ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 30, 2012

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

** နေအိမ်အတွင်း သက်ကြီးရွယ်အိုများနှင့် ဝေဒနာရှင်များအား ကူညီပေးနိုင်သည့်စက်ရုပ်** 

(တိုကျို စက်တင်ဘာ ၂၈) ဂျပန်နိုင်ငံမှ ကမ္ဘာကျော်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် တိုယိုတာမှ နေအိမ်တွင်အကူအညီပေးနိုင်သော စက်ရုပ်အမျိုးအစားသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပြီး စတင်မိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ယင်းကုမ္ပဏီကသတင်းထုတ်ပြန်သည်။ဆူဒန်နှင့်  တောင်ဆူဒန် သဘောတူညီချက်များရ ပြင်သစ်၌ အလုပ်လက်မဲ့  သုံးသန်းကျော်ဥရောပနိုင်ငံများတွင် ယူရိုငွေ အကျပ်အတည်းကြုံတွေ့မှုဂယက်ကြောင့် အလုပ်လက်မဲ့ဦးရေ ဤသို့တိုးပွားလာလျက်ရှိသည်။အဆိုပါစက်ရုပ်သည် နေအိမ်တွင် သက်ကြီးရွ ယ်အိုများနှင့် ရောဂါဝေဒနာကြောင့် လှုပ်ရှား၍မရနိုင်သူများ၊ လေဖြတ်ခံထားရသူများအပြင် အခြားလူတစ်ဦး၏ ဖေးမကူညီမှု မရရှိဘဲ မလှုပ်ရှားနိုင်သူများအတွက် ကူညီဆောင်ရွက်ပေးနိုင်သည့် စက်ရုပ်ဖြစ်သည်။ ယင်းစက်ရုပ်သည် ဆလင်ဒါဒီဇိုင်းပုံစံဖြစ်ပြီး ကိုယ်ထည်ပမာဏ ၁၅ လက်မခန့်  ရှိသည့်အပြင် အမြင့်မှာ စင်တီမီတာ ၁၃ဝ ခန့်ရှိသည်။ ၄င်းစက်ရုပ်ကို ကွန်ပျူတာဖြင့်ထိန်းချုပ်ကာ လိုအပ်သလို လုပ်ကိုင်ပေးနိုင်ရန် ပြုလုပ်ပေးနိုင်သည်။၎င်းစက်ရုပ်ကို တိုယိုတာကုမ္ပဏီမှ နည်းပညာရှင်များနှင့် အင်ဂျင်နီယာများက ဒီဇိုင်းထုတ် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။ စက်ရုပ်မထုတ်လုပ်မီ နည်း ပညာပိုင်းဆိုင်ရာနှင့် နည်းစနစ်များကို အကြိမ်ကြိမ်စမ်းသပ်လေ့လာပြီးမှ ယခုကဲ့သို့ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ စက်ရုပ်အတွင်း နည်းပညာအသစ်များ ထည့်သွင်းထားပြီး ပစ္စည်းအများအပြားမှ လိုအပ်သည့် ပစ္စည်းကို အတိအကျ ရွေးချယ်ကာ လိုရာသို့ယူဆောင်ပေးနိုင်သည် ။ အိမ်အတွင်း၌ ရုပ်မြင်သံကြား အစီအစဉ်များ ကြည့်ရှုသည့် အဝေးထိန်းကိရိယာ၊ လက်ကိုင်ဖုန်း၊ စာအုပ်နှင့် အဝတ်အထည်များအပြင်အခြားအသုံးအဆောင်ပစ္စည်းများကို မှန်ကန်စွာ ရွေးချယ်ပေးနိုင်သည်။ ဥပမာအနေဖြင့် ခုတင်ပေါ်တွင် မလှုပ်ရှားနိုင်သောစာအုပ်ကို ရွေးချယ်ယူလာစေခြင်း၊ အစားအစာ ထည့်ထားသည့် ပန်းကန်များနှင့်ခွက်များကို ယူလာစေခြင်း စသည့် အလုပ်အများအပြားကို ကူညီ လုပ်ကိုင်ပေးနိုင်သည်။တစ်ဖန် သက်ကြီးရွယ်အိုများအား တွဲပြီးလမ်းလျှောက်ခြင်း၊ အထိုင်အထများတွင် စက်ရုပ်ကကူညီတွဲထူပေးခြင်းတို့ကို မိသားစုဝင်တစ်ဦးအလား ကူညီလုပ်ကိုင်ပေးမည်ဖြစ်သည်။ ထို့အပြင် နေအိမ်အတွင်း သက်ကြီးရွယ်အိုများ၏ သွားလာနေထိုင် စားသောက်မှုများကိုလည်း ကူညီဆောင်ရွက်ပေးနိုင်သည်။မိမိတို့ ယခုထုတ်လုပ်ထားသော စက်ရုပ်သည် လူတစ်ဦးချင်း၏ လိုအပ်ချက်များကို အပြည့်အဝကူညီဆောင်ရွက်ပေးရန် အခက်အခဲအချို့နှင့် စိန်ခေါ်မှုအချို့ ရှိနေဆဲဖြစ်ကြောင်း တိုယိုတာကုမ္ပဏီမှပညာရှင်များက ပြောကြားသည်။တိုယိုတာကုမ္ပ ဏီသည် ကမ္ဘာပေါ်တွင် ထင်ရှားပြီး လူကြိုက်များသော မော်တော် ကားများထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီဖြစ်ရာ နည်းပညာသစ်များကို လေ့လာသုတေသနပြုနေသောကြောင့် စက်ရုပ်နည်းပညာသစ်များရရှိကာပိုမိုဝန်ဆောင်မှုပေးနိုင်သည့်စက်ရုပ်ထုတ်လုပ်နိုင်မည်ဖြစ်`သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - ဝေယံဦး

Read More...

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** အီရတ်၌ အကျဉ်းသား ၂ဝဝ ထောင်ဖောက်ထွက်ပြေး**
 (ဘဂ္ဂဒက် စက်တင်ဘာ ၂၈) အီရတ်နိုင်ငံမြောက်ပိုင်း တီကရစ်မြို့ရှိအကျဉ်းထောင်တစ်ခု၌ စက်တင်ဘာ ၂၇ ရက်ညက ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် အကျဉ်းသား၂ဝဝ ထက်မနည်း လွတ်မြောက်သွားခဲ့ပြီး အနည်းဆုံးရဲတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ အရာရှိများက ပြောကြားခဲ့သည်။အကျဉ်းသားဒါဇင်ပေါင်းများစွာက အစောင့် တပ်ဖွဲ့များထံမှ လက်နက်များကို လုယူခဲ့ကြောင်းအမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။အကျဉ်းသားများက အခန်းတံခါးများအား ဖွင့်ပြီး အကျဉ်းထောင်အတွင်းမှ အကျဉ်းသား ၂ဝဝထက်မနည်း ထောင်ဖောက်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းသား၃၃ ဦး ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်း သတင်းဌာနများက ပြောကြားခဲ့သည်။ ယင်းထောင်တွင် အယ်လ်ခိုင်ဒါအဖွဲ့ဝင် များအပါအဝင် အကျဉ်းသား ၉ဝဝကျော် အကျဉ်းချခံထားရသည်။ (ရိုက်တာ)

** တရုတ်နိုင်ငံအလယ်ပိုင်း၌ ကျည်ဆန်ရထားစတင်ပြေးဆွဲ**

 (စင်ကျန်း စက်တင်ဘာ ၂၈) တရုတ်နိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ်နှင့် ဟူဘေးပြည်နယ်တို့ အကြား ဆက်သွယ်ထားသည့် ရထားလမ်းပေါ်တွင် ကျည်ဆန်ရထား တစ်စင်း စတင်ခုတ်မောင်းပြီဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်က တရုတ်ရထားတာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ ကျည်ဆန်ရထားသည် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံ ဟေနန်ပြည်နယ် စင်ကျန်းမြို့မှ စတင်ထွက်ခွာပြီး ဟူဘေးပြည်နယ် ဖူဟမ်မြို့သို့ ထွက်ခွာခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ ယင်းကျည်ဆန်ရထားသည် တရုတ်နိုင်ငံအလယ် ပိုင်း အဓိကအချက်အချာကျရာမြို့ကြီးနှစ်မြို့အကြား ဆက်သွယ်ခုတ်မောင်း ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ယခင်က စင်ကျန်းနှင့်ဝူဟမ်းမြို့အကြား အမြန်ရထား များပြေးဆွဲခဲ့ရာတွင် ပြေးဆွဲချိန် ၄ နာရီနှင့် ၂၈ မိနစ်ကြာခဲ့ကြောင်း၊ ယခုခုတ်မောင်းပြေးဆွဲသော ကျည်ဆန် ရထားသည် မြို့နှစ် မြို့အကြား တစ်နာရီနှင့် ၅၆ မိနစ်ကြာမျှသာ ခုတ်မောင်းကြောင်း တရုတ်မီးရထား တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ ကျည်ဆန်ရထားခုတ်မောင်း ပြေးဆွဲနိုင်ခြင်းဖြင့် ခရီးသွားလာမှုလွယ်ကူချောမွေ့စေပြီး အချိန်ကုန် သက်သာစေမည်ဖြစ်ကြောင်း ရထားတာဝန်ရှိသူများက ဆက်လက်ပြော ကြားသည်။ တရုတ်ကျည်ဆန်ရထားသည် တစ်နာရီလျှင် ၃၅ဝ ကီလို မီတာနှုန်း ခုတ်မောင်းနိုင်ကြောင်း တရုတ်ရထားဆောက်လုပ်ရေးကုမ္ပဏီ က ပြောကြားသည်။ ယင်းရထားတည်ဆောက်ရာတွင် တရုတ်ယွမ်ငွေ ၆၄ ဒသမ ၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ) ကုန်ကျခဲ့ကြောင်း သိရသည်။ ၄င်းရထားဖြင့် စက်တင်ဘာ ၃ဝ ရက်မှ စတင်မည့် သီတင်း တစ်ပတ်ကြာ အမျိုးသားအားလပ်ရက်များအတွင်း လူဦးရေ သန်း ၆၆ဝ တို့အား ပို့ဆောင် ပေးနိုင်လိမ့်မည်ဟု တရုတ်ရထားတာဝန်ရှိသူများက ပြောကြားသည်။ (ဆင်ဟွာ)  

**ကွာလာလမ်ပူမြို့ ရှိ ၄၂၁ မီတာမြင့်သည့် မိုးပျံတာဝါ၌ အလွတ်လေထီးခုန်ပွဲတော်ဆင်နွှဲ** (ကွာလာလမ်ပူ စက်တင်ဘာ ၂၈) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမြင့် ၄၂၁ မီတာရှိသည့် မိုးပျံဆက်သွယ်ရေးတာဝါပေါ်မှအလွတ်ခုန်ချပြီး မြေပြင်အနီးရောက်လေထီးဖွင့်ရသည့်အလွတ်လေထီး
ခုန်ပွဲတော်ကိုဆင်နွှဲရန် ကမ္ဘာ့နိုင်ငံပေါင်း ၁၉ နိုင်ငံမှ လေထီးအလွတ်ခုန်သမားများ မလေးရှားနိုင်ငံသို့ ရောက်ရှိဆင်နွှဲနေကြပြီဖြစ်ကြောင်းစက်တင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၂၇ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ ကျင်းပလျက်ရှိသော (၁၂)ကြိမ်မြောက် ကေအယ်တာဝါနိုင်ငံတကာအလွတ်လေထီးခုန်ပွဲတော်တွင် နိုင်ငံတကာမှ အလွတ်လေထီးခုန်သမား ၁ဝဝကျော် ရောက်ရှိဆင်နွှဲနေခြင်းဖြစ်သည်။ လေထီးအလွတ်ခုန်ချသူများသည် အဆိုပါတာဝါထိပ်ရှိ အင်တင်နာတိုင်မှ တာဝါအလယ်ပိုင်းနှင့်မြေပြင်အနီးစသည်တို့တွင် မည်သည့်နေရာအထိ လေထီးမသုံးဘဲအလွတ်ခုန်ဆင်းနိုင်သည်ကို မှတ်တမ်းပြု ထားကာ ဆင်နွှဲစေခြင်းဖြစ်သည်။ယခုနှစ်ပွဲတော်တွင် အလွတ်လေထီးခုန်သမားများအနက် အသက်အကြီးဆုံးမှာ ပြင်သစ်နိုင်ငံမှအသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသားကြီး ဗက်စ်အက်စ်ကူဒီယာဖြစ်သည်။ သူသည် ၁၉၇၇ ခုနှစ်ကတည်းက အလွတ်လေထီးခုန်မှုကို ပြုလုပ်ခဲ့သူတစ်ဦးဖြစ်သည်။ လူအများကိုအံ့အားသင့်စရာဖြစ်အောင် မိမိစွမ်းဆောင်ပြမည်ဖြစ်ကြောင်း ၄င်းက ဟြေကြားခဲ့သည်။ ယခုနှစ်ပွဲတော်၌ ရုရှား၊ ပြင်သစ်၊ သြစတြေးလျနိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံများမှ အလွတ်လေထီးခုန်သမားများ အများအပြားစုံပါဝင်ဆင်နွှဲလျက်ရှိသော်လည်း အသက်ငယ်ရွယ်သူများအား ဆင်နွှဲခွင့်မပြုကြောင်း သတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ) 

** တောင်ကိုရီးယား၌ ဓာတုဗေဒစက်ရုံပေါက်ကွဲလေးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ**
 (ဆိုးလ် စက်တင်ဘာ ၂၈) တောင်ကိုရီးယားနိုင်ငံတွင် စက်တင်ဘာ ၂၇ ရက်က ဓာတုဗေဒစက်ရုံ တစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီး လေးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။ အဆိုပါပေါက်ကွဲမှုသည် တောင်ကို ရီးယားနိုင်ငံ ဆိုးလ်မြို့အရှေ့တောင် ဘက် ကီလိုမီတာ ၂ဝဝ ခန့်အကွာ မြောက်ဂျီယောင်ဆန်ပြည်နယ်ရှိ ဂူမီအမျိုးသား စက်မှုဇုန်နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ရုံအလုပ်သမားများ လောင်စာ ဆီတင်ယာဉ်မှ ဟိုက်ဒရိုကလိုရစ်အက်စစ်ချရန် ကြိုးစားချိန်တွင် ထိုသို့ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း အေပီသတင်းဌာနကထုတ်ပြန်သည်။၎င်းစက်ရုံအလုပ်သမားများသည် ဓာတုဗေဒပစ္စည်းများတင်ဆောင်ထားသည့်လောင်စာဆီတင်ယာဉ်ပေါ်၌ ပိုက်လုံး များချိတ်ဆက်ရန်ကြိုးစားစဉ် အမည်မဖော်နိုင်သည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စက်ရုံအရာရှိများက ပြောကြားသည်။ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသူများပြားခဲ့ကြောင်း၊ သေဆုံးသူများ ထပ်တိုးလာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသေးဟုဆိုသည်။ အဆိပ်အတောက်ဖြစ်စေသောဓာတ်ငွေ့များ ထုတ်လွှတ်မှုကြောင့် ကျန်းမာရေးထိခိုက်နိုင်သဖြင့် စက်မှုဇုန်နယ်မြေအတွင်းနှင့် စက်ရုံအနီးနေထိုင်သူ မိသားစုဝင်များကို ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးရန် တာဝန်ရှိ သူများက စီစဉ်ခဲ့ကြသည်။ (ရိုက်တာ)

 စုစည်းဘာသာပြန် - တင်မောင်လွင်

Read More...

-ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-
(စက်တင်ဘာလ ၃၀ ရက် ၂၀၁၂ ) ဖြစ်ရပ် ၁။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်များတွင် အစ္စလာမ်မစ်အစွန်းရောက် လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ် မှုများကြောင့် ယခုလအတွင်းတါင် လူ ၆ ဦး သေဆုံးခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။ (RFA)
 ဖြစ်ရပ် ၂။ ။ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီရေးအတွက် မလေးရှားနိုင်ငံက ပူထရာ ၀မ်း မလေးရှားအသင်းရဲ့ လူသားချင်းစာနာကူညီရေးအဖွဲ့ ပထမအသုတ်ဟာ စနေနေ့ ညနေပိုင်းက မြန်မာနိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။ အဖွဲ့ဝင် (၁၄) ဦးပါ အဲဒီရှေ့ပြေးအဖွဲ့မှာ ဆရာဝန်တွေနဲ့ သတင်းမီဒီယာသမားတွေ ပါဝင်တယ်လို့ သိရပါတယ်။ ပူထရာ ၀မ်း မလေးရှား ပင်မအဖွဲ့ဟာလည်း နောက် လေး ငါးရက်အကြာမှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ရှေ့ပြေးအဖွဲ့က ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ပြီး ကျန်းမာရေးအခြေစိုက် စခန်းတစ်ခု ကြိုတင် ထူထောင်ထားမှာ ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။ဒီလုပ်ငန်းမှာ စုစုပေါင်း လူ (၅၀) ပါဝင်မှာဖြစ်ပြီး မိမိတို့အနေနဲ့ လူမျိုးဘာသာမခွဲခြားဘဲ ကူညီသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ အပါအ၀င် ကူညီရေးပစ္စည်း တန်ချိန် ၅၀၀ ဟာလည်း အောက်တိုဘာလ (၂) ရက်နေ့မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။(RFA)

 (စက်တင်ဘာလ ၂၉ ရက် ၂၀၁၂ ) ဖြစ်ရပ် ၁။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမြင့် ၄၂၁ မီတာရှိသည့် မိုးပျံဆက်သွယ်ရေးတာဝါပေါ်မှ အလွတ်ခုန်ချပြီး မြေပြင်အနီးရောက်လေထီးဖွင့်ရသည့်အလွတ်လေထီးခုန်ပွဲတော်ကိုဆင်နွှဲရန် ကမ္ဘာ့နိုင်ငံပေါင်း ၁၉ နိုင်ငံမှ လေထီးအလွတ်ခုန်သမားများ မလေးရှားနိုင်ငံသို့ ရောက်ရှိဆင်နွှဲနေကြပြီဖြစ်ကြောင်းစက်တင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၂၇ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ ကျင်းပလျက်ရှိသော (၁၂)ကြိမ်မြောက် ကေအယ်တာဝါနိုင်ငံတကာအလွတ်လေထီးခုန်ပွဲတော်တွင် နိုင်ငံတကာမှ အလွတ်လေထီးခုန်သမား ၁ဝဝကျော် ရောက်ရှိဆင်နွှဲနေခြင်းဖြစ်သည်။ လေထီးအလွတ်ခုန်ချသူများသည် အဆိုပါတာဝါထိပ်ရှိ အင်တင်နာတိုင်မှ တာဝါအလယ်ပိုင်းနှင့်မြေပြင်အနီးစသည်တို့တွင် မည်သည့်နေရာအထိ လေထီးမသုံးဘဲအလွတ်ခုန်ဆင်းနိုင်သည်ကို မှတ်တမ်းပြု ထားကာ ဆင်နွှဲစေခြင်းဖြစ်သည်။ (ဆင်ဟွာ)
  ဖြစ်ရပ် ၂။ ။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားပညာသင်ကြားရေးဌာန (၃၅) ခုဖြင့် စုဖွဲ့ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများပညာရေးကော်မတီ (BMWEC) ၏ ပညာရေးရံပုံငွေအတွက် ရည်ရွယ်လျက် ဆိုက်ကယ်ဆုမဲကြီးမှ ပန်ကာဆုမဲလေးအထိ ပါဝင် သော ကံစမ်းမဲဖွင့်ပွဲကို ယနေ့မဲဆောက်မြို့တွင် ကျင်းပသည်။ လွန်ခဲ့သော နှစ်လခွဲခန့်မှစတင် ကာ BMWEC ၏ ပညာရေးရံပုံငွေအဖြစ် “၁၀ ဘတ်တန်” ကံစမ်းမဲများကို တာ့ခ်ခရိုင်အတွင်း မှ မဲဆောက်၊ဖုတ်ဖရ၊ မယ်ရမတ်၊ ထဆောင်ယန်းစသည့် မြို့နယ်များသို့ ဖြန့်ဝေရောင်းချခဲ့ သည်။ ယနေ့တွင်မူ BMWEC ဌာနချုပ်ရှိရာ ဆာသူးလေအထက်တန်းကျောင်း၌ ကံစမ်းမဲတစ် လှည့် ဖျော်ဖြေရေးတစ်လှည့် ပုံစံဖြင့် ရွှေပွဲလာ ပရိသတ်များကို မရိုးရအောင်၊ မပျင်းရအောင် စီစဉ်တင်ဆက်သွားသည်ကို တွေ့ရသည်။ ယနေ့ကံစမ်းမဲ ဖွင့်ပွဲကို လူပရိသတ် (၅၀၀) ခန့် တက်ရောက်ကြသည်။ (မြန်မာပြည်သားသတင်းစဉ်) 

(စက်တင်ဘာလ ၂၈ ရက် ၂၀၁၂ ) 
 ထိုင်းအလုပ်ရှင်မှ “ကားခိုးသည်” ဟုဆိုကာ ထိုင်း- မြန်မာနယ်စပ်၊ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ် တနေရာရှိ လက်မှုအလုပ်ရုံမှ မြန်မာအလုပ်သမား ၆၀ ခန့်အား စွပ်စွဲထားကြောင်း၊ ယင်းတို့အား လုပ်ငန်းခွင် ဧရိယာအတွင်းမှ အပြင်မထွက်ခိုင်းပဲ နေထိုင်ခိုင်းကြောင်း ကွင်းဆင်း သတင်းရရှိသည်။ဖြစ်ပွားပုံမှာ လွန်ခဲ့သော တစ်ပတ်ခန့်က ထိုင်း- မြန်မာနယ်စပ်၊ တာ့ခ် ခရိုင် မဲဆောက်မြို့တောင်ဘက်၊ ဖုတ်ဖရမြို့နယ်၊ ရာမဲလို ဆာဟာမစ်တိုက်နယ် (မြန်မာတို့အခေါ်- ၄၈ ကီလိုမီတာ) နယ်နိမိတ်အတွင်းမှ ဘန့်ဟတ် (မြန်မာတို့အခေါ်- ၄၄ ကီလိုမီတာ)၌ တည်ထောင်ထားသော ဘုရားရုပ်၊ နတ်ရုပ်နှင့် မှန်စီရွှေချအလုပ်ရုံက မြန်မာအလုပ်သမား ၆၀ ခန့်သည် ထိုင်းအလုပ်ရှင်မှ ရုတ်တရက် ပျောက်ဆုံးသွားသော ကားပျောက်ဆုံးမှုနှင့် စပ်လျဉ်းပြီး စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ ထိုင်းအလုပ်ရှင်မှ စွပ်စွဲပြီးနောက် ၄င်း၏ကား ပြန်မတွေ့မချင်း လုပ်ငန်းခွင်ဧရိယာအတွင်းမှ အပြင်မထွက်ကြရကြောင်း၊ ယခုအခါ ပျောက်ဆုံးသွားသော ကားသည် မဲဆောက်တစ်ဘက်ခြမ်း ကရင်ပြည်နယ် မြ၀တီမြို့နယ်ဧရိယာတနေရာ၌ တွေ့ရှိသည်ဟု ပြောဆိုနေကြကြောင်း၊ တရားခံ အစစ်အမှန် မည်သူ မည်ဝါ ဖြစ်သည်ကို ထိုင်းနှင့် မြန်မာရဲတပ်ဖွဲ့ အချင်းချင်း နားလည်မှု ပုံစံဖြင့် ရှာဖွေဖော်ထုတ် ကြရမည်ဟု ထင်မြင်ကြောင်း၊ ဖုတ်ဖရမြို့နယ် စအိုတိုက်နယ် ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။ (မြန်မာပြည်သားသတင်းစဉ်) 

(စက်တင်ဘာလ ၂၇ ရက် ၂၀၁၂ )
ဖြစ်ရပ် ၁။ ။၅ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အောက်မေ့ဘွယ်အခမ်းအနားနှင့် မြန်မာ့နိုင်ငံရေး အလားအလာ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များနေရပ် ပြန်သင့်မပြန်သင့်၊ တိုင်းရင်းသားဒေသများတွင် လက်ရှိဖြစ်ပွားနေသော စစ်ရေးအခြေအနေ များ စသည်ဖြင့် ခေါင်းစဉ်များ ပိုင်းခြား၍ဝေဖန်သုံးသပ်ပွဲတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက်ရခိုင်သံဃာ့သမဂ္ဂီ (RSU) က ယနေ့ကြီးမှူးကျင်းပသည်ကိုတွေ့ရ သည်။ (မြန်မာပြည်သားသတင်းစဉ်)

