ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 29, 2012

မိန်းကလေးတွေအတွက် အထူးအခွင့်အရေး( ဖေဖော်ဝါရီ 29)


ဟိုအရင်ရောမခေတ်တုန်းက ဖေဖော်ဝါရီ 29
ရက်မှာလုပ်လေ့လုပ်ထရှိတဲ့ဓလေ့တစ်ခုရှိပါတယ် အဲဒါက မိန်းကလေးက
ယောင်္ကျားလေးကို ချစ်ခွင့်ပန်ခြင်း(သို့မဟုတ် )
လက်ထပ်ခွင့်တောင်းခြင်းပါပဲ ပြီးတော့အဲဒီခေတ်က
ဥပဒေလေးတစ်ခုလေးရှိပါသေးတယ် အဲဒါကတော့ ဖေဖော်ဝါရီ29ရက်မှာ
ချစ်ခွင့်ပန်ခံရတဲ့ယောင်္ကျားလေး(သို့)
လက်ထပ်ခွင့်တောင်းခံရတဲ့ယောင်္ကျားလေးက လက်မခံခဲ့ဘူးဆိုရင်
မိန်းကလေးလုပ်တဲ့သူကို အဲဒီယောင်္ကျားလေးကို
တရားစွဲဆိုပိုင်ခွင့်ရှိပါတယ်တဲ့.....
.
တော်တော်ထူးခြားတဲ့ဓလေ့လေးပါ ပြီးတော့အဲဒီဓလေ့ကိုအချို့သောု
အနောက်ဥရောပနိုင်ငံတွေမှာ အခုခေတ်ထိတိုင်အောင်ကျင့်သုံးနေကြသေးတယ်တဲ့ဗျ
ဒါပေမဲ့ အဲဒီဓလေ့က မြန်မာလူမျိုး မြန်မာယဉ်ကျေးမှုတွေနဲ့တော့မကိုက်ဘူးနော့်။


**Chit Lumite**

Read More...

ငါတို့လမ်းသစ်ကျောင်း၊ ကျောင်းပိတ်ပွဲ မယ့်ချရောင်းတိုက်နယ်မှာဆင်နွဲ

(ကျောင်းအုပ်ချုပ်သူများ၊ ဆရာများ၊ မိဘများ၊ ကျောင်းသားများ၊ စုပေါင်းအမှတ်တရ)

မင်္ဂလာပါခင်ဗျာ။ ။ အခု (၂၀၁၁-၂၀၁၂) ပညာသင်နှစ်အတွက် “ငါတို့လမ်းသစ်ကျောင်း” (Our New Road Learning Centre) ရဲ့ ကျောင်းပိတ်ပွဲနဲ့ မိဘများ၊ ကလေးများပျော်ရွှင်ပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ မယ့်ချရောင်းတိုက်နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။ ဟောဒီငါတို့လမ်းသစ်ကျောင်းဆိုတာက မိမိတို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နဲ့ ဒေသခံ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ့ရဲ့ ၂၀၁၁ ခုနှစ်မှာ အတူတူမက်ခဲ့တဲ့အိပ်မက်တစ်ခုပဲမဟုတ်ပါလား။ ဟောဒီဓာတ်ပုံတွေက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မြောက်ဘက် ၂၈ ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ တာ့(ခ်)ခရိုင်၊ မယ်ရမတ်မြို့နယ်၊ မယ့်ကျရောင်းတိုက်နယ်ဆီက ငါတို့လမ်းသစ်ကျောင်းကျောင်းပိတ်ပွဲက အမှတ်တရဓာတ်ပုံတွေပဲဖြစ်ပါတယ်။

**မိဘများကခုန်နေကြပုံ**


**မိဘများနဲ့ကလေးများကခုန်နေကြပုံ**



**မင်္ဂလာပါသီချင်းဖြင့်ကလေးများသီဆိုနေပုံ*


**အတန်းတင်စာမေးပွဲ ဖြေဆိုခဲ့သောကလေးများအားလက်ဆောင်ပစ္စည်းပေးနေစဉ်**


**ကလေးများက ဆရာများ၊ မိဘများ အား ကန်တော့နေစဉ်**


*ငါတို့လမ်းသစ်ကျောင်းဟု ကြွေးကြော်နေကြစဉ်**

**သောင်ရင်းနဂါး**

Read More...

ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ


(ဖေဖော်ဝါရီလ ၂၉ ရက်၊ ၂၀၁၂)

အငြင်းးပွားစရာ ဖြစ်နေတဲ့ မဲခေါင်မြစ်အောက်ပိုင်းဒေသ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်တည်ဆောက်မှု စီမံကိန်းနဲ့ ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းဖို့ဆိုတဲ့ သဘောတူညီချက် ရှိထားပေမဲ့ ထိုင်းကုမ္ပဏီက ဒီစီမံကိန်းကို ဆက်ပြီးလုပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုက ပြောပါတယ်။
အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်မယ့် လာအိုနိုင်ငံက Xayaburi ဆည် အတွက် ဒီဒေသ အ၀င် အထွက် လမ်းမ ဖောက်လုပ်တာတွေ အပါအ၀င် ကနဦးအဆင့် ဆည် တည်ဆောက်မှုတွေ ဆက်လုပ်နေတာ တွေ့ရတယ်လို့ အမေရိကန် အခြေစိုက် နိုင်ငံတကာ မြစ်ကြောင်းများအဖွဲ့က ပြောဆိုလိုက်တာပါ။
ဒီဆည် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို စမ်းစစ်ဖို့ နောက်ထပ် လေ့လာမှုတွေ လိုအပ်တယ်ဆိုတာကို ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နန်နိုင်ငံတွေ ပါဝင်တဲ့ ဒေသတွင်းအဖွဲ့တစ်ခုဖြစ်တဲ့ မဲခေါင်မြစ်ကြောင်းကော်မရှင် (Mekong River Commission) က ပြီးခဲ့တဲ့ ဒီဇင်ဘာလက သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။(VOA)

(ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ။မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ တာ့်ခ်ခရိုင် မဲဆောက်မြို့အနီးမှာ တောမီးလောင်ကျွမ်းမှုများကြောင့် ထိုင်းနိုင်ငံ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှုံမှိုင်းနေပြီး မီးခိုးနဲ့ ဖုန်မှုန်တွေပါဝင်တဲ့ လေထုညစ်ညမ်းမှု ဖြစ်နေကြောင်း၊ ၄င်းလေကို ရူရိုက်နေရတဲ့ လူတွေရဲ့ ကျန်းမာရေးမှာ စိုးရိမ်စရာရှိကြောင်း တက်ခ်ခရိုင် အုပ်ချုပ်သူများက ကြေငြာခဲ့သည်။

တနင်္ဂနွေမှာ ထိုင်းစစ်တပ် တာဝန်ရှိများ၊ မြူနီစပါယ် ၀န်ထမ်းများနှင့် သစ်တောထိန်းသိမ်းရေးတာဝန်ခံများက ထိုင်းနယ်စပ်မြို့များကို ရဟတ်ယဉ်များနှင့် လှည့်ကြည့်ရူခဲ့ကြသည်။ ထိုင်းမြန်မာ နယ်စပ်တလျှောက် မြို့ တော်တော်များများမှာ မီးခိုးများနှင့် မှောင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများပိတ်သလို မှုန်မှိုင်းေ၀၀ါးနေသည်။ တောမီးက မြန်မာဖက်မှာရော ထိုင်းဘက်မှာပါ လောင်ကျွမ်းနေခြင်း ဖြစ်သည်။

မီးလောင်နေသော နေရာနှင့် အနီးဆုံးဒေသမှ လူတွေမှာ ၄င်းမီးခိုးငွေ့နှင့် အမှုန်တွေကို ရူရိုက်နေရခြင်းကြောင့် အသက်ကျပ်ခြင်းနဲ့ မျက်စေ့ကျိမ်းစပ်မှုများ ဖြစ်နေကြကြောင်း တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး Mr Prasartbandit suriya က ဘန်ကောက်ပို့စ်သတင်းစာကို ပြောသည်။( မောက္ခ)



ဖြစ်ရပ်-၂။ ။ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အရည်အချင်းစစ် စာမေးပွဲဖြေ ဆိုရမည့် ကျောင်းသားကျောင်းသူများ အခက်အခဲနှင့်ကြုံတွေ့နေကြသည်ဟု စခန်းမှ ပညာရေးမှူး စောညို့ ကလီထီး ကပြောသည်။(KIC)

(ဖေဖော်ဝါရီလ ၂၆ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ တာ့(ခ်)ခရိုင်ကြက်ခြေနီအဖွဲ့၊ UNHCR နှင့် NGO များမှ ကယ်ဆယ်ရေးပစ္စည်းများကို မီးဘေးသင့်ခဲ့သော အုန်းဗြန်ဒုက္ခသည်စခန်းသို့ ယနေ့ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ (မြနှယ်စိမ်းစိမ်း-အင်းစိန်)

(ဖေဖော်ဝါရီ၂၃ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်၊ ဖုတ်ဖရမြို့နယ်ဧရိယာအတွင်းရှိ “အုန်းဗြန်” ဒုက္ခသည်စခန်းတွင် ယနေ့မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမခြေ(၁၀၀၀) ခန့် မီးထဲပါသွားခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား - သတင်းစဉ်)

(ဖေဖော်ဝါရီလ ၂၀ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ် (Yingluck Shinawatra) နဲ့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) တို့ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်အပြင်ဘက်မှာ တနင်္လာနေ့က တွေ့ဆုံတုန်း နယ်စပ် မူစလင်သူပုန်တွေ နှိမ်နင်းရေးနဲ့ ပတ်သတ်ပြီး ကတိပြုသွားကြတာပါ။ ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံလုံးဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မူစလင်ခွဲထွက်ရေး သမားတွေအနေနဲ့ အကြမ်းဖက်တဲ့ကိစ္စတွေကို မလုပ်ဆောင်ကြဖို့ နိုင်ငံရေး အစွန်းရောက်မှုကို မစွဲကိုင်ဖို့ တိုက်တွန်းနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။
မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် ကလည်း ထိုင်းတောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ မူစလင် သူပုန်ထမှု ဖြေရှင်းရေးမှာ အပြည့်အဝ အကူအညီ ပေးပါမယ်လို့ အလည်အပတ် ရောက်လာတဲ့ မစ္စယင်းလပ် ကို ကတိပေးသွားပါတယ်။ ဒီလို ထိုင်းတောင်ပိုင်း ပြဿနာကို ငြိမ်းချမ်းသွားအောင် လုပ်ဆောင်ဖို့ နည်းလမ်းတွေ ဝိုင်းဝန်းရှာဖွေပေးမယ်လို့ ပြောသွားတဲ့ တချိန်းတည်းမှာပဲ သူပုန်တွေအနေနဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့ မစ္စတာ နာဂျစ်က တိုက်တွန်းသွားပါတယ်။(VOA)

ဖြစ်ရပ်-၂။ ။တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)နှင့် နယ်ခြားစောင့်တပ် (BGF) တို့ ယမန်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စစ်ရေးပြင်ဆင်မှု များကြောင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါရွာ သူရွာသား ၅၀ဦးကျော်မှာ ယခု အချိန်တွင် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။(KIC)
(ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။- မြနှယ်စိမ်းစိမ်း (အင်းစိန်)

ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံ၏ ရေပြတ်လပ်မှုနှင့် အနာဂတ် ရေလွမ်းမိုးမှုမှာ ကာကွယ်နိုင်ရေးအတွက် ထိုင်းဘတ် ဘီလီယံ ၂၀၀ ကုန်ကျမည့် သံလွင်မြစ်နှင့် ဘူမိဘော ဆည်ကြီးကို ဆက်သွယ်မည့် ၈၈ ကီလိုမီတာ အရှည်ရှိ တူးမြောင်း တခုတည်ဆောက်ရန် ထိုင်းဝန်ကြီးချုပ် အကြံပေးမှ ပြောဆိုလိုက်သည်။ရေဘေးကယ်ဆယ်ရေး စင်တာတွင် ပြုလုပ်သည့် ၂၀၀၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည် ရေလွမ်းမိုးမှု ဆွေးနွေးပွဲတွင် ထိုင်းဝန်ကြီးချုပ်၏ အကြံပေး Uthen Chatpinyo မှပြောဆိုခဲ့သည်။ ဤစီမံကိန်း အကောင်အထည် ပေါ်နိုင်ပါက ထိုင်းနိုင်ငံ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေပြတ်လတ်မှုများကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ဤတူးမြောင်း တည်ဆောက်နိုင်ပါက တစက္ကန့်လျင် ဘူမိဘော ဆည်သို့ ရေကုဗမီတာ ၃၀၀၀ ပို့ပေးနိုင်မည် ဖြစ်ကာ၊ လျှပ်စစ် ထုတ်လုပ်ရန် အတွက် လိုအပ်သော ပမာဏ ရရှိမည်ဖြစ်သည်။ ၄င်းစီမံကိန်းသည် သက်ဆင် အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် အကောင်အထည် ဖေါ်ရန် အစိုးရ အဖွဲ့မှ မီးစီးပြခဲ့သော်လည်း ၂၀၀၆ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းအပြီး ၄င်းစီမံကိန်း ပျက်ပြယ်ခဲ့ရသည်။(မောက္ခ)

(ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၁၂)
မလေးရှားနိုင်ငံတွင် တရားမ၀င်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို စီမံချက်ဖြင့်ဖမ်းဆီးရာ မြန်မာနိုင်ငံသားအများအပြားဖမ်းဆီးခံခဲ့ရကြောင်း၊ မျက်မြင်တစ်ဦး၏အဆိုအရမြန်မာနိုင်ငံသား ၃၀၀ နှင့် ၄၀၀ ကြားအဖမ်းခံခဲ့ရကြောင်း၊ သတင်းရရှိသည်။ (BBC)

(ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ။တမန်တော်မိုဟာမက်ကို မှတ်ချက်ချရေးသားမှုအချို့ပြုလုပ်ခဲ့သော ဆော်ဒီအာရေဗျနိုင်ငံသား သတင်းစာဆရာ ဟန်ဇာကက်ရှ်ရာရီကို ၄င်းတိမ်းရှောင်နေသော မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရမိပြီး ယနေ့တွင်ပင် ဆော်ဒီအာရေဗျနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် တမန်တော်မိုဟာမက်အား ဝေဖန်ခြင်းကို သေဒဏ်စီရင်လေ့ရှိကြောင်းသိရသည်။ (RFA)
ဖြစ်ရပ်-၂။ ။မလေးရှားနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးက တီလပ်ခ်ဘာဟန်ကမ်းရိုးတန်းအနီး ရေပြင်မှ ဖေဖော်ဝါရီ ၁၁ ရက်က အလွန်ကြီးမားသော ငါးဖိန်းမျိုးစပ်ငါးကောင်းကို ဖမ်းဆီးမိခဲ့ကြောင်း မလေးရှားမီဒီယာများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖော်ပြသည်။ အသက် ၃၈ နှစ်အရွယ် တန်ခန်ဆန်အမည်ရှိ ငါးဖမ်းသမားသည် အဆိုပါရေပြင်၌ ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းနေစဉ် အဆိုပါငါးကြီးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၄င်းငါးကြီးသည် အရှည်ခြောက်ပေခန့်ရှိပြီး အလေးချိန် ၁၆၅ ကီလိုဂရမ်ရှိသည်။ ငါးဖမ်းသမားတန်ခန်ဆန်သည် ပြီးခဲ့သည့် ခြောက်လကလည်း ကြီးမားသော ငါးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးသည်။ ယခုဖမ်းမိသော ငါးများအနက် အကြီးဆုံးဖြစ်သည်။ (အင်တာနက်)

