ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 18, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
** တောင်ကိုရီးယားနိုင်ငံမှအထင်ကရဂီတကြယ်ပွင့်များကိုစုစည်းကာ စင်ကာပူနိုင်ငံ၌ဂီတဖျော်ဖြေပွဲတစ်ခုကျင်းပသွားမည်**

 တောင်ကိုရီးယားနိုင်ငံ၏ အနုပညာအေဂျင်စီတစ်ခုဖြစ်သည့် ၀ိုင်ဂျီအင်န်တာ တိန်းမန့်မှကြီးမှူး၍ တောင်ကိုရီးယားနိုင်ငံမှအထင်ကရဂီတကြယ်ပွင့်များ ဖြစ်ကြသည့်PSY, BIG BANG, 2NE1စသည့် ဂီတအဖွဲ့များ ပါဝင်သည့် ဂီတဖျော်ဖြေပွဲတစ်ခုကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ှု YG FAMILY 2014 GALAXY TOUR: POWER IN SINGAPOREအမည်ရှိ အဆိုပါဂီတဖျော်ဖြေပွဲကို စက်တင်ဘာလလယ်ပိုင်း တွင် စင်ကာပူမိုးလုံလေလုံအားကစားရုံ၌ ကျင်းပသွားရန် စီစဉ်ထားပြီး စင်ကာပူ နိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း အအောင်မြင်ဆုံးနှင့် အားကောင်းသည့် ကေပေါ့ပ် ဖျော်ဖြေပွဲတစ်ခုဖြစ်လာရန်လည်း မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါကေပေါ့ပ်ဂီတဖျော်ဖြေပွဲလက်မှတ်များကို ယခုလ ၁၉ ရက်မှ စတင်ကာ ရောင်းချပေးမည်ဖြစ်ပြီး ဖျော်ဖြေပွဲနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို www.yg-galaxytour.comတွင်လည်း ၀င်ရောက် ကြည့်ရှု နိုင်ကြောင်းသိရသည်။ ယင်းဂီတဖျော်ဖြေပွဲတွင် အမေရိကန်ဘီဘုတ်လ်အထိ ထိုးဖောက်နိုင် ခဲ့သည့် PSY၊ တောင်ကိုရီးယားဂီတလောက၏ အအောင်မြင်ဆုံးအမျိုးသားနှင့် အမျိုးသမီး ဂီတအဖွဲ့များအဖြစ် ရပ်တည်လျက်ရှိသည့်BIG BANG နှင့်2NE1 တရုတ်အနုပညာရှင်များနှင့် ပေါင်းစပ်ဖွဲ့စည်းထားကာ ပရိသတ်အကြား ရေပန်းစားလျက်ရှိသည့်EPIK HIGH၊။ဝိုင်ဂျီအင်န်တာတိန်းမန့်၏ စိတ်ဝင်စား အခံရဆုံးအမျိုးသားဂီတအဖွဲ့ WINNERတို့လည်း ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်(။မျိုးစန်္ဒာမောင်)

**မန်ယူအသင်းနည်းပြသစ်တာဝန်ဗန်ဟားလ်စတင်ထမ်းဆောင်**

မန်ယူအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော လူးဝစ်ဗန်ဟားလ်သည် ဇူလိုင် ၁၆ ရက်တွင် မန်ယူ အသင်း၏ လေ့ကျင့်ရေးကွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ပြီး မန်ယူအသင်းနည်းပြတာဝန်ကို စတင်ထမ်း ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ လူးဝစ်ဗန်ဟားလ်သည် မန်ယူအသင်း၏ နည်းပြအဖြစ် မေလကတည်းက ခန့်အပ်ခဲ့သော်လည်း ကမ်္ဘာ့ဖလား တွင် တတိယနေရာ၌ ရပ်တည်ခဲ့သော နယ်သာလန်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေရခြင်းကြောင့် ကမ်္ဘာ့ဖလား ရာသီ တစ်လျှောက်လုံး နယ်သာလန်အသင်းနှင့်အတူ ဘရာဇီး၌သာ ရှိနေခဲ့သည်။ လက်ရှိတွင်မူ ဗန်ဟားလ်သည် မန်ယူအသင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် မန်ယူအသင်း လက်ထောက် နည်းပြရိုင်ယန်ဂစ်၊ အမှုဆောင်ဒုတိယဥက်္ကဋ္ဌ အက်ဒ်ဝုဒ်ဝါ့ဒ်တို့နှင့် တွေ့ဆုံပြီးနောက် ဘရာဇီးမြေ၌ နယ်သာလန်အသင်းအား နည်းပြခဲ့သည့်အတိုင်း အိုးထရက်ဖို့ဒ်တွင် တာဝန်ထမ်းဆောင်စဉ်တွင် မန်ယူအသင်း ကိုလည်း အကောင်းဆုံးကိုင်တွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗန်ဟားလ်သည် အိုးယက်စ်အသင်း၊ ဘာစီလိုနာအသင်း၊ ဘိုင်ယန်မြူးနစ်အသင်း၊ အယ်ခ်မာယာအသင်း တို့နှင့် အတူ ဖလားများရယူဆွတ်ခူးနိုင်ခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် အယ်လ်အေဂလက်ဆီအသင်းနှင့် ယှဉ်ပြိုင်ကစားရန် ရှိနေ ခြင်းကြောင့် ယင်းပွဲစဉ်တွင် ဗန်ဟားလ်၏ စွမ်းဆောင်နိုင်စွမ်းကို စတင်မြင်တွေ့ရတော့မည်ဖြစ်သည်။
 (ငွေကြယ်)

  ** ဂျူဗင်တပ်စ်နည်းပြကွန်တီ..အသင်းနှင့်အံ့အားသင့်ဖွယ် လမ်းခွဲ**

အီတလီစီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ ကွန်တီသည် ပြီးခဲ့သည့် ဗုဒ်္ဓဟူးနေ့ အစောပိုင်းက အသင်းနှင့်လမ်းခွဲခဲ့ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ကြေညာခဲ့သည်။ ကွန်တီသည် ဂျူဗင်တပ်စ် အသင်းကို အောင်မြင်မှုများစွာရယူပေးခဲ့သူဖြစ်ပြီး အသင်းနှင့်ဝေးကွာလျက်ရှိသည့် စီးရီးအေချန်ပီယံဆုကို သုံးနှစ် ဆက်တိုက် ရယူပေးနိုင်ခဲ့သည်။ ဂျူဗင်တပ်စ် အသင်း၏ နည်းပြဖြစ်သူ ကွန်တီမှာ အသင်းနှင့်ရုတ်တရက်လမ်းခွဲခဲ့ ခြင်းဖြစ်ပြီး ၎င်းမှာ အသင်းနှင့်စာချုပ်သက်တမ်းမကုန်ဆုံးသေးသလို ပြီးခဲ့သည့်ဘောလုံးရာသီကလည်း ဂျူဗင်တပ်စ် အသင်းတွင် အနည်းဆုံးတစ်ရာသီဆက်ရှိနေမည်ဟု ပြောကြားခဲ့သော်လည်း ယခုကဲ့သို့ အံ့အားသင့်ဖွယ် လမ်းခွဲသွားခဲ့ ခြင်းလည်းဖြစ်သည်။ ကွန်တီမှာ ဂျူဗင်တပ်စ် အသင်း၏ ၀က်ဘ်ဆိုက်မှတစ်ဆင့် တရားဝင်ထုတ်ဖော်ပြောကြားသွားခဲ့ခြင်း ဖြစ်ပြီး ယင်းသတင်းမှာ အသင်း၏ပရိသတ်များအတွက် တုန်လှုပ်အံ့သြဖွယ်ဖြစ်ခဲ့ရသည်။ ကွန်တီ၏ ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲခဲ့ခြင်းအကြောင်းအရင်း များတွင် အသင်း၏ အဓိက ကစားသမားများဖြစ်ကြသည့် ပေါ့ဘာနှင့် ဗီဒယ်လ်တို့ကို ရောင်းချရန် စီစဉ်နေမှုများကို သဘောမကျခဲ့သလို ကစားသမားသစ်များ ခေါ်ယူရန်အတွက်လည်း ငွေကြေးအလုံအလောက်မပေးနိုင်သည့်အတွက် ယခုကဲ့သို့ရာထူးမှနုတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြ ခဲ့ကြသည်။ ထို့ကြောင့် ကွန်တီမှာ လစ်လပ်လျက်ရှိနေသည့် အီတလီလက်ရွေးစင်အသင်း၏ နည်းပြရာထူးအတွက် ရေပန်းစားလာပြီး ၎င်းမှာလည်း အီတလီ အသင်း၏ နည်းပြရာထူးကိုလက်ခံသွားဖွယ်ရှိကြောင်းသိရသည်။ (ကိုရဲ) 

**ကမ်္ဘာ့ဖလားချန်ပီယံဂျာမနီအသင်းကို ဖော်မြူလာဝမ်း ကားမောင်းသမား နီကိုရော့စ်ဘတ်ဂုဏ်ပြုမည်** 

၂၀၁၄ ခုနှစ် ဖော်မြူလာဝမ်းပြိုင်ပွဲ ၀င် ဂျာမနီနိုင်ငံသား ကားမောင်းသမား နီကိုရော့စ်ဘတ်က ဇူလိုင် ၂၀ ရက်တွင် ကျင်းပမည့် German Grand Prix ဖော်မြူလာဝမ်းပြိုင်ပွဲ၌ ၂၀၁၄ ခုနှစ် ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဂျာမနီအသင်းကို ဂုဏ်ပြုမှုပြုလုပ်ရန် စီစဉ်ထားသည်။ အသက် ၂၉ နှစ်အရွယ်ရှိ ရော့စ်ဘတ်သည်German Grand Prix ဖော်မြူလာဝမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချိန်၌ ဂျာမနီနိုင်ငံအလံကို အောက်ခံထားကာ ကမ်္ဘာ့ဖလားချန်ပီယံဆုပုံနှင့် ဂျာမနီအသင်း ကမ်္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့သည့် ခုနှစ်များကို ရေးထိုးသည့် ခေါင်းဆောင်းကို ၀တ်ဆင်ပြိုင်ပွဲဝင်ကာ ဂုဏ်ပြုရန် စီစဉ်ထားခြင်းဖြစ်သည်။ နီကိုရော့စ်ဘတ်က သူ၏ တွစ်တာစာမျက်နှာ၌German Grand Prixဖော်မြူ လာဝမ်းပြိုင်ပွဲတွင်ဝတ်ဆင်မည့် ခေါင်းဆောင်းပုံကို ဖော်ပြထားပြီး ““ဒါဟာ ကမ်္ဘာ့ ဖလားချန်ပီယံ ဂျာမနီအသင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာ ကျွန်တော်အသုံးပြုမယ့် ခေါင်းဆောင်းပါ။ မကြိုက်ကြဘူးလား””ဟု ရေးသားဖော်ပြခဲ့သည်။ မာစီဒီးအသင်းသား နီကိုရော့စ်ဘတ်သည် ယခုနှစ် ဖော်မြူလာဝမ်းပြိုင်ပွဲ ရာသီ၏ ပြိုင်ပွဲကိုးပွဲ ယှဉ်ပြိုင်မောင်းနှင်ပြီးချိန်တွင် သုံးကြိမ် အနိုင်ရဗိုလ်စွဲထားကာ စုစုပေါင်းရမှတ် ၁၆၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသူဖြစ်သည်။(ထက်အောင်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)