ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 29, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူများ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး**
(ဂျကာတာ အောက်တိုဘာ ၂၈)
အင်ဒိုနီးရှားနိုင်ငံရှိ အရပ်ဘက်ပစ်မှတ်များ၊
အထူးသဖြင့် အင်ဒိုနီးရှားရှိ အမေရိကန်တို့နှင့်
သက်ဆိုင်သည့် ပစ်မှတ်များကို တိုက်ခိုက်ရန်
စီစဉ်နေသည့် သံသယ ဖြစ်ဖွယ် လက်နက်ကိုင်
 ၁၁ ဦးအား ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၈ ရက်
တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါ လက်နက်ကိုင်များကို ဂျာဗားပြည်နယ်
 မြို့ကြီးလေးမြို့တွင် ရဲတပ် ဖွဲ့က ဖမ်းဆီး
မိခြင်းဖြစ်သည်။
 ယင်းမြို့များမှာ ဂျကာတာ၊ မာဒန်၊ ဆိုလိုနှင့် ဘိုဂါတို့ ဖြစ်ကြသည်ဟု အင်ဒိုနီးရှားနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်
ရှိသူ စူဟာ ဒီအလီအက်စ်က ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မည့်နေရာများမှာ ဂျကာတာမြို့ရှိ အမေရိကန်သံရုံး၊ အင်ဒိုနီးရှားနိုင်ငံရှိ အမေရိကန်သတ္တုတူးဖော်ရေးလုပ်ငန်းရုံး၊ ဂျကာတာမြို့ရှိ သြစတြေးလျသံရုံးနှင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့ရုံးချုပ် အဆောက်အအုံတို့ဖြစ်သည်။ ယင်းလက်နက်ကိုင်များနှင့်အတူ ပေါက်ကွဲမှုအားပြင်းထန်သည့် ဖောက်ခွဲ ရေးပစ္စည်းများနှင့်ဗုံးများကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ (ဆင်ဟွာ)

 **အစိုးရအဖွဲ့အတွင်း ရာထူးအပြောင်းအလဲမပြုမီ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နုတ်ထွက်**
(နယူးဒေလီ အောက်တိုဘာ ၂၈)
 အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်မည်ဟုခန့်မှန်းရသည့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းမပြုမီ ကြိုတင်လျက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ္စနားသည် ရာထူးမှ နုတ်ထွက်လိုက်သည်။ ကွန်ဂရက်ပါတီဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ ထရီနာမူးလ်ကွန် ဂရက်ပါတီနုတ်ထွက်သွားခြင်းနှင့်အတူ အခြားပါတီမှ ဝန်ကြီးနှစ်ဦး နုတ်ထွက်သွား ခြင်းတို့ကြောင့် လစ်လပ်သည့် ရာထူးအားလုံးကို ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဖြည့် စွက်ခန့်ထားရမည်ဖြစ်သည်။ လာမည့် ပြည်နယ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲတွင် အစိုးရသိက္ခာမြှင့် တင်ရေးအတွက် လစ်လပ်သည့် ဝန်ကြီးရာထူးများဖြည့်ပြီး အစိုးရအဖွဲ့တွင်း ရာထူး အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေသည့် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းထံ နိုင်ငံခြားရေး ဝန်ကြီး အက်စ်အမစ်ခရစ္စရှနာက နုတ်ထွက်စာ တင်သွင်းခြင်းဖြစ်သည်။ (အင်တာနက်)  

**တရုတ်နိုင်ငံအနောက်ပိုင်းတွင် အမြန်ရထားလမ်းတည်ဆောက်**
 (ရှီအန်း အောက်တိုဘာ ၂၈)
 ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန် တရုတ်နိုင်ငံအနောက်ပိုင်း ကုန်းတွင်း ပိုင်းဒေသတွင် အရေးပါသည့် အမြန်ရထားလမ်းတစ်လမ်း ဖောက်လုပ်ခြင်းကို အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့ကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ ၆၄၃ ကီလိုမီတာရှည်သည့် အဆိုပါ အမြန်ရထားလမ်း သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှာအန်ဇီပြည်နယ် ရှီအန်းမြို့နှင့် နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူ မြို့ နှစ်မြို့တို့အကြား ခရီးသည်များ သယ်ယူပို့ဆောင်ရန်အတွက် ဆက်သွယ်ပေးခြင်းဖြစ်သည်။ ¤င်းရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းသည် နောက် ငါးနှစ်အတွင်းပြီးစီးမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအတွက် ယွမ်ဘီလီယံ ၄ဝ ကျော် (အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားသည်။ ရထားလမ်း သစ် တည်ဆောက်ပြီးစီးပါက အဆိုပါ မြို့နှစ်မြို့အကြား ခရီးသွားလာမှုအချိန်မှာ လောလောဆယ် ၁၂ နာရီကြာမှ သုံးနာရီဖြင့် အချိန်တိုသက်သာစွာ သွားလာနိုင်မည်ဖြစ်သည်။ အဆိုပါ အမြန်ရထားလမ်း ကွန်ရက်တည်ဆောက်ပြီးပါက တရုတ်နိုင်ငံအနေဖြင့် ၂ဝ၁၅ နှစ်ကုန်တွင် စုစုပေါင်းအရှည် ကီလိုမီတာ ၄ဝဝဝဝ ကျော် ပြေးဆွဲပေးနိုင်ရေးအတွက် ရည်မှန်း ထားသည်ဟု တရုတ်အရာရှိများက ပြောကြားသည်။(ဆင်ဟွာ)

 **အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းခြေ၌ ဆန်ဒီမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်** (နယူးယောက် အောက်တိုဘာ ၂၈)
 ဆန်ဒီဟာရီကိန်းမုန်တိုင်းသည် ကာရေဘီယံတွင် ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လူပေါင်း ၆ဝ နီးပါး သေဆုံးခဲ့ပြီးနောက် အမေရိကန်အရှေ့ဘက် ကမ်းခြေတစ်လျှောက် ရှိ လူများမှာ ယင်းဆန်ဒီမုန်တိုင်းတိုက်ခတ်မှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိကြောင်း အောက်တိုဘာ ၂၇ ရက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။ အမေရိကန်ရှိ မာရီလန်း၊ နယူးယောက်၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးနီး ယား၊ ဝါရှင်တန်ဒီစီနှင့် မြောက်ကာရိုလိုင်းနားပြည်နယ်များတွင် အဆိုပါ ဟာရီကိန်း မုန်တိုင်းအတွက် အရေးပေါ်ကြေညာချက် ထုတ်ပြန်ပေးထားသည်ဟု ပြောကြားသည်။ ၄င်းဆန်ဒီမုန်တိုင်းသည် တစ်နာရီလျှင် ၇၅ မိုင်(၁၂ဝ ကီလိုမီတာနှုန်း) ဖြင့် တိုက်ခတ်ကာ ပိုမိုအားကောင်းလာခဲ့ပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျား လျက် ရှိသည်။ဆန်ဒီမုန်တိုင်းသည် အောက်တိုဘာ ၂၉ ရက် နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းခြေတစ်လျှောက်ရှိ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ (ဆင်ဟွာ)

 **ကမ္ဘာဒီးယားဘုရင်ဟောင်းသီဟာနု ရုပ်ကလပ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် သင်္ဂြိုဟ်မည်** (ဖနောင်ပင် အောက်တိုဘာ ၂၈) 
ကမ္ဘောဒီးယားဘုရင်ဟောင်း နိုရိုဒွန်သီဟာနု၏ ရုပ်ကလာပ်ကို ကမ္ဘောဒီးယား ပြည်သူတို့ နောက်ဆုံးလာရောက် ဂါရဝပြုနိုင်ရန်အတွက် တော်ဝင်နန်းတော်၌ သုံးလကြာထားပြီး ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကမ္ဘော ဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားဘုရင်သီဟာနုရုပ်ကလာပ်ကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီပထမ ပတ်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း၊ တရုတ်နှစ်သစ်ကူးမတိုင်မီ သင်္ဂြိုဟ်ရလိမ့်မည်ဖြစ် ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်တို့ ပြောကြားသည်။ ကမ္ဘောဒီးယားပြည်သူများနှင့် နိုင်ငံခြားသားဧည့်သည်များ ဂါရဝပြုရန် အတွက် လွတ်လပ်ရေးကျောက်တိုင်အရှေ့ဘက် ပြည်သူ့ပန်းခြံတွင် ဘုရင့်ခမည်း တော်နိုရိုဒွန်သီဟာနု၏ ရုပ်တုကို အစိုးရကစိုက်ထူပေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားလိုက်သည်။ ဘုရင့်ခမည်းတော် ကမ္ဘောဒီးယားဘုရင်ဟောင်းသီဟာနုသည် ပေကျင်း၌ အောက်တိုဘာ ၁၅ ရက်က အသက် ၉ဝ အရွယ်တွင် ကွယ်လွန်သွားပြီး ရုပ်ကလာပ်ကို အောက်တိုဘာ ၁၇ ရက်တွင် ကမ္ဘောဒီးယားသို့ ပြန်သယ်လာခဲ့သည်။ (အင်တာနက်)

 **ပါရှန်ပင်လယ်ကွေ့ရှိ စစ်သင်္ဘောများ အီရန်အနီးကပ်စောင့်ကြည့်**
 (တီဟီရန် အောက်တိုဘာ ၂၈) 
ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလာသော စစ်သင်္ဘောအားလုံးကို အီရန်ရေတပ်က အနီးကပ် စောင့်ကြည့်လေ့လာနေကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (အိုင်အာဂျီစီ) ထိပ်တန်းတပ်မှူးတစ်ဦးက ပြောကြား ကြောင်း အောက်တိုဘာ ၂၇ ရက်ကပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ အိုင်အာဂျီစီအနေဖြင့် လွန်ခဲ့သော နှစ်များကစပြီး အီရန်ရေပိုင် နက်ကို ကာကွယ်နိုင်ရန်ကြိုးစားလျက်ရှိကြောင်း ဗိုလ်မှူးချုပ်ရေဇာတိုရာဘိုင်က အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားလိုက်သည်။အီရန်နိုင်ငံသည် အနောက်ကမ္ဘာ၏စစ်ရေးခြိမ်းခြောက်မှုကို ခံနေရ သည်မှာ နှစ်ပေါင်း ၃၄ နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း ခြိမ်းခြောက် မှုအားလုံးကို ရင်ဆိုင်ရန် အီရန်နိုင်ငံကအသင့်ပြင်ဆင်ထားကြောင်း တိုရာဘိုင် ကဆက်လက်ပြောကြားသည်။အမေရိကန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့အတွင်း စစ်ရေးတောင့်တင်းခိုင်မာစေရန် ကြိုးပမ်းသည့်အနေဖြင့်ယခုနှစ်ဇူလိုင်လက ဘာရိန်းရှိ ပဉ္စမ မြောက်သင်္ဘောအုပ်စုသို့ စစ်သင်္ဘောငါးစင်းထပ်မံစေလွှတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်တို့ကလည်း လွန်ခဲ့သောနှစ်များမှစပြီး အီရန် နိုင်ငံအား ကာကွယ်နိုင်ရန် ကြိုးစားနေသည်ဟုဆိုသည်။ (အင်တာနက်) 

**ကမ္ဘာဒီးယားနှင့် ဗီယက်နမ် ကုန်သွယ်မှုမြင့်တက်လာ** 
(ဖနောင်ပင် အောက်တိုဘာ ၂၈) ကမ္ဘောဒီးယားနှင့် အိမ်နီးချင်းဗီယက်နမ်နိုင်ငံတို့၏ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ယခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံဖိုးအထိ မြင့်တက်ခဲ့သည်။ယင်းမှာ ယမန်နှစ် အလားတူ ကာလက အမေရိကန်ဒေါ်လာ ၂ ဒသမဝ၉ ဘီလီယံရှိခဲ့ရာမှ ၁၇ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းဖနောင်ပင်မြို့ ဗီယက်နမ်ကုန်သွယ်ရေး ရုံးက အောက်တိုဘာ ၂၈ ရက်တွင်ထုတ်ပြန်သော သတင်းတစ်ရပ်တွင် ဖော်ပြသည်။ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံက ဗီယက်နမ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ၃၇၈ သန်းဖိုးရှိ ပို့ကုန်များတင်ပို့ခဲ့သည်။ ထိုအတောအတွင်း ဗီယက်နမ်နိုင်ငံကကမ္ဘောဒီးယားနိုင်ငံသို့ အမေရိကန်ဒေါ် လာ ၂ ဒသမ ဝ၉ ဘီလီယံရှိ ပို့ကုန်များတင်ပို့ခဲ့သည်။ (ဆင်ဟွာ) 

 စုစည်းဘာသာပြန် - တင်မောင်လွင်

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)