**Public Health**
**ဒေါက်တာ အယ်တီတာ ခင်ဗျား**
ကျွန်တော် ကတော Health Digest ဂျာနယ်ရဲ့ အမာခံ ပရိသတ် တစ်ဦးဖြစ် ပါတယ်။ မေးခွန်း ၄-၅ခု လောက် မေးခွင့်ပြုပါ။ ဒေါက်တာ အယ်ဒီတာ့ အနေနဲ့ တစ်ပြိုင်နက်တည်း ဖြေဆိုရန် များပြားနေပါက မေးခွန်း တစ်ခုချင်းကို အလျဉ်းသင့်သလို ခွဲခြား ၍ ဖြေပေးစေလိုပါတယ်။ ပထမမေးချင်တဲ့ မေးခွန်းက တော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းမှာ နိုင်ငံသိ ထင်ရှားတဲ့ ဆေး ပညာရှင်တစ်ဦးက ပန်းသီးနေ့စဉ် စား ပေးရင် ကင်ဆာရောဂါမဖြစ်အောင် ရာခိုင်နှုန်းတော်တော်များများကာကွယ် နိုင်တယ်လို့ ပြောကြားထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အနောက်တိုင်း ဆေးပညာရှင်တွေရဲ့ သုတေသနပြုချက်အရ ပန်းသီးထဲတွင် အင်တီအောက်စီးဒင့်ဓာတ်တွေ အများ ကြီးပါသောကြောင့် ပန်းသီးနေ့စဉ် စားပေးခြင်းဖြင့် ကင်ဆာရောဂါကို ရာခိုင်နှုန်းတော်တော်များများကာကွယ် နိုင်တယ်ဆိုတာ ဖတ်ဖူးပါတယ်။
သို့ပေမယ့် ဆရာဝန်ကြီးတစ် ယောက်ကတော့ ပန်းသီး ၃ လုံး နေ့စဉ်စားရင် ကင်ဆာရောဂါမဖြစ် တော့ဘူးဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ "အပြတ်" ပြောပါတယ်။ အဲဒီဆရာကြီးပြောတာက ပန်းသီးစားခြင်းသည် ကင်ဆာရောဂါ ကို ကာကွယ်နိုင်တယ်ဆိုတာအဓိပ္ပာယ် မရှိဘူးလို့ ဆိုလိုရာရောက်ပါတယ်။ အဲဒီဆရာဝန်ကြီးအနေနဲ့ အဲဒီလို အစွန်းရောက်တဲ့ ပြောဆိုချက်ဟာ စာဖတ်ပရိသတ်အတွက် အဆိပ်အ တောက်ဖြစ်ရာ မရောက်ဘူးလား။ စာဖတ်ပရိသတ်ကို အသိဗဟုသုတ မရရှိအောင် တားဆီးရာ မရောက်ဘူး လားဆိုတာ သိချင်ပါတယ်။
လေးစားစွာဖြင့် မောင်အောင်အောင် (ပုစွန်တောင်မြို့နယ်)
ပန်းသီးအပါအဝင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်အားလုံးကို ပုံမှန် စားသုံးခြင်းဟာ နာတာရှည်ရောဂါများ (ဥပမာ-နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများ) ကို ကာကွယ်နိုင်တယ်လို့ အာဟာရ သုတေသနပညာရှင်များက လေ့လာ တွေ့ရှိထားကြပြီးဖြစ်ပါတယ်။ ညီလေးမေးတဲ့ ပန်းသီးလည်း အပါအဝင်ဖြစ်ပါတယ်။ ပန်းသီးနှင့် ပတ်သက်လို့ ယခုကဲ့သို့ သိပ္ပံနည်းကျ သုတေသနပြုလုပ်မှုတွေ ပေါ်ပေါက် ဟန်မတူသေးသော ရှေးယခင် ကာလ ကတည်းက ပန်းသီးတစ်နေ့တစ်လုံး စားရင် ဆရာဝန်ထံ သွားစရာမလိုဟူ သော ဆိုရိုးတစ်ခုရှိနေခဲ့တာ ဖြစ်ပါ တယ်။ သစ်ပင်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများထဲတွင် ကောင်းကျိုးပြု ဓာတုပစ္စည်း (Phytochemical) တွေ အများကြီးပါဝင်ပါတယ်။

ပန်းသီးထဲ မှာလည်း အဲဒီပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။ ဒီပစ္စည်းတွေကိုဓာတ်တိုး ဆန့်ကျင်ပစ္စည်း အင်တီအောက်စီးဒင့် (Antioxidants) တွေလို့ခေါ်ကြပါတယ်။ ကလာပ်စည်းများထဲတွင် ဓာတ်တိုးခြင်း (Oxidation) ဖြစ်တဲ့အခါ အဲဒီကလာပ် စည်းတွေကို ထိခိုက်ပျက်စီးစေပါတယ်။
ဤကဲ့သို့ ဓာတ်တိုးသွားခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ကင်ဆာ ရောဂါကဲ့သို့သော ရောဂါတွေဖြစ်လာ နိုင်ဖို့ အခွင့်အလမ်းပိုများ သွားစေပါ တယ်။ ဒါ့ကြောင့် ဓာတ်တိုးခြင်းမဖြစ် အောင် ကာကွယ်ပေးသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း အင်တီအောက်စီးဒင့် များကို ရရှိစားသုံးခြင်းဟာ အဆိုပါ ရောဂါများ မဖြစ်အောင် ကာကွယ် ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် အင်တီအောက်စီးဒင့် က အမျိုးအစားများစွာရှိပါတယ်။ ဥပမာ- သွေးကြောများကို ဓာတ်တိုး ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင အင်တီအောက်စီးဒင့်က အမျိုးအစား တစ်မျိုးဖြစ်ပြီး ကင်ဆာကလာပ်စည်း တွေကို သတ်ပေးနိုင်သော အင်တီ အောက်စီးဒင့်က အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။
ပန်းသီးတွေကလည်း ကမ္ဘာပေါ် မှာ အမျိုးအစားပေါင်း ၇၀ဝ၀ ကျော် လောက်ရှိပြီး တစ်ခုနှင့်တစ်ခု ကင်ဆာ ရောဂါကာကွယ်ပေးနိုင်သော အင်တီ အောက်စီးဒင့် ပါဝင်မှုလည်း ပမာဏ မတူနိုင်ပါ။ ပန်းသီးတစ်မျိုးတည်းမှာကို ပဲ ခူးဆွတ်တဲ့အချိန်ပေါ် မူတည်ပြီး ပါဝင်မှုမတူနိုင်ပါဘူး။ ပန်းသီးစားမယ် ဆိုရင် အခွံမှာ အင်တီအောက်စီးဒင့် ပိုမိုပါဝင်တဲ့အတွက် အခွံပါစားသင့်ပါ တယ်။ ဒါပေမယ့် စင်အောင်တော့ ရေဆေးရပါမယ်။ ဒါ့အပြင် ပန်းသီးကို ခွဲစိတ်ပြီးအကြာကြီးနေမှ စားတာမျိုး လည်း မလုပ်ရပါဘူး။ ခွဲထားတာကြာ သွားရင် လေနဲ့ထိတွေ့ဓာတ်တိုးပြီး အင်တီအောက်စီးဒင့်ဂုဏ်သတ္တိလျော့ ပါးသွားနိုင်တာကြောင့်ပါ။ ဒါ့ကြောင့် ပန်းသီးစားရင် ကင် ဆာရောဂါ ကာကွယ်နိုင်တယ်ဟူ၍ ပြောလျှင် ယေဘုယျအားဖြင့် မှန်ကန် သော်လည်း လုံးဝဥဿုံအပြည့်အဝ ကာကွယ်နိုင်ခြင်းရှိ၊ မရှိ အတပ်မပြော နိုင်ပါ။ ဒါ့အပြင် ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းများမှာလည်း ယနေ့ အထိ တိတိကျကျ ယတိပြတ်မပြော နိုင်သေးဘဲ သီအိုရီများစွာရှိနေပါတယ်။

အကြောင်းရင်းတွေကလည်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကင်ဆာအမျိုးအစား အလိုက် အကြောင်းရင်းတွေကလည်း မတူကြပါ။ ပြောရလျှင် အသည်း ရောင်အသားဝါ ဘီပိုး၊ စီပိုး ကူးစက် ခံထားရသူဖြစ်ပြီး ထိုပိုးများကလည်း ပွားများနေပြီး Viral Load တက်နေ မယ်၊ အသည်းအင်ဇိုင်းတွေလည်း မြင့်တက်နေမယ်ဆိုရင် ထိုသူကို တစ်နေ့ပန်းသီး၃လုံး စားခိုင်းရုံနှင့် အသည်းကင်ဆာမဖြစ်အောင် ကာ ကွယ်နိုင်ရန်ခဲယဉ်းပါတယ်။ ထို့ကြောင့် ညီလေးပြောတဲ့ ဒုတိယဆရာဝန်ကြီး က ပန်းသီးကိုအားကိုးပြီး ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုတာ အာမမခံနိုင် တဲ့အတွက်ပြောဆိုခြင်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဆရာဝန်ကြီးနှစ်ဦးစလုံး သူ ဆိုလိုချင်တဲ့ အဓိပ္ပာယ်နဲ့သူ မှန်တယ် လို့ပဲ ပြောရမှာဖြစ်ပါတယ်။
**ဒေါက်တာ အယ်ဒီတာ**
**From-မေမွန်ကျော်**

No comments:
Post a Comment