ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 22, 2013

-မီးတကာ့မီး

>
(က)
 အေးမြ စိတ်တွေ လောင်မြိုက်နေသည်။ သီလရှင်ဝတ်ခဲ့တဲ့ တစ်လတာအတွင်းမှာ သူ့စိတ်နှလုံးတွေ ငြိမ်ဝပ်နေခဲ့သလောက် ခု ပြန်ထွက်ရတော့မယ်လည်းဆိုရော ငုပ်နေတဲ့ အပူမီးတွေက ဟုန်းကနဲ ထတောက်လေတော့၏။ မနက်ဖြန်…၊ မနက်ဖြန်ဆိုရင် ကိုတင်ထွန်း လာခေါ်ချေတော့မည်။ လူ့ဘောင်ထဲ ပြန်ဝင်ကာ လောကီရွှံ့နွံထဲ တစ်စတစ်စ နစ်ဝင်ရပြန်ဦးတော့မည်။ အေးမြ မလိုက်ချင်ပါ။ ဆရာလေးတို့နဲ့ အေးမြ နေပျော်သည်။ တစ်နေ့ကို မနက်စာ နေ့လည်စာ ၂နပ်ပဲ စားပြီး ကျောင်းအလုပ်၊ ဆရာလေးတို့ အလုပ် ၀ိုင်းကူရင်း တရားအားထုတ်နေရတာလောက် အေးမြစိတ်တွေ ငြိမ်းချမ်းနေတာ မရှိနိုင်ဟု အေးမြ ထင်သည်။ သို့သော် အေးမြက လင်ယူမိခဲ့ပြီ။ အမေပေးစားသော ကိုတင်ထွန်းနှင့် အိမ်ထောင်ကျကာ သားတစ်ယောက် သမီးတစ်ယောက် ကလေးနှစ်ယောက်ပင် ရခဲ့ပြီ။ ကိုတင်ထွန်းသည် အေးမြနှင့်မရခင်က ရိုးသားကြိုးစားသလောက် အေးမြနှင့်ရပြီးမှ အသောက်အစားတင်မက လောင်းကစားပါ ဖက်လာတာဟာ အေးမြအတိတ်ကံကြောင့်ပဲဟု လွယ်လွယ်ပုံချနိုင်ခဲ့ပါသည်။ သို့သော်မလွယ်သည်က ကိုတင်ထွန်း၊ ကလေးနှစ်ယောက်ရပြီးသည့်တိုင် အချိုးကမပြောင်းတော့။ စီးပွားရေးမပြေလည်တော့လည်း လင်မယား တကျက်ကျက်။ နောက်ဆုံးတစ်ခေါက်မှာတော့ ဒင်းက အေးမြကို ကိုယ်ထိလက်ရောက်ရိုက်နှက်လာခဲ့တာမို့ အေးမြ ဘယ်လိုမှ သည်းမခံနိုင်တော့။ ကလေးနှစ်ကောင်လက်ဆွဲပြီး အမေတို့အိမ် ဆင်းချလာခဲ့တော့သည်။ သွေးပူဒေါသတွေနဲ့ ပူလောင်လျှက်က တစ်ရက်နဲ့ လာမခေါ်၊ နှစ်ရက်နဲ့ လာမခေါ်ကနေ တစ်ပတ်လောက်ဖြစ်လာတော့ အေးမြ စိတ်ထဲ ကြိတ်မျှော်နေရာက နာလာသည်။ အမေတို့ကို ခွင့်တောင်းပြီး ကလေးတွေ စိတ်ချလက်ချအပ်ခဲ့ကာ ဆရာလေးကျောင်းသွား သီလရှင်ဝတ်ဖြစ်ခဲ့တော့သည်။ ပျော်သလောက်တော့ ၀တ်မည်ဟု စိတ်ကတွေးသော်လည်း ကိုတင်ထွန်းလာပြန်ခေါ်လျှင် ပြန်လိုက်သွားရကောင်းနိုးနှင့် ရှိနေဆဲ။ အမေတို့ ဆရာလေးကျောင်း လာစဉ် ကလေးနှစ်ယောက် ကို ကိုတင်ထွန်းပြန်လာခေါ်သွားသည်၊ အေးမြကိုတော့ ဘာမှမမေးမမြန်းဟု သိရကာ စိတ်က ဆုံးဖြတ်ချက် ဒုံးဒုံးကျတော့သည်။ သူကြင်မှ ကိုယ်ကြင်ပေါ့ဟု လွမ်းစိတ်ကို အနာနှင့် ချေသည်။ သည်လိုနှင့် ဆရာလေးတို့ဆီမှာ သုံးပတ်ကျော်လာခဲ့ပြီ။ တရားရိပ်ခိုလှုံကာ နေသားတကျရှိလာဆဲမှာပင် ကိုတင်ထွန်းသတင်းကို ကြားရလေသည်။ “အေးမြ ညည်းယောကျာ်း နေမကောင်းဘူး အိပ်ယာထဲလဲနေတာ သုံး-လေးရက်ရှိပြီ၊ ညည်းကို သူလာခေါ်မလို့ဟာ ညည်းပျော်နေရင်လည်း နေပါစေဆိုပြီး မျက်နှာလာမပြတာတဲ့။ ကလေးနှစ်ယောက်က သူတို့အ၀တ် သူတို့လျှော်၊ သူတို့ဖာသာ သူတို့ထိန်းကျောင်းရင်း နေနေကြရတာနဲ့ ငါ အိမ်ကို ပြန်ခေါ်လာတယ်။ တင်ထွန်းနေမကောင်းလို့ အခု သူ့ကိုပါ အိမ်ခေါ်ထား လိုက်တယ်။ နည်းနည်းတော့ သက်သာနေပါပြီ။ သူနေကောင်းတာနဲ့ ညည်း ပြန်လာခေါ်မယ် တဲ့” လွန်ခဲ့သော နှစ်ပတ်လောက်က ဒီစကားမျိုးကြားရရင် အေးမြ ပျော်မိမှာပေမဲ့ ခုတော့ အေးမြ မပျော်တဲ့အပြင် ၀မ်းနည်းသလိုလို ကြီးတောင် ဖြစ်လာရသည်။ အေးမြ ဆရာလေးတို့ကျောင်းမှာ နေပျော်၊ တရားရိပ်အောက်မှာ မွေ့လျော်စပြုခဲ့ပြီ။ ကလေးတွေ မျက်နှာမြင်ယောင်မိတော့ စိတ်က မခိုင်ချင်ပြန်။ ကိုတင်ထွန်း ပြန်လာခေါ်မည်ဆိုတော့ ပိုလို့တောင် စိတ်က ယိုင်ချင်ချင်။

(ခ)
မနက်မိုးမလင်းခင် ခါတိုင်းလို အာရုံဆွမ်းစားနေကတည်းက စိတ်တို့က မငြိမ်ချင်။ မိုးလင်းလျှင် ကိုတင်ထွန်းနှင့် ကလေးနှစ်ယောက် အေးမြကို လာခေါ်ကြတော့မည်။ ဆရာလေးက ခေါင်းပြန်ရိတ်ကာ သိက္ခာချလူဝတ်လဲပေးစဉ် ဝေ့တက်လာသောမျက်ရည်တို့သည် မုတ်ဆိတ်မွှေးပျစ်ခဲ ပါးချောင်နားချောင်နှင့် ကိုတင်ထွန်းမျက်နှာညှင်းသိုးသိုးကို မြင်လိုက်ရသောအခါ ပါးပြင်ပေါ်သို့ မဆီးတားနိုင်စွာပင် ပိုးကနဲပေါက်ကနဲ ကျလာလေတော့သည်။ "ပိန်သွားလိုက်တာ ကိုတင်ထွန်းရယ်"ဟု ပြောကာ ကျောပြင်ကို တအုန်းအုန်း နှက်လိုက်ချင်သည်။ ကလေးနှစ်ယောက်ကမူ အေးမြကို လက်တစ်ဘက်စီဆွဲကာ ခေါ်ငင်နေကြပြီ။ စိတ်မှလည်း လောကီထဲ ပြန်ဝင်ရဦးမည်ကို တွန့်ဆုတ်ချင်သလို ရှိနေသေးသည်။ “ဆရာလေး တပည့်တော် ကျောင်းမှာနေရတာ အင်မတန် စိတ်ချမ်းသာပါတယ် ဘုရား၊ တရားရိပ်မှာ နေရတာ အေးချမ်းလှ ပါတယ်။ ကျောင်းမှာမို့ ကျောင်းစိတ်နဲ့ အေးချမ်းပေမဲ့ အိမ်မှာ အိမ်စိတ်နဲ့ အင်မတန် ပူလောင်ပင်ပန်းလှပါတယ်။ ခုလို လူ့ဘောင်ထဲ ပြန်ဝင်ရတော့မယ်ဆိုတော့ လူ့ဘောင်မှာနေရင်း အားထုတ်သင့်တဲ့ တရားလေးများရှိရင် ချီးမြှင့်တော်မူပါ ဘုရား” “အေး မအေးမြရဲ့ ဆရာလေးတို့ တရားမမှတ်ခင် အားထုတ်ရတဲ့ ကိုယ်စောင့်တရားလေးပါး-စတုရာရက္ခ သိရဲ့ မဟုတ်လား” “တင်ပါ့ မ-သု-မေ-ဗု ပါဘုရား” “အေး၊ မ ဆိုတဲ့ မရဏ၊ သုဆိုတဲ့ အသုဘ၊ မေဆိုတဲ့ မေတ္တာ နဲ့ ဗုဆိုတဲ့ ဗုဒ္ဒနုဿတိတွေ နေ့စဉ်ပွားများပေါ့ တကာမရယ်။ မနက်နဲ့နေ့လည် အချိန်ရသလောက်တွေမှာ မေတ္တာဘာဝနာနဲ့ ဗုဒ္ဒနုဿတိတွေကို စိတ်ညွှတ်ပွားများပြီး ညစဉ်မအိပ်ခင်မှာ မရဏနဲ့ အသုဘကမ္မဋ္ဌာန်းအတွက် ခန္ဓာကိုယ်ကြီးကို စုန်ချည်ဆန်ချည် ရှုမှတ်ပြီးမှ အိပ်။ ဒါဆို ခန္ဓာရဲ့ အမှန်သဘောတွေ၊ မတင့်တယ်မှုတွေ အမြဲ သိနေမယ်။ မာန်မာနတွေ ကျစေမယ်။ သေဖို့ရာ အမြဲအဆင်သင့် ဖြစ်နေမယ် ဟုတ်ပြီလား” “တင်ပါ့ တပည့်တော် နေ့စဉ် ကြိုးစားပြီး ပွားများပါ့မယ် ဆရာလေးတို့ ကျေးဇူးကြီးလှပါပေတယ်” ဆရာလေးခြေအစုံကို နဖူးနဲ့ ထိအောင် ရှိခိုးကန်တော့ပြီး အေးမြတို့ ပြန်လာခဲ့ကြ၏။ အပြန်လမ်းမှာ ကိုတင်ထွန်းက အေးမြခေါင်းပြောင်ပြောင်ကို လက်နဲ့တို့ကာထိကာ ကျီစယ်လာခဲ့သည်။ သည်လိုတော့ဖြင့် လောကီလူ့ဘောင်ဟာ အေးမြထင်သလောက် မဆိုးလှသေးဟု တွေးမိပြန်သည်။ အိမ်ရောက်တာနဲ့ လင်စားဖို့၊ သား စားဖို့ မီးဖိုချောင်ဝင်ရသည်။ ကိုတင်ထွန်းဝယ်ထားသော ဟင်းစားတွေကို ချက်ဖို့ ပြင်ဆင်၊ ရှုပ်ပွနေသော တစ်အိမ်လုံးကို လှည်းကျင်း၊ ပုံနေသော လျှော်စရာ အ၀တ်ပုံတွေကို လျှော်ဖွတ်ပြီးသော် ခြေကုန် လက်ပမ်း ကျလျှက်ရှိပြီ။ အိမ်ရှေ့ခန်း၌ ဖျာတစ်ချပ်ခင်းကာ လှဲလျောင်းနေစဉ် ကိုယ်ပေါ်တက်လာသော အငယ်ကောင်က နို့ လာစမ်းနေတော့ သနားစိတ်နှင့် ပြန်တိုက်ရသေးသည်။ အငယ်ကောင်က နို့မပြတ်ချင်သေး။ နို့စို့လိုက်တိုင်း ခါးနေသော အရသာကို လက်ဝါးနှင့် ပွတ်ပွတ်ပြီး အီချင် အီနေတတ်သေးသည်။ နောက် သုံးလေးလလောက်ဆိုရင်တော့ ရအောင် ဖြတ်ရမည်။ ခဏနေမှ ရေမိုးထချိုးကာ သားအဖတွေ စားထားသော အိုးခွက်ပန်းကန်များ အား ဆေးကြော၊ ခြောက်သွားသောအ၀တ်တွေကို မီးပူတိုက်၊ အိပ်ခန်းထဲဝင်ပြီး အိပ်ယာခင်းတွေ လဲကျင်းသည်များကို ဇယ်ဆက်သလိုလုပ်ကိုင်ရင်းက ညအမှောင်ရောက်တော့ အကြီးကောင် နောက် တစ်ရက်ကျောင်းသွားဖို့ ကျောင်းလွယ်အိတ်စစ်ရသည်။ ကိုတင်ထွန်း ပြန်လာချိန်ရောက်တော့ ဟင်းအိုး ထနွှေးကာ ထမင်းပွဲပြင်ဆင် စောင့်ရပြန်သည်။ ခူးခပ်ကျွေးမွေးပြီး သူတို့အားလုံးအိပ်ချိန်ကျတော့ အချိန်က ည ၁၀နာရီ ရှိနေပြီ။ ဒီညတော့ အရက်သောက်မလာသော ကိုတင်ထွန်းက ဘယ်တော့ ခွေးမြီးပြန်ကောက်မည် မသိ။ အိပ်ယာထဲ ကျောအပြားချလိုက်စဉ် နောက်ကျောမှ အောင့်ကာကိုက်ခဲနေသည်ကို ခံစားရသည်။ လက်ဖ၀ါးတွေတင်းကာ ဆုတ်မရ ပြုမရနှင့် တောင့်တင်းနေပြန်သည်။ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်လှသည်။ အေးမြလှဲနေရာက မျက်စေ့တို့ကို မှိတ်ထားရင်း မနက်က ဆရာလေး ပြောတဲ့အတိုင်း အသုဘကမ္မဋ္ဌာန်း စီးဖြန်းရန် ပထမ ငါးစုဖြစ်သော ဆံပင်၊ မွေးညှင်း၊ အရေထူ၊ အရေပါး၊ သွားတို့ကို ခန္ဓာမှ ဆွဲခွာကာ တစ်စုစီပုံချသည်။ ဆံပင်၊ မွေးညှင်း၊ အရေထူ၊ အရေပါး၊ သွားတို့ မရှိတော့သော အေးမြခန္ဓာကြီး၏ မတင့်တယ်ပုံ၊ အစိုးမရပုံတို့ကို စိတ်မှတ်ပွားများကာနေရင်း မှေးကနဲဖြစ် သွားလိုက်၊ ပြန်တင်မှတ်လိုက်နှင့် ရှိနေတော့သည်။ နောက်တစ်နေ့ကျရင်လည်း ဒီလိုပဲ နေဦးမည်။ လောကီလူ့ဘောင်ထဲ များပြားလှသောနိစ္စဒူဝတွေနှင့် လုံးထွေးရင်း ဘယ်တော့သေမည်မသိ။ အေးမြစိတ်တို့က အသုဘကမ္မဋ္ဌာန်းမှ ခွာသွားပြန်သည်။ ဆံပင်…ဆံပင်ဟာ ယောကျာ်းလည်း မဟုတ်၊ မိန်းမလည်း မဟုတ်၊ ရုပ်သဘောသက်သက်ပဲဟု မှတ်၊ မှတ်ရင်း မှတ်ရင်းက မှေးကနဲ ဖြစ်သွားပြန်သည်။ မနက်လည်း စောစောထရမည်။ မနက်စာ ထမင်းတစ်လုံးချက်ပြီး ပဲပြုတ်သည်လာမှ ခေါ်ဝယ်ပြီး ပဲထမင်းနယ်စားကြမည်။ အကြီးကောင်ကျောင်းပို့၊ အလုပ်ဆင်းမည့်ကိုတင်ထွန်းအတွက် ထမင်းဘူး ပြင်ရမည်။ အရေထူတွေ၊ အရေပါးတွေ ဆွဲဆုတ်လိုက်တော့ ကျန်တဲ့ အေးမြ ကိုယ်ပေါ်မှာ သွေးသံရဲရဲနှင့် ဘာမှမက်စရာမရှိသော အစုအဝေးတို့ကို မြင်လိုက်ရသည်။ ဒါပဲ ခန္ဓာဆိုတာ ဘာမှ တန်ဘိုး ထားနေစရာ၊ တွယ်တာနေစရာ မရှိ။ ရှုမှတ်နေရင်းက မှေးကနဲ အိပ်ပျော်သွားလေတော့သည်။ ထိုညက အေးမြ အိပ်မက် မက်ပါသည်။ အေးမြတစ်ယောက် အရှိန်ညီးညီးနှင့် တစ်ဖျောင်းဖျောင်းတောက်လောင်နေသော မီးပုံကြီးထဲကနေ ပြေးထွက်နေသည်ဟု။ မနက်လင်းတော့လည်း နစ္စဓူဝများထဲ ခါတိုင်းလိုပင် လည်ပတ်မြဲ၊ အိပ်မက်မောကလွတ်မြောက်လာသူလို တစ်ခဏတော့ နေသာမြဲ၊ သို့သော် ဘဝနွံနက်နက်ထဲ မောပန်းစွာ၊ ချွေးများရွှဲနစ်ကာ ရှိဆဲပင်။

("တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင်"အတွက် ရေးဖြစ်ခဲ့တဲ့ ဝတ္ထုတိုလေးပါရှင်။ ကျန်ဓမ္မစာမူများကိုလည်း ဒီလင့်ခ်မှာ သွားရောက် ဖတ်ရှု့နိုင်ကြပါတယ်။ )

 Author: ချစ်ကြည်အေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)