>
လက်မောင်းတစ်ခုလုံး ထုံကျင်စွာနဲ့ ရွှေစင် နိုးထလာသောအခါ မနက် ငါးနာရီကျော်နေပြီ ဖြစ်သည်။ ညက ကိုပိုင် ပြန်အလာကို စောင့်ရင်း ကီးဘုတ်ပေါ်လက်တင် ခေါင်းအုံးကာ အိပ်ပျော်သွားခြင်း ဖြစ်သည်။ ထိုင်လျှက်အိပ်ပျော် သွားခြင်း ဖြစ်၍ နာနေသော ခါးကို လက်သီးဆုပ်ဖြင့် နောက်ပြန်ဖြေရင်း ရွှေစင် မက်ထပ်ထ ရပ်လိုက်သည်။ အခန်းကို ဝေ့ကြည့်လိုက် တော့ မနေ့ကအတိုင်း ဘာမှအရာမယွင်း။ ယုတ်စွအဆုံး ကိုပိုင် လောလော လောလောနှင့် ပစ်တင်ထားခဲ့သော မျက်နှာသုတ်ပုဝါကအစ ဒီအတိုင်းတိုင်း။ သက်ပြင်းတစ်ချကို ရှည်လျားစွာ ချလိုက်မိသည်။ ဖုန်းကို ဖွင့်ကြည့်တော့လဲ ဘာမှမထူးခြား၊ မေးလ်ဘောက်စ်မှာတော့ မဆေ့ခ်ျ ရှိနိုင်ကောင်းပါရဲ့လေ. ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖွင့်ကြည့်သော်လည်းပဲ ဘာမှမရှိ။
မျက်လုံးကိုမှိတ် ခေါင်းမော့ပြီး အသက်တစ်ချက်၀၀ ရှုလိုက်သည်။ မနေ့က ဘာများဖြစ်ခဲ့ပါလိမ့် စဉ်းစားကြည့်မိသည်။ ထိုနေ့က စနေနေ့။ တစ်မြို့တည်းနေပြီး အလုပ်ကိုယ်စီနှင့် မတွေ့ဖြစ်သော ချစ်သူကို တမ်းတလွမ်းဆွတ်သော စိတ်ဖြင့် ကိုပိုင်ဆီကို သူမ ထွက်လာခဲ့သည်ပဲ။ မနက်ဖြန် တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သောကြောင့် ကိုပိုင်နှင့် တစ်ညလုံး ဂစ်တာတီးမယ် သီချင်းဆိုမယ် စကားပြောမယ် ဆိုသည့် အတွေးတို့နှင့် ဖြစ်သည်။ သူကြိုက်တတ်သည့် သီးစုံပဲဟင်း ချက်ကျွေးရန် လိုအပ်သည့် အသီးအနှံများ ၀ယ်ယူကာ လာခဲ့သော ရွှေစင်အား သော့ပိတ်ထားသော အခန်းက ကြိုနေခဲ့သည် မဟုတ်လား။
“အဲ့ဒီ ကိုပိုင် တစ်ယောက်ဟာလေ ရုံးပိတ်ရက်လဲ ဘယ်သွားနေမှန်း မသိဘူး ဖုန်းလေး တစ်ချက် မဆက်ချင်ရင်တောင် မဆေ့ခ်ျလေးတောင် ချန်ထား သင့်တယ်ကွာ”
ရွှေစင် ညည်းညူစွာ တစ်ကိုယ်တည်း ပြောဆိုရင်း တစ်ယောက် တစ်ချောင်းစီ ကိုင်ဆောင်ထားသော သော့နှင့် အခန်းအား ဖွင့်ဝင် လိုက်သည်။ ဘယ်လောက်ပဲ အချိန်နည်းနည်း အခန်းကို အချိန်ယူပြီး ရှင်းတတ်တဲ့ ကိုပိုင့်အကျင့်လေး ကြောင့် အခန်းလေးက ရှင်းသန့်နေသည်။ ၀ယ်လာသည့် ပစ္စည်းတွေကို မီးဖိုခန်းထဲက စင်ပေါ်တင်ပြီးသည်နှင့် အခန်းပြတင်းပေါက်တွေကို လိုက်ဖွင့်လိုက်သည်။ သူ ပြန်လာမှပဲ ပူပူနွေးနွေး ချက်စားမယ်ဆိုသည့် စိတ်ကူးနှင့် ရွှေစင် ကွန်ပျူတာရှေ့ကို ထိုင်လိုက်သည်။
