>
လူအများစု သူတို့ရဲ့ ရည်မှန်းချက်တွေကို မအောင်မြင်ကြတဲ့ အကြောင်းအရင်းတစ်ခုကတော့ ရှုံးနိမ့်မှာကို ကြောက်နေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သတိမပြုမိကြတဲ့အချက်တစ်ခုကို သင်သိပါသလား? အဲဒါကတော့ အောင်မြင်မှုကို ကြောက်ရွံ့ခြင်းပါပဲ။
ရှုံးမှာကို ကြောက်ခြင်းဟာ လူတွေကို မလှုပ်ရှားနိုင်အောင် လုပ်တယ်၊ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူး၊ တစ်ခုခုကို မလုပ်ဆောင်နိုင်စေဘူး။ ဒီလိုစိတ်အခြေအနေမျိုးက သတိပြုမိဖို့လွယ်ကူပါတယ်။ အဲဒီစိတ်ကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ စာအုပ်တွေလည်း အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို ကြောက်ရွံ့ခြင်းကတော့ ပိုပြီး နက်နဲတယ်။ သတိထားမိဖို့ခက်တယ်။ ဖျောက်ဖျက်ပစ်ဖို့ကတော့ ပိုပြီး ခက်ခဲပါတယ်။
သင့်မှာလည်း အဲဒီလို ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။ အောင်မြင်မှုကို ကြောက်နေတယ်ဆိုတာကို ပြတဲ့ အချက်တွေကတော့ ဒီမှာပါ။
အောင်မြင်ရေး တက်ကျမ်းတွေ၊ တိုးတက်ရေး စာအုပ်တွေ အများကြီး ဖတ်တယ်၊ လေ့လာတယ်။ ဒါပေမယ့် သင့်ဘ၀က တိုးတက်မလာတဲ့အပြင် ပိုဆိုးလာနေတယ်။
သင်ဟာ သင့်ကိုယ်သင် သင်လုပ်နိုင်တယ်လို့ ထင်တာထက် လျှော့လုပ်နေတယ်။
ကိစ္စအသစ်တစ်ခုခုကို စိတ်အားထက်သန်မှုအပြည့်နဲ့ စလုပ်တယ်။ ဒါပေမယ့် ခဏလုပ်ပြီးတော့ မပြီးခင်မှာပဲ အားထုတ်မှုတွေ လျော့သွားတယ်၊ ဒါမှမဟုတ် ရပ်ပစ်လိုက်တယ်။
အပေါ်က ဖော်ပြထားတဲ့အချက်တွေထဲက သင်နဲ့တူတဲ့ အချက်တစ်ခုခု ရှိသလား။
အောင်မြင်မှုကို ကြောက်တဲ့စိတ်ဟာ သင့်ကို နောက်ပြန်ဆွဲထားလေ့ရှိတယ်။ ဒီအောက်က စာရင်းကို ကြည့်လိုက်ပါ။ ဒါတွေကတော့ အောင်မြင်မှုကို ကြောက်တဲ့စိတ်ရဲ့ အရိပ်လက္ခဏာတွေပါပဲ။
အချိန်ဆွဲခြင်း – လုပ်မှဖြစ်မယ့်အရာတွေကို အချိန်ရွှေ့ဆိုင်းတာ၊ ဒါမှမဟုတ် သင်လိုချင်တဲ့ရလာဒ်ကို ပေးနိုင်မှန်းသိပေမယ့် အဲဒီအလုပ်ကို အချိန်ဆွဲနေတာ။ လူတိုင်းလူတိုင်းဟာ တစ်ချိန်တစ်ခါတော့ သူတို့ကိုယ်တွင်းက အဲဒီ သရဲတစ္ဆေကို ကြုံဖူးကြတာပါပဲ။
အချိန်ဆွဲခြင်းဟာ အောင်မြင်မှုကို သတ်ပစ်တယ်။ သင်ဟာ ရှေ့ကို ခြေလှမ်းတစ်လှမ်းမှ မလှမ်းဘဲနဲ့ သင်ရည်ရွယ်ရာကို ဘယ်လိုရောက်ဖို့ မျှော်လင့်ပါသလဲ။ သင့်ရည်မှန်းချက်ကို ပိုပြီးနီးလာစေမယ့် ခြေလှမ်းငယ်လေးတွေကို နေ့စဉ်လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြပါ။ လက်တွေ့ဆောင်ရွက်ပါ။ ဘယ်လိုဆောင်ရွက်မှုမျိုးပဲဖြစ်ဖြစ် စလုပ်ပါ။ သင်သွားနေစဉ်မှာ သင့်ခြေလှမ်းတွေကို ပြန်ဆန်းစစ်ပါ၊ ဒါပေမယ့် ဘာမှမလုပ်ဘဲ ထိုင်နေတာမျိုးတော့ မလုပ်ပါနဲ့။
