ဖျန်းပူဇော်နေစဉ်)
+(ဧပြီလ ၁၈ ရက်၊ ၂၀၁၄၊ သောင်ရင်းနဂါး)+
၁၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော် နေထိုင်ကြရာ မဲဆောက်မြို့၌ ယနေ့ကျင်းပကြသည်။
ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက ဒေသတွင်းရှိ မြန်မာနိုင်ငံသားများ (အထူးသဖြင့်) မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေါက်တာစင်သီတာမောင် ကြီးမှူးသော မယ်တော်ဆေးခန်းမိသားစုတို့ ပူးပေါင်းကျင်းပကြဖြစ်ကြောင်း နှစ်စဉ်မြန်မာနှစ် ဆန်း ၁ ရက်နေ့ရောက်တိုင်း စုပေါင်း သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့ပြီး ယခု ၂၀၁၄ ခုနှစ်တွင်မူ ဒေါက်တာစင်သီတာမောင် အစည်းအဝေးကြီးတစ်ခု တက်စရာရှိသဖြင့် မြန်မာနှစ်ဆန်း ၂ ရက်နေ့ကို ၁ ရက် နောက်ဆုတ်ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဒေသတွင်းရှိ အသက် ၆၅ နှစ်နှင် အထက် သက်ကြီးဝါကြီး လူ (၅၀၀)စာကို ကတော့ ပစ္စည်းများဖြင့် ပူဇော်ကြမည်ဖြစ် ကြောင်း ကျင်းပရေးကော်မတီဝင် နှင့်CDC ကျောင်းအုပ်ကြီး ဖြစ်သူမန်းရွှေနှင်းက ပြောကြားသည်။
ထို့ အပြင်အခမ်းအနားတက်ရောက်လာသောမဲဆောက်မြို့ ထဆိုင်လွတ်တိုက်နယ်မှရွာလူကြီးကလည်း
“နှစ်သစ်မင်္ဂလာမှာ မြန်မာပြည်သားတွေနဲ့ အိမ်နီးချင်း နိုင်ငံမှာ ပူးပေါင်းဆောင်ရွက်ခွင့ှ်ုရတာ အင်မတန်ဂုဏ်ယူစရာဖြစ်ပါ တယ်။ လာမယ့်နှစ် ၁ နှစ်လုံးအတွက် ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းဆောင်တာတွေအတွက် ခွန်အားတွေ ဖြစ်စေ ပါလိမ့်မယ်။ ဒီလို ကောင်းမွန်တဲ့ အစဉ်အလာတွေကို ဆက်လက်သယ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု နုတ်ခွန်းဆက်ပြောကြားသည်။
ဆက်လက်ပြီးအခမ်းအနားတက်ရောက်လာသောမဲဆောက်မြို့ ထဆိုင်လွတ်တိုက်နယ်စည်ပင်
သာယာရေးရုံးမှအရာရှိအမျိုးသမီးကြီးကလည်း
“၁၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ နှစ်စဉ်ကျင်းပတဲ့ သူတွေ အားလုံးကို အထူးပဲ လေးစားလျှက်ပါ ။အားလုံးကို မင်္ဂလာပါလို့” နုတ်ခွန်းဆက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုင်းကျွန်မှီ ကျွန်းကိုင်မှီ သဘောပါပဲ။ ဆရာ၊ ဆရာမတို့က မြူနီစီပါယ်ရုံးကို အကူအညီတောင်းခံနိုင်ပါတယ်။ တတ်နိုင်တာကိုလုပ်ပေးပါ့မယ်” ဟု ပြောကြားသည်။
မယ်တော်ဆေးခန်းတာဝန်ခံမြန်မာ့ဂုဏ်ဆောင်ဒေါက်တာစင်သီယာမောင်ကလည်း”ကောင်းမြတ်တဲ့ 
ရိုးရာအစဉ်အလာတွေကိုဘယ်နိုင်ငံရောက်ရောက် ဆက်လက်သယ်ဆောင်သွားကြလိမ့်မယ်လို့ မျှော်လင့်
ယုံကြည်ပါကြောင်း၊ထိုင်းနိုငှ်ုံမှာနျွှေဲ့အခိုက်ဒေသခံထိုင်းနိုင်ငံသားတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်ကြစေလို
ကြောင်း၊၊လာမယ်ံနှစ်သစ်မှာစိတ်ခွန်အားအသစ်တွေနဲ့ အရာရာကိုရင်ဆိုင်ကျော်လွှားနိုင်စေရန်ဆုမွန်
ကောင်း တောင်းပါကြောင်း”နူတ်ခွန်းဆက်အမှာစကားပြောကြားသည်။
(၀ါသနာဗီဇတားမရကြလေသောဘိုးဘွားများယခုလိုထကကြလေသတဲ့)
အခမ်းအနားတွင်ဒေသတွင်းရှိမြန်မာရွှေ့ ပြောင်းအလုပ်စမားကျောင်းအချို့ မှကျောင်းသူလေးများကတပင်တိုင်
အက၊အတာတန်ခူးတေးသံသာအကအလှများ၊အကန်တော့ခံဘိုးဘွားတို့ ကလည်းဝါသနာဗီဇတားမရအက
အလှများ။ပလာမပါကံစမ်းမဲအထူးအစီအစဉ်များဖြင့်
ဝေသေဆာဆာတင်ဆက်သွားသည်ကိုတွေ့ ရသည်။ယနေ့ အခမ်းအနားသို့ အကန်တော့ခံသက်ကြီး၃၀၀ခန့် 
နှင့်ပရိသတ်၃၀၀ခန့်စုစုပေါင်းလူ၆၀၀ခန့်တကိရောက်ကြသည။်
(၁၄ကြိမ်မြောက်စုပေါင်းသက်ကြီးပုဇော်ပွဲကျင်းပရေးကော်မတီဝင်များအမှတ်တရ)
(မယ်တော်ဆေးခန်းတာဝန်ခံမြန်မာ့ဂုဏ်ဆောင်ဒေါက်တာစင်သီယာမောင်ဘိုးဘွားများအားနံ့ သာရည်ပက်

No comments:
Post a Comment