  ဖြစ်ရပ် ၂။ ။အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော်မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။အဲဒီဗီဒီယို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တခြားမူဆလင်တိုင်းပြည်တွေမှာ ဆန္ဒပြသခဲ့ကြတဲ့အတိုင်း ဘန်ကောက်မြို့ မှာလဲ အစ္စလာမ် ဘာသာဝင်တွေဟာ လမ်းတွေပေါ်တက်ပြီးတော့ သူတို့ရဲ့ မကျေနပ်မှု ဒေါသတွေကို ပြသနေကြတာပါ။ ဆန္ဒပြသမားတွေက google နဲ့ You Tube website တွေပေါ်မှာ အဲဒီရုပ်ရှင်ကို မပြသဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူကို အရေးယူပေးဖို့ လိုလားနေကြပါတယ်။  (VOA)

 (စက်တင်ဘာလ ၂၆ ရက် ၂၀၁၂ ) 
 မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်မှု၊ မူးယစ်ဆေးဝါးမှု၊ သစ်တောကျူးကျော်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဇူလိုင်လအတွင်းက ဖမ်းဆီးထားခဲ့သော ထိုင်းနိုင်ငံသား နှစ်ဦးကို ကော့သောင်းခရိုင် တရားရုံးမှ အင်္ဂါနေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။ ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား ၉၂ ဦးအနက် ၈၃ ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်ပေးလိုက်ပြီ၍ ကျန် ကိုးဦးအနက် နှစ်ဦးကို စီရင်ချက် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။ မူးယစ်ဆေးဝါး ပိုင်ဆိုင်မှုဖြင့် Kalaya Thavor ကို ထောင်ဒဏ် ၁၅ နှစ်နှင့် Thanom Chansamut ကို ထောင်ဒဏ် ၁၈ နှစ်နှင့် ၆ လ ထပ်မံ ချမှတ်လိုက်ခြင်း ဖြစ်သည်။Kalaya အား တရားမဝင် နိုင်ငံဖြတ်ကျော်မှုနှင့် သတောကျူးကျော်မှုတို့ဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ပြီး ဖြစ်သည်။ Thanom  မှာလည်း တရားမဝင် နိုင်ငံဖြတ်ကျော်မှု၊ သတောကျူးကျော်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့ဖြင့်
ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီးသား ဖြစ်သည်။ ၎င်းတို့ နှစ်ဦးမှာ ထိုပြစ်ဒဏ်များကို တပေါင်းတည်း ကျခံရမည်ဖြစ်သည်။  (မဇ္ဈိမ)

(စက်တင်ဘာလ ၂၅ ရက် ၂၀၁၂ )
ထိုင်း-မြန်မာနယ်စပ်ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ၏ မတော်တဆ ပစ်ခတ်မှု ကြောင့် ထီးသဲလယ်ရွာသားတဦး ညာဘက်ခြေသလုံးတွင် ဒဏ်ရာရရှိသွားခဲ့သည်။စက်တင်ဘာလ ၂၂ရက်၊ မနက် ၇နာရီကျော်က DKBA ကလို့ထူးဘော လက်အောက်ခံ အမှတ်(၉၀၉)တပ်ရင်းမှ တပ်စုမှူးဗိုလ်စောနေရော့ (ခေါ်) စောကျော်ဝါးသည် ၎င်းတို့အဖွဲ့ သွားလာရန် ပို့ဆောင်ခိုင်းသည့် ထော်လာဂျီမှာ ဘီးပေါက်နေသည်ကို M-16 သေနတ်ဖြင့် ပစ်ခတ် ရာ အသက် ၂၂နှစ်အရွယ် ထော်လာဂျီပိုင်ရှင် ရွာသား စောဒူးဒူ၏ ခြေထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။
အမည်မဖော်လိုသူ ဒေသခံတဦးက “အဲဒီ DKBA အဖွဲ့က ထော်လာဂျီနဲ့ သူတို့ကို သွားပို့ခိုင်းတယ်။ စောဒူးဒူက သူ့ထော်လာဂျီဘီးလေ လျော့နေလို့ လေဖြည့်တဲ့အခါ စောင့်နေတဲ့ DKBA တပ်စုမှူးက ဘီးကို သေနတ်နဲ့ ပစ်လိုက်တာ ဘီးမထိဘဲ စောဒူးဒူ ခြေသလုံးကို ထိသွား တယ်”ဟု ကေအိုင်စီသို့ ပြောသည်။ယင်းသို့ သေနတ်ဒဏ်ရာရရှိသွားသည့် စောဒူးဒူမှာ ခြေသလုံးအရိုး ကျိုးသွားပြီး ယခုအချိန်တွင် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန် မြို့နယ်ရှိ အုန်းဖန်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။(KIC)


 (စက်တင်ဘာလ ၂၄ ရက် ၂၀၁၂ ) 
 ထိုင်း   နိုင်ငံ ဘန်ကောက်ဘဏ် (Bangkok Bank ) သည်၊ မြန်မာနိုင်ငံမှ AGD, KBZ, Ayeyawady, Co-operative ဘဏ်များ နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်နိုင်ပြီးဖြစ်ကြောင်း ဘန်ကောက် ဘဏ်မှ သတင်း ထုတ်ပြန် ပါသည်။ AGD Bank ထဲသို့ မလေးရှားနိုင်ငံ May Bank ၊ CIMB Bank နှင့် IME ငွေလွှဲကောင်တာများမှ ငွေလွှဲပို့ပေးနိုင်ပြီးဖြစ် သ လို Bangkok Bank နှင့်လည်း ငွေလွှဲပေးပို့နိုင်ပြီး ဖြစ်ပါသည်။ ယခင်က ဘန်ကောက်ဘဏ်သည် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ် စသည့် ဘဏ်(၂) ခုဖြင့်သာ ချိတ်ဆက်ဆောင်ရွက် နေခဲ့ပါသည်။ ယခု အချိန်၌ နိုင်ငံ (၂၆) နိုင်ငံရှိ ဘန်ကောက်ဘဏ် ခွဲများမှ တဆင့် မြန်မာနိုင်ငံသို့ ကုန် သွယ်ရေးရင်းနှီးမှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။အမေရိကန် ဒေါ်လာဖြင့် ငွေလွှဲ ပို့လိုက်ပါက ဒေါ်လာဖြင့် ပြန်လည် ထုတ်ယူနိုင်သလို မြန်မာငွေဖြင့် ထုတ်ယူပါက ပေါက်ဈေး အတိုင်း ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ဘန်ကောက် ဘဏ်သည် တရုတ်၊ ဂျပန် နှင့် အာဆီယံ ဒေသတွင်းရှိ နိုင်ငံများတွင် ချိတ်ဆက်ဆောင်ရွက် နေသဖြင့် ၄င်းနိုင်ငံရှိ မြန်မာများလည်း မြန်မာနိုင်ငံသို့ ငွေလွှဲပို့နိုင်ပြီး ဖြစ်ပါသည်။( ရွှေဟင်္သာသတင်းဌာန)

(စက်တင်ဘာလ ၂၃ ရက် ၂၀၁၂ ) 

မလေးရှားနိုင်ငံသို့ ရောင်းစားခံရသော ရခိုင်အမျိုးသမီး ၂ဦးအနက် တစ်ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း မလေးရှား အခြေစိုက် ARRC ဒုက္ခသည် ရုံးမှ အထွေထွေအတွင်းရေးမှူး ကိုစောသန်းက နိရဉ္စရာသို့ပြောသည်။
ပွဲစားမှတဆင့် မလေးရှားသို့ ရောင်းစားခံရသော အမျိုးသမီး၂ဦးမှာ မပုမနှင့် မတင်နုတို့ဖြစ်သည်။ မပုမမှာ မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာမှဖြစ်ပြီး မတင်နုမှာ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာမှဖြစ် သည်ဟု သိရသည်။မပုမကို စက်တင်ဘာ ၂ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး ၂၁ရက်နေ့က ARRCရုံးသို့ ခေါ်ဆောင်နိုင်ခဲ့သော်လည်း မတင်နုမှာ ယခုထိ ပျောက်ဆုံးနေသည်ဟု သိရသည်။(နိရဉ္စရာ)


 (စက်တင်ဘာလ ၂၁ ရက် ၂၀၁၂ ) 
 ကရင်ပြည်နယ်- ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူမြို့တွင်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်း သား/သူများ စာမေးပွဲ ဖြေဆို ရန် လျှောက်လွှာတင်ကြေးကို ကျောင်းအုပ်ဆရာမကြီးက အဆမတန် ကောက်ယူနေသည်ဟု ကျောင်းသား မိဘများက ပြောဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင်တက္ကသိုလ်ဝင်တန်း လျှောက်လွှာတင်ကြေးအဖြစ် ကျောင်းသူ/သားတစ်ဦးလျှင် ၂၅၀၀ကျပ်သာ ကောက်ခံ နေသော်လည်း ဘုရားသုံးဆူမြို့ရှိ အထက(၁)ကျောင်းအုပ်ကြီး ဒေါ်ခင်လှဝေက တစ်ဦးလျှင် ဘတ် ၂၅၀ (မြန်မာကျပ် ၇၀၀၀)နှုန်းဖြင့် ကောက်ခံလျှက်ရှိသည်ဟု ကရင်ကျောင်းသားမိဘတစ်ဦးက ပြောသည်။။(KIC)

(စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ )
 ထိုင်းနိုင်ငံ-တာ့ခ်ခရိုင်၊ မဲဆောက်မြို့ Centara Mae Sot Hill Resort ဟိုတယ်တွင် ထိုင်းလူ့အခွင့်အရေးမှ ဦးဆောင်၍ သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများနှင့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ပေးရေး အဖွဲ့များ ယနေ့တွေ့ဆုံကာ ရွှေ့ပြောင်းအလုပ်သမားများ တရားမျှတမှုရရှိရေးအတွက် ဆွေးနွေးပွဲခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ထိုင်းလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဌာနနှင့် တရားမျှတမှုဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဖိထရာကျီရာဝတ်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူများ၊ မဲဆောက်ရဲစခန်း ဒုတိယအရာရှိနှင့် တရားသူကြီး၊ မယ်လမရဲစခန်း အရာရှိများနှင့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့များဖြစ်သည့် ရောင် ခြည်ဦးအလုပ်သမားကူညီရေး အဖွဲ့၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အပါအ၀င် CPPCR၊ FFW၊ SAW၊ FED၊ LAC ၊Map Foundation စသည့်တို့မှ တာဝန်ရှိသူ ၅၀ကျော် တက်ရောက်ခဲ့ကြသည်။(KIC)

(စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ )
 ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးငယ် ၄၂ ဦးကို ထိုင်းရဲနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းရတ် သတင်းဌာနက ဖော်ပြသွားပါတယ်။ ကန်ချနာဘူရီခရိုင် ဘန်းရုန်းရတ် ဘန်ဂလိုမှာ ပြည့်တန်ဆာအြဖစ် ခိုင်းစေခံနေရပြီး ကူညီ ကယ်ထုတ်ပေးဖို့ အမျိုးသမီးငယ်တဦးက ဆက်သွယ် တောင်းဆိုလာတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ကွန်ရက်အဖွဲ့၊ ထိုင်းနိုင်ငံ မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၉ ရက် ညပိုင်းမှာ အဲဒီ ဘန်ဂလိုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဘန်ဂလိုမှာ မှန်ခန်းထဲထည့်ထားတဲ့ မိန်းကေလး ၄၂ ဦးကို တွေ့ရပြီး သူတို့ကို ပြည့်တန်ဆာ လုပ်ခိုင်းကြောင်း မိန်းကေလးတွေက ပြောပါတယ်။၄၂ ဦးမှာ အသက် ၁၈ နှစ်အောက်က ၁၄ ဦးပါဝင်တယ်။ အဲဒီထဲမှာ ၁၅ နှစ်အောက် က ၄ ဦး၊အသက် ၁၂ နှစ်ရွယ် မိန်းကေလး ၁ ဦးပါဝင်ပြီး အားလုံး မြန်မာနိုင်ငံကလာတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ဂလိုပိုင်ရှင် နိုင်းဥဒုမ်း ဆပ်ဖစ်ယူ ၃၂ နှစ်၊ နိုင်းဝုန်းဆေထာင်းန် ၅၂ နှစ် နဲ့ နန်းဆောဝ် ဆကွန်းတလာ ၄၆ နှစ်တို့ကို လူကုန်ကူးမှု၊ အလိုမတူဘဲ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု၊ အသက်မြပည့်တဲ့ မိန်းကေလးကို ခြိမ်းခြောက် ခိုင်းစေမှုတွေနဲ့ ဆက်လက် အေရးယူသွားမယ်လို့ မှုခင်းနှိမ် နင်းရေးက ဒုဗိုလ်မှူးကြီး ဝချရဖွန်းထောင်းန်လွန်းက ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။

(စက်တင်ဘာလ ၁၈ ရက် ၂၀၁၂ ) 
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးကို ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆတိုးကာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ အထိ ရှိလာစေရန် ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ ထိုအချိန်တွင် ပေါ်ထွက်လာမည့် အာဆီယံ စီးပွါးရေး အသိုင်းအဝိုင်း (AEC) ကြောင့် ပေါ်ထွက်လာမည့်ကျယ်ပြန့်သော ဈေးကွက်ကြီးများကို မျှော်ကာ ထိုသို့ ရည်ရွယ် မှန်းဆထားခြင်း ဖြစ်သည်။“AEC မတိုင်ခင် ပေါ်ပေါက်လာမယ့် ပိုမိုနီးစပ်တဲ့ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဟာ ထိုင်းနိုင်ငံအတွက် ပိုပြီး အရေးပါလာဦးမယ်။ နောက်ထပ် အာဆီယံနိုင်ငံတွေ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ တို့က အကောက်ခွန်တွေကို လျှော့ချနေကြပြီး ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးကိုလည်း ပိုပြီး မြှင့်တင်လုပ်ဆောင်ဖို့ လိုလာနေပါတယ်” ဟု ထိုင်းနိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ ဥက္ကဋ္ဌ အော်လန်းချိုင်ပရာဗတ် (OlarnChaipravat) က တနင်္လာနေ့ က ပြောကြားလိုက်သည်။ဥရောပ ကြွေးမြီ အကြပ်အတည်းကြောင့် နောင်နှစ်ပေါင်း အတော်ကြာထိ ရှိနေဦးမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးနှေးကွးမှုအတွင်း နိုင်ငံ့စီးပွါးရေး ခိုင်မာနေစေရန်အတွက် ထိုင်းအစိုးရက နယ်စပ် ကုန်သွယ်ရေးကို ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်သည်။ AEC စနစ်အတွင်း အကောက်ခွန် သုညအထိ လျှော့ချထားမည်ဖြစ်၍ အာဆီယံ ကုန်သွယ်ရေးကို နှစ်ဆအထိ တိုးလာစေသင့်ကြောင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အလုပ်ကော်မတီ၏ ပထမဆုံး အစည်းအဝေးအပြီး အော်လန်း က ပြောကြားလိုက်သည်။အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး တို့အတွက် ထိုင်းအစိုးရ က ဆောင်ရွက်သွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့အတွက် ထိုင်းအစိုးရက လုပ်ငန်း အစီအစဉ် ငါးရပ် ရေးဆွဲချမှတ်သွားမည် ဖြစ်သည်။ (နေရှင်း၊ အာရှသတင်းကွန်ရက်) 

 (စက်တင်ဘာလ ၁၄ ရက်၊ ၂၀၁၂) 
ထိုင်းဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ အလယ်ပိုင်းရေကြီးရာ ဒေသများဖြစ်သည့် အယုဒ္ဓယနှင့် ဆွတ်ဟော့ထိုင်းပြည်နယ်များသို့ သွားရောက်ပြီး ရေဘေးဒုက္ခ သည်များအား အားပေးကာ ထောက်ပံ့ရေးပစ္စည်း များ ပေးအပ်ခဲ့ကြောင်း ထိုင်းမီဒီယာက သတင်းဖော်ပြသည်။ ဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်သည် စက်တင်ဘာ ၁၃ ရက်က ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် အယုဒ္ဓယ ပြည်နယ်အလယ်ပိုင်း ရေကြီးမှုဖြစ်ပွားရာဒေသသို့ ရဟတ်ယာဉ် ဖြင့်သွားရောက်ကာ ရေဘေးဒုက္ခသည်များအား ထောက်ပံ့ရေး ပစ္စည်းများပေးအပ်ခဲ့ကြောင်း၊ ထိုမှဆက်လက်၍ ရက်အတန် ကြာရေကြီးမှုဖြစ်ပွားနေသောပရာချာကွန်းရန်ဆာရစ်ကျောင်း သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ယင်းကျောင်း၏ ဒုတိယထပ် တွင် ကျောင်းသားများအား ဆက်လက်ပညာသင်ကြားပေး လျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ်သည် အယုဒ္ဓယပြည်နယ် ဘန်ဘန်းခရိုင် ရှိ ရေဘေးဒဏ်ကြုံတွေ့နေရသော အိမ်ထောင်စုဝင် ၁၂ဝဝ ကျော်နှင့်လည်းတွေ့ပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့  ကြောင်း၊ ယွမ်မြစ်ကျိုးပေါက်၍ ရေဘေးစတင်ကြုံတွေ့နေရသော ဆွတ်ဟော့ထိုင်းပြည်နယ်သို့လည်း သွားရောက်စစ်ဆေးခဲ့  ကြောင်း သိရသည်။ (အမ်အင်န်အေ၊ဆင်ဟွာ)
 (စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၂)
 ဖြစ်ရပ် ၁။ ။ မလေးရှားနိုင်ငံ၏ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရန်ရည်ရွယ်လျက် ၂ဝ၁၃-၂ဝ၂၅ခုနှစ် ပညာရေးကဏ္ဍ ပဏာမပြင်ဆင်ပြောင်းလဲရေး အစီအစဉ်မူကြမ်းတစ်ရပ်ကို ဝန်ကြီးချုပ် နာဂျစ်တွန်ရာဇတ်က စက်တင်ဘာ ၁၁ရက်တွင်ထုတ်ပြန်ကြေညာ လိုက်သည်။အဆိုပါ အစီအစဉ်မူကြမ်း၌ ပညာရေးစနစ်ဆိုင်ရာ ရည်မှန်းချက်ကို ဖော်ပြထားပြီး ယင်းရည်မှန်းချက်အတိုင်း ပေါက် မြောက်အောင်မြင်နိုင်စေရန် ဆောင်ရွက်ရမည့် မဟာဗျူဟာ ၁၁ရပ်ကို ချမှတ်ထားသည်။မလေးရှားနိုင်ငံ၏ ပညာရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်သူ တန်ဆရီမူဟီဒင်ယာဆင်သည် ပညာ ရေးဆိုင်ရာ ပဏာမပြင်ဆင်ပြောင်းလဲရေးအစီအစဉ်ကို ဝန်ကြီး ချုပ်ထံ တင်သွင်းခဲ့သည်။မလေးရှားနိုင်ငံ၏ ပညာရေးစနစ်ကို အခြေခံကျကျ ပြင်ဆင်ပြောင်းလဲရာတွင် မည်ကဲ့သို့ဆောင်ရွက်နိုင်မည်ကို နိုင်ငံ တော်အဆင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ၁၃နှစ် ကြာ အချိန်ယူဆောင်ရွက်မည်ဖြစ်သည်။ (အင်တာနက်)
 ဖြစ်ရပ် ၂။ ။ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်သို့ လက်နက်ပစ္စည်းများ တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော မြန်မာနိုင်ငံသား ၁ ဦးကို သက်သေခံ ပစ္စည်းများနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ပြီးခဲ့သည့် တပတ် သောကြာနေ့က ဖမ်းဆီးလိုက်ကြောင်း သိရ သည်။ သက်သေခံ ပစ္စည်းဖြစ်သည့် ကျည်ဆန်များကို မယ်ဆိုင် – တာချီလိတ် ချစ်ကြည်ရေး တံတား စစ်ဆေးရေး ဂိတ်တွင် စက်တင်ဘာလ ၇ ရက် နေ့ တွင် မြန်မာ အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ကိတ်မုန့်ဘူးနှင့် နို့မှုန့်ဘူး အခွံများအတွင်း ထည့်၍ သယ်ဆောင်လာသည့် ၉ မမ ကျည်ဆန်တောင့် ၁၄၉၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ အာဏာပိုင်များနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။ ယင်း ကျည်ဆန်များကို တာချီလိတ်မြို့နယ် အတွင်းရှိ ထမင်းဆိုင် တဆိုင်သို့ ပို့ဆောင်ရန် ဖြစ်သည်ဟု အဖမ်းခံရသူများက ထွက် ဆို ခဲ့ကြောင်း ၎င်းက ဆိုသည်။ ဖမ်းဆီးခံထားရသည့် တဦးနှင့် ထမင်းဆိုင်မှ ပါဝင်ပတ်သက် ၂ ဦးတို့ကို တာချီလိတ်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေ မှုများ ပြုလုပ်နေကြောင်း မြန်မာ အာဏာပိုင်များနှင့် နီးစပ်သူက ဆက်ပြောသည်။ ကျည်ဆန်များကို တာချီလိတ်ဘက်သို့ ပိုဆောင်ရန် အတွက် ထိုင်း ဘတ်ငွေ ( ၅၀၀၀) အခကြေးငွေ ယူ၍ သယ်ဆောင်လာခြင်း ဖြစ် ကြောင်း အဖမ်းခံရသူက ထွက်ဆိုကြောင်း တာချီလိတ်အွန်လိုင်း အင်တာနက် စာမျက်နှာတွင် စက်တင်ဘာလ ၇ ရက်နေ့ တွင်ဖော် ပြထားသည်။(ဧရာဝတီ) 

 (စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၂)
 မြန်မာအစိုးရကို တော်လှန်ပုန်ကန်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြု တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်နိုင်ရေး နည်းလမ်း ရှာသည့်အနေဖြင့် တိုင်းရင်းသားအရေး ညီလာခံကြီးတခုကို အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ပြောသည်။ “တိုင်းရင်းသားတွေထဲမှာ အမြင်တွေ တူညီအောင်လို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့၊ ငြိမ်းချမ်းရေး တည်ဆောက် တဲ့ နေရာမှာ ချီတက်မဲ့လမ်းစဉ်မှာ တူညီအောင် ညှိတဲ့သဘောလည်း ပါတယ်”ဟု မွန်ပြည်တစ်ပါတီ၏ အတွင်းရေးမှူးနိုင်ဟံသာက ပြောသည်။ လာမည့် စက်တင်ဘာလ ၁၄၊ ၁၅နှင့် ၁၆ ရက်နေ့များတွင် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသားစုပေါင်းအလုပ်အဖွဲ့ Working group for Ethnic Coodination- WGEC မှ အဆိုပါ ညီလာခံအား ဦးဆောင် ကျင်းပမည်ဟုဆိုသည်။အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အပစ်အခတ် မရပ်သေးသည့် အဖွဲ့များ၊ ပြည်တွင်း မှ လူထုအခြေစု အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အမျိုးသမီး၊ လူငယ် စသည့် အဖွဲ့အစည်း ပေါင်းစုံ ပါဝင်သည့် ညီလာခံအား ကျင်းပမည် ဖြစ်သည်။(မဇ္စျိမ) 

(စက်တင်ဘာလ ၉ ရက်၊ ၂၀၁၂) 
ယနေ့ကျရောက်သော ၇၃ နှစ်မြောက် အာရှနေ၀န်းနီဆရာတော် ဦးဥတ္တမအောက်မေ့ဖွယ်ရာ အခမ်းအနားများကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းလှုပ် ရှား သူများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပူးပေါင်းကျင်းပကြကြောင်း သတင်းရရှိ သည်။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင်လည်း ရခိုင်လူ့အခွင့်အရေးဖွံဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO) နှင့် ရခိုင် သံဃသမဂ္ဂီအဖွဲ့ တို့က အခမ်းအနားများကျင်းပ ကြသည်ကို တွေ့ရ သည်။ (မြန်မာပြည်သားသတင်းစဉ်) 

(စက်တင်ဘာ ၈ ၊၂၀၁၂) 
ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်ပြည်နယ်နှင့် ချင်းမိုင်ပြည်နယ်အကြား စက်တင် ဘာ ၈ ရက် နံနက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွားခဲ့မှုကြောင့် ရထားလမ်းများပိတ်ဆို့နေခဲ့ကြောင်း ဗန်ကောက်ပို့စ်အွန်လိုင်းက သတင်းဖော်ပြ သည်။ စက်တင်ဘာ ၇ ရက်ကတည်းက မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်း ခဲ့ပြီး မြေပြိုမှုများဖြစ်ပွားမှုကြောင့် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ရထားလမ်း ပေါ်တွင် မြေကြီးများ ဖုံးလွှမ်းနေမှုကို ခက်ခဲစွာ ရှင်းလင်းခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ မီးရထားအရာရှိများက ပြောကြားသည်။ဘတ်စ်ကားများပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များကို လန်ပန်ပြည်နယ်နှင့် ချင်းမိုင်ပြည်နယ်များသို့ သွားရောက်နိုင်ရန် ထိုင်းမီးရထားအရာရှိများက စီစဉ်ပေးခဲ့သည်ဟု ဆိုသည်။ (အင်တာနက်) 

 (စက်တင်ဘာ ၇၊၂၀၁၂) 
ထိုင်းနိုင်ငံတစ်ဝန်း နေရာဒေသအများအပြား၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနိုင်သဖြင့် ရေကြီးလျှံမှုနှင့် ရေလွှမ်းမှု ဘေးအန္တရာယ်များ ကြုံတွေ့နိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေ၀သဌာနက စက်တင်ဘာ ၆ ရက်တွင် သတိပေးချက်ထုတ်ပြန် လိုက်သည်။ မိုးသည်းထန်မှုကြောင့် အက်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့နှင့် ဆက်စပ်လျက်ရှိသော မြေနိမ့်ဒေသ များတွင် ရေလွှမ်းမှုများကြုံတွေ့နိုင်ကြောင်း အထူးသဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းမြေနိမ့်ဒေသများတွင် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန်လိုကြောင်း သတိပေးချက်၌ ဖော်ပြထားသည်။ ထို့အတူ ထိုင်းနိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း၊ တောင်ပိုင်းဒေသတို့တွင် မိုးသည်ထန်စွာ ရွာသွန်းနိုင်သဖြင့် တောင်စောင်းအရပ်တွင် နေထိုင်ကြသော ဒေသခံများ သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။ တစ်ဖန် ထိုင်းပင်လယ်ကွေ့နှင့် အက်ဒမန် ပင်လယ်တို့တွင် မိုးသည်းထန်းပြီး ရေလှိုင်းကြီးများဖြစ်ပေါ်နိုင်သဖြင့် သင်္ဘောများနှင့်ရေယာဉ်များ ကမ်းခြေသို့ အမြန်ဆိုက် ကပ်ထားကြရန်လည်း သတိပေးချက်ထုတ်ပြန်ထားသည်။ (ဆင်ဟွာ)

 (စက်တင်ဘာလ ၆ရက်၊ ၂၀၁၂) 
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ နှစ်စဉ်နှစ်တိုင်း လှူဒါန်းမြဲဖြစ်သော မုနိထိတရုတ်ဘုံ ကျောင်း၏ ဆန်လှူပွဲကို ယခုနှစ်တွင်လည်း အကြိမ် ၄၃ ကြိမ်မြောက် အဖြစ် ကျင်းပသည် ကို တွေ့ရသည်။ မရှိဆင်းရဲသား မြန်မာပြည်သား ၁၂၀၀၀ ခန့် လာရောက် အလှူခံကြပြီး တစ်ဦး လျှင် ဘတ် ၂၀၀ ခန့် တန်ဖိုးရှိသော ဆန်အပါအ၀င် စားသောက်စရာများရရှိကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သားသတင်းစဉ်) 
 (စက်တင်ဘာလ ၂ရက်၊ ၂၀၁၂)
 ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အလုပ်သမား ၃၀၈ ဦး တို့၏ ဆန္ဒပြတောင်းဆိုမှုများ ကြောင့် ၂၂၆ ဘတ် ပေးခဲ့ရသော M Appeal အထည်ချုပ်စက်ရုံမှ အလုပ်သမ ၁ ဦးအား ယနေ့ အလုပ်ဖြုတ်ခဲ့ကြောင်း၊ ဤစက်ရုံမှ ယခင် ဆန္ဒပြအလုပ်သမား ၁၂ ဦးတို့အား အလုပ်ဖြုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ (မြန်မာပြည်သားသတင်းစဉ်) 

 (စက်တင်ဘာလ ၁ရက်၊ ၂၀၁၂)
 ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အလုပ်သမား ၃၀၈ ဦး တို့၏ ဆန္ဒပြတောင်းဆိုမှုများ ကြောင့် ၂၂၆ ဘတ် ပေးခဲ့ရသော M Appeal အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀ ဦးတို့ကို အလုပ်ဖြုတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်း ၁၀ ဦးသည် လုပ်သက် ၄ လ မပြည့်ခြင်း နှင့် လုပ်ငန်းခွင် စည်းကမ်းဖောက်ဖျက်ခြင်းများကြောင့် ထိုင်းဥပဒေအရ အလုပ်ဖြုတ်လိုက်ခြင်းဖြစ် ကြောင်း လုပ်ငန်းရှင်ဘက်က အကြောင်း ပြသည်။ (မြန်မာပြည်သားသတင်းစဉ်)

Read More...

-ကာတွန်း ဟာသ-

Read More...

-ဆိုက်ကားသမားဒဿနဆရာ- 
ညို့မှောင်နေသည့် သူ့မျက်နှာပေါ်မှ
မျက်လုံးများသည်တဖျတ်ဖျတ်တောက်နေကြသည်။ ဆံပင်ဖရိုဖရဲ၊ အဝတ်အစားခပ်နွမ်းနွမ်းနှင့်ခုံဖိနပ်ကိုစီးထားသည့် ထိုခပ်နွမ်းနွမ်းအဆင်အပြင်ထဲမှနေ၍ သူ့မျက်နှာသည် ကြည်လင်လတ်ဆတ်ကာ နှစ်လိုဖွယ် ကောင်းနေသည်။ သူသည်ကျွန်တော်တို့စာရေးဆရာတစ်သိုက်ကိုအကဲခတ်နေသည်။တစ်ခါတစ်ရံတွင် ဆေးပေါ့လိပ်တိုကို မီးညှိပြီး ကျွန်တော်တို့ပြောနေသော စကားများကို နားစွင့်နေတတ်သည်။ တစ်ခါတစ်ရံတွင်လည်း သူ့နှုတ်ခမ်းမွှေးကိုပွတ်သပ်ရင်းကျွန်တော်တို့ပြောနေသည့် စကားများကို နားစွင့်တတ်သည်။ ဗိုလ်တဲပေါ်ကို ရောက်စတုန်းက ကျွန်တော်သူ့ကို သတိမထားမိ။ အထုပ်အပိုးများကို ချပြီး ဧည့်ခန်းတွင် ထိုင်မိသည့်အခါမှ သူ့ကို ကျွန်တော် သတိထားမိခြင်း ဖြစ်သည်။ အမှန်ကတော့ ကျွန်တော်တို့ကို ဘူတာရုံ လာကြိုကတည်းက သူပါလာခဲ့သည်။ သို့ရာတွင် သူသည် စကားတစ်လုံးမျှလည်းမပြော။ လာကြိုသူများနှင့်လည်း သိပ်မရောသဖြင့် သူ့ကိုသတိမထားမိခဲ့ခြင်းဖြစ်သည်။ နောက် ကျွန်တော်တို့ပစ္စည်းကို သူ့ဆိုက်ကားပေါ်သို့တင်ပြီး ဆိုက်ကားနင်းလိုက်လာသဖြင့် သူ့ကို ဆိုက်ကားသမားတစ်ဦးဟုပင် ထင်ခဲ့မိသည်။ မှန်တော့ မှန်သည် သူသည် ဆိုက်ကားသမားတော့ ဆိုက်ကားသမားပင် ဖြစ်သည်။သို့ရာတွင် ငှားရမ်းထားသည့် ဆိုက်ကားသမားမဟုတ်။ ကျွန်တော်တို့ဟောပြောပွဲလုပ်မည့် မြို့ကစာဆိုတော် ကော်မတီဝင်တစ်ဦးဖြစ်ကြောင်း နောက်မှ သိရသည်။ ကျွန်တော်တို့ ပစ္စည်းတွေချပြီး ဧည့်ခန်းမှာထိုင်သည့်အခါတွင် ရန်ကုန်ကို လာ၍ ဖိတ်ကြားသူက မြို့ခံစာဆိုတော် ကော်မတီဝင်များနှင့် မိတ်ဆက်ပေးသည်။ ထိုကော်မတီဝင်တွေထဲတွင် သူပါသည်။ သူ့အမည် ကိုစိုးမြင့်။ " ကျွန်တော်တို့ကတော့ သူ့ကို ခုံဖိနပ်စိုးမြင့် လို့ခေါ်ပါသည်။ ကျွန်တော်တို့ စာဆိုတော်ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှုးပါ။ ကျွန်တော်မအားလပ်ရင် ဆရာတို့လိုတာကို ကိုစိုးမြင့်ကို ပြောနိုင်ပါတယ်။ သူကဒီရက်တွေ အတွင်းမှာ တစ်လျှောက်လုံး ဆရာတို့နဲ့ ရှိနေမှာပါ" ကိုစိုးမြင့်က ထရပ်ပြီး ပြုံးပြသည်။ ညမှောင်သည့် မျက်နှာပေါ်တွင်ဖြူဖွေးညီညာသောသွားသည်တစ်လက်လက်တောက်နေကြသည်။ ထိုနေ့ညနေမှစ၍ကိုစိုးမြင့်သည် ကျွန်တော်တို့ ပြန်သည်အထိ ကျွန်တော်တို့နှင့်အတူ တစ်ချိန်လုံးရှိနေသည်။ကျွန်တော်တို့အားကျွေးစရာမွေးစရာရှိသည်တို့ကိုလည်းသူပင်တာဝန်
ယူ၍ကျွေးမွေးသည်။ကျွန်တော်တို့စားသောက်ပြီးအိပ်ရာဝင်သည့်အခါတွင်သူသည်လူငယ်ကလေး တစ်ယောက်ဖြင့် ပန်းကန်ခွက်ယောက် များကို သူပင်ကြီးကြပ်သိမ်းဆည်းသည်။ ထို့နောက် ဧည့်ခန်းထဲက စားပွဲတစ်လုံးပေါ်တွင် စောင်တစ်ထည် ခေါင်းအုံးတစ်လုံးဖြင့်အိပ်သည်။ မနက်လင်း၍ ကျွန်တော်တို့ နိုးလာသည့်အခါတွင် သူသည် ကျွန်တော်တို့အတွက် မနက်စာအဆင်သင့် ပြင်ဆင်ပြီးလေပြီ။ သူ့ဆိုက်ကားသည် သူနှင့်အတူ အမြဲရှိနေသည်။ ကိုစိုးမြင့်သည် စာဆိုတော် ဟောပြောပွဲရက်များအတွင်းတွင် ဆိုက်ကားလည်း မနင်းတော့။ အိမ်သို့လည်း မပြန်တော့။ စာဆိုတော်ပွဲကိစ္စ အဝဝကို ဒိုင်ခံကာ ဆက်သွယ် စီစဉ်ပေးသူ ဖြစ်နေသည်။ ထိုရက်များအတွင်း ကျွန်တော်နှင့်ကိုစိုးမြင့်တို့ စကားပြောမိကြသည်။ ပြောမိသည့်စကားထဲတွင် မော်ဒန်ကဗျာ၊ ဖြစ်တည်မှု ပဓာနဝါဒ၊ သိစိတ်အလျဉ်ရေးဖွဲ့နည်း၊ ဂျိမ်းဂျွိုက်စ်၏ ယူလီးဆစ်ဝတ္ထု၊ ဟဲမင်းဝေ၏ အဘိုးအိုနှင့်ပင်လယ်ဝတ္ထုကပြောပြသည့် ဒဿန၊ ခေတ်ပေါ် မြန်မာဝတ္ထုတို့ဆန်းစစ်ချက်၊ မော်ဒန်ဆိုသည့် ဝေါဟာရ၏ အဓိပ္ပာယ် ၊ အိုင်းစတိုင်း၏ ရီလေတီဗတီ သီအိုရီ ... ။ ထူးတော့ ထူးဆန်းသည်။ ခုံဖိနပ်စီးထားသည့် အညာမြို့တစ်မြို့က ဆိုက်ကားသမားနှင့် ဖြစ်တည်မှုပဓာနဝါဒသည် တကယ်ဆိုလျှင် အဝေးကြီး။ ကျွန်တော် သည် သူ့စကားများကို နားထောင်ရင်း အံ့သြရမည်လား။ ဝမ်းသာရမည်လား။ သံသယဖြစ်ရမည်လားဟု ဝေခွဲမရ ဖြစ်နေသည်။ "ကိုစိုးမြင့် ဒါတွေကို ဘယ်တုန်းက ဖတ်ထားတာလဲ။ အင်္ဂလိပ်လိုကော ဖတ်သလား။" ကျွန်တော်က အကဲစမ်းသည့်အနေဖြင့် မေးသည်။ "အင်္ဂလိပ်လိုတော့ ကောင်းကောင်း မဖတ်တတ်ပါဘူး ဆရာ" "ကောင်းကောင်းမဖတ်တတ်ဖူးဆိုရင် နည်းနည်းပါးပါးတော့ ဖတ်တတ်တယ်ဆိုတဲ့ သဘောပေါ့။" "ကျွန်တော် ၉ တန်းအောင်သည်အထိတော့ ကျောင်းနေခဲ့ဖူးတယ်ဆရာ။ အဲ....၁၀ တန်းအထိဆိုပါတော့ ဆရာ။ ဒါပေမဲ့ဆယ်တန်းကိုနှစ်ခါသုံးခါကျတော့ကျောင်းမတက် တော့ဘူး။ အဲ.....ကျောင်းမတက်နိုင်တော့ဘူး ဆရာ" ကိုစိုးမြင့်သည် သူ့စကားကို တိကျအောင် ပြောလေ့ရှိသည်ကို ကျွန်တော်သတိပြုမိသည်။ သူသည် စကားတစ်ခွန်းကို ပြောလျှင် တိကျအောင် ပြောတတ်သည်။ မတိကျသေးလျှင် သူ့စကားကို တိကျအောင် ပြင်ပြောသည်။ "မနေနိုင်တော့တာလား။ မနေချင်တော့တာလား။" "မနေနိုင်တော့တာ ဆရာ" "ဘာဖြစ်လို့" "အကြောင်းကြောင်းကြောင့် ဆိုပါတော့ ဆရာ။ အဓိကအကြောင်းကတော့ စီးပွားရေးပါ။ ကျွန်တော်က သားအကြီးဆုံး ၊ စာမေးပွဲကလည်း တဘုံးဘုံးကျ၊ အငယ်တွေကလည်း ကျွန်တော့်ကို မီလာ၊ ဒီအထဲမှာ ကျွန်တော်ကလည်း မိဘစကားကိုနားမထောင် ၊ ကျွန်တော် လုပ်ချင်ရာ လျှောက်လုပ်နေတော့ အိမ်နဲ့ ပြဿနာဖြစ်တာပေါ့ ဆရာ။ အဖေက ကျွန်တော့်ကို အထင်သေးတယ်။ အဖေ အထင်သေးမခံရအောင် လူတော်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး မခံချင်စိတ်နဲ့ ကြိုးစားတယ်။ ကြိုးစားရင်း ကြိုးစားရင်းနဲ့ နောက်ဆုံးတော့ ဆိုက်ကားသမား ဖြစ်လာတာပါပဲ။" ကိုစိုးမြင့်က သူ့စကားကို သူသဘောကျ၍ ရယ်သည်။ "ဘယ်လိုကြိုးစားရင်း ဆိုက်ကားဆရာဖြစ်လာတာလဲ" "ကျွန်တော့် အဖေက အဲ့ဒီတုန်းက ဆပ်ပလိုင်းဂိုဒေါင်လို့ခေါ်တဲ့ အစိုးရ ဂိုဒေါင်စောင့်အလုပ် ဆရာ။ ကျွန်တော်တို့က အဲဒီ ဂိုဒေါင်ဝင်းထဲမှာပဲ နေလာခဲ့ရတယ်။ အဖေက ကျွန်တော့်ကို သားအကြီးဆုံးဆိုပြီး အားကိုးတယ်။ ဒါပေမဲ့ ကျွန်တော်က သူဖြစ်စေချင်တာတွေ တစ်ခုမှမဖြစ်ဘဲ သူမဖြစ်စေချင်တာတွေ အကုန်ဖြစ်လာတယ်" "သူဖြစ်စေချင်တာတွေကတော့ ကျွန်တော့်ကို ကောလိပ်တို့ ဘာတို့ကို ရောက်စေချင်တယ်။ အဖေ့လိုပဲ ဒရဝမ်လုပ်တဲ့ အဖေ့ရဲ့ သူငယ်ချင်းတစ်ယောက်က သူ့သားကို ကောလိပ်ကိုပို့နိုင်တော့ အဖေ့ကို သိပ်ကြွားတာကိုး ဆရာရဲ့။ အမှန်ကတော့ ဒီကောင်က စာမတော်ပါဘူး။ ကျွန်တော်နဲ့တစ်တန်းတည်းပါ။ ခပ်ညံ့ညံ့ထဲကပါ ။ အတန်းထဲ တုန်းကတော့ ကျွန်တော်က စာတော်တယ်ဆရာ။ စာမေးရင်လည်း ကျွန်တော့်ကိုပဲ လာမေးရတယ်။ မြန်မာစာမေးမလား။ အင်္ဂလိပ်စာ မေးမလား။ သင်္ချာ မေးမလား ကျွန်တော့်ကိုပဲ မေးရတာပေါ့။ ဒါပေမဲ့ ဒီကောင်က ကြိုးစားတယ်။ လက်တွေ့ ကျတယ်။ ကျွန်တော်က မကြိုးစားဘူး။ လက်တွေ့မကျဘူး။ စိတ်ကူးယဉ်တယ်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဒီလိုပဲ မှတ်ချက်ချတယ်" "လက်တွေ့မကျဘူး စိတ်ကူးယဉ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ" "ဒီကောင်က မိန်းကလေးကို ကြိုက်တဲ့နေရာမှာတောင် ရုပ်ချောတဲ့ မိန်းကလေးကို မကြိုက်ဘူး ဆရာ။ ပိုက်ဆံရှိတဲ့မိန်းကလေး ၊ ဂုဏ်ရှိတဲ့ မိန်းကလေးကို ကြိုက်တယ် မိန်းမယူရင် အဲဒီမိန်းမဟာ ကိုယ့်ထက်ဂုဏ်အဆင့်အတန်းတို့ ပိုက်ဆံတို့ ရှိရမယ်တဲ့။ ကိုယ့်ထက်ဂုဏ်လည်း နိမ့်ကျတယ်။ ပိုက်ဆံလည်း မရှိဘူးဆိုရင် ကိုယ့်ဘက်က အနာချည်းပဲတဲ့။ကိုယ်ကလည်းတစ်သက်လုံးလုပ်ကျွေးရသေးတယ်။သူ့ဆီကကိုယ်ကဘာမှအဆောင်းမရဘူးဆိုရင်တွက်ချေမကိုက်ဘူးတဲ့။ကျွန်တော်ကတော့မိန်းကလေးဆိုရင် ပိုက်ဆံမရှိရင်နေ ၊ဂုဏ်မရှိရင်နေ ၊ ရုပ်ချောရမယ် ၊ အသင့်အတင့်သဘောကောင်းရမယ်လို့ ယူဆတယ်။ အချစ်ကို ကွန်ပျူတာနဲ့ တွက်လို့မရဘူး ဆရာ။ နှလုံးသားနဲ့ တွက်မှရတာ" "ဒီတော့ ခင်ဗျားက စိတ်ကူးယဉ်တယ်လို့ ဆိုချင်တာပေါ့" "စိတ်ကူးယဉ်တာလား။ နှလုံးသားရှိတာလားတော့ မပြောတတ်ဘူး ဆရာ။ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း "တင်သန်း" တို့က အဲဒီလိုကွာတာ။ သူက ကျွန်တော့် ဆီကို စာတွေဘာတွေမေးပြီး ဆယ်တန်းအောင်သွားတယ်။ ကျွန်တော်က သူ့ကိုစာတွေပြပြီး ဆယ်တန်းမှာ ကျကျန်ခဲ့တယ်။ ကျတာကလည်း တစ်ခါမဟုတ်ဘူး။ အကြိမ်ကြိမ်၊ ဒီတော့ ကျွန်တော့အဖေက ကျွန်တော့်ကို အထင်သေးတာ သဘာဝကျပါတယ်။ အဖေ့အပြစ် မဟုတ်ပါဘူး" " ခင်ဗျားက စာလည်းတော်တယ် ။ အသင့်အတင့်လည်း ကြိုးစားတယ် ဆိုရင် ဘာဖြစ်လို့ စာမေးပွဲ မအောင်တာလဲ" ကိုစိုးမြင့်သည် သူ့ခေါင်းကို ကုတ်နေသည်။ စကားလုံးရှာနေသည်လား။ပြောသင့် မပြောသင့် ချိန်ဆနေသည်လား မဆိုနိုင်။ “တစ်မျိုးပဲဆရာ။ ကျွန်တော်က တက္ကသိုလ်တွေဘာတွေ သိပ်နေချင်တာ မဟုတ်ဘူး။ အေးလေ ကျွန်တော်လိုကောင်က ဒီလိုအခြေအနေ ဒီလိုစကားမျိုးပြောတော့ စပျစ်သီးချဉ်တယ်လို့ ပြောတာမျိုး ထင်ကြမှာပေါ့။ တကယ်တော့ ကျွန်တော်က တက္ကသိုလ်မှာထက် ဘဝတက္ကသိုလ်ကြီးထဲမှာ နေချင်တာ။ ဂေါ်ကီလိုပေါ့ ဆရာရယ်။ ဂေါ်ကီက လူ့ဘဝကြီးဟာ လူရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးလို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီမှာ လူတွေနဲ့နေမယ်။ စာအုပ်တွေဖတ်မယ်။ ပြီးတော့ ကျွန်တော်ဖြစ်ချင်တာက စာရေးဆရာကြီး၊ ကဗျာဆရာကြီး ဖြစ်ချင်တာ၊ ဖြစ်နိုင်ရင်တော့ တဂိုးတို့လို သခင်ကိုယ်တော်မှိုင်းတို့လို တော်စတွိုင်းတို့လို စာရေးဆရာကြီး ကဗျာဆရာကြီး ဖြစ်ချင်တာ။ အဲဒီ ဆရာကြီးတွေဟာ ဘာအတန်းမှ အောင်ခဲ့ကြတာ မဟုတ်ပါဘူး။ ဘားနတ်ရှောကိုပဲ ကြည့်မလား။ ဂေါ်ကီကိုပဲ ကြည့်မလား။ ဂျွန်ကိကိုကြည့်ဦးမလား။ ရှယ်လီကိုကြည့်ဦးမလား။ရှိတ်စပီးယားကိုကြည့်ဦးမလား။အမေရိကန်ကဗျာဆရာတွေ၊စာရေးဆရာတွေကြည့်ဦးမလား။မတ်တွန်းတို့၊ဝှစ်တမင်းတို့ဟာဘယ်အတန်းတွေများ အောင်ခဲ့ကြလို့လဲ ။ မတ်တွန်းဆိုရင် မစ္စစပီမြစ်တစ်ရိုး သင်္ဘောပေါ်မှာ စူကာနီ လုပ်ခဲ့ရတာ။ သင်္ဘောသား လှေထိုးသမား လုပ်ခဲ့ရတာ။ ဂေါ်ကီလည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ ကျောင်းမနေခဲ့ရဘဲနဲ့ သူတို့တစ်တွေဟာ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာခဲ့ကြတာပဲ မဟုတ်ဘူးလား။ ဆရာ စဉ်းစားကြည့်လေ။ ဘယ်လောက် ဆန်းသလဲ။ တက္ကသိုလ်ကို မနေခဲ့ဖူးတဲ့ ရှိတ်စပီးယားနဲ့ ဘားနတ်ရှောတို့ရဲ့ စာတွေကို တက္ကသိုလ်ပါမောက္ခတွေက ခွဲခြမ်းစိတ်ဖြာပြီး သင်ပြနေရပြီ မဟုတ်လား။ ဒါကြောင့် စာမေးပွဲ မအောင်ရင်လည်း အရေးမကြီးပါဘူး။ အောင်မြင်တဲ့စာရေးဆရာတစ်ယောက်ဖြစ်အောင် လုပ်မယ်လို့ ကျွန်တော် မျှော်မှန်းခဲ့တာ” ကျွန်တော်က သူ့စကားများကို နားထောင်ရင်း ပြုံးသည်။ “ဒီတော့” “ဒီတော့ ကျွန်တော် စာမေးပွဲကျတယ်။ အိမ်ကလည်း ကျွန်တော့်ကို ဆက်ပြီးကျောင်းမထားနိုင်တော့ဘူး။ အဖေကလည်း ထမင်းမကျွေးနိုင်တော့ဘူးဆိုပြီး အိမ်က နှင်ချလိုက်တယ် ဆရာ” “ဒီအတွင်းမှာ ခင်ဗျားက စာရေးဆရာဖြစ်အောင် ဘယ်လိုကြိုးစားအားထုတ်မှုတွေကို လုပ်ခဲ့သလဲ” “ကျွန်တော် စာတွေဖတ်တယ်ဆရာ။ စာအုပ်ကတော့ ကျွန်တော့်ရှေ့ရောက်လာတဲ့စာအုပ်ကို ဝါးစားသလို ဖတ်ပစ်တာပဲ။ ဝတ္ထုစာအုပ်ရော၊ ကျမ်းစာအုပ်ရော၊သတင်းစာရော၊ မဂ္ဂဇင်းရော။ ကျွန်တော်က ပုံနှိပ်စာလုံးကို မြင်ရရင် ပျော်နေတာဆရာ။ ကျောင်းမှာတုန်းကလည်း ကျွန်တော်ကျောင်းစာတွေထက်အပြင်စာတွေကို ဖတ်တာပဲ။ ဒါကြောင့်မို့ ကျောင်းမှာ မြန်မာစာ စာစီစာကုံးရေးရင် အင်္ဂလိပ်စာ စာစီစာကုံးရေးရင် ကျွန်တော့်စာစီစာကုံးက ထိပ်ဆုံးမှာရှိတယ်။ မကြာခဏဆိုသလို ကျွန်တော့် စာစီစာကုံးကို အကောင်းဆုံးဆိုပြီး ဆရာက အတန်းထဲမှာ ဖတ်ဖတ်ပြတယ်။ တစ်ခါ ကျွန်တော် မှတ်မိသေးတယ် ဆရာ။ ဂျွန်ကိစီရဲ့ လာဘယ်ဒိန်းဆမ်မာစီဆိုတဲ့ ကဗျာ၊ အေ ဗျူးတီဖူး လေဒီ ဝှစ်သောက် မာစီ A Beartiful Lady Without Mercy ဆိုတဲ့ ကဗျာ ၊ အဲဒီခေါင်းစဉ်ကို မြန်မာလို ပြန်ရမယ်လို့ ဆိုတော့ ကျွန်တော်က အသနားမဖက်သော မိန်းမချောဆိုပြီး ဘာသာပြန်ပေးလိုက်တယ်။ အင်္ဂလိပ်စာသင်တဲ့ဆရာကြီးက ကျွန်တော့်ကို ချီးကျူးလို့မဆုံးဘူး။ထားပါ ဆရာ။ ကျွန်တော့်ကိုယ် ကျွန်တော် ကိုယ်ရည်သွေးရာ ရောက်နေပါလိမ့်မယ်။ ကျွန်တော်ဆိုလိုချင်တာက ကျောင်းမှာတုန်းကရော ကျောင်းပြင်ရောက်တဲ့ အခါမှာရော ကျွန်တော် အပြင်စာတွေကို အကုန်ဖတ်တယ်။ အင်္ဂလိပ်စာကိုလည်း ဦးထွန်းငြိမ်း အဘိဓာန်ရှေ့မှာချပြီး ဖတ်တယ်။ ရှေးမြန်မာဂန္ထဝင်တွေ၊ ပျို့ကဗျာတွေဆိုရင်လည်း ကျွန်တော်ဖတ်တာပဲ။ ကိုယ်သဘောကျတဲ့ စာပိုဒ်တွေတွေ့ရင် မှတ်စုစာအုပ်ကလေးနဲ့ ကူးထားတယ်။ ပျင်းရင် အားရင် တခြားစာအုပ်ဖတ်စရာမရှိရင် အဲဒီမှတ်စုစာအုပ်ကလေးကိုပဲ ကျွန်တော် လျှောက်ဖတ်နေတာပဲ” “ ရှေးမြန်မာဂန္ထဝင်တွေထဲက ဘာတွေကို ဖတ်သလဲ” ကိုစိုးမြင့်သည် မြန်မာကျမ်းစာတွေအမည်ကို ကြောင်းကြောင်းပြေး နေအောင်ရွတ်သွားသည်။ “ စွယ်စုံ ကျော်ထင်၊ ပကိဏ္ဍကဒီပနီ၊ သမန္တေစက္ခုဒီပနီ၊ ကိုးခန်းပျို့၊ မာဃဒေဝ လင်္ကာသစ်၊ သူဇာပျို့၊ဘုံခန်းပျို့၊စကားပြေတွေထဲကတော့ ငါးရာ့ငါးဆယ်တို့၊ဇာတ်ကြီး ဆယ်ဘွဲ့တို့၊ ရာဇဝင်ကျော်တို့၊ ဦးကုလားရာဇဝင်တို့၊အရေးတော်ပုံငါးစောင်တွဲတို့ ...” ကျွန်တော် လက်ကာပြရသည်။ “ဒါတွေကို ဘယ်မှာတွေ့ လို့ ဖတ်တာလဲ” “ကျွန်တော်တို့ ဆရာတော်ကျောင်းမှာ စာကြည့်တိုက်ကောင်းကောင်း ရှိတယ်လေ ဆရာ။ ဆရာတို့ကို တစ်ညနေကျမှ လိုက်ပို့ရဦးမယ်။အဲဒီမှာဆရာတော်ပျံလွန်တော် မူသွားတော့လည်း တပည့်တွေက ဆရာတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆရာတော်အထိမ်းအမှတ် စာကြည့်တိုက်ကို ဆက်လုပ်ခဲ့ကြတယ်။ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်၊ ပေပုရပိုဒ် တော်တော်စုံတယ် ဆရာ။” “ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးခဲ့တာဒီစာကြည့်တိုက်ကြီးပဲ ဆရာ။ တကယ်ပြောတာ။ လူလားမြောက်အောင် ကျွေးမွေးတယ်ဆိုတာ စကားဥပမာ တင်စားပြောတာမဟုတ်ဘူးဆရာ။ တကယ့်အဖြစ်။” “ကျွန်တော့်ကို အဖေက အိမ်က နှင်ချလိုက်တော့ ကျွန်တော့်မှာ စားစရာမရှိဘူး။ နေစရာမရှိဘူး။ ဘာအလုပ်အကိုင် ဘာဝင်ငွေမှလည်း မရှိဘူး။ ဒီတော့ ကျွန်တော် ဘယ်ကိုသွားနေရသလဲဆိုတော့ ဆရာတော်ရဲ့ ကျောင်းကိုသွားနေတယ်။ ဆရာတော့်ကျောင်းက တောရကျောင်း ဆရာ။ မြို့ပြင်ဘက် အင်ကြင်းတောတွေ၊ ဒဟတ်တောတွေ ကြားက တောရကျောင်းဘေးမှာလည်း ရေကန်ကြီးနဲ့ တောရကျောင်းဆိုပေမယ့် ဆရာတော်က မြန်မာပြည်တစ်ဝှန်းက တပည့်တပန်း ဒကာ၊ ဒကာမတွေများတော့ လှူမယ့် သူပေါတယ်။ ဆွမ်းကွမ်းအတွက် မပူရဘူး။ ဆရာတော်ကိုပရိယတ္တိကိုသာ အားထုတ်ပါ။ ကျန်တဲ့ပစ္စည်းလေးပါးကိစ္စကို တပည့်တော်တို့ တာဝန်ယူပါ့မယ်ဆိုတဲ့ ဒကာ ဒကာမတွေက မြန်မာပြည်အနှံ့အပြားမှာ ပေါမှပေါ။ ဆရာတော်ကလည်း အင်မတန် ကိစ္စနည်းတယ်။သူ့မှာကျောင်းဆောင်နောက်ထပ်လှူမယ့်သူပေါ်လာရင် မလှူနဲ့တဲ့။ သူ့မှာ ဆွမ်းကွမ်းကိစ္စ ပြည့်စုံပြီးသားတဲ့။ တခြားရှားပါးတဲ့ ရဟန်းတော်များ၊ချို့တဲ့တဲ့ ရဟန်းတော်များကိုသာလှူကြတဲ့။သူ့ကိုဘာမှမလှူနဲ့တော့တဲ့။ သူ့မှာသီတင်းသုံးစရာ အရိပ်အာဝါသရှိပြီး ဆွမ်းကွမ်းပြည့်စုံပြီ။ သူဆောက်ချင်တဲ့စာကြည့်တိုက်တစ်ခုလည်း ကျောင်းဝင်းထဲမှာ ဆောက်နိုင်ခဲ့လို့ စာအုပ်စာတမ်း၊လောကီလောကုတ္တရာ ကျမ်းတွေလည်း ပြည့်စုံပြီ။ ဒါကြောင့်မို့ သာသနာသုံးရပ်ကိုပြန့်ပွားအောင် အားထုတ်နေကြတဲ့ တခြား ရဟန်းတော်များကိုသာ လှူကြ၊ အဲဒီလို ရဟန်းတွေ မြန်မာပြည်အနှံ့အပြားမှာ ရှိတယ်လို့ အမြဲဟောတော်မူလေ့ရှိတယ်။ ကျွန်တော်က အဲဒီဆရာတော်ရဲ့ ကျောင်းမှာ သွားနေတော့ ကျွန်တော့်အဖို့လည်း စားဖို့သောက်ဖို့ မပူရတော့ဘူးပေါ့ ဆရာ။ မနက်တိုင်ရင် ဆွမ်းခံလိုက်တယ်။ ဒါမှမဟုတ် ဆိုင်းထမ်းကလေးနဲ့ မြို့ထဲလည် ပြီး ဆွမ်းဟင်းလျာခွက်တွေ သိမ်းတယ် ။ အဲဒီတော့ ကျွန်တော်ဆယ်တန်းကျောင်းသားအရွယ် ဆရာ။ ဆယ်တန်းကို နှစ်ခါ သုံးခါ ကျပြီးနေပြီ။
ငယ်ငယ်လေးကတည်းက ကျွန်တော် ကျောင်းမှာပဲနေပြီးဆရာတော်ကျောင်းမှာပဲ ဘုန်းကြီးကျောင်း သားလုပ်၊ ဆရာတော်ကျောင်းမှာပဲကိုရင်ဝတ်သင်္ကန်းဆည်းခဲ့တော့ ကျွန်တော့အဖို့ အဲဒီကျောင်းဟာ နေရာသစ်မဟုတ်တော့ဘူးလေ။ ဒီအထဲမှာ ဆရာတော်ကျောင်းဆိုတာလည်း ကျွန်တော်တို့တစ်သက်လုံး နေ့တိုင်း ရောက်နေတဲ့ နေရာ။ မရောက်ဘဲရှိပါ့မလား ဆရာ။ ဆရာတော့် ကျောင်းတိုက်မှာ စာအုပ်တွေပြည့်စုံတဲ့စာကြည့်တိုက် ကြီးကလည်းရှိနေတာကိုး။ ဒီတော့ ဆရာတော်မရှိတဲ့နောက်မှာလည်း မြို့က ဆရာတော်ရဲ့ တပည့်တွေက ဆက်ပြီးပြုစုပျိုးထောင်လို့ ကျွန်တော့်ရဲ့ စာကြည့်တိုက်ကြီးဟာ ကျွန်တော်တို့အနီးတစ်ဝိုက်၊ မြေလတ် တစ်ဝိုက်မှာ နာမည်ကျော်ခဲ့တယ် မဟုတ်လား။ ဒီတော့ကျွန်တော့အဖို့ ဆရာတော်ရဲ့ စာကြည့်တိုက်၊ ဆရာတော်ရဲ့ကျောင်းဟာ ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးတယ်လို့ ပြောတဲ့နေရာမှာ အသိပညာ တိုးလာအောင် လုပ်ပေးတဲ့နေရာတင် မကတော့ဘူး။ ကျွန်တော့်အသက်နဲ့ခန္တာကိုယ်အိုးစား မကွဲအောင် ကျွေးမွေးခဲ့တဲ့ကျောင်း။ အဲဒီမှာ ကျွန်တော့်ကို စာကြည့်တိုက်မှူးခန့်တယ် ဆရာ။ လခကတော့မရပါဘူး။ စာကြည့်တိုက်မှာပဲ နေရာပေးပြီး စာကြည့်တိုက်ကပဲ ကျွေးထားတယ်။စာကြည့်တိုက်က ကျွေးတယ်ဆိုတာထက် ဆရာတော်ရဲ့နေရာမှာ ကျောင်းထိုင်တဲ့ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ဦးပဉ္ဖင်းတွေက ကျွေးထားတာ ဆိုပါတော့။အဲဒီမှာ ကျွန်တော့်အလုပ်က စာအုပ်ဝယ်ရတယ်။ စာအုပ်တွေကို သိမ်းရတယ်။ ပျက်စီးတဲ့ စာအုပ်တွေကို ပြန်ချုပ်ရတယ်။ စာအုပ်ငှားရတယ်။ပြန်မလာတဲ့စာအုပ်တွေကို လိုက်တောင်းရတယ်။ အားရင် စာဖတ်တယ်။ နောက် အင်္ဂလိပ်လို နည်းနည်းပါးပါး ဖတ်တတ်လာတယ်။ အဲဒီမှာရှိတဲ့ ဦးပဉ္ဖင်းတွေလည်း သီရိလင်္ကာတို့၊ ဗာရာဏသီတို့၊ ကာလကတ္တားတို့မှာ နေလာတဲ့ ကိုယ်တော်တွေ ရှိတယ်။ တစ်ပါးက ကိုလံဘို တက္ကသိုလ်က အင်္ဂလိပ်စာ မဟာဝိဇ္ဖာဘွဲ့အောင်လာတဲ့ ကိုယ်တော်၊ တစ်ပါးက ဗာရာဏသီ တက္ကသိုလ်က သင်္သကရိုက်ဘာသာနဲ့ အောင်လာတဲ့ကိုယ်တော်၊ တစ်ပါးက ကာကတတ္တားတက္ကသိုလ်တစ်ခုက ပါဠိဂုဏ်ထူးနဲ့ အောင်လာတဲ့ကိုယ်တော်၊ ဗာရာဏသီတက္ကသိုလ်က အောင်လာတဲ့ ကိုယ်တော်လေးက သင်္သက ရိုက်တင်မကဘူး။ ဗြဟ္မတို့ ပြာကရိုက်တို့ စတဲ့ အိန္ဒိယ ရှေးဟောင်းဘာသာတွေကိုလည်း တတ်တယ်ဆရာ။ ပြာကရိုက်ကတော့ အင်္ဂလိပ်လို ပရိကရစ်ခေါ်မှာပေါ့ ဆရာ။ အဲဒီ ကိုယ်တော်က ပါဠိသင်ပေးလို့ ဆန်းကျမ်း၊ သဒ္ဒါကျမ်း တွေကိုလည်း ကျွန်တော်ကောင်းကောင်းဖတ်နိုင်သွားတယ် ဆရာ။ လောကီစာတွေကိုလည်း အင်္ဂလိပ်လို နည်းနည်းပါးပါး ဖတ်လာနိုင်တယ် ဆရာ။ ဖြစ်တည်မှုပဓာန ဝါဒတို့၊ မော်ဒန်ဝါဒတို့ နည်းနည်းပါးပါး တွေ့ဖူးတယ် ။ မြန်မာမဂ္ဂဇင်းတွေ၊ ဝတ္ထုတွေမှာလည်း နည်းနည်းပါးပါး တွေ့ဖူးရာစပြီး ဟိုမေးသည်မေးနဲ့ သိလာတာပါ ဆရာ။ မေးလို့ရတာကလေးကို မှတ်စုနဲ့ ချရေး၊ တစ်ယောက်ပြောတာနဲ့ တစ်ယောက်ပြောတာကို တိုက်ဆိုင်ညှိနှိုင်းကြည့်၊ ဒီလိုနဲ့ တဖြည်းဖြည်း အသိပညာကလေးတွေကို ပုရွက် ဆိတ်များ မိုးတွင်းအစာစုသလိုဖြည်းဖြည်းချင်း စုဆောင်းလာခဲ့တာပါ ဆရာ။ စနစ်တကျတော့ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့၊ ဂီတသမားများလိုပေါ့ ဆရာရယ်။ ဆရာနဲ့သင်တဲ့ဂီတသမားနဲ့ ဆရာနဲ့မဟုတ်ဘဲ ကိုယ့်ဘာသာ ဟိုခေါက်သည်ခေါက်နဲ့ တတ်တဲ့ဂီတသမား ကွာသလိုတော့ ရှိမှာပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူး ဆရာ။ ကိုယ်က ဆရာနဲ့သင်နိုင်တဲ့ အင်အားမှ မရှိဘဲကိုး။ ဒီတော့ လက်အထားအသို ၊ အလုံးအတွဲအဖက်၊ စည်းဝါးအယူအဆတို့မှာ စနစ်မကျ ဘာမကျတော့ ရှိမှာပေါ့။ ဒါပေမဲ့ ပညာဆိုတာ ယူတတ်ရင် တက္ကသိုလ်ရောက်မှ မဟုတ်ဘူး။ ဘယ်နေရာမဆို ရနိုင်တယ်လို့တော့ ကျွန်တော်ယုံသွားတယ်ဆရာ” “နို့.........နေပါဦး။ ခင်ဗျား အိမ်ထောင်ကျပုံကကော” ကိုစိုးမြင့်က ရယ်သည်။ “ကျွန်တော် ဗန်းမော်တင်အောင်ဇာတ်လိုက်နဲ့ တူတယ်ဆရာ။ ကျွန်တော်ကဘုန်းကြီးကျောင်းသား၊ ဆွမ်းဟင်းခွက်တွေ လည်သိမ်းရင်း ကျွန်တော့်ဇနီးနဲ့တွေ့တာပဲ။ လူချင်း မျက်မှန်းတန်းမိနေတာ တော့ ကြာပါပြီ။ကျောင်းတုန်းကတည်းကပါ။ ကျွန်တော်ကတော့ အတန်းကြီးတာပေါ့လေ။ တစ်တန်းလား၊နှစ်တန်းလား ကြီးတယ်။သူ့အဖေက ပန်းထိမ်ဆရာ။ သူ့ကိုတွေ့တော့ ကျွန်တော်စိတ်ဝင်စားသွား တယ်။ ဒါနဲ့ ကျွန်တော်က ဗန်းမော်တင်အောင်ဇာတ်လိုက်လိုပဲ စကားပြောတယ်။ ကိုယ့်မှာ အချစ်ကလွဲလို့ တခြားဘာမှ ပိုင်ဆိုင်တာ မရှိဘူးတို့ ဘာတို့ပေါ့ ဆရာရယ်။ အဲ့ဒီတုန်းက ငယ်တုန်းဆိုတော့ ဒီလိုစကားတွေက သိပ်ပြီး ပြောလို့ကောင်းတာကိုး ဆရာရဲ့။ဒါနဲ့ သူကလည်း ဒီစကားတွေကြားပြီး ကျွန်တော့်ကို သဘောကျသွားတာပဲ။ သူမကြားဖူးတဲ့ စကားလုံးတွေကို ကြားရ၊ သူမဖတ်ဖူးတဲ့ရည်းစားစာမျိုးတွေ ဖတ်ရတော့ သူ သဘောကျသွားတာပေါ့ ဆရာ။ စကားလုံးဟာ လူကိုတော်တော်ဖမ်းစားတယ်နော် ဆရာ။ နောက်တော့ ကျွန်တော်နဲ့သူ မြို့တစ်မြို့ကို ထွက်ပြေးကြတယ် ဆရာ။မြို့ကြီးတစ်မြို့ ဆိုပါတော့။ ကျွန်တော်တို့မှာ ပိုက်ဆံ ဘာရှိမှာလဲ ဆရာ။ ပါလာတာကလေး ရောင်းချစားတာ ကုန်သွားတော့ ကျွန်တော် အလုပ်လိုက်ရှာတယ်။ နောက်ဆုံးတော့ ဘာအလုပ်မှ မရဘူး။ ဒါနဲ့ ဆိုက်ကားအုံနာတစ်ယောက်ဆီသွားပြီး ကျွန်တော် ဆိုက်ကားနင်းတယ်။ ကျွန်တော်က စာတွေသိပ်အဖတ်များသွားလို့လားမသိဘူးဆရာ။ ပိုက်ဆံကို သိပ်မလိုချင်ဘဲ ဖြစ်သွားတယ်။ ဆိုက်ကားနင်းလို့ရရင် ကျွန်တော်တို့လင်မယားအတွက် နေ့ဖို့ညစာလောက်ရင် ကျွန်တော် ဆိုက်ကားဆက်မနင်းတော့ဘူး။ ဆိုက်ကားအုံနာဆိုတော့ အံ့အားကြီးကိုသင့်လို့။ ဆိုပါတော့ ဆရာ။ ကျွန်တော်ဆိုက်ကားကို ငှားခနဲ့ နင်းရင်လည်း ကျွန်တော်က ငှားခကို မှန်မှန်ပေးတယ်။ ဆိုက်ကားကိုကိုယ်ပိုင်ပစ္စည်းလိုရိုသေတယ်။ သူက ကျွန်တော့်ကို ဆုကြေးတို့ဘာတို့ပေးရင် ကျွန်တော်မယူဘူး။ ကျွန်တော်တို့မှာ လုံလောက်ပါတယ် ဆိုပြီး ကျွန်တော်ငြင်းခဲ့တာချည်းပဲ။ အကူအညီဆိုတာ ပေးတိုင်း လက်မခံချင်ဘူး ဆရာ။ လိုအပ်မှ လက်ခံလို့ကောင်းတာ။ ကျွန်တော်ဆိုက်ကားသမား စဖြစ်တာ အဲဒီကနေ ဖြစ်တာပဲဆရာ။ သူ့အိမ်ကလည်း သူ့ကို အမွေပြတ်လို့ ပြောတယ်။ ကျွန်တော်ကလည်း ဒီတင်ပိုခံပြင်းပြီး ဆိုက်ကားနင်းပြီး ရှာကျွေးမယ်ဆိုပြီး မခံချင်စိတ်နဲ့ ရှာကျွေးလာခဲ့တာပဲ။ မြို့ပြန်ရောက်တော့လည်း ကျွန်တော် ဆိုက်ကားပဲ နင်းတယ်ဆရာ။ အခြားအလုပ်ကလည်း မရဘူး။ ကျွန်တော်က ၁၀ တန်းမှ မအောင်တာ ဘယ့်နှယ့်လုပ် အလုပ်ရမှာလဲ ဆရာ။ ပြီးတော့ တချို့ကလည်း သနားလို့ ဒီကောင် စာကလေးပေကလေး တတ်တယ်ဆိုပြီး အစိုးရ အလုပ်မဟုတ်တဲ့ လခစားအလုပ်တွေမမှာ ကျွန်တော့်ကို ခန့်တယ်။ ဒါပေမဲ့ ကျွန်တော်မလုပ်ခဲ့ဘူး ဆရာ။ ဆိုက်ကားနင်းရတာကို ပျော်သွားပြီး ပင်တော့ပင်ပန်းတာပေါ့ ဆရာရယ်။ ဒါပေမယ့် ဘယ်လောက်လွတ်လပ်တယ် ထင်သလဲ။ အေးလေ... ဆရာကတော့ စာရေးဆရာ ဆိုတော့ နားလည်မှာပါ။ ကိုယ့်အထက်မှာ ခယဝယ လုပ်ရမယ့်သူလည်းမရှိ။ ကိုယ့်ဘေးမှာ ကိုယ့်ကို ချောက်တွန်းမယ့် ပြိုင်ဘက်တွေလည်း မရှိ၊ ကိုယ့်အောက်မှာ ကပ်ဖားပြီး အရေးရှိရင် အဆင်းတွန်းမယ့် အောက်လက်ငယ်သားလည်း မရှိ။ ရုံးတက်နောက်ကျလို့ အဆူခံရမှာ ၊အငြိုငြင်ခံရမှာကိုလည်း မစိုးရိမ်ရ။ ကျွန်တော် ပြန်ချင်တဲ့အချိန်ပြန်လို့ရတယ်။ ကျွန်တော် ထွက်ချင်တဲ့အချိန်ထွက်လို့ရတယ်။ အငတ်သာခံနိုင်မယ် ဆိုရင် တစ်နေ့လုံးနားလို့လည်း ရတယ်။ကျွန်တော့်မိန်းမကလည်း ကျွန်တော့်ကို နားလည်တယ်။ကျွန်တော်တို့သားအမိ သားအဖလေးယောက် ဘာမှ မပူရဘူး။ မိန်းမကအိမ်ဆိုင်ကလေးထွက်တော့ ကျွန်တော်ဆိုက်ကားထွက်မနင်းရင်လည်းစားတော့စားနေရတာပါပဲ။ ကျွန်တော်ကလည်း စိတ်နည်းနည်းညစ်ရင်၊ ဒါမှမဟုတ်စာအုပ်ဖတ်စရာ ကောင်းကောင်းရှိရင်၊ ဒါမှမဟုတ် ဆရာတို့လို စာရေးဆရာတွေလာရင်စာပေဟောပြောပွဲတို့ ဘာတို့လုပ်ရင် ဆိုက်ကားမနင်းတော့ဘူး ဆရာ။ အဲဒီအလုပ်တွေနဲ့ပဲ အချိန်ကုန်တော့တာပဲ။တစ်နေ့က ကျွန်တော့်သူငယ်ချင်းနဲ့ တွေ့တယ် ဆရာ။ ကျောင်းတုန်းကကျွန်တော့်ဆီကို စာလာမေးပြီး ဆယ်တန်းအောင် ၊ကောလိပ်ရောက်နောက်အရာရှိဖြစ် သွားတဲ့ သူငယ်ချင်း၊ဘာဖြစ်လို့လဲတော့မသိဘူး။သူအမှုတစ်ခုနဲ့ အလုပ်ပြုတ်ပြီး ထောင်ကျသွားတယ်လို့သတင်းကြားလိုက်ရတယ်။ ခုမှ ပြန်တွေ့တာ။ ကိုယ့်လူတော်တော်ကြီးကိုကျသွားတာပဲ ဆရာ။ အသက်လေးဆယ်ကျော် ငါးဆယ်နီးပါးမှာ ဆံပင်တွေကလည်းတစ်ခေါင်းလုံးဖွေးလို့ ။ လူကလည်း ကျန်းမာပုံ မရဘူး ။ သူ့ကြည့်လိုက်ရုံနဲ့ ဒီလူဟာ စိတ်သောကရောက်စရာတွေနဲ့ ကြုံနေရတဲ့လူမှန်း ချက်ချင်းသိနိုင်တယ်။ သူက ကျွန်တော့်ကိုကြည့်ပြီး မင်းကတော့ အရင်တုန်းကလိုပဲနော်တဲ့။ နည်းနည်းဝလာတာကလွဲလို့ ဘာမှမပြောင်းလဲဘူး။ ဆင်းသာ ဆင်းရဲတယ်။ မင်းက ငါ့ထက်သာပါတယ်ကွာတဲ့။ မင်းစိတ်ကူးယဉ် အိပ်မက်တွေထဲမှာပဲ နေတုန်းဆိုတော့ မင်းကငါ့ထက်ပိုပြီး စိတ်ချမ်းသာတာပေါ့ ကွာတဲ့။ ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောလိုက်ပါဘူး။ အမှန်ကတော့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာ နေတဲ့သူဟာ ကျွန်တော်မဟုတ်ဘူး ဆရာ။ သူရယ်၊ သူ့မှာ ဘာကြီးဖြစ်လာအောင်လုပ်မဟဲ့၊ ညာကြီးဖြစ်အောင် လုပ်မဟဲ့။ ပညာတွေ ဘယ်လောက်တောင် သင်မဟဲ့။ သားသမီးတွေကို ဘယ်လိုထားမဟဲ့ဆိုတဲ့ စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ တစ်လျှောက်လုံး နေလာခဲ့တာ။ အဲဒီ စိတ်ကူးယဉ် ဆပ်ပြာပူဖောင်းတွေလည်း ကွဲသွားရော။ သူ့မှာလည်း ဘဝကြီးတစ်ခုလုံး ပြိုလဲသွားတော့တာပါပဲ။ ကျွန်တော်က စိတ်ကူးဆပ်ပြာပူပေါင်းထဲမှာ မနေဘူး။ ဘဝထဲမှာ နေတာ။ စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တော့ရှိခဲ့ဖူးတာပေါ့လေ။ ဒါပေမဲ့ ကိုယ်က ဖြစ်ခွင့်မကြုံလို့ မဖြစ်ထိုက်လို့ မဖြစ်လာတာပဲလို့ သဘောထားနိုင်တယ်။ ပြီးတော့ အဓိကကျွန်တော့်မှာ စိတ်ချမ်းသာမှုရှိတယ်။ စိတ်ချမ်းသာမှုဆိုတာ ဘာလဲ ဆရာ။ ကိုယ်လုပ်ချင်တာတွေကိုလုပ်နေရပြီး ကိုယ်မလုပ်ချင်တာတွေကို မလုပ်ဘဲနေရတာ အဲဒါဟာ လောကမှာစိတ်ချမ်းသာစရာ အကောင်းဆုံးလို့ ထင်တယ်ဆရာ။ ကိုယ်မလုပ်ချင်တာတွေကို လုပ်ရပြီး ကိုယ်လုပ်ချင်တာတွေကို တစ်ခုမှ မလုပ်ရတာ၊ အဲဒါလောက်စိတ်ဆင်းရဲစရာကောင်းတာ လောကမှာ မရှိဘူး ထင်တယ်ဆရာ။ ကျွန်တော်မှားရင် ခွင့်လွှတ်ပါ´ 

**မြသန်းတင့်** 

(ကလျာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၁) --

 Posted By Blogger လူဗိုလ်

Read More...

-ဖွဘုတ်မှ ဟာသများ-
**စိတ်ဖြေချက်** 
ကိုဖိုးသိန်းနဲ့မကျင်စိန်..
.အိမ်ထောင်ကျတာကြာလှပါပြီ...ကိုဖိုးသိန်းက အရက်ကြိုက်၏။ အရက်မူးတိုင်းလည်း မိန်းမကိုရိုက်၏။ တရက်ကျတော့......
ကိုဖိုးသိန်း ။ ။မိန်းမ...မင်းနဲ့ငါပေါင်းလာတာနှစ် ၂၀ကျော်နေပီ......စပီးညားကထဲကမူးလာတိုင်း ရိုက်နှက်နေတာကို မင်းဘာလို့ အခုချိန်ထိ သည်းခံပီးပေါင်းနေနိုင်တာလဲ......
 မကျင်စိန် ။ ။ အော်..ရှင်လဲစိတ်တွေလျှော့နေပီဆိုတော့ ပြောပြရတာပေါ့ရှင်...ဒီလိုရှင့် ... ရှင်ကျမကိုရိုက်နှက်ပီးတိုင်း.....ရှင်အိပ်ပျော်သွားပီဆိုရင် ကျမ အိမ်သာတခုလုံးကို ကြွေခွက်ပါမကျန် တိုက်ချွတ်ဆေးကြာပစ်လိုက်တာပဲ......... ကိုဖိုးသိန်း ။ ။ အဲဒီလိုလုပ်တာနဲ့ မင်းစိတ်ပြေသွားရောလား.... မကျင်စိန် ။ ။ ပြေတာပေါ့ရှင့်.....ကျမအိမ်သာတိုက်တာ ရှင့်သွားပွတ်တံ နဲ့လေ...... အိစ်......ရီမောပျော်ရွှင်ပါစေ...


**.မေ့လိုက် ** 
အသည်းအသန် နာမကျန်း ဖြစ်ပြီး အိပ်ရာထဲ လဲနေသော အဘိုးအိုသည် သားများကို ဆင့်ခေါ် လိုက်သည်။ "သားတို့ရေ... အဖေတော့ သိပ် ကြာကြာ နေရ တော့မယ် မထင်ဘူး။ အဖေ မရှိတဲ့ နောက် မင်းတို့ ဆက်လက် ဆောင်ရွက် နိုင်အောင် ကိစ္စ အချို့ကို အသိေ ပး ချင်တယ်။ ကိုင်း... ရေးမှတ် ထားကြ။ ဦးမြင့်အေးက အဖေ့ကို ငွေ သုံးထောင် ပေးစရာ ရှိတယ်" "စိတ်ချ အဖေ... ကျွန်တော်တို့ မှတ်ထား လိုက်ပါပြီ... ဖုန်းဆက်ပြီး သတိပေး လိုက်ပါ့မယ်" "ဦးခင်ဖေက အဖေ့ကို ငွေ လေးထောင် ပေးစရာ ရှိတယ်" "စိတ်ချ အဖေ... စာရေး အကြောင်းကြား လိုက်ပါ့မယ်... စာကို မှတ်ပုံ တင်ပြီး ပို့ပါမယ်" "ဦးစိုးပိုင် ကတော့ အဖေ့ကို ငွေ ငါးထောင် ပေးစရာ ရှိတယ်" "ဒီ နေ့ပဲ ကြေးနန်းစာ ပို့လိုက် ပ့ါမယ်... ဘာမှ စိတ်မပူနဲ့ အဖေ " "ဦးကျော်ခက်ကို အဖေ ငွေ နှစ်သောင်း ပေးစရာ ရှိတယ် " "ဟာ အဖေ ကလဲ... ဒီ အချိန်မှာ စိတ်မကောင်း စရာတွေ မတွေးနဲ့လေ... မေ့လိုက်... မေ့လိုက် "တဲ့---------ဟီးး

**သိုင်းပြိုင်ပွဲ** 
ဗမာသိုင်းသမားတစ်ယောက် ညနေခင်းနေ၀င်ချိန်တောင်ခြေတွင် တစ်ဦးတည်းသိုင်းကျင့်နေစဉ်- ဘယ်ကရောက်လာမှန်းမသိသော တရုတ်သိုင်းသမားတစ်ယောက် ရောက်လာပြီး ဗမာသိုင်းသမားအား လာရောက်စိန်ခေါ်သည် တရုတ်။ ။ဟေ့ ဗမာ မင်းနဲ့သိုင်းပြိုင်ချင်လို့ ။ ဗမာ ။ ။ ရပါတယ်၊ဘယ်လိုပြိုင်ချင်သလဲ။ တရုတ်သိုင်းသမားကအသင့်ပါလာသောမှင်အိုးကိုထုတ်လိုက်သည်။ မှင်အိုးထဲသို့လက်ညိုးနှင့်မှင်ဆွတ်လိုက်ပြီး--အဝေးမှပြေးလာကာကောင်းကင်ပေါ်ခုန်လိုက်ပြီးလက်ကိုလေထဲဝှေ့ရမ်းကာ ညင်ညင်သာသာပြန်ကျလာသည်- ကောင်းကင်ပေါ်ကြည့်လိုက်တော့--ရှောင်လင်ကျော်ကြားတရုတ်ပြည်
ကသိုင်းသမား--ဟူသောစာကြောင်းမှာ ဖြေးညှင်းစွာ ကျလာလေသည်။ တရုတ် ။ ။ကဲမြင်လား၊အခုမင်းအလှည့်။ ဗမာ ။ ။ရပါတယ် ။ ပြောပြောဆိုဆိုမှင်အိုးကိုမြေပြင်ပေါ်မှောက်ချလိုက်ပြီး၊သူဝတ်ထားသောပုဆိုးကိုချွှတ်ကာ မှင်ကွက်ပေါ်တက်ထိုင်လိုက်သည်။ ပြီးနောက် အဝေးမှပြေးလာကာလေထဲတွင်တစ်ပါတ်ကျွှမ်းထိုးပြီးထိုင်ချလိုက်သည်။ ဗမာ ။ ။ပြီးပြီ ။ တရုတ်သိုင်းသမားကခေါင်းတစ်ပတ်လည်လေထဲဝှေ့ရမ်းပြီးလိုက်ရှာသည် ။ကောင်းကင် တွင် ဘာမှမတွေ့ ။ တရုတ်။ ။ဘယ်မှာလဲ မင်းဘာလုပ်လိုက်တာလဲ။


ဗမာသိုင်းသမားထရပ်လိုက်ပြီး မြေကြီးကိုလက်ညိုးထိုးပြလိုက်သည်။ ဖင်ကွက်ရာမှင်ကျန်ရစ်သည်။ အောက်မှာကြည့်လိုက်စမ်း။ လိပ်ပြာပုံလေ ။ ဟဲဟဲဟဲ---ဒါတောင်ယောင်္ကျားမို့လို့ ၊မိန်းမဆိုရင်လိပ်ပြာအငယ်တစ်ကောင်အပိုပါသေးတယ်ကွ၊ ဟဲဟဲဟဲ...မင်းရှုံးပြီ ၊...တရုတ်.... ရီမောပျော်ရွှင်ပါစေ.... br />
 **ငါတို့မှာလဲ အဘိုးရှိတယ်** 
 တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကိုသွားရောင်းတယ်….။ ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။ နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်လာတယ်…။ ခြင်းတောင်းကြီးနှစ်တောင်းကို
 နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။ ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။ ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီး
ကို ပစ်ချပြီးညောင်ပင်ကြီးကို မှီနားလိုက်တယ်… ။ ခြေပစ်လက်ပစ် အနားယူရင်းသူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။ သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်ကမျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်
ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာအမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီးစဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။ သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီးမျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။ မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။ မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။ ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကိုမြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီးသူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာမျောက်တွေပစ်ချတဲ့ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီးခြင်းထဲထည့်လိုက်တော့တယ်…။ ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။ နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးကဦးထုပ်အရောင်းထွက်သတဲ့…။ သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့ ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်းအိပ်ပျော်သွားတယ်…။ အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်ကမျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်းသူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။ မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။ နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့ သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။ ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။ သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။ သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။ " မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ " တဲ့…..။ တိန်...တေပီ......ရီမောပျော်ရွှင်ပါစေ 


**ဦးထုပ်ကလေး**

 မြို့တစ်မြို့တွင်ဖြစ်သည် ... လူသတ်မှုတစ်ခုဖြစ်ပွားရာ လူသတ်သမားအား ရှာမတွေ့ပဲ သက်သေအဖြစ် ဦးထုပ်တစ်လုံးသာ ကျန်ခဲ့လေသည်။ ရဲက ဦးထုတ်အား သက်သေထားပြီး ထိုဦးထုပ်ကိုသာ အမြဲဆောင်းတတ်သော ဦးဘအား ဖမ်းလိုက်ပြီး တရားရုံးတွင် တရားဆွဲဆလိုက်လေသည် ။ တရားရုံးတွင်ဖြစ်သည် ... ဦးဘ၏ ရှေ့နေမှ ဦးဘဆောင်းတတ်သောဦးထုပ်ပုံစံမျိုး (၁၀) လုံးခန့်ယူဆောင်လာပြီး တရားသူကြီးအား ပြောလေသည် ... .. ဒီဦးထုပ်မျိုးက ဘယ်မှာဝယ်ဝယ်ရတဲ့ ဦးထုပ်မျိုးပါ။ ဒီမြို့လေးမှာ ဦးဘ တစ်ယောက်ပဲဆောင်းတတ်ပေမယ့် အနီးအနားမြို့တွေက လူသတ်ပြီး ကျကျန်ခဲ့တာရောမဖြစ်နိုင်ဘူးလား ။ ပြီးတော့ ဒီဦးထုပ်လေး တစ်ခုကို သက်သေထားပြီး ဒီလူကို ထောင်ချမယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး ..တကယ့် တရားခံအစစ်က ရီမောနေပါလိမ့်မယ် .... တရားသူကြီးမင်းလည်း စဉ်းစားပြီး အခြေအမြစ်ရှိသည့်အတွက် ဦးဘအား လွှတ်လိုက်လေသည် ။.. သို့သော် ဦးဘမှာ ထွက်မသွားသေးသဖြင့် တရားသူကြီးမင်းက .. ဦးဘက ဘာများ မကြေနပ်တာရှိသေးလို့လည်း ... ဦးဘပြောလိုက်တာက .. ဒီလိုပါ ။ အမှုပြီးသွားပြီဆိုရင်လည်းသက်သေဖြစ်တဲ့.. ကျွန်တော့ ဦးထုပ်ကလေး ပြန်ယူသွားချင်လို့ပါ....တဲ့။ ရီမောပျော်ရွှင်ပါစေ... 


**အင်တာဗျုး** 
  မေး။ ။အကောင်းမြင်တဲ့လူ ဟာ ဘယ်လိုလူမျိုးလဲ။ 
 ဖြေ။ ။သတင်း အပြည့်အစုံ မရ တဲ့ သူ ပါ။ 
 မေး။ ။လူတယောက်ကိုတနေ့လုံးမနားရအောင်ခိုင်းနည်း။သိပါသလား။ 
 ဖြေ။ ။စာရွက်အလွတ် တစ်ရွက်ယူပီး။နောက်ကျောကို ကြည့် လို့ နှစ်ဖက်လုံးမှာရေးလိုက်ပါ။ 
 မေး။ ။နိဗ္ဗာန် နဲ့ ငရဲ ဘယ်ဟာကပိုသာတယ် ထင်သလဲ။ 
 ဖြေ။ ။ရာသီဥတု ရှူ့ထောင့်ကကြည့်ရင်...နိဗ္ဗာန်..ကပိုသာပါတယ်။ဒါပေမဲ့ ငရဲမှာက အပေါင်းအသင်းပိုများပါတယ်။ 
 မေး။ ။ဆေးရုံနဲ့ထောင်ဘာကွာလဲ။ 
 ဖြေ။ ။ဘာမှမကွာပါဖူး။ဒါပေမဲ့ ထောင်မှာက ကိုယ်နေရမဲ့ သက်တမ်းကိုသိပါတယ်။ 

 မေး။ ။သားဖွားတာ ဘယ်နှစ်မျိုးရှိပါသလဲ။ 

 ဖြေ။ ။သုံးမျိုးရှိပါတယ်။ မင်္ဂလာမဆောင်ခင်တနှစ်အလိုမှာမွေးဖွားရင် အချိန်မရောက်ပဲ..မွေးဖွားခြင်း။ ယောက်ကျားသေပီး တစ်နှစ်အကြာမှာမွေးရင် နောက်ကျပီးမွေးဖွားခြင်း ။ ကိုယ့်မိန်းမမဟုတ်ပဲ အိမ်နားနီးချင်းမိန်းမက မွေးဖွားရင် မှားယွင်းသောမွေးဖွားခြင်း။

 မေး။ ။အကောင်းဆုံးပိန်နည်း ကဘာလဲ။ 
 ဖြေ။ ။ဗိုက်ထဲမှာ ဘာမှ မရှိရင် ဘာမှ မစားပါနဲ့။ 

 မေး။ ။ရေဒီယိုနဲ့ ရုပ်မြင် သံကြားဘာကွာပါသလဲ။ 

 ဖြေ။ ။ရေဒီယိုမှာက စိတ် အနှောက်အယှက်ကို ကြားပဲကြားရပါတယ်....ရုပ်မြင်သံကြားမှာကြတော့ သူတို့ကို မြင်ပါမြင်ရပါတယ်။ 

 မေး။ ။ချစ်သူနဲ့ဖက်ရမ်းနမ်းရှုပ်စဉ်မှာ အမျိုးသမီးများ ဟာ ဘာလို့ မျက်စိမှိတ်ထားကြပါသလဲ။

 ဖြေ။ ။အရင်က...နမ်းခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားနေလို့ပါ။ 
 မေး။ ။ဘယ်အချိန်မှာ မိန်းမတွေ အတင်း အဖျင်းအနဲဆုံးပြောကြပါသလဲ။ 

 ဖြေ။ ။ဖေဖော်ဝါရီလပါ။အတိုဆုံးလ ဖြစ်လို့ပါ။ 
 မေး။ ။မိန်းမ နဲ့ ယောက်ကျား ဘာခြားနားသလဲ။
 ဖြေ။။မိန်းမတယောက်လိုချင်တာကအများကြီးပါ။ဒါပေမဲ့ ယောက်ကျားတယောက်ထဲ
ဆီမှဖြစ်. ပါတယ်။ ယောက်ကျားကတော့ တခုပဲလိုချင်ပါတယ်။အဲ...မိန်းမအများကြီးဆီကပါ။ 

 မေး။ ။ဘ၀ နဲ့ရင်းပီး မှတ်ကျောက်အတင်ခံနိုင်တဲ့ အမှန်တရားဆိုတာ ဘာကိုပြောတာလဲ။ 
 ဖြေ။ ။အကြိမ်ကြိမ် ကျူးလွန်မိတဲ့ အမှားပါ။ 
 မေး။ ။အိမ်ထောင်ရေး သာယာမှု ရအောင်ဘာလုပ်ရမလဲ။ 
 ဖြေ။ ။အသက် ၇၀ ကျော်မှ အိမ်ထောင်ပြုပါ။ 
 မေး။ ။အစားအစာတခုဖြစ်တဲ့ မှိုမှာ ဘယ်လိုမှိုမျိုးကိုစားလို့ရပါသလဲ။ 
 ဖြေ။ ။အားလုံးကိုစားလို့တော့ ရပါတယ်။ဒါပေမဲ့ တချီု့ မှိုတွေကိုတော့ တခါပဲစားလို့၇ပါတယ်။ 
 မေး။ ။ယောက်ကျားတွေထက်မိန်းမတွေ အသက်ပိုရှည်တယ်ဆိုတာမှန်ပါသလား။ 
 ဖြေ။ ။အတိအကျတော့မသိပါဖူး။ဒါပေမဲ့ မုဆိုးမတွေက အသက်ပိုရှည်တာ အမှန်ပါ။ 
 မေး။ ။ခွဲစိတ်ဆရာဝန်တွေဟာ ဘာလို့ သူတို့မျက်နှာကို အ၀တ်နဲ့ ဖုံးထားပါသလဲ။ 
 ဖြေ။ ။ခွဲစိတ်တာမအောင်မြင်ရင် ....သူတို့ ကို မမှတ်မိအောင်လို့ပါ။ 

 မေး။ ။ထောက်လှမ်းရေးနဲ့ သူလျှို ဘာခြားနားပါသလဲ။ 
 ဖြေ။ ။ထောက်လှမ်းရေးက ကျုပ်တို့လူ။သူလျှိုက သူတို့လူ။ 
 မေး။ ။ဒီအလုပ်အတွက်လိုအပ်တဲ့အရည်အချင်းတွေ မင်းမှာရှိလား။ 
 ဖြေ။ ။ဟုတ်ကဲ့ ရှိပါတယ်။အသံနဲနဲကြားတာနဲ့ကို အိပ်နေရာကနေ ချက်ချင်းနိုးတတ်ပါတယ်။( အလုပ်ထဲမှာ......ဟိဟိ ) ဟီးဟီး။ ကဲ...အလုပ်ခန့််လိုက်ပီ။။။။။။။မူးလာလို့။....တိန် 

