဘာဝဘေးအန္တရာယ်ဆိုး တစ်ခုနဲ့ ရင်ဆိုင်ရပြန်တယ်။ အန္ဒိယသမုဒ္ဒရာ အတွင်းမှာ ဗဟိုပြုခဲ့တဲ့ ဆူနာမီငလျင်လှိုင်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို အာရှတိုက်နဲ့ အာဖရိကတိုက် နှစ်ခုမှာရှိတဲ့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်က ပြည်သူတွေ ခံစားခဲ့ရပြန်တယ်။ ဒီဆူနာမီလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် လူဦးရေ နှစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြန်ပါတယ်။

၂၀၀၅ ခုနှစ်အရောက်မှာတော့ မြောက်ကိုရီးယားနိုင်ငံက သူ့မှာဖျက်အားပြင်း နူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်တယ်။ ဒါနဲ့ မရှေးမနှောင်းမှာပဲ အင်ဒိုနီရှားနိုင်ငံက လူကိုပါကူးစက်နိုင်တဲ့ ကြက်တုပ်ကွေးရောဂါပိုး(H5 N1) တွေ့ရှိကြောင်း ကြေငြာတယ်။

၂၀၀၆ ရောက်တော့ စံချိန်တင်လောင်စာဆီဈေးမြင့်တက်မှုက ကမ္ဘာကိုခြိမ်းခြောက်လာတယ်။ ပြီးတော့Israel နဲ့ Hizballah တို့ကြား လက်ဘနွန်မှာ စစ်ပွဲဖြစ်ပွားတယ်။

၂၀၀၇ စက်တင်ဘာမှာတော့ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ သိပ်ဆိုးရွားရမ်းကားမှုနှင့်စံတင်လောက်တဲ့ မြန်မာနှိင်ငံက ရဟန်းသံဃာတော်တွေ ဦးဆောင်တဲ့ မြန်မာပြည်ကရွှေဝါရောင်တော်လှန်ရေးပဲ။ တနည်းအားဖြင့် စစ်အာဏာရှင်တွေက ဗုဒ္ဓဘာသာ ဘုရားသားတော်တွေ၊ ကျောင်းသားပြည်သူမိဘတွေကို၊ သူတို့အာဏာတည်မြဲရေးအတွက် လူမဆန်စွာ ရက်ရက်စက်စက်ပြစ်ခတ်သတ်ဖြတ်တဲ့ မြန်မာပြည်က လူသတ်မှုကြီးပါပဲ။ ဂျပန်သတင်းထောက်တယောက်ပါ အသက်ပေးသွားခဲ့ရတဲ့ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွါးခဲ့တယ်။

၂၀၀၈ ရောက်ပြန်တော့တခါ မြန်မာနိုင်ငံသမိုင်းမှာတစ်ခါမှာ မကြုံဘူးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်မှုကို ခံရတယ်။ နာဂစ်မုန်တိုင်းအပြီး သိပ်မကြာခင်မှာပဲ တရုတ်နိုင်ငံ စီချွမ်ငလျင်ကလည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စီးစည်တွေကို ချွေခဲ့ပြန်တယ်။ ပြီးတော့ အန္ဒိယနိုင်ငံ မူဘိုင်းမြို့ လုပ်ကြံမှုကြီးကလည်း ပြည်သူ ၁၇၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့ပြန်တယ်။ နှစ်ကုန်ခါနီးရောက်တော့ နှစ်အစပိုင်းကတည်းက အစပြုလာတဲ့ အမေရိကန်နိုင်ငံရဲ့ စတော့ရှယ်ရာမာကက် လဲပြိုစပြူလာတယ်။

၂၀၀၉ အရောက်မှာတော့ ၂၀၀၈ ခုနှစ်နှောင်ပိုင်းမှာ အားကောင်းလာတဲ့ အမေရိကန်နိုင်ငံက အစပြုခဲ့တဲ့ စီးပွားရေးဆုတ်ယုတ်မှုဟာ စီးပွားပျက်ကပ်အသွင်ပြောင်းလဲပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမောက်ကမဖြစ်စေခဲ့တယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာလူတုပ်ကွေးရောဂါ (A H1N1) ကို တစ်ကမ္ဘာလုံးကို ကပ်ရောဂါအသွင်နဲ့ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဆင့်သတ်မှတ်ချက်တွေနဲ့ ထုတ်ပြန်ကြေငြာတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုအဆိုးဆုံးဖြစ်ရပ်တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမကြာခင် ကုန်ဆုံးတော့မယ်။ ဒါကိုပဲ ဆောင်းပါးရှင်က ငရဲခန်းထဲက ဆယ်စုနှစ်ဆိုပြီးထောက်ပြခဲ့တာပါ။ ဘာပဲပြောပြောပါ အဆိုးဆုံးဆိုတဲ့ အရာတွေထဲကနေ အကောင်းဆုံးဆိုတဲ့ ပြန်လည်တည်ထောင်မှုတွေ၊ အားယူမှုတွေကပဲ လူသားတွေအတွက် ရှေ့ဆက်သွားရမယ့် အကောင်းဆုံးလမ်းတွေပဲမဟုတ်လား။

မကြာခင်နှစ်သစ်ကူးတော့မယ်။ နှစ်ဟောင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုးတွေဆီကနေ သမိုင်းသင်ခန်းစာယူရင်း ရှေ့လာမယ့်နှစ်သစ်မှာ အားသစ်တွေနဲ့ ကမ္ဘာကြီးမှာ အကောင်းဆုံးဆိုတဲ့ အရာတွေကိုလုပ်ပြနိုင်ဖို့ကသာ ကျွန်တော်တို့လူသားတွေရဲ့ တာဝန်မဟုတ်လား။ ပြီးတော့ ကမ္ဘာကြီးမှာ မလိုအပ်တဲ့ အငြိုးအတေးတွေနဲ့ စစ်ပွဲတွေ၊ လူလူချင်း သတ်ဖြတ်မှုတွေအပြင် သဘာဝဘေးဆိုးတွေ၊ ကပ်ရောဂါဆိုးတွေ ဘေးကနေ နည်းနိုင်သမျှနည်းနိုင်ပါစေကြောင်း ဆုတောင်းလိုက်ကြရအောင်။

***လင်းထင်***
http://linhtin.co.uk.pn

Read More...

ဒီလောက် မတုံးပါဘူး…

***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

ဘောလုံးဝါသနာအိုး အဘိုးအို ၂-ယောက်သည် မန်ယူအသင်း၏ပွဲစဉ်တစ်ခုအား ကြည့်ရှုရန်ရောက်လာ ကြသည်။ လက်မှတ်ဖြတ်ရန် ဂိတ်သို့အရောက် အဘိုးအိုတစ်ဦးမှာ မိမိတစ်ကိုယ်လုံးအနှံ့ လက်မှတ်ရှာဖွေလေ တော့သည်။ ကုတ်အင်္ကျီအိတ်၊ အပေါ်ရုံအင်္ကျီ၊ ဘောင်းဘီအိတ်၊ စုံလင်အောင် ရှာဖွေသော်လည်း လက်မှတ် ကမတွေ့။
ထိုအခါ လက်မှတ်စစ်က `ခဏလောက်ဗျာ၊ အဘိုးပါးစပ်ထဲက ဘာလဲဗျ။ ဟား… လက်မှတ်က ပျောက်နေ တယ် မှတ်လား။ ပါးစပ်ထဲရောက်နေတာကိုး။´

အားကစားကွင်းအတွင်းရောက်သောအခါ လက်မှတ်ရှာသော အဘိုးအိုအား သူ၏ မိတ်ဆွေက `ခင်ဗျားနှယ်ဗျာ။ လက်မှတ်ကိုပါးစပ်ထဲ ထည့်ထားပြီး မေ့ရတယ်လို့။ အင်းလေ အသက်ရွယ်ကစကားပြောလာပြီကိုးဗျ´
ထိုအခါ အဘိုးအိုက `ကျုပ် ဒီလောက်တုံးပါ့မလားဗျ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက လက်မှတ်မို့လို ရက်စွဲပျက်အောင် ကိုက်ဖျက်နေတာဗျ´ဟူ၏။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

လူထုကျန်းမာရေး (ဆီးကျိတ်ကင်ဆာလူနာများနှင့် မိမိကိုယ်ကို သတ်မသေရေး)

*** (Public Health)***
*** ဆီးကျိတ်ကင်ဆာလူနာများအား မိမိကိုယ်ကို သတ်မသေစေရေးအတွက် စောင့်ကြပ်ပေးသင့် ***
ခေတ်မီရောဂါရှာဖွေရေးပစ္စည်းနှင့် ကုထုံးနည်းပညာသစ်များကြောင့် ဆီးကျိတ်ကင်ဆာရောဂါဖြင့် သေဆုံးသူဦးရေ လျော့နည်းလာသော်လည်း ဆီးကျိတ်ကင်ဆာဝေဒနာရှင် အမျိုးသားများအတွင်း မိမိကိုယ်ကို သေကြောင်းကြံ သတ်သေမှုများ ပျံနှံ့လာသည်ကို နောက်ဆုံးလေ့လာတွေ့ရှိရသည်။ ယခင် သတိမထားမိသည့် ယင်းအချက်ကို ဂရုပြုကြရန် လေ့လာသူ သုတေသီများက

ထောက်ပြလိုက်သည်။ ဆီးကျိတ်ကင်ဆာရောဂါကို ရှာဖွေတွေ့ရှိပြီးနောက် ရရှိလာသော မမျိုသိပ်နိုင်သည့် သောကကြောင့် လူနာအမျိုးသားများမှာ သာမာန်ထက် နှလုံးရောဂါ (၁၁)ဆပိုဖြစ်ပြီး မိမိကိုယ်ကို သတ်သေမှု (၈)ဆပိုများလာကြောင်း တွေ့ရသည်ဟုဆို၏။ ထို့ကြောင့် ဆီးကျိတ်ရောဂါရှိကြောင်း ထုတ်ပြောပြီးနောက် လူနာများကို အချိန်အတိုင်းအတာ တစ်ရပ်အထိ ရောဂါရှာဖွေသူ ပါရဂူများအနေဖြင့် စောင့်ကြပ်စစ်ဆေးရန် သုတေသီများက အကြံပြုထားသည်။ (အင်တာနက်)

Read More...

31Dec,09//ဒီဇင်ဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

*** တရုတ်နိုင်ငံ၏ အကြီးဆုံး လေယာဉ်ထုတ်လုပ်ရေးစက်ရုံ ရှန်ဟိုင်း၌ စတင်တည်ဆောက်***
(ရှန်ဟိုင်း၊ ဒီဇင်ဘာလ ၂၉-ရက်)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ပူတောင်းဒေသ၌ တရုတ်နိုင်ငံ၏ အကြီးဆုံး ပြည်တွင်းလေယာဉ်ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရေးစီမံကိန်းကို စတင်နေပြီဖြစ်ကြောင်း တရုတ်စီးပွားဖြစ် လေယာဉ်ပူးပေါင်းထုတ်လုပ်ရေးကုမ္ပဏီ (စီအိုအမ်အေစီ)၏ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာလ ၂၈-ရက်နေ့တွင် ပြောကြားသည်။ ယင်းစီမံကိန်းသည် ရှန်ဟိုင်းပူတောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ တောင်ဘက်တွင် တည်ရှိကာ အကျယ်အ၀န်းစတုရန်းမီတာ ၂ ဒသမ ၆၇-သန်းရှိကြောင်း စိအိုအမ်အေစီ၏ အထွေထွေမန်နေဂျာ ကျင်ကျန်လောင်းက ပြောကြားသည်။ ယင်းစက်ရုံမှနေ၍ အေအာရ်ဂျေ- ၂၁ ဂျက်လေယာဉ်များနှင့် ခရီးသည် ၁၅၀ စီးနင်းလိုက်ပါနိုင်သည့် လေယာဉ်များကို ထုတ်လုပ်မည့်အပြင်

လေယာဉ်ပြုပြင်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားသည်။ စက်ရုံတည်ဆောက်မှု၏ ပထမအဆင့်လုပ်ငန်းများကို ၂၀၁၂-ခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။ (ဆင်ဟွာ)

*** ယီမင်ကုန်တင်သင်္ဘော ပြန်ပေးဆွဲခံရ***
(ဆားနား၊ ဒီဇင်ဘာလ ၂၉-ရက်)
အိန္ဒိယသမုဒ္ဒရာသို့ ဦးတည်မောင်းနှင်လာသည့် ယီမင်ကုန်တင်သင်္ဘောမှာ ဆိုမာလီပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲမှုကိုခံခဲ့ရကြောင်း ယီမင်စစ်ဘက်က ဒီဇင်ဘာလ ၂၈-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဂရိနိုင်ငံ အေဒင်ဆိပ်ကမ်းမှ သင်္ဘောသား ၁၆-ဦးနှင့်အတူ ဒီဇင်ဘာလ ၁၈-ရက်နေ့က ထွက်ခွာလာခဲ့ပြီး ဒီဇင်ဘာလ ၂၈-ရက်နေ့တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟု သင်္ဘောပိုင်ရှင် အယ်မာမွတ် ၂-က အတည်ပြုပြောကြားသည်။ (အင်တာနက်)
*** အင်ဒိုနီးရှား
နိုင်ငံ လာဝူတောင်၌ တောင်တက်စဉ် နှစ်ဦးသေဆုံး***
(ဂျကာတာ၊ ဒီဇင်ဘာလ ၂၉-ရက်)
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ လာဝူတောင်၌ အားလပ်ရက်တောင်တက်လေ့ကျင့်မှု ပြုလုပ်နေစဉ် နှစ်ဦးသေဆုံးပြီး အခြားခြောက်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဂျကာတာသတင်းဌာနက ဒီဇင်ဘာလ ၂၈-ရက်နေ့တွင် ကြေညာသည်။ အဆိုပါ ဘိုရာကွန်ဒရိုမိုတို တောင်တက်အဖွဲ့တွင် အဖွဲ့ဝင် ၁၂၅-ဦးပါဝင်ပြီး ဒီဇင်ဘာလ ၂၆-ရက်နေ့က နံနက်ပိုင်း နေသာချိန်၌ လာဝူတောင်ပေါ်သို့ တက်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် မွန်းလွဲပိုင်း၌ မိုးအနည်းငယ်ရွာခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

*** မကာအို၌ A(H1N1) ရောဂါကာကွယ်ဆေးထိုးမည်***
မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ (ဆား)အစိုးရသည် A(H1N1) တုပ်ကွေးရောဂါနောက်ထပ်ဖြစ်ပွားလျှင် တိုက်ဖျက်ရန် ကြိုးပမ်းသည့် အနေဖြင့် လာမည့် ဇန်န၀ါရီ ၁-ရက်မှစ၍ မကာအို၌ နေထိုင်သူအားလုံးကို ကာကွယ်ဆေးထိုးပေးသွားရန် ဆုံးဖြတ်ကြောင်း မကာအိုအမှုဆောင်အရာရှိချုပ် ချွီဆိုအွန်က ဒီဇင်ဘာလ ၂၉-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)

*** အမေရိကန် ဆက်သွယ်ရေး ဂြိုဟ်တုအား ရုရှားက လွှတ်တင်ပေး***
ရုရှားနိုင်ငံသည် ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနောအာကာသစခန်းမှနေ၍ အမေရိကန်ဆက်သွယ်ရေးဂြိုဟ်တု တင်ဆောင်သွားသော `ပရိုတွန်-အမ်´ ကုန်တင်အာကာသဒုံးပျံကို ဒီဇင်ဘာလ ၂၉-ရက်နေ့က လွှတ်တင်လိုက်သည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***



Read More...

Wednesday, December 30, 2009

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၃)

***(Choosing Right Path and Real Politics)**

လုပ်နည်းလုပ်ဟန်သစ်ဆိုတာ ခေတ်တိုင်းမှာလိုရှိတတ်ပါတယ်။ လုပ်နည်းလုပ်ဟန်သစ်တိုင်း မှန်တယ်၊ အောင်မြင်တယ်လို့တော့ မဟုတ်ပါဘူး။ သို့သော် ပြစ်တင်ရှုံ့ချမှု၊ ဝေဖန်ကဲ့ရဲ့မှု၊ ထိုးနှက်တိုက်ခိုက်မှုတွေမှ ကင်းလွတ်ပြီး ပေါ်ထွက်လာတဲ့ လုပ်နည်းလုပ်ဟန်သစ်ဆိုတာ မရှိစဘူးပါဘူး။

“- - - - - - လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိနည်းခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်ကိုကိုယ်မှ ကိုယ်မှတ်တတ်ခြင်း၊ ကိုယ့်အိမ်ကိုမှ အိမ်မှတ်တတ်ခြင်း၊ ကိုယ့်အကျိုးစီးပွါး တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်းဖြစ်ပါမူ၊ အို ³ ³ ³ ³ ³ ³ ³ အချင်းတို့၊ ငါတို့သည် မလိမ္မာလိုပါ။ မိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ပြုကြပါကုန်။ ငါတို့ မိုက်ပါရစေ။ - - - - ”

“ - - - - ရန်မလိုလျှင် ရန်ပြိုသည်။ ရန်လိုလျှင် ရန်ပိုသည်ဟု ရှေးစကားရှိသည်။ ထိုရှေးစကားသည် လူလိမ္မာတို့နှင့်သာ ထိုက်တန်လေပြီ။ အဘယ့်ကြောင့်ဆိုသော် ယခုခေတ်တွင် ရန်မလိုလျှင် ရန်ပို၍ ရန်လိုမှ ရန်ပြိုတော့လေပြီ။ - - - - ”

၁၉၃၀ခု၊ မေလ (၃၀)ရက်နေ့မှာ ဒိှု့ဗမာအစည်းအရုံးက ပထမဆုံးထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှ ကောက်နှုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။

ဘုန်းတန်ခိုးအာဏာ ကြီးမားလှတဲ့ အင်္ဂလိပ်မင်းကို ဆန့်ကျင်တွန်းလှန်ဖို့ဆိုတာ စိတ်ထဲမှပင် မကြံအပ် မစည်ရာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်တွေ ရိုက်သွင်းခံထားရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို မကြောက်တရားဟောပြီး နယ်ချဲ့အင်္ဂလိပ်ကို မောင်းထုတ်ဖို့ ဒို့ဗမာအစည်းအရုံးက ရဲဝန့်စွာ ဦးဆောင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ နယ်ချဲ့နှင့် ပေါင်းစားပြီး လူတွင်ကျယ်(Elites)ဖြစ်နေသူတွေက မြင့်မိုရ်တောင်ကို ဇီးစေ့နှင့် ပေါက်ခြင်းကဲ့သို့သော တစ်ပွဲထိုး မိုက်ရူးရဲ လုပ်နည်းလုပ်ဟန်အဖြစ် ၀ိုင်းဝန်း ကဲ့ရဲ့သဂြိုဟ်ခဲ့ကြပါတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး၊ လူပါးလူနပ်ဖြစ်ရေး အားပေးတဲ့ စကားပုံ “လာမဲ့ဘေး၊ အဝေးကရှောင်”ကို ဒို့ဗမာအစည်းအရုံးက “လာမဲ့ဘေး၊ ပြေးတွေ့” ဆိုတဲ့ စကားပုံသစ်နှင့် အစားထိုးပြောင်းလဲလိုက်ပါတယ်။ လူမိုက်အလိုရှိတယ်လို့ တုန့်ပြန်ကြေညာပြီး လုပ်နည်းလုပ်ဟန်သစ် လူထုလှုပ်ယှားမှု(Mass Movement)ကို စတင်မိတ်ဆက် တိုက်ပွဲခေါ်ခဲ့ပါတယ်။

ဒီနေရာမှာ သမိုင်းဖြစ်စဉ်အရ အရေးကြီးတယ်လို့ ထင်မှတ်တဲ့အတွက် တို့ဗမာအစည်းအရုံးက ဗမာဆိုသော စကားလုံးအဓိပ္ပါယ် ဖွင့်ပုံကို ကြားဖြတ်တင်ပြလိုပါတယ်။ မြန်မာဟူသော စကားမှာ မြန်သည်၊ မာသည်ဟူသော အဓိပ္ပါယ်ကို ဆောင်သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ ပအိုးဝ်၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ” ဟူသောစကားလုံးကို ရွေးသည်။ အသံမာကျော၍ သုံးစွဲသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ၄င်းကြေညာစာတန်းအတွင်းမှာပင် “ဗမာကပြားများသို့” ဟူ၍ ခေါင်းစဉ်ငယ် သီးခြားတပ်ပြီး “ ဗမာကပြားအပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော” ဟုအစချီကာ သခင်လှုပ်ယှားမှုကြီးအတွင်း ပူးပေါင်းပါဝင်လာကြဖို့ တပ်လှန့်ခဲ့ပါတယ်။ ကုလား-ဗမာ အဓိကရုန်းကို အကြောင်းပြုပြီး လူထုထောက်ခံမှု တဟုန်ထိုးမြင့်တက်လာခဲ့တဲ့ တို့ဗမာအစည်းအရုံးက မိမိ၏ ပထမဦးဆုံး ကြေညာချက်ထဲမှာ ဗမာကပြားတွေ လူသိရှင်ကြား အသိအမှတ်ပြု တောင်းဆိုလိုက်ခြင်းကလည်း၊ ထူးခြားတဲ့ လုပ်နည်း လုပ်ဟန်သစ်တစ်ခုဖြစ်ပါတယ်။
ဒို့ဗမာအစည်းအရုံး၏ လုပ်နည်းလုပ်ဟန်သည် မိမိ၏ ဇာတိသွေး၊ ဇာတိမာန်ကို မေ့လျော့နေဟန်၊ လျော့တွက်နေဟန်တူသော မြန်မာလူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် လှုပ်နှိုးရိုက်ခတ်လိုက်သည့် ခေတ်ပြောင်းရေး လုပ်နည်းလုပ်ဟန်သစ်(Revolutionized way) ဖြစ်ပါတယ်။ သို့သော် လုပ်ငန်းစဉ်တစ်ခုသည် ပြင်းတိုင်း မှန်သည်။ ပျော့တိုင်း မှားသည်ဟု မယူသင့်ပါ။

ဒို့ဗမာအစည်းအရုံးကဲ့သို့၊ ဖဆပလကဲ့သို့ တပ်ပေါင်းစု(Coalition) တစ်ခုတည်ဆောက်နိုင်ရေးကို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက်သာမက တိုင်းပြည် ပြည်လည်ထူထောင်ရေးအထိ ကျုပ်တို့ အစဉ်အမြဲ လိုလားသင့်ပါတယ်။ တပ်ပေါင်းစုတစ်ခု မတည်ဆောက်နိုင်သေးရင်တောင် ကျုပ်တို့ကြားမှာ၊ ပြည်တွင်းလည်း ပြည်တွင်းအလျောက်၊ ပြည်ပလည်း ပြည်ပအလျောက် တပြေးညီလုပ်နိုင်တဲ့ ဘုံလုပ်ငန်းစဉ်တွေကို သဘောတူထားနိုင်ကြဖို့ လိုပါတယ်။ အားလုံး လက်ခံသဘောတူနိုင်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို မဖေါ်ထုတ်နိုင်ရင်တောင် အနိမ့်ဆုံးအားဖြင့် တစ်ဖွဲ့၏ လုပ်ငန်းစဉ်က နောက်တစ်ဖွဲ့၏ လုပ်ငန်းစဉ်ကို မဟန့်တားစေရေး၊ မချေဖျက်စေရေးအတွက် အလုပ်ချင်း ဟန်ချက်ညီမှု၊ သဟဇာတဖြစ်မှုကို မဖြစ်မနေ တည်ဆောက်နိုင်ရပါမယ်။ အဲဒီ အနိမ့်ဆုံးအဆင့်လောက်ကိုမျှ ကျုပ်တို့ကြားမှာ အနှစ်နှစ်ဆယ် ကြာပြီးတာတောင် မတည်ဆောက်နိုင်သေးဘူးဆိုရင် ခေါင်းဆောင်လုပ်သူများဟာ မိမိကိုယ်ကို မိမိ ပြန်လည်ဆန်းစစ်ရန် သင့်မသင့်ကို ကိုယ့်ဖါသာကို သုံးသပ်ကြဖို့ ဖြစ်ပါတယ်။

လုပ်နည်းလုပ်ဟန်(လုပ်ငန်းစဉ်)ကို အဓိကထား ဆွေးနွေးနေခဲ့ပေမဲ့ အယူဝါဒရေးရာ၊ ပုဂ္ဂိုလ်ရေးရာ၊ အုပ်စုရေးရာ ပြသနာတွေရဲ့ အန္တရာယ်ကိုလည်း လျော့မတွက်ပါဘူး။ တကယ်တော့ ဒီပြသနာမျိုးတွေက ရှိနေတတ်တာမျိုးပါ။ ဒိှု့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဖဆပလတို့ခေတ်ကဆိုရင် ပိုတောင်ဆိုးပါလိမ့်မယ်။ ဘုံရည်မှန်းချက်အတွက် အလုပ်ဖြစ်အောင် သူတို့ လုပ်နိုင်ခဲ့လျှင် ကျုပ်တို့လည်း လုပ်နိုင်ရမှာ ဖြစ်ပါတယ်။

ဆောင်းပါး (၁)မှာ မြန်မာ့နိုင်ငံရေး အင်အားစုကြီး (၄)နှင့် ဘုံဆုံမှတ်ကြီး နှစ်ခုကို အလေးပေး တင်ပြခဲ့ပါတယ်။ ဆောင်းပါး (၂)မှာ ဟန်ချက်ညီတဲ့ လုပ်ငန်းစဉ်သစ်တွေ လိုအပ်နေပြီဆိုတာကို ပိုမိုထင်ရှားအောင် ကျိုးကြောင်းပြ§ဖွင့်ဆိုရှင်းပြ ရေးခဲ့ပါတယ်။ လုပ်ငန်းစဉ်သစ် လိုအပ်တာကို လက်ခံရင် ဘယ်လိုနည်းနှင့် ရှာဖွေကြမလဲဆိုတာကို ဆက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။

၁။ အတိတ်မှ သင်္ခန်းစာယူခြင်း
၂။ လက်ရှိ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံက ပယောဂကင်းကင်း ခြုံငုံသုံးသပ်နိုင်စွမ်းရှိခြင်း
၃။ လုပ်ငန်းစဉ်သစ်ကို ချမှတ်အကောင်အထည်ဖေါ်ခြင်း ဆိုတဲ့ အဆင့်(၃)ဆင့် ရှိပါတယ်။

အတိတ်က လုပ်ရပ်တွေ၊ အမှား၊ အမှန်တွေ၊ အကျိုး၊ အပြစ်တွေက ကျုပ်တို့ရှေ့မှာ ရှိနေပြီးသားပါ။ မှန်မှန် ကန်ကန် သင်္ခန်းစာယူနိုင်ဖို့သာ လိုပါတယ်။ အဆင့် (၁)ကို အကျယ်ချဲ့ မနေတော့ဘဲ လိုအပ်မှသာ ထုတ်နှုတ်ကိုးကားသွားပါ့မယ်။

အဆင့် (၂)ဖြစ်တဲ့ လက်ရှိအနေအထားမှန်ကို ဘက်ပေါင်းစုံက ခြုံငုံသုံးသပ်ခြင်းက လက်ငင်း စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ကိုယ့်အခြေအနေနှင့် ဆန့်ကျင်ဖက်အင်အားစု အခြေအနေကို ရှုဒေါင့်စုံက မှန်မှန်ကန်ကန် မတွက်ချက်နိုင်ဘူးဆိုလျင် အဲဒီက ပေါ်ထွက်လာတဲ့ လုပ်ငန်းစဉ်သစ်၊ အဆင့်(၃)ကလည်း ထုံးစံအတိုင်း ဝေလေလေနှင့် သင်္ကြန်အမြောက်ဖြစ်ဦးမှာပါ။

***အောင်ထီ*** ဒီဇင်္ဘာ ၃၀၊ ၂၀၀၉
(မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။)

Read More...

မဲဆောက်မြို့က မြန်မာအလုပ်သမားတွေရဲ့ `နေ့သစ်ကျောင်း´ ၄-နှစ်ပြည့်ခဲ့ပြီ…




မင်္ဂလာပါခင်ဗျာ…။
လွန်ခဲ့တဲ့ (၄)နှစ်တာကာလတုန်းကဆိုရင် ဟောဒီ `နေ့သစ်ကျောင်း´ဆိုတာက ကျောင်း အ၀င်ဝက ပြောင်းဖူး သိုလှောင်တဲ့ ဂိုဒေါင်လိုလို အဆောင်သေးသေးလေး တစ်ခုရယ်၊ မူကြိုကလေး ၂၀-လောက်၊ သူငယ်တန်းကလေး ၁၀-ယောက်လောက်၊ ပထမတန်းကလေး ၅-ယောက်လောက်၊ ဒုတိယတန်း ကလေး ၅-ယောက်လောက် စသဖြင့်ပေါ့လေ။ အနီးအနားက မြန်မာအလုပ်သမားတွေရဲ့ ကလေး (၄၀)လောက် ရယ် ဆရာ ၂-ဦးရယ် ကျောင်းသင်ပုန်းအစုတ် ၁-ချပ်ရယ်၊ မြေဖြူ ၁-ဗူးရယ်နဲ့ `မြန်မာပြည်သား ဒို့အင်အား´ ကျောင်းအမည်နဲ့ စခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၀၅-ခုနှစ် ဇွန်လလောက်မှာ မဲဆောက်မြို့ သောင်ရင်းမြစ် ကမ်းနဖူးဒေသ၊ မယ်တော်ကျေးရွာမှာရှိတဲ့ ဂျဂွာစတီးလ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း လက်ပြတ်တဲ့ ထိခိုက်နစ်နာမှုတွေရယ်၊ အိုတီကြေးနည်းပါးလွန်းတာတွေရယ်၊

နေ့စဉ် အလုပ်သမားတစ်ဦးချင်းလုပ်ရတဲ့ ဇွန်းသတ်မှတ်ချက်လျှော့ချပေးရေးရယ်ကို ဆန္ဒပြတောင်းဆိုလာကြတဲ့အခါ ၊
တောင်းဆိုတာအာင် မြင်လာကြတဲ့အခါ ၊ ဟောဒီ `မြန်မာပြည်သား ဒို့အင်အား´ စာသင်ကျောင်းကလေးဟာ အဲဒီ ဂျာဂွာစတီးလ်စက်ရုံနဲ့ အနီးအနားကစက်ရုံ အလုပ်သမားတွေနဲ့ မြန်မာပြည်သားအဖွဲ့ (JACBA)တို့ရဲ့ နှိးနှောဖလှယ်ကြရာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၅-ခုနှစ် ဇူလိုင်လထဲမှာ `မြန်မာပြည်သား ဒို့အင်အား´ စာသင်ကျောင်းကလေးကို မြန်မာပြည်သားအဖွဲ့ (ခေါ်)မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)က အုပ်ချုပ်ပေးပါရန် အလုပ်သမားတွေက ဆန္ဒပြုလာကြပါတယ်။ ဒီလိုနဲ့ပဲ ၂၀၀၅-ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ရောက်တဲ့အခါ `မြန်မာပြည်သား ဒို့အင်အား´မူလတန်းကျောင်းကလေးကို မိမိတို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (ခေါ်)မြန်မာပြည်သားအဖွဲ့ (JACBA) က တရားဝင် စီမံခန့်ခွဲ အုပ်ချုပ်မည်ဖြစ်ကြောင်း JACBA ရယ်၊ မိဘကိုယ်စားလှယ်များရယ်၊ ဆရာတွေရယ် စုပေါင်းလက်မှတ်ရေးထိုးကာ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၀၆-ခုနှစ် မတ်လအတွင်း မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း အလုပ်သမားပညာရေးကော်မတီ (BMWEC)ဆီမှာ ကျောင်းမှတ်ပုံတင်စာရင်းသွင်းကြရာမှာ `နေ့သစ် (New Day)´ အမည်နဲ့ ခပ်တိုတိုရှင်းရှင်းပဲ အမည်ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ နေ့သစ်ကျောင်းရယ်လို့ ၂၀၀၆-ခုနှစ်၊ ဇွန်လမှာ တရားဝင် စတင်ဖွင့်လှစ်တဲ့အခါမှာ ကျောင်းသားဦးရေ (၄၅)ဦး တက်ရောက်ကြပါတယ်။ နောက် ၂၀၀၇-ခုနှစ်၊ ဇွန်လမှာ ကျောင်းစတင်ဖွင့်လှစ်တဲ့အခါကျတော့ ကျောင်းသား (၇၅)ဦးတက်ရောက်ကြပါတယ်။ ဒီလိုနဲ့ နောက်နှစ် ၂၀၀၈-ခုနှစ် ဇွန်လမှာ ကျောင်းစတင်ဖွင့်လှစ်တဲ့အခါကျပြန်တော့လည်း ကျောင်းသား (၁၃၄)ဦးတက်ရောက်ကြပါတယ်။ ဟော… အခုနှစ် ၂၀၀၉-ခုနှစ် ဇွန်လမှာကျတော့ ကျောင်းသား (၂၄၆)ဦးတက်ရောက်ပြီး အများဆုံး ကျောင်းသားဦးရေလို့ ပြောရမှာဖြစ်ပါတယ်။ နေ့သစ်ကျောင်းဖြစ်လာတဲ့အခါမှာ ပထမဆုံး အလှူရှင်အဖွဲ့အစည်းအနေနဲ့က ဂျဂွာစတီးလ်စက်ရုံ အလုပ်သမားပြဿနာကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB)နဲ့ အတူ လိုက်ပါလေ့လာခဲ့တဲ့ မစ္စတာ အယ်လ်ဘရောင်း ဦးစီးတဲ့ Compasio အဖွဲ့ဖြစ်ပါတယ်။ Compasio အဖွဲ့ဟာ အခုနေ့သစ်ကျောင်းမြေကို ၂၀၀၇-ခုနှစ် ဇွန်လကနေ ၂၀၁၀-ခုနှစ် ဇွန်လအထိ (၃)နှစ်မြေငှားစာချုပ် ချုပ်ဆိုငှားရမ်းပေးခြင်း၊ အတန်း (၄)တန်း သင်ကြားလို့ရတဲ့ ကျောင်းဆောင်သစ်တည်ဆောက်ပေးခြင်း၊ ဆရာလစာများပေးခြင်း၊ ကျောင်းကြိုပို့ယာဉ် (ဆိုင်ကယ်ဘေးတွဲ)ကို ၀ယ်ယူပေးခြင်း၊ ကျောင်းအိမ်သာ ၂-ခန်းတွဲတစ်လုံးတည်ဆောက်ပေးခြင်းတို့အပြင် အတန်း (၄)တန်းသင်ကြားလို့ရတဲ့ ယာယီမြေစိုက်တဲပုံစံ (အင်ဖက်မိုး၊ ၀ါးကပ်ကာ)အဆောင်တစ်ဆောင်ကိုလည်း ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေ စားစရာမပါခဲ့ပါဘူး။ အဲဒီနောက် Help Withow Frontier (HWF) ဆိုတဲ့ အလှူရှင်အဖွဲ့အစည်းက ကျောင်းဆရာလစာများ၊ ကျောင်းဖွင့်ရက်များအတွင်း ကလေးအာဟာရ ကိုယ်တိုင်စီမံကျွေးမွေးခြင်း၊ ကျောင်းအိမ်သာ (၄)ခန်းတွဲ အသစ်တစ်လုံး တည်ဆောက်ပေးခြင်း၊ ကျောင်းကို `တာ့(မ်)အန်´အမည်ရှိ ထိုင်းကျောင်းရဲ့ လက်အောက်ခံစာရင်းဝင် ကျောင်းအဖြစ် စာရင်းသွင်းပေးခြင်း စတာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ (ဒါတွေက လေးအီစရာ အကြောင်းအရာတွေပဲ ထားပါတော့ဗျာ)
ဟော… ဒီနှစ် (၄)နှစ်မြောက် ကျောင်းမွေးနေ့ပွဲကို ကြည့်ပါဦး။ ကျောင်းကို ဦးဆောင်သူတွေ၊ ဆရာတွေ၊ ကျောင်းသားမိဘ အလုပ်သမားတွေ၊ ကျောင်းသားတွေရဲ့ ဟောဒီလို ၀မ်းသာပျော်ရွှင်စွာပါဝင် ဆင်နွဲကြတာကို တစ်ပုံချင်းသာ လေ့လာလိုက်ကြပါနော်…။
ကျနော်တို့ နားထဲမှာ အမြဲကြားယောင်နေတာက ဒီကျောင်းကို စတင်တည်ထောင်သူ ဆရာ ဦးမိုးကြိုး ရေးဖွဲ့ထားတဲ့ `အားလုံးပြုံး´ဆိုတဲ့ ကလေးတွေ သံပြိုင်ညီညာသီဆိုတဲ့ ကျောင်းသီချင်းလေးပါပဲ... `ပြုံးရွှင်စွာҳ ҳ ҳ နေ့သစ်ကျောင်းရဲ့ ҳ ҳ ҳ ဒို့များတစ်နေ့တာ ҳ ҳ ҳ မြတ်ပညာ ҳ ҳ ҳ ဆည်းပူးကြဖို့ ҳ ҳ ҳ ဒို့များရောက်လာ ҳ ҳ ҳ မင်္ဂလာပါ ҳ ҳ ҳ မင်္ဂလာပါ ҳ ҳ ҳ မင်္ဂလာပါ................. နေ့သစ်ကျောင်းမှာပြုံးҳ ҳ ҳ သကြားလုံးလေးလိုပြုံး ҳ ҳ ҳ ထန်းလျက်ခဲလေးလို ပြုံး ҳ ҳ ҳ မှိုရမျက်နှာပြုံး ҳ ҳ ҳ အားလုံး အားလုံး ပြုံးကြမယ်ကွာ ҳ ҳ ҳ အားလုံး အားလုံး ပြုံးကြမယ်ကွာ ҳ ҳ ҳ အားလုံး အားလုံး ပြုံးကြမယ်ကွာ ҳ ҳ ҳ´။

***ပင်ပန်းသရွှေ့ - အစဉ်ချမ်းမြေ့ပါစေ…***

***သတင်းမှတ်တမ်း - မြန်မာပြည်သား***

Read More...

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

**ရိုးမားအသင်းက “လုကာတိုနီ” အား ခေါ်ယူရန် နီးစပ်နေပြီ**
အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ၀က်စ်ဟမ်း နှင့် ချဲလ်ဆီးကလပ်အသင်းများက ခေါ်ယူရန်ဆက်သွယ်လျက်ရှိသော ဂျာမာန်ဘွန် ဒက်စ်လီဂါ ထိပ်သီး “ဘိုင်ယန်မြူးနစ်” ကလပ်အသင်းမှ အီိတလီလက်ရွေးစင် တိုက်စစ်မှူး “လုကာတိုနီ” အား စီးရီးအေ မှ ရိုးမားက လပ်အသင်းက စာချုပ် ချုပ်ဆိုရန် နီးစပ်လာပြီဖြစ်ကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြသည်။
(အင်တာနက်)

***ဂူတီ အား ခေါ်ယူရန် မက်ဂ်ဆန် ကြိုးပမ်းနေ***
အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ဘော်လ်တန်အသင်း၏ နည်းပြ-"ဂါရီမက်ဂ်ဆန်" သည် စပိန်လာလီ၈ါ ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းမှ ကွင်းလယ်လူ "ဂူတီး"အား ခေါ်ယူရန်ကြိုးပမ်းနေကြောင်း ဒေးလီမေရာ သတင်းမှာဖော်ပြသည်။
(အင်တာနက်)
**စပါးအသင်းမှ "ပက်ဗလူချင်ကို" ထွက်ခွာနိုင်ရေးအတွက် ရက်နက်လမ်းဖွင့်ထား* **
အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် တော့တင်ဟမ်ဟော့စပါး အသင်းမှ ရုရှားလက်ရွေးစင် တိုက်စစ်မှူး "ပက်ဗလူချင်ကို"အား အ ပြောင်းအရွှေ့ရာသီတွင် အသင်းမှထွက်ခွာနိုင်ရေးအတွက် လမ်းဖွင့်ပေးထားကြောင်း၊ အကယ်၍အသင်းမှ ၎င်းထွက်ခွာသွားပါက လည်းအစားထိုးရန်လိုအပ်မည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း ဒေးလီးမေရာက ဖော်ပြသည်။
(အင်တာနက်)
**အင်္ဂလန် အသင်း၏ နံပါတ်တစ် ဂိုးသမားဖြစ်ရေးအတွက် "ဂျိမ်းစ်" ကြိုးပမ်းနေ**
အင်္ဂလိပ်ပရီးမီးယားလဂ် ပြိုင်ပွဲဝင် ပိုစ့်မောက်ကလပ်အသင်းမှ ဂိုးသမားဖြစ်သူ"ဒေးဗစ်ဂျိမ်းစ်"သည် (၂၀၁၀) ကမ္ဘာ့ ဖလားတွင် အင်္ဂလန်လက်ရွေးစင် အသင်း၏နံပါတ်တစ် ဂိုးသမားဖြစ်စေရန် ၎င်းအနေဖြင့် ကြိုးပမ်းနေကြောင်း၊ လာမည့် ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ အပြောင်းအရွှေ့ရာသီတွင် တော့တင်ဟမ်ဟော့စပါး အသင်းသို့ပြောင်းရွှေ့ရေးစာရင်းမှ ပယ်ဖျက်ထားသည်ကို ၎င်းငြင်းပယ်ခဲ့ကြောင်း ဒေးလီးမေရာက ဖော်ပြသည်။
(အင်တာနက်)
**ချန်ပီယံလိဂ်ဝင်ခွင့်မရပါက လီဗာပူးလ်အသင်းမှ တောရက်စ်ထွက်ခွာဖွယ်ရှိ**
လီဗာပူးလ်အသင်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် "ချန်ပီယံလိဂ်" ၌ပါဝင်ဆင်နွှဲခွင့်ကို လက်လွှတ်ဆုံးရှုံးရပါက မိမိအနေဖြင့် လီဗာပူးလ်အသင်းမှ ထွက်ခွာရလိမ့်မည်ဟု တိုက်စစ်မှူး "ဖာနန်ဒိုတောရစ်"က နယူးအော့(ဖ်)သည်ဝေါလ် သတင်းစာအားပြောကြား သည်။
(အင်တာနက်)
**စုစည်းဘာသာပြန်- မြင့်မောင်စိုး**

Read More...

30 Dec, 09// နိုင်ငံတကာထူးခြားသတင်းများ

***အိန္ဒိယနိုင်ငံမှ A (H1 N1) ရောဂါကာကွယ်ဆေးထုတ်လုပ်မည်***
(နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက်)
အိန္ဒိယနိုင်ငံမှ လာမည့်နှစ် (၂၀၁၀) ခုနှစ်၊ ဧပြီလ ပထမအပတ် အတွင်း၌ A (H1 N1) တုပ်ကွေးရောဂါကာကွယ်ဆေးများကို စမ်းသပ် ထုပ်လုပ်မည်ဖြစ်ပြီး ၎င်းနိုင်ငံတ၀န်းတွင် ယခုနှစ်အတွင်း A (H1 N1) တုပ်ကွေးရောဂါဖြင့် သေဆုံးသူဦးရေ (၈၅၀) ခန့် ရှိကြောင်း၊ ယင်းရောဂါဝေဒနာ ခံစားရသူပေါင်း (၂၄၀၀) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါ သည်။ (အင်တာနက်)

***တရုတ်ပြည်တွင် အရှည်ဆုံးတံတားစာရင်းဝင် “ကျို့ရှန်ပင်လယ်ဖြတ်ကျော်တံတား’’ ဖွင့်လှစ် ***
(ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်)
တရုတ်ပြည်၊ ကျိကျန်းပြည်နယ် အရှေ့ပိုင်းရှိ “ကျို့ရှန်ပင်လယ်ဖြတ်ကျော်တံတား’’ ဖြစ်သည့် အရှည် (၄၆ ဒဿမ ၅ ကီလိုမီတာ) ရှိ ၎င်းနိုင်ငံ၏ အရှည်ဆုံးတံတားစာရင်းဝင် တံတားကြီးကို ဒီဇင်ဘာ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာသတင်းမှာဖေါ်ပြ သည်။ (ဆင်ဟွာ)

*** နိုင်ငံတကာ “ စွန်လွှတ်ပွဲတော်” အား ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမည် ***
(ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၈ ရက်)
“နိုင်ငံတကာ စွန်လွှတ်ပွဲတော်’’ ကို လာမည့်ကာလအတွင်း၌ ကမ္ဘောဒီယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲ တော်တွင် တရုတ်၊ ဆွီဒင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့မှ ပါဝင်ယှဉ်ပြိုင်ကြရန်ရှိသည်။ (အင်တာနက်)

***တရုတ်ပြည် ကျောက်မီးသွေးတွင်း တတွင်း မီးလောင်ပေါက်ကွဲ၊ အလုပ်သမား ၁၂ ဦးသေဆုံး***
တရုတ်ပြည်၊ မြောက်ပိုင်း ရှန်စီပြည်နယ် ရှိ ကျောက်မီးးသွေးတွင်းတတွင်း၌ ဓာတ်ငွေ့မီးလောင်ပေါက်ကွဲသဖြင့် အလုပ်သမား ၁၂ ဦး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ အရာရှိများက ဒီဇင်ဘာ ၂၇ ရက်နေ့၊ ည (၁၁:၃၀) နာရီ၌ မီးလောင်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
(အင်တာနက်)

***နယူးဇီလန်နိုင်ငံတွင် ဝေလငါးများ သောင်တင်သေဆုံး***
နယူးဇီလန်နိုင်ငံတွင် တနေရာစီ သီးခြားသောင်တင်နေသော ဝေလငါး အသေ (၁၂၀) ကောင်ကို တွေ့ရှိရကြောင်း၊ နယူးဇီလန်နိုင်ငံ ဝေလငါးထိန်းသိမ်းစောင့်ရှောက်ရေး ဌာနက ဒီဇင်ဘာ (၂၈) ရက်နေ့မှာ သတင်းထုတ်ပြန်သည်။ (အင်တာနက်)

***ပြန်ပေးဆွဲခံရသော တရုတ် ကုန်တင်သင်္ဘောသည် သင်္ဘောသား (၂၅) ဦးနှင့်အတူ ပြန်လည်လွတ်မြောက်လာ***
တောင်အာဖရိက နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ကျောက်မီးသွေးတန်ချိန် (၇၆၀၀၀) ခန့် တင်ဆောင်လာသော “ကင်တောင်အိုရှစ်ပင်း ကုမ္ပ ဏီလီမီတက်” ပိုင် တရုတ် ကုန်တင်သင်္ဘောတစင်းသည် အောက်တိုဘာလ (၁၉) ရက်နေ့က ဆိုမာလီ နိုင်ငံ အရှေ့ဘက်ကမ်းလွန် ရေမိုင် (၇၀၀) အကွာတွင် ပြန်ပေးဆွဲခံရပြီးနောက် ဒီဇင်ဘာလ (၂၈) ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ အဆိုပါသ င်္ဘောတွင် တရုတ်သင်္ဘောသား(၂၅) ဦးကိုလည်း အောင်မြင်စွာ ကယ်တင်လိုက်နိုင်ကြောင်း ပင်လယ်ရေပြင်ဆိုင်ရာ ရှာဖွေကယ်ဆယ် ရေးဌာနက ပြောကြားသည်။
(အင်တာနက်)
***စုစည်းဘာသာပြန်- မောင်မောင်ဆွေ***

Read More...

Tuesday, December 29, 2009

Hello - ၂၀၀၉(နှစ်ထောင့်ကိုး)

***Hello
၂၀၀၉(နှစ်ထောင့်ကိုး)
မင်္ဂလာပါ
နှုတ်ဆက်ပါတယ်။

***ခင်ဗျားအတွက်လုပ်ထားတာလေးတွေပြောဖို့
စိတ်ကူးတောင်ပံတစုံပေါက်လာတယ်
မနက်စောစောစီးစီး
ကောင်းကင်ထဲကိုခြေရာတွေထပ်နေအောင်ပျံလိုက်တယ်။

**အဲဒါဘာဖြစ်လဲ ပျံမှာသာပျံစမ်းပါဗျာ။

ခင်ဗျားအသံတွေက ဒီနေ့လေးနေပါလား။

**လေးဆိုဗျာ့ အဟမ်းအဟမ့်း့ 
သက်တမ်းကလည်း
ညနက်ခင်းထဲမေးတင်နေပြီလေ
ဆိုစမ်းပါအုံး နဲနဲအေးနေလို့ ကွေးချင်နေပြီ။

**ဒီလိုဗျ
ခင်ဗျားအတွက်ဝမ်းသာစကားဆိုမလို့
အုန်းသီး ငှက်ပျောသီးစုံတယ်ဗျာ
ဖဲဝိုင်းထောင်မယ့်သူတွေ ရှိတယ်ဗျာ
မှုန့်ဟင်းခါးကြွေးမယ့်သူတွေလည်းရှိတယ်ဗျာ
နောက်ပြီးဘုန်းကြီးပင့်မယ့်သူတွေလည်းရှိတယ်ဗျာ။
ခင်ဗျားအတွက်ဖူလုံတယ်ပြောရမယ်ဗျ
ယက်တောင်ကမ်းမယ့်သူတွေတောင်ရှိတယ်ဗျာ
ခင်ဗျားအကြောင့်း့ 
ကဗျာ၊ အက်ဆေးနဲ့လည်းပြောမယ့်သူတွေရှိတယ်ဗျာ
နာမည်ကြီးအဆိုကျော်တွေလည်း သီးချင်းတွေဆိုကြမှာဗျ
မြို့ကြီးတွေထဲမှာဆို လူသုံး ကုန်စုံဆိုင်တွေ မီး ဒီဇိုင်းတွေအမျိုးမျိုး
ညအခါသစ်ပင်တွေတောင်ရောင်စုံမီးတွေပွင့်လို့ဗျာ။

ခင်ဗျားအတွက် ရာသီဥတုကတော့
ဒီထက်ကောင်းတာတောင် ဒိထက်ပိုကောင်းမှာမဟုတ်ဘူး
ကလေးတွေမပြောနဲ့ လူကြီးတွေတောင်ဗျောက်အိုးဖောက်တမ်းကစားလို့။


***Posted by ဆွေနိုင်***

Read More...

လူသားများအတွက် သတင်းထူး

လူသည် အမှန်သိရန်လိုသည်၊ သိပ္ပံပညာရှင်များသည် အမှန်ကိုရှာသည်ဟုတော့ ဆိုကြသည်။ သို့သော် အမှန်သစ္စာသည် လောကီ၌မရှိ လောကုတ္တရာ၌သာ နက်နဲစွာ ကိန်းအောင်းသည်။ ထို့ကြောင့် လောကုတ္တရာကို မလိုက်စားသော သိပ္ပံသည် အမှန်ကိုမတွေ့နိုင်၊ ၄င်းတို့တွေ့သောအမှန်တရား ဆိုသည်မှာ သာမည အပေါ်ယံအမှန်တရားမျှသာ ဖြစ်သည်။ အနှစ်သာရ အတွင်းသဘော အမှန်တရားမှာ ဗုဒ္ဓဘာသာ၌သာ ရှိသည်။ မိမိသည် ဗုဒ္ဓဘာသာကျင့်ရာ အမှန်တရားကိုတွေ့ပြီ။ ထို့ကြောင့် လူသားအားလုံးအတွက် သတင်းကောင်းကို ပေးလိုက်ပြီ၊ သတင်းမှန်ကို ပေးလိုက်ပြီ၊ အကျိုးရှိသော သတင်းကို ပေးလိုက်ပြီ၊ ဗုဒ္ဓဘာသာ၏ နိဗ္ဗာန်ရှိခြင်းကို မိမိကိုယ်တိုင် တွေ့ရပြီ၊ လွန်စွာ အံသြဖွယ်ရာကောင်းသည်။ ၄င်းကိစ္စကို လူသားများ သိနားလည်နိုင်စေရန် မိမိကိုယ်တိုင် ကြိုးစား၍ ဖော်ပြရှင်းလင်းမည်။ စိတ်ဝင်စားသူ မည်သူမဆို မိမိအား မေးမြန်းနိုင်သည်။ ရိုးသားစွာမေးလျှင် ရိုးသားစွာပြန်မည်၊ မရိုးသားသော ပုဂ္ဂိုလ်များနှင့်မူ မဆက်ဆံလိုပါ။
*သိပ္ပံပညာသည် အမှန်တရားကို မတွေ့ခြင်း၌ – လောကုတ္တရာကို စွန့်ပယ်သောကြောင့် ဖြစ်သည်။

*သိပ္ပံပညာရှင်သည် အစစ်အမှန်ကို မတွေ့ခြင်း၌ – ဘာသာရေးများကို ပယ်သောကြောင့် ဖြစ်သည်။
*သိပ္ပံပညာရှင်များသည် အမှန်တရားကို ထိထိရောက်ရောက် မတွေ့ခြင်း၌ – ဗုဒ္ဓဘာသာကို မလေ့လာသောကြောင့် ဖြစ်သည်။
*သိပ္ပံပညာရှင်များသည် အမှန်တရား၏ အနက်ရှိုင်းဆုံးအရာကို မတွေ့သည်မှာ – နိဗ္ဗာန်ကို မဝင်စားသောကြောင့် ဖြစ်သည်။
*လူသား၏အမှန်တရားမှာ – နိဗ္ဗာန်ကို ဝင်စားမှသာ သိနိုင်သည်။
*နိဗ္ဗာန်ကို သိသောအခါ – လူအသိပညာ၏ အထွတ်အထိပ်ကိုရသည်။ မိမိကိုယ်တိုင် ထိုအသိပညာကို ရသဖြင့် စိတ်ရင်းစေတနာ ကောင်းမွန်စွာ ကမ္ဘာကို တင်ပြပေးလိုသည်။ ထို့ကြောင့် ဤစခန်းကို ဖွင့်ရခြင်းဖြစ်သည်။
မိမိသည် အသက်ရှင်နေသေးသဖြင့် အချိန်မရွေး စစ်ဆေးနိုင်သည်၊ စမ်းသပ်နိုင်သည်၊ ဆွေးနွေးနိုင်သည်၊ အကျိုးအကြောင်း ဖလှယ်တင်ပြနိုင်သည်။ သို့သော် ရိုးသားသူများအတွက်သာ တံခါးဖွင့်ထားပါလိမ့်မည်။ မလိုတမာ မရိုးသားသူများအတွက်မူ တံခါးသည် ပွင့်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် မိမိသည် အချိန်ကုန် မခံနိုင်ချေ။ ရိုးသားသော အမှန်တရားလိုသူများအတွက် တံခါးဖွင့်လိုက်ကြောင်း ကြေငြာလိုက်ပါသည်။

တာဝန်ယူမှု ။ ။ ဤသို့အမှန်တရားကို တွေ့ရှိပြီဟု ကြေငြာရာ၌ မိမိကိုယ်တိုင်သည် မိမိကိုယ်တိုင်အတွက်သာ တာဝန်ယူသည်၊ မည်သူ့အတွက်မှ တာဝန်မယူနိုင်၊ အဘယ့်ကြောင့်ဆိုသော် အခြားသူအတွက် တာဝန်ယူလျှင် မခိုင်မာ မစစ်မှန်ပါက မိမိ၌ ဝန်လေးမည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင်ပဲ တာဝန်ယူသည်။ မိမိမသေမီ ဤတာဝန်ကို ထမ်းဆောင်သွားလိုသည်၊ အမှန်တရားကို တွေ့ရှိပြီဖြစ်သည်၊ လူ့အသိပညာ၏ အထွတ်အထိပ်ကို ရပြီဖြစ်သည်၊ နိဗ္ဗာန်ကို မြင်ဖူးပြီဖြစ်သည်၊ နိဗ္ဗာန်အကြောင်းလည်း ရေရေလည်လည် ပြောတတ် ဟောတတ် ပါသည်၊ တင်ပြ ဆွေနွေးနိုင်ပါသည်။ နောင် အခါအားလျော်စွာ ဗုဒ္ဓဘာသာများအတွက် အထူး နိဗ္ဗာန်အကြောင်းကို မှန်ကန်တိကျစွာ မြတ်စွာဘုရား အလိုတော်ကျ၊ သူတော်ကောင်းများ အလိုတော်ကျ ရှင်းလင်းဖော်ပြမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ဤကိစ္စ၌ မိမိ၏ အယူအဆ အပြောအဆို တင်ပြချက် သဘောတရားများအတွက်သာ မိမိတာဝန် ယူနိုင်သည်၊ အခြား မည်သူတစ်ဦးတစ်ယောက်၏ တာဝန်ကိုမှ မယူနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် မစစ်မှန်ပါက မိမိ၌ ဝန်လေးဖွယ်ရာရှိသည်။ ထို့ကြောင့် မိမိကိုယ်တိုင်သိသော တရားကို မိမိအနေနှင့် တစ်ဦးတည်းသာ တာဝန်ယူကြောင်း အထူး ပြောကြားလိုပါသည်။ သာမာန်အားဖြင့် သူလည်း အတူတူပဲ ကိုယ်လည်း အတူတူပဲ ဟူသောသဘောထားများ ပေါ်ထွန်းလာပါက ၄င်းတို့သည် မိမိကိုတုသော ပုဂ္ဂိုလ်များဖြစ်နေလျှင် မိမိသည် ဝန်လေးနိုင်သည်။ ထို့ကြောင့် မိမိတစ်ဦးတည်းအတွက်သာ မိမိ တာဝန်ယူကြောင်း ရိုးသားစွာနှင့် မှန်ကန်စွာ၊ တိကျစွာ၊ ထက်မြက်စွာ၊ ပွင့်လင်းစွာ၊ ရဲရင့်စွာ၊ ကြေငြာ အပ်ပါသည်။
ဤကိစ္စနှင့် ပတ်သက်၍ မယုံကြည်က မယုံပိုင်ခွင့်ရှိပါသည်။ သို့သော် ထိုပုဂ္ဂိုလ်များသည် မိမိတွေ့ရှိထားသော အမှန်တရားအတွက် သော့ချက်များကို သိနားလည်နိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။ မိမိတွေ့ရှိထားသော အသိပညာကိုမူ မိမိကို ယုံမှသာလျှင် ဖြစ်နိုင်မည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်း ပါးအပ်ပါသည်။ တခြား အမှန်တရားတွေ့သူများ ရှိပါကလည်း ၄င်းတို့အနေနှင့် သီးခြားသီးခြား တွေ့သည်ကို မိမိအနေနှင့် ဘာမှ အထူးမပြောလိုသော်လည်း၊ မိမိတွေ့ရှိသော အမှန်တရားမှာမူ အကျိုးအကြောင်း Logically, Reasonably, Scientifically ဖြေရှင်းနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပင် အာမခံချက် ပေးလိုက်ပါသည်။
ထို့ကြောင့် မိမိပြောသောစကားကို မိမိတာဝန်ယူသည် အခြားမည်သူအတွက်မှ တာဝန်မယူနိုင်ပါ အဘယ့်ကြောင့်ဆိုသော် အခြားသူများသည် အခြားသောစိတ်ကူးများနှင့် အခြားပြောဟောချက် များသည် မိမိနှင့်သက်ဆိုင်သည်ဟု မယူဆလိုပါ။ မိမိသည် ရှင်းရှင်းလင်းလင်း သီးသီးသန့်သန့်တာဝန် ယူလိုသည်။ တာဝန်မယူနိုင်သော ကိစ္စများအတွက်လည်း တာဝန်မယူနိုင်ပါ၊ ယခုလောလောဆယ် မိမိအတွက်မူ မိမိတာဝန်ယူနိုင်သည်၊ မိမိပြောသော စကားအတွက်မူ မိမိတာဝန်ယူနိုင်သည် – အချိန်မရွေး ဤ Web Site မှ ရှင်းလင်းနိုင်သည်၊ တင်ပြနိုင်သည်၊ ဖြေရှင်းနိုင်သည်။ နောင်သောအခါ အင်္ဂလိပ်ဘာသာနှင့်ပါ ဆက်လက်၍ တင်ပြပါဦးမည်။ ယခုအခါ မြန်မာဖြစ်၍ မိမိကျွမ်းကျင်နိုင်နင်းသော မြန်မာဘာသာနှင့် စတင်ဖော်ထုတ်မည်။ အကြောင်းအရာများသည် နက်နဲခက်ခဲလှလေရာ မြန်မာ ဘာသာနှင့်သာ ရှေးဦးစွာ ဖော်ပြဆွေးနွေးလိုသည်။
ကြောင်းအရာမှာ လောကုတ္တရာ၊ လောကုတ္တရာ ဆိုသည်မှာ – လောကလွန်ရာဖြစ်သည်။ သိပ္ပံသည် ကောင်းပါသည်၊ သို့သော် သူသည် လောကအတွက် အမှန်တရားမျှသာ ဖြစ်သည်၊ သူသည်လောကုတ္တရာကို မချဉ်းကပ်ချေ။ ထို့ကြောင့် အထွတ်အထိပ်ကျသော အသိပညာများကို မရနိုင်ချေ။
*သိပ္ပံသိသော အသိပညာများသည် လောကီအသိပညာများသာ ဖြစ်သည်။
*သိပ္ပံကိုယ်တိုင် ကလည်း လောကုတ္တရာကို လိုက်စားလိမ့်မည် မဟုတ်ပါ။
*သိပ္ပံကိုယ်တိုင်ကလည်း ဘာသာရေးများကို လေ့လာလိမ့်မည် မဟုတ်ပါ။
*သိပ္ပံကိုယ်တိုင်ကလည်း နိဗ္ဗာန်အကြောင်းကို လက်ခံလိမ့်မည် မဟုတ်ပါ။
*နိဗ္ဗာန်၏ အမှန်တရားကို သိပ္ပံသည်ငြင်းဖျက် ခဲ့ပါသည်။

ထို့ကြောင့် ဤနေရာ၌ သိပ္ပံ၏လောကီအမှန်ကို လေးစားသော်လည်း လောကုတ္တရာနှင့် မပတ်သက်ကြောင်း မိမိနားလည်ပါသည်။ သိပ္ပံသည် ကရိယာအား လွန်စွာအားကိုးရာ၊ သီလ သမာဓိ ပညာတည်ဆောက်သော ဗုဒ္ဓဘာသာနှင့် ဝေးပါသည်။ သိပ္ပံသည် လူသားများ၏ ဓမ္မဓိဋ္ဌာန်ကျနိုင်သော အရိယာဖြစ်ခြင်းကို ထောက်ခံခြင်းမပြုရာ သစ္စာကို သိသော၊ နိဗ္ဗာန်ကို နားလည်နိုင်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်နှင့် မနီးစပ်ပါ။ ထို့ကြောင့် လောကီကိစ္စအား သိပ္ပံကိုပေး၍၊ လောကုတ္တရာကိစ္စကိုမူ မိမိကိုယ်တိုင် ဗုဒ္ဓဘာသာနည်းကျ ရှင်းပြရန် ကမ္ဘာသို့ဖွင့်အံ လိုက်ရခြင်းဖြစ်သည်။
မိမိသည် သိပ္ပံပညာနှင့် ပတ်သက်၍ ဒေါက်တာဘွဲ့ ရခဲ့ပါသည်။ သို့သော် သိပ္ပံသည် လောကုတ္တရာကို မလေ့လာပါ၊ ဘာသာရေးကို ကျောခိုင်းပါသည်၊ ဗုဒ္ဓဘာသာကို ငြင်းဖျက်၍ နိဗ္ဗာန်၏ တည်ရှိခြင်းကို အသိအမှတ်မပြုပါ။ ထိုအခါ ဤလောကုတ္တရာ အမှန်တရား၊ သစ္စာအမှန်တရားနှင့် ပတ်သက်၍မူ သိပ္ပံကို ဝမ်းနည်းဖွယ်ရာကောင်းစွာ ချန်ထားခဲ့ရပါသည်။ သိပ္ပံကို စိတ်ဝင်စားမှု မပြုဘဲမူ သီလ သမာဓိ ပညာ တည်ဆောက်အပ်သော ဗုဒ္ဓဘာသာမှ မိမိတွေ့ရှိ သိမြင်သော လူ့အသိပညာ၏ အထွတ်အထိပ်ကို ဤ Web Site လေ့လာသူများအား ရှင်းလင်းတင်ပြပါတော့မည် … မိမိသည် ဒေါက်တာချစ်ငယ်၊ မြန်မာနိုင်ငံမှ ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

ရဲရင့်စွာဖြင့်

***ဒေါက်တာချစ်ငယ်(ဒဿန)***
M.A, Ph.D (Doctor of Philosophy in Religious Sciences) London.
မြန်မာနိုင်ငံ။


Read More...

လိုအပ်တယ်…

***(ဟာဒယနှလုံး- တခဏပြုံး)***
အိမ်ထောင်သက်တမ်း ၂၅-နှစ်ခန့်ရှိပြီဖြစ်သော အမျိုးသားတစ်ဦးအား မိတ်ဆွေ လူပျိုကြီးက အိမ်ထောင်ရေးအတွေ့အကြုံများ မေးမြန်းလေသည်-
လူပျိုကြီး - အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ ပြောစမ်းပါဦး။
မိတ်ဆွေ - အများကြီးပါပဲကွာ။
လူပျိုကြီး - အရေးကြီးတာတွေပြောပါဦး။
မိတ်ဆွေ - သည်းခံစိတ်ရှိရမယ်။

လူပျိုကြီး - ဟုတ်တာပေါ့။
မိတ်ဆွေ - ဇနီးအပေါ်နားလည်မှုပေးရမယ်။
လူပျိုကြီး - ဒါလိုအပ်တာပေါ့။
မိတ်ဆွေ - အိမ်မှုကိစ္စတွေ ၀ိုင်းကူရမယ်။
လူပျိုကြီး - အားလပ်ချိန်မှာ လုပ်ပေးရမှာပေါ့။
မိတ်ဆွေ - သြော်… အရေးကြီးတာရှိတယ်ဟေ့။
လူပျိုကြီး - ပြောပါဦး။
မိတ်ဆွေ - အချိန်ရရင် ဂျုဒိုနဲ့ ကရာတေးသင်တန်းလည်း တက်ထားဖို့လိုအပ်တယ်။
လူပျိုကြီး - ဘာဖြစ်လို့လဲ။
မိတ်ဆွေ - ဇနီးနဲ့ ရန်ဖြစ်တဲ့အခါ ကိုယ်မခံရအောင်လို့ပေါ့။
လူပျိုကြီး - `ဟေ´

*** မှတ်ချက်။ ။ ဘ၀အမောပြေမှ ကူးယူဖော်ပြသည်။***


Read More...

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** ဂျပန်၌ အလုပ်လက်မဲ့နှုန်း မြင့်တက်လာ ***
(တိုကျို၊ ဒီဇင်ဘာလ ၂၇-ရက်)
ဂျပန်နိုင်ငံ၌ အောက်တိုဘာလအတွင်း အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၁ ရာခိုင်နှုန်းရှိရာမှ နိုဝင်ဘာလတွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလအတွင်း အလုပ်လက်မဲ့နှုန်း မြင့်တက်မှုမှာ ပြီးခဲ့သည့်လေးလအတွင်း ပထမဆုံးအကြိမ် ပြန်လည်မြင့်တက်လာခြင်ဖြစ်ကြောင်း ယင်းသတင်း၌ ဖော်ပြသည်။ (အင်တာနက်)

*** အိန္ဒိယသမုဒ္ဒရာ ဆူနာမီအထိမ်းအမှတ် ၅-နှစ်မြောက် အခမ်းအနားကျင်းပ***
(ဗန်ကောက်၊ ဒီဇင်ဘာလ ၂၇-ရက်)
အိန္ဒိယသမုဒ္ဒရာတစ်ဝှမ်းရှိ နိုင်ငံများသည် လူပေါင်း ၂၅၀၀၀၀-နီးပါး သေကျေပျက်စီးခဲ့ရသည့် အလွန်ဆိုးရွားသော ဆူနာမီဘေးအန္တရာယ်ဆိုးကြီး ကျရောက်ခဲ့ခြင်း၏ ၅-နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကို ကျင်းပကြကြောင်း အင်တာနက် သတင်း၌ ဖော်ပြသည်။ လူပေါင်း ၁၇၀၀၀၀-နီးပါး အသက်ဆုံးရှုံးခဲ့ရသော အင်ဒိုနီးရှားနိုင်ငံ အာဆေးပြည်နယ်၌ ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်ကြသည်ဟု သတင်းရရှိသည်။ ထိုင်းနိုင်ငံ ဖန်ငကမ်းခြေအပန်းဖြေစခန်းတွင် ဆူနာမီကပ်ဆိုးကြီးကြောင့် သေဆုံးသွားရသူများအား အလှူဒါနပြု အမျှပေးဝေကြသည်။ ဆူနာမီဒီရေလှိုင်းများဒဏ် အကြီးအကျယ်ခံစားခဲ့ရသည့် နိုင်ငံများတွင်လည်း အလားတူ အခမ်းအနားများ ကျင်းပကြသည်။ (အင်တာနက်)
*** လေယာဉ်ဖောက်ခွဲရန် ကြံစည်မှု နိုင်ဂျီးရီးယားအစိုးရ တုန်လှုပ်***
(အဘူဂျာ၊ ဒီဇင်ဘာလ ၂၇-ရက်)
အမေရိကန်လေကြောင်းလိုင်းကို အကြမ်းဖက်ဖောက်ခွဲရန် ကြံစည်ခဲ့သည်ဆိုသောသတင်းကို ကြားသိရ၍ တုန်လှုပ်ချောက်ချားမိကြောင်း နိုင်ဂျီးရီးယားဖက်ဒရယ်အစိုးရက ဒီဇင်ဘာလ ၂၆-ရက်နေ့တွင် ထုတ်ဖော်ကြေညာသည်။ နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာမြို့တွင် နိုင်ဂျီးရီးယား ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဒိုရာအကူညီလီက ထုတ်ပြန်သည့် ကြေညာချက်၌ ယင်းကဲ့သို့ ဖော်ပြခြင်းဖြစ်သည်။ (ဆင်ဟွာ)
*** အိန္ဒိယအနောက်ပိုင်း၌ တံတားတစ်စင်းကျိုးကျ***
(နယူးဒေလီ၊ ဒီဇင်ဘာလ ၂၇-ရက်)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစသန်ပြည်နယ်၌ ဒီဇင်ဘာလ ၂၆-ရက်နေ့က တံတားတစ်စင်းကျိုးကျသဖြင့် အနည်းဆုံး ၄၅-ဦး ရေနစ်သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါတံတားမှာ ရာဂျာစသန်ပြည်နယ် ကိုတာမြို့အနီး၌တည်ရှိပြီး အသက်မသေကျန်ရစ်သူများအား ရှာဖွေရန် ရေငုပ်သမားများကို အစိုးရက စေလွှတ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)

***စုစည်းဘာသာပြန်- မောင်မောင်ဆွေ***


Read More...

29 Dec, 09// လင်ငယ်ကို အတောင်ကြားမှ ခေါ်ဆောင်သွားရသော ဂဠုန်မင်း ၀တ္ထု… (သြော်… မိန်းမ၊ သြော်… မိန်းမ)

*** (စတုက္ကနိပါတ် ၃၂၇- ကာက၀တီဇာတ်) ပစ္စပ္ပုန် ၀တ္ထု ***
(မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူနေစဉ် ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောကြားတော်မူသည်)
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းဖြစ်၏။ အဂ္ဂဒေ၀ီမဟေသီ မိဖုရားကြီးသည် ကာက၀တီ အမည်ရှိ၏။ နတ်မိမယ်တမျှ လှပ၏။
တစ်နေ့သောအခါ ဂဠုန်မင်းသည် လူ့အသွင်ဖန်ဆင်း၍ မင်းကြီးထံ နေ့စဉ်လာ၍ ကြွေအန်ကစားရာမှ ကာက၀တီနှင့် ချစ်ကြိုက်ကြပြီး ကာက၀တီမိဖုရားကို ဂဠုန်ပြည်သို့ ခိုးယူသွားသည်။ မင်းကြီးသည် စောင်းသမား `ကုဝေရ´ကို ရှာဖွေရန် တာဝန်ပေးလိုက်သည်။
စောင်းသမားသည် ကြွေအန်ကစားသူကို မသင်္ကာ၍စုံစမ်း၏။ မြို့ပြင်ရောက်မှ ဂဠုန်အသွင်ပြန်လည်ဖန်ဆင်း၍ သွားလေ့ရှိကြောင်း သိရသောအခါ သမန်းမြက်ချုံအတွင်း၌ ပုန်းအောင်းစောင့်နေပြီး ဂဠုန်၏ တောင်ပံကြားမှ ခို၍ ဂဠုန်ပြည်သို့ လိုက်ပါသွားလေသည်။
ဂဠုန်ပြည်အရောက်တွင် ကာက၀တီမိဖုရား၏ ဆွဲဆောင်မှုဖြင့် စောင်းသမားသည် ကာက၀တီနှင့်အတူပင် ပျော်ပါး၍ နေ၏။ မကြာမီ တာဝန်အရ ဗာရာဏသီသို့ ပြန်ရမည် ရှိသေးသဖြင့် ဂဠုန်မင်း၏ အတောင်ကြားတွင် တစ်ဖန် ခို၍သာလျှင် ဗာရာဏသီပြည်သို့ ရောက်လေ၏။
ဗာရာဏသီမင်းသည် ဂဠုန်မင်းနှင့် ကြွေအန်ကစားနေစဉ် စောင်းသမားက စောင်းကိုတီးကာ သီချင်းစပ်ဆိုသည်ကား- `ငါ၏မယားမှာ

ဂဠုန်န်ပြည်၌ နေပါသည်။ နတ်နံ့သာတို့ဖြင့် လိမ်းခြယ်ထားကာ ကာက၀တီမဟေသီမိဖုရား၏ ကိုယ်နံ့သည် ယခုတိုင် မပြယ်သေးပါ၊ ငါသည် ကာက၀တီမဟေသီနှင့် တူညီပျော်ပါးခဲ့ပါသည်။ ထိုမိဖုရားသည် ရေခြား မြေခြား ဂဠုန်ပြည်၌ ရောက်နေခဲ့ပါသည်´
ဤဂါထာသီချင်းကို စောင်းသမား သီဆိုတီးမှုတ်လေလျှင် ဂဠုန်မင်းနားဝ၌ မိုးကြိုးသွား ပစ်ချသကဲ့သို့ မခံမရပ်နိုင်ဖြစ်ပြီး…
`အို… ကုဝေရ စောင်းသမား၊ သင်သည် ဤဇမ္ဗူဒိပ်သမုဒ္ဒရာကို ဘယ်နည်း ဘယ်ပုံဖြင့် ရောက်ခဲ့သနည်း။
ဇမ္ဗူဒိပ်သမုဒ္ဒရာ တစ်ဖက် မြင်းပိုရ်တောင်ခြေ၌ ရှိသော ကေပုကမြစ်နဒီကို ဘယ်လိုအစွမ်းဖြင့် ကူးမြောက်နိုင်ခဲ့သနည်း။
တောင်စဉ် ခုနစ်ထပ်အကြား သီတာမြစ် ခုနစ်တန်ကို အဘယ်ပုံ ကူးမြောက်၍ ရောက်ခဲ့သနည်း။
ဤမှတစ်ဆင့် ကြီးမားမြင့်ခေါင် တောင်တန်းကြီးတမျှ လူသားတို့ တက်ရောက်ရန် ခက်ခဲလှသော လက်ပံပင်နန်းသို့ အဘယ်ပုံ တက်လှမ်းနိုင်ခဲ့သနည်း´ဟု လူသားတို့ ရောက်ရန် ခက်ခဲသော ဂဠုန်ပြည်ကို ရောက်ခဲ့ပါသည်ဆိုသည့် စကားကို မယုံနိုင်၍ ဂဠုန်မင်း မေးမြန်းစိစစ်လေသော်-
`တောင်ပံဟုန်ပြင်း ဂဠုန်မင်း၊ ငါသည် သင်နှင့်အတူပင် ဇမ္ဗူဒိပ် သမုဒ္ဒရာကို သင့်အတောင်ကြားမှ ထိုင်နေရင်းက ကျော်လွန်နိုင်ခဲ့ပါသည်။
ကေပုက မြစ်ကြီးကိုလည်း သင်နှင့်အတူပင် ကူးမြောက်ခဲ့ပါပြီ၊ သီတာခုနစ်တန်ကိုလည်း သင်၏ အတောင်ကြားတွင် ခိုနားဝင်ရောက် ကူးမြောက်ခဲ့ပါပြီ။ လက်ပံတောင်ဗွေ သင်၏မြေသို့ သင်ပင်လျှင် ခေါ်ဆောင်၍ ငါရောက်ခဲ့ပါပြီ´ဟု ပြောလေသောအခါ ဂဠုန်မင်းသည် အံ့သြဒေါသ ကိုယ့်ကိုယ်ကို အပြစ်တင်လိုလှသဖြင့်…
`ငါသည် ငါ့မယား၏ လင်ငယ်ဖြစ်သူ စောင်းသမားအား ဂဠုန်ပြည်သို့ အသွားအပြန်ပင် ပို့ဆောင်ပေးခဲ့သည်။ လေးသည်၊ ပေါ့သည်ကိုပင် မသိနိုင်သောကြီးမားသော ငါ့ခန္ဓာကိုယ်သည် စက်ဆုပ်ရွံမုန်းဖွယ်ရာ ကောင်းလှပါပေသည်တကား´ဟု မိမိကိုယ်ကိုပင် အပြစ်တင်ပြီးလျှင် ကာက၀တီမဟေသီ မိဖုရားကို သွားရောက်ခေါ်ငင်ကာ လူ့ပြည်သို့ ဆောင်လာလျက် ဗာရာဏသီမင်းထံ ပြန်လည်အပ်နှံပေးလေသည်။
ဇာတ်ပေါင်းသော်…
စောင်းသမားသည် ငြီးငွေ့သော ရဟန်း၊
ဗာရာဏသီမင်းသည် ငါဘုရား ဟု ဇာတ်တော်ကို ပေါင်းလေ၏။

***ဦးလှခင်- ဆန်းညွန့်ဦး***

Read More...

Monday, December 28, 2009

ကွန်ပျူတာကိုင်ဆောင်သည့်မြန်မာအလုပ်သမားများအားမဟာချိုင်ရဲများငွေညှစ်



(ဒီဇင်ဘာ ၂၈။၂၀၀၉)
ထိုင်းနိင်ငံဘန်ကောက်မြို့ အနီးတွင်ရှိသော မဟာချိုင်နယ်မြေအတွင်း ရှိ ကွန်ပျူတာပညာကိုလေ့လာလိုက်စား သည့်မြန်မာအလုပ်သမားများအား နယ်မြေခံ ထိုင်း၇ဲများက ငွေညှစ်လျှက်ရှိကြောင်း ကိုယ်တိုင်ခံရသူများ ပြောပြ ချက်အရသိရသည်။ပြီးခဲ့သောအပတ်က နေအိမ်သို့ လာရောက်ပြီး ကွန်ပျူတာနှင့် ဗွီယို ကင်မရာများ ကိုသိမ်းယူ ခံရခဲ့ရပြီး ဘတ်ငွေ ၁၅၀၀၀် ပေးလျှော်ခဲ့၇သည့် မြန်မာအလုပ်သမား ကိုမျိုးမြင့်က ပြောပြသည်။“ကျနော့်အခန်း ကို ပြီးခဲတဲ့အပတ်က ပုလိပ်တွေလာဖမ်းတယ်။ကျနော် အိမ်မှာမရှိဘူး၊ကွန်ပျူတာလည်းပျက်နေလို့ ဆိုင်ကိုပို့ 

ထားပါတယ်။ ဒါပေမယ့် ဗွီဒီယို ရိုက်တဲ့ ကင်မရာ၊စီဒီခွေ အလွတ်တွေကျနော် ရိုက်ထားတဲ့လိပ်စာကဒ်တွေအကုန်လုံးကိုသိမ်းယူသွားပါတယ်။ကျနော်မရှိလို့ ကျနော့်သူငယ်ချင်း ကိုကျော်ထိုက်ကို ဖမ်းယူသွားတယ်။ ထောင်ချမယ် ဘာညာပြောလို့  ကျနော့်သူငယ်ချင်းကြောက်နေပြီ၊ ဘတ် ၂၀၀၀၀တောင်းပါတယ်၊ ကျနော်တို့ ကို ဘတ်လုပ် ပေးတဲ့ သူဌေးမ ၀င်ပြီးတော့ ညှိပေးတဲ့ အတွက် ဘတ် တစ်သောင်းခွဲ ပေးလိုက်ရတယ်။ လူတော့လွတ်တာပေါ့။ သိမ်းယူသွားတာတွေတော့ ဘာမှပြန်မရဘူး” ဟုပြောသည်။မဟာချိုင်တွင် ယခုကဲ့ သို့ ကွန်ပျူတာများကို ဖမ်းဆီး ခြင်း၊သိမ်းဆည်းခြင်းများမှာ ယခုမှသာမဟုတ်ပဲ သိရှိသမျှကိုလိုက်လံဖမ်းဆီးနေကြောင်း အလုပ်သမားများကို အခြေခံကွန်ပျူတာ ပညာရပ်ကိုသင်ကြားပေးနေသော ကို စော ကပြောသည်။“ မဟာချိုင်မှာ တော်တော်ဆိုးပါ တယ်၊ ပုလိပ်ခွေးလို့ ခေါ်တဲ့ အကောင်တွေက ပုလိပ်တွေကို လက်ထောက်ချတယ်၊ ထိုင်းပုလိပ်တွေကကွန်ပျူတာ ကိုင်တဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းတော့ သိမ်းတဲ့ ကွန်ပျူတာတွေကို သတင်းပေးတဲ့ မွန်တွေကို ပေးတယ်၊ ကင်မရာအကောင်းစားတွေ ကိုတော့ ပုလိပ်တွေယူတယ်၊ ကင် မရာသိပ်မကောင်းရင်တော့ပုလိပ်တွေမယူဘူး၊ အခြေခံပညာအသင့်အတင့်ရှိတဲ့ မြန်မာအလုပ်သမားတွေ ကွန်ပျူတာတွေသင်ချင်ကြတယ်၊ကိုယ် တိုင်းပြည်မှာ မကိုင်နိုင်ခဲ့ပေမယ့် ဒီမှာ ကိုင်နိုင်တယ်လေ၊ ခု ဒီလို့ အမြဲဖမ်းနေတော့ ကွန်ပျူတာကိုအလုပ်သမားတွေ မကိုင်ရဲ တော့ဘူးလေ၊ဒါကျနော်တို့ ကိုသက်သက်နှိပ်ကွပ်တာ”ဟုပြောသည်။ကွန်ပျူတာနည်းပညာကို အသင့်အတင့် လေ့လာကျွမ်းကျင်သွားသူအချို့ တို့ သည် ဖိတ်စာရိုက်လိပ်စာကဒ်ရိုက်၊ များအပြင် မွေးနေ့၊ထိမ်းမြားမင်္ဂလာပွဲများ ကို မှတ်တမ်းတင် ဗွီဒီယိုများရိုက်ကူးပြီးမြန်မာတိတ်ခွေအချို့ ကိုလည်း က:ူယူဖြန့်ချိလေ့ရှိသည်။ မင်္ဂလာဧည့်ခံပွဲ တစ်ပွဲအား ဗွီဒီယို ရိုက်ကူးခအဖြစ် ဘတ်၂၅၀၀ ဈေးနုန်းရှိကြောင်း ရိုက်ကူးသူများကပြောသည်။ထိုင်းဥပဒေ ကြောင်းအရ တရားမ၀င်တိတ်ခွေ ကူယူဖြန့်ချိခြင်းမှာပြစ်မှုကြီးလေးသည်။သို့ ရာတွင် နည်းပညာလိုက်စား လိုသော မြန်မာအလုပ်သမားများအတွက် ဖမ်းဆီး ရန်မသင့်ဟုကွန်ပျူတာသင်တန်းဆရာကပြောသည်။
ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၅၀ ခန့် အကွာတွင်တည်ရှိသော မဟာချိုင်နယ်မြေသည် ထိုင်းနိုင်ငံ၏ အဓိက ပင်လယ်ထွက်၊စားသောက်ကုန်ထုတ်လုပ်သည့်မြို့ တစ်မြို့ ဖြစ်သည်။မဟာချိုင်နယ်မြေအတွင်း မြန်မာ အလုပ်သမားသိန်းချီရှိသည်။လူကုန်ကူးခံရခြင်း၊အင်ဒိုနီးရှားလှေသို့ေ၇ာင်းစားခံရခြင်း၊များအပြင်လုပ်အားခ
မပေးပဲအကျဉ်းထောင်ကဲ့သို့ အချိန်ပြည့် ခိုင်းစေခံနေရ သူများ၊လုယက်ခံရမှုများအပြင် ဒုစရိုက်မှုထူပြောသောနယ်မြေအဖြစ်ကျော်ကြားသောမြို့ ဖြစ်သည်။

***သတင်း.... ကိုကျော်သောင်း(ဘန်ကောက်)***



Read More...

ဒုက္ခအဟောင်းတွေ ပြန်ပေးဆွဲခံထားရမဲ့ နှစ်သစ်၂၀၁၀ မျက်လှည့်ပွဲ

**ဆူလွယ် နပ်လွယ် ပြိုပျက်ဆီးလွယ်မှုများ အလွယ်တကူသယ်ဆောင်လာပြီး
ရန်ငြိုးမီး ငြိုငြင်စွာတိုက်ခိုက်မှုတွေ ခဲရာခဲဆစ် တပွေ့တပိုက်နဲ့ ၂၀၁၀ ရေ ၊
ခေတ်မီတိုင်းတပါး နိုင်ငံများလို ရောင်စုံမီးပန်းများ ဖောက်ပြီး လှိုက်လှိုက်လှဲလှဲမကြိုဆိုနိုင်ပေမဲ့
အရင်နှစ်တွေလိုပဲ မငြိမ်းချမ်းတဲ့ ခေတ်ပျက်မှာ စိတ်ကောက်ဆဲ တို့တိုင်းပြည်က နှစ်သစ်ကို
မကောင်းတဲ့အတိတ်အမွေတွေခေါင်းမာစွာ ဦးနှောက်မဲ့ စိတ်ဖောက်ပြီး ထိမ်းသိမ်းဆဲ
လမ်းကြောင်းလွဲ မွဲတေစေတာသိလျက်နဲ့အကြမ်းဖက်စစ်ပွဲများမှ တဆင့်
လက်နက်ကြီး လက်နက်ငယ် အမြောက်ကျည်ဆံတွေဖောက်ပြီး မခို့တရို့ ကြိုဆိုလိုက်ပါရဲ့။

**စိတ် မပင်ပမ်းအောင် လူတွေ အကောင်းတော့ မြင်ချင်ပေမဲ့
အတိတ်သင်ခန်းစာအရ လူသေ အခေါင်းတော့ ကြိုပြင်ထားလိုက်ပါရဲ့ ၊
စနစ် လမ်းကြမ်းမှာ ချဲထီထိုးတိုင်း လွဲသလိုမျိုးလဲ လွဲခဲ့ဘူးတယ် ၊
အရက်ကို ရေရော သောက်ပြီး မူးမလဲအောင်တော့ သတိထားတယ် ၊
ပျို့အန်ချင်ဖွယ် မသထီစရာ မွဲတေတေ ပေကပ်ကပ် ရက်စွဲများနဲ့
အဖတ်ဆယ်မရမဲ့ ၂၀၁၀ ကမ္ဘာကျော် မျက်လှည့်ပွဲကို သတ်မှတ်ပြီး
အရူးတွေ ဘုံမပျောက်ခင် အပြိုင်အဆိုင် လာဘ်စားနေပုံက
မဟားဒယား စစ် မယားကြီးကို စစ်လေယာဉ်နဲ့ စစ် စိန်ဆင်ကြပြန်တယ် ။

**ခိုးကြောင်ခိုးဝှက် စားပိုးနင့်အောင် စားနေကြသူများက
လက်နက်မဲ့ ငြိမ်းချမ်းရေးကို ပေါ်ပေါ်တင်တင် တိုက်ခိုက်ဖို့
အဓမ္မစစ် ၀တ်စုံနဲ့ စစ်ရေး လေ့ကျင့်နေပုံက
ဖောက်ပြန်တဲ့ လမ်းကို ပြန်ဖောက်ဖို့နဲ့ ခိုးစားဖို့ ကြိုးစားနေကြတယ် ၊
မွဲပြာကျနေတဲ့ တိုင်းပြည်ရဲ့ အမွေကို မျက်နှာပြောင်တိုက် လက်ရဲဇက်ရဲလွှဲယူချင်ပုံက
အငမ်းမရ ရှုချင်တဲ့ ဘိန်းစားက ဘိန်းထုတ်ကို ထိန်းချုပ်သလို
မိန်းမယုတ်အလိုကျ အရှက်မဲ့ အောင်ဆန်းဦး အမွေတောင်းသလိုပါပဲ ။

**အကုန်အစင် လုံးပါးပါးပြီး ပြောင်းတလင်းခါအောင် တွန်းပို့မဲ့
ဘုရားသခင် ဖန်ဆင်းတာမှ ဟုတ်ပါရဲ့လား ၊ မျက်နှာသာ မပေးတဲ့ လောကဓံတရားရေ ၊
ပြောင်စပ်စပ် မျက်မှောင်ကြုတ် အကယ်ဒမီမျက်နှာပေးနဲ့ နယ်စပ်နယ်ခြားမှာ
ဘ၀ပျက်တွေကို လူကုန်ကူးတာ အားမရလို့
လူကြပ် စီးပွားကြပ်တဲ့ အကြွေးတင်နေဆဲ မြို့ပြမှာ
ဘ၀တွေကို စစ်ကျွန်အဖြစ်ရောင်းစားဖို့ ၂၀၁၀ ကို ရက်ရက်စက်စက်လွှတ်လိုက်တာလား။

**တလွဲ ကံကြမ္မာကို ငွေပေးဝယ်ဆဲ ယမ်းငွေ့ဝေတဲ့ စစ်စနစ်မှာ
တ၀ဲလည်လည် ဒဏ်ရာများ ၊ ငြိမ်းချမ်းရေး ရေအေးနဲ့ဆေးကြောလဲ စိတ်ညစ်တယ် ။

**မသေကောင်း မပျောက်ကောင်း မ၀ရေစာ အမှန်တရားက အလည်လွန်
မသိဆိုးဝါး ၀၀လင်လင် အဆိုးအမှားက နယ်ကျွံ
ဝိုးတိုးဝါးတား လူပြိန်းတွေ ပွဲဆူအောင်လုပ်ပြီး စစ်ကျွန်ခံ
ပွဲလန့်တုန်းဖျာခင်းယုံမက အတ္တ တိုက်ပါ ဆောက်နေကြတယ် ။

**ဆေးလိပ် မသောက်တတ်သူထံမှာ
မီးတတို့လောက်ငြိဖို့ သွားတောင်းသလိုမျိုး
ကမ္ဘာကြီးကို အပူကပ်တာ မှားနေပြီလား၊
ကိုယ်ကိုတိုင် စစ် ဆေးလိပ် ဖြတ်ရဦးမယ် ။

**အသုဘအိမ်မှာ မျက်ရည်စက်လက် ငိုကြွေးနေတဲ့ အိမ်ရှင်ကို မငဲ့ကွက်
မရှက်မကြောက် တ၀တပြဲအ၀စားသလို လာဘ်စား ၊
အပူသည်အိမ်ရှင်ကို ပါ ဖဲလိမ်ရိုက်သလိုမျိုး
စစ်စနစ်က ကမ်းကုန်အောင် ဆိုးတယ်။

**ဒုက္ခအဟောင်းတွေ ပြန်ပေးဆွဲခံထားရမဲ့ နှစ်သစ်၂၀၁၀ မျက်လှည့်ပွဲ
စစ်ဖိနပ်ကို ရင်ဘတ်မှာ တံဆိပ်ကပ်ပြီး
ကျွန်တွေ ဘ၀ကြမ်း ကျွံတာကို
မျက်နှာလွှဲ ခဲပစ် မသိကျိုးကျွန် နိုင်တဲ့
လူဖြစ်ရကျိုးမနပ်ခဲ့ ၂၀၁၀နဲ့ အတူပါလာမဲ့
မယားပါသား စစ်စနစ် ဖွဲ့စည်းပုံဥပဒေကို မုန်းတယ် ။

***အောင်ခိုင်မြင့်***

Read More...

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

*** အဂွီရိုအား အက်သလက်တီကိုက ပေါင်သန်း ၄၀-ဖြင့် ရောင်းဖွယ်ရှိ***
အက်သလက်တီကို မက်ဒရစ်မှ အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယိုအဂွီရိုအား ၄င်း၏ အသင်းက မန်ယူ၊ မန်စီးတီးနှင့် ချဲလ်ဆီးအသင်းများကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀-ဖြင့် ရောင်းချရန်ကမ်းလှမ်းလိမ့် မည်ဖြစ် ကြောင်း သည်မေရာသတင်း၌ ဖော်ပြသည်။
*** တိုက်စစ်မှူးတိုဆစ်အား မန်ယူထုတ်ရောင်းဖွယ်ရှိ***
မန်ယူအသင်းသည် လွန်ခဲ့သော ဇန်န၀ါရီလက ပေါင် ၇-သန်းဖြင့် စာချုပ်ခေါ်ယူထားပြီး အသင်းနှင့်အတူ ပွဲမ ထွက်ရသေးသော အသက် ၂၂-နှစ်ရှိ ဆားဘီးယားတိုက်စစ်မှူး ဇိုရန်တိုဆစ်အား လာမည့် ၂၀၁၀-ခုနှစ် ဇန်န၀ါရီ အပြောင်းအရွှေ့ရာသီတွင် ထုတ်ရောင်းဖွယ်ရှိကြောင်း သည်မေရာသတင်းတွင် ဖော်ပြသည်။

*** မန်စီးတီးတိုက်စစ်အင်အား ပက်ဇ်ဇီနီဖြင့် ဖြည့်ဖွယ်ရှိ***
မန်စီးတီးအသင်းသည် စီးရီးအေအသင်း ဆမ့်ဒိုးရီးယားမှ တစ်ပွဲလျှင် ပျမ်းမျှ ၁-ဂိုးနှုန်းသွင်းယူထားသည့် အသက် ၂၅-နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂီအမ်ပေါ်လို ပက်ဇ်ဇီနီဖြင့် တိုက်စစ်အင်အားကို ဖြည့်တင်းဖွယ်ရှိကြောင်း သည်မေရာသတင်း၌ ခန့်မှန်းသည်။

*** အပြောင်းအရွှေ့ရာသီ၌ တိုနီအား ချဲလ်ဆီး ခေါ်ယူဖွယ်ရှိ***
ပြီးခဲ့သော ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်တွင် ဂိုးအများဆုံးသွင်းယူထားသည့် အသက် ၃၂-နှစ်ရှိ တိုက်စစ်မှူးလူကာတိုနီအား လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ရာသီ၌ ခေါ်ယူဖွယ်ရှိကြောင်း၊ အာဖရိကဖလားပြိုင်ပွဲသို့ သွားရောက်ရမည့် ဒရော့ဘာ၏ နေရာတွင် အစားထိုးဖွယ်ရှိကြောင်း သတင်းတစ်ရပ်က ဆိုသည်။

*** ကမ္ဘာ့ဖလား၌ အင်္ဂလန်ရေပန်းစားဟု ဘောလက်ဆို***
၂၀၁၀-ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားသည့် အသင်းများထဲတွင် အင်္ဂလန်အသင်းလည်း ပါဝင်ကြောင်း၊ ၁၉၆၆-ခုနှစ်က ကမ္ဘာ့ဖလားရရှိခဲ့ဖူးသည့် အင်္ဂလန်လက်ရွေးစင်အသင်းအား နည်းပြကာပယ်လိုအနေဖြင့် ၂၀၁၀-ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဂျာမနီအသင်းခေါင်းဆောင် ချဲလ်ဆီးကွင်းလယ်ကစားသမား ဘောလက်က ခန့်မှန်းပြောကြားခဲ့သည်။

***စုစည်းဘာသာပြန်- ချစ်စိုးနိုင်***

Read More...

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** အမေရိကန်လေယာဉ်ပေါ်တွင် မီးရှို့ဖောက်ခွဲရန် ကြံစည်သူ ဖမ်းမိ***
(၀ါရှင်တန်၊ ဒီဇင်ဘာလ ၂၆-ရက်)

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မှ အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့သို့ ပျံသန်းနေသည့် နော့သ်ဝက် လေ ကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် နိုင်ဂျီးရီးယားခရီးသည် တစ်ဦးက ပေါက်ကွဲစေတတ်သော ပစ္စည်း များကို မီးရှို့ရန်ကြိုးပမ်းစဉ် ခရီးသည်နှင့် လေယာဉ်အမှုထမ်းများက ၀ိုင်းဝန်းချုပ်နှောင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်း တွင်ဖော်ပြသည်။ အဆိုပါလုပ်ရပ်သည် အကြမ်းဖက်မှုလုပ်ရပ်ဖြစ်ကြောင်း အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိ သူက သောကြာနေ့တွင် ပြောကြားသည်။ အကြမ်းဖက်သမားဟု ယူဆ သူမှာလည်း မီးလောင်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ လေယာဉ်ပေါ်ပါခရီးသည် ၂၇၈-ဦးအနက် နှစ်ဦးမှာ မီးလောင်ဒဏ်ရာ အနည်းငယ်စီရရှိကြောင်း သိရ သည်။ ခရီးစဉ်အမှတ် ၂၅၃-ကို အကြမ်းဖက်တိုက်ခိုက်ရန်ကြံစည်ခဲ့သူ နိုင်ဂျီးရီးယားနိုင်ငံသား၏ အမည်မှာ

အဗ္ဗဒူလ်ဖာရွတ်ခ် အဗ္ဗဒူလ်တဲလက်ဘ်ဖြစ်ပြီး ၄င်းသည် ဗြိတိန်နိုင်ငံ လန်ဒန်ကောလိပ်တွင် အင်ဂျင်နီယာပညာရပ်သင်ကြားနေသူဖြစ်သည်။ အဆိုပါ နိုင်ဂျီးရီးယားခရီးသည်က ၄င်းသည် အယ်လ်ခိုင်ဒါအဖွဲ့နှင့် အဆက်အသွယ်ရှိကြောင်း၊ ဖောက်ခွဲရေးပစ္စည်းများကို ယီမင်နိုင်ငံမှတစ်ဆင့် ရယူခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ၀န်ခံပြောကြားခဲ့သည်ဟု ဆိုသည်။ (အင်တာနက်)

*** ဖမ်းဆီးထားသော အိန္ဒိယတံငါသည် ၁၀၀- ပါကစ္စတန်ပြန်လွှတ်ပေး***
(ကရာချိ၊ ဒီဇင်ဘာလ ၂၆-ရက်)
ပါကစ္စတန်က အိန္ဒိယနိုင်ငံအပေါ် စိတ်ကောင်းစေတနာပြသသည့် အနေဖြင့် ပါကစ္စတန်နိုင်ငံတွင် သုံးနှစ်ကြာထောင်ကျခံနေရသော အိန္ဒိယနိုင်ငံသား တံငါသည် ၁၀၀-ကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်တာဝန်ရှိသူတစ်ဦးက သောကြာနေ့က ကြေညာသည်။ ၀န်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီ၏ အမိန့်အရ လူကြီး ၉၁-ဦး၊ ၁၈-နှစ်အောက် လူငယ် ၉-ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း ကရာချိမြို့ မာလီယာခရိုင်ထောင်၏ ကြီးကြပ်ရေးမှူး ရှရဖ်နီဇာမာနီက သောကြာနေ့တွင် ပြောကြားသည်။ တံငါသည်များကို လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က လွှတ်ပေးရန်စီစဉ်ထားသော်လည်း နယူးဒေလီက ၄င်းတို့ကို အချိန်မီခရီးသွားလာရေး စီစဉ်ပေးရန် ပျက်ကွက်သောကြောင့် ပါကစ္စတန် အာဏာပိုင်များက အချိန်ဆွဲထားခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။ ယင်းတောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံသည် မကြာခဏ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တံငါသည်များအား အာရေဗီယံပင်လယ်အတွင်းရှိ ၄င်းတို့၏ ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးလေ့ရှိသည်။ (အင်တာနက်)

*** တရုတ်တွင်ကမ္ဘာ့အမြန်ဆုံး ရထားစတင်ပြေးဆွဲ***
(ဂူဟမ်၊ ဒီဇင်ဘာလ ၂၆-ရက်)
တရုတ်နိုင်ငံ ၀ူဟန်-ဂွမ်ဇူး မြန်နှုန်းမြင့်ရထားလမ်းကို တစ်နာရီလျှင် ကီလိုမီတာ ၃၅၀-အရှိန်ဖြင့် မောင်းနှင်နိုင်သော ကမ္ဘာ့အမြန်ဆုံးရထားဖြင့် စနေနေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။ ၀ူဟန်ရထားဘူတာရုံနှင့် ဂွမ်ဇူးဘူတာရုံတို့မှ နံနက် ၉-နာရီခွဲတွင် ထွက်ခွာသော ခရီးသည်တင်ရထားနှစ်စင်းသည် ၃-နာရီအတွင်း ခရီးအဆုံးသို့ အသီးသီး ရောက်ရှိကြသည်။ ယခင်က ထိုခရီးစဉ်ကို ၁၀-နာရီခွဲကြာ မောင်းနှင်ရသည်။ ၂၀၀၄-ခုနှစ်တွင် ဂွမ်းဒေါင်းပြည်နယ်၊ ဂွမ်ဇူးနှင့် ရှန်ဇုန်မြို့သို့ ဆက်သွယ်သောရထားခရီးစဉ်ကို တစ်နာရီလျှင် ကီလိုမီတာ ၁၆၀-အရှိန်ဖြင့် မောင်းနှင်နိုင်သဖြင့် ချီးကျူးထောပနာပြုခြင်းခံရသည်။ ယခုအခါ ငါးနှစ်တာကာလအတွင်း မြန်နှုန်းနှစ်ဆ မြှင့်တင်နိုင်ခဲ့ပြီဖြစ်သည်ဟု ၀ူဟန်-ဂွမ်ဇူး မြန်နှုန်းမြင့်ရထားလမ်းပုံစံရေးထုတ်သော အင်ဂျင်နီယာအဖွဲ့၏ အကြီးအကဲ အင်ဂျင်နီယား စူးဖန်လန်းက ပြောကြားသည်။ ဂျပန်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားသည် ပျမ်းမျှအားဖြင့် တစ်နာရီလျှင် ၂၄၃-ကီလိုမီတာ၊ ဂျာမနီနိုင်ငံတွင် ၂၃၂-ကီလိုမီတာနှင့် ပြင်သစ်တွင် ၂၇၇-ကီလိုမီတာဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
(အင်တာနက်)
***စုစည်းဘာသာပြန်-သတင်းလုလင်***

Read More...

ချစ်လင်ကို အနှောင်အဖွဲ့မှ လွတ်စေသော မိန်းမ ပုံဝတ္ထု…(သြော်…. မိန်းမ၊ သြော်… မိန်းမ)

***(ပဉ္စကနိပါတ် ၃၅၉၊ ဟ၀ဏ္ဏမိဂဇာတ်) ပစ္စုပ္ပန်ဝတ္ထု***

(မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ်၊ အမျိုးသမီးတစ်ဦးကို အကြောင်းပြု၍ ဟောကြား တော်မူသည်။) သာဝတ္ထိမြို့၌ အမျိုးသမီး တစ်ယောက်သည် ရတနာသုံးပါး၌ ကြည်ညိုရုံမျှမက ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်၊ အဂ္ဂသာဝကကြီးနှစ်ပါးတို့၏ အလုပ်အကျွေးလည်းဖြစ်၏။ မိစ္ဆာဝါဒ ကိုးကွယ် သော အမျိုးသားတစ် ယောက်၏ မိဘများက လာရောက်တောင်းရမ်း၏။ မိန်းကလေး၏ မိဘများက ဘာသာချင်းမတူ၍ မပေးစားနိုင်ကြောင်း ပြောလွှတ်လိုက်၏။ အမျိုးသားဘက်မှ `လွတ်လပ်စွာကိုးကွယ် ခွင့်ပြု ပါမည်၊ ဒါနအမှု၊ သီလအမှုတို့၌ စိတ်တိုင်းကျ ပေးလှူဆောက်တည်နိုင်ပါသည်´ဟု အာမခံသဖြင့်

သဘောတူပြီး မင်္ဂလာရက်မြတ် လက်ထပ်ပေးစားလိုက်လေ၏။
***မိစ္ဆာဒိဠိအိမ်မှ အလှူ***
ထိုအမျိုးသမီးသည် ယောက္ခမအိမ်သို့ ရောက်လေလျှင် လင့်ဝတ္တရားများသာမက၊ ယောက္ခမများအပေါ်၌လည်း မိဘရင်းနှင့် မခြားရိုသေလေးစား ၀တ္တရားကျေအောင် ထမ်းဆောင်လေသည်။ ထိုအမျိုးသမီးကို တစ်အိမ်လုံးကချစ်ကြ၏။ ဒါနမှု၊ သီလမှုများကိုလည်း မိဘအိမ်မှာကဲ့သို့ ပြုလုပ်ခွင့် ရသည်။ သို့သော် တစ်အိမ်လုံးက မိစ္တာဒိဠိများသာဖြစ်၍ တစ်ဦးတည်းသာ လုပ်ကိုင်ရသည်။
ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကိုလည်းမသိ၊ သဒ္ဓါတရားလည်းမရှိ၊ ဆွမ်းစားကြွလာသော ရဟန်းတော်များကို ရိုသေကိုင်းရှိုင်းရကောင်းမှန်းလည်း မသိ၊ အနုမောဒနာ တရားကို နာကြားရကောင်းမှန်းလည်းမသိ။
ဆွမ်းကွမ်း ကိစ္စများတွင် တစ်ယောက်တည်း မနိုင်မနင်းဖြစ်ရသည့် အခါများတွင် `အရှင်ဘုရားများ၊ တပည့်တော်၏ အိမ်သားများသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သိကြသူများမဟုတ်၍ ခွင့်လွတ်သည်းခံပြီး ထိုသူတို့ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သိလာကြသည့်တိုင်အောင် နေစဉ်ပင် ဆွမ်းကိုခံယူ ဘုဉ်းပေးတော်မူကြပါ´ဟု ကြိုတင်လျှောက်ထားခဲ့လေသည်။
တစ်ဖန် လင်ယောင်္ကျားအားလည်း `မထေရ်တို့ နေ့စဉ်အိမ်သို့ ကြွလာသည်ကို သင်တို့ အဘယ်ကြောင့် မဖူးကြသနည်း။ နက်ဖန်ခါမထေရ်တို့ကြွလာလျှင် ထွက်၍ ဖူးပြီး ဆွမ်းအနုမောဒနာတရာ: နာကြပါဦး´ဟု ပြောကြား၏။ လင်က `ကောင်းပြီူ်ဖူးပါမည်´ဟု ၀န်ခံ၏။
***ကျော့ကွင်းမှ လွတ်မြောက်ပြီးမှ***
နောက်တစ်နေ့တွင် အဂ္ဂသာဝကနှစ်ပါးတို့ ဆွမ်းဘုဉ်းပေးပြီးသောအခါ လင်အား အကြောင်းကြား၏။ လင်သည် ရိုသေစွာ တရားတော်ကို နာကြား၏။ ဤသို့ဖြင့် သူမ၏ ယောင်္ကျားသည် ရတနာသုံးပါးကို ကြည်ညိုခဲ့၏။ ယောင်္ကျား၏ အမိအဖမှစ၍ တစ်အိမ်လုံးသည် ဘုရား၊ တရား၊ သံဃာကို သာလျှင် မြတ်နိုးကြကုန်၏။
တစ်နေ့တွင် လင်မယားနှစ်ယောက်တို့ တိုင်ပင်၍ ရဟန်းအဖြစ်ကိုခံယူကြပြီး ၀ိပဿနာတရားကိုပွားကြ၍ မကြာမီပင် အရဟတ္တဖိုလ်သို့ရောက်ကြ၏။ (ဤသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားသခင်က ထိုရဟန်းမိန်းမငယ်သည် ရှေးကလည်း မိမိလင်သားကို သေခြင်းဟူသော ကျော့ကွင်းမှ လွတ်စေ၏ဟု အတိတ်ဇာတ်ကို ဟောတော်မူ၏။)

***ဦးလှခင်- ဆန်းညွန့်ဦး***

Read More...

28Dec, 09// ဒီကနေ့မှာလည်း ပရီးမီးယားလိဂ်နဲ့ ထိတွေ့ကြည့်ကြရအောင်…

***(အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်များ)***
07:15 Pm စပါး - ၀က်စ်ဟမ်း
09:35 Pm ဘလက်ဘန်း - ဆန်းဒါးလန်း
09:30 Pm ချဲလ်ဆီး - ဖူလ်ဟမ်

09:30 Pm အဲဗာတန် - ဘန်လေ
09: 30 Pm စတုတ်စီးတီး - ဘာမင်ဂမ်

မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။

Read More...

Sunday, December 27, 2009

ဖေဖေ.အကြိုက်…

***(ဟာဒယနှလုံး- တခဏပြုံး)***

ရေခဲသေတ္တာတွင် အမျိုးသမီး ပုံများကပ်ထားသည်ကိုတွေ့၍ ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်သမီးဖြစ် သူက မိခင်နော်ဒီဂရန်ကိုမေးသည်။
`မေမေ… ဒီပုံတွေက ဘာလုပ်တာလဲဟင်´

`အော်… ဒါလား… ရေခဲသေတ္တာဖွင့်တိုင်း အဲဒီမင်းသမီးပုံတွေမြင်မယ်။ ဒါဆိုသူတို့လို ကိုယ်ခန္ဓာမျိုးဖြစ်ဖို့ ဆန္ဒရှိလာမယ်။ ဒီတော့ အစားကိုလျော့စားမိမှာပေါ့သမီးရဲ့´
`ဒါဆို မေ့မေ့ရဲ့ ကိုယ်အလေးချိန်ကျသွားရဲ.လားဟင်´
`အမေ့ရဲ့ ကိုယ်အလေးချိန် ကျမကျတော့ မသိပါဘူးကွယ်။ ဒါပေမယ့် မင်းအဖေကတော့ ပေါင် ၂၀-လာက် တိုးလာတယ်ကွယ့်…´။

မှတ်ချက်။ ။ နိုင်ငံတကာဟာသများထဲမှ….(အိတ်တင်း) ဘာသာပြန်သည်။

Read More...

မှောက်မှားပြီးရင်း မှောက်မှားရင်း… (သြော်…. မိန်းမ၊ သြော်… မိန်းမ)

(အသီတိနိပါတ် ၅၃၆၊ မဟာကုဏာလဇာတ်မှ ကုရုင်္ဂဒေ၀ီဇာတ်)

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်၊ ဗာရာဏသီမင်းသည် ကောသလမင်းကို တိုက်ခိုက်၍ သတ်ဖြတ်ပြီး ကိုယ်ဝန်ရှိသော မိဖုရားကိုပါ သိမ်းပိုက်၏။ ကိုယ်ဝန်ရှိကြောင်းသိသော်လည်း မိဖုရားအရာတင်မြှောက်လေ၏။ ကိုယ်ဝန်ရင့်သော် ရွှေရုပ်နှင့်တူသော သားကိုဖွား၏။
မိဖုရားသည် ငါ့သားကို ရန်သူသားဟု သတ်၍ပစ်လိမ့်မည်။ သူတစ်ပါးလက်မှာ အသက်မဆုံးရှုံးပါစေနှင့်ဟု အထိန်းတော်ကိုခေါ်၍ သားရတနာကို အနှီးနှင့်ပတ်ကာ သုသာန်မှာ ပစ်ချေဟု စေခိုင်းလိုက်၏။

ထိုသူငယ်၏ ဖခင်အရင်း ကောသလမင်းသည် သားကိုတမ်းတစွဲလမ်းပြီး သေသဖြင့် သားစောင့်နတ် ဖြစ်လာ၏။
ဖခင်နတ်၏ အာနုဘော်ကြောင့် ဆိတ်မကြီးတစ်ကောင်သည် မင်းသားငယ်ကိုမြင်လျှင် သားကဲ့သို့ချစ်ခင်၍ နို့ချိုအေးကို တိုက်ကျွေးလေ၏။ ဆိတ်မကြီးနို့တိုက်နေသောကလေးကို ဆိတ်ကျောင်းသားမြင်ပြန်လျှင် ကလေးကိုချစ်ခင်၍ အိမ်သို့ယူသွားပြီး မယားအားအပ်လေသည်။
မိန်းမကလည်း သားသမီးမရှိသည်နှင့် ဆိတ်နို့ကိုပင်တိုက်ကျွေးရလေရာ အခြားဆိတ်များ သေဆုံးရသဖြင့် ထိုကလေးကို အိုးထဲထည့်၍ မြစ်ဆိပ်မှာ မျှောလိုက်လေ၏။
မင်း၏ နန်းတော်ဝယ် ခြယ်လှယ်ပြုပြင်လုပ်ကိုင်သော ဒွန်းစဏ္ဍားလင်မယားက တွေ့ရှိသော် ကောင်းစွာဆယ်တင်ပြီး သားသမီးအရာ မွေးစား၍ ထားလေ၏။
အရွယ်ရောက်သော် ထိုသူငယ်သည် ဖခင်နှင့်အတူ လိုက်သွား၍ နန်းတော်အတွင်းမှာ အလှအပ ပြင်ဆင်စရာရှိသမျှပြင်ဆင်၍ ပေးရ၏။
မင်း၏ မိဖုရားကြီးတွင် ကုရုင်္ဂဒေ၀ီ အမည်ရသည့် အလွန်လှပသော သမီးရတနာက ထိုသက်တူရွယ်တူ သတိုးသားကိုမြင်သည့်နေ့မှစ၍ မေတ္တာပွားမိသဖြင့် အလုပ်လုပ်ရာဌာနသို့ မကြာခဏသွားကြည့်ရင် :နှစ်ဦးသား မေတ္တာမျှကာ လုံခြုံရာဌာန၌ နှစ်ယောက်သား အချစ်ပလူး ပျော်မြူး၍နေကြလေတော့သည်။
ကာလရှည်လျားသော် မင်းကြီးနားပေါက်ကြား၍ `ဒွန်းစဏ္ဍားသားက ရမ်းကားရလေသလား´ဟု သတ်စေ အမိန့်မှတ်လေ၏။
ထိုခဏ၌ မယ်တော်သည် မိမိသားအား အမှတ်အသားပြုထားသည်ကြောင့် မိမိသားမှန်းသ၍ `ဒွန်းစဏ္ဍားသားမဟုတ်ပါ၊ ကျွန်မ၀မ်းမှဖွားသော ကောသလမင်း၏ သားတော်ပါ´ဟု ငယ်ငယ်ဘ၀က မျက်ခြည်ပြတ်မခံဘဲ သိသမျှအစုံကို မင်းကြီးအားလျှောက်ထားလေလျှင် မင်းကြီးက စုံစမ်း၍ မင်းသွေးမှန်း အမှန်သိသောအခါ သမီးနှင့်ပေးစား၍ ဖခင်အမွေ ကောသလမင်း တိုင်းပြည်ကို မင်းပြုရန် စေလွှတ်၏။ ကုရုင်္ဂဒေ၀ီနှင့်အတူ ကောသလတိုင်းကို အုပ်ချုပ်၍ မင်းလုပ်တော်မူလေသည်။
မကြာမီပင် ဗာရာဏသီ မင်းမြတ်က အတတ်အမျိုးမျိုးကို သင်ကြားပြသရန် `ဆဠင်္ဂကုမာရ´အမည်ရှိသော ဆရာကို စေလွှတ်တော်မူ၏။ မင်းသားသည် စစ်သူကြီးအရာထား၍ မြောက်စားထားရာမှ နောင်သောအခါ ကုရုင်္ဂဒေ၀ီမိဖုရားနှင့်ယဉ်ပါးလျက် မှောက်မှားကြတော့သည်။
စစ်သူကြီးသည် `ဓနန္တေ၀ါသီ´အမည်ရှိ တပည့်တစ်ဦးကို ကုရုင်္ဂဒေ၀ီထံ ၀တ်စားတန်ဆာ လက်ဆောင်ပဏ္ဏာများ မကြာခဏစေလွှတ်ပေးပို့စေရာမှ ကုရုင်္ဂဒေ၀ီသည် စစ်သူကြီး၏ တပည့်နှင့် မှောက်မှားကြပြန်လေသည်။
ဆဠင်္ဂကုမာရဆရာ သေနာပတိသည် နောင်အခါ ကုဏာလငှက်မင်းဖြစ်၍ မိမိတွေ့ကြုံမိခဲ့သမျှကို ပြောပြလေသတည်း။
ထိုကြောင့် မဃဒေ၀လင်္ကာ၌ နန်းတက်ပျော်ကြီး၊ မင်းသမီးလျက်၊ မနီးမျိုးနွယ်၊ ညှိုးငယ်ယောင်္ကျား၊ ဒွန်းစဏ္ဍားနှင့်၊ ယဉ်ပါးရောယှက်၊ ကျင့်ကန်းတတ်၏ ဟူ၍ စပ်ဆိုတော်မူ၏။

***ဦးလှခင်- ဆန်းညွန့်ဦး***

Read More...

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** ဆိုမာလီနိုင်ငံတွင် ကုလသမဂ္ဂ၀န်ထမ်းတစ်ဦး အသတ်ခံရ***
(မိုဂါဒစ်ရှူး၊ ဒီဇင်ဘာလ ၂၅-ရက်)

အာဖရိကတိုက်၊ ဆိုမာလီနိုင်ငံ၏မြို့တော် မိုဂါဒစ်ရှူးမြို့၏ မြောက်ဖက်ကီလိုမီတာ ၃၀၀-အကွာအဝေးတွင် ရှိသော ဗီလက်ဝပ်မြို့လယ်တွင် ကုသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP)မှ ဒေသခံလုံခြုံရေးအရာရှိတစ်ဦးကို သေနတ်သမားများက ဒီဇင်ဘာလ ၂၃-ရက်နေ့၌ ပစ်သတ်လိုက်ကြသည်။ အစ္စလာမ်မစ်တရားရုံးများသမဂ္ဂမှ အရာရှိဟောင်းဖြစ်သော `အလိုဖာရပ်ခ်ျအာမေး´ကို WFP အဆောက်အုံအနီးတွင် အမည်မသိသေနတ်သမား တို့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပရက်(စ်)တီဗွီသတင်းထောက်က သတင်းပို့သည်။ (အင်တာနက်)

*** အင်္ဂါဂြိုဟ်သို့ လူဝံတစ်ကောင်စေလွှတ်ရေးကို ရုရှားသိပ္ပံပညာရှင်များစဉ်စားနေကြ***
(မော်စကို၊ ဒီဇင်ဘာလ ၂၅-ရက်)
ရုရှားသိပ္ပံပညာရှင်များသည် အင်္ဂါဂြိုဟ်သို့ လူဝံတစ်ကောင်စေလွှတ်ဖွယ်ရှိကြောင်း အာကာသစူးစမ်းလေ့လာရေး လုပ်ငန်းအတွက်မျောက်များအား လေ့ကျင့်ပေးရေးအစီစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရန် သိပ္ပံပညာရှင်များ စဉ်းစားလျက်ရှိကြောင်း အင်တာနက်သတင်းမှာ ဖော်ပြသည်။ ရုရှားနိုင်ငံနက္ခတ္တနှင့် အာကာသအသုံးချသိပ္ပံတက္ကသိုလ်သည် ဂျော်ဂျီယာနိုင်ငံရှိ ရောဂါဗေဒနှင့် ကုထုံးပညာတက္ကသိုလ်နှင့် ပူးပေါင်းကာ အာကာသစူးစမ်းလော့လာရေးလုပ်ငန်း၌ လူဝံကဲ့သို့ မျောက်များအား လေ့ကျင့်ပေးရန် ပမာဏဆွေးနွေးညှိုနှိုင်းလျက်ရှိသည်။ ရောဂါဗေဒနှင့် ကုထုံးပညာတက္ကသိုလ်သည် ၁၉၈၀-ပြည့်လွန်နှစ်များက အာကာသယာဉ်နှင့်အတူလိုက်ပါစေမည့် လူဝံများအား လေ့ကျင့်ပေးသည့် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သည့် အတွေ့အကြုံရှိသည်။ အင်္ဂါဂြိုဟ်သို့သွားရောက်မည့် အာကာသယာဉ်နှင့်အတူ အာကာသယာဉ်မှူးများ လိုက်ပါရေးမှာ ၄င်းတို့အတွက် အသက်အန္တရာယ်ရှိသဖြင့် မျောက်များကို အာကာသသို့ စေလွှတ်ရန် စဉ်းစားလာကြခြင်းဖြစ်သည်။ (အင်တာနက်)

*** ဂါဇာကိုအလုံးအရင်းနှင့် တိုက်ဦးမည်ဟု အစ္စရေးနိုင်ငံက ခြိမ်းခြောက်***
(တဲလ်အဗစ်၊ ဒီဇင်ဘာလ ၂၅-ရက်)
အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြှောင်ဒေသကို နောက်ထပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန် ခြိမ်းခြောက်လာပြန်ကြောင်း၊ ဇန်န၀ါရီလ ထိုးစစ်ကြောင့် ညက်ညက်ကြေခဲ့ရသည့် လူသူအရောက်အပေါက်နည်းသော ဂါဇာကမ်းမြှောင်ဒေသရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအနေဖြင့် ဒုက္ခရောက်ရချိန်၌ ယင်းကဲ့သို့ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ပရပ်(စ်)တီဗွီသတင်းဌာနက ဖော်ပြသည်။ ဂါဇာကမ်းမြှောင်ဒေသကမ်းခြေအစတွင် အခြေစိုက်စခန်းချနေသည့် ခုခံရေးတိုက်ပွဲဝင်များနှင့် ပူးပေါင်းခြင်းမပြုရန် ပါလက်စတိုင်းပြည်သူတို့အား သတိပေးထားသော လက်ကမ်းစာစောင်ထောင်သောင်းများစွာကို အစ္စရေးလေယာဉ်များက ဂါဇာကမ်းမြှောင်ဒေသတခွင်တွင် ကြဲချနေကြောင်းသိရသည်။ ဂါဇာကမ်းမြှောင်ဒေသသို့ ယမန်နှစ်တွင် အစ္စရေးတို့က (၂၂)ရက်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်း၏ ပထမအကြိမ်နှစ်ပတ်လည်နေ့ မတိုင်မီ ဂါဇာကမ်းမြှောင်ဒေသကိုထပ်မံတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခြိမ်ခြောက်လိုက်ခြင်းဖြစ်၏။ (အင်တာနက်)

*** အီဂျစ်ဘုရင်မကြီးနီဖာတီတီ၏ ရုပ်တုပြန်လွှဲပြောင်းရန် အီဂျစ်တောင်းဆိုချက်
ကိုဂျာမနီလက်မခံဘဲငြင်းပယ်***
(ဘာလင်၊ ဒီဇင်ဘာလ ၂၅-ရက်)
လွန်ခဲ့သည့် နှစ်ပေါင်း ၃၃၀၀-က အီဂျစ်ဘုရင်မကြီး နီဖာတီတီ၏ ကိုယ်တစ်ပိုင်းပုံရုပ်တုကို ပြန်ပေးရန် အီဂျစ်နိုင်ငံ၏ မေတ္တာရပ်ခံချက်အပေါ် ဂျာမနီနိုင်ငံက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ ယင်းအီဂျစ်ဘုရင်မကြီး နီဖာတီတီ၏ ကိုယ်တစ်ပိုင်းပုံရုပ်တုသည် လွန်ခဲ့သည့် ရာစုနှစ် တစ်ခုနီးပါးက ပရပ်ရှားနိုင်ငံမှ တရားဝင်ရယူခဲ့ခြင်းဖြစ်သည်ဟု ဂျာမနီအစိုးရအရာရှိများက ပြောကြားကာ ယင်းကဲ့သို့ ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ ယင်းပစ္စည်းပြန်လည်ရရှိရေးအတွက် အီဂျစ်အစိုးရက ၁၉၃၀-ပြည့်နှစ်မှစ၍ ထပ်ခါတလဲလဲမေတ္တာရပ်ခံတောင်းဆိုခဲ့ခြင်းကို ဂျာမနီအစိုးရအဆက်ဆက်က မသိကျိုးကျွံ ပြုခဲ့သည်ဟု ဆိုသည်။ ဂျာမနီရှေးဟောင်းသုတေသနပညာရှင် လုဒ်ဝစ်ဘောချတ်က ယင်းပစ္စည်းကို ရွှံ့စေး၊ မြေစေးတို့ဖြင့် သုတ်လိမ်းဖုံးအုပ်ကာ ရုပ်ဖျက်ထားခဲ့ကြောင်းဖြင့်လည်း အီဂျစ်ရှေးဟောင်းပစ္စည်းများဆိုင်ရာ တာဝန်ရှိသူ ဇာဟီဟာဝပ်စ်က ပြောကြားသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်- မောင်မောင်ဆွေ၊ သတင်းလုလင်***

Read More...

လူထုကျန်းမာရေး (ကိုယ်ဝန်ဆောင်နှင့် သိုင်းရွိုက်ဟော်မုန်း)

*** (Public Health)***
*** ကိုယ်ဝန်ဆောင်အမျိုးသမီးများ သိုင်းရွိုက်ဟော်မုန်းအခြေအနေ ပုံမှန်စစ်ဆေးသင့်***

အမျိုးသမီးများ ကိုယ်ဝန်ရင့်မာချိန်၌ သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းကြောင့် ကလေးငယ်၏ ဦးခေါင်းလှည့်မှု အနေအထား ပုံမှန်မဖြစ်ဘဲ မွေးဖွားချိန်တွင် ချောမောစွာဖွားမြင်ရန် ပြင်ပအကူအညီလိုအပ်ကြောင်း လေ့လာ တွေ့ရှိရသည်။ သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းကို ကိုယ်ဝန်ဆောင်မိခင် ၁၀-ဦးလျှင် တစ်ဦးခန့် တွေ့ရတတ် သဖြင့် ကိုယ်ဝန်ပျက်ခြင်း၊ အချိန်စေ့၍ လမစေ့မီမွေးဖွားခြင်းနှင့် ကိုယ်ဝန်အဆိပ်တက်ခြင်းများ ဖြစ်လေ့ရှိ သည်။ ထိုသို့သော မိခင်လောင်းများကို မွေးဖွားပေးရခြင်းအတွက် ပိုမိုအချိန်ကြာပြီး

ခက်ခဲသည့်အပြင် ညှပ်နှင့် လေစုပ်၍ ဆွဲထုတ်သည့် ကိရိယာအသုံးပြုခြင်း သို့မဟုတ် ဗိုက်ခွဲမွေးရခြင်းများ လိုအပ်လာတတ်သည်ဟုဆို၏။ ထို့ကြောင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ မမွေးဖွားမီ သိုင်းရွိုက်ဟော်မုန်းနည်းမနည်းကို ပုံမှန်စစ်ဆေးရန်လိုအပ်သည်ဟု သိပ္ပံပညာရှင်များက ယူဆသည်။ (အင်တာနက်)

Read More...

27 Dec, 09// ဒီကနေ့မှာ ပရီးမီးယားလိဂ် ကြည့်ကြမလား…

***(အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်များ)***
00:00 Am လီဗာပူး - ၀ုလ်ဗာဟမ်တန်
08:00 Pm အာဆင်နယ် - အက်စတွန်ဗီလာ
10:30 Pm ဟားလ်စီးတီး - မန်ယူ
မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။

Read More...

Saturday, December 26, 2009

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** ဂျမေကာနိုင်ငံ ကင်းစတန်မြို့၌ လေယာဉ်လမ်းချော် ခရီးသည် ၉၁-ဦး ထိခိုက်ဒဏ်ရာရ***
(ကင်းစတန်၊ ဒီဇင်ဘာလ ၂၄-ရက်)

ဂျမေကာနိုင်ငံ ကင်းစတန်မြို့ရှိ နော်မန်မန်လီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့အဆင်းတွင် ဒီဇင်ဘာလ ၂၃-ရက် နေ့က အမေရိကန်လေကြောင်းလိုင်းပိုင် ဘိုးရင်း - ၇၃၇ လေယာဉ် လေဆိပ်သို့အဆင်း၌ လမ်းချော် မှုဖြစ်ပွား ခဲ့ရာ ခရီးသည် ၉၁-ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ဒဏ်ရာရရှိသူများအနက် လေးဦးမှာ ဒဏ်ရာ ပြင်းထန် ကြောင်း၊ လေယာဉ်လမ်းချော်အမှုကြောင့် လေယာဉ်ညာဘက်အင်ဂျင်နှင့် ဘယ်ဘက်အဆင်း ဂီယာမှာ ပျက်စီး သွားကာ လေယာဉ်ကိုယ်ထည်မှာလည်း ထက်ပိုင်းကျိုးသွားကြောင်း လေဆိပ်ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။ လေယာဉ်ဆင်းချိန်တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး လေယာဉ်ပေါ်တွင် လေယာဉ် အမှု ထမ်းခြောက်ဦးနှင့် ခရီးသည် ၁၄၈-ဦး လိုက်ပါခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)

*** ကမ္ဘာတစ်ဝန်း၌ A(H1N1) တုပ်ကွေးရောဂါဖြင့် သေဆုံးသူတစ်သောင်းကျော်ရှိ***
(ဂျီနီဗာ၊ ဒီဇင်ဘာလ ၂၄-ရက်)
ယခုနှစ် ဧပြီလက စတင်ဖြစ်ပွားခဲ့သည်။ A(H1N1) တုပ်ကွေးရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ သေဆုံးသူ စုစုပေါင်းမှာ ၁၁၅၁၆-ဦး ရှိသွားပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂၃-ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က သတင်းထုတ်ပြန်သည်။ A(H1N1) တုပ်ကွေးရောဂါဖြင့် အမေရိကန်မှ သေဆုံးသူဦးရေ ၆၆၇၀-နှင့် ဥရောပ ၂၀၄၅-ဦးပါဝင်ပြီး ပစိဖိတ်အနောက်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများမှ သေဆုံးသူ ၉၉၀-နှင့် အာဖရိကမှ ၁၀၉-ဦး သေဆုံးလျက်ရှိသည်။ မြောက်အမေရိကမျ စတင်ဖြစ်ပွားခဲ့သည့် A(H1N1) တုပ်ကွေးရောဂါသည် နိုင်ငံပေါင်း ၂၀၈-နိုင်ငံသို့ ကူးစက်ပြန့်ပွားခဲ့သည်။ (အင်တာနက်)

*** ဆေးခြောက် ၁၂၆-ကီလိုဂရမ် တူရကီ၌ သိမ်းဆည်း***
တူရကီအာဏာပိုင်များသည် တူရကီနိုင်ငံအရှေ့ပိုင်းဒေသတွင် ဒီဇင်ဘာလ ၂၃-ရက်က ဆေးခြောက် ၁၂၆-ကီလိုဂရမ်ကို သိမ်းဆည်းရမိလိုက်ကြောင်းဖြင့် အစိုးရအာဘော်တစ်ပိုင်းဖြစ်သော အနာတိုလီယာသတင်းဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)

*** ပထမဦးဆုံး မော်လီကျူးထရန်စစ္စတာ သိပ္ပံပညာရှင်များတီထွင်***
ယေးလ်တက္ကသိုလ်နှင့် တောင်ကိုရီးယားနိုင်ငံ ဂွမ်ကျူးသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တို့မှ သုတေသီများပါဝင်သော သိပ္ပံပညာရှင်များအဖွဲ့တစ်ဖွဲ့သည် ဒြပ်တစ်ခု၏ အဏုမြူတို့ဖြင့် ဖွဲ့စည်းထားသော အသေးဆုံး အခြေခံအဖွဲ့အစည်း(မော်လီကျူး)ဖြင့် ပြုလုပ်ထားသည့် ပထမဦးဆုံးမော်လီကျူးဆိုင်ရာ ထရန်စစ္စတာကို အောင်မြင်စွာတီထွင်ဖန်တီးလိုက်နိုင်ပြီဖြစ်သည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်- မောင်မောင်ဆွေ***

Read More...

ခရစ္စမတ် အလွမ်း

***စောင်းနေတဲ့ ကမ္ဘာကြီးရဲ့ တခြမ်းပဲ့အသည်းနဲ့
စနစ်တကျ မထမ်းနိုင်တော့တဲ့
ခရစ္စမတ် အလွမ်း
အေးစက်စက်မျက်လုံးနဲ့ ဆောင်းက ဟန်မဆောင်နိုင်ပဲ
နှင်းစက်တွေကို မျက်ရည်အဖြစ် သွန်ချနေတယ် ။

***မိုင်းထိထားတဲ့ ခြေတစ်ဖက်ပြတ်နဲ့
မိုင်းကွင်းကို ထပ်ဖြတ်ပြီး
မသေမရှင်ဖြစ်နေတဲ့ ကျေးလက်
ဘ၀များလေဖြတ်သလို မလှုပ်မယက်
မီးရှို့ခံထားရတဲ့ ပြာပုံပေါ်မှာ
ခရစ္စမတ်ဟာ အရင်လို လူမစုံတော့ဘူး။

***ရိုးရာဝတ်စုံကို
ကျောက်ပတ်တီးလို စီးထားတဲ့ ကျေးလက်
သွေးထွက် မတိတ်သေးဘူး ၊
စစ်လက်နက်ကြီးဒဏ် နဲ့ လောကဓံကို
တိုက်ကြက်တစ်ကောင်လို ခံခွပ်တယ် ၊
ရိုးသားမှုများ အရိုးပေါ်အရေတင် ငတ်ပြတ်
တောအရက်မူးပြီး ရမ်းသလို
စစ်က ကြမ်းတမ်းလဲ
အလင်းမဲ့ ဘ၀လမ်းပေါ်က မီးထိန်ထိန် ခရစ္စမတ်ကို လွမ်းတယ် ။

**ကွမ်းစားပြီး ထွေးထုတ်သလို
ရိုးရာဘာသာစကားများ ပျောက်ကွယ်၊
ယာဉ်တိုက်မှုနဲ့ ဒဏ်ရာရသလို
ယဉ်ကျေးမှုများ နာကျင် ၊
မသေချာတဲ့ အနာဂတ်ကို
ပေါ်တာတစ်ယောက်လို ထမ်းပိုးထားကြတယ် ။

**ခရစ်တော်တောင် လက်ဝါးကပ်တိုင်မှာ
ပြင်းထန်တဲ့ ဝေဒနာ ခံစားခဲ့ရသေးရင်
သာမန်လူသားများရဲ့ ဘ၀ဒုက္ခ ဝေဒနာနဲ့
ခရစ္စမတ် အိမ်အလွမ်း ဒဏ်ရာကို
ငြိမ်းချမ်းရာရှာရင်း ဖြေသာသလို ဖြေနေတယ် ။

***အောင်ခိုင်မြင့်***

Read More...

ယောက္ခမဆို မုန်းတယ်…

***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***
အီတလီဘောလုံးပြိုင်ပွဲများ၌ ပွဲကြည့်ပရိသတ်အတွင်း ရုန့်ရင်းဆန်ခတ်မှုများ ရှိသောကြောင့် အသေအပျောက်များရှိနေသည်ဆိုသော သတင်းကို ချဲလ်ဆီးအသင်းမှ အက်ရှ်လေကိုးလ် ဖတ်ပြီးနောက် စိတ်ကူးတစ်ခုရလိုက်သည်။ ထို့နောက် ၄င်း၏ ဇနီး ချယ်ရီကိုးလ်အားပြောလိုက်သည်။
`မိန်းမရေ… မင်းအမေကို ခရီးလေးဘာလေးထွက်ခိုင်းလိုက်ရင် မကောင်းဘူးလား´

`ရှင်ကလည်း… နှင်းတွေကျလို့ ချမ်းကချမ်းနဲ့ ။ဒါနဲ့ နေပါဦး ..ဘယ်ကိုသွားခိုင်းဖို့လဲ… ဒီလောက်တောင် စိတ်ဝင်စားစရာကောင်းနေရအောင်´
`ဟို… ဥပမာကွာ။ အီတလီကိုသွားပြီး ဘောလုံးပွဲကြည့်တာမျီုးပေါ့´

မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ….(အိတ်တင်း) ဘာသာပြန်သည်။

Read More...

26 Dec, 09// ဒီကနေ့မှာ ပရီးမီးယားလိဂ်ကြည့်ပြီး လန်းချင်သူတွေအတွက်…

***(အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ်များ)***
07:15 Pm ဘာမင်ဂမ် - ချဲလ်ဆီး
07:30 Pm ဖူလ်ဟမ် - စပါး
07:30 Pm ၀က်မ်ဟမ်း - ပို့စ်မောက်
07:30 Pm ဘန်လေ - ဘော်လ်တန်

09:30 Pm မန်စီးတီး - စတုတ်စီးတီး
09:30 Pm ဆန်းဒါးလန်း - အဲဗာတန်
09:30 Pm ၀ီဂန် - ဘလက်ဘန်း

မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။


Read More...

Friday, December 25, 2009

မှ့  အဖေ မြတ်သစ်(Dawn)(ကဗျာ)

***ခင်ပွန်းဝန်တာထက်
သဲတပွင့်ဝန်တာကို ပို ကျေချင်ခဲ့သူ။
***အချစ်ရေ့  ငါက
ဝေဿန္တရာ ဖြစ်ဖို့ထက်
မျောက်မင်းလို ကြိုးတချောင်း ဖြစ်ချင်ခဲ့သူ။

**အချစ်ရေ့  ငါက
ဘယ်လိုမှ ကုမရနိုင်တဲ့
တော်လှန်ရေးဆိုတဲ့ ရောဂါစွဲနေမိသူဆိုတော့ ။
**သားရေ့  ငါက
ဖခင်တာဝန်ကျေဖို့ထက်
သမိုင်းအဆက်ဆက် ငါ့အတွက်
မင်းဘယ်တော့မှ အရှက်မရစေချင်ခဲ့သူ။
**သားရေ့  ငါက
ရသမျှအမြည်းတွေနဲ့ အမူးသောက်
အတိတ်တွေကိုအန်ပစ်
ပစ္စုပ္ပန်နဲ့ရန်ဖြစ်ရမှ ကျေနပ်ချင်ခဲ့သူ။
**သားရေ့  ငါက
ခါးမှန်းသိပ်သိတာပေါ့
ဒါပေမဲ့ တခွက်ပြီး တခွက်သောက်
အဲဒီ ဘ၀ခါးခါးကြီးကိုမှ စွဲနေမိသူဆိုတော့ ။

***(ယုံကြည်ချက်ကြောင့်ဘ၀ခါးခါးတွေကို တခွက်ပြီး တခွက်သောက်နေသူများသို့ဦးညွတ်လျက်)**

+++Posted by ဆွေနိုင်++


Read More...

အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်

မြန်မာ ပြည်ကြီး၏ ကံကြမ္မာသည် အသက် ထွက်ခါနီး လူမမာ တစ်ယောက် ပမာ ဖုတ်လှိုက် ဖုတ်လှိုက် အခြေအနေ၊ လူတိုင်း ရင်မှာတော့ သောက အထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာ ကိုယ်စီ ဆွဲထားခြင်းကို ခံနေကြရပြီ၊ ထမင်းရည် တစ်ခွက်ကို နတ်သုဒ္ဓါလို ထင်မှတ်ကာ သောက်ဖို့ ချောင်းနေကြတဲ့ သူတောင်းစား ခွက်ပျောက်တွေ ကလဲ အလျှိုလျှို ပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့ မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွား အမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်း များစွာနဲ့ ……….။
ဒီလို ပြော ဒီလို မောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ ဘ၀တွေကို အဆုံးသတ် ခံကြတော့ မလား၊ ငါတို့ဟာ ငတုံး ငညံ့တွေ အဖြစ် ငါတို့ရဲ့ သားစဉ် မျိုးဆက်တွေ အတွက် ချန်ထားရစ် ခဲ့ကြတော့ မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်း မရှိကြတော့တဲ့ လူသားတွေ အဖြစ် မိမိကိုယ် မိမိ သတ်မှတ် လိုက်ကြပြီလား၊ မကောင်းမှန်းလဲ သိတယ်၊ မဖြစ်သင့်မှန်းလဲ သိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲ လုပ်ဆိုတဲ့ တရား မျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ် ရဲတဲ့ သတ္တိတွေ မပြ ကြတော့ ဘူးလား၊ သာကီ မျိုးဟေ့ ဒို့ဗမာ ဆိုတာတွေရော ပုံပြင်တွေ အဖြစ် စာအုပ် တွေထဲမှာ ကျန်ရစ်ခဲ့ ကုန်ပြီလား …….။

အမှန်တရားသည် သေဒဏ် ဆိုတဲ့ ဟောင်းနွမ်း စုတ်ပြတ် ရိရွဲ နေတဲ့ သီအိုရီကို လက်မခံ တွန်းလှန် ဖယ်ရှား ပစ်ရေးသည် မြန်မာ နိုင်ငံသား မှန်သမျှ မဖြစ်မနေ လုပ်ဆောင် ကြရမည့် တာဝန် တစ်ခုဖြစ်ပေသည်။ တာဝန် ပေးရမည်၊ တာဝန်ယူရမည်၊ တာဝန် ကျေပွန် ရမည်၊ သားစဉ် မြေးဆက် စစ်ကျွန် သဘောက် ပြားပြား မှောက်မည့် အဖြစ်ဆိုး ဘေးဆိုးကြီးမှ ၀ိုင်းဝန်း ကာကွယ် တားဆီး ကြရမည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်ရှိရေး အတွက် မြန်မာ ပြည်သူ လူထု တစ်ရပ်လုံးက အားသွန်ခွန်စိုက် ၀ိုင်းဝန်း ပူးပေါင်းပါဝင် လုပ်ဆောင် ကြရမည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဆိုသည့် လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးသည် အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်သည်။ မြန်မာ နိုင်ငံကြီး လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာပြည် လုံးဝ လွတ်လပ်ရေး ဟူသော တစ်ခုတည်းသော ခေါင်းစဉ်ကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ပီပီ ပြင်ပြင် ချမှတ် နိုင်ခဲ့သည်။ အမျိုးသားရေး တာဝန် ကိစ္စကို ပီပြင်စွာအကောင်ထည်ဖော်ဆောင် ပြီးသည့်အခါ အမျိုးသား နိုင်ငံရေး ဆိုသည့် မူကို ချမှတ်ပြီး ဗိုလ်ချုပ် ကျဆုံးသည် အထိ လုပ်ဆောင် သွားနိုင်ခဲ့သည်။ ဗိုလ်ချုပ်သည် သူချစ်သည့် မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေ အတွက် သူ့အသက်ကို ပေးစွန့်ပြီး တာဝန် ကျေပြွန်စွာ လွတ်လပ်ရေးကို အရ ယူပေးနိုင်ခဲ့သည်။

မြန်မာ ပြည်သည် စစ်တပ် အုပ်ချုပ်မှု အောက်မှာ ပြားပြားမှောက် ခဲ့ရသဖြင့် အဆင့်အတန်း မမီ ဆင်းရဲမွဲတေသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကို ခဏတာ ဘေးဖယ်ထားပြီး တိုင်းပြည် တစ်ခုရဲ့ အသက် သွေးကြော ဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတာတွေ ဘယ် အဆင့်အတန်း ရောက်နေသလဲ ဆိုတာ ဝေးဝေး လံလံ ပြေးကြည့်စရာ မလိုပါ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ ရှင်းကနဲ တွေ့မြင် နိုင်ပါတယ်။ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခ အထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ် တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။

ပညာမဲ့သူ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်က ပညာမဲ့တဲ့ တိုင်းပြည် ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက် လူရမ်းကားတွေ ပေါများ လာတယ်၊ ကြီးနိုင် ငယ်ညှင်း ဆိုတဲ့ တိရိစ္ဆာန် ၀ါဒတွေ ခေတ်စား လာတယ်၊ ဗုဒ္ဓ ဘာသာ ကြီးစိုးတဲ့ တိုင်းပြည်၊ ကိုယ်ချင်းစာ တရားတွေ အပ်ကြောင်း ထပ်နေအောင် ထားစရာ နေရာ မရှိ လောက်အောင် ပြန့်နှံ့ ခဲ့သည့် တိုင်းပြည်၊ ဒီတိုင်းပြည်မှာ ဒီနေ့ ဒီတရားတွေ မရှိတော့ဘူး၊ အာဏာနဲ့ ငွေရှိဖို့ပဲ လိုတယ် ကျန်တာတွေ ဘာတစ်ခုမှ အရေးမကြီးဆိုသည့် မှားယွင်းသည့် အယူအဆတွေ၊ အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့ စီးဝင်လျှက် ရှိနေပေပြီ။ ဒီလို တရားမရှိ ထင်ရာစိုင်း အုပ်ချုပ်နေတဲ့ သူတွေက တည်ဆောက် ပါမယ် ဆိုတဲ့ ဒီမိုကရေစီက ဘာဒီမိုကရေစီလဲ ဆိုတာတိရိစ္ဆာန်ပင်နားလည်နိုင်မည်ထင်ပါသည်။

မဟုတ်မဟတ် ယုံတမ်း စကား ပလီပလာ မာယာ ပရိယာယ် အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော် အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖ ခေါ်သည့် စစ်အုပ်စုသည် သန်း(၅၀) ကျော်သော ပြည်သူတွေကို ၂၀၁၀ သေတွင်း မီးလောင်တိုက် ထဲသို့ ပို့ဆောင် နေကြပြီ ဖြစ်သည်။ နာဇီ ဂျာမန် ဟစ်တလာသည် ဂျူး လူမျိုးတို့အား မီးလောင် တိုက်သွင်းခြင်းက တစ်ကြိမ် တစ်ခါသာ သေခဲ့ ကြရသည်။ ၂၀၁၀ မီးလောင်တိုက် ကတော့ သားစဉ် မျိုးဆက် အကြိမ်ကြိမ် သေကြရမည့် မီးလောင်တိုက်ကြီး တစ်ခု ဖြစ်နေသည်ကို သိရှိ နားလည် သဘောပေါက်ကြရန် အထူး အရေးကြီး လှပေသည်။

တိုင်းပြည် တစ်ခု ပြုပြင် ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့ အရေးကြီး ပေသည်။ အချင်းချင်း သစ္စာ ရှိရမည်၊ အပြန်အလှန် နားလည်မှု တည်ဆောက် ကြရမည်။ ပြည်သူလူထု အကျိုးကို ရှေ့ရှုပြီး တိုင်းပြည် အကျိုး စီးပွားကို အတူတကွ အားလုံး ပူပေါင်း ပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုး မုန်းတီးရေး ၀ါဒ တွေကို စွန့်လွတ် ကြရမည်၊ စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာ အားထားရာ ဟူသည့် ဆင်ကန်း တောတိုး စရိုက်တွေကို ပြုပြင် ပြောင်းလဲ ပစ်ရမည် ဖြစ်သည်။

ထိုကဲသို့သော ယုံကြည်မှုမျိုးကို တည်ဆောက်ဖို့ မကြိုးစားပဲ အမှန်တရားသည် သေဒဏ် အဖြစ် သတ်မှတ်ကာ လက်နက် အားကိုး အာဏာ အားကိုးပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် ညှင်းပမ်း နှိပ်စက် ထင်တိုင်း ကြဲကြဦးမည် ဆိုပါက.......... ။

****တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)***
၂၃.၁၂.၂၀၀၉


Read More...

မိန်းမဟူဘိ ထိုဣတ္ထိကား…

***(ဧကနိပါတ် ၉၄-ဒုရာဇာနဇာတ်) ပစ္စုပ္ပန်ဝတ္ထု***
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ် သီတင်းသည်တစ်ဦးကို အကြောင်းပြု၍ ဟောတော်မူ၏။
ကျောင်းတော်သို့ နေ့စဉ်လာနေကျ သီတင်းသည် တစ်ဦး ခုနစ်ရက်၊ ရှစ်ရက်ကြာမှ ရောက်လာ၍ မြတ်စွာဘုရားမေးတော်မူရာ `တပည့်တော် မိန်းမသည် တစ်ခါတစ်ရံ ငွေဝယ်ကျွန်ကဲ့သို့ တပည့်တော်ကို ရိုသေကျိုးနွံပြီး တစ်ခါတစ်ရံ သခင်မကဲ့သို့ နိုင်ထက်ကလူကြမ်းတမ်းတတ်ပါသည်။ သို့ဖြစ်၍ စိတ်မရှင်းပါသဖြင့် ကျောင်းတော်သို့ မရောက်ခြင်းဖြစ်ပါသည်´ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက `သီတင်းသည်အား ရှေးပညာရှိတစ်ဦးက ဤအကြောင်းကို ပြောကြားခဲ့ဖူးသည်ဖြစ်သော်လည်း သင်သည် ဘ၀များစွာခြားခဲ့၍ သတိမေ့လျော့နေလေပြီ´ ဟု အတိတ်ဇာတ်ကို ဟောကြားတော်မူ၏။

***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားလောင်းသည် ဒိသာပါမောက္ခ ဆရာကြီးဖြစ်၍ တပည့်ငါးရာကို သင်ကြားပေးနေ။ တစ်ယောက်သော တပည့်သည် ဗာရာဏသီမြို့၌ အိမ်ထောင်ကျ၍ ဆရာထံ တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ခစား၏။
ထိုတပည့်၏ မယားသည် ဖောက်ပြားလေ့ရှိ၏။ ဖောက်ပြားသော နေ့၌ လင်ကိုချော့၏။ ငွေဝယ်ကျွန်မကဲ့သို့ ရိုသေစွာပြုစု၏။ မဖောက်ပြားရသောနေ့၌ လင်အပေါ် ငြူစူမောင်းမဲ၏။ သခင်မကဲ့သို့ပြု၏။ ထိုအခါ ခုနစ်ရက် ရှစ်ရက်ကြာမှ ဆရာထံ အခစား ရောက်တတ်၏။ ယခင်ရက်များက မလာသည်ကို မေး၏။ တပည့်က မိမိမယား စိတ်အနှောင့်အယှက်ပြု၍ မရောက်နိုင်ခဲ့ကြောင်းကို စုံအောင်ပြောပြ၏။
***၀မ်းနည်း ၀မ်းသာ မရှိရာ***…
ထိုအခါ ဘုရားလောင် ဒိသာပါမောက္ခ ဆရာကြီးက… `လုလင် သင်ပြောသလိုပင် မိန်းမတို့သည် ယုတ်မာသော အကျင့်ကိုပြုတတ်၏။ မိန်းမတို့စိတ်ကို သိနိုင်ခဲ၏။ ထိုမိန်းမတို့ချစ်သည်ကိုလည်းကောင်း၊ မချစ်သည်ကိုလည်းကောင်း၊ လျစ်လျူရှု၍သာ ထားပေတော့´ဟု တပည်အား ဆုံးမ၍…
`လုလင် ငါ့ကိုလိုချင်ရှာသည်ဟု မနှစ်သက် (၀မ်းမသာနှင့်)၊ ငါ့ကိုအလိုမရှိ၍ မစိုးရိမ်(၀မ်းမနည်း)နှင့်၊ ရေထဲ၌ ငါး၏ သွားရာလမ်းခရီးကို သိနိုင်ခဲသကဲ့သို့ မိန်းမတို့၏အလိုကို သိနိုင်ခဲ့၏။
(မိန်းမအလို။ သဘောကိုလျှင်။ ရင်ထဲပိုက်ထား။ ရေ၌ငါးသို့ ။ထင်ရှားဘယ်ခါ။ မသိရဘူး၊ မဃဒေ၀ ၂၉၈- ၂၁၃)
ဤသို့ ဆရာ၏ အဆုံးအမကို ရသည်မှစ၍ တပည့်သည် မိမိမယား ဆိုးသည်ဖြစ်စေ၊ နွဲ့သည်ဖြစ်စေ၊ ဂရုမပြု လျစ်လျူရှုလေ၏။ မယားသည် ထိုအဖြစ်ကိုမြင်လျှင် ဆရာသည် ငါ၏ ဖောက်ပြန်မှုကို သိလေပြီဟု ထိတ်လန့်၍ ထိုအခါမှစ၍ ယုတ်မာမှုကို မကျင့်တော့ပေဟူ၍ အတိတ်ဇာတ်ကို ဟောတော်မူ၏။
ထိုအခါမှစ၍ သီတင်းသည်လည်း မိမိမယား၏ ကောင်းမကောင်းအမှုကို ဂရုမပြု လျစ်လျူရှုလေသဖြင့် မယားသည် မြတ်စွာဘုရားသည် ငါယုတ်မာသော အမှုကို သိတော်မှုသည်ဟု ထိုနေ့မှစ၍ ယုတ်မာသောအမှုကို မပြုတော့ချေ။
**ဇာတ်ပေါင်းသော်**
ထိုလင်မယားသည် - ယခုသီတင်းသည်လင်မယား
ဒိသာပါမောက္ခဆရာကြီးသည်- ငါဘုရားဖြစ်သည်ဟု ဇာတ်တော်ကို ပေါင်း၏။

*** ဦးလှခင် - ဆန်းညွန့်ဦး***

Read More...

အာမခံဆေးတစ်ပုလင်း

***(ရွှင်ပြုံ:တခဏ- ဘောလုံးဟာသ)***
ထိပ်ပြောင်နေ၍ စိတ်ညစ်နေသော ပြင်သစ်ဘောလုံးကြယ်ပွင်. ဟောင်း ဇီဒန်းထံသို့ သူငယ်ချင်းတစ်ဦးက ဆေးတစ်ပုလင်းယူလာပေးသည်။
`သူငယ်ချင်း ဒီဆေးလိမ်းလိုက်တကယ်စွမ်းတယ်´ဟုလည်းထောက်ခံချက်ပေးသည်။ ၄င်း၏ ဆန္ဒနှင့်လည်း ညီ၍သုံးမည်ဟုဆုံးဖြတ်ပြီး ဘူးကိုဖွင့်လိုက်ရာ အထဲမှကြော်ငြာကြောင့် ဇီဒန်းတစ်ယောက် စိတ်ထဲ၌ အမျိုးအမည်မသိသောကြောက်လန့်မူနှင့် ရင်ဆိုင်လိုက်ရသည်။

ကြော်ငြာစာမှာ ဤသို့ဖြစ်သည်။ `မိတ်ဆွေ… ဤဆေးအရမ်းစွမ်းသည်။ တစ်ပုလင်းလုံးကုန်အောင်သောက်လိုက်လျှင် လောက၌ ထိပ်ပြောင်သူ တစ်ဦးလျော့သွားရန် အာမခံသည်…..´

မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ….(အိတ်တင်း) ဘာသာပြန်သည်။

Read More...

25 Dec, 09// ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

*** ကမ္ဘာ့အသက်အငယ်ဆုံး အသံလွှင့်အစီအစဉ်ကြေညာသူ***
အင်္ဂလန်နိုင်ငံ ၀က်စတန်မြို့မှ အသက်၈နှစ်အရွယ် ဂျက်ဟေးလ်အမည်ရှိ ကလေးငယ်သည် စတားရေဒီယိုအသံလွှင့်ဌာန၌ အစီအစဉ်ကြေညာသူအဖြစ် အောင်မြင်စွာဆောင်ရွက်လျက်ရှိရာ ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး အသံလွှင့်အစီအစဉ်ကြေညာသူအဖြစ် မှတ်တမ်းတင်ခြင်းခံရသည်။ ဂျက်ဟေးလ်သည် ငယ်ရွယ်စဉ်ကပင် တေးဂီတသံစဉ်များကို ၀ါသနာပါသူဖြစ်ပြီး အစီစဉ်များတင်ဆက်ရာ၌ ၄င်း၏ အရပ်နှင့် အသံလွှင့်စက်အနိမ့်အမြင့် ဟန်ချက်ညီမျှစေရန် ခြေထောက်အောက်မှာ သေတ္တာခုပေးထားရသည်။ (အင်တာနက်)

*** ကမ္ဘာ့စီးပွားရေကျဆင်းနေချိန် အိုပက်ရေနံထုတ်လုပ်မှု ထိန်းထားမည်***
ရေနံရောင်းနိုင်ငံများအဖွဲ့ (အိုပက်)သည် ယင်း၏လက်ရှိ ရေနံထုတ်လုပ်မှုအဆင့်ကို ဆက်ထိန်းထားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားစွမ်းအင်နှင့် ရေနံဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂-ရက်နေ့၌ ကြေညာသည်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေခိုက်တွင် အိုပက်၏ရေနံထုတ်လုပ်မှုခွဲတမ်းကို မပြောင်းလဲဘဲ လက်ရှိအတိုင်း ဆက်ထိန်းထားရန် အင်ဂိုလာနိုင်ငံ လူအန်ဒါမြို့တွင် ကျင်းပသည့် (၁၅၅)ကြိမ်မြောက် အိုပက်ဝန်ကြီးအဆင့် အစည်းအဝေးက ဆုံးဖြတ်သည်ဟုလည်း အဆိုပါဝန်ကြီးဌာန၏ ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။ (အင်တာနက်)
*** အမေရိကန် အာရီဇိုးနားပြည်နယ်၌ ဖုန်မုန်တိုင်းကျရောက်***
အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် ကာဆာဂရန်ဒီအနီးတွင် ဒီဇင်ဘာလ ၂၂-ရက်နေ့က ဖုန်မုန်တိုင်းကျသဖြင့် မော်တော်ယာဉ်ပေါင်းစုံ တသီတတန်းတိုက်မိကြရာမှ ရဲအရာရှိများက ယာဉ်သွားလာမှုများကို ရပ်တန့်ထားလိုက်ရသည်ဟု သတင်းရရှိသည်။ ယာဉ်မောင်းအများအပြား သေဆုံးပြီး အချို့ကို ဒေသန္တရဆေးရုံသို့ တင်ပို့လိုက်သည်။ (အင်တာနက်)
*** ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်း ကူဝိတ်နိုင်ငံ၌တွေ့ရှိ***
ရေနံကြွယ်ဝသည့် ကူဝိတ်နိုင်ငံသည် နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းတစ်တွင်း တွေ့ရှိထားကြောင်း ဒီဇင်ဘာလ ၂၂-ရက်နေ့က ကြေညာသည်။ ကူဝိတ်နိုင်ငံအနေဖြင့် ၂၀၂၀-ပြည့်နှစ်တွင် တစ်နေ့လျှင် ရေနံစိမ်းစည် လေးသန်း ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ဖြင့် ကြိုးပမ်းလုပ်ဆောင်နေသည့်အချိန်၌ ယင်းရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ (အင်တာနက်)
*** လေယာဉ်သစ် ၂၅-စင်း မလေးရှားဝယ်ယူမည်***
မလေးရှားလေကြောင်း (အမ်အေအက်စ်)သည် အမေရိကန်ဒေါ်လာ ငါးဘီလီယံဖိုးရှိ အေ ၃၃၀-၃၀၀- အမျိုးအစား လေယာဉ်သစ် ၂၅-စင်းဝယ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ဝယ်ယူရေးအတွက် အမ်အေအက်စ်နှင့် အဲယားဘတ်စ်ကုမ္ပဏီတို့ ဒီဇင်ဘာလ ၂၂-ရက်နေ့က နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

Read More...

Thursday, December 24, 2009

မူးယစ်ဆေးဝါးများနှင့်အတူထိုင်းလူမျိုး ၁ဦးနှင့်မြန်မာအမျိုးသမီး၂-ဦးဖမ်းမိ


ဒီဇင်ဘာ ၂၄-ရက် ဒေလီးနယူး(ထိုင်းဘာသာသတင်းစာ)
ထိုင်းဘာသာပြန် ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

ယမန်နေ ညနေပိုင်းက ဘန်ကောက်မြို့ တနေရာတွင် မူးယစ် ဆေးဝါးသယ်ဆောင်လာသူ ထိုင်းအမျိုးသားတစ်ဦးနှင့် မြန်မာ နိုင်ငံမှ ရှမ်းအမျိုးသမီးငယ်နှစ်ဦးတို့အား ယာဘစိတ်ကြွဆေးပြား အမြောက်အမြားဖြင့် ဖမ်းဆ:ီမိ လိုက်သည်။ ကားနံပါတ် KB/9689 ဟွန်ဒါဂျက်အဖြူရောင်ဖြင့် အသက် ၄၂-နှစ်အ၇ွယ် နိုင်ချု့ ချီဒေ ၀န်ထ၀ီနှင့် မြန်မာ(တောင်ကြီးရှမ်း၊ အသက် ၂၅နှစ်အရွယ် မနန်းပေါင်နှင့် အသက်၂၃နှစ်အရွယ် မနန်းယဉ်တို့ အား စိတ် ကြွဆေးပြား

(တစ်သိန်းခြောက်ထောင်)ကာလတန်ဘိုးဘတ်သန်း၂၀-ဖိုး အားဖမ်းဆီ:လိုက်သည်။ အဆိုပါသူများမှာ ဘန်ကောက်မြို့ လဖလောက် ချူချိုင်လမ်းသွယ်(၄) ရှိ အဆောက်အဦး
မည် ချို့ ထုံချိုင်ပဲလစ် (၄၆/၉၄)တတိယထပ် အခမ်းအမှတ်(၃၀၈)အားငှားရမ်းနေထိုင်သူများဖြစ်သည်။ နိုင်ချု့ ချီဒေ ၀န်ထ၀ီ သည်ထိုင်းနိုင်ငံအရှေ့ ပိုင်း ခြုံဘူရီမြို့တွင်စားသောက်ဆိုင်ဖွင့်လှစ်ထားသူဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသူများဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ တို့ ကသတင်းရရှိထားပြီးဖြစ်သဖြင့် မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ကြောင်း ရဲဗိုလ်ချုပ် အဘီထစ်
ပန်ကျမာနွန် ကပြောသည်။

***ူ
သတင်း- ကိုကျော်သောင်း (ဘန်ကောက်)***

Read More...

အများပြည်သူများအကျိုးငှာ တိုင်ကြားခြင:်

***ကစထမှူး
ကာကွယ်ရေးနှင့် စစ်ဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့
နေပြည်တော်
တိုင်းမှူး
အရှေ့တောင်တိုင်း စစ်ဌာနချုပ်
မော်လမြိုင်မြို့
ဝန်ကြီးရုံး
ပြည်ထဲရေးဝန်ကြီး
နေပြည်တော် (၂၀၀၉) ခုနှစ်
အကြောင်းအရာ။ ။အများပြည်သူများအကျိုးငှာ တိုင်ကြားခြင်း။
ကစထမှူးကြီးအားလေးစွာဖြင့် မေတ္တာရပ်ခံတိုင်ကြားအပ်ပါသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း စားသောက်ဆိုင်များတွင် မြို့နယ်မှ တာဝန်ရှိသူများလာဘ်ပေးလာဘ်ယူပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ဖိလာဆန့်ကျင်သောစင်တင်တေးဂီတ၊ အကျင့်စာရိတ္တပျက် KTP အနှိပ်ခန်းများတွင် စားသောက်ဆိုင်ပိုင်ရှင်များမှ အရွယ်မရောက်သေးသော (၁၃- ၁၄)နှစ်အရွယ် အမျိုးသမီးများအား လိင်ဆိုင်ရာ လူကုန်ကူးမှုများပြုလုပ်စေခိုင်းခြင်း၊ ပြည့်တန်ဆာမများပြုလုပ်စေခိုင်းခြင်း၊ အနှိပ်ခန်းတွင် စိတ်ကြွဆေးပြားများ သုံးစွဲနေကြသောကြောင့် (၈-၉-၁၀) တန်းကျောင်းသားများနှင့် အိမ်ထောင်ရှင်အမျိုးသားများသည် အကျင့်စာရိတ္တပျက်ယွင်းလာခြင်း၊ အိမ်ထောင်ရေး၊ လူမှုရေးကျင့်ဝတ်များဖောက်ပြားလော်လီခြင်း၊ ပြည့်တန်ဆာ ခေါင်းအိမ်များ ရပ်ကွက်ထဲတွင် ၀င်-ထွက်သွားလာနေခြင်းများကြောင့်

သားပျို၊ သမီးပျိုများသည် အတုမြင်အတတ်သင်စေခြင်း၊ စင်တင်တေးဂီတဆိုင်များမှ ညအချိန်မတော် မူးယစ်ဆူညံခြင်းများကြောင့် ဘေးပတ်ဝန်းကျင်အနီး ဘုန်းတော်ကြီးစာသင်တိုက်ကျောင်းများမှ ၀ါဆိုသံဃာတော်များ စိတ်အေးချမ်းသာမှုမရှိခြင်း၊ ရပ်ကွက်ထဲတွင် ညအချိန်မတော် စင်တင်စတိတ်ရှိုးသံများကြောင့် ကျောင်းသားများ စာကျက်မရခြင်း၊ နာမကျန်းသက်ကြီးရွယ်အိုများလည်း စိတ်အေးချမ်းစွာ အိပ်စက်မရခြင်းများကြောင့် ပြည့်တန်ဆာအိမ်များ၊ အနှိပ်ခန်းများ၊ အသက်မပြည့်သော အမျိုးသမီးငယ်များအား လိင်ဆိုင်ရာလူကုန်ကူးမှုများ၊ ပြည့်တန်ဆာရုံပပျောက်အောင် အရေးယူနှိမ်နင်းပေးပါရန် တိုင်ကြားအပ်ပါသည်။
ထို့အပြင် သံဖြူဇရပ်မြို့နယ်သည် ပညာရေးကို အဓိကထားသောမြို့နယ် တစ်မြို့နယ်ဖြစ်ပါသောကြောင့် အထက (၁)အထက်တန်းကျောင်းရှေ့ မြို့နယ်အားကစားဝန်းအတွင်းရှိ ဖွင့်လှစ်လျှက်ရှိသော `နွေဆည်းဆာ´ စားသောက်ဆိုင်တွင် (၈-၉-၁၀) တန်း ကျောင်းသားများသည် ကျောင်းမတက်ဘဲ ကျောင်းဆင်းချိန်များတွင် ပြင်ပအင်္ကျီအပိုထည့် ၀တ်ဆင်ကာ မူးယစ်သောက်စားနေခြင်း၊ ဖဲဝိုင်းများရှိသောကြောင့် ဖဲကစားခြင်း၊ ဘောလုံးကွင်းတွင် လူပြတ်နေရာများတွင် ရိုက်နှက်ခြင်းများပြုလုပ်နေ၍ ဆရာ များ၏ ပြောဆိုဆုံးမမှုများအား ကလန်ကဆန်ပြုလုပ်ခြင်းများ ရှိနေပါသည်။ အဆိုပါမြို့နယ် အားကစားဝန်းတွင် မြို့နယ်မှ တာဝန်ရှိသူများမှ ၀န်ထမ်းသက်သာဆိုင်ခန်း (၃၀)အား ဆောက်လုပ်ပြီး အခန်း(၁)ခန်းလျှင် သိန်း (၄၀)ဖြင့် ရောင်းစားလျှက်ရှိပါသည်။
အနှိပ်ခန်းဆိုင်များ…။
၁။ ဥသြသံ စားသောက်ဆိုင် (ကြာကန်ရပ်ကွက်)
၂။ ကြ
င်နာရိပ် စားသောက်ဆိုင် (ကြာကန်ရပ်ကွက်)
၃။ ၀ိုင်း စားသောက်ဆိုင် (ကရင်သောင်ကျေးရွာ)
၎။ Good Days စားသောက်ဆိုင် (၀ဲသွန်းချောင်ကျေးရွာ)
၅။ ယမုံဟိန်း စားသောက်ဆိုင် (၀ဲသွန်းချောင်ကျေးရွာ)
၆။ တူးဝမ်းတူး စားသောက်ဆိုင် (အောင်ကုသိုလ်ရပ်ကွက်)
၇။ မြင့်ထက်ကျော် စားသောက်ဆိုင် (ဖေါင်စိန်ကျေးရွာ)
၈။ ဟာရီကိန်း စားသောက်ဆိုင် (အောင်ကုသိုလ်ရပ်ကွက်၊ အစိုးရအိတ်ချိန်းရုံးဝန်းအတွင်းနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းအရှေ့)
၉။ နွေဆည်းဆာ စားသောက်ဆိုင် (စက်သစ်ရပ်ကွက်၊ အ.ထ.က ကျောင်းရှေ့၊ မြို့နယ်အားကစားဝန်းအတွင်း)
မြို့နယ်ရှိ တာဝန်ရှိသူများမှ ဗုဒ္ဓဘာသာ သားသမီးများဖြစ်သောကြောင့် မြန်မာ့ယဉ်ကျေးမှုနှင့်
ဖီလာဖြစ်သောကြောင့် အရေးယူနှိမ်နှင်းပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆရာ၊ ဆရာမ များနှင့် ကျောင်းသားမိဘများ…
မိတ္တူကို
မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊
မော်လမြိုင်မြို့
ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊
မော်လမြိုင်မြို့
ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မော်လမြိုင်မြို့

ပေးပို့သူ- သံဖြူဇရပ်- မြို့စောင့်နတ်

Read More...

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

***ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေး ယခုနှစ် ၃ ဒသမ ၁-ရာခိုင်နှုန်း ကျဆင်းသွား***
(ဗီယင်နာ၊ ဒီဇင်ဘာလ ၂၂-ရက်)

ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေးသည် ယခုနှစ်တွင် ၃ ဒသမ ၁-ရာခိုင်နှုန်း ကျဆင်းသွားကြောင်း နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့(အိုင်စီအေအို)က မကြာမီကထုတ်ပြန်သည့် စာရင်းဇယားများတွင် ဖော်ပြ ထားသည်။ ယင်းကဲ့သို့ ကျဆင်းသွားရခြင်းသည် ကမ္ဘာ့ငွေကြေးအကျပ်အတည်းကြောင့် ဖြစ်ကြောင်း၊ လေ ကြောင်း သမိုင်းတွင် အကြီးများဆုံး ကျဆင်းခြင်းလည်းဖြစ်ကြောင်း သိရသည်။ ထိုကျဆင်းသည့် ကိန်းဂဏန်း သည် တစ်ကမ္ဘာလုံး၏ စုစုပေါင်းထုတ်ကုန်တန်ဖိုး ၁-ရာခိုင်နှုန်းကျဆင်းမှုကို ပြသလိုက်ခြင်း ဖြစ်သည်ဟုလည်း အိုင်စီအေအို၏ ကြေညာချက်တွင် ဖော်ပြထားသည်။ လေကြောင်းခရီးသွားလာမှုသည် အရှေ့အလယ်ပိုင်း ဒေသမှ လွဲလျှင် ကျန်ဒေသအားလုံး၌ ကျဆင်းခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသသည် လေကြောင်းသွား လာမှုတွင် ၁၀-ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)

*** အာကာသယာဉ်သုံး ညူကလီးယားအင်ဂျင် ရုရှား စတင်သုတေသနပြု***
(မော်စကို၊ ဒီဇင်ဘာလ ၂၂-ရက်)
ရုရှားနိုင်ငံသည် အာကာသယာဉ်အတွက် ညူကလီးယား အင်ဂျင်ထုတ်လုပ်ရေး သုတေသနလုပ်ငန်းများကို လာမည့်နှစ်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရယ် အာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် အကြီးအကဲအနာတိုလီပါမီနော့က ဒီဇင်ဘာလ ၂၀-ရက်နေ့က ပြောကြားသည်။ အာကာသယာဉ်ဆိုင်ရာ ညူကလီးယားအင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းသည် အလားအလာအလွန်ကောင်းကြောင်း၊ ယင်းညူကလီးယားအင်ဂျင်များကို အင်္ဂါဂြိုဟ်နှင့် အခြားဂြိုဟ်များသို့ လွှတ်တင်ရာတွင် တီထွင်အသုံးပြုသင့်ကြောင်း၊ ကာဇက်စတန်ရှိ ဘိုက်ကိုနောအာကာသစခန်း၌ ၄င်းက ပြောကြားကြောင်း ရုရှားသတင်းဌာနများက ကိုးကားဖော်ပြသည်။ ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်ကလည်း ရုရှားနိုင်ငံအနေဖြင့် ညူကလီးယားစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အာကာသယာဉ်တွင် ညူကလီးယားနည်းပညာကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ (အင်ဟွာ)

*** ကိုကင်း ၂၀-ကီလိုဂရမ် ပြင်သစ်၌ သိမ်းဆည်း***
(ပါရီ၊ ဒီဇင်ဘာလ ၂၂-ရက်)
ပြင်သစ်နိုင်ငံမြောက်ပိုင်း ကာလီးစ်ဒေသရှိ မန်ချီးဥမင်စစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာလ ၂၁-ရက်နေ့က ကားတစ်စီးကို အကောက်ခွန်အရာရှိများက စစ်ဆေးရှာဖွေခဲ့ရာ အထုပ် ၁၈-ထုပ်ဖြင့် ထုတ်ထားသည့် ကိုကင်းကီလိုဂရမ် ၂၀-ကို သိမ်းဆည်းနိုင်ခဲ့ပြီး ယာဉ်မောင်းအား ဖမ်းဆီးလိုက်ကြောင်း ဆင်ဟွာက ဖော်ပြသည်။ ယခုသိမ်းဆည်းနိုင်ခဲ့သည့် ကိုကင်းများမှာ ဥရောပသုံးယူရိုငွေ ၈၄၀၀၀၀-ခန့် တန်ဖိုးရှိကြောင်း သိရသည်။ (ဆင်ဟွာ)

*** ဆိုမာလီပင်လယ်ဓားပြများအား အိန္ဒိယရေတပ်တိုက်ထုတ်နိုင်ခဲ့***
(နယူးဒေလီ၊ ဒီဇင်ဘာလ ၂၂-ရက်)
အေဒင်ပင်လယ်ကွေ့၌ သင်္ဘောတစ်စင်းအား ပြန်ပေးဆွဲရန် ကြိုးပမ်းသည့် ဆိုမာလီပင်လယ်ဓားပြများအား အိန္ဒိယရောက်ရေတပ်က တိုက်ထုတ်နိုင်ခဲ့ကြောင်း အင်ဒို- အာရှသတင်းဌာနက ဒီဇင်ဘာလ ၂၂-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ သင်္ဘောအနီးသို့ ပင်လယ်ဓားပြများ လှေငယ်တစ်စင်းဖြင့် ချဉ်းကပ်ရောက်ရှိလာသည်ကို အိန္ဒိယစစ်သင်္ဘောက သတင်းရရှိပြီးနောက် ရဟတ်ယာဉ်တစ်စင်းစေလွှတ်ကာ ပင်လယ်ဓားပြများအား တိုက်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်း၌ ပါရှိသည်။ သင်္ဘော၏အမည်နှင့် မည်သည့်နိုင်ငံမှ ဖြစ်သည်ကိုမူ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (ဆင်ဟွာ)

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

Read More...

လူထုကျန်းမာရေး (လက်ဖက်ရည်ကြမ်းနှင့် စိတ်ကျဝေဒနာကင်းဝေးမှု)

*** (Public Health)***
*** လက်ဖက်ရည်ကြမ်း ပုံမှန်သောက်သုံးပါလျှင် စိတ်ကျဝေဒနာကင်းဝေးနိုင်ကြောင်း လေ့လာတွေ့ရှိ***

လက်ဖက်ရည်ကြမ်းနေ့စဉ် ၄-ခွက်(၀ါ)ထို့ထက်ပို၍ ပုံမှန်သောက်သုံးလျှင် သက်ကြီးရွယ်အိုအမျိုးသား၊ အမျိုး သမီးများအတွက် စိတ်ကျဝေဒနာဖြစ်မည့် အန္တရာယ်လျော့ပါးစေသည်ဟု သုတေသီများက နောက်ဆုံးလေ့လာ တွေ့ ရှိရသည်ဟုဆို၏။ ယခင်က လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် စိတ်သောက ဖိစီးမှုလျော့ပါးစေခြင်း အပါအ၀င်

ကျန်းမာရေးအကျိုးထူးများ ရရှိနိုင်ကြောင်း သိရထားပြီးဖြစ်၏။ ယခုအခါတွင် လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းကြောင့် အသက် (၇၀)ကျော် အဘိုးအဘွားများအနေဖြင့် စိတ်ကျဝေဒနာဖြစ်ပွားမှု (၄၄)ရာခိုင်နှုန်းလျော့နည်းသွားကြောင်း တွေ့ရှိရသည်ဟုဆို၏။ (အင်တာနက်)

Read More...

24Dec, 09// တောင်းပန်ပါရစေ ---- မရက်စက်ပါနဲ့ 

***(အပိုင်း - ၁ ) ***
***`အမြီးကိုင်ပြီး တောင်းပန်ပါရဲ့ရှင်
ဦးချိုကိုင်ပြီး တောင်းပန်ပါရဲ့ဗျာ…´လို့
နူတ်ဖျားက မချိုမခါးနဲ့
ဟောဒီဆိုစကားကိုပဲ
မြန်မာအလုပ်သမားများက ဆိုလိုက်ပါရစေ…။
*** ခင်ဗျားတို့ မြေပေါ်မှာနေ
ခင်ဗျားတို့ရေကို သောက်နေပေမယ့်
ကျုပ်တို့လုပ်အားတွေနဲ့
ကျုပ်တို့ မျက်ရည်တွေနဲ့
ကျုပ်တို့ အသက်သွေးချွေးတွေနဲ့
ခင်ဗျားတို့ ထိုင်းနိုင်ငံ စီးပွားရေး စမတ်ကျအောင်
ပေးဆပ်နေသူတွေထဲမှာ

ကျုပ်တို့ မြန်မာအလုပ်သမားတွေဟာ
ထိပ်ဆုံးရဲ့ ထိပ်မှာဆိုတာ ငြင်းချင်သေးလို့လားဗျာ…။
*** ထိုင်းနိုင်ငံသားတွေ
ထိုင်းအလုပ်သမားတွေ
မလုပ်ချင်ကြတဲ့
ခက်ခဲကြမ်းတမ်းတဲ့အလုပ် (Difficult)
ညစ်ပတ်စုတ်ပြတ်တဲ့အလုပ် (Dirty)
အန္တရာယ်ရှိတဲ့အလုပ် (Dangerous)
အဲဒီအလုပ်
မျိုးအစားတွေကို
မြန်မာအလုပ်သမားတွေက
လုပ်အားခဈေးပေါပေါနဲ့
ခင်ဗျားတို့ နိုင်ငံထဲမှာ စီးမျောပေးနေကြတာပါဗျာ…။
*** ဈေးပေါပေါနဲ့
စီးမျောပေးနေတာကိုတောင်
အယောင်ဆောင် ရဲနဲ့ လ၀ကတစ်မျိုး
ရဲအစစ်နဲ့ လ၀ကအစစ်က တဖုံ
ပြည်သူ့စစ်က တမှောင့်
ရင်ဘတ်ကိုဆောင့်ကန်ကြသလိုမွှေကြ
ငွေတောင်းကြ၊ ခြိမ်းခြောက် အနိုင်ကျင့်ကြ
ဖမ်းဆီးကြ၊ အဓမ္မပြုကျင့်ကြနဲ့
သင့်၏၊ မသင့်၏၊ မထိန်းချုပ်နိုင်လောက်အောင်
ဥပဒေဘောင်ထဲကပဲ
မသဲမကွဲ ချိုးဖောက်ပြီးတော့
လူ့ အောက်တန်းစား မြန်မာပြည်သားတွေ အဖြစ်
နွံနစ်သထက်နစ် နေတာကို သိပေမယ့်
ဒို့ ပြည်တွင်းမှာလေ အလုပ်အကိုင်ရှားပါးပြီး
ဝင်ငွေကနည်းပါးလွန်း တာမို့  (ရှင်းရှင်းပြော ရရင်ထမင်း မ၀လို့ )
နင်တို့  ထိုင်းနိုင်ငံ ထဲမှာက
မသာလည်းတ ၊ သာလည်း တရတဲ့
ဖိုးလမင်း ဘ၀ ဆိုတာ
ငါတို့ ပါ ဟေ့ကောင်ရာ…..။

(ဆက်လက်ဖော်ပြပါမည်)
ခံစားတင်ပြသူ --- သောင်ရင်းနဂါး (မြန်မာပြည်သား)

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)