>
**Public Health**
ငှက်ပျော်ပင် ဆိုတာ မြန်မာပြည်လိုနေရာမျိုးမှာ အလွယ်တကူပေါက်ရောက်တာမို့ မမြင်ဘူးသူ အလွန်ရှားပါလိမ့်မယ်။ ငှက်ပျော်သီးကို ခလေး၊လူငယ်ကအစ လူကြီးသူမ အဆုံး၊ရဟန်းရှင်များ
အပါအ၀င် လူအမျိုးမျိုး ဘာသာဝင်အမျိုးမျိုး အလွယ်တကူစားသုံးနိုင်တဲ့ ကျန်းမာရေးအတွက်
အထောက်အကူပြုတဲ့ အသီးအနှံ့ဖြစ်ပါတယ်။ ကျမရဲ့မိတ်ဆွေ မူဆလင်ဘာသာဝင် (မူဆလိန်မဟုတ်
တဲ့သူ - လူကွယ်ရာမှာ ၀က်သား အ၀စားတဲ့သူ) ခရီးဝေးထွက်တိုင် လမ်းမှာစားဖို့ ငှက်ပျော်သီးတစ်ဖီး--လူထုကျန်းမာရေး(ငှက်ပျော်ပင်တစ်ပင်လောက်မှအသုံးဝင်ရဲ့လား)-
ဆောင်သွားပါတယ်။
ငှက်ပျော်သီးမှာအဆီဓါတ် လုံးဝမပါပဲ ကျန်းမာရေးအတွက်အရေးကြီးတဲ့ အမြှင်ဓါတ်၊ ဗီတာမင်နဲ့ အိုမင်စေ၊ကင်ဆာဖြစ်စေတဲ့ oxidants တွေကိုခြေဖျက်နိုင်တဲ့ anti-oxidants တွေများစွာပါဝင်လို့ ငှက်ပျော်သီး တစ်နေ့တစ်လုံးစားရင် ကျန်းမာရုံသာမက ကိုယ်အလေးချိန်ချလိုသူများကိုလည်း ကျန်းကျန်းမာမာနဲ့ ကိုယ်ရေစစ်စေတယ်လို့ သိရပါတယ်။
ငှက်ပျော်သီးအခွံနွှာစားရတာကမှ ခက်အုံးမယ်လို့ တင်စားပြောရလောက်အောင် ကရိကထ မများပဲ
စားနိုင်တဲ့အသီးလည်းဖြစ်ပါတယ်။(အဲ့ဒါတောင် ကျမ ဘယ်လောက်အပျင်းကြီးပြီး ဂျီးများသလဲဆိုရင်
ရခိုင်ငှက်ပျော်သီးကို တစ်လုံးလုံး ၀ါဝင်းနေမှစားပါတယ်။ အမည်းဆက်တွေပေါ်လာရင် မစားတော့ဘူး။
ကျမတို့အိမ်မှာ ကျမနဲ့ မေမေ နှစ်ယောက်ပဲ ရခိုင်ငှက်ပျော်သီး စားတာဆိုတော့ ငှက်ပျော်သီးတစ်ဖီး ကုန်အောင် ကျမ အချိန်မှီ မစားရင် မေမေတစ်ယောက်ထဲမကုန်နိုင်ပဲပစ်လိုက်ရမှာမို့ပါ။ ငှက်ပျော်သီးကို အိမ်နောက်ဖေးမီးဖိုချောင်မှာထား ပါတယ်။ ကျမက ထမင်းဟင်း မချက်တတ်ပဲ စားသာစားတတ်တဲ့သူ ဆိုတော့ များသောအားဖြင့် အိမ်ရှေ့မှာ အနေများပါတယ်။ အိမ်ရှေ့နဲ့အိမ်နောက်ဖေးက ၂၅ ပေပဲကွာ ပါတယ်။ ဒါပေမဲ့ ကျမက တစ်ခါတစ်ရံ စာကျက်နေတဲ့အခါ သိပ်မစာရင် အိမ်နောက်ဖေးသွား ငှက်ပျော်သီး ယူစားရမှာပျင်းပြီးမစားပါဘူး။ ကျမ အကြောင်းသိတဲ့ မေမေက ငှက်ပျော်သီးကို အရံသင့် အခွံနွှာပြီး ပါးစပ်ထဲအထိခွံခဲ့တာမှတ်မိနေပါတယ်။ ကျမ ကိုချစ်လွန်းလို့တော့ မဟုတ်ပါဘူး။ ငှက်ပျော်သီးတွေ အလဟတ်သ ဖြစ်သွားမှာစိုးလို့ပါ။ မေမေက အမြဲပြောပါတယ်။ အသုံးနဲ့အဖြုံးခွဲခြားသိရမယ်။ သုံးပါ၊ မဖြုံးပါနဲ့တဲ့။ ကိုယ့်အတွက်ပိုရင် လိုတဲ့သူတွေ လှူပါတဲ့။ မေမေ့လိုသာ အားလုံး မဖြုံးကြရင် ဘယ်လောက် ကောင်းမလဲ။
မေမေတို့ ငယ်ငယ်က မိန်းခလေးတွေစာတတ်စရာမလိုဘူး။ စာတတ်ရင်ရီးစားစာ ဖတ်တတ်ပြီး အိမ်ထောင်မြန်မြန်ကျမယ်ဆိုတဲ့ အဖွါးတို့ခေတ်ရဲ့အယူအဆကြောင့် မေမေစာမသင်ခဲ့ရပါဘူး။ ဒါပေမဲ့ မေမေရဲ့ အမျော်အမြင်ကြီးမှုတွေက အံ့မခံ စရာပါဘဲ။ ယခုခေတ်ပညာရှင်ကြီးတွေရဲ့ တွက်ချက်မှုက ကမ္ဘာမှာ ချမ်းသာကြွယ်ဝသူတွေနဲ့ မသိနားမလယ်သူတို့ရဲ့အပြုအမူကြောင့် ဆင်းရဲ့တဲ့သူတွေ ငတ်သေ နေရကြောင်း လူသားအားလုံး စည်းနဲ့ကမ်းနဲ့ စားသောက်ကြမယ်ဆိုရင် ကမ္ဘာသားအားလုံးအတွက် အစားအသောက်အလုံအလောက်ရှိပါတယ်တဲ့။
ငှက်ပျော်သီး အခွံက သွားတွေ ကိုဖြူစေရုံသာမက၊ သားရည်နဲ့လုပ်ထားတဲ့ ဖိနပ်၊ အိပ်စသည်တွေကို ပြောင်လက်စေပါတယ်။ ခေါင်းမှာရှိတဲ့ဖေါက်တွေကိုလည်းပျောက်ကင်းစေတယ်လို့
ဆိုပါတယ်။
ငှက်ပျော်ရွက်ကလည်း မုံအမျိုးမျိုးလုပ်စားလို့ရတဲ့အပြင်၊ နိုင်လွန်စသည်တိုက်မိလို့ ကြမ်းတမ်းနေတဲ့ မီးဖူးကို ငှက်ပျော်ရွက်ပေါ်တိုက်ခြင်းဖြင့် ချော်မွေ့စေပါတယ်။
ဒ့ါအပြင် ဆေးရုံ ၊ဓါတ်ခွဲခန်းတွေနဲ့ဝေးကွာတဲ့နေရာက လူနာတွေရဲ့သွေးတွေကို ပို့မယ်ဆိုရင် အထူး ပြုလုပ်ထားတဲ့ စက္ကူအစား ငှက်ပျော်ရွက်ပေါ်သွေးစက်ချ အခြောက်ခံပြီး အသုံးပြုနိုင်ပါတယ်။
India မှာအသုံးပြုခဲ့ဘူးပါတယ်။
ငှက်ပျော်ပင်ကို အနှစ်မရှိတဲ့အပင်ဆိုပြီး ဗုဒ္ဓဘာသာမှာ ဥပမာပေပါတယ်။ အဲ့ဒီ အနှစ်မရှိတဲ့ငှက်ပျော်ပင်
ကို မုန့်ဟင်းခါးမှာထဲ့ချက်စားလို့ရပါတယ်။ ကျမ က မုန့်ဟင်းခါးမှာပါတဲ့ ငှက်ပျော်အူကို အလွန်ကြိုက်ပါ တယ်။ နိုင်ငံခြားရောက်တော့ ငှက်ပျော်ပင် ရှာမရပါဘူး။ မြန်မနိုင်ငံက အခြောက်လုပ်ထားတဲ့ ငှက်ပျော်အူ ကလည်းတစ်ထုပ်လုံးမှ တစ်ခက် နှစ်ခက် လောက်ပဲစားလို့ရတယ်။ မလုပ်တတ်လို့လား၊ လောဘဇော တတ်ပြီး အရင့်တွေပဲထဲ့လို့လားတော့ မသိပါ ဘူး။ ယခုတော့ ပိုကောင်းလား မသိပါဘူး။ ငှက် ပျော်အူ ကြိုက်တဲ့ ဥပါဒါန်ကို ဖျောက်မယ်ဆိုပြီး ငှက်ပျော်အူ မပါတဲ့ ဟင်းပဲစားပါတော့တယ်။
မှတ်မှတ်ရရ ဂျပန်မှာပညာသင်သွားရတုန်းက စစ်အတွင်းက ဂျပန်စစ်ဗိုလ်ဟောင်းတစ်ယောက်က (JICA
Japan International Co operation Agency) ဂျပန်နိုင်ငံတကာအထောက်အပံ့ပြုစင်တာမှာရှိတဲ့ မြန်ကျောင်းသားတွေကိုသူ့အိမ်ဖိတ်ပြီးထမင်းကျွေးလေ့ရှိပါတယ်။ (သူမြန်မာနိုင်ငံမှာ စစ်ရှုံးပြီးထွက်ပြေး နေရတဲ့ အချိန်မှာ မြန်မာတွေက ကယ်ခဲ့တယ်လို့ပြောပါတယ်။ သူ့အိမ်ရောက်တော့ ပန်းခြံထဲမှာ အလှ စိုက်ထားတဲ့ ငှက်ပျော်ပင် ၂ တောင်ခန့်အမြင့်ကိုတွေ့ရပါတယ်။ ကျမတို့အဖွဲ့ထဲက အစားမက်တဲ့ သူ တစ်ယောက်က ဟိုမှာငှက်ပျော်ပင်လို့ပြောပါတယ်။
သူက မုန့်ဟင်းခါးချက်ဖို့ရည်ရွယ်ပြီး ပြောလိုက်တာပါ။
ဂျပန်စစ်ဗိုလ်ဟောင်းက အသီးစားဖို့ထင်ပြီး ငယ်သေးတယ်မရသေးဘူးလို့ပြန်ပြော ပါ တယ်။ ငှက်ပျော်ပင်က အပူပိုင်းဒေသက အပင်မို့ အေးတဲ့ဂျပန်နိုင်ငံမှာ အထူးဂရုစိုက်ပြီး စိုက်ရတာပါ။ ဒါတောင်အပင်ပဲဖြစ်ပြီး အသီးမသီးပါဘူး။ သူ တယုတရစိုက်ထားတဲ့ အပင်ခုတ်မယ်ဆိုရင်တော့ ထမင်းမကြွေးပဲ ရိုက်ထုတ်မှာသေခြာပါတယ်။
အပျိုကြီးတွေသေရင် ငှက်ပျော်ပင်ဖက်သေရမယ်လို့ အမနာပ ပြောတာတွေလည်းရှိပါတယ်။ အဲ့ဒီလို အဖိုမတန်ဘူးလို့ အများကသတ်မှတ်ထားတဲ့ ငှက်ပျော်ပင်က အသီးအရွက်ပါမက ပင်စည်ကြီးပါ မကျန်တစ်ပင်လုံး လူတွေအတွက်အသုံးဝင်ပါလား။ ၃၁ ဘုံမှာအကောင်းဆုံးဖြစ်တဲ့ လူ့ဘ၀ရနေတဲ့ ငါကရော် ငှက်ပျော်ပင်လောက်မှ အသုံးဝင်ရဲ့လားလို့ အခါခါ စဉ်းစားနေမိပါတယ်။
blog စလုပ်ပြီး ၆ လ မှာညာဘက်လက်ချောင်းတွေကွေးလို့မရလို့ hand specialist နဲ့ပြတော့ sterioid တွေလက်ဖ၀ါးထဲထိုးပေးပြီး computer မှာ စာရိုက်တာ တွေလျော့ပါတဲ့ နောက်တခါ ပြန်ဖြစ်ရင် ခွဲရမယ်ဆိုလို့ စာရေးတာနည်းနည်းလျော့ထားပါတယ်။ ဒီကြားထဲ အရင်ကရေးထားတဲ့ ဆောင်းပါးတွေ ဖွင့်လို့မရတာ၊ internet explorer ဖွင့်မရတာတွေကြောင့် ရယ်၊ ရေးစရာလည်း သိပ်စဉ်းစားမရတာ တွေ ကြောင့်ပါလို့ အဖြေပေးရင် ဆောင်းပါးတွေ မဖတ်ရတာကြာပြီလို့ဆိုလာတဲ့ မောင်လေး နွေတေးရှင်း(မင်းဧရာ) ကျေနပ်ပါစေလို့ မျှော်လင့်ရင်း
ဒီပိုစ့်လေးကိုတင်လိုက်ပါတယ်။
ငှက်ပျောပင်မှာပါတဲ့ အာဟာရဓါတ်တွေကိုအောက်မှာကူးယူဖေါ်ပြလိုက်ပါတယ်။
Banana fruit (Musa acuminata colla),
Nutritive Value per 100 g
(Source: USDA National Nutrient data base)
Principle Nutrient Value Percentage of RDA
Energy 90 Kcal 4.5%
Carbohydrates 22.84 g 18%
Protein 1.09g 2%
Total Fat 0.33 g 1%
Cholesterol 0 mg 0%
Dietary Fiber 2.60 g 7%
Vitamins
Vitamin B12 20 µg 5%
Niacin 0.665 mg 4%
Pantothenic acid 0.334 mg 7%
Vitamin B6 0.367 mg 28%
Vitamin B2 0.073 mg 5%
Vitamin B1 0.031 mg 2%
Vitamin A 64 IU 2%
Vitamin C 8.7 mg 15%
Vitamin E 0.10 mg 1%
Vitamin K 0.5 µg 1%
Electrolytes
Sodium 1 mg 0%
Potassium 358 mg 8%
Minerals
Calcium 5 mg 0.5%
Copper 0.078 mg 8%
Iron 0.26 mg 2%
Magnesium 27 mg 7%
Manganese 0.270 mg 13%
Phosphorus 22 mg 3%
Selenium 1.0 µg 2%
Zinc 0.15 mg 1%
Phyto-nutrients
Carotene-α 25 µg --
Carotene-ß 26 µg --
Lutein-zeaxanthin 22 µg --
Posted by ဒေါ်စိုး

Wednesday, May 22, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment