ရွက်ဟောင်းကြွေရာ၊
ပုရစ်ဖူးစု၊
ရွက်နုဝေဖြာ၊
ဖက်ဆွတ်မိုးဖျန်း၊
စိမ်းလန်းသာယာ၊
နွေတန်ခူး၊
ထွေထူးလှလိုက်တာ။ 8
နွေလတန်ခူး၊
နှစ်ဦးမည်တွင်၊
နှစ်သစ်ကူးပွဲ၊
ဆင်နွှဲသည်ပင်၊
ဓလေ့ထုံးတမ်း၊
တင့်ဆန်းသစ်လွင်၊
မပျက်တမ်း၊ ပက်ဖျန်းရေသဘင်။
ရေသဘင်ပွဲ၊ဆင်နွှဲသူတွေ၊
တူးပို့တူးပို့၊ မြူးလို့ပျော်နေ၊
ဘ၀င်နှလုံး၊ ရွှင်ပြုံးလှိုင်ဝေ၊
သင်္ကြန်ဒိုး၊ မရိုးနိုင်ဘူးလေ။
ရွှင်လို့ကြည်လို့၊ မယ်တို့ရှိရာ၊
ပျော်လို့မော်လို့၊ မောင်တို့ရောက်လာ
၊ နံ့သာရေဖျန်း၊ မွှေးလန်းကြည်သာ၊
အစဉ်အေး၊ ယဉ်ကျေးသိမ်မွေ့စွာ။
သင်္ကြန်နှစ်ဦး၊ ကြည်နူးဖွယ်ရာ၊
ကောင်းမှုဒါန၊ ပြုကြသူငါ၊
ဘေးမဲ့လွှတ်ပေး၊ ၀ဋ်ကြွေးဖြေကာ၊
မာစေကြောင်း ၊ ဆုတောင်းပို့မေတ်္တာ။
+ရေနံ့သာမောင်ကျော်ညွန့်+
ရော်ရွက်ရင့်ညောင်း၊
ရွက်ဟောင်းကြွေရာ၊
ပုရစ်ဖူးစု၊
ရွက်နုဝေဖြာ၊
ဖက်ဆွတ်မိုးဖျန်း၊
စိမ်းလန်းသာယာ၊
နွေတန်ခူး၊
ထွေထူးလှလိုက်တာ။ 8
နွေလတန်ခူး၊
နှစ်ဦးမည်တွင်၊
နှစ်သစ်ကူးပွဲ၊
ဆင်နွှဲသည်ပင်၊
ဓလေ့ထုံးတမ်း၊
တင့်ဆန်းသစ်လွင်၊
မပျက်တမ်း၊ ပက်ဖျန်းရေသဘင်။
ရေသဘင်ပွဲ၊ဆင်နွှဲသူတွေ၊
တူးပို့တူးပို့၊ မြူးလို့ပျော်နေ၊
ဘ၀င်နှလုံး၊ ရွှင်ပြုံးလှိုင်ဝေ၊
သင်္ကြန်ဒိုး၊ မရိုးနိုင်ဘူးလေ။
ရွှင်လို့ကြည်လို့၊ မယ်တို့ရှိရာ၊
ပျော်လို့မော်လို့၊ မောင်တို့ရောက်လာ
၊ နံ့သာရေဖျန်း၊ မွှေးလန်းကြည်သာ၊
အစဉ်အေး၊ ယဉ်ကျေးသိမ်မွေ့စွာ။
သင်္ကြန်နှစ်ဦး၊ ကြည်နူးဖွယ်ရာ၊
ကောင်းမှုဒါန၊ ပြုကြသူငါ၊
ဘေးမဲ့လွှတ်ပေး၊ ၀ဋ်ကြွေးဖြေကာ၊
မာစေကြောင်း ၊ ဆုတောင်းပို့မေတ်္တာ။
+ရေနံ့သာမောင်ကျော်ညွန့်+
No comments:
Post a Comment