(ဖေဖော်ဝါရီလ ၁၁ရက်၊ ၂၀၁၂)
စင်္ကာပူတဘက်ကမ်း ဂျိုဟိုးပြည်နယ်မှာ မလေးရှားစုံတွဲတတွဲက သူတို့ မင်္ဂလာပွဲကို ဈေးထဲမှာ လုပ်ခဲ့ပါတယ်။
သတို့သား Erryzuan Topah က အသက် ၃၄၊
သတို့သမီး Nurul Jannah Abdullah က အသက် ၂၂။
ဒီအိုင်ဒီယာက သတို့သမီးဖခင်၊ ဈေးထဲက ကြက်သားဆိုင်ပိုင်ရှင် Abdullah Idris ရဲ့ အိုင်ဒီယာ ဆိုပဲ။
ဧည့်သည်တွေအပြင် ဈေးထဲက ပရိသတ်ပါ သူတို့မင်္ဂလာပွဲကို မျက်မြင်သက်သေ ဖြစ်ကြတာမို့ သတို့သားက ဒီအစီအစဉ်ကို မငြင်းဘူးလို့ ဆိုတယ်။(ဧရာဝတီ)

(ဖေဖော်ဝါရီလ ၁၀ရက်၊ ၂၀၁၂)

ဖြစ်ရပ်-၁။ ။ထိုင်းနိုင်ငံ ရေပိုင်နက်ထဲမှာ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ယောက်ကို ဒီကနေ့ ရေတပ် အာဏာပိုင်တွေက ဖမ်းလိုက်တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။
တရားဝင် ခရီးသွားလာတဲ့ စာရွက်စာတမ်းတွေ မရှိဘူး။ ကော့သောင်းမြို့ကနေ ရနောင်းမြို့ကို ဖြတ်ကူးနေတုန်း အဖမ်းခံရတာပါ။အဖမ်းခံရတဲ့ လူတွေ စစ်ဆေးမေးမြန်းချက် အရ “အားလုံး ရန်ကုန်ကနေ ကော့သောင်းမြို့ကို ဘတ်ငွေ ၃၅၀၀ အကုန် အကျခံ ပြီး လာခဲ့တယ်၊ ဖန်ငနဲ့ ဖူးကက်မြို့မှာ အလုပ် သွားလုပ်ဖို့ ထိုင်းလူမျိုး တယောက်ကို ဆက်သွယ်ထားတယ်” လို့ ဆိုပါတယ်။ထိုင်းအာဏာပိုင်တွေကလည်း အဲဒီ ထိုင်းလူမျိုးရဲ့ ဖုန်းနံပတ်ကို ယူထားပြီးတော့ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ လတ်တလော ရနောင်းမြို့နယ် ပါနန်း ရဲစခန်းမှာ ပို့ထားတယ် တဲ့။(ဧရာဝတီ)

ဖြစ်ရပ်-၂။ ။နိုင်ငံသားစီစစ်ခြင်းနှင့် ကိုယ်ရေးအချက်အလက်စုဆောင်းသော လုပ်ငန်းစဉ် (Bio data) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို မဲဆောက်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံ ဒေသရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ကွန်ယက်အဖွဲ့တာဝန်ရှိသူ၊ တာ့(ခ်)ခရိုင် စက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်း (FTI) မှ အထွေထွေအတွင်း ရေးမှူး၊ မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးမှ ရဲဗိုလ်ကြီး ဆထိ၊ မဲဆောက်မြို့နယ်ရုံး လုံခြုံရေးမှူးတစ်ဦး နဲ့ အလုပ်သမားနေရာချထားရေးရုံး ဦးစီးအရာရှိတစ်ဦး စတာတွေက ၄င်းတို့ နဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို ရှင်းလင်းပြောပြသွားပါတယ်။(မြန်မာပြည်သားသတင်းစဉ်)

(ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၂)
ထိုင်းနိုင်ငံ၏ လက်ရှိပညာရေးဝန်ကြီး Suchart သည် မန်ဒရိန်း တရုတ်ဘာသာ သင်ကြားရေး အတွက် တရုတ်နိုင်ငံမှ ဆရာ ၅၀၀၀ ခေါ်ယူရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အာဆီယံ စီးပွားရေး အသိုက်အ၀ိုင်းနှင့်အတူ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်လာသည့် တရုတ်၏ စီးပွားရေး နှင့်ဆက်စပ် လုပ်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ထိုင်း-တရုတ် ယဉ်ကျေးမှုနှင့် စီးပွားရေး အဖွဲ့၏ အကူအညီဖြင့် ထိုင်းကျောင်းများတွင် မန်ဒရိန်း ဘာသာ သင်ကြားရေးအတွက် တရုတ်နိုင်ငံမှဆရာ ၅၀၀၀ စေလွှတ်ပေးရန် တောင်းဆိုထားသည်။ ၄င်းအဖွဲ့၏ ပြောဆိုချက်အရ တရုတ်နိုင်ငံသည် ထိုင်းအစိုးရ၏ စီမံကိန်းကို စိတ်ဝင်စားသည့် အပြင် ငွေကြေးကူ ညီရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။တရုတ်ဘာသာ စကား သင်ကြားရေးအတွက် လူငယ် စခန်းများ ဖွင့်လှစ်ပေးခြင်း၊ တရုတ်ဘာသာစကား တတ်မြောက်မှု ပြိုင်ပွဲများ ကျင်းပခြင်းနှင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ ရှိတက္ကသိုလ်များတွင် ပေါက်ဖေါ်သင်တန်း (sister school) များ ဖွင့်လှစ်ရန် တရုတ်နိုင်ငံမှ ကမ်းလှမ်းထားသည်။
ထိုင်းပညာရေး ၀န်ကြီးသည် ဖေဖေါ်ဝါရီလ အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ကာ သဘောတူ စာချုပ်ချုပ် ဆိုရန် စီစဉ်ထားသည်။(မောက္ခနိုင်ငံတကာသတင်း)

(ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၂)
၆၅ နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် မွန်တိုင်းရင်းသားအဖွဲ့အစည်းများစုပေါင်းပြီး ယနေ့ကျင်းပကြသည်။ (မြန်မာပြည်သားသတင်းစဉ်)

(ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ရထားပို့ဆောင်ရေးဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အစိုးရ၏ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ပအခြေစိုက်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပအို့ဝ်အမျိုးသား အစည်းအရုံးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။ (DVB)

(ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၁၂)
ADRA – Thailand ၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ ၂၇ ရက် နေ့ကတည်းက ဘန်ကောက်ပြည်နယ်နှင့် ရယောင်းပြည်နယ်သို့ လေ့လာရေးခရီးရောက်ရှိနေသော ထိုင်း-မြန်မာနယ်စပ်အခြေစိုက် (JACBA/SAW/ BLC and CPPCR) အစရှိသည့် လူထုအခြေပြုအဖွဲ့အစည်း၎ဖွဲ့သည် ယနေ့နံနက်ပိုင်း၌ ဘန်ကောက်မြို့တွင် ကျင်းပသော Migrant working Group အစည်းအဝေးကို တက်ရောက်ကြသည်။ ညနေပိုင်းတွင်မူ မဲဆောက်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ (မြန်မာပြည်သားသတင်းစဉ်)

Read More...

မိန်းကလေးများသထိထားရန် ကူးယူတင်ပြလိုက်သည် ..သတိ....


အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။
သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊
အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့
ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေရှောင်ရှား နိုင်ကြပါစေ



**August8888**

__._,_.___Rest of your post

Read More...

ပျားအိမ်များ အဘယ်ကြောင့် ဆဋ္ဌဂံပုံ ရှိကြသနည်း


ပျားအိမ်များကို ဆဋ္ဌဂံပုံရှိ အိမ်ငယ်ကလေးများဖြင့် ညီညာစွာ တည်ဆောက်ထားသည်။ ပျားအိမ်ကို ဤကဲ့သို့ တည်ဆောက်ထားခြင်းသည် သဘာဝ၏ အံ့သြဖွယ်ရာတစ်ခု ဖြစ်သည်။ ပျားအိမ်များကို ပညာသားပါပါ တည်ဆောက်ထားသည်သာမက ကွက်လပ်များနှင့် ပစ္စည်းများကိုလည်း နည်းလမ်းတကျ အသုံးချထားသည်ကို တွေ့ရသည်။
ပျားအိမ်၏ ထိုကဲ့သို့ ထူးခြားသောဆဋ္ဌဂံပုံကို ရှေးယ္ခင်ကပင် လူသားတို့ ဂရုပြု၍ လေ့လာကြသည်။ ပျားများသည် ပျားအိမ်ကို အဘယ်ကြောင့် ဆဋ္ဌဂံပုံတည်ဆောက်ထားရသနည်း။ ပဉ္စဂံပုံ၊ စတုဂံပုံ၊ ကြိဂံပုံ စသည် တည်ဆောက်၍ မရပါလော။

အချို့ပုဂ္ဂိုလ်များက ဆဋ္ဌဂံပုံသည် သဘာဝ၏ ပုံသဏ္ဌာန်ဖြစ်သည်။ စက်လုံးပုံအရာဝတ္ထုကို ဘယ်ညာနှစ်ဘက် ဖိပေးလျှင် ဆဋ္ဌဂံပုံဖြစ်သွားသည်။ ရူပဗေဒ၏ အားပညာရပ်မှ ကြည့်ရှုပါက ဆဋ္ဌဂံပုံသည် အတည်မြဲဆုံးသော ပုံဖြစ်သည်။ ပျားအိမ်တည်ဆောက်ရာတွင် အပြန်အလှန် တွန်းဖိခြင်းကြောင့် ပျားအိမ်မှာ ဆဋ္ဌဂံပုံဖြစ်နေသည်ဟု ဆိုသည်။

၎င်းအယူအဆများ မှန်ကန်ပါသလား၊ ရှေ့ပိုင်း အယူအဆသာ မှန်ကန်သည်။ ပျားအိမ်၏ ဆဋ္ဌဂံပုံများသည် တပြင်ညီတည်း ဆက်စပ်တည်ရှိခြင်းကြောင့် အပြန်အလှန် တွန်းဖိခြင်း မပြုလုပ်နိုင်ပေ။ ထို့ကြောင့် ပျားအိမ်များကို ဆောက်ကတည်းက ဆဋ္ဌဂံပုံ ဆောက်ထားခြင်း ဖြစ်ရမည်။

ပျားအိမ်ကို ဆဋ္ဌဂံပုံဆောက်ခြင်းသည် မည်သည့်အကျိုးရရှိသနည်း။
၁၈ ရာစုခန့်တွင် ပြင်သစ်ပညာရှင်တစ်ဦးသည် ပျားအိမ်ကို ပေတံဖြင့် တိုင်းထွာခဲ့ဘူးသည်။ ထိုကဲ့သို့ တိုင်းထွာရာတွင် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာတစ်ခုကို တွေ့ရှိခဲ့သည်။ ဆဋ္ဌဂံပုံရှိ ပျားအိမ်ပေါက်များ၏ ထောင့်ခြောက်ထောင့်သည် တူညီသော စည်းမျဉ်းကို လိုက်နာလျက် ထောင့်ကျယ်သည် ၁၀၉° ၂၈' ၊ ထောင့်ကျဉ်းသည် ၇၀° ၃၂' ရှိသည်ကို တွေ့ရှိရသည်။

ဤကဲ့သို့ ဖြစ်ခြင်းသည် "ထန်းသီးကြွေခိုက်၊ ကျီးနားခိုက်" ဖြစ်ခြင်းလော။ ထိုအခြင်းအရာသည် ပြင်သစ်ရူပဗေဒပညာရှင်တစ်ဦးကို လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်တော့သည်။ ထိုပညာရှင်စဉ်းစားမိသည်မှာ "ပျားအိမ်တည်ဆောက်သော ပစ္စည်းများသည် ပျား၏ကိုယ်မှထွက်လာသော ပျားဖယောင်းများ ဖြစ်သည်။ ထိုပစ္စည်းများသည် ဝန်အားခံနိုင်ရည်တွင်လည်းကောင်း၊ အပူခံနိုင်ရည်တွင်လည်းကောင်း ပထမတန်းစားပစ္စည်းများ ဖြစ်ကြသည်။

ပျားများသည် ပျားဖယောင်းထုတ်ရန် ပျားရည်များစွာကို စားသောက်ရသည်။ ပျားဖယောင်းများသည် ပျားကိုယ်မှ နည်းနည်းစီထွက်လာသော ပစ္စည်းများ ဖြစ်သည်။ ထိုကဲ့သို့ အဖိုးတန်သော ပျားဖယောင်းဖြင့် ပျားအိမ်ဆောက်ရာတွင် ဆဋ္ဌဂံပုံဆောက်ထားခြင်းမှာ ပျားအိမ်ဆောက်ပစ္စည်း အကုန်အကျ အနည်းဆုံးသောပုံစံ ဖြစ်သည့်ပြင် ထုထည်လည်း အကြီးဆုံးဖြစ်နိုင်သည့် ပုံစံကို ဆောက်ထားခြင်း မဖြစ်နိုင်ပါလော" ဟူ၍ဖြစ်သည်။


ထိုပြင်သစ်ရူပဗေဒပညာရှင်သည် သူ၏ထင်မြင်ချက်ကို ပဲရစ်သိပ္ပံကျောင်းကြီးမှ ဆွစ်ဇာလန် သင်္ချာပါရဂူတစ်ဦးအား ပြောပြပြီး အကူအညီတောင်းသည်။ သင်္ချာပါရဂူ၏ တွက်ချက်မှုအရ လူတို့ကို တုန်လှုပ်ချောက်ချားစေသော တွေ့မြင်ချက်များ ရရှိခဲ့သည်။ ထိုသင်္ချာပါရဂူ၏ တွက်ချက်မှုအရ ပစ္စည်းအနည်းဆုံးနှင့် ထုထည်အကြီးဆုံး ဆောက်နိုင်ရန် ဆဋ္ဌဂံပုံ၏ ထောင့်များသည် ၁၀၉° ၂၆' ၊ ထောင့်ကျဉ်းသည် ၇၀° ၃၄' ဖြစ်ရမည်။ ထိုတွက်ချက်ခြင်းမှ ရသော အဖြေသည် ပျားအိမ်နှင့် ၂' (နှစ်မိနစ်) သာ ခြားနား၏။

ထို့နောက် သင်္ချာပါရဂူတစ်ဦး၏ ထပ်မံတွက်ချက်မှုအရ ရရှိသောထောင့်သည် ပျားအိမ်ထောင့်နှင့် အတိအကျတူညီသည်ကို တွေ့ရသည်။ နောက်မှ ဆွစ်ဇာလန်သင်္ချာပါရဂူတွက်ချက်စဉ်က အသုံးပြုသော လော့ဂရစ်သမ်စာအုပ် မှားနှိပ်ထားကြောင်း တွေ့ရသည်။

ပျားအိမ်သည် သင်္ချာပါရဂူများကိုသာ လမ်းညွှန်ပြလိုက်သည်သာမဟုတ်၊ ဗိသုကာများ၊ ကုန်ကြမ်းပါရဂူများ၊ အထူးသဖြင့် လေယာဉ်ကိုယ်ထည်ကို ဒီဇိုင်းဆွဲပေးရသော ပုံဆွဲဗိသုကာတို့ကိုပါ များစွာအထောက်အကူ ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်တည်ဆောက်မှုပါရဂူများသည် လေယာဉ်တည်ဆောက်ရာတွင် အကုန်အကျနည်းရန် အတွက်လည်းကောင်း၊ ကိုယ်ထည်ပေါ့ရန်အတွက်လည်းကောင်း ပျားအိမ်၏ တည်ဆောက်ပုံကို အတုယူ၍ ပျားအိမ်အထပ်ပုံတည်ဆောက်ခဲ့ကြသည်။ ထိုတည်ဆောက်ပုံအရ လေယာဉ်၏ နံရံသည် ပျားအိမ်ကဲ့သို့ အလယ်တွင် အပေါက်များသာပြုလုပ်ထားသည်။ ထိပ်မျက်နှာပြင် နှစ်ဘက်ပေါ်တွင်သာ သတ္တုပြားနှစ်ချပ် ခံထာူသည်. ထိုသို့သော လေယာဉ်နံရံသည် သတ္တုပြားတစ်ပြင်လုံထက် ပို၍ခိုင်ခံ့သည်။ အလေးချိန်လည်း ပေါ့ပါးသည်။ အပူကာခြင်း၊ အသံကာခြင်းတွင်လည်း ကောင်းမွန်သည်။ လေယာဉ်တွင်သာ အသုံးချခြင်း မဟုတ်ပေ။ အဆောက်အဦ ဆောက်လုပ်ရာတွင်လည်း ပျားအိမ်သဏ္ဌာန်တိုက်များကို ဆောက်ထားကြခြင်းသည်လည်း ထိုကဲ့သို့ ဂုဏ်သတ္တိများနှင့် ပြည့်စုံသည်။
(ပြီးပါပြီ)

စာပေဗိမာန်ထုတ် သိပ္ပံမျိုးသန့်၏ ပတ်ဝန်းကျင်မှ သင်္ချာပညာ (၁၉၉၀) တွင် ပါရှိသော ဆောင်းပါးကို ဗဟုသုတအလို့ငှါ စာစီ၍ ဖော်ပြပါသည်။


**လူစိမ်း **

Credit: http://aye-ninty.blogspot.com/2012/02/blog-post.html

Read More...

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း


**ကမ္ဘာကျော်အနုပညာရှင်များစုံလင်စွာနွှဲ ...(၈၄) ကြိမ်မြောက်အော်စကာဆုပေးပွဲ**


ကမ္ဘာတစ်ဝန်းလုံးမှ ရုပ်ရှင်ချစ်ပရိသတ်များ စိတ်ဝင်စားစွာမျှော်လင့်ခဲ့ကြသည့် (၈၄) ကြိမ်မြောက် အော်စကာဆုပေးပွဲအခမ်းအနားကြီးကို ဖေဖော်ဝါရီ ၂၆ရက်က အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့ ကိုဒက်ဇာတ်ရုံ၌ စည်ကားသိုက်မြိုက် ခမ်းနားထည်ပါစွာကျင်းပခဲ့ရာ ဟောလိဝုဒ်ရုပ်ရှင်လောကမှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။ အော်စကာဆုအမျိုးအစား (၂၄) မျိုး ချီးမြှင့်ပေးအပ်ခဲ့ရာ အကောင်းဆုံးဇာတ်ကားဆုကို The Artist ဇာတ်ကားက ရရှိသွားသည်။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို The Artist မှ မင်းသား ဂျိန်းဒူဂျာဒင်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို The Iron Lady ဇာတ်ကားမှ မင်းသမီး မာရီလ်စထရိ(ပ်)တို့က အော်စကာရွှေစင်ရုပ်တုများကို ဆွတ်ခူးရရှိသွားသည်။ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို Beginners ဇာတ်ကားမှ မင်းသား ခရစ္စတိုဖာ ပလမ်မာ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို The Help ဇာတ်ကားမှ အော်တာဗီရာစပန်ဆာနှင့် အကောင်းဆုံးဒါရိုက်တာဆုကို The Artist ဇာတ်ကား ဒါရိုက်တာမိုက်ကယ် ဟာနန်ဗီးရှပ်စ်တို့က ရရှိသွားသည်။

အကောင်းဆုံး နိုင်ငံခြားဘာသာဇာတ်ကားဆုကို အီရန်ရုပ်ရှင်ကာ A Separation အကောင်းဆုံးဇာတ်ညွှန်းဆုကို Midnight in Paris ဇာတ်ကားဖြင့် ဒါ၇ိုက်တာဝုဒ်ဒီအလန်အကောင်းဆုံးရုပ်ရှင်နောက်ခံတေးသီချင်း ဆုကို The Muppets ဇာတ်ကားမှ Man or Muppet တေးသီချင်း၊ အသံရောနှောဆု၊ အသံတည်းဖြတ်ဆုများကို Hugo ဇာတ်ကား၊ ရိုးရာဓလေ့အပြင်အဆင်ဆုကို The Artist ဇာတ်ကား၊ ဖလင်တည်းဖြတ်မှု အကောင်းဆုံးဆုကို The Girl With the Dragon Tattoo ဇာတ်ကားနှင့် အကောင်းဆုံး မိတ်ကပ်ဆုကို The Iron Lady ဇာတ်ကားတို့က ရရှိသွားသည်။ ယခုနှစ်အော်စကာဆုပေးပွဲတွင် အောင်ပွဲခံခဲ့သည့် ဇာတ်ကားများမှာ The Artist ဇာတ်ကားနှင့် Hugo ဇာတ်ကားတို့ဖြစ်ပြီး ဆုအမျိုးအစားငါးခုစီ ချီးမြှင့်ခံခဲ့ရသည်။ (အင်တာနက်)


စုစည်းဘာသာပြန် - အေ၀မ်းစိုး

Read More...

ဟာဒယနှလုံး-တခဏပြုံးစရာကာတွန်း

Read More...

စတေးခဲ့ရသော အပြစ်မဲ့ အသက်များ


"ပထမ" လ
မေမေက ကျွန်တော် သားယောကျာ်းလေးဆိုတာ တွေ့ရှိတယ်...

"ဒုတိယ" လ
ဖေဖေ နဲ့ မေမေနဲ့ ရန်ဖြစ်ကြတယ်...
ကျွန်တော့်ကြောင့်လို့ ထင်တယ်...
ဒါပေမဲ့ ကျွန်တော် ငြိမ်ငြိမ်လေးပဲ အထဲမှာ စောင့်ကြည့်နေရတယ်...

"တတိယ" လ
ကျွန်တော် မေမေ့ကို ခြေထောက်နဲ့ ကန်မိတယ်...
တောင်းပန်ပါတယ် မေမေရယ်...
ကျွန်တော် တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး...

"စတုတ္ထ" လ
ဖေဖေ နဲ့မေမေ တို့ ရန်ဖြစ်ကြပြန်ပြီ...
ကျွန်တော့်အကြောင်း ပြောကြတယ်ထင်တယ်...
ဘာအကြောင်းပြောကြတယ်ဆိုတာတော့ ကျွန်တော် နားမလည်ဘူး..

"ပဉ္စမ" လ
မေမေက ဆရာဝန်သွားပြတယ်....ဆရာဝန်က မေမေ့ကို မှီခိုင်းတယ်...
ကျွန်တော့်ရဲ့ ခြေထောက်ကို တစ်ခုခုနဲ့ ဆွဲပြီး အပြင်ကို ဆွဲထုတ်တယ်လို့ ခံစားရတယ်...
အင်း ကျွန်တော် ချစ်တဲ့ မေမေ့ကို မြင်ရဖို့ အပြင်ထွက်ရတော့မယ်လို့ ကျွန်တော် ကြုံးဝါးလိုက်တယ်...
ပျော်လိုက်တာ...ကျွန်တော်မေမေ့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြရတော့မယ်...
ဒါပေမဲ့...ရုတ်တရက် လောကကြီးက အမှောင်ကျသွားတယ်....

ဖေဖေနဲ့ မေမေရယ်.... ကျွန်တော့်ကို ဘာလို့ သတ်ရတာလဲဗျာ...
ဧကန္တ ကျွန်တော် ဖေဖေတို့ အပေါ်မှာ ဘယ်လောက်ချစ်တယ်ဆိုတာ နားမလည်လို့လားဟင်....

ဒီရက်တွေမှာ ဒီဓာတ်ပုံကို တွေ့မိတဲ့ သူတိုင်းဟာ စိတ်မကောင်းဖြစ်ကြရတယ်...ဘာသာစကားတွေ အမျိုးမျိုးနဲ့ ပြောင်းလဲ ဖော်ပြကြတယ်...

ကမ္ဘာစစ်တမ်းအရ နှစ်စဉ် ကလေးဖျက်ချမှုဟာ ၄၆ သန်း ရှိပြီး.... နေ့စဉ် ၁ သိန်း ၂ သောင်း ၆ ထောင် ရှိတယ်လို့ ဆိုပါတယ်...

ကလေးဖျက်ချမှုဟာ ယနေ့ လူ့အဖွဲ့အစည်းမှာ သမရိုးကျ လုပ်ဆောင်ချက် တစ်ခုလိုဖြစ်လာနေပါတယ်...ကံမကောင်းတဲ့ အသက်ပေါင်းများစွာဟာ နေ့စဉ် စတေးခံနေရပါတယ်...

မူရင်း ။ ။如果你也反墮胎 請轉貼分享SHARE OUT IF YOU ANTI-ABORTION

**ဇေယျာ**
http://www.facebook.com/groups/mrsorcerer2/

--
Ƭнαиκƨ,


ஜ۩۞۩ஜ======= ◄██▓░ Ѧя Ƨσяcɛяɛя ░▓██►

Read More...

100%


တစ်နေ့မှာ...ရေကန်နားကခုံတန်းလေးမှာပေါ့...ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ထိုင်နေ
တယ်တဲ့လေ...သူတို့ကချစ်သူစုံတွဲတွေတော့မဟုတ်ပါဘူး...ကောင်လေးကကောင်မလေးကိုအဖြေတောင်းနေ
တာပေါ့....
* နင်ပြောပါ...ငါ့ကိုအဖြေမပေးတာ..ငါ့မှာဘာလိုအပ်ချက်ရှိလို့လဲ..
*ငါ့အချစ်ကိုရဖို့..နင့်မှာ 100% ရှိရမယ့်...အရာတစ်ခုနင့်မှာရှိရမယ်...အဲဒီအရာကို
နင်သိတာနဲ့နင့်ကိုငါအဖြေပြန်ပေးမယ်...*
*အိုကေလေ...ဘယ်လိုအရာကိုပြောတာလဲ..*
*A B C ဒီစာလုံးလေးတွေကို...အစဉ်လိုက်တိုင်းအဓိပ္ပာယ်နင်ဖွင့်ရမယ်...သူတို့မှာတန်ဘိုးက
A ဆိုရင် 1 ပေါ့ B ဆိုရင် 2ပေါ့ C ဆိုရင် 3ပေါ့ နင့်ဆီမှာလိုအပ်နေတဲ့အရာကို..
ဒီစာလုံးလေးတွေနဲ့အဓိပ္ပာယ်ဖော်ပြီး 100%ပြည့်တဲ့အရာတစ်ခုကိုသိအောင်လုပ်ရမယ်..
သိတာနဲ့. ငါ့အဖြေရပြီ..*
ကောင်လေးလည်း...သူ့မှာလိုအပ်နေတာဘာလဲဆိုပြီးအသဲအသန်ကိုစဉ်းစားပါတော့တယ်..ဟုတ်ပြီ..
နင့်ဆီကအချစ်ရဖို့အတွက်က ငါကံကောင်းဖို့လိုမယ်ဆိုပြီး..Luck ကိုတွက်ကြည့်ပါတော့တယ်..။
L+U+C+K= 12+21+3+11=47%
ဟင်...47% ပဲရှိတယ်..ဒါဆို..ကောင်မလေးတွေကကျန်းမာသန်စွမ်းတဲ့ကောင်လေးဆိုသဘောကျတယ်
ဆိုတော့...ဟုတ်ပြီ...Health
H+E+A+L+T+H= 8+5+1+12+20+8=54%
ဒါလည်းမဟုတ်သေးပါလား...ဟူး...အိုကေ...နင့်ဆီကအချစ်ရဖို့အချစ်လိုတာပေါ့...Love ကိုတွက်ကြည့်
ရမယ်...
L+O+V+E= 12+15+22+5=54%
ဟိုက်! ဒါလည်းမဟုတ်သေးပါလား...အိုကေ...မိန်းကလေးတွေကငွေကိုမက်တာများတယ်..ဒီတော့
လာထား..Money
M+O+N+E+Y= 13+15+14+5+25=72%
ဟုတ်ပြီငွေလည်းမဟုတ်သေးဘူးဆိုရင်...ဗဟုသုတနဲ့ပြည့်စုံတဲ့သူကို..မိန်းကလေးတွေအထင်ကြီး
ကြတာပဲံ.... Knowledge
K+N+O+W+L+E+D+G+E= 11+14+15+23+12+5+4+7+5=96%
ဒါလည်းမဟုတ်သေးဘူးဆိုရင်..အလုပ်ကြိုးစားတဲ့ကောင်လေးဆိုရင်သူတို့ဘယ်လိုမှမငြင်းနိုင်
ပါဘူးလေဆိုပြီး...Hardworking ကိုတွက်ကြည့်ပါသတဲ့..။
H+A+R+D+W+O+R+K+I+N+G= 8+1+18+4+23+15+18+11=98
ကောင်မလေးရေ...ငါလည်းဘယ်လိုမှမစဉ်းစားတတ်တော့ဘူး....နင်ပြောတဲ့ 100%ပြည့်တဲ့အရာ
ရှိသေးလို့လား..နင်တို့မိန်းကလေးတွေမက်မောတန်ဖိုးထားတဲ့အရာတွေလည်းကုန်ပြီဟ...လို့လည်းဆိုရော..
ကောင်မလေးက...စာလုံးလေးတစ်လုံးကိုချရေးပြလာပါတော့တယ်...ကောင်မလေးရေးပြလိုက်တဲ့
စာလုံးလေးက....Attitude တဲ့လေ...ကဲပေါင်းကြည့်...
A+T+T+I+T+U+D+E=1+20+20+9+20+21+4+5=100%
မြဲမြဲမှတ်ထားကောင်လေးရဲ့...ငါတို့မိန်းကလေးတွေနင်တို့ကောင်လေးတွေဆီကနေလိုအပ်နေတဲ့
အရာက...နင့်ရဲ့ကောင်းမွန်တဲ့စိတ်သဘောထားနဲ့..ငါ့အပေါ်ဆက်ဆံတဲ့အပြုအမူတွေပဲ...လေ..
ကောင်မလေးရဲ့စကားလေးကိုကြားလိုက်ရတဲ့ကောင်လေးဟာ..အောက်ပါအတိုင်းမှတ်ချက်တစ်ခုကို
သူ့ရင်တွင်းတစ်နေရာမှာခိုင်ခိုင်မာမာပိုက်သွားပါတော့တယ်...။


Share from Face book.............


**catherine**

Read More...

မိစ္ဆာကောင်ကြီးမျာ:၏လောဘ


**အများသူငှာသိစေရန်**

ဘုရားကျောင်းမြေများကို အလွဲသုံစားလုပ်ခြင်း။
ရန်ကုန်တိုင်း ၊မရမ်းကုန်းမြို့နယ် ၊အမှတ်(၃) ရပ်ကွပ် ၊ အောင်သိဒ္ဓိ ၊
ရွှေညောင်ပင်လမ်း အမှတ် (၁၁၁) ၌ တည်ထားကိုးကွယ်လျှက်ရှိသော
ရှရိသျှိဝ(သိဝ)ဟိန္ဒူ ဘုရားကျောင်းပိုင်
မြေများအား ၊ ဘုရားကျောင်းဂေါပကအဖွဲ့ဝင်များဖြစ်ကြသော (၁)
ဦ်းဘဟာဒူပန်ဒေး
( ဒု ဥက္ကဌ ) မှ ငွေကျပ် သိန်း ကိုးဆယ် ( ၉၀ ) ၊ ( ၂ ) ဦးဘန်စရား
(ယာဒ၀) မှ ငွေကျပ် သိန်း ရှစ်ဆယ်ခြောက်သိန်း (၈၆) ၊ ( ၃ ) ဦးမောင်မောင်
(အတွင်းရေးမှူး) မှ
ငွေကျပ်နှစ်ဆယ့်ငါးသိန်း ဖြင့်အ
သီးသီးရောင်းချ၍ကိုယ်ကျိုးအတွက်သုံးစွဲခဲ့ကြ
ပါသည်။ ၄င်း
ကိစ္စကိုမြန်မာနိုင်ငံလုးံဆိုင်ရာဟိန္နူဘာသာရေးအဖွဲ့ချုပ်ကိုရပ်ကွက်သူရပ်ကွက်
သားများမှတိုင်ကြားခဲ့ပါသည်။
အဖွဲ့ချုပ်မှနေ၍ဘုရားကျောင်းမြေအလွဲသုံးစားလုပ်သူများ
ကိုခေါ်ယူ၍စစ်ဆေးမေးမြန်ပြီးအပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိပြီးမရမ်ကုန်းမြို့နယ်သက်ဆိုင်ရာအာဏပိုင်အဖွဲအ
စည်းများနှင့်သာသနာရေး
မှူးတို့အားလိုအပ်သလိုအရေးယူနိုင်ရန်လွှဲအပ်ပေးခဲ့ပါသည်။
ထိုအဖွဲ့ချုပ်မှဘုရားကျောင်းမြေရောင်းစားသူများအားဘုရားကျောင်းနစ်နာကြေးအနေဖြင့်
ဒဏ်ငွေ ( ၁၅ ) သိန်းစီပေးလျှော်ကြရန်
နှင့်ဂေါပကအသစ်ပြန်လည်ဖွဲ့စည်ပေးရန်တို့ကို
(၁၇.၁၀.၂၀၀၈)နေ့တွင်သတ် မှတ်ခဲ့ပါသည်။
သို့သော်သတ်မှတ်ခဲ့သည့်လျှော်ကြေးကိစ္စနှင့်ဂေါပ
ကအဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းရန်ညွှန်ကြားသည့်ကိစ္စကိုယနေ့
( ၂၈.၂.၂၀၁၂ )နေ့အထိ
ဟိန္နူအဖွဲ့ချုပ်မှသော်လည်ကောင်း၊သက်ဆိုင်ရာအဖွဲ့အစည်မှသော်လည်းကောင်း၊
ဂေါပကအဖွဲ့ဝင်များမှသော်
လည်းကောင်း လုံးဝ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါ။
ဘုရားကျောင်းဂေါပကအဖွဲ့ဝင်များမှဘုရာကျောင်းပိုင်စာရွက်စာတန်းမျာကိုလည်း
လက်စဖျောက် ပစ်ခဲ့ပါသည်။ သိုဖြစ်ပါ၍အများ သူငှာသိစေရန်တင်ပြအပ်ပါသည်။
ဤကိစ္စနှင့်ပါတ်သတ်၍ ပိုမိုသိရှိလိုပါလျှင် bttl@mptmail.net.mm (phone -
253601,245201 သို့ သွား၍ဆက်သွယ်မေးမြန်းနိုင်ပါသည်။




◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======

Read More...

လူထုကျန်းမာရေး(တယ်လီဗွီးရှင်း၊ ကွန်ပြူတာ နှင့် သင့် မျက်လုံးများ)


**Public Health**

ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် ... ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။
မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc
(OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။
မေး။ ။ တီဗီ ကြာကြာ ကြည့်ရင်။ ကွန်ပျူတာ ဂိမ်း စခရင် ကြာကြာ ကြည့်ရင် မျက်စိ ထိခိုက် သလား။

ဖြေ။ ။ တီဗီ ကြာကြာ ကြည့်လို့ ကွန်ပျူတာ စခရင် ကြာရှည် ကြည့်လို့ စက္ခု အာရုံ ကုန်ခန်း သွားတယ် လို့တော့ မရှိဘူး။ ဒါပေမယ့် ခရီးရှည် လမ်းလျှောက်ရင် ခြေထောက် ညောင်းသလိုပဲ။ တီဗီကို ဆက်တိုက် ကြာရှည် ကြည့်ရင် မျက်စိ ညောင်းတာ။ မျက်ရည် ကျတာ၊ မျက်ရည်ပူ ကျတာ၊ မျက်ရိုး ကိုက်တာ၊ ခေါင်းကိုက် ဇက်ကြော တက်တာ မျိုး တွေ တော့ ဖြစ်နိုင် ပါတယ်။
မေး။ ။ အဲဒါ တီဗီ ကြောင့် မဟုတ် ဘူးလား။
ဖြေ။ ။ တီဗီ မော်နီတာ ကို ကြည့်တာ ကြာ လေလေ မျက်လုံး ဖွင့်ထားတဲ့ ကာလ ကြာ လေလေ မျက်လုံးပေါ်က မျက်ရည် ခန်းခြောက်မှု များ လေလေ ပဲ။ မျက်ကြည်လွှာ ရဲ့ အပြင်လွှာမှာ မျက်ရည် စိုစွတ် နေဖို့ လိုတယ်။ မျက်ရည် ခန်းခြောက် သွားရင် မျက်ကြည်လွှာ မှာ ပုံရိပ် မထင်ရှား တော့ဘူး။ ပုံရိပ် မထင်ရှား ရင် မျက်စိ အားစိုက် ရတဲ့ အတွက်ကြောင့် ဇက်ကြော တက်တာတို့၊ မျက်ရိုး ကိုက်တာ တို့ ခဏခဏ အဖြစ် များတယ်။ အဲကွန်းခန်း ထဲမှာ ဆိုရင် မျက်ရည် ခန်းခြောက်နှုန်း ပိုများ ပါတယ်။ ကွန်ပျူတာ ကြည့်တာ ကြာလို့ မျက်ရည် ခန်းခြောက်ရင် computer eye drops, RENU eye drops, Cooleye eye drops တွေ ခပ်ရင် ပိုကောင်း ပါတယ်။ မျက်ရည် အင်အား ကို ဆောင်းပေးတဲ့ သဘောပါ။

မေး။ ။ ဒီလိုဆိုရင် အချိန် ဘယ်လောက် ကြာကြဲာ အများဆုံး ကြည့်ရှု သင့်သလဲ။
ဖြေ။ ။ တီဗီ မော်နီတာ၊ ကွန်ပျူတာ ဂိမ်းတွေကို တစ်နာရီ ထက် ပိုပြီး တောက်လျှောက် မကြည့် သင့်ဘူး။ တစ်နာရီ ကြည့်ပြီးရင် မျက်လုံး ကို ခေတ္တ အနား ပေးပါ။ မျက်လုံး စွတ်စို အောင်ပေါ့။ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း တစ်နာရီ ကျော် ကြာကြာ ကြည့်ပြီးရင် ကစားပြီးရင် ဆယ်မိနစ် လောက် နားပြီး အဝေးကြည့် မြင်ကွင်းကို ကြည့်ပေး သင့်တယ်။ ကွန်ပျူတာ ကြာကြာ ကြည့်ဖို့ ဂိမ်း ကြာကြာ ကစားဖို့ လိုရင် ကိုယ့်မျက်စိ နဲ့ ကိုက်ညီတဲ့ ပါဝါ မျက်မှန် ကို လိုအပ်ရင် တပ်ထားဖို့ သတိ ပေးချင် ပါတယ်။ နည်းနည်း ကြာကြာ ထိုင်ကြည့်ရင် အဆင် မပြေ ဘူးထင်ရင် မျက်စိ ပါဝါစစ်၊ လိုအပ်ရင် မျက်မှန် တပ်သင့် ပါတယ်။
>မေး။ ။ တီဗီ အမျိုးအစား အရည်အသွေး က မျက်လုံး ထိခိုက်မှုမှာ တစ်ခု နဲ့ တစ်ခု ကွာ သလား။
ဖြေ။ ။ ကွာပါတယ်။ Resolution ခေါ်တဲ့ ပုံဖော် အစက် အပြောက် တွေ ကြဲရင် ၊ resolution ညံ့တဲ့ တီဗီ ကြည့်ရင် မျက်လုံး ပို ထိခိုက် တယ်။ အရုပ် ပီသ ထင်ရှားမှု မရှိရင် တီဗီ ကြည့်ပြီး ဒါမှမဟုတ် ကြည့်နေဆဲ မှာပဲ ခေါင်းကိုက်၊ မျက်ရိုး ကိုက်တာ ဖြစ်လာ နိုင်တယ်။ အရုပ် ပီသပေမဲ့ အလင်းရောင် ကစား နေတာ။ အရုပ်တွေ သိပ်လှုပ်ရှား နေတာ ရှိရင်လည်း အဲသည် ဝေဒနာတွေ ဖြစ်တတ်တယ်။ နောက် တစ်ခု ကတော့ ဓါတ်ရောင်ခြည် ပေါ့။ အလင်းရောင် ထုတ်လွှင့်တဲ့ ပစ္စည်းတွေမှာ ဓါတ်ရောင်ခြည်ရှိတယ်။

ဥပမာ လျှပ်စစ် မီးချောင်း မှာလည်း ရှိတယ်။ မွေးကင်းစ ကလေးတွေ အသည်းရောင် အသားဝါ ရင် မီးချောင်း ပြရတယ်။ ဓါတ် ရောင်ခြည် သုံးတာပေါ့။ ခေတ် သိပ်မမီတဲ့ တီဗီတွေ၊ မော်ဒယ် နိမ့်တဲ့ တီဗီ တွေက ဓါတ်ရောင်ခြည် ပိုထွက်တယ်။ တန်ဆေး လွန်ဘေးပဲ။ ယခုအခါ ကြိုတင် စစ်ဆေး ကန့် သတ် ပြဋ္ဌာန်းချက် တွေနဲ့ အညီ ထုတ်လုပ် ရောင်းချတာ များလား လို့ အန္တရာယ်တော့ နည်းပါတယ်။ နယ်စပ်က ဝင်လာတဲ့ တီဗီ တွေကို သုံးရင် သတိထား သင့်တယ်။ တစ်နာရီကို ၀.၅ မီလီရွန်ဂျင် ထက် မပိုဘဲ ရောင်ခြည် ထွက်မှ စိတ်ချ ရတယ်။ မျက်စိ ရောဂါ ရှိလို့၊ အတွင်းတိမ် ခွဲထုတ် ထားရလို့ နေကာ မျက်မှန် အမြဲ တပ်ထား ဖို့ လိုတဲ့သူ တွေ ကတော့ တီဗီ ကြည့်ရင် ခပ်ခွာခွာ ကကြည့်ရပြီး နေကာ အမြဲ တပ်ထား နိုင်တယ်။


မေး။ ။တီဗီ ကြည့်ရာမှာ ရှေ့တည့်တည့် က ထိုင်ရမယ်။ ဘေး ခပ်စောင်းစောင်း ထိုင်သင့်တယ် ဆိုတဲ့ သက်မှတ်ချက် မျိုးတွေ ရှိသလား။
ဖြေ။ ။ သက်တောင့် သက်သာ မညောင်းမညာ ကြည့်နိုင်တဲ့ အနေအထား က တီဗီ မှန်သားပြင်ရဲ့ ရှေ့တည့်တည့် ဖြစ်တယ်။ မှန်သားပြင် နဲ့ မျက်စိ အနိမ့်မမြင့် တစ်တန်းတည်း ဖြစ်နေ ရမယ်။ ကိုယ်က မြင့်နေရင် ငုံ့ကြည့် ရမယ်။ ကလေး တွေလို ကိုယ်က ကြမ်းပေါ်က ထိုင် ကြည့်ရင် မော့်ကြည့် ရမယ်။ ဒါမှမဟုတ် ဘေး ရောက်နေရင် စောင်း ကြည့်ရလို့ ဇက်ညောင်း၊ ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက် မျက်ရိုးကိုက် ဖြစ်မယ်။
မေး။ ။ တီဗီ ကြည့်နေစဉ်မှာ အခန်းကို ရုပ်ရှင်ရုံလို အမှောင် ချထားရင် ပိုကောင်း သလား။
ဖြေ။ ။ မကောင်းဘူး။ အခန်းတွင်း အလင်းရောင်က မမှောင်လွန်း၊ မလင်းလွန်း မျှတရမယ်။
မေး။ ။ တီဗီကြည့် ကွန်ပျူတာ ရှေ့ ထိုင် ဂိမ်းကစား တာတွေဟာ မျက်စိ ထိခိုက် စေတာ တွေပဲလို့ ပြောရင် ရသလား။
ဖြေ။ ။ ဒါတွေ ရှောင်ဖယ် နေရင် ခေတ် နောက်ကျ ကျန်ရစ်မှာပဲ။ အသုံး ပြုရာမှာ မျက်စိ မထိခိုက်အောင် သတိနဲ့ ဆင်ခြင်ပြီး သုံးစွဲရမှာပဲ။


(၂၀၀၈ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ ထုတ် မော်ဒန်ဂျာနယ်)


**From-Blogger Lu Bo**

Read More...

ဟာဒယနှလုံး-တခဏပြုံးစရာကာတွန်း

Read More...

Tuesday, February 28, 2012

အချိန်ကို မစောင့်ပါနဲ့


အချိန်ကို မစောင့်ပါနဲ့...... စောင့်တယ်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းတစ်မျိုး၊ နောင်တတစ်မျိုးဖြစ်တယ်။ အဲဒီဝမ်းနည်း
စောင့်တယ်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းတစ်မျိုး၊ နောင်တတစ်မျိုးဖြစ်တယ်။ အဲဒီဝမ်းနည်းပူဆွေးခြင်းကို ဘာနဲ့မှ ကုသလို့မရပါဘူး။ ကုသလို့မရတဲ့ဘဝက အသစ်တဖန်ပြန်ဖြစ်လို့လည်း မရပါဘူး.. အကြောင်းက ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေ ရှိလို့ပါပဲ။

(၁) မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့...

လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

ဖခင်များနေ့မှာ အဖေ့အတွက် ငါးတစ်ကောင်ဝယ်ပြီး သင်ကိုယ်တိုင်အရောက်သွားပေးကြည့်... အဖေက ပါးစပ်တောင်မပိတ်နိုင်ဘဲ ပြုံးပျော်နေတာကို သင်တွေ့ရလိမ့်မယ်။ မိခင်များနေ့မှာ အမေ့အတွက် အနွေးထည်တစ်ထည်ဝယ်ပြီး သင်ကိုယ်တိုင် အရောက်သွားဝတ်ပေးကြည့်... အမေရဲ့မျက်နှာလုံးထဲ ကြည်နူးရိပ်လေးတွေ တွဲခိုနေတာကို သင်တွေ့ရလိမ့်မယ်။ မိဘတွေက အလွယ်တကူနဲ့ ရောင့်ရဲတင့်တိမ်တတ်သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့မေတ္တာက အနှိုင်းမဲ့ခဲ့ပါတယ်။

"အိမ်ကို မကြာခဏပြန်ပါ"
ဒါဟာ ကျွန်တော်တို့အပေါ်ထားတဲ့ မိဘတွေရဲ့ နွေးထွေးတဲ့မျှော်လင့်ချက်ဖြစ်တယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ (အိမ်ကို မကြာမကြာပြန်ဖို့) မခက်ခဲစေခဲ့ပါဘူး။


(၂) မိဘမေတ္တာကို တန်ဖိုးထားပါ

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။

"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ"
"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။
ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။ မိဘအိုမင်းသွားပြီ... ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။


တကယ်တော့...
သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။
သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။
သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။
သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။
အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေပါ။


(၃) မိဘကိုကျေးဇူးတင်ဖို့ အချိန်ကိုမစောင့်နဲ့...

"ကျေးဇူးတင်တယ်" ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ရေးတတ်ပေမယ့် သူထဲကပါဝင်တဲ့ တကယ့်အဓိပ္ပာယ်ကို ကျွန်တော်တို့မသိခဲ့ကြဘူး။ အမေ့ဝမ်းဗိုက်ထဲကနေ ကျွန်တော်တို့လွတ်မြောက်လာတဲ့ တခဏ ကျွန်တော်တို့ရဲ့ဘဝက မိဘတို့ရဲ့မေတ္တာ၊ မိဘတို့ရဲ့ကောင်းချီးမင်္ဂလာထဲ ဝကွက်အပ်လိုက်ပြီဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့ရဲ့ချစ်ခြင်းကောင်းကင်ကြီးနဲ့ ကာမိုးလိုက်ပြီဖြစ်တယ်။ သူတို့က ကျွန်တော်တို့ကို ချမ်းသာကြွယ်ဝတဲ့ဘဝ ပေးချင်မှပေးနိုင်လိမ့်မယ်။ ဒါပေမယ့် သူတို့ပေးလိုက်တာက လူတစ်ယောက်ရဲ့ဘဝအတွက် အစားထိုးလို့မရတဲ့ ရှင်သန်ခြင်းတွေဖြစ်တယ်။

မပြောပလောက်တဲ့ အရာလေးနဲ့တင် မိဘကို ပျော်ရွှင်ကြည်နူးသွားအောင် လုပ်နိုင်တာဟာလည်း မိဘကျေးဇူးဆပ်တာပါပဲ။ အခုထိ ကျွန်တော့်အရိုးစွဲမှတ်မိနေတဲ့ ကြော်ငြာလေးတစ်ခုရှိတယ်။ အဲဒီကြော်ငြာမှာ ကောင်လေးတစ်ယောက်က ရေဇလုံတစ်ခုကို မနိုင်မနင်းမ,ပြီး အမေ့ရှေ့မှာ ချလိုက်တယ်။ ပြီးတော့ အပြစ်ကင်းတဲ့ပုံစံနဲ့ "မေမေ... ခြေထောက်ဆေးရအောင်!"လို့ သူပြောတယ်။

ဒီကြော်ငြာက ဒီကနေ့အထိ လူကြိုက်များလို့ လွှင့်ထုတ်နေတုန်းပဲ။ လူကြိုက်များရတဲ့အကြောင်းက သရုပ်ဆောင်တွေ နာမည်ကြီးလို့မဟုတ်ပါဘူး။ အဲဒီမေတ္တာသံယောဇဉ်က လူတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်ခဲ့လို့ဖြစ်တယ်။ ဒီကြော်ငြာကိုကြည့်ပြီး လူတွေမျက်ရည်ကျခဲ့ကြတယ်။ ကောင်လေးအတွက်သာမက ကောင်လေးရင်ထဲကလာတဲ့ နက်ရှိုင်းတဲ့မေတ္တာနဲ့ ကျေးဇူးသိတတ်မှုကြောင့်ဖြစ်တယ်။ ဒီလိုကိစ္စမျိုးကို လူတိုင်းလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ကြဘူး။ "သင်တို့ရဲ့ကျေးဇူး ဘယ်မှာလဲ?"လို့ ကျွန်တော်စမ်းမေးကြည့်ချင်ပါတယ်။

စိတ်ပညာမှာ အနက်တစ်ခုဖွင့်ဆိုခဲ့ပါတယ်။ ယခုခေတ်လူတွေရဲ့ ပြောဆိုဆက်ဆံမှုတွေမှာ အပြုအမူတစ်မျိုးရှိတယ်။ အဲဒီအပြုအမူက "ချစ်ခြင်းမပါတဲ့ အပြုအမူ" ဖြစ်တယ်။ ချစ်ခြင်းကိုခုတုံးလုပ်ပြီး ကိုယ့်အရင်းနှီးဆုံးလူတွေဆီကနေ ကိုယ်ရလိုချင်တဲ့အရာကို အဓမ္မရယူတာဖြစ်တယ်။ ချစ်ခြင်းကို ဘန်းပြပြီး ကိုယ့်ရည်ရွယ်ချက် ပြီးမြောက်စေတာဖြစ်တယ်။

ကျေးဇူးတင်တယ်၊ ကျေးဇူးဆပ်တယ်ဆိုတာကတော့ ရင်ထဲကနေ လာသင့်တဲ့အရာဖြစ်တယ်။ စကားပုံတစ်ခုက "ရေတစ်စက်မျှသောကျေးဇူးကို စမ်းချောင်းတစ်ခုလုံးနဲ့ ဆပ်သင့်တယ်"တဲ့။ ကိုယ့်အတွက် မိဘတွေ၊ မိသားစုတွေပေးဆပ်ခဲ့တာ "ရေတစ်စက်"မဟုတ်ပါဘူး။ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်ပါတယ်။

မိဘတွေ ပင်ပန်းမောပန်းချိန် ရေတစ်ခွက် သင်ပေးကမ်းခဲ့ဖူးသလား?
မိဘတွေ နွမ်းလျအားလျော့ချိန် နှစ်သိမ့်စကားတစ်ခွန်း သင်ပြောခဲ့ဖူးသလား?
မိဘတို့ရဲ့ အိမ်ခန်းကို သင်လှဲကျင်းပေးပေးခဲ့ဖူးသလား?
ကျွန်တော်တို့အတွက် သွေး၊ ချွေး၊ အင်အားတွေ သူတို့သွန်းလောင်းချိန်မှာ သူတို့ရဲ့မောပန်းနွမ်းနယ်မှုကို ကျွန်တော်တို့ ခံစားခဲ့မိဖူးလား?
တစ်နေ့ထက်တစ်နေ့ ငွေရောင်သမ်းလာတဲ့ ဆံနွယ်တွေ၊ တစတစ နက်ရှိုင်းလာတဲ့ ပါးပြင်ပေါ်က အရေးအကြောင်းတွေကို ကျွန်တော်တို့ သတိထားခဲ့မိသလား?

မိဘကို ဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့။ မိဘကို ကျေးဇူးတင်တယ်ဆိုရင်လဲ ရင်ထဲ၊ အသဲထဲကနေ လှိုက်လှိုက်လှဲလှဲ ပေးဆပ်ပါ။ အချိန်လွန်မှာ ယူကြုံးမရတဲ့ ပူဆွေးနောင်တတွေနဲ့ ကိုယ့်ကိုမချုပ်နှောင်ပါစေနဲ့....


မူရင်း--- http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20091220/83915.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

--
Be Happy,
**From--Moe Moe**.

Read More...

ဂျင်းဘောင်းဘီကို ခါးအောက်လျောကျဝတ်ဆင်တတ်တဲ့ ယောကျာ်းလေးများ၊မိန်းကလေးများ သိစေဖို့


ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်ဟာ အမေရိကန်
နိုင်ငံမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။
တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့
စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့
ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။အမျိုးသားချည်းသက်သက်
ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ယောက်နှင့်တစ်ယောက် အပျော်တမ်း
ဖော်ချွတ်ဆက်ဆံလိုသူများ (အများအားဖြင့် အခြောက်များ) သည် ဂျင်းဘောင်းဘီကို
တင်ပေါ်တင်ရုံမျှသာ ဝတ်ဆင်ပါသည်။
ယင်းသို့ဝတ်ဆင်မှုမှာ အကျဉ်းထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား
တွေ့မြင်သူ အကျဉ်းသားများမှာလည်းသဘောပေါက်ပြီး အပြန်အလှန် လိင်တူဆက်ဆံခြင်းများ ရှိကြတယ်လို့ သိရှိကြသည်။
ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မသင့်တော်သောအမူကိစ္စတို့ကို
ပြုလုပ်ပါသည်။
ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ My Butt Available To Be Penetrated
By Other Inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။
ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျောကျဝတ်ဆင်သူ လူငယ်
အမျိုးသမီး၊အမျိုးသားတို့ အား
ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ကဲ သူငယ်ချင်းတွေ အားလုံး အဲ့လို
ဝတ်ဆင်လို့ကော ကိုယ့်ကိုကိုယ် လှတယ်လို့ ထင်နေပါသလား.......?။
******************************************************

(7greendays google group )

Read More...

ထိုင်းရောက်မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရတော့မည်


(Posted: 27 Feb 2012 )

ဧပြိ ၁ရက်မှစတင်၍ မြန်မာအလုပ်သမားများကို ထိုင်းအလုပ်သမားများနှင့် တန်းတူအခွင့်အရေးပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြံပေး မစ္စတာပရစ်ချာက ပြောကြားသည်။
´အခုလောလောဆယ် မတ်လကုန်တာနဲ့ ထိုင်းအလုပ်သမားတွေရရှိသလို တရားဝင်လုပ်တဲ့သူတွေကို တန်းတူအခွင့်အရေးရရှိဖို့ လုပ်ပြီးပြီ။ နောက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့တန်းတူအခွင့်အရေးရဖို့ လုပ်ထားတယ်။ ဗမာအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ရရှိဖို့ ကြိုးစားနေပါတယ်´ဟု မစ္စတာပရစ်ချာက ဖာလားဝါးနယူးစ်ဂျာနယ်သို့ တရားဝင်ပြောကြားသည်။
´တရားမ၀င်လာလုပ်တဲ့သူတွေလဲ တရားဝင်ဖြစ်လာအောင် မဲဆွယ်စည်းရုံးမယ်။ များသောအားဖြင့် ဒီအလုပ်သမားတွေက ထိုင်းကို အကျိုးပြုနေတယ်ဆိုတာ လက်ခံပါတယ်။ သူတို့ရဲ့ အကျိုးကိုလဲ ထိုင်းအစိုးရက ပြန်ကြည့်ရှုရမှာပေါ့´ဟု ယင်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံတစ်ခုလုံးတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာလုပ်သမားပေါင်းတစ်သန်းခွဲခန့်ရှိနေပြီး တရားမ၀င်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများလည်း များစွာရှိနေကြောင်းသိရသည်။
ယင်းအပြင် အသားငါးနှင့် ပုဇွန်လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံ၊ အသေးအကြီးပေါင်း ၁၀၀၀၀ ကျော်ရှိနေသည့် ထိုင်းနိုင်ငံ စမွတ်ဆန်းခွမ်းခရိုင်တွင် တရားဝင်နှင့် တရားမ၀င်လုပ်ကိုင်းလျက်ရှိသော မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိနေကြောင်း သိရသည်။

´အလုပ်သမားတွေဟာ နောက်ဆုံးတော့လဲ မြန်မာနိုင်ငံကို ပြန်လာမှာပဲ။ ဘာဖြစ်လို့ တရားမ၀င်အလုပ်သမားတွေများလာရလဲဆိုရင် အခွန်အခတွေကို ကြောက်လို့ဖြစ်ပါတယ်။ ဗမာ၊ကရင်၊ မွန်လူမျိုးတွေပိုများပါတယ်။ စမွတ်ဆန်းခွမ်းခရိုင်မှာဆိုရင် မြန်မာအလုပ်သမားတွေ အများဆုံးပဲ´ဟု အဆိုပါခရိုင်၏ကုန်သွယ်ရေးကိစ္စ ဒုဥက္ကဌလည်းဖြစ်သော မစ္စတာပရစ်ချာက ပြောသည်။


ထိုင်းနိုင်ငံရောက်မြန်မာတရားဝင်အလုပ်သမားအနေဖြင့် ထိုင်းအလုပ်သမားများနည်းတူ လုပ်ခလစာတိုးမြှင့်ခံစားပိုင်ခွင်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ တန်းတူပေးခြင်းနှင့် ထိုင်းနိုင်ငံ၏တရားဝင်အလုပ်ပိတ်ရက်များကိုလည်း ခံစားခွင့်ပေးခြင်းတို့ကို ယခုနှစ် ဧပြီလ ၁ရက်နေ့မှစတင်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
´မြန်မာအလုပ်သမားတွေဟာ တရားဝင်ဖြစ်ဖို့နဲ့ သူတို့ရဲ့နေထိုင်ခွင့်၊ စားသောက်ခွင့်တွေ ပိုမိုကောင်းမွန်အောင်လုပ်မယ်။ နောက်ငွေပို့ချင်တဲ့အခါ အခက်အခဲဖြစ်နေတာကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ စတာတွေကို လုပ်နေတယ်။ ဒါလဲ အစိုးရနှစ်ခုကြား ပူးပေါင်းပြီးစီစဉ်နေတာပဲလေ။ အလုပ်သမားတွေလုပ်ပိုင်ခွင့် ရဖို့တို့၊ ပတ်စ်ပို့ရဖို့တို့လဲ သူတို့က လုပ်ပေးနတာပဲ။ မြန်မာအလုပ်သမားတွေအပေါ်မှာ စေတနာထားလုပ်ပေးတာကို ကြိုဆိုရမှာဖြစ်ပါတယ်´ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဦးအောင်လွင်က ပြောသည်။
ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများအနေဖြင့် လုပ်ခလစာတူညီမှုမရှိသော်လည်း ထိုင်းအလုပ်သမားများနည်းတူ တန်းတူအခွင့်အရေးရရှိရန် အာမခံကြောင်း၊ ယင်းအပြင်နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သူများအပေါ်တွင်လည်း ကြားခံအဖွဲ့အစည်းများအနေဖြင့် ကောက်ခံနေတဲ့အခွန်အခများကို လျှော့ပေးသင့်ကြောင်း မစ္စတာပရစ်ချာက ပြောသည်။



**နှင်းကို(သာစည်)**



The Flower News Journal, 27Feb2012

http://feeds.feedburner.com/thithtoolwin/yIWV


**From-Thit Htoo Lwin**

Read More...

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း


**ရီဟန်နာနဲ့ ခရစ်ဘရောင်း ပြန်ပေါင်းထုတ်ကြပြီ**

(လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၆)
R&B အဆိုတော်တွေဖြစ်ကြတဲ့ ခရစ်ဘရောင်းနဲ့ ရီဟန်နာတို့ဟာ တစ်ချိန်ကချစ်သူတွေဖြစ်ပြီး လမ်းခွဲခဲ့ကြတာ ယခုနောက်တစ်ဖန် သူတို့နှစ်ဦးအတူ ပြန်ပေါင်းထုတ်ပြီး တေးအယ်လ်ဘမ်အသစ်တစ်ခုထွက်ဖို့ စီစဉ်နေကြပါတယ်။ အဆိုတော် ခရစ်ဘရောင်းဟာ ရည်းစားဟောင်း ရီဟန်နာကို လွန်ခဲ့သော သုံးနှစ်က ရိုက်ပုတ်စော်ကားခဲ့ပြီး အပြစ်ရှိကြောင်း ၀န်ခံခဲ့ရသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လွန်ခဲ့သော သုံးနှစ်က ရိုက်ပုတ်စော်ကားခဲ့ပြီး အပြစ်ရှိကြောင်း ၀န်ခံခဲ့ရသူဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ယခုအခါမှာတော့ တေးအယ်လ်ဘမ်သစ်အတူထွက်ဖို့ ကြိုးစားနေကြပါပြီ။ အသက် ၂၂ ရှိတဲ့ ခရစ်ဘရောင်းနဲ့အသက် ၂၄ နှစ်ရှိ ရီဟန်နားတို့ဟာ We Found Love လို့အမည်ရတဲ့တေးအယ်လ်ဘမ်တစ်ခုထွက်ဖို့အတူတကွ စီစဉ်နေကြတာဖြစ်ပါတယ်။ ဒီသီချင်းခွေဟာ အဆိုတော် ရီဟန်နားရဲ့ ၂၄ နှစ်မြောက်မွေးနေ့အဖြစ် ထွက်မှာဖြစ်ပါတယ်။ အဆိုတော် ရီဟန်နားကလည်း ခရစ်ဘရောင်းရဲ့ Turn Up Music လို့အမည်ရတဲ့အခွေမှာ အားဖြည့်သီဆိုပေးထားတယ်လို့သိရပါတယ်။ (အင်တာနက်)



**အဆိုတော် ဆေးလိုင်းဒိုင်ယွန် လက်စ်ဗီးဂတ်စ်မြို့ပွဲစဉ်များဖျက်သိမ်း**

(လက်စ်ဗီးဂတ်စ်၊ ဖေဖော်ဝါရီ ၂၆)
နာမည်ကြီးအဆိုတော် ဆေးလိုင်းဒိုင်ယွန်ဟာ အသံအိုးရောင်ရမ်းမှုကြောင့် လက်စ်ဗီးဂတ်စ်မြို့မှာသွားရောက်ဖျော်ဖြေမယ့် အစီအစဉ်မကို ဖျက်သိမ်းရပါတယ်။ အဆိုတော် ဆေလိုင်းဒိုင်ယွန်ကို သူမရဲ့ ဆရာဝန်က ရောဂါသက်သာပျောက်ကင်းဖို့ သီတင်းတစ်ပတ်ကြာအနားယူဖို့ အကြုံပြုတိုက်တွန်းထားပါတယ်။ သူမဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၉ ရက်အထိ လက်စ်ဗီးဂတ်စ်မြို့ရဲ့ ကိုလော့ဆီယမ် အပန်းဖြေစခန်းမှာ လေးရက်တိုင်တိုင် သီဆိုဖို့ စီစဉ်ထားခဲ့ခြင်းဖြစ်ပါတယ်။ (အင်တာနက်)




(Radwanska seals eighth career title in Dubai)
**ဒူဘိုင်းအိုးပင်းတင်းနစ်ပြိုင်ပွဲ ပိုလန်တင်းနစ်မယ် ဖလားဆွတ်ခူး**

(ဒူဘိုင်း၊ ဖေဖော်ဝါရီ ၂၆)
ပိုလန်တင်းနစ်မယ် ရက်ဝမ်စကာသည် ဂျူလီယာဂျော့စ်အား ၇-၅ ၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုဖလားသည် သူမ၏ ရှစ်ကြိမ်မြောက် ဆုဖလားရရှိခြင်းပင်ဖြစ်သည်။ ယခုပွဲကိုအနိုင်ရရှိရန် ရက်ဝမ်စကာသည် နှစ်နာရီကြာမျှ ယှဉ်ပြိုင်ကစားခဲ့ရသည်။ ဂျာမနီတင်းနစ်မယ် ဂျူလီယာဂျော့စ်သည် ပြီးခဲ့သည့် သြစတြေးလျအိုးပင် တင်းနစ်ပြိုင်ပွဲတွင် စတုတ္ထအဆင့်ပွဲစဉ်၌ ပိုလန်တင်းနစ်မယ် ရက်ဝမ်စကာကို ရှုံးနိမ့်ခဲ့ဖူးသည်။ ပိုလန်တင်းနစ်မယ်ရက်ဝမ်စကာသည် ယခုနှစ်၌ ပထမဆုံးဆုဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မြင့်မောင်စိုး

Read More...

ခွေးမြီးပညာရှင်


"ပေါ်ဦး "

"ခစားလျှက်ရှိကြောင်းပါ ဘုရား . . "

"မိုးတားစား အမတ်ကြီးသည် လွန်စွာ ပညာဂုဉ်မောက်ပြီး ၊ မာန်စွယ်ပြသည် ဟု. . . ငါကိုယ်တော်မြတ် ယူဆတော် မူတယ်. . . . "

ဘ၀ရှင်မင်းတရားကြီးက မိုးတားစား အမတ်ကြီးနှင့် ပတ်သက်၍ ဦးပေါ်ဦးအား မိန့်တော်မူလေသည်. . .

"မှန်လှပါ အရှင်ဘုရား. . . . မိုးတားစား အမတ် ခွေးမြီးနှင့် တူသော ပညာအမြီး ပေါက်ခြင်း ဖြစ်ကြောင်းပါ ဘုရား. . . . "

ဦးပေါ်ဦးက ဘ၀ရှင်မင်းတရားကြီး စိတ်ချမ်းမြေ့ဖွယ်ကို လျှောက်ထားသည်. . .

"ရှင်းလင်း လျှောက်ထားစမ်းပါဦး. . . . ပေါ်ဦးရဲ့ "

"မှန်လှပါ . . အခြားသူတို့၌ ပေါက်သော အမြီးမှာ ဆင်၊ မြင်း၊ ခြင်္သေ့ဟူသော သတ္တာဝါတို့တွင် ပေါက်သော အမြီးနှင့် တူပါပေသည် ဘုရား . . . "

"ဆန်းလှချည်လား ပေါ်ဦးရဲ့. . . . "

"မှန်လှပါ အရှင်ဘုရား . . . ဆင်၊မြင်း၊ ခြင်္သေ့ဟူသော သတ္တ၀ါတို့တွင် ပေါက်သော အမြီးသည် မှက်၊ ခြင်၊ယင် . . . တို့ကိုလည်း ခြောက်ရတသည်. . . မိမိအင်္ဂါဇာတ်ကိုလည်း ဖုံးလွှမ်းရပါသည်. . . . . ဘုရား . . .ခွေးမြီးမှာမူကား . . မှတ်၊ခြင်၊ ယင်တို့ကိုလည်း မခြောက်ရ . . မိမိအင်္ဂါဇာတ်ကိုလည်း မဖုံးလွမ်းရ ရှိပါသည်. . . . မိုးတားစားသည်လည်း ထို့အတူပင် ဖြစ်ပါသည် . . "

"ပမာ နှိုင်းပုံကတော့ . . . ထူးသကွယ်. . ."

"မှန်လှပါ အရှင်ဘုရား ၊ မိုးတားစား အမတ်သည်. . ပညာဖြင့် လုံလောက်သူ ဧကန် ဖြစ်သော်လည်း မိမိ၏ အရှက်ကိုလည်း မဖုံးလွှမ်း၊ သူတစ်ပါးထံမှာ လာအံ့သော အရေးကိုလည်း ကာကွယ်တားဆီးခြင်း မပြုနိုင်ပါ ဘုရား. . . . ထို့အပြင်. . . ခွေးမြီးနှယ် ပညာမာန် တစ်ထောင်ထောင်ဖြင့် နေခြင်းသည်. . . ပညာရှိတို့အတွက် ရယ်ဖွယ်ရာသာ ဖြစ်ပါတော့သည်. . ဘုရား . . . ယင်းကြောင့် ခွေးမြီးပညာရှင်ဟု သာ ၄င်းအား ဆိုထိုက်ပါကြောင်း ဘုရား. . . . . "

ပိဿလေးနှင့် ဘေးပစ်သည့် နှယ် ဦးပေါ်ဦး၏ ခိုင်းနှိုင်းလျှောက်ထားပုံက ပြင်းထန်လှပါသည်. . . . . ဘ၀ရှင်မင်းတရားကြီးလည်း အလွန်ပင် သဘောတွေ့ပါသည်. . . ကြားရသူ မင်းပရိသတ်အားလုံးမှာလည်း တပြုံး ပြုံး တဝေါ ဝေါ တသောသော ရယ်မောကြလေသည်. . .


(ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ချစ်ခင်လေးစားလျှက်..

**soelay**

Read More...

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း


(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း "နင့်ကိုငါချစ်တယ်"

ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် "ဟော.. သူ(သူမ)ပဲ!"ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။

အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး... ဖြစ်ပါတယ်။


(၂) နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း "အခုပဲလာခဲ့မယ်"

လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။ တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ သင်အနားယူနေတုန်း ရုတ်တရက် အိမ်ကရေစက်ခေါင်းပျက်သွားတယ်။ ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက်တော့ သူက "ကျွန်တော် အခုပဲလာခဲ့မယ်"လို့ ပြန်ဖြေတဲ့အချိန် သင့်စိတ်သက်သာရာရသွားတယ်။ သင်ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ ရုတ်တရက် ကားပျက်သွားတယ်။ နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက်မပြတ်တီးနေတယ်။ သင်စိတ်ပူပန်လှုပ်ရှားပြီး သူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ "ငါအခုပဲလာခဲ့မယ်"ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားစေပါတယ်။


(၃) လူကိုယုံကြည်မှုတိုးစေဆုံး စကားတစ်ခွန်း "မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်"

ဆရာတစ်ဦးက ကျွန်တော့်ကိုပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်တယ်။ အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ် ဆရာအမြဲပြောလေ့ရှိတာက "မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်"ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်။ "လုပ်နိုင်သူ"တွေက "ပိုလုပ်နိုင်"ခဲ့ကြပြီး "မလုပ်နိုင်သူ"တွေလည်း "လုပ်နိုင်"ခဲ့ကြတယ်။

ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။

"စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။ တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး"


ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အဲဒီလိုပဲဖြစ်တယ်။ လူတစ်ယောက်ဟာ အခက်အခဲကြုံချိန်၊ အမှားလုပ်မိချိန်၊ ဒါမှမဟုတ် တွေဝေဆုံးဖြတ်ရခက်နေချိန်မှာ သူ့ရဲ့လမ်းညွှန်သူ ဒါမှမဟုတ် သူ့သူငယ်ချင်းက "မင်းကို ငါယုံတယ်"၊ "မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်"ဆိုတဲ့စကားတစ်ခွန်း ပြောပေးရုံနဲ့ သူ့ကိုသတ္တိအင်အားတွေ ပြန်လည်ပြည့်တင်းစေပါတယ်။


(၄) အတင်းအဖျင်းကို ပထုတ်နိုင်ဆုံးစကားတစ်ခွန်း "မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာ ပြောပါစေ"

ကျွန်တော့်ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။

"တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။ တကယ်လို့ တခြားလူအနားယူချိန် သားလည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သားအလုပ်လုပ်မယ်။ တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သားလည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သားရလိမ့်မယ်"

ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်။ အဲဒီလိုပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာ ခံရတယ်။ ဒါကြောင့် တခြားလူဆီကနေ မတူတဲ့အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့ပြုမူပြောဆိုမှုကို ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြဲအောင်လုပ်ရပါတယ်။

လူရွန်းပြောသလိုပါပဲ..."သူတို့ပြောချင်ရာ ပြောပါစေ... ကဲ့ရဲ့ဝေဖန် အတင်းအဖျင်းပြောသူတွေရဲ့ ချီးကျူးစကားက ကိုယ်အောင်မြင်မှုရပြီးချိန်မှ ကြားရတတ်တဲ့ စကားဖြစ်တယ်"။


(၅) ပြောရအခက်ဆုံးနဲ့ သဘောထားကွဲလွဲမှုကို အဖြေရှင်းနိုင်ဆုံး စကားတစ်ခွန်း "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်"

ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ.. ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် အခြေအနေ တော်တော်များများမှာ ဒီလိုစကားတစ်ခွန်းက ဒေါသကြောင့် တောက်လောက်မယ့်မီးကို အချိန်မီ ငြိမ်းစေနိုင်သလို၊ ပွက်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သလို၊ ချိန်ရွယ်ထားတဲ့ လက်သီးကို ဖြည်လျော့စေနိုင်သလို၊
ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါတယ်။ လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းနိုင်ပါတယ်။ အချင်းချင်းချစ်ကြိုက်လို့ အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ ဘာကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရထိခိုက်အောင် ပြောဆိုငြင်းခုန်ကြမလဲ? "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်" ဆိုတဲ့စကားတစ်ခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါဘူး။



**Win Sandar**

Read More...