ပို့စ်အသစ်တင်တဲ့ ဘလော့ဂ်တွေ လိုက်ဖတ်လိုက်သည်။ ဖတ်မယ်ဆို ဖတ်စရာတွေက ကုန်မှာ မဟုတ်ပါဘူးကွယ်။ ကိုပိုင်ကလဲ လာခဲလိုက်တာ။ နေ့လည်စာတောင် အတူတူစားရပါ့မလား မသိ။ အခန်းတံခါးဆီက သော့ဖွင့်သံကို နားစွင့်ရင်းနှင့်ပဲ စာကိုပဲ ဖတ်နေလိုက်တာ ကောင်းပါတယ်လေ။ “မဆေ့ခ်ျ ရောက်ပါတယ်ရှင့် ” ဟုသော ဖုန်းအလန်းမြည်သံ မဆုံးခင်ပဲ ရွှေစင် အမြန်ဖွင့်ကြည့်လိုက်သည်။ ထင်သည့်အတိုင်း ကိုပိုင့်ဆီက။ “ ရွှေရေ.. ကိုယ် သင်တန်းမှာ အချိန်ပိုင်း နည်းပြလုပ်ပေးနေရတယ်”
သြော်.. ဒါကြောင့် အိမ်မှာ မရှိတာကို။ “ကိုပိုင်ရေ ရှင့်ကို ရွှေစောင့်နေမယ်နော် လုပ်စရာရှိတာ လုပ်” ဟုသော မဆေ့ခ်ျကို ပြန်ပို့လိုက်ရသည်။ ကိုယ် ဘယ်လောက်ပဲ သူ့ကိုလိုအပ်နေနေ. အလုပ်ရှိတယ်မလား။ နားလည်ရမည်လေ။
စာဖတ်ရင်း မျက်လုံးညောင်းလာသည်နှင့် နံရံပေါ်က သစ်ပင်စိမ်းလေးဆီသို့ အကြည့်ရောက်မိသည်။ ကြည့်သည်ကတော့ သစ်ပင်ပါပဲ။ သို့ပေမယ့် ဘေးကပ်ရက်က နာရီကပါ မြင်ကွင်းထဲ ၀င်လာသည်။ အို.. 12 နာရီကျော်နေပြီပဲ။ ကိုပိုင် နေ့လည်စာလဲ မစားရသေးဘူးပဲ။ အစာအိမ်မကောင်းသော သူ့ကို နီးစပ်ရာမှာ ၀ယ်စားဖို့ သတိပေးဦးမှပါ။ “ကိုပိုင်ရေ နေ့လည်စာ နောက်ကျနေမယ် စားလိုက်ဦး” ဟုသော မဆေ့ခ်ျကို ပို့လိုက်သည်။ သို့သော် ပြန်စာပေါ်မလာခဲ့။ သူ အလုပ်လုပ်နေတယ် နေမယ်။ ထပ်ပို့နေရင် စိတ်ဆိုးနေဦးမယ်။ ကဲ စာပဲ ဆက်ဖတ်လိုက်ပါ့ဦးမယ်လေ။
ဘယ်လောက်ထိအောင် စာထဲမှာ မျောနေသလဲဆို အခန်းသော့ဖွင့်သံလဲ မကြား အနားရောက်လာသံလဲ ရွှေစင် မကြားလိုက်ပါ။ နောက်ကျောကနေ သိုင်းဖက်ကာ “ရွှေ ရောက်နေတာလား” ဆိုမှ ကိုပိုင် ပြန်လာမှန်း သိလိုက်သည်။
“ဟုတ် ကိုပိုင့်အနားမှာ နေမလို့လေ နေ့လည်စာ အဲ ဟုတ်တော့ဝူး ညစာအတူချက်စားမယ်လေ နော်”
“အိုခေလေ.. ခဏစောင့် ကိုပိုင် ရေချိုးလိုက်ဦးမယ် နော် ရွှေ”
“ဟုတ်. ရေချိုးမကြာစေနဲ့နော် ဘယ်အင်္ကျီဝတ်မှာလဲ ရွှေထုတ်ထားပေးမယ်”
“အင်း........ အပြာနဲ့ အနက်စင်းရှပ်အင်္ကျီလေး ၀တ်မယ် ဘောင်းဘီကတော့ ဂျင်းတစ်ထည်ထည်ပေါ့”
ပြောရင်းနဲ့ ရေချိုးခန်းဝင်သွားသော ကိုပိုင့်နောက်ကျောကို ကြည့်ကာ ရွှေစင်ပြုံးမိသည်။
သူပြောသော အ၀တ်များကို အဆင့်သင့်ထုတ်ထားပေးရင်း.. သတင်းစာတစ်စောင်ကို ကောက်ဖတ် နေလိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှာပဲ ကိုပိုင် ပြန်ထွက်လာသည်။ ကြားသားမိုးကြိုး ရေချိုးတာ ဒီတစ်ခါပဲ မြန်ဖူးတယ်။ အင်းလေ ဒီရုံးပိတ်ရက်လေးပဲ အတူရှိရတာ မလား။ အချိန်ကို အဲလိုခိုးမှပဲ ဖြစ်မယ်။ အတွေးနှင့် ပြုံးနေသော ရွှေစင့်အနားကို ကိုပိုင်ရောက်လာသည်။
“ဟိတ် ကောင်မလေး ဘာတွေပြုံးနေတာလဲ မှန်မှန်ဖြေ”
“ကိုပိုင် ရေချိုးတာ မြန်လွန်းလို့လေ”
“အင်း... ချိန်းထားတာ ရှိသေးလို့ကွ ဟိုကောင်တွေနဲ့ ဘောလုံးကန်ဖို့လေ..”
ကိုပိုင့်စကား အဆုံးမှာ ခေတ္တမျှ ရွှေစင် ဆွံ့အသွားသည်။ ဒါဆို ဘောလုံးကန်ဖို့အတွက် ရွှေစင် အချိန်ဖဲ့ပေးရဦးမည်ပေါ့ အဲဒီ့သဘော။ သက်ပြင်းတစ်ခုကို ကိုပိုင်မသိအောင် ဖွဖွ ချလိုက်သည်။
“အော.. ဒါဆို ကိုပိုင် ဘောလုံးကန်သွားတုန်း ရွှေ ပဲဟင်းချတ်ထားလိုက်မယ် မြန်မြန်ပြန်လာခဲ့နော်”
“ ဟုတ် ရွှေ.. ”
“ဂရုလဲ စိုက်ဦးနော် ကိုပိုင်”
“ဘာဖြစ်လို့လဲ ရွှေရ”
“အာ ရှင့်ကို စိတ်ပူလို့ပေါ့ ရှင်ရယ် ထိမှာ ခိုက်မှာ စိုးလို့ပေါ့”
“အော် အင်း အင်း ကဲ ကိုယ်သွားမယ် အာ ၀ါး ပေးဦး”
“ခေါင်း ငုံ့ပေး” ကိုပိုင့်ထက် ရှစ်လက်မလောက် နိမ့်သော သူမ သူ ခေါင်းငုံ့မှပဲ နမ်းဖို့ အဆင်ပြေပါသည်။
“အရပ်ကလဲကွာ ပုလိုက်တာ” ဟု နောက်ပြောင်ကာ သူ ခေါင်းကို စောင်းငဲ့ပေးပါသည်။
“အဲ ဒီည မင်းတို့ ချယ်လ်ပြာတွေနဲ့ ကိုယ်တို့ သူရဲနီတွေနဲ့ ပွဲရှိတယ် လောင်းဦးမလား” သူ့ပုခုံးကို အားယူဆုပ်ကိုင်ကာ နမ်းဖို့ပြင်နေသော ရွှေစင့်ကို ပြောလိုက်ခြင်းပါ။
“ကဲ ကျွန်မ ရှင့်ကို နမ်းရမလား.. ဒါမှမဟုတ် ဘောလုံးပွဲကြောင်း ပြောရမလား”
“အာ ဒါ မေးနေစရာလား လစ်တော့မှာပါဆို ကဲ မြန်မြန်နမ်း”
စူပုတ်ပုတ်မျက်နှာနှင့်ပင် ရွှေစင် သူ့ကို မမှီတမှီ နမ်းလိုက်သည်။
“လိုချင်တာရသော ကလေးတစ်ယောက်ရဲ့ မျက်နှာ၊ အပြုံးမျိုးနှင့် ရွှေစင့်အား အနမ်းတစ်ချက်ပေးရင်း အပြေးထွက်သွားတော့သည်။
သူထွက်သွားသည်နှင့် ပဲဟင်းချက်ဖို့အတွက် လိုအပ်သည်များကို ဖြတ်တောက်ဆေးကြောကာ ဟင်းအိုးတည်ထားလိုက်သည်။ ပြီးတာနဲ့ ကွန်ပျူတာရှေ့ ပြန်ထိုင်ကာ သတင်းတစ်ချို့ကို လိုက်ဖတ်နေသည်။ ခုက နှစ်နာရီခွဲ.. ဘောလုံးကန်တာက နှစ်နာရီ သွားတာပြန်တာနဲ့ဆို ငါးနာရီကျော်ကျော်လောက် ပြန်လာမည်ပင်။ အဲ့အချိန်ဆို ပဲဟင်းကလဲ အနေတော်ပင်။ သတင်းတစ်ပုဒ်လောက် ရေးဖို့ပင် အချိန်ရသည်။ ရွှေစင် သတင်းတစ်ပုဒ်အား အကြမ်းရေးနေလိုက်သည်။ ကိုပိုင် ပြန်လာတာနဲ့ သူ့ကို ဖတ်ခိုင်းပြီး လိုအပ်တာ ပြင်ဆင်ခိုင်းမည်။
ငါးနာရီလေးဆယ့်ငါး...။
ဒီအချိန်ဆို ပြန်လာသင့်ပြီလေ ကိုပိုင်ရယ်..။ နာရီကို မလိုတမာစွာ ကြည့်ရင်း ရွှေစင် တွေးမိသည်။ ချစ်သူ့အနားနေချင်လို့ ရောက်လာခဲ့သော သူမကို စာနာသင့်တယ်မဟုတ်လား ကိုပိုင်ရယ်။ သို့သော် သူ့၏ ကိုယ်ပိုင်အချိန်လေး နည်းနည်းလေးအတွင်းမှာတော့ သူ ၀ါသနာပါသည့် ဘောလုံးကစားနည်းကို ကစားချင်မှာပေါ့လေ။ နားလည်ရမှာပဲပေါ့။ ဘောလုံးကစားနည်း.......။ ခုမှ တွေးမိသည်။ ချယ်လ်ဆီးနှင့် မန်ယူ ပွဲရှိသည် ဘယ်အချိန်ပါလိမ့်။ ဆိုဒ်လိပ်စာတစ်ခုကို ရိုက်ထည့်ပြီး ပွဲစဉ်ဇယားကို ကြည့်ကာမှပဲ ရွှေစင်သဘောပေါက်တော့သည်။
ခြောက်နာရီဆယ့်ငါးမိနစ်တွင် ဘောလုံးပွဲ ရှိနေသည်။ အွန်လိုင်းကနေ ကြည့်ရတာ အားမရသော ကိုပိုင်တစ်ယောက် ဘောလုံးပွဲ ရှိတိုင်း ထမင်းဆိုင်မှာပဲ ထမင်းစားရင်း ကြည့်တတ်သည်လေ။ အင်း... ဒီအတိုင်းဆို ဘောလုံးပွဲပြီးမှပဲ ပြန်လာမယ် ထင်ပါရဲ့လေ။အင်း သူ ပြန်မလာခင် လုပ်စရာရှိတာ လုပ်ထားနှင့်တော့ သူပြန်လာတဲ့အခါ အဆင်သင့် ဖြစ်တာပေါ့ကွယ်။ လက်ကိုင်အိတ်ထဲသို့ ပိုက်ဆံအိတ်ကို ပစ်ထည့်၊ ကောက်လွယ်ကာ အခန်းသော့ပိတ်ပြီး ရွှေစင်ထွက်လာလိုက်သည်။ ဟိုရက်က ပို့ထားသော စာမူလေး ပါမပါ သွားမေးမည်။ ကိုပိုင့်ထက် အရင်တော့ ပြန်ရောက်မည်။ သို့သော် စိတ်ကိုအစိုးမရသော ကိုပိုင်က ပွဲမပြီးခင် ပြန်ထွက်လာလို့ မတွေ့ရင် စိတ်တိုနေဦးမယ်။
ဖုန်းခေါ်လိုက်သည်။ စက်ပိတ်ထားသည်။ ရွှေစင် စိတ်နာနာနှင့်ပင် နှုတ်ခမ်းကိုက်မိသည်။ ဖွင့်တာနဲ့ သိအောင် မဆေ့ခ်ျတစ်ခု ပို့လိုက်သည်။ ပြီး ခြေလှမ်းကို သွက်သွက်လှမ်းကာ မဂ္ဂဇင်းတိုက်တစ်ခုဆီ ထွက်လာလိုက်သည်။ ရောက်သည်နှင့် မေးစရာရှိတာမေး ဖတ်စရာရှိတာဖတ်ကာ မြန်မြန်ပင် ပြန်လာလိုက်သည်။ ကိုပိုင် ရောက်မလာသေးပါ။ စာဖတ်ရင်းပဲ စောင့်ရပါဦးမည်။
ရှစ်နာရီဆယ့်ငါး...။
ဘောလုံးပွဲအခြေအနေကို အွန်လိုင်းပေါ်ရှိနေတဲ့ သူငယ်ချင်းတစ်ယောက်ကို လှမ်းမေးလိုက်သည်။
2း 1။
အိုး.. ချယ်လ်ဆီးကွ။
ဝမ်းသာအားရ ရွှေစင် အော်လိုက်မိပြီးမှ ပြန်ငြိမ်သွားရသည်။ အင်း ဒါကလဲ ပြဿနာတစ်ခုပဲ။ ရွှေစင်က ချယ်လ်ဆီးဖန် ကိုပိုင်က မန်ယူဖန် ဖြစ်နေသည်လေ။ ချစ်သူဖြစ်ခါစက သူ့ကိုချစ်လျှင် သူ့အသင်းကို လိုက်အားပေးရမည်ဟု ပြောသဖြင့် စကားများခဲ့ရတာကို သတိရမိသည်။ အင်း ရှုံ့းပြန်လာမည့် ကိုပိုင်ရဲ့ စူပုတ်ပုတ်မျက်နှာကို မှန်းဆကြည့်ရင်း ရွှေစင် အပျော်လေး ပျောက်သွားရသည်။
နာရီကို ကြည့်လိုက် အခန်းတံခါးဆီ ကြည့်လိုက်နှင့် ရွှေစင် ကိုပိုင့်အား မျှော်နေမိသည်။ လွမ်းလှပြီကွာ ပြန်လာပေးပါတော့ ဟုလဲ စိတ်ထဲမှ အကြိမ်ကြိမ်ပြောဆိုနေမိသည်။ ထို့သို့ မျှော်ရင်း မျှော်ရင်းနှင့်ပင် ကီးဘုတ်ပေါ်မှာ လက်မောင်းတင် ခေါင်းအုံးပြီး ရွှေစင် အိပ်ပျော်သွားရခြင်း ဖြစ်သည်။
မနက်လင်းပြီ ကိုပိုင်ရယ်.. ရှင် ပြန်မလာခဲ့ဘူးပေါ့။ ရွှေစင် ရင်ထဲမှာ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ကိုယ်လက်သန့်စင် ကော်ဖီဖျော်သောက် မုန့်တစ်ချပ် ယူစားကာ သူမ အခန်းကို သော့ပိတ်သည်။ လှေကားသုံထစ်လောက် ဆင်းပြီးခါမှ သတိရလာသဖြင့် ပြန်တက်. စာရွက်ထုတ်ကာ..
“သူ့အတွက်.. ကျွန်မ < ဂိမ်း < ဘောလုံး < သူငယ်ချင်း < အလုပ် ” ဟု ရေးထားခဲ့လိုက်သည်။ ဟုတ်သည်လေ.. အရာအားလုံးက ရွှေစင်ထက် အရေးကြီးနေသည်ပဲ။ သုံးရက်လောက်တော့ စိတ်ကောက်နေလိုက်ဦးမယ်ကွယ်။
တစ်နေကုန် စာဖတ်လိုက်.. သူငယ်ချင်းများနှင့် ဖုန်းပြောလိုက် နှင့် အချိန်ကို ကုန်ဆုံးနေရပေမယ့် သူ့ဆီက ဖုန်းသံကိုသာ စောင့်နေမိသည်။ သို့သော်.. တနင်္ဂနွေသာ ကုန်ဆုံးသွားတယ် ကိုပိုင်ဆိုသော သူ ရောက်မလာခဲ့တော့။
တင်္နလာနေ့...။
အလုပ်စားပွဲမှာ ထိုင်နေသော ရွှေစင် စိတ်ကို ၀င်စားအောင် ကြိုးစားပြီး စာရင်းတွေ တွက်နေရပေမယ့် ဖုန်းမြည်သံပဲ စိတ်စောစွာ ကြားယောင်နေသည်။ တကယ်ဆို သူချော့သင့်ပြီလားလို့ကွယ်.. ချော့တဲ့အချိန်ကနေ သုံးရက်နေမှ ပြေမယ် တကယ် စိတ်ဆိုးတယ်။ တွေးရင်း နှုတ်ခမ်းကပါ မဲ့လာသည်။
%#^&....XXXXX
ဖုန်းမြည်လာသည်။ နံပါတ်ကို ကြည့်တော့ ကိုပိုင်။ ရွှေစင် ပြုံးလိုက်မိသည် ထင်သည်။ နှစ်ရက်ဆိုရင် ပြန်ပြေလိုက်တော့မယ်ကွယ်။ ကျွန်မ ရှင့်ကို လွမ်းလြှ့ပီ။
“ရွှေ ဘာရေးထားခဲ့တာလဲ ဟင်”
“ရှင်နော် သိသိရက်နဲ့ လာမေးမနေနဲ့ ကျွန်မကို ဒေါသထွက်အောင် မလုပ်နဲ့နော်”
“မဟုတ်ပါဘူး ရွှေရာ တကယ်နားမလည်လို့ မေးတာပါ”
“ရှင့်အတွက် ကျွန်မထက် အရာအားလုံးက ပိုအရေးကြီးတယ်မဟုတ်လား အဲဒါ့ရေးထားတာ”
သုံးရက်က ငါးရက်တိုးရတော့မယ် ထင်တယ်။
“ဟုတ်သေးပါဘူး ရွှေရာ အရာအားလုံးက ဘယ်လောက်ပဲ အရေးကြီးကြီး ကျွန်မဆိုတာဆီကိုပဲ ဦးတည်နေတာပါကွ ပြန်ကြည့်ပါဦး ကိုယ်ရေးတာလေးကို”
ကျွန်မကို မျက်စေ့လည်အောင် သူလုပ်တော့မယ် သိတယ်။ ဒါ ရှင်လုပ်နေကျ။ ရွှေစင်စိတ်ကောက် အနေအထားကနေ အပြစ်ကြံဖန်ရှာမယ်.. ပြီး သူက တစ်ပြန်ပြန်ကောက်မယ် အဲဒီ့ပုံစံ။
“ရှင်နော် စကားတတ်တိုင်း လာမပတ်နဲ့” ပြောသာပြောနေရသည် သူ့ကို လွမ်းသည့်စိတ်က အသံကြားမှ ပိုတိုးလာသည်။ တစ်ရက်လောက် ကောက်ပြီးရင် ပြေပါတော့မယ်ကွယ်။
“ ရွှေကလဲကွာ ကိုယ့်အတွက်က အရာအားလုံးထက် ရွှေက ပိုအရေးကြီးတာပါကွ နော်”
မဟုတ်မှန်းလဲ သိသိရက်နှင့်.... ခံထားရတာလဲ ရှိရက်နှင့်ပင်.. ရွှေစင်တစ်ယောက် ဒီအပြောလေးနဲ့ ကိုပိုင့်ဆီမှာ ကျရှုံးရပြန်ပါသည်။
“နော်.. ကိုယ့်ကို ချစ်တယ်ပြောဦးလေ ကိုယ် အရမ်းလွမ်းနေတာကွ..”
ချစ်သူ့စကားသည်သာ အတည်မဟုတ်လား ရွှေစင်ရယ် တင်းမထားနိုင်ပဲနှင့် ..........။
“ဟုတ် ရွှေလေ ကိုပိုင့်ကို အ......... ရမ်း......... ချစ်တာပဲ”
ချစ်ခင်စွာဖြင့်
*ရင်ငြိမ်းပန်း(ပခုက္ကူ)*

Thursday, June 20, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment