ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 11, 2011

11 Mar, 11// မတ်လအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
(Traffic was reduced to a crawl on many roads)
** ဂရိ၌ နှင်းမုန်တိုင်းများတိုက်ခတ်၊ ယာဉ်သွားလာမှုရပ်ဆိုင်း **
(အေသင်၊ မတ်လ ၉ ရက်)
ဂရိနိုင်ငံ အေသင်မြို့ဝန်းကျင်တွင် မတ်လ ၈ ရက်နေ့က နှင်းမုန်တိုင်းများ တိုက်ခတ်နေမှုကြောင့် မော်တော်ယာဉ်များ မောင်းနှင်မရဘဲ ရပ်တန့်နေခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း ဂရိအရာရှိများက ပြောကြားသည်။ နှင်းမုန်တိုင်းဆိုးရွားစွာ တိုက်ခိုက်နေမှုကြောင့် ဓာတ်အားဖြတ်တောက်ထားရပြီး စာသင်ကျောင်းများ ပိတ်ထားရကြောင်း၊ လေပြင်းများ မကြာခဏ တိုက်ခတ်နေသဖြင့် ဒေသခံများ အပြင်မထွက်နိုင်ဘဲ လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။ (အင်တာနက်)

(Hunter-gatherer groups in southern Africa were among the most genetically diverse populations)
** ခေတ်သစ်လူသား အာဖရိကတောင်ပိုင်း၌ စတင်
်ခဲ့ဖွယ် **
(စတန်းဖို့ဒ်၊ မတ်လ ၉ ရက်)
ခေတ်သစ်လူသားများ၏ မူလအစသည် အာဖရိကတိုက်တောင်ပိုင်း၌ မြစ်ဖျားခံခဲ့ဖွယ်ရှိကြောင်း ဗြိတိသျှသိပ္ပံပညာရှင်များက မတ်လ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ မျိုးဗီဇလေ့လာချက်အရ အာဖရိကတိုက်တောင်ပိုင်း၌ နေထိုင်ကျက်စားဖူးသော မုဆိုးအုပ်စုဝင် လူတူမျိုးနွယ်စုများသည် ခေတ်သစ်လူသား၏ မျိုးဗီဇလက္ခဏာများ အပြည့်အ၀ဆုံးဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

..(A person injured in the funeral bomb attack arrives at hospital in Peshawar, Pakistan. Photograph: Mohammad Iqbal/AP)

** ပါကစ္စတန်တွင် နာရေးတစ်ခု၌ အသေခံဗုံးခွဲ၊ ၃၆ ဦ်းသေဆုံး **
(ပက်ရှ်ဝါ၊ မတ်လ ၉ ရက်)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မတ်လ ၉ ရက်နေ့က နာရေးတစ်ခု၌ ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ၃၆ ဦးသေဆုံးပြီး ၄၀ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိများက ပြောကြားသည်။ ပေါက်ကွဲမှုမှာ အာဖဂန်နစ္စတန် နယ်စပ်အနီး ခိုင်ဘာဒေသ ပက်ရှ်ဝါပြည်နယ်မြို့တော် ပက်ရှ်ဝါမှ ကီလိုမီတာ ၂၀ ခန့်ဝေးသည့် အက်ဒီဇိုင်ဒေသရှိ ရွာငယ်တစ်ရွာရှိ နာရေးတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

** ၀င်ရိုးစွန်းရေခဲပြင်များ ပျောက်ကွယ်သည်နှင့်အမျှ ပင်လယ်ရေမျက်နှာပြင်
ပိုမိုမြင့်တက်လာ **

(၀ါရှင်တန်၊ မတ်လ ၉ ရက်)
အန္တာတိကတိုက်နှင့် ဂရင်းလန်းကျွန်းတို့ရှိ ရေခဲပြင်များ အရည်ပျော်နှုန်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း တဖြည်းဖြည်းမြင့်မားခဲ့ပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၏ အဓိက အကြောင်းတရားဖြစ်လာကြောင်း မတ်လ ၉ ရက်နေ့က သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** အာရှဆန်စပါး ထုတ်လုပ်မှု တိုးမြှင့်ရန် ကုလသမဂ္ဂအဖွဲ့အစည်းတိုက်တွန်း **
(ကမ္ဘာ့လူဦးရေ တိုးမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာ ပြတ်လပ်ခေါင်းပါးမှုကို ရှောင်လွှဲနိုင်ရေးအတွက် လယ်သမားများ ဆန်စပါးစိုက်ပျိုးမှုကို တွန်းအားပေးရန် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ယနေ့တောင်းဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** ဂျပန်အရှေ့မြောက်ပိုင်း၌ အင်အားပြင်း ငလျင်လှုပ် **
(တိုကျို၊ မတ်လ ၉ ရက်)
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းကမ်းလွန်တွင် မတ်လ ၉ ရက်နေ့က ရစ်ခ်ျတာစကေး ၇ ဒသမ ၂ ရှိ အင်အားပြင်း ငလျင်လှုပ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရကြောင်း ဂျပန်မိုးလေ၀သဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)