ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 18, 2010

ခေါင်ကယ်ငါးဖမ်းပိုက်စက်ရုံမှဆန္ဒပြအလုပ်သမားများအလုပ်အကိုင်နေသားတကျဖြစ်ပြီ

>

(အောက်တိုဘာ ၁၈၊၂၀၁၀)
ထိုင်း-လာအိုနယ်စပ် ခေါင်ကယ်ငါးဖမ်းပိုက်စက်ရုံ မှဆန္ဒပြ အလုပ်သမားများ ယာယီပတ်စပို့ များအားကိုင် ဆောင်ခွင့်ရရှိခဲ့ပြီးနောက်လျှက် ယနေ့တွင်ထိုင်းနိုင်ငံနေရာအနှံ့အပြားတို့တွင်အလုပ်အကိုင်များနေသားတကျ
ဖြစ်သွားပြီးဖြစ်သည်။
ဘန်ကောက်၊မဟာချိုင်၊စူရဌာနီ၊ခိုလတ်နှင့်မဲဆောက်တို့ တွင် အလုပ်သမားအာလုံး တရားဝင်ပြန်လည်အလုပ်
လုပ်ကိုင်ခွင့်ရရှိသွားကြပြီးဖြစ်သည်။ယမန်နေ့ကအထိ နေရာအပြောင်းအလဲရှိခဲ့ကြသော်လည်း ယနေ့ တွင်အား
လုံးအဆင်ပြေသွားခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့်အောက်တိုဘာလ၁၃ ရက်မှ ၁၅ရက်အတွင်း စက်ရုံတာဝန်ခံနှင့် ထိုင်းရှေ့နေများကောင်စီနှင့်MAP ဖေါင်ဒေးရှင်းနှင့်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း(BAT) တို့ မှ ၃ ရက်တိုင်တိုင် ညှိနှိုင်းခဲ့ကြပြီးနောက်ပိုင်းအလုပ်သမားများတောင်းဆိုချက်များတစ်ခုအနက်၆၅၈ဦးမှာယာယီပတ်စပို့ ကိုင် ဆောင်ခွင့်ရရှိခဲ့ကြပြီးဖြစ်သည်။
အလုပ်သမထိပ်တင်အေးက“သမီးတို့ ပတ်စပို့ ကိုခုမှမြင်ဖူးတော့တယ်။ ဘယ်လိုဝမ်းသာမှန်းမသိတော့ဘူး
ပြောမပြတတ်အောင်ပါပဲ၊အားလုံးကိုကျေးဇူးတင်ပါတယ်”ဟုပြောသည်။
အောက်တိုဘာ ၁၃ ရက်နေ့ ကလုပ်ငန်းရှင်ဘက်မှအလုပ်မဆင်းပဲဆန္ဒပြနေသည့်အလုပ်သမားများအား ပေးရန်ကျန်ရှိသည့်လုပ်အားခငွေ များကိုစက်ရုံဝင်း အတွင်းမှာထုတ်ပေးမှာမဟုတ်ပဲ။အပြင်တစ်နေရာ တွင်ထုတ်ပေးမည်ဖြစ်ကြောင်းထိုင်းရှေ့နေများသို့ တောင်းဆိုခဲ့သည်။
ထိုင်းရှေ့ နေများကလည်း စက်ရုံနှင့် ၃ကီလိုအကွာ (ဟွာလန်း)ထိုင်းဘုန်းတော်ကြီးကျောင်းတွင်နေရာချထား
ခဲ့ပြီး ၂ရက်တိုင်တိုင် ဖြေရှင်းခဲ့ကြရသည်။
MAP ဖေါင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မမိုင်က“လုပ်ငန်းရှင်ကတိမတည်ဘူး၊အပြင်ကိုထွက်ဖို့ သူ အကွက်ဆင်ခဲ့တာ၊တကယ်လည်းအလုပ်သမားတွေထွက်လာရော့ ထုတ်ပေးတဲ့ပိတ်ဆံတွေလျော့နေတယ်
ဒါပေမယ့် ကျမတို့ တရားစွဲပြီးပြန်တောင်းမယ်။ အလုပ်သမားတွေအပေါ်မှာဖိနှိပ်ထားတာတွေကိုတရားစွဲမယ်၊
အလုပ်သမားတွေအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုတောင်းဆိုသွားမှာဖြစ်ပါတယ်”ဟုပြောသည်။
ဘုန်းတော်ကြီးကျောင်းတွင်ကျောင်းထိုင် ဆရာတော်မှ ညနေစာထမင်းအားကျွေးမွေးလှူဒါန်းပါသည်။
အလုပ်သမားခေါင်ဆောင်တစ်ဦးဖြစ်သည့် ကိုထွန်းထွန်းလွင်က“ကျနော်တို့ ရဲ့ ညီညွတ်မှုကြောင့်ပါ။BAT
အဖွဲ့ ကခေါင်းဆောင်တွေညွန်ကြားတာတွေ၊မမိုင်ညွန်ကြားတာတွေကို ကျနော်တို့ အတတ်နိုင်ဆုံးအကောင်
အထည်ဖေါ်ပါတယ်။ကျနော်တို့ အကျဉ်းအကြပ်ထဲရောက်နေတဲ့အချိန်မှာ ခုလိုထိထိရောက်ရောက်ကူညီ
ပေးတဲ့အဖွဲ့ တွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ”ဟုပြောသည်။

အလုပ်သမားများပြဿနာဖြေရှင်းနေစဉ်အတွင်း ပင်လယ်ပျော်သမဂ္ဂ SUB မှ ဘတ်ငွေ ၁၀၀၀၀၊ ပညာရေးဖွံ့ဖြိုးမှုဖေါင်ဒေးရှုင်း( FED )မှ ၅၀၀၀ ဘတ်နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းမှ အရပ်ရပ်အလှူကောက်ခံငွေ ၇၂၀၀ဘတ်တို့ အား အလုပ်သမားခေါင်းဆောင်များလက်သို့ ပေးပို့ ကူညီနိုင်ခဲ့သည်။
BAT အဖွဲ့ မှ အမျိုးသမီးရေးရာနှင့်စည်းရုံးရေးမှူးဒေါ်သက်သက်ဦးက“ပထမတစ်ကြိမ်တုန်းက ကျမတို့ အဝေးကပဲအကူအညီပေးခဲ့တယ်။ဒီတခါတော့ ကျမတို့ အဖွဲ့ က၃ယောက်လိုက်သွားပြီးတော့ ထိုင်းရှေ့ နေအဖွဲ့ ၊MAP တို့ နဲ့ ညှိနှိုင်းပြီးတော့ အနီးကပ်ကူညီနိုင်ခဲ့တယ်။ အလုပ်သမားတွေဟာ ကျမတို့ ကိုတွေ့ တာနဲ့ အားတက်သွားကြတယ်။ ကျမတို့ ကလည်းနေ့ ရောညပါ အစွမ်းကုန် ကူညီပေးခဲ့တယ်။ အခြားအဖွဲ့ အစည်းတွေကိုလည်း ကျမတို့ ပဲအလုပ်သမားတွေကိုယ်စားအကူညီငွေအလှူခံခဲ့တာဖြစ်တယ်။ ကျမတို့ အတွက်တန်ဘိုးဖြတ်မရတဲ့အတွေ့ အကြုံတွေရရှိတယ်၊သင်ခန်းစာတွေရရှိခဲ့တယ်။ နောင်လည်းကျမတို့ တတ်နိုင်တာတွေကိုဆက်လက်လုပ်ကိုင်နေမှာဖြစ်ပါတယ်”ဟုပြောသည်။
ထိုင်းရှေ့ နေများကောင်စီမှ ရှေ့ နေကြီး Nassir Achwarin နှင့် MAP ဖေါင်ဒေးရှင်းမှ Pradittha Pariyakaewfah တို့ မှာ အထူးပင်ပန်းခံလုပ်ကိုင်ခဲ့ကြသည်။ အလုပ်သမားများနှင့် ဘုန်းကြီးကျောင်းတွင်
အတူစား၊အတူအိပ်သည်။မိုးရွာထဲတွင်သွားလာနေခဲ့ကြသည်။မမိုင်မှာလည်းအလုပ်သမားများအား စါရင်း
သွင်းရန်အကြိမ်ကြိမ်ပြောထားသော်လည်း စါရင်းလာမသွင်းသဖြင့် အားမရဖြစ်ခါ ငိုကြွေးသည်အထိ စေတနာ
ဖြစ်ခဲ့ရသည်။ BAT အဖွဲ့ သား ၃ဦးတို့ မှာလည်း ၄င်းတို့ နည်းတူ အအိပ်အစားပျက်ပင်းပန်းခံလုပ်ကိုင်ခဲ့ကြ
သည်။ပြဿနောက်ဆုံးနေ့ ဖြစ်သော အောက်တိုလ ၁၅ ရက်နေ့ တွင်MAP မှ ကိုနစ်နှင့် ရှေ့ နေများကောင်စီမှ
ခွန်းထနူးတို့ အင်အားလာရောက်ဖြည့်ဆည်းခဲ့ကြသည်။
ယခုဒုတိယအကြိမ် ဆန္ဒပြပွဲကိုလဆန်း၇ ရက်နေ့ ကစတင်ခဲ့သည်။ ၈ရက်နေ့ က ဘန်ကောက်အခြေစိုက်အဖွဲ့ ၈ဖွဲ့ တို့ အစည်းဝေးလုပ်ပြီးတာဝန်ခွဲဝေခဲ့ကြသော်လည်း အဆိုပါစက်ရုံက မည်သည့်အဖွဲ့ အစည်းကိုမှ အ၀င်မခံ
ခဲ့ချေ။ ထိုင်းရှေ့ နေများကောင်စီတစ်ခုတည်းကိုသာဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ကျောင်းဝင်းအတွင်းအလုပ်
သမားများနှင့်လုပ်ငန်းရှင်ကိုယ်စားလှယ်တို့ ပြဿနာရှင်းလင်းကြစဉ်၊ဒေသခံဆ၀ါဒီကန်ရုံးမှတာဝန်ရှိသူများ၊ဒေ
သခံထိုင်းရဲတပ်ဖွဲ့ ဝင်များနှင့်အရာရှိကြီးများ၊ကျေးရွာပြည်သူ့စစ်တို့ ကစောင့်ရှောက်ခဲ့ကြပါသည်။
အဆိုပါဘုန်းတော်ကြီးကျောင်းသို့  နေရာအစုံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များလာရောက်ပြီးအလုပ်သမား
များအားတရားဝင်ခေါ်ယူခဲ့ကြသည်။

**သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)