>
ချင်းတွင်းဒေသကို ကိုကြီးကျောက်တို့ field ဆင်းတုန်းက စခန်းချနေတဲ့မြို့လေးက ကနီတဲ့၊ မုံရွာရဲ့အထက် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းမှာ ရှိတာပေါ့၊ သူနဲ့မျက်နှာချင်းဆိုင် အရှေ့ဖက်ကမ်းမှာကနဲ
ဆိုတဲ့ရွာလေး၊ မုံရွာကနေ ကနီကိုသွားချင်ရင် မော်တော်စီးသွားရင်သွား ဒါမှမဟုတ် တရက်မှ
တစီးရှိတဲ့ ကန်နဲကားကိုစီးရင်စီး၊ ကနဲရောက်တာနဲ့ ကနီဖက်ကို ကူးတို့လှေလေးစီးလိုက်ရင်ရောက်ပြီ၊
မြို့လေးကမြစ်အနောက်ဖက်ကမ်းမှာ ဆိုတော့ ကိုကြီးကျောက်တို့ရောက်တုန်းက မော်တော်ကားလဲမရှိဘူး၊ ကတ္တရာလမ်းလဲ မရှိဘူး၊တစီးထဲသော မီးသတ်ကားကလဲ ဘီး ၄ ဘီးလုံး မရှိတော့လို့ သစ်တုံးတွေ ခုထားရတယ်၊ လူကလဲ ကမ်းနားတဝိုက်ပဲ စည်တယ်၊ ကိုကြီးကျောက်တို့ရောက်တော့ ရန်ကုန်ကလာတဲ့မြို့ကြီးသား အရာရှိလေးတွေ လူချောလေးတွေ ( အဟင်း..ကိုယ့်ကိုယ်ကို ဖေါ်ရာတောင်ကျသွားပြီ..အင်း..မှန်တာပြောတာပါလေ..ကိစ္စ မရှိပါဘူး) ဆိုပြီး ကနီက အပျိုတွေကြား ရင်သိမ့်တုန်စရာတွေပေါ့လေ၊ တယ်လဲဖေါ်ရွေပျူငှာကြတာပဲ ၊ ကိုကြီးကျောက်တို့ကလဲ ရောက်ကထဲက တည်းတဲ့မြို့ခမ်းမမှာ ဖဲရိုက်လိုက်ကြ၊ အရက်သောက်လိုက်ကြနဲ့ နေကြတာပေါ့၊
အဲဒီအချိန်က အဆိုတော်မေဆွိရဲ့ ခေတ်ဟောင်းအဆိုတော်ကြီးတွေ ဖြစ်တဲ့ ဒေါ်ကြည်အောင်တို့ ဒေါ်မေရှင်တို့
ဒေါ်အေးမိတို့ သီချင်းတွေပြန်ဆိုထားတဲ့ အခွေကလဲခေတ်စားနေချိန်ပေါ့၊ အဆိုတော်ကြီးဒေါ်အေးမိရဲ့ ...သိကြားမင်းဖျက်တောင်..မပျက်နိုင်ပါဘူးရှင်..ပျို့စိတ်ထဲက မောင့်ကိုသာချစ်ခင်....အစချီတဲ့ မေတ္တာအရင်းခံ သီချင်းမှာ..အရက်သောက်တာ မြင်းလောင်းတာတွေစုံလင်...ဒါ့ထက်တောင် ကဲအုန်းကွယ်..ဆယ်ဆပင်.. အေးမေတ္တာ သို့ပေမဲ့ မပျက်ပေါင်ရှင်.. လို့ ဆိုထားတာကို..၊ကိုကြီးကျောက်တို့စတည်းချတဲ့နားက အပျိုမများက ခနခနဖွင့်ပြီး ဖဲရိုက်တာ လို့တောင်ဖြည့်ပြီးဆိုလိုက်ကြသေး၊
ကဲ...ဒီလိုဆိုတော့ သားမယားတွေထားခဲ့ပြီး ကနီမှာ လာပြီးအလုပ်လုပ်ကြတဲ့ မောင်ကြီးတွေ ရုန်းမထွက်နိုင်ပေဘူးပေါ့၊ ဒါ့ကြောင့် ချင်းတွင်းမြစ်ရိုးသူတွေ
ခမြာ စာဆိုတောင်ခံရတော့တာပဲ ..ကနီကနဲ လင်ခိုးရဲတဲ့၊ မုံရွာသူ ကြုံရာယူတဲ့၊ ဟုတ်မဟုတ်တော့ ဆရာဂျစ်တို့ တော်ကီတို့ ကိုရွာသားတို့ မေးကြည့်ကြပါတော့..၊ ကိုကြီးကျောက်သူငယ်ချင်း မုံရွာသူများကတော့ ခုထိအောင် အပျိုကြီးတွေပါပဲ..ကြုံရာယူမရလို့နဲ့တူပါရဲ့..၊
ကိုကြီးကျောက်တို့က ကနီနယ်ထဲက ကဲတောင်ဆိုတဲ့ ရွာလေးမှာ စခန်းချတော့ တလတခါဆိုသလို ကနီကို ရုံးကိစ္စအတွက်ဆင်းရတယ်၊ ကဲတောင်က ကနီအထက် နေ့တဝက်လောက်မော်တော်နဲ့ဆန်တက်ရတာပေါ့..၊ တရက်မှာတော့ ကနီကိုဆင်းစရာအကြောင်းရှိတော့ ကဲတောင်ကနေ မော်တော်လေးစီးပြီးစုန်လာတယ်..၊ ချင်းတွင်းမြစ်ရေကလဲ ဧပြီလဆန်းဆိုတော့ ရေကတော်တော် နဲနေပြီ၊ အနက်ဆုံးနေရာတောင် ၃ ပေလောက်ပဲရှိတယ်၊ ရေလေးကလဲ ကြည်ပြီးစိမ်းလဲ့နေလိုက်တာ..၊ မြစ်ကြောင်းကျဉ်းချိန်ဆိုတော့ ကိုကြီးကျောက်တို့ ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးရင် ဟိုဖက်ကမ်းသည်ဖက်ကမ်း အသာလေးရေကူးသွားလိုက်တာပဲ၊
ကိုကြီးကျောက်စီးလာတဲ့မော်တော်ကလဲ တလမ်းလုံး ဟိုနေရာ သောင်တင်လိုက် ဒီနေရာသောင်တင်လိုက်၊ တပျော်တပါး ရေထဲဆင်းတွန်းလိုက်ကြ..၊
တွန်းမရရင် ဂွဲကြိတ်လိုက်ကြ၊ ဂွဲကြိတ်တယ်ဆိုတာက မြစ်ထဲမှာ သစ်သားဂွဲတိုင်စိုက်ပြီး မော်တော်ကို ရေနက်ထဲကျအောင်ကြိုးနဲ့ ဂွဲတိုင်မှာချည်ပြီးချရတာမျိုး..၊ ဒီလိုနဲ့ ညနေသာစောင်းသွားတယ် မော်တော်က ကနီကို မရောက်သေးဘူး၊ တနေ့လုံးလဲ ဘာမှ ကောင်းကောင်းမစားရသေးတော့ ဆာကလဲဆာနေပြီ..၊ မော်တော်ကလဲ ကနီအထက် ၆ မိုင်လောက်မှာသောင်တင်နေတုန်း..၊ ဒါနဲ့ ကိုကြီးကျောက်လဲ ဒီလိုတော့ မဖြစ်ချေဘူး..ဆာဆာနဲ့ မော်တော်ပေါ်တညလုံး ပုဆိုးခြုံပြီးကွေးမနေတော့ဘူး ကနီရောက်အောင် လျှောက်မှဆိုပြီး အနားရှိတဲ့ တံငါလှေလေးကို အရှေ့ဖက်ကမ်းပို့ခိုင်းပြီး လမ်းစလျှောက်တော့တာပဲ၊
လျှောက်စကတော့ နေရောင်ကလဲရှိသေးတော့ လျှောက်ရတာ
အဆင်ပြေတာပေါ့လေ..၊ အဝေးက ကနီတောင်ပေါ်ဘုရားကိုလဲ လှမ်းမြင်နေရတာပေါ့၊ ၂မိုင်လောက်လဲ လျှောက်ပြီးရော တဖြေးဖြေး မှောင်လာတယ်..၊ မြစ်နံဘေး ပြောင်းဖူးခင်း၊ မြေပဲခင်းတွေ ကြားလျှောက်ရတာဆိုတော့ လမ်းကလဲ ကောင်းကောင်းမရှိဘူး၊ အဝေးမှာမြင်နေရတဲ့ ကန်နီတောင်ပေါ်ဘုရားမီးရောင်ကို ဦးတည်ပြီးလျှောက်နေရတာ..၊ မြေပဲခင်းထဲက မြွေတွန်သံကြားတော့မှ ...ဟယ်...ညနေနေဝင်ဖြိုးဖြ မြွေအစာရှာထွက်ချိန်ပဲ..၊ ဘိနပ်ကလဲ တောစီးဘိနပ်မဟုတ်ဘူး..၊ ညှပ်ဘိနပ်... နဲနဲတောင် ရင်ခုံသွားတယ်..၊
ဒါပေမဲ့ ဘဂဝါဟိုက်စကူးမှာ တနှစ်တဝါ စာသင်လာတဲ့ ဘုန်းကြီးကျောင်းသားလက်ဟောင်းကျောက်ပဲ..၊အေးဆေးပေါ့.ပရိတ်ကြီး ၁၁ သုတ်လုံးရွတ်လာလိုက်တာ ..ရွတ်ရင်းနဲ့နောက်စဉ်းစားမိတယ်..၊ ဟာ.....အင်္ဂုလိမာလသုတ်တော့ ရွတ်လို့မဖြစ်ချေဘူး..၊ နေ့စေ့လစေ့ မြွေပွေးမများကြားရင်တော့ မြွေပွေးလေးတွေပေါက်ကုန်ရင်တော့ ပြဿနာပဲပေါ့..၊ ရှောင်စရာတိမ်းစရာတွေများနေရင် ခက်ချည်ရဲ့ဆိုပြီး ခန္ဓသုတ်ပဲ ရွတ်တော့တယ်..၊
အင်္ဂုလိမာလသုတ်ဆိုတော့ ကိုကြီးကျောက်ရဲ့ သူငယ်ချင်း မင်းချစ်စိန်ကို သွားပြီးသတိရမိတယ်၊ မင်းချစ်စိန်က ပေါင်မြို့သား...မွန်..၊ သူ့မိန်းမက မဒေစီတဲ့၊ မဒေစီကိုယ်လေးလက်ဝန်ရှိလာတော့ မင်းချစ်စိန် အင်္ဂုလိမာလသုတ်ကျက်လိုက်တာ ဗျမ်းဗျမ်းကွဲပါရောလား..၊ မဒေစီ မွေးခါနီးတော့ မင်းချစ်စိန် field ထဲကနေ ခွင့်ယူပြီး ပေါင်ကိုပြန်သွားတယ်၊ မဒေစီ ဗိုက်နာပြီလဲဆိုရော မင်းချစ်စိန်က သူ့အစွမ်းတွေ ပြချင်တော့ အဂုင်္လိမာလသုတ်ကို တရပ်လုံးကြားအောင် ရွတ်ပစ်ပါရောလား..၊ အရပ်ကလဲ မဒေစီမွေးတော့မယ်ပေါ့..၊ ဘယ်ဟုတ်မှာလဲ..လဘက်စားလို့ လေထိုးပြီး ဗိုက်နာတာ..၊ မဒေစီ အစားမှားလို့ဗိုက်နာတိုင်း မင်းချစ်စိန်က ပရိတ်ထွက်ရွတ်လွန်းလို့ မဒေစီခမြာ ဗိုက်နာတယ်တောင်မပြောဝံ့အောင် ဖြစ်သွားရှာတယ်၊ မဒေစီလဲ ကိုကြီးကျောက်တို့ အစအနောက်ခံရတာပဲ..၊ မဒေစီရန်ကုန်လာပြီး ပေါင်ကိုပြန်တော့ မီးရထားနဲ့ပြန်တာကိုး..၊ မဒေစီက သူ့ပစ္စည်းတွေမှာ သူ့နာမည်ရေးထားတယ်...မဒေစီ (ပေါင်) တဲ့..၊ ကိုကြီးကျောက်တို့က နောက်က ဆက်ဖြည့်ပေးလိုက်တယ်..ဖြေးဖြေးကုတ် ယားတတ်သည် လို့..၊
ကိုင်း..ချင်းတွင်းမြစ်ဘေး ပြန်သွားကြစို့.. ကိုကြီးကျောက်လဲ မြေပဲခင်းတွေကြား ခန္ဓသုတ်ပရိတ်တော်ကို ရွတ်လာလိုက်တာ....နာရီဝက်လောက် ကြာတော့ ရွတ်ရတာပျင်းလာပြီ ၊ ဒါနဲ့ ..ကိုကြီးကျောက်လဲ အဲဒီတုန်းက ကိုကြီးကျောက် ဖေးဘရိတ် ခိုင်ထူး နဲ့ပဲ ဆက်လျှောက်တော့တာပဲ...အဝေးဆုံးကို..လှမ်း...လှမ်း...လှမ်းကာ ..လှမ်းနေမယ်..အင်း..အဝတ်လှမ်းတာလား ဘာလှမ်းတာလဲမသိ လှမ်းနေတုန်း နောက်က ကောင်မလေးတွေ ရီသံသဲ့သဲ့ ကြားရသဗျ..၊ ဟာ....ဟန်ကျတာပဲ အဖေါ်ရတာပြီ..ဘယ်ရွာသွားမှာပါလိမ့်..၊ ဒါနဲ့ နောက်လှည့်ကြည့်တော့ ဘယ်သူမှမရှိသူးခင်ဗျ ၊ ဒါဆို အဝေး ကနဲရွာထဲက စကားသံ ရီသံတွေ အပြင်လျှံထွက်လာတာနေမှာပေါ့..၊
ကိုကြီးကျောက် ဆက်လျောက်လာပြန်တော့ ကိုကြီးကျောက်နောက်က ကောင်မလေးတွေရဲ့ တခစ်ခစ် ရီသံက ပိုပို ကျယ်လာပြီး..ကိုကြီးကျောက် နောက်ကထပ်ချပ်ပါလာတော့တာပေါ့..၊ ဒါနဲ့ ရပ်ပြီးနောက်လှည့်ြ့ကည့်လိုက်တော့...ကိုကြီးကျောက်နံဘေးကနေ ဝှီးကနဲ လေတိုး လိုက်ပြီး ရှေ့က ရီသံကြားရပြန်ရောဗျ..၊ အင်း...ဒီနယ်က ကောင်မလေးများကလဲ တယ်လဲ မေတ္တာပိုတတ်လိုက်ကြတာ သရဲဘဝတောင် ကြည်စယ်ကြတုန်း...လို့ ကိုကြီးကျောက်ကတွေးမိတာတာနဲ့..ကဲ...ကိုကြီးကျောက်ရဲ့ မေတ္တာလေးကို အရင်းခံပြီး မေတ္တာသုတ်ရွတ်လိုက်တော့မှ တဖြေးဖြေး အသံတွေဝေးဝေးကျန်နေခဲ့လိုက်တာ ကနဲရွာကူးတို့ဆိပ်ထိအောင်တောင် လိုက်မလာတော့ပါဘူး...၊
(google က ပုံရှာထားပါသည်)
Posted by ရွှေရတုမှတ်တမ်း

Saturday, May 25, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment