ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 22, 2013

-ဘာမှမသိလိုက်ရတဲ့ ဂျာနယ်လစ်-

>
သိကြားမင်းက မြန်မာ့အလင်းဖတ်ပြီး ခေါင်းခါတယ်။ ပြီးတော့ သူ့ရှေ့မှာ ရှိနေတဲ့ တာဝတိံသာ သတင်းထောက်ကို ပြောတယ် ... “ဟဲ့ ... မြန်မာပြည်မှာ လွှတ်တော်အစည်းအဝေးက တစ်ရက်ကို ခဏလေးလုပ်လုပ်ပြီး ရက်တွေ ကြာလှပါလားဟဲ့ ... အဲဒါ ဘာကြောင့်လဲဆိုတာ မင်းနဲနဲ သွားစုံစမ်းစမ်း ...” “Yes , Boss”
တာဝတိံသာသတင်းထောက်လည်း Harry Potter ဇာတ်ကားထဲကလို ဖောက်ကနဲ ပျောက်ပြီး ချက်ချင်းပဲ လွှတ်တော်ခန်းမထဲက ကျိုင်းကြီးရှေ့မှာ ဘွားကနဲ ပေါ်လာတယ် ... “ဟဲ့ .. ပလုတ်တုတ်” စာရွက်ထဲက စာသားကို အပီအပြင် ဖတ်ပြဖို့ပြင်နေတဲ့ လွှတ်တော်နာယကကြီး လန့်အော်တယ် ... “ဟင်” “ဟာ” လွှတ်တော်အမတ်တွေထဲကလည်း ကျွတ်စီကျွတ်စီနဲ့ အသံတွေ ထွက်လာတယ်။ အိပ်ငိုက်နေတဲ့ အမတ်တွေလည်း မျက်လုံးပွတ်ပြီး အံ့ဩသွားကြတယ်။ နောက်မှ လွှတ်တော်နာယကကြီးက သတိဝင်လာပြီး ... “ဟဲ့ .. လွှတ်တော်ထဲကို ဘယ်သတင်းထောက်မှ ပေးမဝင်ပါနဲ့ဆိုတာ မင်းက ဘယ်လိုရောက်လာတာတုန်း ... လုံခြုံရေးတွေ ဘာလုပ်နေတာလဲ” “ငှဲ ငှဲ ငှဲ ... ကျုပ်ကို ဘယ်လုံခြုံရေးကမှ တားလို့မရဘူးဗျ ... ကျုပ်က သာမန်လူ့ပြည်က ဂျာနယ်လစ်မဟုတ်ဘူး .. တာဝတိံသာသတင်းထောက်ဗျ .. သိကြားမင်းက မြန်မာပြည်မှာ လွှတ်တော်အစည်းအဝေး ဘာကြောင့်ကြာနေရလဲဆိုတာ မေးခိုင်းလို့ လာမေးတာ .. ကဲ .. လွှတ်တော်နာယကကြီး ရှင်းစမ်းပါဦးဗျ ...” လွှတ်တော်နာယကကြီး တွေဝေသွားတယ် …။ ပြီးမှ မျက်မှန်ကိုချွတ် ခေါင်းရမ်းရင်း ... “ကျုပ်လည်းမသိဘူးဗျ ... နေဦး .. ပြည်သူ့လွှတ်တော် ဥက္ကဌကြီးများ သိမလားမသိဘူး ... သွားမေးကြည့်ပါလား ...” အဲဒီတော့ တာဝတိံသာသတင်းထောက်လည်း ရှာမေးရတော့တာပေါ့ ... “.........?” “ဘာတွေ လာမေးနေတာလဲ .. သမ္မတမလုပ်ရလို့ တင်းနေတယ်နော် .. ကျုပ်လည်းမသိဘူး .. သွားဗျာ ... သိချင်ရင် သမ္မတကြီးကိုသာ သွားမေးပေတော့ ...” တာဝတိံသာသတင်းထောက်လည်း မိန့်မိန့်ကြီး အိပ်ငိုက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း၊ ဘာဟောင်း ညာဟောင်း လက်ရှိသမ္မတ အသစ်ချပ်ချွတ်ကြီးကို သွားမေးရတယ် ... သူကတော့ ပြတ်တယ်။ တစ်လုံးတည်း ဖြေတယ် ... “မသိဘူး” ပြတ်ကရော ...။ အဲဒါနဲ့ တာဝတိံသာသတင်းထောက်လည်း ခေါင်းခြောက်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ သိကြားမင်းကို အစီရင်ခံစာ တင်လိုက်တယ် ... “သိကြားမင်းကြီးခင်ဗျား .. မြန်မာပြည်က လွှတ်တော်အစည်းအဝေး ဘာကြောင့် ကြာနေရသလဲဆိုတာ မြန်မာနိုင်ငံ သမ္မတကြီးတောင် မသိရတဲ့အတွက် သိကြားမင်းကြီးလည်း မသိချင်ပါနဲ့တော့လို့ အစီရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား ...” ပြတ်ကရော ... ။ ။

 ရေးသူ- နွေဆူးလင်္ကာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)