လက်တွေ့လုပ်ဆောင်ခြင်းဟာ အောင်မြင်မှုတံခါးကို ဖွင့်မယ့်သော့ပါပဲ။
သင့်ရဲ့ လုပ်ဆောင်ခြင်းတွေက သင့်ကို သင့်ရည်မှန်းချက်နဲ့ ဝေးရာကို ခေါ်ဆောင်သွားရင်တောင်မှ သင်ဟာ ဘယ်ဟာက အလုပ်မဖြစ်ဘူးဆိုတာကိုတော့ အသိအမြင် ရလိုက်ပါလိမ့်မယ်။
ခြောက်ပစ်ကင်း သဲလဲစင် (perfect) ဖြစ်ဖို့ ကြိုးစားခြင်း – ဒါဟာလည်း အပေါ်က ဖော်ပြထားတဲ့အချက်နဲ့ အကျိုးသက်ရောက်မှုခြင်းက အတူတူပါပဲ။ သင်ဟာ ရှေ့ကို ရွေ့နိုင်မှာမဟုတ်ပါဘူး။
ပြဿနာများကိုပဲ မြင်ခြင်း – သင့်ရဲ့ အာရုံစူးစိုက်မှုကို သင် ဘယ်လိုအသုံးပြုပါသလဲ? သင်ဟာ အခက်အခဲတွေနဲ့ ပြဿနာတွေကိုပဲ အဆက်မပြတ် မြင်နေတတ်သလား။ ဒီလိုဆိုရင်တော့ နေ့ချင်းညချင်း ပြောင်းလဲဖို့ ကြိုးစားနေခြင်းဟာ အဓိပ္ပါယ်မရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီစိတ်အခြေအနေကို သင့်ရဲ့ အောင်မြင်မှုအတွက် အသုံးချနိုင်တယ်။
“ပြဿနာတွေချည်းပဲ မြင်နေတဲ့စိတ်ကို အောင်မြင်မှုအတွက် ဘယ်လိုအသုံးချနိုင်လဲ” လို့ သင်က မေးမယ်။
ပြဿနာတွေကို ကြည့်ပါ။ ပြီးတော့ အဲဒါတွေကို ဖြေရှင်းနိုင်ဖို့ အစီအစဉ် (plan) တစ်ခုလည်း ကြိုပြင်ထားပါ။ တစ်ခုခုကို ကျော်လွှားနိုင်တဲ့အခါတိုင်း သင့်ကိုယ်သင် ချီးကျူးပါ။ နောက်ထပ် အခက်အခဲပြဿနာတွေကိုပဲ မြင်နေသေးတယ်ဆိုရင် တခြားပြဿနာတွေကိလည်း သင်ဘယ်လိုကျော်လွှားနိုင်ခဲ့တယ်ဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
သင် ဘယ်လောက်ဝေးဝေး ရောက်ခဲ့ပြီဆိုတာ ကြည့်လိုက်ပါ။ ပြဿနာတွေကို အချက်အလက်ရှာဖွေဖို့ အသုံးပြုပါ။ ဒါဟာ အခုဖြစ်နေတဲ့ ပြဿနာလား။ ဒါဆို ဖြေရှင်းပါ။ ဒါဟာ ဖြစ်လာနိုင်တဲ့ ပြဿနာလား။ ဒါဆိုရင်တော့ အစီအစဉ်တစ်ခုကို လုပ်ထားပါ။ ပြင်ဆင်ထားပါ။ ဒါပေမယ့် အဲဒီပြဿနာရဲ့ အတွေးထဲမှာပဲ ညပ်မိမနေပါစေနဲ့။
သင့်ရဲ့ခရီးကို ပျော်ရွှင်ခံစားပါ။ အပေါ်က လမ်းညွှန်ချက်တွေအတိုင်း လိုက်သွားပါ။ သင်ဟာ အောင်မြင်မှုကို ရယူနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ‘အောင်မြင်မှုကို ကြောက်တဲ့စိတ်’ တွေ နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီး သင့်ရဲ့ တိုးတက်ရေးခရီးမှာ ရှေ့ကို အများကြီး ရောက်နေပြီးသား ဖြစ်ပါလိမ့်မယ်။
Ref: Are You Afraid of Success? by Ministry of Education, St. Kitts & Nevis
**Hlyan Htet Oo**

Wednesday, May 22, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment