**အစ္စတန်ဘူလ် တင်းနစ်ဖလားလုပွဲ ဆီရီနာဝီလျံနှင့် ရှာရာပိုဗာတွေ့ပြီ**
(အစ္စတန်ဘူလ် အောက်တိုဘာ ၂၈)
ကမ္ဘာကျော်တင်းနစ်အားကစားမယ်
ဆီရီနာဝီလျံသည် တူရကီနိုင်ငံ
အစ္စတန်ဘူလ်မြို့၌ ကျင်းပလျက်ရှိသည့် ဒဗလျူတီ အေချန်ပီယံရှစ်တင်းနစ်ပြိုင်ပွဲတွင် ပိုလန်တင်းနစ်မယ် ရက်ဝမ် စကာကို အနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားပြီဖြစ်သည်။ ဆီရီနာဝီလျံ က ယင်းပြိုင်ပွဲတွင် ရက်ဝမ်စကာအား အောက်တိုဘာ ၂၇ ရက်က ၆-၂၊ ၆-၁ ဖြင့်နိုင်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ဆီရီ နာဝီလျံသည် အဆိုပါဖလားကို တတိယအကြိမ်မြောက် ဆွတ်ခူးရန် မျှော်လင့် ထားသည်။ရုရှားတင်းနစ်မယ် ရှာရာပိုဗာကယင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အဇာရင် ကာအား နှစ်ပွဲပြတ်ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်လာသည်။ ဆီရီနာ ဝီလျံနှင့်ရှာရာပိုဗာတို့ ရာသီကုန်ဖလားလုပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြ မည်ဖြစ်သည်။ (ဆင်ဟွာ)
**ကမ္ဘာ့နံပါတ်တစ် ဖက်ဒဲရား ဆွစ်အင်ဒိုးပြိုင်ပွဲ ဗိုလ်လုပွဲတက်**
(ဘေဆယ် အောက်တိုဘာ ၂၈) ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ရော်ဂျာ ဖက်ဒဲရားသည် ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့၌ ကျင်းပလျက် ရှိသည့် ဆွစ်အင်ဒိုး တင်းနစ်ပြိုင်ပွဲတွင် ပေါလ်ဟင်နရီမက် သရူးအား ၇-၅၊ ၆-၄ ဖြင့်နိုင်ပြီး ဗိုလ်လုပွဲသို့တက်ရောက်သွား သည်။ အဆိုပါ ပြိုင်ပွဲတွင် ငါးပွဲအနိုင်ရထားသော ရော်ဂျာ ဖက်ဒဲရားက ဗိုလ်လုပွဲတွင် ဒယ်ပိုထရိုနှင့်ကစားရမည်ဖြစ်သည်။ ပိုထရိုသည် ရစ်ချတ်ဂတ်စ်ကွက်အား ၆-၂၊ ၆-၂ ဖြင့်နိုင်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဖက်ဒဲရားသည် ဗိုလ်လုပွဲတွင် ဖလားဆွတ်ခူးနိုင်ခဲ့ပါက ခုနစ်နှစ်တာကာလအတွင်း ခြောက်လုံးမြောက် ဆွစ်အင်ဒိုးဖလားအဖြစ် ဆွတ်ခူးနိုင်မည်ဖြစ် သည်။ (ဆင်ဟွာ)
**ဂျာမန်ဘွန်ဒက်စ်ဘီဂါ ရှော်လ်ကေးနှင့် ဒေါ့မွန်နိုင်**
(ဘာလင် အောက်တိုဘာ ၂၈) ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၉) ဘောလုံးပြိုင်ပွဲများကို အောက်တိုဘာ ၂၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားကြရာ ရှော်လ်ကေးနှင့် လက်ရှိချန်ပီယံဒေါ့မွန်တို့ ပြိုင်ဘက်များကို အသီးသီးအနိုင်ရရှိသွားခဲ့သည်။ ရှော်လ်ကေးက ဂျက်ဖာဆင်ဖာရပ်၏ တစ်လုံးတည်းသောဂိုးဖြင့် နုရင်ဘတ်အသင်းကို အနိုင်ရရှိခဲ့သည်။ ထို အတောအတွင်း လက်ရှိချန်ပီယံဒေါ့မွန်က ဖရိဘတ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယင်းအနိုင် ရမှုသည် ဒေါ့မွန်၏ ယခုနှစ်ရာသီအတွင်း စတုတ္ထမြောက်ပွဲ အဖြစ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ရှော်လ်ကေးက ဂျက်ဖာဆင်၏ နောက်ကျဂိုးဖြင့် ယခုနှစ်ရာသီအတွင်း ခြောက်ပွဲမြောက် အနိုင် ရလိုက်ခြင်းဖြစ်သည်။ ဒေါ့မွန်နှင့်ဖရိဘတ်တို့ပွဲသည် ဆီးနှင်းများထူထပ်စွာကျ ဆင်းနေသည့်ကြားမှ အကြိတ်အနယ်ကစားခဲ့ရာ ဆူဘိုတစ်နှင့် ဂေါ့ဇီတို့၏ ဂိုးများဖြင့် ဒေါ့မွန်တို့ သုံးမှတ်စုဆောင်းနိုင်ခဲ့သည်။
(ဆင်ဟွာ)
**တီဗက်ဇ်၏တစ်လုံးတည်းဂိုးဖြင့် မန်စီးတီးက ဆွမ်ဆီးကိုနိုင်**
(လန်ဒန် အောက်တိုဘာ ၂၈) ပရီမီယာလိဂ်ပွဲစဉ်(၉) ဘောလုံးပြိုင်ပွဲများကို အောက် တိုဘာ ၂၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားကြရာ အိမ်ရှင် မန်စီးတီးအသင်းက ဆွမ်ဆီးအသင်းကို တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိလိုက်သည်။ တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ် သည် ပွဲချိန် ၆၁ မိနစ်တွင် ကိုက် ၃ဝ အကွာမှ အနိုင်ဂိုးကို သွင်းယူခဲ့ ခြင်းဖြစ်သည်။ မန်စီးတီးတို့ ယင်းအနိုင်ပွဲကြောင့် မန်ယူကို ကျော်ဖြတ်ပြီး ရမှတ် ၂၁ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယ နေရာသို့တက်လာခဲ့သည်။ တစ်နည်းအားဖြင့် မန်စီးတီးအသင်း သည် ၃၄ ပွဲမြောက် အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထား နိုင်ခဲ့သည်။ (အင်တာနက်)
**စီးရီးအေပွဲစဉ် (၉) အေစီမီလန်အနိုင်ရ**
(ရောမ အောက်တိုဘာ ၂၈)
အီတလီစီးရီးအေပွဲစဉ် (၉)ကိုအောက်တိုဘာ ၂၈ ရက် နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဆီနာနှင့်ပါလာမိုအသင်းတို့ပွဲတွင် ဂိုးမရှိသရေပွဲ ဖြစ်ခဲ့ပြီး အေစီမီလန်နှင့် ဂျီနိုအာအသင်းတို့ပွဲတွင် အေစီမီလန်တို့က တစ်ဂိုး-ဂိုး မရှိဖြင့် နိုင်ပွဲရရှိခဲ့သည်။နှစ်သင်းစလုံး တန်းဆင်းဇုန်အတွင်းမှ ရုန်းထွက်ရန် ကြိုးစားနေ သော အသင်းများဖြစ်ရာ အမှတ်ရနိုင်သမျှယူရန် အကြိတ်အနယ် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြသည်။ ပါလာမိုတို့ အခွင့်အရေးကောင်းများရရှိပြီး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် တစ်ဂိုးမျှမသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ထို့အတူ နိုင်ပွဲလိုအပ်နေသောဆီနာတို့ ယခုပွဲ၌ ပါလာမိုနောက်တန်း ကို ကျော်ဖြတ်တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း ဂိုးဧရိယာအတွင်း ဘောလုံးဆုံးရှုံး မှုများနေခဲ့သဖြင့် ဂိုးမရှိသရေပွဲဖြစ်ခဲ့သည်။ နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ် အေစီမီလန်နှင့် ဂျီနိုအာအသင်းတို့ပွဲတွင်အေစီမီလန်တို့ အိမ်ကွင်း၌ အနိုင်ရရန် ကြိုးစားရုန်းကန်ခဲ့ရသည်။အေစီမီလန်တို့ ပထမပိုင်းပွဲချိန်အတွင်း ဂိုးမသွင်းနိုင်ဘဲ ဒုတိယပိုင်း ပွဲချိန် ၇၇ မိနစ်ရောက်မှသာ ရှာရာဝေးကဂိုးသွင်းယူနိုင်ခဲ့သဖြင့် တစ်ဂိုးရရှိခဲ့သည်။ ဂျီနိုအာတို့ချေပဂိုးရရှိရေး ကြိုးစားခဲ့ရာ တိုက်စစ်မှူးများ၏ကန်ချက် အပေါ် ထောင် ဘေးထွက်မှုများကြောင့် ဂိုးမရရှိခဲ့ချေ။ ပွဲချိန်ပြည့်သည်အထိ အေစီ မီလန်တို့လည်း ဂိုးထပ်မံမသွင်းနိုင်ခဲ့သဖြင့် ပွဲအပြီး အေစီမီလန်တို့ တစ်ဂိုး -ဂိုး မရှိဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ အေစီမီလန်သည် ယခုပွဲအနိုင်ရရှိသဖြင့် ယခု နှစ် စီးရီးအေ၌ ကိုးပွဲကစား၊ သုံးပွဲနိုင်၊တစ်ပွဲသရေ၊ ငါးပွဲရှုံးဖြင့် ၁ဝမှတ်ရရှိ လျက်ရှိသည်။ ဂျီနိုအာအသင်းသည် ကိုးပွဲကစား၊ နှစ်ပွဲနိုင်၊ သုံးပွဲသရေ၊ လေးပွဲ ရှုံးဖြင့် စုစုပေါင်းကိုးမှတ်ရရှိနေသည်။ (ဆင်ဟွာ)
**ဘာစီလိုနာတို့ အဝေးကွင်း၌ ငါးဂိုးသွင်းအနိုင်ယူ**
(မက်ဒရစ် အောက်တိုဘာ ၂၈) စပိန်လာလီဂါပွဲစဉ်(၉)ကို အောက်တိုဘာ ၂၈ ရက် နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဗယ်လီကာနိုနှင့် ဘာစီလိုနာအသင်းတို့ပွဲတွင် ဘာစီလိုနာတို့က ငါးဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရပြီး အမှတ်ဇယားကို ဦးဆောင်နေဆဲပင်ဖြစ်သည်။ အဝေးကွင်း၌ သွားရောက်ကစားရသော ဘာစီလိုနာတို့ က အဓိကပွဲထွက်ကစားသမားများဖြစ်သော မက်ဆီ၊ ဇာဗီ၊ ဖာဘရီဂတ်စ်နှင့် ဗီလာတို့ကိုထုတ်သုံးခဲ့ပြီး အနိုင်ရရှိရေး ကြိုးစားခဲ့သည်။ ဗယ်လီကာနိုတို့ အိမ်ကွင်း၌ ကစားရသော်လည်း ဘာစီလိုနာတို့၏ တိုက်စစ်ကိုသာ ဟန့်တားနေခဲ့ရပြီး ထိထိ ရောက်ရောက်ထိုးဖောက် ဂိုးသွင်းခွင့်မရရှိခဲ့ချေ။ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ပွဲချိန် မိနစ်၂ဝ၌ ဗီလာက သွင်းယူပေးနိုင်ခဲ့သည်။ ဗယ်လီကာနိုတို့ ချေပဂိုးရရှိ ရေးကြိုးစားခဲ့သော်လည်း ဘာစီလိုနာခံစစ်မှူးများက ဟန့်တား နိုင်ခဲ့သည်။ ပွဲချိန် ၄၈ မိနစ်၌ မက်ဆီက တစ်ဂိုးသွင်းယူခဲ့သဖြင့် ဘာစီလိုနာတို့ နှစ်ဂိုးရရှိခဲ့သည်။ ဘာစီလိုနာတို့ ဆက်လက်တိုက်စစ်ဆင်ထိုးဖောက် ကစားခဲ့ရာ ပွဲချိန် ၇၈ မိနစ်၌ ဇာဗီက တစ်ဂိုးသွင်းယူပြီး ပွဲချိန် မိနစ် ၈ဝ ၌ ဖာဘရီဂတ်စ်က တစ်ဂိုးသွင်းယူခဲ့သဖြင့် ဘာစီလိုနာတို့ လေးဂိုးရရှိခဲ့သည်။ ဆက်လက်ပြီး ပွဲချိန်ပြည့် ခါနီး ၈၉ မိနစ်၌ မက်ဆီက တစ်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ဘာစီ လိုနာတို့ စုစုပေါင်း ငါးဂိုးရရှိခဲ့ပြီး ပွဲအပြီး၌ ဘာစီလိုနာတို့ ငါးဂိုးပြတ် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ တစ်ဖန် အက်စ်ပန်ညိုနှင့် မာလာဂါအသင်းတို့ပွဲတွင် ဂိုးမရှိသရေပွဲဖြစ်ခဲ့သော်လည်း ရီးရဲဘက်တစ်နှင့် ဗလင် စီယာအသင်းတို့ပွဲတွင် ရီးရဲဘက်တစ်က တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။ ရီးရဲဘက်တစ်၏ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ကိုးမိနစ်၌ ဆီဗီလာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆဲလ်တာဗီရိုနှင့် ဒီပို့တီဗိုအသင်းတို့ပွဲတွင် တစ်ဂိုးစီသရေပွဲဖြစ်ခဲ့သည်။ အိမ်ကွင်း၌ကစားရသော ဆဲလ် တာဗီရိုတို့ ပွဲအစ ရှစ်မိနစ်မှာပင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သည်။ သို့သော်လည်း ဒီပို့တီဗိုတို့က ချေပဂိုးရရှိရေး တိုက်စစ် ဆင်ကစားခဲ့ရာ ပွဲချိန် ၂၉ မိနစ်၌ ဒိုမင်ဂွက်က ဂိုးသွင်းယူနိုင်ခဲ့ သဖြင့် ချေပဂိုးရရှိခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းပွဲချိန်ပြီးသည် အထိ နှစ်သင်းစလုံး ဂိုးထပ်မံမသွင်းနိုင်ခဲ့ချေ။ ဒုတိယပိုင်းပွဲချိန်တွင်လည်း ဆဲလ်တာဗီရိုတို့ ဦးဆောင်ဂိုး သွင်းယူနိုင်ရေးကြိုးစားခဲ့ရာ ပွဲချိန် ၅၁ မိနစ်၌ ဆီလ်တာဗီရိုမှ ကာဘရယ် နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသဖြင့် ၁ဝ ဦးတည်းဖြင့် ကစားခဲ့ရသည်။ ထို့နောက် ပွဲချိန်ပြည့်သည်အထိ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့သဖြင့် တစ်ဂိုးစီသရေပွဲဖြစ်ပြီး တစ်မှတ်စီခွဲယူခဲ့ကြ ရခြင်းဖြစ်သည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - မြင့်မောင်စိုး
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment