ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 30, 2014

== မော်ရင်ဟို၏ တစ်ကျော့ပြန်ခရီးဒုတိယရာသီမှာချဲလ်ဆီး အောင်မြင်နိုင်ပါ့မလားး(အပိုင်း-၂)==

>
(ယမန်နေ့မှအဆက်) ရာသီအစ ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံ လိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည်။ ပြည်တွင်းဖလား ပြိုင်ပွဲများဖြစ်သည့် အက်ဖ်အေနှင့် ကက်ပီတယ်ဝမ်းပြိုင်ပွဲများတွင် အမြင့်ဆုံး ပဉ်္စမအဆင့်သာ ရောက်ရှိခဲ့သလို ပရီမီယာလိဂ်ပြိုင်ပွဲမှာလည်း မန်စီးတီး၊ လီဗာပူးတို့၏နောက်မှာသာ ရပ်တည်ခွင့်ရသည့်အတွက် မော်ရင်ဟို၏ တစ်ကျော့ပြန်နည်းပြဘ၀ပထမဆုံးရာသီသည် ပြစ်တင်ဝေဖန်မှုများနှင့်သာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။ ချယ်လ်ဆီးအသင်းဆီသို့ တစ်ကျော့ပြန်ရောက်ရှိသည့် မော်ရင်ဟိုသည် ပထမရာသီတွင် အောင်မြင်မှုများ ရယူနိုင်ခြင်းမရှိသော်လည်း ယခုနှစ် ၂၀၁၄-၂၀၁၅ ဘောလုံးရာသီ၊ မော်ရင်ဟို၏ ဒုတိယမြောက်ရာသီကိုတော့ ပရိသတ်များက မျှော်လင့်ခြင်းများစွာဖြင့် စောင့်ကြိုနေကြပြီဖြစ်ပါသည်။ မော်ရင်ဟိုသည် သူတာဝန်ယူကိုင်တွယ်သည့် အသင်းတိုင်းကို သူ၏ ဒုတိယမြောက်ရာသီမှာ အကောင်းဆုံးအသင်းဖြစ်အောင် ပြုပြင်တည်ဆောက်ပြီး အမြင့်ဆုံးအောင်မြင်မှု(ချန်ပီယံ ဆုဖလား)များ ဆွတ်ခူးရယူပေးနိုင်သည်ဆိုသည့် အစဉ်အလာ မှတ်တမ်းကောင်းတစ်ခုရှိခဲ့၍ ယခုနှစ်ရာသီမှာ မော်ရင်ဟိုတစ်ယောက် ချယ်လ်ဆီးအသင်း အောင်မြင်မှုရလဒ်များရရှိအောင် စွမ်းဆောင်ပေးမှာလားဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေ ပါပြီ။ ယခုလက်ရှိအချိန်မှာ မော်ရင်ဟိုသည် ပြီးခဲ့သည့်ရာသီက လိုအပ်ချက်၊ အားနည်းချက်ရှိ ခဲ့သည့် အပိုင်းကို ကြိုတင်ပြင်ဆင်အစားထိုးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ မော်ရင်ဟိုသည် စပိန်ကွင်းလယ်လူ ချက်ဖာဘရီဂတ်စ်၊ခရိုအေးရှားကွင်းလယ်ကစား သမား မာရီယိုပါဆာလစ် တို့ကို ဦးစွာခေါ်ယူမှုပြုခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့သည်။ တိုက်စစ်မှူးကော်စတာကို ခေါ်ယူပြီးနောက် အက်သလက်တီကိုမက်ဒရစ် ကစားသမားတစ်ဦးကို မော်ရင်ဟိုထပ်မံခေါ်ယူပြီးအသင်းကို အင်အားဖြည့်တင်းမှု ပြုလုပ်ခဲ့ သည်။ အက်သလက်တီကိုမက်ဒရစ် ဘယ်နောက်ခံလူ ဖီးလစ်ပီလူးဝစ်(၂၈) နှစ်ကို ပြောင်းရွှေ့ ကြေး ၁၅ဒသမ ၈ သန်းဖြင့် သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုကာ ခေါ်ယူမှုပြုခဲ့သည်။ ဖီးလစ်ပီလူးဝစ်သည် ချဲလ်ဆီး၏ ယခုအပြောင်း အရွှေ့တွင် ခေါ်ယူသည့် စတုတ်္ထမြောက်ကစား သမားဖြစ်လာခဲ့သည်။ ထို့အပြင် အက်သလက်တီကိုမက်ဒရစ် နောက်ခံလူ မိရန်ဒါကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့် ရာသီက တိုက်စစ်ပိုင်းပြဿသနာများ ကြုံတွေ့ခဲ့ရသည်ကို ယခုနှစ် အကောင်းဆုံးပုံစံ ရယူနိုင် အောင် တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူအားဖြည့်သည့်အပြင် တပည့်ဟောင်း တိုက်စစ်မှူး ဒရော့ဘာကို တစ်နှစ်အငှားစာချုပ်ဖြင့် ပြန်ခေါ်ယူခဲ့သည်။ ယခုနှစ်ရာသီအကြို မော်ရင်ဟို၏ ပြုပြင်ပြောင်းလဲမှုသည် တစ်သင်းလုံး (ရှေ့၊ လယ်၊ နောက်) နေရာအားလုံး အကောင်းဆုံးပုံစံရအောင်၊ အကောင်းဆုံးအသင်းဖြစ်လာအောင် တည်ဆောက်ယူနေခြင်း ဖြစ်သည်ဟုပင် ပြောနိုင်သည့် အနေအထားဖြစ်ပါသည်။

မော်ရင်ဟိုသည် ယခုအပြောင်းအရွှေ့တွင် ခေါ်ယူခဲ့သည့် ကစားသမားများကို ယခင်ရှိပြီးဖြစ်သည့် ဟာဇက်၊ အော်စကာ၊ ၀ီလျှံ၊ ရာမီရက်စ်တို့လို လူငယ်ကစားသမားများ ပေါင်းစပ်ကာ ပြည်တွင်းဖလားပြိုင်ပွဲများနှင့် ဥရောပပြိုင်ပွဲတိုင်းကို အကောင်းဆုံးပုံစံဖြင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်အောင် ကြိုတင်ပြင်ဆင်နေသည်ဟုလည်း ပြောနိုင်သည်။ သို့ဖြစ်၍ မော်ရင်ဟို ပြုပြင်တည်ဆောက်နေသည့် ချယ်လ်ဆီးအသင်း အကောင်းဆုံးအနေအထားနှင့် အမြင့်ဆုံး အောင်မြင်မှု(ဆုဖလား)များကို ရယူနိုင်မှာလား ဆိုသည်ကို လာမည့် သြဂုတ် ၁၆ ရက် ဘန်လေနှင့် အဖွင့်ပွဲစဉ်မှစပြီး စိတ်ဝင်တစား စောင့်ကြည့်ရတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။ 

+၀င်းထွတ်ဦး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)