ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 24, 2013

- နှုတ်ဆက်လိုက်ပါတယ်ရန်ကုန်-

>
မနက်၎နာရီလောက် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းကို ကားဝင်လာပြီး တက်ဆီသမားများ၏ အမဲဖျက်သလိုအက်ရှင်တွေနဲ့ စိတ်ညစ်ညူးစွာ ဖြတ်သန်းပြီးချိန်မှာ အိမ်ကိုပြန်ရောက်ခဲ့ပါတယ် ။ အသက်၆၉နှစ်ရှိပြီဖြစ်တဲ့ သစ်အမေက ရောဂါရယ်လို့အထွေအထူးမရှိပေမယ့် ခုနေသီချင်းလေးဆိုပြီး စိတ်အေးချမ်းစွာ ကျမ်းစာဖတ်နေသော်လည်း ခုနေခေါင်းမူးတယ်ဆိုပြီး လဲတတ်တဲ့သူမျိုးပါ ။ အသက်၇၉ရှိပြီဖြစ်တဲ့အဖေကတော့ ခုချိန်ထိ တစ်ယောက်တည်း သွားလာလှုပ်ရှားနေတတ်လို့ သစ်သစ်မှာသူ့ကိုအစဉ်အမြဲ စိတ်ပူနေရပါသေးတယ်။ သစ်သစ်ပြန်ရောက်ပြီး အိပ်ယာမှာ ခဏအိပ်မလို့ပဲရှိသေးတယ် အမေကရုတ်တရက်ကြီး သူ့လက်တဖက် ကိုက်ခဲလာပါတယ်ဆိုပြီး လှမ်းခေါ်လို့ ခရီးရောက်မဆိုက် သစ်သစ်မှာပျာယာခတ်သွားရပါသေးတယ်။ စိတ်မချရတာလည်းမပြောပါနဲ့ မိဘတွေကအသက်ကြီးတော့ ကိုယ်တွေသူတို့နားရှိတာ လိုအပ်နေတဲ့အချိန်တွေပေါ့ ။ ခုနေချိန်ထိပြုစုခွင့်ရတာကိုကပဲ နည်းတဲ့အခွင့်အရေးမဟုတ်ပဲလေ ဒါကြောင့်စင်္ကာပူပြန်လာတိုင်းအမြဲတစ်ခွန်းပဲမှာလေ့ရှိတယ် အမေနဲ့အဖေအမြဲဒီလိုပြုံးရွှင်ပြီးနေတာ မြင်ချင်ပါတယ်လို့ (ရပ်ကွက်ထဲက သူတို့နဲ့ရွယ်တူတန်းတူ တော်တော်များများကွယ်လွန်ကုန်ကြပြီဆိုတော့ တယောက်ယောက်သေပြီဆို သူတို့မှာငါတို့လည်းဆိုတဲ့စိတ်တွေဖြစ်နေတတ်လို့ အမြဲအားပေးရပါသေးတယ်)။ ခုတခေါက်တော့ အမေရောအဖေရော ကျန်းမာအောင်လုပ်ထားနော်လို့ နောက်ဆိုမြေးထိန်းရမယ်ဆိုပြီး စနောက်နေလို့သူတို့မှာ ငါတို့ကိုခုချိန်ထိခိုင်းစားချင်သေးတယ်ဆိုပြီး ဟန်ဆောင်ဒေါသတွေကိုမြင်ပြီး ပျော်ရွှင်ရပါသေးတယ်။ ကျေးဇူးပါ ဖေနဲ့မေ ဒီအရွယ်ထိပြင်းထန်တဲ့စိတ်လှုပ်ရှားမှူ သားသမီးတွေကိုမပေးတဲ့အတွက် ရင်ထဲကအစဉ်ထာဝရဦးခိုက်ကန်တော့ နေမှာပါ။ ညနေကျတော့ထုံးစံအတိုင်း လာရင်းကိစ္စဖြစ်တဲ့ ပတ်စ်ပို့စာအုပ်ထွက်ပြီလား လာယူရတော့မလား စိတ်ပင်ပမ်းစွာနဲ့ဖုန်းဆက်မေးပြီး လုပ်ပေးတဲ့သူကိုလောရပါတယ် ။ နေ့တိုင်းဈေးနှုန်းပြောင်းလဲနေလို့ ဖုန်းဆက်ရတိုင်း စိတ်လှုပ်ရှားရပါတယ် (အော် ထာဝရမပြောင်းလဲတဲ့ ရန်ကုန်ပါလားနော်)။

ညနေလာယူလို့ရပြီဆိုတော့ တော်တော်လေးပျော်သွားပါတယ် သူနေတဲ့နေရာနဲ့ သစ်နေတဲ့နေရာက တောင်နဲ့မြောက်ဖြစ်နေတော့ ၂နာရီလောက်ကြိုထွက်ရပါသေးတယ် ။ ကားမောင်းတဲ့သူကျွမ်းကျင်မှူကြောင့်သာ လိုရင်းနေရာကို လွယ်ကူစွာရောက်ခဲ့တာပါ ။ ဟိုလမ်းကြားကဖြတ် ဒီလမ်းကြားက၀င်နဲ့ ၅နှစ်လောက်ဝေးကွာခဲ့တဲ့ သစ်သစ်တစ်ကယ်ဆိုမျက်စိလည်ရပါတယ်။ ခုတခေါက်ပြန်တော့ အိမ်ကကားကိုသိပ်မသုံးဖြစ်ပါဘူး (လမ်းထိပ်မှာကွန်ကရစ်လမ်းတွေခင်းနေတော့ လမ်းထိပ်ကနေကားထွက်ဖို့တောင် လမ်းပိတ်နေလို့၁၅မိနစ်အနည်းဆုံး စောင့်ရပါတယ်)ဒါကြောင့်မသုံးဖြစ်ပဲ လမ်းထိပ်ကနေဖြတ်သွားနေတဲ့ မျက်ပြူးလို့အများခေါ်ကြတဲ့တက်ဆီလေးတွေပဲ စီးဖြစ်ပါတယ်။ မျက်ပြူးလေးတွေကသိပ်ချစ်စရာကောင်းပါတယ် ဟိုနေရာမှာလမ်းအလယ်ပန်းအလှစိုက်တဲ့နေရာပေါ်တက်လည်း ယက်ကန်ယက်ကန်နဲ့ဆွဲချမရပါဘူး ဒီနားမှာမှောက်နေလဲ ဘီး၎ဘီးကောင်းကင်မှာ ပက်လက်လေးနဲ့ ချစ်ဖို့သိပ်ကောင်းပါတယ် (ကလေးကစားစရာ ကားလေးတွေနဲ့တူပါတယ်) နောက်ဆုံးအုန်းသီးခြောက်ပေါ်ဖြတ်ရင်တောင် အောက်ပိုင်းမလွတ်လို့ တစ်နေတတ်တဲ့အာဂမျက်ပြူးပါ။ ဘာပဲဖြစ်ဖြစ် သစ်ကတော့ မျက်ပြူးတက်ဆီလေးတွေချစ်ပါတယ် ။ တက်ဆီမောင်းတဲ့သူတိုင်းမှာ ဟန်းဖုန်းတွေနဲ့ဆိုတော့ ဖုန်းတဂွမ်ဂွမ်နဲ့ လူနေမှူအဆင့်အတန်းမြင့်တာလား ခေတ်စနစ်ပြောင်းလဲသွားသလား မှန်းလို့တောင်မပြောတတ်တော့ပါဘူး ။ ဒီတခေါက်ပြန်တာ ရွှေတိဂုံဘုရားတောင်မရောက်ခဲ့သလို ဘယ်သူငယ်ချင်းဘယ်နေရာမှကို မသွားဖြစ်ခဲ့ပါဘူး ။ လာရင်းကိစ္စပြီးတော့ မိသားစုကိစ္စတွေနဲ့ လူလည်းချာလပတ်ကိုရမ်းနေပါတော့တယ် ။ လမ်းပိတ်တယ်ဆိုတဲ့နာမည်ကျော် လှည်းတန်းလမ်းဆုံတောင်မဖြတ်ခဲ့ရပါဘူး ။ သွားလိုက်တိုင်း၈မိုင်ကနေပဲ ကမ္ဘာအေးဘက်ကိုကွေ့ပြီးသွားတော့ မြို့ထဲဘက်ဆိုတာယောင်လို့တောင် မရောက်ခဲ့ပါဘူး။ ဒါပေမယ့် သွားလေ့သွားထမရှိတဲ့ ရေဝေးသုသာန်ကိုတော့ သစ်သစ်ရောက်ခဲ့ပါတယ်။ အဖေနဲ့အပတ်စဉ်တူသူငယ်ချင်းတယောက်ရဲ့ဇနီးဆုံးလို့ အဖေကလိုက်ပို့ချင်ပါတယ်ဆိုလို့ အဖေကိုစိတ်မချတဲ့သစ်သစ်လိုက်သွားခဲ့တာပါ။ မစည်ကားသင့်တဲ့အရပ်စည်ကားတယ်ပြောရလောက်အောင်ပါပဲ ဗိုလ်ချုပ်ကတော်တယောက်ရဲ့နောက်ဆုံးခရီးဟာလည်း ရဲကားတွေ စစ်တပ်ကကားတွေ မော်တော်ပီကယ်တွေနဲ့ တိုးလို့မပေါက်အောင်စည်ကားလှပါတယ်။ ငိုတဲ့သူသိပ်မရှိသလို အသုဘရှူလာတဲ့သူတွေဟာ ကျန်ရစ်သူဗိုလ်ချုပ်ဟောင်းကိုပဲ နှုတ်ဆက်ဖို့ကြိတ်ကြိတ်တိုးနေပါတယ် (နည်းနည်းတော့သစ်သစ်လည်း ကြောင်နေပါတယ်)။ သစ်သစ်တစ်ယောက်အခေါင်းနားကိုသွားပြီး အန်တီကြီးကိုသေချာကြည့်ရင်း နှုတ်ဆက်နေတဲ့အဖေကိုလည်း မျက်ခြေမပြတ်ကြည့်နေရပါသေးတယ် တော်ကြာလူတိုးပြီးလဲပြုနေမှာစိုးလို့ပါ ။ ဂူသွင်းမယ့်နေရာကိုသွားနေတဲ့ တကယ့်ကောင်းပေ့ညွှတ်ပေ့ဆိုတဲ့ကားတွေနဲ့ ကားတန်းကြီးကိုကြည့်ပြီး ငါတစ်နေ့သေတဲ့ခါ ဘယ်လိုပြင်ဆင်ထားရင်ကောင်းမလဲဆိုတဲ့ အတွေးတစ်ချို့ရခဲ့ပါတယ် ။ ခွင့်ရက်နည်းနည်းလေးဆိုတော့ ဌာနေကိုပြန်ရပါတော့မယ် ။ မပြန်ရင်လည်း ကျမချစ်တဲ့သူလဲပါတော့မယ် အိပ်ရေးမ၀လို့ ..ဟိ ။ ညဘက်တွေ၁၁နာရီကစလို့ တစ်မိနစ်၂၅ကျပ်အချိန်မှာဖုန်းစပြောတာ မနက်တိုင်း၂နာရီ ၃နာရီလောက်မှပြီးတော့ ကျမတွက်ပြသနာမရှိပေမယ့် မိုးလင်းတာနဲ့တာဝန်တွေနဲ့သူအတွက်တော့ တကယ့်ကိုထိခိုက်လှပါတယ်။ တော်ပါသေးရဲ့မြန်မြန်ပြန်ပါတော့လို့ မပြောလို့ ဟီးးးး။ ဒီတစ်ခေါက်မှာသစ်ဘ၀ရဲ့ကျေးဇူးရှင်တစ်ယောက်လို့ သတ်မှတ်လို့ရတဲ့ သစ်ရဲ့ဆရာအိမ်ကို ၂ခေါက်တိတိရောက်ခဲ့ရတာ အမြတ်ပါပဲ ။ ဆရာနဲ့ဆရာ့မိသားစုနဲ့ စကားတွေအေးအေးဆေးဆေးပြောရင်း ရှေ့ရေးတွေတော်တော်များများ တိုင်ပင်ဖြစ်ခဲ့ပါတယ် (စင်္ကာပူထွက်လာပြီးကတည်းက ဆရာနဲ့အေးဆေးစွာ မတွေ့ခဲ့ရတာ ကြာခဲ့ပြီလေ)။ နောက်ရီစရာတစ်ခုပြောပြပါဦးမယ် အမေက သစ်ဟင်းချက်ရင်လိုက်ကြည့်လေ့ရှိပါတယ် ။ သစ်သစ်ကနဂိုကတည်းက မိဘကြိုက်တာချက်ကျွေးမယ် မီးဖိုချောင်ဝင်မယ် မိဘအ၀တ်တွေလျှော်ပြီးကုသိုလ်ယူမယ်တွေးထားခဲ့တော့ နေ့တိုင်းဘာစားမလဲ ဘာချက်ရမလဲ မေးလေ့ရှိပါတယ် ။ မိဘနဲ့အဆင်ပြေမယ့် အစားအစာရွေးချယ်ချက်ပြုတ်ရင်း ထမင်းစားချိန်တွေလည်း အတတ်နိုင်ဆုံးအတူဖြစ်အောင် စောင့်စားလေ့ရှိပါတယ် ။ မုန့်ဟင်းခါးချက်မယ်ဆိုပြီး ဈေးကလိုအပ်တာတွေဝယ်လာပြီး ချက်မယ်ဆိုတော့ အမေ့စိတ်တွေမထိန်းနိုင်တော့ပါဘူး သစ်သစ်ကိုဟုတ်ရဲ့လား နင်လုပ်တတ်ရဲ့လား တစ်အိုးလုံးပျက်ဆီးမယ်နော် ဆိုပြီး စိတ်မချခြင်းများစွာနဲ့ လိုအပ်တာထုထောင်းနေတဲ့သစ်သစ်နားမှာ အိုးပွက်ပွက်ဆူတဲ့အထိ လာကြည့်နေပါတယ် ။ ရီလည်းရီချင်မိပါတယ် သူတို့မယုံတာလည်း မပြောနဲ့လေ စင်္ကာပူမထွက်ခင်အချိန်ထိ သစ်သစ်ကအိမ်မှာ ပန်းကန်တောင်ဆေးခဲ့တဲ့သူမှမဟုတ်တာ..ဟိ။ မိုးတွေရွာတော့သူတို့နဲ့အဖော်လုပ် စကားတွေပြောနဲ့ဆိုတော့ သူတို့သစ်သစ်ပြန်လာတာပျော်ရွှင်နေကြပါတယ် ။ ဒီလိုလေးမြင်ရတော့ သစ်သစ်လည်းအရမ်းစိတ်ချမ်းသာမိပါတယ် ။ ပြန်ရမယ့်နေ့ရောက်လို့ ကန်တော့တဲ့ခါ နောက်တစ်ခေါက်ဆိုအပြီးပြန်လာတော့မှာ စိတ်မကောင်းဖြစ်မနေနဲ့ ဟင်းတွေဒါထက်တတ်အောင် ချက်ပြုတ်လေ့ကျင့်ခဲ့မယ်ဆိုပြီး အမေ့ကိုနမ်း အဖေ့ကိုနမ်း လေဆိပ်ကိုပြန်ခဲ့တော့ ကားပေါ်မတက်ခင်အမေက နေထိုင်ခွင့်သက်တမ်းတိုးလို့မရရင် ထပ်ကြိုးစားမနေနဲ့ချက်ချင်းပြန်လာခဲ့နော်ဆိုတဲ့ စကားလေးက သစ်သစ်ကိုမျက်ရည်ဝဲစေမိပါတယ် ။ အမေငါ့ကိုအနားမှာ ပြန်လာနေစေချင်တာ စကားလေးနဲ့သက်သေပြလိုက်တာပဲဆိုပြီး စိတ်ချပါ နောက်နှစ်ဆိုနေ့တိုင်းအိမ်မှာဆူညံနေလို့ အမေစိတ်ညစ်တယ်မပြောနဲ့နော်ဆိုပြီး လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ လေဆိပ်က၀ိုင်ဖိုင်နဲ့ချစ်သူကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ချိန်မှာတော့ ရင်ထဲမှာဝမ်းနည်းခြင်း ၀မ်းသာခြင်းတွေနဲ့ စင်္ကာပူကိုဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ပါဘူး ။ ကြားရက်ဖြစ်နေတော့ ကြိုသူမဲ့လေဆိပ်ကြီးမှာ တက်ဆီငှားစီးပြီး မူရင်းဘ၀ကို ပြန်လည်ဝင်ရောက်ခိုတွယ်ရင်း ရှေ့ဆက်ရမယ့်နေ့ရက်တွေကို ရေတွက်မိနေပါတော့တယ် ။ 

**သစ်သစ်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)