အနန္တော၊ အနန္တ၊ ငါးပါးနှင့် တစ်ဂိုဏ်းတည်း၊ ထားရှိအပ်ပါသော မိဘဘိုးဘွား၊ သက်ကြီးဝါကြီးအပေါင်းတို့……။ နှစ်ဟောင်းလွန်မြောက်၊ နှစ်သက်ရောက်လျှင် အကြင်ထိုင်းမြေ၊ ကျွန်ုပ်တို့နေခိုက်
၊ ပျော်ပိုက်စေရေး၊ မေတ္တာအတွေးဖြင့်၊ နွေးထွေးလေသော၊ ဘူမိဘောနှင့်၊ ထိုင်းနိုင်ငံသား၊ပြည်သူအများတို့၊ (မဲဆောက်ဒေသသား) ထိုင်းနိုင်ငံသားတို့၊ နှလုံးသားဖြူစင်၊ ဆက်ချစ်ခင်လျက်၊ အစဉ်ငြိမ်းချမ်းကြစေသော်……………..။
ထိုမှတစ်နည်း၊ ဒို့ပြည်ကြီးဝယ်၊ မနီးမဝေး၊ ဒီမိုအရေးနှင့် ဆွေးနွေးလို့မဆုံး ၊ ရလာဒ်ရှုံးလျက် လူလုံးမလှ၊ ဒုက္ခရ၍၊ ပြေးကြထိုင်းမြေ၊ ရွှေ့ပြောင်းတွေဖြစ်၊ အဝေးချစ်ဖြင့် ချစ်ရပါလေ၊ ဒို့မြန်ပြည် (ပြေ)ကို၊ ဒီမိုကရေစီ၊ ကိုယ်စီပွင့်လန်း၊ မိုးဆမ်းပန်းနှယ်၊ ရည်မွန်းတောင်းဆု၊ စုပေါင်းပြုသည်။ ယခုယနေ့၊ တွေ့မြင်ကြရာ၊ ဒေါက်တာစင်သီယာ၊ ပါဝင်ဦးဆောင်၊ အောင်မြင်ပွဲဖြစ်၊ ၁၄ နှစ်မြောက် ပေါက်မြောက် ရှေ့ဆက်၊ သက်ကြီးပူဇော်၊ ကော်ရော်ရှိခိုး၊ လက်အုပ်မိုးကြပါသတည်း……….။
*• မိဘဘိုးဘွား၊ မေတ္တာအားဖြင့်၊ သားသမီးများ၊ စီးပွါးချမ်းသာ၊ ကျန်းမာကြပါစေသတည်း။ • **သားသမီးများ၊ မေတ္တာအားဖြင့် မိဘဘိုးဘွား၊ ကျန်းမာသက်ရှည်ကြပါစေသတည်း။ ။
ရေးဖွဲ့---ဆရာဦးမိုးကြိုး (JACBA)
(မဲဆောက်မြို့ ၁၄ကြိမ်မြောက်စုပေါင်းသက်ကြီး
ပူဇော်ပွဲကျင်းပရေးကော်မတီဝင်များအမှတ်တရပုံ)
၊ ပျော်ပိုက်စေရေး၊ မေတ္တာအတွေးဖြင့်၊ နွေးထွေးလေသော၊ ဘူမိဘောနှင့်၊ ထိုင်းနိုင်ငံသား၊ပြည်သူအများတို့၊ (မဲဆောက်ဒေသသား) ထိုင်းနိုင်ငံသားတို့၊ နှလုံးသားဖြူစင်၊ ဆက်ချစ်ခင်လျက်၊ အစဉ်ငြိမ်းချမ်းကြစေသော်……………..။
ထိုမှတစ်နည်း၊ ဒို့ပြည်ကြီးဝယ်၊ မနီးမဝေး၊ ဒီမိုအရေးနှင့် ဆွေးနွေးလို့မဆုံး ၊ ရလာဒ်ရှုံးလျက် လူလုံးမလှ၊ ဒုက္ခရ၍၊ ပြေးကြထိုင်းမြေ၊ ရွှေ့ပြောင်းတွေဖြစ်၊ အဝေးချစ်ဖြင့် ချစ်ရပါလေ၊ ဒို့မြန်ပြည် (ပြေ)ကို၊ ဒီမိုကရေစီ၊ ကိုယ်စီပွင့်လန်း၊ မိုးဆမ်းပန်းနှယ်၊ ရည်မွန်းတောင်းဆု၊ စုပေါင်းပြုသည်။ ယခုယနေ့၊ တွေ့မြင်ကြရာ၊ ဒေါက်တာစင်သီယာ၊ ပါဝင်ဦးဆောင်၊ အောင်မြင်ပွဲဖြစ်၊ ၁၄ နှစ်မြောက် ပေါက်မြောက် ရှေ့ဆက်၊ သက်ကြီးပူဇော်၊ ကော်ရော်ရှိခိုး၊ လက်အုပ်မိုးကြပါသတည်း……….။
*• မိဘဘိုးဘွား၊ မေတ္တာအားဖြင့်၊ သားသမီးများ၊ စီးပွါးချမ်းသာ၊ ကျန်းမာကြပါစေသတည်း။ • **သားသမီးများ၊ မေတ္တာအားဖြင့် မိဘဘိုးဘွား၊ ကျန်းမာသက်ရှည်ကြပါစေသတည်း။ ။
ရေးဖွဲ့---ဆရာဦးမိုးကြိုး (JACBA)
No comments:
Post a Comment