ဘ၀အမောပြေ


**အလုပ်အကိုင်**

ညသန်းခေါင်ယံအချိန်၌ ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များက လမ်းပေါ်တွေ တွေ့ရှိရသော အမျိုးသားနှစ်ဦးအား ရပ်ခိုင်းပြီး ရဲအရာရှိတစ်ဦးက မေးမြန်းလေသည်။
ရဲအရာရှိ - ခင်ဗျားကို ဘယ်ကပြန်လာတာလဲ။
ပထမအမျိုးသား - လမ်းထိပ်ကပါ။
ရဲအရာရှိ - ဘာအလုပ်အကိုင်လုပ်သလဲ။
ပထမအမျိုးသား - အလုပ်လက်မဲ့တစ်ဦးပါ။
ရဲအရာရှိ - ဒါဆို…ရပ်နေဦး။

ပထမအမျိုးသား - ဟုတ်ကဲ့။
ရဲအရာရှိ - ကဲ…ခင်ဗျားကရော ဘာအလုပ်အကိုင်လုပ်သလဲ။
ဒုတိယအမျိုးသား - ကျနော်က…သူ့ရဲ့လက်ထောက်ပါ။
ရဲအရာရှိ - “ဟေ”


အာကာဟိန်း- ရေးသားသည်။

Read More...

"ဆောရီး"ကို အလွယ်တကူ မပြောပါနဲ့


ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်တယ်။

ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ

ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ

ငါးတွေကအပြည့်... ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။

ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ

မပျော်ရွှင်ခဲ့ဘူး။



ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက

တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့

နုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ကပျာကယာရှေ့တက်ပြီး

"နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်" လို့

တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို လှမ်းပေးတယ်။

စူနေတဲ့ကောင်မလေးရဲ့ နုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့်

ဖူးပွင့်လာခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း

သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။



အဲဒီ "ဆောရီး" က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။

ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။ ကောင်မလေးငိုတဲ့အထိ

သူအစသန်ခဲ့သလို ကောင်မလေးရယ်တဲ့အထိ သူချော့တတ်ခဲ့တယ်။ ကောင်လေးက

ကောင်မလေးရဲ့စက်ဘီးကို အမြဲလေခိုးလျော့ပြီး တစ်နေရာမှာ ပုန်းနေတတ်တယ်။

ခြေမကိုင်၊ လက်မကိုင်မီဖြစ်နေတဲ့ ကောင်မလေးကို ချောင်းကြည့်ရင်း

သူ့ဆီဆက်လာမယ့် ကောင်မလေးရဲ့ဖုန်းကို သူစောင့်နေခဲ့တယ်။ ပြီးတော့

ကောင်မလေးဆီက လေခိုးလျော့တဲ့သူခိုးကို ဆူပူကြိမ်းမောင်းသံတွေ

နားထောင်ပြီး သူသဘောကျနေတတ်တယ်။ ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့

အဲဒီလိုအပြုအမှုကို သူအရမ်းနှစ်ခြိုက်ခဲ့တယ်။



ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး အဝေးကအခုမှ ရောက်လာဟန်နဲ့

လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ်တယ်။ ဘေးက ပွစိပွစိရေရွတ်နေတဲ့

ကောင်မလေးကိုကြည့်ပြီး သူခိုးရယ်နေတတ်တယ်။ ပြီးမှ စိတ်မကောင်းဟန်နဲ့

"ဆောရီး.... ငါမှားသွားတယ်" လို့ တောင်းပန်တတ်တယ်။ ကျိန်ဆဲနေတဲ့

ကောင်မလေးနုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့

ကောင်လေးကို ဆုံးမတတ်တယ်။ ကောင်မလေးရဲ့ အဆုံးအမအောက်မှာ ကောင်လေးက

ခေါင်းငုံ့လို့..... နေ့ရက်တွေကို ရယ်မောခြင်းနဲ့သူတို့အဆုံးသတ်ခဲ့ကြတယ်။







အဲဒီ "ဆောရီး" က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြတယ်။

ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့ဘူး။ ကောင်မလေးက

သူ့ကိုဂရုမစိုက်ဘူးဆိုပြီး ကောင်လေးကို အပြစ်တင်တယ်။ နောက်တော့

ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြတယ်။ ကောင်မလေးငိုတော့ ကောင်လေးက

"ဒါငါ့အလုပ်အတွက်" လို့ ဖြေရှင်းတယ်။

ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားတယ်။ နောက်တော့လည်း ကောင်မလေးက

မနေနိုင်ပါဘူး။ ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း

လက်နက်ချတယ်။ နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်

လုပ်ခဲ့ကြတယ်။ ရန်ဖြစ်တိုင်းလည်း ကောင်မလေးဖက်ကစပြီး ပြေငြိမ်းတာချည်းပဲ။

အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန်

မွေးနေ့ပွဲလုပ်ပေးမယ်လို့ ကောင်လေးက ကောင်မလေးကို ဂတိပေးတယ်။ မွေးနေ့မှာ

ကောင်လေးအလာကို ကောင်မလေးစောင့်နေခဲ့တယ်။ ညနက်သန်းခေါင်အထိ၊

မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။ မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ

မျက်ရည်စီးကြောင်းရာတွေ စွန်ထင်းလို့.... ကောင်လေးရောက်လာတော့

ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း "ဆောရီးနော်... နင့်ကို

ငါလက်ထပ်ပါရစေ" ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။





အဲဒီ "ဆောရီး" က တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်ပါတယ်။

မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ

ပိုတိုးတက်အောင်မြင်ခဲ့တယ်။ ကောင်မလေးက ကောင်လေးအတွက်

နေ့တိုင်းချက်ပြုပ်၊ လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်။

ကောင်မလေးက ဈေးသွားတိုင်း

ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။ "ဘာကြောင့်လဲ" လို့

ကောင်လေးမေးခဲ့ရင် ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။

တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်။ ပြန်လာတိုင်းလည်း

ရေမွှေးနံ့တစ်မျိုးမျိုးက ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။ ဒါကို

ကောင်မလေး မမေးခင် အကြောင်းအမျိုးမျိုးပြပြီး ကောင်လေးဖြေရှင်းတတ်တယ်။

အဲဒီကစ ကောင်မလေး စကားသိပ်မပြောတော့ဘူး။ အရင်ကလိုလည်း မသွက်လက်တော့ဘူး။

ဘယ်မှလည်း သိပ်မသွားတော့ဘဲ မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေတတ်ခဲ့တယ်။

ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး ကောင်မလေးငိုနေတတ်တယ်။

နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း သူ့ကိုယ်ပေါ်မှာ

ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။ ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။

ဒါကိုကောင်လေးက မလုံသလိုနဲ့ "ဆောရီး... ဒီနေ့ အလုပ်မှာ

စားပွဲသောက်ပွဲရှိပြန်တယ်" လို့ ပြောတတ်တယ်။



အဲဒီ "ဆောရီး" က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။

တဖြေးဖြေး အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။

အလုပ်အကိုင်ကောင်းလေ၊ ဘေးက မြှောက်ပင့်တဲ့လူများလေနဲ့

ကောင်လေးရဲ့နေ့ရက်တွေက မြှောက်ပင့်သံတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့

ကုန်ဆုံးခဲ့တယ်။ ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင် အထွက်နည်းခဲ့တယ်။


ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။ အရင်တုန်းက

ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့ တီတီတာတာစကားလေးတွေ ရှိခဲ့ပေမယ့်

အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်ထဲ အဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။

ကောင်လေးကို "ဘယ်အချိန် ပြန်လာမလဲ?" လို့ မေးတိုင်း ကောင်လေးက

အစာသီးနင်သွားတဲ့အသံနဲ့ "ဆောရီး... ငါအလုပ်များနေတယ်" လို့

ပြန်ဖြေတတ်တယ်။ ဖုန်းခွက်ကို မ***ယာချရင်း ကောင်မလေး

စိတ်မကောင်းဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန်

အိမ်ပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူး။



အဲဒီ "ဆောရီး"က ဝတ်ကျေတမ်းကျေပြောတဲ့ ဆောရီးဖြစ်ပါတယ်။

ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။

ကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့ အိုစာသွားတဲ့

သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီး အလှတွေ သူစပြင်ခဲ့တယ်။

ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မယ်၊

တွန့်ဆုတ်နေလို့ မဖြစ်မှန်း သူသိခဲ့တယ်။

အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး ကောင်လေးဆီကို သွားခဲ့တယ်။ ဒါဟာ

ကောင်လေးရဲ့အလုပ်ဆီ ပထမဆုံးအကြိမ် သူသွားခဲ့တာဖြစ်သလို

နောက်ဆုံးအကြိမ်လဲဟုတ်ခဲ့တယ်။ ဓာတ်လှေကားခလုတ်ကို နှိပ်ပြီး

ကောင်လေးအမြဲပြောတဲ့ "အလုပ်များတယ်" ဆိုတဲ့နေရာကို သူရောက်လာခဲ့တယ်။

ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို သူလိုက်ကြည့်ခဲ့တယ်။

နေရာတိုင်းက လှပလို့နေတယ်။ ဝရန်တာကိုဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ

သူရောက်လာခဲ့တယ်။ ရုံးခန်းတံခါးကို သူသာသာလေး တွန်းဖွင့်ကြည့်လိုက်တဲ့

တခဏ သူအံ့သြမင်သက်သွားမိတယ်။

သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက သူ့ခင်ပွန်းမဟုတ်ခဲ့ဘူး...

သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့ နောက်တောက်တောက် ကောင်လေးမဟုတ်ခဲ့ဘူး...

ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့ ကောင်လေးလည်း မဟုတ်ခဲ့ဘူး....

တစ်ခြားမိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ယောက်ျား၊ သွေးသားတွေ

ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေခဲ့တယ်။

ကောင်မလေးကိုတွေ့တော့ ကောင်လေးက ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။ နေရာကနေ

ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်တယ်။

အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာသွန်းလို့.........

ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူး။ "ဆောရီးပဲ....

နင့်ကိုပဲ ငါချစ်ပါတယ်ကွာ... နင့်ကိုပဲ ငါတကယ်ချစ်တာပါ" တဲ့။

ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။

အဲဒီ "ဆောရီး" က လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။

ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး။ ကောင်မလေးပျောက်နေခဲ့တယ်။

ကောင်မလေးမရှိတော့ ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့...

အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။ နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။

ကောင်မလေးကို လိုက်ရှာချင်ပေမယ့် သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို

ဘယ်သွားရှာရမှန်း မသိခဲ့ဘူး။ ကောင်မလေးရဲ့တစ်ဦးတည်းသော သူငယ်ချင်းက

သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ ကောင်လေးတတ်နိုင်ခဲ့တယ်။

ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့ ဖုန်းကို (၂၄)နာရီလုံးဖွင့်ပြီးစောင့်နေခဲ့တယ်။

ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။ တစ်နေ့မှာ

စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။ ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့

နမူနာရုပ်ကြွလေးတွေပါတယ်။ ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က

မြက်တွေကြားထဲမှာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။ ဗူးထဲမှာ

စာတစ်စောင်လည်းပါပြီး စာထဲမှာ ဒီလိုရေးထားပါတယ်။

"နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။ ငါပျော့ညံ့လွန်းလို့ဖြစ်မယ်

ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင်လို့လည်းဖြစ်မယ်။ ငါ နေကောင်းတယ်။

နင့်ကိုခွဲပြီး ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ ငါ့ကိုယ်ငါ

ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။ နင့်အပြန်ကို ငါနေ့တိုင်း

စောင့်စရာမလိုတော့ဘူး။ ဟင်းတွေ ပူပူနွေးနွေးချက်ပြီး အေးစက်သွားတဲ့အထိ

ငါစောင့်စရာ မလိုခဲ့တော့ဘူး။ ဖုန်းလည်း ငါမသုံးတော့ဘူး။ နင့်အတွက်နဲ့

(၂၄)နာရီလုံး ဖုန်းကို ငါဖွင့်ထားစရာလဲ မလိုတော့ဘူး။

ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်ဆိုတာကို ငါနားလည်သွားပြီ။

လှပတဲ့နေ့ရက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ငါသိသွားပြီ။ နင့်ကို

ဘယ်လိုချစ်ရမယ်ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့

ငါ့အချစ်တွေကို အနာတရဖြစ်အောင် နင်ဆော့ကစားခဲ့လို့ဖြစ်တယ်။

ကွာရှင်းစာချုပ်ကို ငါးကန်အောက်မှာ ငါဖိထားခဲ့တယ်။ နင်လက်မှတ်ထိုးပြီးရင်

ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။ ဆောရီးပဲ.... ငါစိတ်တွေပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ"

လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့တယ်။ ရင်ထဲမှာ

မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွတ်ခြင်းတွေယူပြီး

ကောင်မလေးမရှိရင် သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့

ကောင်လေးလိုက်သွားခဲ့တယ်။ ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့သူက

ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။ ကောင်လေးဆီက စာရေးပြီးတဲ့နောက်

သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်လို့ ကောင်မလေးအဖေက

စိတ်မကောင်းစွာပြောတယ်။ ကောင်လေးအသိတွေ ချာချာလည်ကုန်တယ်။ နောင်တတွေက

တပွေ့တပိုက်နဲ့ သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။





တချို့ "ဆောရီး" က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။

ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ တန်ဖိုးထားမြတ်နိုးသူတစ်ယောက်ကိုတော့

လူတိုင်းကြုံကြရမှာပဲ။ အဲဒီလို ကိုယ့်ကိုယ်တန်ဖိုးထားသူကို

မြတ်နိုးတတ်ပါစေ။ "ဆောရီး"ဆိုတဲ့ တောင်းပန်မှုတိုင်းက

"ကိစ္စမရှိပါဘူး"ဆိုတဲ့စကားနဲ့ လဲလှယ်လို့မရနိုင်ခဲ့ပါဘူး။

ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ဒဏ်ရာတွေ မပေးမိပါစေနဲ့။ ဒါဟာ

နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်နာကျင်စေပါတယ်။





ဒီပုံပြင်ကို ကြိုက်နှစ်သက်ခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးပါ။

"အချစ်"ဆိုတာကို ခံစားစေပြီး "ဆောရီး"ကို အလွယ်တကူ မပြောမိဖို့

သူတို့နားလည်တတ်ပါစေ.

Read More...

လူထုကျန်းမာရေး (လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းနှင့် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးများ)


**Public Health**

ကျွန်တော်တို့ နေ့စဉ် ကမ္ဘာမှာ သောက်သုံးနေတဲ့ ရေပြီး ရင် ဒုတိယ
အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးကတော့ လက်ဘက်ရည် မြန်မာလိုဆိုရင်
ရေနွေးကြမ်းပေါ့ဗျာ။တောမှာ ခေါ်တာတော့ အကြမ်းရည်ပေါ့ဗျာ။သူရဲ့
ကောင်းကျိုးလေးပေါ့ဗျာ။ကျွန်တော် စာဖတ်ထားသလောက်လေး
ပြောပြပါ့မယ်ဗျာ။ဘာရယ် တော့ မဟုတ်ပါဘူး ကျန်းမာရေး ဗဟုသုတအနေနဲ့
သူငယ်ချင်းတွေကို သိစေချင်ပါတယ်ဗျာ။လက်ဖက်ရည်ကြမ်းထဲတွင် ကင်ဆာဆဲလ် များ
တိုးပွားမှုကိုရပ်တန့်ပေးတဲ့ Polyphenols ဓာတ်နဲ့ Antioxidants ဓာတ်များ
ပါဝင်နေသည့်အပြင် တစ်နေ့လျှင် လက်ဘက်ရည်ကြမ်း 3 ခွက်အနည်းဆုံး
သောက်သုံးပါက နှလုံးရောဂါ ဖြစ်ပွားမှုကို 10 %
ရာခိုင်းနှုန်းကျဆင်းစေကြောင်း လေ့လာသူများထံမှ ထောက်ခံချက်များပိုမို
အသိအမှတ်ပြုလာခဲ့ကြပါတယ်ဗျာ။
ဒါ အပြင် ဟားဗတ်ဇ်တက္ကသိုလ်မှ လေ့လာတွေ့ရှိမှုတွင်လည်း
လူခန္ဓာကိုယ်တွင်ဖြစ်တက်သော ရောဂါများဟာ လက်ဖက်ရည်ကြမ်း
သောက်သုံးခြင်းကြောင့် ကျဆင်းလာခဲ့ကြောင်း
လေ့လာတွေ့ရှိခဲ့ရပါတယ်။

လက်ဘက်ရည်ကြမ်းကို နေ့စဉ်သောက်သုံးခြင်းဖြင့်
နှလုံးရောဂါဖြစ်ပွားမှု ကျဆင်းစေနိုင်ခြင်း၊သွေးတိုးရောဂါ များအား
ကျဆင်းစေခြင်း။ဆီးနှင့်သွေးကို မိမိခန္ဒာကိုယ် အတွက် ချိန်ညှိပေးခြင်း။
သွေးကြောများ ပိုမို အားကောင်းလာနိုင်စေခြင်းနှင့် ကင်ဆာဆဲလ်
များတိုးပွားမှုအားလျော့ကျစေနိုင်သည်များ အား လေ့လာတွေ့ရှိခဲ့ရသော်လည်း
လက်ဖက်ရည်ကြမ်း မှသွေးဖိအား အားမည်သို့ကျဆင်းစေသည်ကို ဆက်လက်လေ့လာရန်
လိုအပ်နေဆဲဖြစ်သည်။


ဒါ့အပြင် အရက်နှင့်အငန်စားသုံးမှုအား ရပ်တန့်ကာ အသီးအနှံနှင့်ဟင်းသီး
ဟင်းရွက်များနှင့် လက်ဘက်ရည်ကြမ်း
သောက်သုံးခြင်း၊ပိုမိုစားသုံးခြင်းသည်လည်း သွေးတိုးကျစေမည့်
နည်းကောင်းတစ်ရပ်ဟု အမေရိကန် ဆေးသိပ္ပံဆိုင်ရာပညာရှင်များက
သုံးသပ်ခဲ့ကြပါတယ်။

ကဲ... ဒီလောက်ဆိုရင်တော့ ကျွန်တော့ ဆိုဒ်လေးကို လာလည်တဲ့
သူငယ်ချင်းတွေ အားလုံးလဲ လက်ဖက်ရည်ကြမ်းသောက်တာ အလေ့အကျင့်ရှိတဲ့သူတွေ
အတွက်ကော လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ သူရဲ့
ဆေးဘက်ဝင်ပုံတွေကို သိသွားကျပြီပေါ့နော်။သူငယ်ချင်းတွေ အားလုံးလဲ
စိတ်ကျန်းမာကိုယ်ချမ်းသာနဲ့ လိုအင်ဆန္ဒများပြည့်စုံကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

Reference From: http://welcometoitbank.blogspot.com/search
*******************************************************************************
(7greendays google group )

Read More...

ဟာဒယနှလုံး-တခဏပြုံးစရာကာတွန်း

Read More...

သေတယ်ဆိုတာ ဘယ်လိုပါလဲ ?


New Scientist မဂ္ဂဇင်းက နောက်ဆုံးလထုတ်မဂ္ဂဇင်းစာမျက်နှာပေါ်မှာ အရှင်လတ်လတ်မီးလောင်ခြင်းမှ ရေနစ်ခြင်း၊ ခေါင်းပြတ်ခြင်းစသည်တို့ အထိ အမျိုးမျိုးအထွေထွေသော လူတစ်ယောက်ရဲ့ အဆုံးသတ်ချိန်တွေကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးလေ့လာထားပါတယ်။ ကျွမ်းကျင်သူတွေက သူတို့ရဲ့ အထောက်အထားတွေကို ဆေးသိပ္ပံနောက်ဆုံးတွေ့ရှိချက်တွေနဲ့ ကံကောင်းထောက်မပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဖြစ်ရပ်တွေကနေ ထုတ်နုတ်ထားတာပါ။ ဘယ်လိုနည်းအမျိုးအစားနဲ့ပဲသေသေ အများအားဖြင့်တော့ ဘ၀ရဲ့နောက်ဆုံးမီးစာကို မှုတ်ထုတ်လိုက်တဲ့တရားခံဟာ (Coup de grace) ဦးနှောက်သို့ အောက်ဆီဂျင်ပေးပို့မှု ရပ်ဆိုင်းသွားခြင်းပဲ ဖြစ်ပါတယ်။ သိချင်သေးတယ်ဆိုရင်ဖြင့် အောက်မှာဖော်ပြထားတာတွေဟာ သူတို့ရဲ့ ကောက်ချက်တွေ ဖြစ်ပါတယ်။
§ § § § § § §

**ရေနစ်ခြင်း**

စစချင်း ရေနစ်သူဟာ အလွန်အမင်းကြောက်ရွံ့ထိတ်လန့်သွားတယ်။ ပုံမှန်အားဖြင့်တော့ စက္ကန့် (၃၀) ကနေ စက္ကန့် (၉၀) ကြားပေါ့။ အသက်ရှင်သူတွေရဲ့ပြောပြချက်အရ အဆုပ်ထဲရေ၀င်သွားတဲ့အချိန်မှာ တစ်စစီကွဲပျက်ပြီး လောင်ကျွမ်းသွားတဲ့ ခံစားမှုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မကြာခင်ပဲ ငြိမ်သက်တည်ငြိမ် သွားတဲ့ ခံစားမှုမျိုး လျင်လျင်မြန်မြန် ကပ်လိုက်လာပါတယ်။ အောက်ဆီဂျင်ငတ်မွတ်မှုက အသိစိတ်ကို ပျောက်ဆုံးသွားစေပြီး နှလုံးရောဦးနှောက်ပါ ရပ်တံ့သွားတော့တယ်။

**နှလုံးရပ်ခြင်း**

နှလုံးကြွက်သားတွေဟာ အောက်ဆီဂျင်အတွက် အပြင်းအထန် ရုန်းကန်တဲ့အခါမှာ ဖြစ်လေ့အရှိဆုံး လက္ခဏာကတော့ ရင်ဘတ်ထဲက နာကျင်မှုဖြစ်တဲ့ “ဆွဲညှစ်ထားတဲ့”၊ ဒါမှမဟုတ် ဖိနှိပ်ထား ခံစားမှုပဲဖြစ်ပါတယ်။ ပုံမှန်နှလုံးစည်းချက် တုံ့ဆိုင်းသွားပြီး နှလုံးခုံမှုကို ရပ်တန့်သွားစေပါတယ်။ ဆယ်စက္ကန့်အတွင်းမှာ မေ့မျောသွားပြီး မိနစ်ပိုင်းအကြာမှာပဲ သေဆုံးသွားပါတယ်။

**သွေးလွန်ခြင်း**

ကိုယ်ခန္ဓာတွင်း သွေးယိုစီးမှုဖြစ်ရပ်ရဲ့ အဆင့်တွေကနေ လေ့လာထားတာဖြစ်ပါတယ်။ သွေးပမာဏ တစ်လီတာခွဲလောက် ဆုံးရှုံးသွားတဲ့လူတစ်ယောက်ဟာ အားနည်းခြင်း၊ ရေငတ်ခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားရလေ့ရှိပါတယ်။ နှစ်လီတာလောက် ဆုံးရှုံးသွားတဲ့အချိန်မှာတော့ အဲဒီလူဟာ အိပ်ချင်မှု၊ ရှုပ်ထွေးနောက်ကျိမှုနဲ့အတူ နောက်ဆုံးမှာ သတိလစ်မေ့မျောသွားမှာ ဖြစ်ပါတယ်။


**ဓာတ်လိုက်ခြင်း**


အိမ်တွင်းမတော်တဆမှုတွေကြောင့် ဓာတ်လိုက်ခံရတဲ့လူဟာ နှလုံးရပ်သွားနိုင်ပြီး ဆယ်စက္ကန့်လောက်အကြာမှာ သတိမေ့တဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။ နှလုံးနဲ့ ဦးနှောက်ဆီကို ပိုပြီး ဗို့အားပြင်းပြင်းဖြတ်မယ်ဆိုရင် ချက်ခြင်းနီးနီး သတိမေ့စေနိုင်တယ်။ ဒါပေမဲ့လည်း တရားခံတွေကို လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်ခြင်းဟာ တကယ်တမ်းကျတော့ အသက်ရှူကြပ်မှုနဲ့ ဦးနှောက်အပူလောင်မှုကြောင့် သေရတာဖြစ်တယ်လို့ ဆိုပါတယ်။




**အမြင့်မှပြုတ်ကျခြင်း**

အမြင့်တစ်နေရာမှ ပြုတ်ကျပြီး အသက်မသေဘဲလွတ်မြောက်ခဲ့သူတွေရဲ့ ပြောပြချက်အရ “အချိန်နှေးကွေးသွားတဲ့ အာရုံတစ်မျိုး” ခံစားကြကြောင်း သိရှိရပါတယ်။ ဆန်ဖရန်စစ်စကိုရှိ ၂၄၆ ပေမြင့်တဲ့ ဂိုးဒန်းဂိတ်တံတားပေါ်မှခုန်ချပြီး မိမိကိုယ်ကိုယ်သတ်သေသူ အယောက် ၁၀၀ ကို လေ့လာချက်အရ အဆုတ်ကွဲကြေသွားခြင်း၊ နှလုံးပေါက်ခြင်း ဒါမှမဟုတ် ကျိုးသွားတဲ့နံရိုးတွေက ကိုယ်တွင်းအင်္ဂါတစ်ခုခုကို ထိခိုက်သွားခြင်း စသည်ဖြင့် ချက်ခြင်းသေဆုံးသွားတဲ့ ဖြစ်ရပ်တွေကို တွေ့ရပါတယ်။


**ကြိုးဆွဲချခြင်း**


မိမိကိုယ်ကို ကြိုးဆွဲချသတ်သေခြင်းနဲ့ မူလလက်ဟောင်း သေဒဏ်ပေးနည်းအမျိုးအစားဟာ လည်ပင်းအစ်လို့ သေရတာဖြစ်ပါတယ်။ သူက သတိလစ်ဖို့အတွက် ဆယ်စက္ကန့်လောက် အချိန်ယူရပေမဲ့ ကြိုးကွင်းဟာ ရော့ရဲရဲဖြစ်နေရင် မိနစ်ပိုင်းလောက်ထိ ခံစားရနိုင်ပါတယ်။ ကြိုးရှည်ရှည်နဲ့ ဆွဲချခြင်းဟာ လည်ပင်းရိုးကျိုးစေဖို့ ရည်ရွယ်ထားတာဖြစ်ပေမဲ့ ဒီနည်းနဲ့ကွပ်မျက်ခဲ့တဲ့ အကျဉ်းသား ၃၄ ယောက်ရဲ့ ကိုယ်ခန္ဓာတွေကို လေ့လာကြည့်တဲ့အခါ ငါးယောက်မှာ လေးယောက်က အသက်ရှူကြပ်လို့သေရတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။




**မီးလောင်ခြင်း**

မီးလောင်ကျွမ်းမှုဟာ ပြင်းထန်ဆိုးရွားတဲ့နာကျင်မှုကို ဖြစ်ပေါ်စေပြီး အရေပြားရဲ့ နာကျင်ခြင်းအာရုံခံမှုကိုလည်း အကြီးအကျယ် တိုးပွားစေပါတယ်။ အပေါ်ယံ နာ့ဗ်ကြောတွေဟာ ပျက်စီးသွားပြီး ခံစားမှုတချို့ ပျောက်ဆုံးသွားတယ်ဆိုပေမဲ့ ကျွမ်းကျင်သူတွေရဲ့အဆိုအရ သိပ်အများကြီးတော့ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ မီးလောင်သေဆုံးတဲ့သူအများစုဟာ အဆိပ်သင့်တဲ့ဓာတ်ငွေ့တွေရှူရှိုက်မိတာနဲ့ အသက်ရှူကြပ်ခြင်းကြောင့်သာ တကယ်တမ်းအားဖြင့် သေဆုံးရတာဖြစ်ပါတယ်။

**ခေါင်းပြတ်ခြင်း**

ခေါင်းဖြတ်ခြင်းဟာ မြန်ဆန်ပြီး နာကျင်မှုမရှိဘူး ဆိုကြပေမဲ့ ဇာတ်ကြောပြတ်ပြီး ခဏကြာအထိ သတိလစ်ခြင်း မရှိသေးဘူးလို့ ယုံကြည်ရပါတယ်။ ဦးနှောက်ဟာ ခုနစ်စက္ကန့် ကြာတဲ့အထိ အလုပ်လုပ် နေနိုင်ကြောင်း ကျွမ်းကျင်သူတွေက တွက်ချက်ခဲ့ကြပါတယ်။ ပြင်သစ်က ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်မှုတွေအရ မျက်လုံးနဲ့ ပါးစပ်လှုပ်ရှားမှုတွေကို စက္ကန့် (၃၀) ကျော်တဲ့အထိ မြင်တွေ့နိုင်ကြောင်း သာဓကတွေရှိပါတယ်။


Source: Death: Scientists Reveal What It’s Like To Die



Posted by တေဇာ (လရောင်လမ်း)

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)