**တစ်ချောင်းပဲဆွဲပါ** 
  ဈေးထဲတွင်လူတယောက်သည် ..........ကြွက်တူရွေး တကောင် အားအော်ဟစ်ရောင်းချနေ၏။ ထိုကြက်တူရွေး၏ ညာဖက်ခြေထောက်တွင် အနီရောင် ဂျွတ်ဂျွတ်ကြိုး၊ဘယ်ဘက်ခြေတွင် အစိမ်းရောင်ကြိုးချည်ထားလေရာ..... ဈေးဝယ်သူများမှ စိတ်ဝင်စားသဖြင့်မေးကြသည်။ ကြက်တူရွေး ခြေထောက်မှာ ဘာလို့ ကြိုးနှစ်ချောင်းချည်ထားရတာလဲဗျ..... ကြက်တူရွေးရောင်းသူမှ.... သြော် ...ဒါလား။ဒီကြက်တူရွေးက သာမန်မဟုတ်ဖူးဗျ။ညာဘက်ခြေက ကြိုးနီကိုဆွဲရင် ပြင်သစ်လိုပြောမယ်၊ အဲ။ဘယ်ခြေမှာချည်ထားတဲ့ ကြိုးအစိမ်းကိုဆွဲရင်တော့......ဂျပန်လိုပြောလိမ့်မယ်ဗျ။ဒီကောင်က စာတတ်တဲ့ကြက်တူရွေးဗျ...ဟဲဟဲ.. ထိုအခါ ရပ်ကြည့်သူတဦးမှ..... နှစ်ချောင်းလုံးဆွဲလိုက်ရင်ကောဗျ..... ပိုင်ရှင်မပြောခင် ကြက်တူရွေးမှ စိတ်တိုစွာဝင်ပြောလိုက်လေသည်။ ဘာဖြစ်ရမလဲ၊ဖင်ထိုင် လဲ ကျသွားမှာပေါ့ ........တဲ့။



 **ဘိုးသက်ရှည်** 

၁၇၀၀ ခုနှစ်ဖွား အဘိုးကြီးတစ်ဦး မြန်မာနိုင်ငံ ၊ကျောက်ပန်းတောင်းမြို့ တွင် အသက်ရှင်နေထိုင်လျက်ရှိကြောင်း ...ကြားသိရ၏။ ထို့ကြောင့်...သတင်းသမားများ....ပညာရှင်များ ..နိုင်ငံခြား သံရုံးမှဝန်ထမ်းများ ...ရောက်ရှိ လာကာ အဘိုးအိုအားအားမေတ္တာရပ်ခံ၏။ မေးသူများ။ ။ " အဘိုး အနော်ရထာမင်းကြီးအကြောင်းပြောပြစမ်းပါ။....ဗျာ...သိချင်လွန်းလို့ပါ " အဘိုး ။ ။ " ဖဆပလ ပါတီ က ဦးနု အစိုးရ တက်ကာနီးတော့.........." မေးသူများ။ ။ " အဘိုး။။။။ကျနော်တို့ ဒီအကြောင်းမသိလိုပါဖူး....အနော်ရထာမင်းကြီးအကြောင်းမဟုတ်ရင် ကင်းဝန်မင်းကြီးအကြောင်းပြောပြပါ " အဘိုး ။ ။ " ဖဆပလ ပါတီ က ဦးနု အစိုးရ တက်ကာနီးတော့..........." မေးသူများ။ ။ " အဘိုး.....ဦးနုခေတ် အစိုးရအကြောင်းမပြောပြပါနဲ့ ၊အဲ ဒါ ဆို.....အဘိုးတို့ခေတ်က အဖိုးသိခဲ့တဲ့ နာမည်ကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်အကြောင်းပဲပြောပြပါတော့ " 
အဘိုး ။ ။ " ဖဆပလ ပါတီ က ဦးနု အစိုးရ တက်ကာနီးတော့......တိုင်းပြည်ရဲ့ အခြေအနေဟာ အတော်လေး ဘရုတ်ဘရက်နဲ့ အတော်လေး ရှုပ်ထွေးခဲ့တယ်။ အဲဒီအချိန်မှာ မဲဆွယ်ဖို့ မှတ်ပုံတင် ကဒ်ပြားတွေ ကို အသစ်ထုတ်ပေးတော့ ........ ကျုပ်ရဲ့ မွေးသက္ကရာဇ် ကို ၁၉၀၀ - အစား - ၁၇၀၀ လို့ ဒီကောင်တွေမှားရေးလိုက်ကြတယ်.....တောက် " တိန်.......ကောင်းဟ...( တွေးစရာနဲ့ ရီမောပျော်ရွှင်ပါစေ.......ဟိဟိ ..) 


**ခေါင်မိုး** 
အလုပ်ကိစ္စဖြင့်ခရီးထွက်သွားသူ မြမြ မှာ အိမ်တွင်ကျန်ခဲ့သော ယောက်ကျား ထံသို့ ၊ ကိစ္စဖြင့်ရောက်နေသည့်မြို့မှ ဖုန်းလှမ်းဆက်၏။ " ကျမရဲ့ကြောင်ကလေး ရွှေဝါနေကောင်းရဲ့လား.......အစာကောစားရဲ့လား...မောင် " ယောက်ကျားဖြစ်သူ၏ ဖုန်းထဲမှစကားသံက.... " ဟာာ..အသဲရေ ...မင်းကြောင် ကလေးရွှေဝါတော့ အနိစ္စသဘောနဲ့ ကိစ္စချောသွားပီကွ..." မြမြ လည်း ချက်ချင်းမဆိုင်းပဲ.... " ဘာာာာာ.....ဒီကြောင်ကလေးရွှေဝါ ကို ကျမအင်မတန်ချစ်တာရှင်သိလျက်သားနဲ့ ရှင်မို့ ဒီလိုပြောထွက်တယ်။ ရွှေဝါက ဒီ အန္တရယ်များတဲ့ အိမ်ခေါင်မိုးပေါ်တက်ပီး.ထိုင်တတ်တော့ အဲဒီပေါ်က ခြေချော်ကျပီး သေသွားတယ်လို့ပြောရင်လဲ ရ ရက်သားနဲ့ရှင်၊ ဒါနဲ့ ကျမအမေကော...." ထိုအခါ ယောက်ကျားပြောလိုက်သည့်စကားမှာ..... " မင်းအမေလဲ အခု အဲဒီ အိမ်ခေါင်မိုးပေါ်မှာ တက်ထိုင်နေတယ်..." .......တဲ့။ ဂိ....ဂိ 

**ကိုယ့်ကိုကိုသိဆုံး ** .
............................. * မောင် ဒီ နေ့ကစပြီး ငါ့ကိုမေ့လိုက်တော့.... ** ဟင်....ဘယ်လိုပြောလိုက်တာလဲ မကြာခင်တို့လက်ထပ်တော့မယ့်ဟာကို ... * ဘယ်လိုမှ မဖြစ်နိုင်လို့ပါ ငါ့မှာ....... ** ဟင်........ နင် အသစ်တွေ့နေပြီပေါ့ လေ ဟုတ် လားးးး ... * မဟုတ်ရပါဘူး ငါ့ကို ငါပဲ သိတယ် ဟာ...... ** ဒါဆို နင် ဘာဖြစ်နေတာလဲ AIDS ရောဂါလား ကင်ဆာ ရောဂါလား...... * မဟုတ်ပါဘူး တစ်ခုမှ မဟုတ်ပါဘူး..... ** တာဆို ဘာကြောင့်လဲ ပြောစမ်း မပြောရင် မလွတ်တော့ဘူးနော် ပြော.... * ဟုတ် ဟုတ်ကဲ့ လွတ် နော်......ငါ......ငါ....ယောက်ျားစိတ်ပေါက်နေလို့.....။ **ဗျာ..........အမလေးးးးးးးးးး....။။ 

http://www.facebook.com/lon.ely.1276 -

--------------------- 
နတ်မိမယ် (SSH)

Read More...

-ပစ္စုပ္ပန်အကြောင်း-

ဒီခေါင်းစဉ်ကို မြင်လိုက်တာနဲ့ ဘာကိုဆိုလိုမှန်း သိနေတဲ့ သူချည်းပါပဲ .. ဒါပေမဲ့ ထပ်ဆင့်ပြီး ဘာဆိုချင်တာလဲဆိုတာကို ဆက်ပြီး စူးစမ်းချင်စိတ်ကြောင့် ယခု ကျနော်ရေးတဲ့ စာကို ဆက်ဖတ်နေခြင်းပါ .. ဟုတ်ကဲ့ အမှန်အားဖြင့်တော့ လူတွေဟာ စူးစမ်းချင်တတ်တဲ့ သဘောကြောင့်ပါ ယခု ကျနော်ရေးသော ပို့စ် အမည် ပစ္စုပ္ပန် ဆိုတာ သာမန်အားဖြင့်တော့ ယခု လက်ရှိ လုပ်ဆောင်နေသော အချိန် ကို ဆိုလိုခြင်းပါ … ။ **တန်ဖိုးထားသင့်တဲ့ လူ့ဘဝ** လုပ်ဆောင်ချက်တွေအားလုံးဟာ ပစ္စုပ္ပန်မှာသာ တည်နေတာပါ ။ ယခုအချိန်ဟာ အရေးကြီးတဲ့ အချိန်ပါ ။ ကျနော်အပါအဝင် လူတိုင်း လူတိုင်း အဲ့ဒီ အရေးကြီးတဲ့ ယခုလက်ရှိ ပစ္စုပ္ပန် အချိန်ကို တန်ဖိုးထားမှု နည်းနေပါသေးတယ်။ လူတိုင်းကို ပြောချင်မိပါတယ် … “မိမိဘဝကို တန်ဖိုးထားတယ်ဆိုရင် ယခုလက်ရှိ ပစ္စုပ္ပန်ကို တန်ဖိုးထားပါ” လို့ .. ဘာလို့လဲဆိုရင် ပစ္စုပ္ပန်သည်သာ လူ့လောကမှာ အသက်ရှင်နေတဲ့ အရာတစ်ခုပါ … ပြီးခဲ့တဲ့ အချိန်တွေက သေပြီးသားအရာ ပါ နောင်လာမဲ့ အချိန်တွေက မွေးဖွားလာမဲ့ အရာတွေပါ . ဒီတော့ ယခု.. လက်ရှိအချိန်ကို တန်ဖိုးထားတယ်ဆိုရင် အချိန်တွေနဲ့ အမျှ အကျိုးရှိလာပါလိမ့်မယ် ။ **ကျနော်နဲ့ ပစ္စုပ္ပန်** ကျနော် တခါတခါ စဉ်းစားမိတယ် .. ငါဘာကြောင့် အချိန်တွေကို အကျိုးရှိရှိ အသုံးမချတာလဲလို့ပေါ့ .. မိမိစိတ်ထဲမှာတော့ အချိန်တွေက တန်ဖိုးရှိမှန်းသိတယ် .. တကယ်လက်တွေ့မှာ ဘယ်လိုတန်ဖိုးရှိအောင် အသုံးချရမယ်ဆိုတဲ့အခါမှာ မသိတော့ဘူး .. ။ အဲ့ဒီလိုနဲ့ မသိဘာသာ နေရင်း နေရင်းနဲ့ အချိန်တွေက ကုန်ကုန်သွားတယ် .. တနေ့ပြီး တနေ့ ကူးကူးသွားတယ် .. တစ်လပြီး တစ်လ ပြောင်းပြောင်းသွားတယ် တစ်နှစ်ပြီး တစ်နှစ် အသက်တွေကြီးကြီးလာတယ် … ကြာလာတော့ ကိုယ်ဖြတ်သန်းနေတဲ့ဘဝကိုတောင် ဘဝမှန်း သေချာ မသိခဲ့ပြန်ဘူးလေ… ။ တွေးကြည့်မှ ဒါဘဝတဲ့လား ဆိုတဲ့ အသိပဲ ဝင်မိတယ် ။ **ခံစားလိုစိတ်နဲ့ လူ** လူတစ်ယောက်မှာ … သာမန်အားဖြင့် သာယာမှုအပေါ်မှာ ခံစားလိုစိတ်က အမြဲလိုလိုရှိနေတတ်တယ် .. ဒါကြောင့် သတိမထားပဲ နေတဲ့သူတွေက မသိမသာနဲ့ သာယာမှုအပေါ်မှာ ခံစားနေရင်း ပျင်းရိလာကြတယ် ဒီလိုနဲ့ အကျင့်တွေစွဲလာတယ် ပြီး စရိုက်တွေ ဖြစ်လာတယ် . နောက်တော့ ကိုယ်က ဘာကြောင့် ခုလိုဖြစ်နေတယ်ဆိုတာကို သိတောင် မသိပဲ ဖြစ်သွားတယ် ။ ဒါ သာယာမှုကို ခံစားလိုစိတ်ကနေ စတင်လာတာပါ ။ ဘယ်လိုသာယာမှုလည်းဆိုရင် အလုပ်လုပ်ရတာက ဆင်းရဲတယ် ဆင်းရဲတာကိုလူတိုင်း မလိုချင်ကြဘူး .. ဒီတော့ မဆင်းရဲတာကို ခံစားချင်တဲ့ စိတ်ကြောင့် အလုပ်ကို ရှောင်လွှဲလို့ရသမျှ ရှောင်လွှဲတယ် ..အဲ့လိုနဲ့ သာယာမှုကို ချဉ်းကပ်တယ် ပြီးတော့ ပေါ့လျှော့လာတယ် နောက် နိမ့်ကျလာတယ် နောက် ဆင်းရဲလာတယ် နောက် စိတ်ဓါတ်ကျလာတယ်… နောက် ဒီ့ထက်ပိုဆိုးတာက ပညာတွေ နည်းလာတယ် ..အဲ့ဒီလိုနဲ့ ဘဝတစ်ခုလုံးဟာ တန်ဖိုးတွေ လျှော့လာတယ် ။ **တားဆီးနိုင်သလား** အဲ့ဒီအရာတွေဟာ တားဆီးနိုင်မှ မတားဆီးနိုင်ရင် ပိုပိုဆိုးလာတယ် .. ဥပမာ တောင်ထိပ်မှာရှိတဲ့ ရေအိုင် တစ်အိုင်ကို အောက်ဘက်ထိ မစီးအောင် တားရာမှာ .. အောက်ဘက်ကနေ တားတာထက် တောင်ထိပ်အစကတိုင် တားမှ ရေဟာအောက်ကို မဆင်းမှာပေါ့ .အောက်ဘက်ကနေ တားရင် ရေတွေ အကုန်လုံးဆင်းလာပြီး တားလို့မနိုင် ဖြစ်ပါလိမ့်မယ်. ထို့အတူ ယခု ကျနော်တို့ ရဲ့ စရိုက်လုပ်ရပ် အကျင့်တွေကို နောက်မှ တားခြင်းထက် ယခု ပစ္စုပ္ပန်အချိန်ကတိုင် တားမှ ထိရောက်ပါလိမ့်မယ် .နောက်ဆိုတာသည် မသေချာ မရေရာ . မနိုင်မနင်း အခြေအနေပါ ။ ဒီတော့ ပစ္စုပ္ပန်ဆိုတဲ့ ယခုလောလောဆယ် ဖြစ်နေတဲ့ အချိန်တွေမှာ မကောင်းဘူးလို့ ထင်တဲ့ အကျင့်တွေ ပြင်ပါ .. ကောင်းတယ်ဆိုတဲ့ အကျင့်လေးတွေကို မွေးမြူပါ … စမ်းလုပ်ကြည့်ပါ …။ ဒါမှ ကျနော်တို့ လိုချင်တောင်းတတဲ့ တန်ဖိုးရှိတဲ့ဘဝဆိုတာ ပုံပေါ်လာပါလိမ့်မယ် ..။ **အသိဥာဏ်ရှိသော လူ** လူတစ်ယောက်မှာ သာမန်အားဖြင့် အသိဥာဏ်ရှိပါတယ် .. ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုဟာ ကောင်းကျိုးပေးသလား မပေးသလားဆိုတာ ဝေခွဲနိုင်တဲ့ အသိရှိပါတယ် .. အများစုက အသိတင်ရပ်ထားပြီး လက်တွေ့မှာ အလွယ်လမ်းလေးတွေကို လိုက်နေကြပါတယ် .. ဒီလိုနဲ့ တိုးတက်သင့်သလောက် မတိုးတက်ပဲ ဖြစ်နေကြပြီး အချိန်တွေကြာလာတာနဲ့ အမျှ .. လူဆိုး .. လူကောင်း . လူဆင်းရဲ လူချမ်းသာ . ရိုးသားသူ နဲ့ လူလိမ် စသည်ဖြင့် ပုံပေါ်လာကြပါတယ် ။ အဲ့ဒီလို ဖြစ်မသွားအောင် တားဆီးပေးနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ပစ္စုပ္ပန်ဆိုတဲ့ ယခုအချိန် လုပ်ဆောင်ခြင်းပါပဲ ။ **ယခု စဉ်းစားရမှာ** ပစ္စုပ္ပန်မှာ လုပ်ချင်တာတွေ လုပ်လို့ရပါတယ် . ယခု ကျနော်စာရေးနေစဉ်မှာ ကျနော် မကောင်းတဲ့စာတွေကို လည်း ရေးနိုင်သလို ကောင်းတဲ့ စာတွေကိုလည်း ရေးနိုင်ပါတယ် ကိုယ့်အသိဥာဏ်ကိုယ်သွားချင်တဲ့ လမ်းကသာ အဓိက ကျသွားပါတယ် … ယခု စာဖတ်သူအနေဖြင့်လည်း ခုအချိန်မှာ ကောင်းတဲ့ စာတွေကို ရွေးဖတ်နိုင်သလို မကောင်းတဲ့စာတွေကိုလည်း ဖတ်ဖြစ်သွားနိုင်ပါတယ် …။ အဲ့ဒီ့ ရွေးချယ်ခြင်းတွေ ကွဲပြားခြင်းမှာ .တကယ်တော့ အသိဥာဏ်နဲ့ လုပ်ဆောင်မှုက ပိုင်းဖြတ်သွားကြတာပါ ။ **ကုန်လွန်သွားသော တနေ့တာ** ကျနော်အပါအဝင် အများစုဟာ တနေ့တနေ့ နဲ့ အချိန်ကုန်သွားတာတွေကို ညဘက် အိပ်ခါနီးမှ သတိထားမိလာတတ်ပါတယ်။။။ .။ အဲ့ဒီအချိန်မှာဆိုလည်း ကုန်သွားပြန်ပြီဆိုတဲ့ အသိထက် တခြား ရေရေရာ ပိုမတွေးနိုင်ခဲ့ပါ..။ တချို့တချို့ကတော့ ဘဝကို တန်ဖိုးရှိအောင် နေဖို့တော့ တွေးမိချင် တွေးမိကောင်းပါလိမ့်မယ် .. ။ ဒါပေမဲ့ နောက်တနေ့ နိစ္စဓူဝ တွေနဲ့ကြုံသွားတဲ့ အခါ ပြီးခဲ့တဲ့ မနေ့တွေကလို အဲ့ဒီနေ့ဟာလည်း ပဲ့ပဲ့သွားရင်း အဆုံးသတ်သွားတာပါပဲ ။ ဒါဘာတွေကြောင့်လဲ ဆိုရင် ကျနော်တို့ ပြုပြင်ပြောင်းလဲခြင်းမရှိလို့ပါ ။
**ပြုပြင်ခြင်း တတ်နိုင်သလား?** ပြုပြင်ပြောင်းလဲလိုစိတ်ရှိပေမဲ့ လည်း လူတိုင်း မတတ်နိုင်ပါ ။ ထိုအလုပ်ဟာ မလွယ်ပါဘူး ။ ဘာလို့လဲဆို အလွယ်တွေကို ကြိုက်ပြီး လိုက်လုပ်တတ်တဲ့ သူတွေက များနေလို့ လို့ပါ ။ ဒီတော့ လူတိုင်း ထိုအလုပ်ကို လုပ်နိုင်ကြလိမ့်မယ် ထင်ပါတယ် .။ ပြုပြင်ပြောင်းလဲခြင်းဟာ တစ်ကြိမ်ပြောင်းလဲရုံဖြင့် မရပါ ။ နှစ်ကြိမ်ပြောင်းလဲရုံဖြင့်လည်းမရပါ ။ အကြိမ်တိုင်းပြောင်းလဲရပါမယ် ။ ဘာဖြစ်လို့လဲဆို ပြောင်းလဲခြင်းများလာမှ အကျင့်ဆိုတာ ဖြစ်လာတာမို့လေ .. အကျင့်ဖြစ်လာမှ စရိုက်အဖြစ် ပြောင်းသွားမှာပေါ့ ။အဲ့ဒီလိုပြောင်းလဲခြင်း လက်တွေဖြစ်လာဖို့ဆိုရင် သတိရနေတဲ့ အချိန် ဖြစ်တဲ့ ယခုချက်ခြင်းမှာ လုပ်မှ ရပါမယ် .။ ဒီတော့ ယခု ဟု ခေါ်ဆိုသော ပစ္စုပ္ပန်သည် လုံးဝ အသက်ရှင်နေတဲ့ အရာတစ်ခုပါ ။ အရေးလည်းပါနေတာမို့ မျက်ကွယ် မပြု စိတ်မဝင်စားပဲ မနေပါနဲ့လို့ သာ သတိပေးချင်နေမိပါတယ် .။ မည်သည့် လုပ်ရပ်အတွက်မဆို ပစ္စုပ္ပန်သည်သာ အဓိကမို့ မိမိစိတ်အစဉ်မှာ သတိရှိနေပြီး ဥာဏ်မျက်စိဖြင့်သာ လောကကို အလှဆင်ပါ။ ဒီအကြောင်းကို ယခုမသိသော် သေခါနီးမှ သိပါလိမ့်မည် ။ သေခါနီးမှ မသိသော် ဘယ်သောခါမှ သိနိုင်မည်မဟုတ်ပါ….။ ယခု လူ့လောကမှာ မသိမြင်ခြင်း အဝိဇ္ဇာတွေ များနေသ၍ လောကတန်ဖိုး လူ့တန်ဖိုးဆိုတာ ဈေးကျနေပါလိမ့်မည် ။ မိမိသည်သာ မိမိအတွက် အားကိုးရာ ဖြစ်ပါသည် ။ 

**ဘာနေ**

Read More...

-မောဟမျဉ်းဖြောင့် တစ်ကြောင်း -
(၁) ကျွန်မနာမည်က စန္ဒာမြင့်တဲ့။ အိမ်မှာတော့ မိစန်လို့ပဲ ခေါ်ကြတယ်။ ကျွန်မက ဒီရပ်ကွက်လေးထဲမှာ မုန့်ဟင်းခါး ရောင်းတယ်။ ပုံ့ပုံ့ဆိုတဲ့ တူမလေးက ကျွန်မရဲ့ လက်ထောက် ဆိုင်အကူပေါ့။ အံမယ် မုန့်ဟင်းခါးသည်ဆိုပြီး လျှော့မတွက်နဲ့။ ကျွန်မက ဘီအက်စ်စီ သိပ္ပံဘွဲ့ ရပြီးသား၊ လမ်းထိပ်က ဆိုက်ကားသမားဦးလေးတွေက ကျွန်မရဲ့ မုန့်ဟင်းခါးကို ဘီအက်စ်စီ မုန့်ဟင်းခါးလို့ နာမည်တပ်ရင်းက ခုတော့ “မိစန် ဘီအက်စ်စီမုန့်ဟင်းခါး” ဆိုတာ ဆိုင်နာမည် အတည်ပေါက်ကြီးကို ဖြစ်လို့။ ကျွန်မ ကျောင်းပြီးတော့ ဘာလုပ်ရပါ့မလဲပေါ့၊ စဉ်းစားတယ်။ ၀င်ငွေလည်း ကောင်းရမယ်။ အိုးမကွာ အိမ်မကွာလည်း ဖြစ်ရမယ်။ ကုသိုလ်လည်း ရ၊ ၀မ်းလည်းဝတဲ့ အလုပ်ဖြစ်ရင် ပိုတောင် ကောင်းဦးမယ်ပေါ့။ ဒါနဲ့ပဲ စဉ်းစားရင်း စဉ်းစားရင်းက နောက်ဆုံးတော့ ကိုယ်ကလည်း အချက်အပြုတ် ၀ါသနာပါ၊ မလှူတတ်ရင် ဈေးရောင်းဆိုတာကလည်းရှိတော့ ကိုယ်ကျွမ်းကျင်တဲ့ မုန့်ဟင်းခါးပဲ အိမ်ရှေ့မှာ ချက်ရောင်းမယ်ဆိုပြီး ထလုပ်ခဲ့တာ။ အဖေတို့ အမေတို့ကတော့ ရုံးစာရေးမလေးပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်းပဲ ဖြစ်ဖြစ် လုပ်စေချင်ကြတာပေါ့။ အဲဒါက ကြော့ကြော့မော့မော့လေး လှလှပပလေး ရှိတယ်။ လူအမြင်လည်း တင့်တယ်သတဲ့။ အမေတို့ ပြောသလိုသာဆို မုန့်ဟင်းခါးသည်တွေပဲ လူအမြင်မတင့်ဖြစ်ရတော့မဲ့ပုံ။ တကတည်း…။ အရေးကြီးတာက စားဝတ်နေရေး ပြေလည်ဖို့ပဲလေ။ သမ္မာအာဇီဝဖြစ်တဲ့ ဘယ်အလုပ်မဆို လုပ်ကောင်းတယ်လို့ ကျွန်မတော့ ယုံကြည်တာပဲ။ မဟုတ်ဘူးလားရှင်။ ဆိုင်ဖွင့်စကတော့ အရမ်းပင်ပန်းတာပဲ။ လုပ်ငန်းမကျွမ်းကျင်သေးတော့ကာ ဖတ်သီ ဖတ်သီပဲ။ လူလည်း မျက်ကွင်းတွေကို ညိုလို့။ အစားလျှော့စရာမလိုဘဲ ၀ိတ်ကျသွားလိုက်တာ။ နောက်တော့ မြင်လာတယ်။ အလုပ်တွင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ သိလာတယ်။ ငှက်ပျောအူတွေ အကွင်းလှီးပြီး ဆနွင်းမှုန့်လေး နဲနဲထည့် ရေစိမ်ထား၊ ဘဲဥ ၂ရက်စာလောက် ကြိုပြုတ်ထား၊ ကြက်သွန်နီဥ အသေးတွေ ကြိုခွာထား၊ ငါးဆီသတ်လည်း တစ်ခါတည်း ပိုလုပ်ထားရတာပေါ့။ တစ်အိမ်လုံးလည်း နားမနေကြရပါဘူး၊ နာမည်တပ်တော့သာ “မိစန် ဘီအက်စီ မုန့်ဟင်းခါး”။ ရေခဲသေတ္တာတော့ ၀ယ်လိုက်ရတယ်။ အဲဒီအထဲပဲ ထည့်သိမ်းရတာကိုး။ အင်ဗာတာလေးတစ်လုံးလည်း မဖြစ်မနေ ၀ယ်ထားလိုက်ရတယ်။ လူတွေသာ အမှောင်ထဲနေလို့ ရမယ်။ ရေခဲသေတ္တာတော့ အသက်ရှင်နေမှ ဖြစ်မှာ။ ခုတော့ လုပ်ငန်းကျွမ်းကျင်အဆင့် ရောက်လာတယ်။ အတွေ့အကြုံက လူကို သင်သွားတာပါပဲ။ အရင်ကလောက် မပင်ပန်းတော့ဘူး။ လူလည်း သနပ်ခါးလိမ်း ပန်းပန်လို့ ကြော့ကြော့လေး ဆိုင်ထွက်နိုင်သလို အလှူပွဲလမ်းတွေ အတွက် အော်ဒါတွေ ဘာတွေ လက်ခံနိုင်တဲ့အဆင့်ထိတောင် ရောက်လာခဲ့ပြီ။ သိသိသာသာ တိုးတက်လာတာက PR လို့ ခေါ်ကြတဲ့ Public Relation လူမှုဆက်ဆံရေးပဲ။ အဟုတ် ပြောတာ။ အရင်က လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကျွန်မက သည်းမခံတတ်ဘူး။ စိတ်တို စိတ်ဆတ်တယ်။ ဒုန်းကနဲဆို ကိုယ်ကလည်း ပြန်ဒိုင်းလိုက်ရမှ။ အဖေကတောင်မှ “ညည်း ဆိုင်ဖွင့်စားလို့ ဖြစ်ပါ့မလား ငါ့သမီးရယ်” တဲ့။ မနက် မနက်ဆို တစ်ခြားရပ်ကွက်နီးချင်းတွေကနေ ချိုင့်ကြီး ချိုင့်ငယ်နဲ့ ပါဆယ်လာဆွဲကြတာကပဲ ဆိုင်မှာ လာစားတာထက်တောင် ပိုများသေး။ တစ်နေ့တစ်နေ့ မုန့်အချိန် ၁၀လောက် အေးဆေးကုန်သွားသလို လူမှူဆက်ဆံရေး နယ်ပယ်မှာလည်း ရွှေတံဆိပ်ရ မိစန် ဖြစ်လာပါရော။ စကားစပ်ပြီးတော့ကို ပြောပြရဦးမယ်၊ ကျွန်မတို့ ရပ်ကွက်ထဲက မုန့်ဟင်းခါးစားသုံးသူ ပရိသတ်ကြီးအကြောင်း တစ်စေ့ တစ်စောင်းပေါ့ရှင်။ မုန့်ဟင်းခါးတစ်ပွဲ လေးရာ၊ အကြော်ပါရင် ငါးရာ ကျွန်မက အဲသလိုရောင်းတာ။ အဲဒါကို ရပ်ကွက်ထဲက အန်းမကြီးလို့ ကျွန်မတို့ ခေါ်ကြတဲ့ တရုတ်သူဌေးမကြီးက ပွဲဝက် မှာစားတယ်ရှင်။ ပွဲဝက်ဆိုရင် နှစ်ရာ့ငါးဆယ်လေ။ ဆင်းရဲလို့၊ မုန့်တစ်ပွဲစာပိုက်ဆံ မတတ်နိုင်လို့ဆိုလည်း ထားပါတော့။ အခုဟာက သက်သက် စေးနှဲတာ။ “တစ်ပွဲဆို မကုန်နိုင်ဘူး မိစန်ရဲ့” တဲ့။ အဲလိုသာပြောတာ၊ ပွဲဝက်ကုန်တော့ သူပဲ မုန့်ဖတ်အဖြူတွေ နှိုက် နှိုက်ပြီး ငံပြာရည် စွတ်ရုံ အစက်ချ၊ ပါးစပ်ထဲ ထိုး ထိုးသွင်းနေတာကိုက မုန့်တစ်ပွဲစာလောက် ရှိတယ်။ ပါးစပ်ကလည်း ကြွားသေးတာ၊ သားတွေ သမီးတွေက နိုင်ငံခြားမှာ၊ တစ်လ တစ်လ ပိုက်ဆံ ဘယ်လောက်ပို့တာ။ အိမ်မှာက သူရယ် သူ့ယောကျာ်း အန်းကုံးကြီးရယ် ၂ယောက်ထဲရှိတာမို့ ဘယ်လိုမှ သုံးမကုန်ဘူးပေါ့။ သုံးသာ မကုန်တယ်၊ မုန့်ဟင်းခါးများ ဘယ်တော့မှ တစ်ပွဲ ၀ယ်မစားဘူး။ ရှိသေးတယ်။ မုန့်အလွတ် မှာစားပြီး ပဲကြော်တွေ ဖဲ့ဖဲ့ စားတတ်သူ။ အကြွေးမရောင်းပါဘူးဆိုလည်း လကုန်မှ ယူအေ ဆိုတာတွေ။ အကြွေးမရောင်းဘူးလေဆိုပြီး ဗိုက်ထဲက ပြန်ထုတ်ခိုင်းလို့ကလည်း မရ။ ငံပြာရည်ထည့်တာ များသွားလို့ မုန့်ဖတ်လေး နဲနဲထပ်ထည့်ပေး၊ မုန့်ဖတ်များသွားတော့ ဟင်းရည်လေး ထပ်ထည့်ပေးပါဦး ဆိုတာတွေ။ ဟင်းရည် နှစ်ခါ သုံးခါ အဆစ်တောင်းတတ်တာတွေကတော့ ရိုးများတောင် ရိုး ဟိုး ဟိုး နေပြီ။ ဘယ်တတ်နိုင်မလဲနော်။ ကျွန်မတို့ ရပ်ကွက်က ဆင်းရဲ ချမ်းသာ လူစုံရောနေတဲ့ဟာ။ ပြောရဦးမယ်။ ကျွန်မမှာ မုန့်ဟင်းခါးရောင်းတဲ့ အလုပ်အပြင် မြောင်းရှင်းတဲ့ အလုပ်လည်း လုပ်ရသေးတယ်။ ကျွန်မတို့ဆိုင်က အိမ်ဝင်းခြံကို နောက်ထား၊ အိမ်ရှေ့ရေမြောင်းကို ခွပြီး ခုံခင်းထားတာ။ သိကြတဲ့အတိုင်း ကျွန်မတို့ မြန်မာများက ဧရာဝတီ မပြောနဲ့၊ မြောင်းသေးသေး မြင်ရင်တောင် အမှိုက်ပစ်ဖို့လောက် သိကြတာရယ်။ တခါတလေ အမှိုက်တွေ မဆင်းဘဲ ပိတ်နေရင် မကောင်းတဲ့အနံ့အသက်တွေကြောင့် မုန့်လာစားသူတွေ အစားပျက်မှာ စိုးတော့ ကိုယ့်ဘာသာပဲ အမှိုက်ရှင်း မြောင်းဖော် လုပ်ရတော့တာပဲ။ အဲသလို မုန့်ဟင်းခါးသည် တစ်ဖြစ်လဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူလည်း ဖြစ်ပြန်သေးတယ်။ (၂) တစ်နေ့တော့ ဆိုင်သိမ်းခါနီးလောက်မှ အဖွားအိုတစ်ယောက် ဆိုင်နား မယောင်မလည် လာရပ်နေလို့ မေးကြည့်မိတော့ သူ ဘာမှ မစားရသေးတဲ့အကြောင်း၊ ပိုက်ဆံလည်း မပါတဲ့အကြောင်း၊ စားလည်း စားချင်တဲ့အကြောင်း သနားစဖွယ် ပြောရှာတယ်။ ဒါနဲ့ပဲ ကျွန်မက မိပုံ့ကို အဖွားအတွက် မုန့်တစ်ပွဲပြင်ခိုင်းပြီး စားစေတယ်။ အဖွားခမျာ စားလိုက်တာ ခေါင်းကို မဖော်ဘူး။ ကျွန်မကတော့ ကြည့်ရင်းက ၀မ်းနည်းဝမ်းသာရယ်။ ၀မ်းနည်းတာက ဘယ်ကမှန်း မသိတဲ့ ကိုယ့်အဖွားအရွယ်တစ်ယောက် ၀မ်းမီးတောက်နေရှာတာကို ဂရုဏာသက်မိလို့၊ ၀မ်းသာတာက လူအိုတစ်ယောက်ရဲ့ ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်လို့ပါ။ သူ့ ကြည့်ပြန်တော့လည်း ပေပေတူးတူးနဲ့ရယ်။ တောင်းစားနေတဲ့ ရုပ်မျိုးထဲကလည်း မဟုတ်နိုင်ပြန်ဘူး။ စားပြီးတာနဲ့ ပန်းကန်ကို ဂွပ်ကနဲချရင်း ထွက်သွားတဲ့ အဖွားအိုကိုကြည့်ရင်း ကျေးဇူးတင်စကားလေးတောင်မှ ပြောမသွားဘူးလို့ စိတ်ထဲ ငြိုငြင်မိသလိုလို ဖြစ်မိသား။ အို ကျေးဇူးတင်ခံချင်လို့ ကျွေးတာမှ မဟုတ်တာပဲလေ၊ ဒီလိုစိတ်တွေ မထားကောင်းပါဘူး။ သက်ကြီးရွယ်အိုတစ်ယောက်ကို တစ်နပ်စာ လှူခွင့်ရတာကိုပဲ ကြေနပ်ရမှာမဟုတ်လား။ အဲသလိုလေးတွေးပြီး ကျွန်မရဲ့ စိတ်တွေကို အသာအယာ ချွန်းအုပ် သိမ်းဆည်းလိုက်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်နေ့ တစ်နေ့ ရောင်းရေးဝယ်တာတွေကြား မေ့မေ့ပျောက်ပျောက် နေလာရာက နောက်တစ်ပတ်လောက် ကျတော့ အဖွားက ဆိုင်ရှေ့ရောက်လာပြန်တယ်။ သူ့ဘေးမှာလည်း သူ့မြေးကလေးထင်ပါရဲ့၊ ဆယ့်နှစ်နှစ် အရွယ် လောက် ကောင်ကလေးတစ်ယောက် ပါလာတယ်။ ခပ်တည်တည်ပဲ “မုန့်ဟင်းခါးစားမယ် ထိုင်” ဆိုပြီး ကောင်ကလေး ဖင်အောက်ကို ခွေးခြေ ထိုးပေးတယ်။ ကျွန်မစိတ်ထဲ နည်းနည်းတော့ တင်းကနဲရယ်။ တော်တော်လေး ပိုင်စိုးပိုင်နင်း နိုင်လှချည်ရဲ့။ ကလေးကို တစ်ပွဲစာ ပိုကျွေးရလို့လည်း ကိုယ်တွေက ပိုပြီးဆင်းရဲသွားမှာမှ မဟုတ်တာဘဲ။ ဒါပေမဲ့ ကလေးကို မုန့်ဟင်းခါးလေး ကျွေးချင် လို့ပါကွယ် အဲလောက်တော့ ပြောသင့်တယ် ထင်မိတာပဲ။ ကဲ စားပါစေလေ၊ စိတ်လျှော့ စိတ်လျှော့ သူက ကိုယ့်အဖွားအရွယ်လို့ အသာလေး လျှော့ချလိုက်ရတယ်။ အဲဒါကြောင့် ကျွန်မ ပြောတာ၊ လူမှုဆက်ဆံရေးပိုင်းမှာ ကျွန်မ တိုးတက်လာပါတယ် လို့။ သူတို့ လာစားချိန်က လူစည်နေတဲ့ အချိန်ဖြစ်လေတော့ ခဏနေ တစ်ခြားလူတွေဆီ အာရုံရောက်သွားတော့လည်း ပြီးသွားတာပါပဲ။ ကျွန်မစိတ်က အဲသလို။ ၀ုန်းကနဲ ထောင်ထတတ်ပေမဲ့ ခဏကလေးပဲ။ ပြီးတော့လည်း မေ့မေ့ ပျောက်ပျောက်ရယ်။ စားပြီးသွားတော့ အဖွားက ခပ်တည်တည်ပဲ ပိုက်ဆံ ငါးထောင်တန်ကြီး ထုတ်ပေးလာတာမို့ ကျွန်မမှာ မျက်လုံးပြူး ရပြန်တယ်။ သူ့ကြည့်တော့ ဖိနပ်တောင် မပါဘူး။ လူအိုစော်နံနေတဲ့ အ၀တ်အစားတွေကလည်း ရေမိုးမှ မှန်အောင် ချိုးပါရဲ့လား တွေးချင်စရာ။ အဖွား ပိုက်ဆံ ဘယ်ကရလဲ မေးတော့ကာ “ကိုသိန်းမောင် ပေးတာ” တဲ့၊ “ကိုသိန်းမောင် က ဘယ်သူလဲ အဖွား” လို့ထပ်မေးလိုက်တော့ “ငါ့ယောကျာ်း”တဲ့ ပြုံးစေ့စေ့နဲ့။ ကျွန်မက “ပိုက်ဆံ မယူပါဘူးအဖွား၊ အလကားသာ စားသွားပါ” ဆိုတော့မှ တစ်ချက်ပြုံးပြပြီး ကောင်ကလေးကို လက်ဆွဲလို့ ဆိုင်ထဲက ငေါက်ကနဲ ထထွက်သွားလေတယ်။ အဲဒီတော့မှ တွေးမိရတယ်။ ဒါကြောင့်ကိုး၊ လက်ထဲမှာ ပိုက်ဆံပါလာတော့ သူက ခပ်တင်းတင်းရယ်။ အဖွား ထွက်သွား မှ ကျွန်မလည်း မိပုံ့နဲ့ ပြောရင်း ရယ်မိကြသေးတယ်။ သြော်…ငွေ ငွေ၊ ငွေဆိုတာက ကြီးကြီးငယ်ငယ် ဘယ်သူမဆို လက်ထဲ ခပ်များများကိုင်မိရင် ပါဝါတစ်ခုခုပဲ ရှိနေသလိုလို၊ လူ့စိတ်ကို ပြောင်းလဲသွားစေတတ်တဲ့အရာ မဟုတ်လား။ (၃) တစ်နေ့ကပဲ မိတ်ဆွေတစ်ယောက်ရဲ့ အဖေဆုံးသွားလို့ သတင်းသွားမေးတော့ အသက် ၅၉နှစ်ပဲ ရှိသေးတာ တဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာမို့ သေဆုံးချိန်မှာ သားတွေ သမီးတွေက ကျွန်မတို့နဲ့ ရွယ်တူ၊ အလုပ်အကိုင် တွေ အခြေကျကုန်ကြပြီ။ သားသမီးတွေက ငိုလိုက်ကြတာ။ အဖေ့မှာ သားသမီးလုပ်စာမှ ၀အောင် မစားရသေးဘူး တဲ့၊ အဖေ့ကို ၀အောင်မှ မပြုစုလိုက်ရဘူး တဲ့။ နေမယ်ဆို နေနိုင်သေးတဲ့ အရွယ်ဆိုတော့လည်း သားသမီးတွေက အရူးတစ်ပိုင်း တမ်းတငိုကြွေးလိုက်ကြတာ။ အဲဒီနေ့က ပြန်လာပြီး အိမ်ရောက်တော့ အဖေ့ကို “အဖေရယ် ဆေးလိပ်တွေ လျှော့သောက်ပါနော်” လို့ ပြောရင်း မျက်ရည်ဝဲမိ ခဲ့သေးတာ။ အမေနဲ့ အဖေသာ လောကကြီးထဲမရှိတော့ရင် ကျွန်မဖြင့် တွေးတောင် မတွေးရဲဘူး။ သေခြင်းတရားကို တွက်ချက်ခန့်မှန်းဖို့ဆိုတာ ကိုယ်မတတ်နိုင်တဲ့အရာပေမဲ့ သေမင်းနဲ့သာ ကတိက၀တ်ထားလို့ ရကြေးဆို မိဘတွေကို အသက်ရာကျော် ရှည်စေချင်လှပါရဲ့။ ခုတစ်လော မိတ်ဆွေတစ်ချို့ရဲ့မိဘတွေ နာရေးတွေချည်းပဲ သွားနေရတော့ ကိုယ့်မိဘတွေ ကျန်းမာရေးကို အရင်ကထက် ပူပူပင်ပင်ရှိလာမိတယ်။ သူတို့မိဘတွေထဲမှာ အသက်ငယ်ငယ်နဲ့ ဆုံးသွားတာရှိသလို သက်တမ်းစေ့နေသွားကြသူတွေလည်း ရှိတာပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်က နှစ်လည်ဆွမ်းကပ်မှာ မုန့်သွားပို့တဲ့အိမ်က အဖွားကြီးဆို အသက် ၉၀ကျော်မှ ဆုံးရှာတာလေ။ “ငါ မုန့်ဟင်းခါး စားမယ်နော်” ဆိုတဲ့ အသံကြောင့် အတွေးစတွေပြတ်လို့ မော့ကြည့်မိတော့ လာစားနေကျ အဖွား။ သူက ခွေးခြေခုံလေးမှာ ထိုင်တောင်ပြီးနေပြီ။ အဖွားကို မုန့်ပြင်ကျွေးရင်း ကျွန်မမိဘတွေသာ အိုကြီးအိုမနဲ့ ဒီလိုပဲ လမ်းပေါ်မှာ လိုက်စားနေကြရရင် ဆိုတာကို တွေးမိပြန်တော့ ရင်ထဲ နင့်ကနဲပဲ။ အဖွားကတော့ မုန့်ဟင်းခါးပဲ ငုံ့စားနေရှာတယ်။ သူ မုန့်ဟင်းခါးတော့ အတော်လေးကြိုက်တယ် ထင်ပါရဲ့။ ခဏနေ မိပုံ့ ကျူရှင်က ပြန်လာတော့ မိပုံ့ကို ဆိုင်အပ်ရင်း အ၀တ်အစားလေးလဲလို့ အလှူအိမ်ကို အပြေးတစ်ပိုင်းလေး သွားရတယ်။ ခုဆို ကျွန်မက လူကြီးနေရာမှာ ရောက်ပြီလေ။ ဖိတ်စာတွေမှာ ကျွန်မကို နာမည်တပ် ဖိတ်ခံနေရပြီ။ ရပ်ကွက်ထဲ လူတောသူတောတိုးနေရပြီပဲ ပြောပါတော့။ အလှူအိမ်ရောက်တော့ ကျွေးတာမွေးတာလေး စား၊ စကားလေးဘာလေး ပြော၊ ဘုန်းကြီး တရားပေးအပြီးမှာ အိမ်ရှင်တွေ ကို နှူတ်ဆက်လို့ ဆိုင်ကို ခပ်သုတ်သုတ်ပဲ ပြန်လာခဲ့လိုက်တယ်။ မိပုံ့က တစ်ခါတစ်လေ ပိုက်ဆံတွေ မှားမှားအမ်းတတ်တာမို့၊ လိုသွားလည်း မကောင်း၊ ပိုသွားတာမျိုးလည်း ကျွန်မက မလိုချင်ပါဘူးလေ။ လမ်းလျှောက်ပြန်လာရင်း ခပ်လှမ်းလှမ်းကနေ ဆိုင်ကို လှမ်းကြည့်လိုက်တော့ ဆိုင်ထဲကနေ ငေါက်ကနဲ ထထွက်သွားတဲ့ အဖွားကို တွေ့လိုက်ရတယ်။ “အဖွားတော့ ခုလေးပဲ စားပြီး ထွက်သွားပြီ အန်တီစန်” တဲ့ မိပုံ့က မေးငေါ့ရင်း လှမ်းပြတယ်။ ကျွန်မစိတ်ထဲ ဇဝေဇ၀ါနဲ့ ထပ်မေးမိပြန်တယ်။ “မုန့်ဟင်းခါး လာစားတာလား” “အင်းလေ အန်တီစန်ရဲ့ ခုပဲ စားသွားတာ” “ဟဲ့ မနက်ကပဲ ခပ်စောစော လာစားသွားသေးတာ မိပုံ့ရဲ့” “ဟင် ဟုတ်လား အန်တီစန်၊ မိပုံ့ကိုတော့ သူ ဘာမှ မစားရသေးလို့ ဗိုက်ဆာလှချည်ရဲ့ဆိုလို့ မိပုံ့ကတောင် သနားနေတာ” “ဒီအဖွားကြီး မဟုတ်တော့ဘူး” “သဘောကောင်းတာဟာ လူတိုင်းနဲ့ မတန်ဘူး” နှူတ်က လွှတ်ကနဲ ထွက်သွားတဲ့အထိ ကျွန်မစိတ်တွေ အတော်လေး ပေါက်ကွဲသွားတော့တယ်။ ဘယ့်နှယ်၊ မလှူတတ်ဈေးရောင်းဆိုတာကို သဘောကျလွန်းလို့ မုန့်ဟင်းခါးရောင်းစားနေတဲ့ မိစန်ပါ။ အလကားကျွေးနေပါလျက်နဲ့ ခုလို မလှိမ့်တစ်ပတ် အလုပ်ခံရတာကို စိတ်တိုမိတယ်။ ဈေးရောင်းရင်း အကုသိုလ်ရနေတာမျိုးကိုတော့ စိတ်ထဲက တော်တော်လေး မခံစားနိုင်ဘူး။ အဲဒီနောက်ပိုင်း အဖွားကြီး ရောက်မလာတော့ဘူး။ သူ့ကိုယ်သူ မလုံဘူး ထင်ပါရဲ့။ တစ်ခါတစ်ခါတော့လည်း အဖွားကြီးလို မျက်လုံးစူးစူးတောက်တောက်၊ ပိန်ပိန်ပါးပါးတွေ တွေ့တဲ့အခါ မိပုံ့နဲ့ ပြောဖြစ်ကြပါသေးတယ်။ ကြာပါပြီလေ။ ခုတော့ ကျွန်မလည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပါပြီ။ (၄) “မမြင့်ခင်ပြောတာတော့ ဒီအိမ်နံပါတ်ပဲ သမီးရဲ့” ညနေ ညနေတွေမှာ အမေနဲ့အတူ လမ်းလျှောက်ဖြစ်နေတာ တစ်လလောက်ရှိပြီ။ ဒီနေ့တော့ နေ့လည်က အမေ့သူငယ်ချင်းနဲ့ ဖုန်းပြောအပြီးမှာ အမေက အဲဒီဘက်လမ်းလျှောက်ကြရအောင်လို့ ပြောလာတာ။ နာရီဝက်လောက် လမ်းလျှောက်အပြီးမှာ တိုက်ခံအိမ်လေး တစ်လုံးရှေ့ကိုရောက်တော့ အမေက အိမ်ရှေ့တံခါးဝမှာ ရပ်ရင်း အိမ်ထဲ မျှော်ကြည့်တယ်။ “ ဒါ ဆရာမဒေါ်သင်းမြမြအိမ်လား” အိမ်ထဲကနေ အမျိုးသမီးက တစ်ချက်ငေးကနဲ ကြည့်ပြီးမှ “ဟုတ်ကဲ့ အိမ်ထဲဝင်ပါဦးလား” တဲ့။ အိမ်ထဲရောက်လို့ ဆက်တီပေါ်ထိုင်ပြီးကြတဲ့အထိ အမျိုးသမီးက စကားတစ်လုံး မပြောသေးဘူး။ အအေးနှစ်ခွက် ချတိုက်ထားပြီး အခန်းထဲ ၀င်သွားလိုက်တာ တော်တော်နဲ့ ပြန်ထွက်မလာတော့ဘူး။ ကျွန်မက ပြန်ချင်လှပြီ။ အမေကတော့ ဧည့်ခန်းထဲထိုင်ရင်း ဟိုဒီဝေ့၀ိုက်ကြည့်နေတာပဲ။ ခဏနေတော့ အမျိုးသမီးလက်ထဲမှာ အယ်လ်ဘမ်တစ်အုပ်ကိုင်ရင်း ပြန်ထွက်လာတယ်။ “အဖွားသင်း ဒီမှာလေ” တဲ့။ ဓါတ်ပုံက ရှေ့ဆံပင်တွေကို သေသပ်အောင် နောက်လှန်ပြီး အပြောင်သိမ်း၊ နောက်မှာ နောက်တွဲလေးထုံး ပန်းပန်ထားတဲ့ အဖြူအစိမ်းဝတ် ကျောင်းဆရာမလေးတစ်ယောက်ပုံ။ အိုး ဒီမျက်နှာ၊ ဒီအပြုံး…ကျွန်မ သိတ်ရင်းနှီးနေခဲ့တာပဲ။ သူဟာ အမေငယ်ငယ်က အမေတို့ကျောင်းက အထက်တန်းပြဆရာမတဲ့လေ။ “ဘယ်လိုများ ဖြစ်ရတာလဲကွယ်” အမေမေးတော့မှ အမျိုးသမီးက မျက်ရည်တွေကို မျက်တောင်နဲ့ ပုတ်ခတ်လိုက်ရင်း တစ်လုံးချင်း ပြောတယ်။ “ဖွားသင်းဆုံးသွားတာ နှစ်လ ပြည့်တော့မယ်။ ကျွန်မတို့လည်း အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်လိုက်ရပါတယ်။ ဒါပေမဲ့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတာလိုပါပဲ” “ဖွားသင်းက ကြည့်လိုက်ရင် ၇၀ ကျော်လောက်ပဲ ထင်ရပေမဲ့ တကယ်က ၈၃နှစ်ကျော်နေပြီ။ ဖွားသင်းအသက် ၈၀က စပြီး အသိဉာဏ်တွေ ပုံမှန် မရှိရှာတော့ဘူး။ ကလေးတွေဆီက ကစားစရာ အရုပ်တွေကို လုယူတယ်။ ရေချိုးပေးရင် အသံကုန် အော်ဟစ်ပြီး ငိုတယ်။ ထမင်းကျွေးရင်လည်း ကလေးတွေလိုပဲ ငုံထားပြီး ဖူးကနဲ ထွေးထုတ်တယ်။ ထမင်းပန်းကန်ကို မှောက်ပစ်တယ်” “အပေါ့အလေးလည်း မထိန်းနိုင်တော့ဘူး။ မကြည့်မိရင် သေးတွေ ချေးတွေကို ကြမ်းပေါ်မှာ လက်ဝါးနဲ့ တစ်ဖတ်ဖတ် ရိုက်နေတော့တာ။ ဖွားသင်း အသက်ရှည်တာ ၀မ်းသာစရာပေမဲ့ ခုလို သူ့ အသိဉာဏ်တွေ ပုံမှန်အဆင့်မှာ မရှိတော့တဲ့အခါ အလုပ်တစ်ဘက်၊ စားရေးသောက်ရေးတစ်ဘက်နဲ့ အိမ်သားတွေလည်း စိတ်ဆင်းရဲရတာပေါ့။ အစပိုင်းကတော့ သီချင်းဖွင့်လို့ ဖွားသင်း ကွေးနေအောင်ကရင် ကလေးတွေကလည်း ပျော်၊ အိမ်သားတွေကလည်း လက်ခုပ်လက်ဝါး တီးလို့ပေါ့။ နောက်ပိုင်းတော့ တဖြည်းဖြည်း ပို ပိုဆိုးလာတယ်” “လှေကားထစ် သုံးထစ်ရှိတဲ့ အိမ်ရှေ့ လှေကားကနေ သူ့ဖိနပ် နှစ်ဘက်ကို အရင် ပစ်ချတယ်။ ပြီးတော့ သူပါ ခုန်ဆင်းတယ်။ ကံကြီးပေလို့ မကျိုး မပဲ့တာပေါ့။ တစ်ယောက်ယောက်က မျက်ခြေမပြတ်ကြည့်နေမှ၊ နို့မိုဆို အိမ်ကနေ ထွက်ထွက်သွားတယ်။ တစ်ခါတစ်လေ အိမ်သားတွေ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ နှိုက်ယူ သွားတတ်တော့ လူမသမာတွေနဲ့ တွေ့မှာ စိုးရပြန်တယ်” ကျွန်မမျက်လုံးထဲ ငါးထောင်တန်ကြီး ထုတ်ပေးတဲ့ ဖွားသင်းမျက်နှာ ကွက်ကနဲ။ “ဒါနဲ့ ဆရာမရဲ့ အမျိုးသားကရော” “အဖိုးဦးသိန်းမောင်က ဆုံးသွားတာကြာပါပြီ၊ ငါးနှစ်လောက်တောင် ရှိပြီ” “သြော်” ကျွန်မ ပြုံးမိတယ်။ ဖွားသင်းက သူ့ယောကျာ်းဦးသိန်းမောင် ဆိုတဲ့ နာမည်တော့ မှတ်မိသေးသား။ သူ့စိတ်ထဲက ကိုသိန်းမောင်ဟာ ဘယ်တုန်းကမှ မသေခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ “ည ညအေးလို့များ အနွေးထည် ထပ်ဝတ်ပေးတဲ့အခါ အိပ်နေရာက နိုးလာပြီး အာခေါင်ခြစ်အော်တော့တာ။ သူ့ကို ၀ိုင်းသတ်နေကြတယ်၊ လာကြပါဦးလို့ အော်တော့တာလေ။ ခုတစ်လော ဖွားသင်း အပြင်ကို ခိုး ခိုးထွက်ပြီး အိမ်ပြန်လာရင် နတ်သမီးက ငါ့ကို မုန့်ဟင်းခါး ကျွေးတယ်လို့ ကလေးတွေကို ပြောပြောပြနေတတ်တာ” နတ်သမီး၊ နတ်သမီးတဲ့လား…။ ကျွန်မ ရင်ထဲမှာ တင်းကနဲ။ နောက်တော့ အမေနဲ့ အဲဒီအမျိုးသမီးနဲ့ ဘာတွေ ဆက်ပြောကြတယ်ဆိုတာ မကြားတစ်ချက် ကြားတစ်ချက်။ ဖွားသင်းက ကျွန်မကို နတ်သမီးတဲ့လား။ ဖွားသင်းရေ ခွင့်လွှတ်ပါနော်။ နတ်သမီးဆိုတဲ့ ကျွန်မမှာလည်း အတိုင်းအတာတစ်ခုထိပဲ စိတ်ကောင်းမွေးမြူနိုင်သေးတော့ မသိမှု မောဟ ဦးစီးနေတဲ့အခါ ဒေါသက အလစ်ဝင်တိုက်ခိုက်တတ်တော့တာ။ “ဖွားသင်းက ထမင်းစားပြီးလည်း ငါ့ကို ဘယ်သူကမှ ထမင်းမကျွေးရသေးဘူး လုပ်တတ်တာ၊ တခါတခါတော့လည်း စိတ်က မရှည်နိုင်တော့ဘူး၊ လွှတ်ကနဲ ပြောမိ၊ ငေါက်မိတယ်။ စိတ်တိုမိတာပေါ့။ ကျွန်မတို့မှာလည်း ဖွားသင်းနဲ့ အတူနေရတာ ငရဲကြီးပါတယ်လေ၊ ခုလို သူဆုံးသွားတော့ သူ့အပေါ်အကြွေးတွေရှိနေသလို ခံစားနေရတယ်” အမျိုးသမီးက ပြောရင်းနဲ့ မျက်ရည်ကျရှာတယ်။ ကျွန်မရော ဖွားသင်းအပေါ် အကြွေးမှ ကင်းပါရဲ့လား။ သိရင်တော့ ခွင့်လွှတ်နိုင်စရာပေမဲ့ အကြောင်းရင်းမှန်ကို မသိတဲ့အခါ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေ တက်တက်စင်အောင် လွှဲသွားနိုင်တာ။ ဖွားသင်းရယ်….။ အတွေးကိုယ်စီနဲ့ အိမ်အပြန်လမ်းမှာ သားအမိနှစ်ယောက် စကားတောင် မပြောနိုင်ကြဘူး။ အသက်ရှည်တာ မရှည်တာထက် ကျန်းကျန်းမာမာရှိရင်ပဲ ကံကောင်းလှပါပြီ။ အသက်ရှည်ရှည် ကျန်းကျန်းမာမာဆိုရင်တော့ ပိုကောင်းတာပေါ့လေ။ ဒါပေမဲ့ အသက်ရှည်ချင်တိုင်းရော ရှည်ကြရလို့လား။ ကျန်းမာချင်တိုင်းရော ကျန်းမာကြရလို့လား။ အသက်ရှည်ခြင်း၊ မရှည်ခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်းတွေက ကိုယ်ပြုခဲ့သမျှတွေရဲ့ ချယ်လှယ်မှုတွေပဲလား။ ပြီးတော့ သေခြင်းတရားရဲ့ အချိန်ကန့်သတ်မှုကရော ကိုယ်တိုင်ပြုခဲ့ဖူးတဲ့ ကံစီမံရာလား။ ကျွန်မအသက်ကြီးလာတဲ့အခါ သားသမီးတွေကအစ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး။ အို…တော်ပါပြီလေ၊ ကျွန်မအလှည့်ကျရင် အသက်ရှင်နေစဉ်မှာ ကျန်းကျန်းမာမာနဲ့ ၆၀လောက်ထိ နေရရင်ကိုပဲ….၊ တော်လှပါပြီ။ ဘေးနားက အမေ့ကို ငေးကနဲကြည့်လိုက်မိတော့ မျက်နှာပေါ်မှာ ဇရာရဲ့အရိပ်တွေ ထင်းနေပေမဲ့ ကျန်းမာနေသေးတယ်လို့ ကျွန်မကတော့ ထင်မိတာပါပဲ။ 

Author: ချစ်ကြည်အေး
 မဟေသီ-စက်တင်ဘာလ-၂၀၁၂

Read More...

-ကာတွန်း ဟာသ-

Read More...

-စိတ်အေးချမ်းသာ နည်း ( ၁၀ ) ဖြာ-
( ၁ ) ကိုယ့် ကိစ္စကိုယ် လုပ် ကျွန်တော်တို့တွေက သူများကိစ္စတွေမှာ ၀င်စွက်ဖက်ရင်းနဲ့ ကိုယ့်ပြသနာ ကိုယ်ရှာ တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ အတွေး ၊ အကြံတွေကမှ အမှန်ကန်ဆုံး၊ အသင့်မြတ်ဆုံးလို့ ထင်တတ်ကြတာကိုး။ ဒီတော့ သူတို့ကို ကူညီကယ်တင် ဖို့ကြိုးစား နေရ တာကိုပဲ ကိုယ့်ကိုယ်ကို ကယ်တင်ရှင် တစ်ယောက်အနေနဲ့ ဘ၀င်ကျ တတ်တယ်လေ။ တကယ်တော့ ဒီတွေးခေါ်မှုက လူသားတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဖြစ်တည်ခွင့်ကို အသိအမှတ်မပြုရာ ရောက်ပါတယ်။ လူသားနှစ်ယောက်ဟာ ( အမွှာ ဖြစ်ပါစေ) အကြောင်းအရာ တစ်ခုပေါ်မှာပဲ တုံ့ပြန်စဉ်းစားပုံတွေ မတူညီနိုင်ပါဘူး။ ကိုယ့် ကိစ္စ ကိုယ်လုပ်ခြင်းဖြင့်သာ စိတ်ငြိမ်းချမ်းမှုကို ရနိုင်မှာပါ။ ( ၂ ) ခွင့်လွှတ်လိုက် ပြီးရင်.. မေ့ပစ်လိုက်တော့ ဒီအချက်က စိတ်ငြိမ်းချမ်းရေးမှာ အဓိက ကျပါတယ်။ တစ်စုံတစ်ယောက်သောသူ က ကျွန်တော်တို့ကို ရိုင်းပြ စော်ကား လိုက်ရင် မအိပ်နိုင် မစားနိုင်လောက်အောင် တနုံ့နုံ့ နဲ့ နာကျင် ခံစားမိတတ်ကြတယ်။ သူ့ရဲ့ တစ်ကြိမ်တစ်ခါ စော်ကားမှုဟာ ကိုယ့်ကို ကာလကြာရှည် ဒေါသမောဟတွေ ဖိစီးစေပါတတ်ပါတယ်။ နှစ်ခါ အနာမခံပါနဲ့။ ဘ၀ဆိုတာ သိပ်ကို တိုတောင်း လွန်းပါတယ်။ အကောင်းဆုံးကတော့ ခွင့်လွှတ်မေ့ဖျောက်လိုက်ပြီး သာယာတဲ့ ဘ၀ခရီးကို ဆက်လျှောက်ပါ။ ( ၃ ) ချီးမွမ်း ခြင်းကို မတပ်မက်နဲ့ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးက တစ်ကိုယ်ကောင်းဆန် ခြင်းတွေနဲ့ ပြည့်နှက်နေ တာပါ။ သူတို့ရဲ့ အကျိုးစီးပွား မပါပဲနဲ့ ခင်များကို ချီးမွမ်း ဖို့ဝန်လေးတတ်ကြပါတယ်။ အမြင့်ကိုရောက်ချိန်မှာ လေတိုက်ခံရတတ်သလို အနိမ့်ကို ရောက်ခဲ့ရင်တော့ ၀ိုင်းနင်းတတ်ကြတာ လူတွေရဲ့ သဘောသဘာဝ တစ်ခုပါပဲ။ ကဲ့ရဲ့ခံရမှ လောကဓံ မဟုတ်ပါဘူး။ ချီးမွမ်းခံရတာလည်း လောကဓံပါပဲ။ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေဆိုတာ မတည်မြဲသလို၊ အမှန်တရား လည်းမဟုတ်ဘူး ဆိုတာ လက်ခံနိုင်ရင် စိတ်ငြိမ်းချမ်းမှုကို ရနိုင်မှာပါ။ ( ၄ ) မနာလိုစိတ် ကို သတိပြု ကိုယ့်ထက် အားနည်းသူတိုင်းကို ဘယ်သူမဆို သနား ဂရုဏာပွါးနိုင်ကြပေမယ့် ၊ ကိုယ့်ထက်သာ တဲ့ သူတွေကိုတော့ လူတိုင်း မုဒိတာမပွါးနိုင်ကြပါဘူး။ မနာလိုစိတ်က စိတ်ငြိမ်းချမ်းမှုကို ဘယ်လောက် အနှောက်အယှက်ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားပါ။ ကိုယ့်လောက်မှ မကြိုးစားတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရာထူးတိုးပြီး ကိုယ်ကကျန်ခဲ့တာ၊ ကိုယ့်နောက်မှ ထလုပ်ပြီး ကိုယ့်ထက်အောင်မြင်သွားတဲ့ အိမ်နီးနားချင်း ဆိုတာမျိုးတွေက လက်တွေ့ဘ၀မှာ ခဏခဏ ကြုံနေရတတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ့်ကုသိုလ်ကံ နဲ့ ကိုယ်ပဲလေ။ ( ၅ ) ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ တကယ်လို့ ခင်များရောက်ရှိနေတဲ့ လုပ်ငန်းခွင်နယ်ပယ် တစ်ခုကို မနှစ်မြို့နိုင်ဘူး ဆိုရင် ရုန်းထွက်လိုက်ပါ။ ရုန်းမထွက်နိုင်ရင်တော့ လိုက်လျောညီထွေနေနိုင်အောင် ကြိုးစားပေတော့။

အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေတဲ့ တောင်ကျချောင်းကို ကန့်လန့်ခံနေတဲ့ သစ်တစ်ပင်ရဲ့ ကံကြမ္မာဟာ မလှပနိုင်ပါဘူး။ သူ့ကို မတားနိုင်မှတော့ သူနဲ့အတူ လိုက်ပါစီးမျောလိုက်ပါ။ သူ့အောင်မြင်မှုဟာ ခင်များအောင်မြင်မှုပဲပေါ့။ ဒီလိုပြောင်းလဲ လိုက်နိုင်ရင် ခင်များ ပတ်ဝန်းကျင်က နေချင့်စဖွယ် သာယာလာပါလိမ့်မယ်။ ( ၆ ) လျှော် ပစ်လိုက် ဒီအချက်ကလည်း စိတ်ငြိမ်းချမ်းခြင်းအတွက် ဆေးကောင်းတစ်လက်ပါပဲ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အချိုးမကျ ၊ ကပေါက်တိကပေါက်ချာ ၊ တလွဲတချော် အဖြစ်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ( မူရင်း စာရေးဆရာ ကတော့ သည်းခံ ခိုင်းပါတယ် ) ကျွန်တော့်အမြင်ကတော့ သည်းခံခြင်းမှာလည်း အတိုင်းအဆ ရှိတယ်လို့ထင်ပါတယ်။ သည်းခံခြင်းဆိုတာ ကျရောက်လာတဲ့ ဖိအားတွေကို ကြိတ်မှိတ်တောင့်ခံထားတာနဲ့ တူတတ်တယ်။ သတ်မှတ်ခံနိုင်ဝန် ကျော်သွားရင် ငှက်မွေးလေး တင်လိုက်ရုံနဲ့ ကျိုးကျ သွားနိုင် တာမျိုးပေါ့။ လုပ်ငန်းခွင်မှာ သိပ်ကိုသဘောမနောကောင်းတဲ့ အရာရှိကြီးတစ်ယောက် အိမ်ရောက်တာနဲ့ ထစ်ခနဲ့ဆို ဒေါသတကြီး ဆူပူတတ်တာ ကြုံဖူးကြမှာပါ။ ဒါဟာ ပုံစံမကျတဲ့ သည်းခံခြင်းကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်ကျွန်တော် အကြံပေးချင်တာကတော့ လျှော်ပစ် လိုက်ဖို့၊ စိတ်ထဲကကို ထုတ်ပစ်လိုက်ဖို့ပါ။အချိန်ပြည့်ပြောင်းလဲနေတဲ့ လောကကြီးမှာ ဒီအနှောင့်ယှက်လေးတွေကလည်း ဖြစ်လေ့ရှိတဲ့ မမြဲခြင်းတွေလို့ နှလုံးသွင်းနိုင်ခဲ့ရင် ကိုယ့်ကို အင်အားတိုးစေတာပေါ့။ ( ၇ ) မနိုင်ဝန် မထမ်းပါနဲ့ တခါတရံမှာ ကျွန်တော်တို့က ကိုယ်လုပ်နိုင်တာထက်ပိုပြီး တာဝန်တွေ ယူတတ်ကြတယ်။ ဒီလိုစွမ်းဆောင်နိုင်ခဲ့ရင် ရရှိလာတဲ့ ငါကွ ဆိုတဲ့ လက်မလေးကို စွဲလန်းမိတာလဲ ပါတာပေါ့လေ။ ဒါပေမယ့် ကိုယ့်အတိုင်းအစကို ကိုယ်သိဖို့တော့လိုတာပေါ့ဗျာ။ တာဝန်ယူမှုများလာရင် စိတ်ဖိစီးမှု လည်းများလာတော့တာပဲ။ အလှမ်းကျယ်ရင် အလယ်လတ် တတ်တာကို သတိပြုသင့် ပါတယ်။ မြန်မြန်တက်ရင် မြန်မြန်ကျတတ်တယ်လေ။ ( ၈ ) တရားထိုင်ပါ တရားထိုင်ခြင်းက စိတ်ကို အမြင့်မားဆုံး ငြိမ်းချမ်းစေပါတယ်။ အလေ့အကျင့် ရလာတာနဲ့ အမျှ နာရီဝက်လောက် စူးစူးစိုက်စိုက် ထိုင်လိုက်ရုံနဲ့ ကျန်တဲ့ တစ်နေ့လုံးကို စိတ်တည်ငြိမ် အေးချမ်းမှုတွေ လွှမ်းနေတာ တွေ့ရလိမ့်မယ်။ အပြင်းထန်ဆုံး စိတ်ထိခိုက်ခံစားနေရချိန်မျိုးမှာ တောင် အတည်ငြိမ်ဆုံး တုံ့ပြန်နိုင်စွမ်းကို ရရှိနိုင်တာ တရားထိုင်ခြင်းပါပဲ။ ( ၉ ) စိတ်ကို အအားမပေးနဲ့ အအားရနေ တဲ့စိတ်ဟာ မကောင်းမှုတွေ ပေါက်ဖွားရာဖြစ်တယ်တဲ့။ မကောင်းမှုမှာပဲ မွေ့လျော်လေ့ရှိတဲ့ စိတ်ကို သူ့အတိုင်းလွှတ်မထားသင့်ပါဘူး။ ကျွန်တော်တို့ရှေ့ခရီးအတွက် အထောက်အပံ့ဖြစ်မယ့် နေရာမှာပဲ မြှုပ်နှံထားသင့်တယ်။ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ပိုက်ဆံနဲ့ စိတ်ငြိမ်းချမ်းမှု ဘယ်ဟာကို တန်ဖိုးထားသလဲပေါ့။ လူမှုရေးလုပ်ငန်းတွေ၊ ဘာသာရေး လုပ်ငန်းတွေက ပိုက်ဆံတော့ ရှာမပေးနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ကြေနပ်ကြည်နူးမှုကိုတော့ အပြည့်ဝဆုံး ရရှိစေနိုင်ပါတယ်။ ( ၁၀ ) သေချာတာကတော့ မသေချာတာပဲ မသေချာခြင်းတွေ ပြည့်နေတဲ့ လောကမှာ သေချာခြင်းကို အပင်ပန်းခံပြီးရှာမနေပါနဲ့။ တစုံတစ်ခုကို ပြုလုပ်ဖို့ဆုံးဖြတ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ရင် ရရှိလာတဲ့ စိတ်မတည်ငြိမ်မှုက ပင်ပန်းလွန်းပါတယ်။ ဒီတော့ ဗိုလ်ချုပ်ရဲ့ စကားအတိုင်း အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားမယ် ဆိုရင် စိတ်ငြိမ်းချမ်းမှုကို ရရှိနိုင်မှာ အသေအချာပဲပေါ့ဗျာ ။ ။ 

 အားလုံးပဲ ငြိမ်းချမ်းပါစေ.. 

ကိုးကား။ ။ Ten Principles for Peace of Mind by Naveen Lahori 

**Moe Lay**

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)