ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 22, 2013

- မောင်(ယုချစ်ခဲ့သော)-

>
ဒီနေ့ရာသီဥတုက အတော်သာယာနေသည်။ နေမပူမိုးမရွာ အေးချမ်းတဲ့နေ့လည်ခင်းမို့ ကျူရှင်အပြီး အိမ်ကိုလမ်းလျှောက်ပြန်ရတာ အခါတိုင်းနေ့တွေထက် ပိုလို့စိတ်ထဲဘဝင်ကျနေမိသည်။တစ်ယောက်ထဲအေးချမ်းစွာလမ်းလျှောက်လာရင်း မကြာခင်ချစ်ရသော မောင်တို့အိမ်ရှေ့ရောက်တော့မည်မို့ ရင်ခုန်သံတွေမြန်လာသလိုခံစားမိသည်။သူ့အိမ်ရှေ့အုတ်ခုံလေးမှာ ထိုင်စောင့်နေသော မောင့်ကိုမြင်တော့ လျှောက်လက်စယုခြေလှမ်းတွေ ကရင်ခုန်သံစည်းချက်တွေနှင့်အတူ ပိုလို့မြန်ဆန်လာမိသည်။ ယုကိုတွေ့တော့မောင်ကထိုင်နေရာမှထလာပြီး ယုလက်ထဲကကျူရှင်စာအုပ်တွေလှမ်းယူလိုက်သည်။ “ယုပင်ပန်းလာလား… ဟိုရှေ့ကအအေးဆိုင်လေးမှာ တခုခုထိုင်သောက်ကြရအောင်..ပြီးမှယုကိုမောင်အိမ်လိုက်ပို့ပေးမယ်နော်” “အင်း…မောင့်သဘော” ကျူရှင်အပြန်တိုင်းမောင်နှင့်အတူထိုင်သောက်နေကျအအေးဆိုင်လေးရဲ့ထောင့်ဝိုင်းလေးမှာနေရာယူပြီး အအေးထိုင်သောက်ရင်းစကားတွေထိုင်ပြောကြသည်…. စကားတွေပြောကြသည်ဆိုသော်လည်း တကယ်တမ်းက ယုကသာပြောပြီး မောင်ကနားထောင်သူဖြစ်သည်…. ယုကကျူရှင်ကသူငယ်ချင်းတွေအကြောင်း အိမ်ကအကြောင်းတွေ တရစပ်ပြောပြနေပေမဲ့ မောင်ကထုံးစံအတိုင်း ယုပြောသမျှကိုငေးမောနားထောင်နေလေ့ရှိသည်…. မောင်ပြောပြီဆိုလျှင်လည်း ယုဆံပင်ရှည်ရှည်ပျော့ပျော့လေးတွေကို သူသိပ်သဘောကျကြောင်း၊ ယုလက်ချောင်းသွယ်သွယ်လေးတွေကချစ်စရာကောင်းကြောင်း၊ ယုလမ်းလျှောက်ပုံလေးတွေက
 နွဲ့လျစွာ စိတ်ဝင်စားစရာကောင်းကြောင်းနှင့် ယုရဲ့မိန်းမပီသသော အလှအပများအကြောင်းသာဖြစ်သည်… သမီးရီးစားသက်တမ်းတလျှောက်လုံး ယုလက်ကလေးတွေကို ကိုင်ကြည့်ယုံမှအပ ဘာမှအခွင့်အရေးမယူ တောင်းဆိုမှုတွေမရှိသော မောင့်ရဲ့တန်ဘိုးထားမြတ်နိုးမှုတွေအတွက် ယုဝမ်းသာကြည်နူးရပါသည်… အအေးသောက်လို့ပြီးချိန် စကားတွေလည်းပြောလို့ဝတဲ့အခါ
 မောင်ကယုကို အခါတိုင်းနေ့တွေလိုဘဲ အိမ်လိုက်ပို့ပေးခဲ့ပါသည်….အခါတိုင်းထက်စကားတွေနဲနေသောမောင့်ကို မောင်နေမကောင်းဘူး
လားမေးမိတော့ ကောင်းပါတယ်လို့သာဖြေရင်းမောင်တိတ်ဆိတ်နေခဲ့သည်…. အခါတိုင်းလည်း မောင်ကစကားနဲသူမို့ ယုလည်းဆက်မမေးဖြစ်တော့ဘဲ မောင်နှင့်အတူ ငြိမ်သက်တိတ်ဆိတ်စွာ လမ်းအတူဆက်လျှောက်ရင်း အိမ်နားသို့ရောက်သောအခါ မောင့်ကိုနှုတ်ဆက်လိုက်ပါသည်… “ယုအိမ်နားရောက်ပြီ…မောင်ပြန်တော့နော်… စနေနေ့ကျူရှင်အပြန်ကျရင်မောင့်အိမ်ရှေ့မှာစောင့်နေနော်” …….
မောင့်ဆီကတုန့်ပြန်သံထွက်မလာခဲ့ “မောင်…ယုမေးတာဖြေလေကွာ… မောင်မအားရင်လဲ နောက်နေ့မှတွေ့တာပေါ့” “အင်း… မောင်ပြန်တော့မယ်နော်” ပြောပြီးပြီးချင်းမောင်လှည့်ပြန်သွားခဲ့သည်… ယုစိတ်ထဲမောင်ဒီနေ့ဘာများဖြစ်နေပါလိမ့်လို့ အတွေးဝင်မိသည်.. အိမ်ရောက်တဲ့အထိ စိတ်ထဲမတင်မကျနှင့် မောင်တခုခုတော့ဖြစ်နေတယ်လို့ တွေးရင်း စနေနေ့အမြန်ရောက်ပါစေလို့သာ ဆုတောင်းမိသည်…. ယုမျှော်လင့်ထားသောစနေနေ့ရောက်လာခဲ့ပြီ။ ကျူရှင်ပြန်ချိန်တိုင်းချစ်ရသောမောင့်ကိုတွေ့ချင်စိတ်တွေကခါတိုင်းထက်ပိုလို့ပြင်းပြနေခဲ့သည်။
အရင်တပတ်စနေနေ့က ခါတိုင်းထက်ထူးခြားစွာတိတ်ဆိတ်နေခဲ့သောမောင့် အခြေအနေမှန်ကိုသိချင်နေခဲ့သည်။မောင်တို့ခြံရှေ့ရောက်တော့ခါတိုင်းလိုမောင်ရှိမနေခဲ့။ ဘာလုပ်ရမှန်းမသိစွာ မောင်တို့ခြံရှေ့မှာ ခဏတာရပ်နေမိခဲ့သည်။ မောင်တို့အိမ်ကလူတွေနှင့်ယုမသိသလို ဘယ်သူ့ကိုမှလဲမမြင်ဖူးခဲ့ပါ။ ခြံရှေ့ကလူခေါ်ခေါင်းလောင်းလေးတီးပြီး မေးလိုက်ဖို့အထိလဲ ယုမှာသတ္တိမရှိ။ ဒီအတိုင်းလမ်းလျှောက်လာရင်း အိမ်ကိုပြန်ရောက်တဲ့အထိ လူနဲ့စိတ်နဲ့ မကပ်ချင်တော့။ မောင့်ကိုတွေ့ချင်စိတ်၊ မောင့်အကြောင်းသိချင်စိတ်တွေသာ ပြင်းပြလျှက် ဘာကိုမှစိတ်ပါလက်ပါမလုပ်ချင်တော့။ တပတ်ပြီးတပတ်ကုန်ဆုံးသွားသော်လည်း မောင်ကတော့ မောင်တို့ခြံရှေ့အုတ်ခုံလေးမှာ ယုကိုထိုင်စောင့်မနေခဲ့။ ယုကသာကျူရှင်ပြီးချိန်တိုင်း မောင်များစောင့်နေမလားဆိုသော မျှော်လင့်ချက်နှင့် မောင်တို့ခြံရှေ
့ရောက်ရောက်သွားခဲ့သည်။ တခုသောစနေနေ့ ကျူရှင်ပြန်ချိန်မှာတော့ ယုမျှော်လင့်ထားသောမောင်မဟုတ်ဘဲ မောင်တို့အိမ်ကခြံစောင့်ဟုယူဆရသူတစ်ယောက်ကို ယုတွေ့ခဲ့ရသည်။ ခြံထဲကကားတစင်းထွက်သွားအပြီး ခြံတံခါးပိတ်ရန်ထွက်လာခြင်းဖြစ်သည်။ “ဦးလေး၊ ခဏလေးနေပါဦး၊ မေးစရာရှိလို့ပါ” ထိုဦးလေးကြီးက သူတခါမှမတွေ့ဘူးသောယုကို အံ့သြစွာကြည့်လျှက်ဘာမေးမလို့လဲခလေးမဟုဆိုကာ တံခါးမပိတ်သေးဘဲ လှမ်းပြောတာမို့ ယုအားတက်သွားပြီး ဒီအိမ်က သူရိန်ဆိုတဲ့ကောင်လေးနေမကောင်းဘူးလားဟင်၊မတွေ့တာကြာလို့ပါ ဟုမေးမိတော့ ဦးလေးကြီးမျက်နှာပျက်သွားတာယုသတိထားမိသည်။ သူရိန်ဆိုတဲ့ခလေးက သူ့အဖေနဲ့စကားများပြီးအိမ်ကထွက်သွားတာကြာပြီခလေးမရဲ့… ဦးလေးအလုပ်တွေရှိသေးလို့ အိမ်ထဲပြန်ဝင်တော့မယ် ဆိုကာ ခြံထဲပြန်ဝင်သွားခဲ့သည်။ ယုကြောင်တောင်တောင်နှင့် ခြံရှေ့မှာ မတ်တပ်ရပ်နေခဲ့မိသည်။ ဒါဆို မောင်ဘယ်ရောက်နေတာလဲ၊ ယုနဲ့မောင်နဲ့ ဘယ်လိုလုပ်ထပ်တွေ့ရတော့မှာလဲ၊ မောင်ယုဆီဘာလို့မဆက်သွယ်တာလဲ၊ အတွေးများစွာခေါင်းထဲမှာရှုတ်ထွေးလျှက်မျက်ရည်များကတားစီးမရစွာ ပါးပြင်ပေါ်ဆင်းသက်လာကြသည်။ ယုမောင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာမောင်သိသားနဲ့ကွယ်… ဘာကြောင့်ဘဲဖြစ်ဖြစ်ယုကိုတော့ တနည်းနည်းနဲ့ဆက်သွယ်ခဲ့သင့်တာပေါ့… မောင့်ကိုမေ့ပစ်လိုက်ရမှာလား… မောင်နဲ့ပြန်တွေ့ရမဲ့အချိန်ကို
 မျှော်လင့်စောင့်စားနေရမှာလား.. ဘာကိုဆုံးဖြတ်ရမလဲ ယုအဖြေရှာမရ… ……………………………………………………………………………………………………………… မောင့်ကိုလွမ်းဆွတ်တမ်းတရင်း ယုစက်ရုပ်တစ်ရုပ်လိုသာ အသက်ရှင်နေမိတော့သည်.. လုပ်စရာရှိတာတွေကို အချိန်ဇယားတစ်ခုနှင့်လုပ်ရင်း အပြုံးအရယ်မဲ့ကာ ငေးငိုင်နေတတ်သောယုကို သူငယ်ချင်းများက အားမလိုအားမရဖြစ်ကာ မောင့်ကိုမေ့ပစ်လိုက်ဖို့တိုက်တွန်းကြသည်… ယုဘာမှမတုန့်ပြန်ဖြစ်ခဲ့… တစ်နေ့မှာသူငယ်ချင်းများက စိတ်ပြေလက်ပျောက်သူ့တို့ဈေးဝယ်ထွက်ရာလိုက်ခဲ့ဘို့ အတင်းဆွဲခေါ်ကြတာမို့ ယုသူငယ်ချင်းများနှင့်အတူ ဗိုလ်ချုပ်ဈေးသို့ရောက်ခဲ့သည်… စနေနေ့မို့ လူအများကြီးနှင့် ရှုတ်ယှက်ခတ်နေသောဈေးထဲတွင် ယုခေါင်းတွေနောက်ကျိလာခဲ့သည်။ သူငယ်ချင်းထဲမှနှစ်ယောက်ကလည်း ခေါင်းထဲမှာဖုန်တွေဝင်နေပြီ.. ခေါင်းဝင်လျှော်ကြမလားဟု အဖော်စပ်သောအခါ ယုအလွယ်တကူခေါင်းငြိမ့်ပြရင်း သူတို့နှင့်အတူ ဆံပင်ညှပ်၊ခေါင်းလျှော်၊အလှပြုပြင်သော ဆိုင်လေးထဲသို့လိုက်ဝင်ခဲ့မိသည်… ဆံပင်ညှပ်ဆိုင်ထဲမှာလည်းလူကျနေသဖြင့် ယုအလှည့်ရောက်ဖို့ အကြာကြီးစောင့်နေခဲ့ရသည်။ ဆိုင်ပိုင်ရှင်အန်တီကြီးက ဘာမှဇောတကမတက်ဘဲ ငြိမ်သက်စွာစောင့်ပြီး သူငယ်ချင်းတွေကိုသာ အရင်ဝင်ခိုင်းသောယုကို အားနာလာဟန်ဖြင့် သမီးကခေါင်းလျှော်ရုံဘဲဆိုရင် အန်တီ့မှာ အလုပ်သင်ခလေးတစ်ယောက်တော့အားနေတယ်… သမီးသူနဲ့ဘဲလျှော်မလားဟုမေးသောအခါ ယုခေါင်းသာငြိမ့်ပြလိုက်မိသည်… အန်တီကြီးက သူသူရေ .. ဒီမှာအလုပ်များနေလို့ တစ်ယောက်ကိုခေါင်းလာလျှော်ပေးပါလားဟုလှမ်းခေါ်သောအခါ ဆိုင်အပေါ်ထပ်ထပ်ခိုးပေါ်က ဖြည်းဖြည်းဆင်းလာသူကို ယုလှမ်းကြည့်မိလိုက်သည်။ “ဟင်” အံ့သြခြင်းနှင့်အတူ အသက်ရှုရပ်သွားသလိုခံစားရပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်….

……………………………………………………………………………………………………………

သူငယ်ငယ်လေးထဲက မိန်းခလေးဖြစ်ချင်စိတ်လေးရှိနေခဲ့တာ… အဖေဖြစ်သူကစည်းကမ်းတင်းကျပ်လွန်းလို့ သာယောင်္ကျားလေးတစ်ယောက်လိုနေလာခဲ့ရပေမဲ့ မိန်းခလေးတစ်ယောက်လိုဘဲနေချင်ခဲ့တာလေ… အဖေလုပ်သူရဲ့စကားကိုနားထောင်ချင်လို့ သူ့စိတ်ကိုချိုးနှိမ်ပြီးနေလာခဲ့ရှာပါတယ်… အန်တီနဲ့ကဆွေမျိုးမကင်းတော့ သားအဖတွေ ကတောက်ကဆက်ဖြစ်တိုင်း သိနေမြင်နေရတာ တော်တော်စိတ်ဆင်းရဲရတာ…အန်တီ့ကိုလဲရင်ဖွင့်ရှာတယ်….သူက
 ကောင်မလေးချောချောတစ်ယောက်နဲ့တောင်ချစ်သူဖြစ်ခဲ့သေးတယ်တဲ့… ဒါပေမဲ့ ကောင်မလေးနဲ့တွေ့တိုင်း ကောင်မလေးကိုအားကျပြီး မိန်းခလေးလိုနေချင်စိတ်တွေကပိုပြင်းပြလာခဲ့တာနဲ့ ကောင်မလေးနဲ့မတွေ့တော့ဘဲနေခဲ့လိုက်တော့တယ်တဲ့… အဖေမကြိုက်မှန်းသိလို့ မိန်းခလေးအဝတ်အစားအသုံးအဆောင်တွေကို ဖွက်ထားပြီး အဖေမရှိချိန်တွေမှ အခန်းအောင်းပြီးဝတ်ဆင်လေ့ရှိတာကို အဖေမိသွားတဲ့တနေ့ အကြီးအကျယ်ဒေါသတွေထွက်ပြီး အိမ်ပေါ်ကနှင်ချလိုက်တာတဲ့…အဖေဖြစ်သူသာ နူးနူးညံ့ညံ့ကိုင်တွယ်ခဲ့ရင် ဒီလိုဖြစ်လာပါ့မလားလို့ အန်တီတခါတလေတွေးမိတယ်… ခုတော့ ခလေးကိုသနားလို့သာ အန်တီကအလုပ်သင်သဘောမျိုးဆိုင်မှာခေါ်ထားတာ… သူ့အဖေကအန်တီ့ကိုတောင်စကားမပြောတော့ဘူးလေ.. ဆိုင်ရှင်အန်တီကြီးပြောပြသောစကားတွေကို သူငယ်ချင်းတစ်ယောက်ရဲ့ပုခုံးကိုမှီထားရက်ကနေ နားထောင်နေမိသောယုတစ်ယောက် ငြိမ်သက်စွာနားထောင်ရင်း မျက်ရည်တွေကျနေမိသည်။ ယုနဲ့မောင်ရဲ့ဇာတ်လမ်းကတကယ်ကိုပြီးဆုံးသွားခဲ့ပြီ…လှေခါးပေါ်မှနွဲ့လျစွာဖြည်းဖြည်းလေးဆင်းလာသော
 မောင့်ပုံရိပ်ကမျက်ဝန်းထဲကမထွက်… ခြေသည်းနီဆိုးထားတဲ့မောင့်ခြေဖျားလေးကိုမိန်းခလေးတစ်ယောက်
ရဲ့ခြေဖျားလေးလို့သာယုထင်ခဲ့တာ… ခြေမျက်စိဖုံးအောင်လုံချည်ဝတ်ထားတာလေးနဲ့ညာဘက်ကိုဖုံးဝတ်
ထားတာကယုနဲ့အတူတူမို့ သူ့မျက်နှာလေးကိုကြည့်ချင်စိတ်နဲ့မျက်နှာမလွှဲစောင့်ကြည့်မိခဲ့တာ…မောင့်မျက်နှာကိုတွေ့လိုက်ရတဲ့အခါ ဘာဆက်ဖြစ်ခဲ့လဲ ယုမှတ်ကိုမမှတ်မိတော့… သူငယ်ချင်းကပြောတော့ ဆံပင်ညှပ်ဆိုင်ထဲကနေမောင်ထွက်ပြေးသွားတယ်တဲ့… တကယ်တော့မောင်ထွက်ပြေးသွားခဲ့တာဆံပင်ညှပ်ဆိုင်ထဲကမှမဟုတ်တာ… ယုနှလုံးသားထဲကနေမောင်ထွက်ပြေးသွားခဲ့တာ…. မောင့်ကိုမျှော်လင့်လို့မရတော့ဘူးဆိုတာကို နာကျင်စွာနဲု့လက်ခံလိုက်ပါပြီမောင်… မောင်ပျော်ပါစေလို့ဆုတောင်းရင်း နောက်ဆုံးအနေနဲ့
 မောင်လို့တိုးတိုးလေးခေါ်လိုက်ပါရစေ”မောင်”

**Rose of Sharon**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)