(၁)
ဗမာပြည်စစ်တလင်းထဲမှာ
အသံနက်ကြီးအခုရုန်းကြွ
`မောင်ကျော့်မှာသာ အပြစ်ရှိပါတယ်´တဲ့။
(၂)
၂၀၀၁ စက်တင်ဘာ ၁၂
ပင်တဂွန် WTC အဖြစ်အပျက်
အံ့အားသင့်၊ ခံပျင်း၊ ခံတွင်းတွေ့
စုပ်သပ်၊ သုံးသပ်ကြ
တကမ္ဘာလုံးခမျာ အားကိုးရာမဲ့ရတာ အုံ့မိုးကာ
ဒီ `ကွင်း´မှာက
`ပျင်း´သဗျ
မဟာ၊ မဟာ့။
(၃)
တော်တော်ကိုကြီးတဲ့
ခေါင်းဆောင်၊ ခေါင်းဆောင်ကြီးရဲ့
မယားတသူလုပ်ဟန်၊ ကြောင်ကွက်များ
ဗျာများကြ
ဖိုးဝီးတွေပြေးကြ၊ လွှားကြ
ပင့်ကြ၊ ချော့ကြ၊ ဆွေးနွေးတင်ပြ
ပြီးတော့ (ရည်မှန်းထားသလိုပ) လက်လျှော့ကြ
ဟားကြ၊ လှောင်ကြ၊ လောင်ကြ
`အော်… ပြည်သူ့အကျိုးဆောင်ကြ´တဲ့လားလေ။
(၄)
`ထောက်လှမ်းရေး မငြိုငြင်စေရ´
ဒါကို ၀ါးမြိုထားသူတွေဟာ
သံဃာစင်ပေါ်မှာ လူရာကလဲဝင်ချင်တဲ့အခါ
နည်းနာဆိုတဲ့ ပလပ်စတစ်နဲ့ဝှက်ကာ
`ခင်ဗျားတို့ ဗမာတွေ အနေထိုင်ဆင်ခြင်ပါ
ဒါ- အဖွဲ့အစည်းရဲ့ အကြပ်အတည်းအရ
ပါးစပ်ကို လျှာနဲ့ရက်၊ သပ်
သွားကြားတချက်စုပ်ပြီး ဆုံးမလေရဲ့
`ပညာပေးလိုက်တယ်´ဆိုတဲ့ ဟန်ကအပြည့်။
(၅)
ပါးစပ်အဟောင်းတွေနဲ့တွက်ချက်
ဖက်ဆစ်- တွေရဲ့အရိုးရင်း(အမှိုက်ပုံမှာ)
အနာဂတ်လမ်းစဉ် မျှား၊ ဦးစိုက် ငိုက်ထားလိုက်ပြီ။
(၆)
`ကိုင်း- အရေးကြီးသူဖြစ်စေသတည်း´
ထောက်လှမ်းရေးက လိုင်စင်ပေးသနားတဲ့အခါ
ကံထူးရှင် မျက်နှာ`မာ´ကို
ဟစ်တလာရေသန့်ပုလင်းနဲ့သစ်
လူထုရဲ့ အနှစ် ၅၀ ကျော်တော်လှန်စစ်အတွင်းမှာ
နေစရာလိုက်ရှာနေတတ်ပြန်။
(၇)
အရက်ပုလင်းအဖုံးထဲက
ကံစမ်းမဲလို အနာဂတ်ကို ကြိုချင်ကြ။
(၈)
၅၁ နှစ်ခံတွင်းကထွေးအန်
ဗမာပြည်တော်လှန်းစစ်မြေပြင်မြတ်မှာ
`တဦးချင်းဝါဒ´သမားတွေ ကျဆုံးပါစေ။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
ဗမာပြည်စစ်တလင်းထဲမှာ
အသံနက်ကြီးအခုရုန်းကြွ
`မောင်ကျော့်မှာသာ အပြစ်ရှိပါတယ်´တဲ့။
(၂)
၂၀၀၁ စက်တင်ဘာ ၁၂
ပင်တဂွန် WTC အဖြစ်အပျက်
အံ့အားသင့်၊ ခံပျင်း၊ ခံတွင်းတွေ့
စုပ်သပ်၊ သုံးသပ်ကြ
တကမ္ဘာလုံးခမျာ အားကိုးရာမဲ့ရတာ အုံ့မိုးကာ
ဒီ `ကွင်း´မှာက
`ပျင်း´သဗျ
မဟာ၊ မဟာ့။
(၃)
တော်တော်ကိုကြီးတဲ့
ခေါင်းဆောင်၊ ခေါင်းဆောင်ကြီးရဲ့
မယားတသူလုပ်ဟန်၊ ကြောင်ကွက်များ
ဗျာများကြ
ဖိုးဝီးတွေပြေးကြ၊ လွှားကြ
ပင့်ကြ၊ ချော့ကြ၊ ဆွေးနွေးတင်ပြ
ပြီးတော့ (ရည်မှန်းထားသလိုပ) လက်လျှော့ကြ
ဟားကြ၊ လှောင်ကြ၊ လောင်ကြ
`အော်… ပြည်သူ့အကျိုးဆောင်ကြ´တဲ့လားလေ။
(၄)
`ထောက်လှမ်းရေး မငြိုငြင်စေရ´
ဒါကို ၀ါးမြိုထားသူတွေဟာ
သံဃာစင်ပေါ်မှာ လူရာကလဲဝင်ချင်တဲ့အခါ
နည်းနာဆိုတဲ့ ပလပ်စတစ်နဲ့ဝှက်ကာ
`ခင်ဗျားတို့ ဗမာတွေ အနေထိုင်ဆင်ခြင်ပါ
ဒါ- အဖွဲ့အစည်းရဲ့ အကြပ်အတည်းအရ
ပါးစပ်ကို လျှာနဲ့ရက်၊ သပ်
သွားကြားတချက်စုပ်ပြီး ဆုံးမလေရဲ့
`ပညာပေးလိုက်တယ်´ဆိုတဲ့ ဟန်ကအပြည့်။
(၅)
ပါးစပ်အဟောင်းတွေနဲ့တွက်ချက်
ဖက်ဆစ်- တွေရဲ့အရိုးရင်း(အမှိုက်ပုံမှာ)
အနာဂတ်လမ်းစဉ် မျှား၊ ဦးစိုက် ငိုက်ထားလိုက်ပြီ။
(၆)
`ကိုင်း- အရေးကြီးသူဖြစ်စေသတည်း´
ထောက်လှမ်းရေးက လိုင်စင်ပေးသနားတဲ့အခါ
ကံထူးရှင် မျက်နှာ`မာ´ကို
ဟစ်တလာရေသန့်ပုလင်းနဲ့သစ်
လူထုရဲ့ အနှစ် ၅၀ ကျော်တော်လှန်စစ်အတွင်းမှာ
နေစရာလိုက်ရှာနေတတ်ပြန်။
(၇)
အရက်ပုလင်းအဖုံးထဲက
ကံစမ်းမဲလို အနာဂတ်ကို ကြိုချင်ကြ။
(၈)
၅၁ နှစ်ခံတွင်းကထွေးအန်
ဗမာပြည်တော်လှန်းစစ်မြေပြင်မြတ်မှာ
`တဦးချင်းဝါဒ´သမားတွေ ကျဆုံးပါစေ။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment