ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 29, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

> >
**ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Bond 2424ဇာတ်ကား၏ အဓိကဇာတ်ဝင်ခန်းများကို အီတလီနိုင်ငံ၌ ရိုက်ကူးသွားမည်**

 အက်ရှင်ဇာတ်ကားကြိုက်ပရိသတ်များအတွက် အသစ်ထွက်ရှိလာမည့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Bond 24ဇာတ်ကား၏ အဓိကဇာတ်ဝင်ခန်းများကို အီတလီနိုင်ငံ၌ ရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်၏ ရိုက်ကူးရေးလုပ်ငန်းများကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်သွားရန် စီစဉ်ထားပြီး ဇာတ်ညွှန်းပိုင်းဆိုင်ရာများအားလုံးမှာ ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
007ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်မည့် မင်းသား ဒယ်နီယယ်ခရေ့ခ်ျအနေဖြင့်လည်း ၂၀၀၆ ခုနှစ်က ဂျိမ်းစ်ဘွန်း ဇာတ်ကားကဲ့သို့ပင် အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် သွားရောက်ရိုက်ကူးမည်ဖြစ်သည့်အတွက် အထူးအဆန်းမဟုတ်တော့ ပေ။ ဒါရိုက်တာ ဆမ်မက်ဒက်စ်ရိုက်ကူးပုံဖော်မည့် ယင်းbond 24 ဇာတ်ကားတွင် ဗြိတိန်မင်းသမီး Naomie Harris နှင့် မင်းသားRalph Fiennes တို့လည်း အားဖြည့်ပါဝင်ကြမည်ဖြစ်ကာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဖြန့် ချိပြသသွားမည်ဖြစ်ကြောင်းသိရသည်။(မျိုးစန်္ဒာမောင်)

**ဒီယေဂိုကော်စတာချယ်လ်ဆီးအတွက်ဂိုး စတင်သွင်းယူပြီ**

ချယ်လ်ဆီးသို့ မကြာမီက ရောက်ရှိလာသည့် တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ဆလိုဗေးနီးယားကလပ် အိုလံပီယာနှင့် ကစားသည့်ပွဲတွင် ဂိုး စတင်သွင်းယူခဲ့သည်။ ယင်းပွဲတွင် ချယ်လ်ဆီးက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရခဲ့သည်။ ချယ်လ်ဆီးအတွက် စပိန်ကစားဖော်နှစ်ဦးဖြစ်သည့် ဖာဘရီဂတ်စ်နှင့် ကော်စတာတို့က ပွဲချိန် ၅၅ မိနစ်အတွင်း သွင်းယူခဲ့ခြင်းဖြစ်သည်။ ““ဒီကနေ့ ကစားတဲ့ပွဲမှာ ကျွန်တော်တို့ ချယ်လ်ဆီးဟာ တောင့်တင်းတဲ့အသင်းဖြစ်တယ် ဆိုတာ ပြသလိုက်တာပါပဲ။ လာမယ့်ရာသီမှာ ဖလားရဖို့ မျှော်လင့်ထားပါတယ်”” ဟု နည်းပြမော်ရင်ဟိုကပြောသည်။(ကောင်းမြတ်သူ)  

**ဒရာမာဇာတ်ကားသစ်ဖြင့် ဒရာမာလောကသို့ ပြန်လည်ခြေဦး လှည့်မည်ဟု ရိန်းပြောကြား**
တောင်ကိုရီးယား သရုပ်ဆောင် နှင့် ဂီတလောကမှ ငွေကြယ်ပွင့် တစ်ဦးဖြစ်သူ ရိန်းသည် ၂၀၁၀ ခုနှစ်က The Fugitive Plan B ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ခဲ့ပြီးနောက် ဒရာမာဇာတ်ကားများ နှင့် အဆက်အသွယ်ပြတ်ခဲ့ရသော် လည်း ယခုအခါ My Lovable Girl အမည်ရှိ ဒရာမာဇာတ်ကားသစ်ဖြင့် ဒရာမာလောကသို့ ပြန်လည်ခြေဦး လှည့်မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ My Lovable Girl ဇာတ်ကား သည် အချစ်အသားပေး လူငယ်ကြိုက် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီး လူငယ်တစ်ဦးက အချစ်နှင့် ဂီတ အကြားမှ ဘ၀ဒဏ်ရာ၊ ဒဏ်ချက် များ ကျော်လွှားအောင်မြင်ပုံများကို သရုပ်ဖော် တင်ဆက်ထားခြင်း ဖြစ်သည်။ 

အဆိုပါဇာတ်ကားတွင် ရိန်းသည် အေဂျင်စီတစ်ခု၏ စီအီးအိုတစ်ဦး အဖြစ်အဓိက ခေါင်းဆောင်ပါဝင် ထားကာ ““ဒီဇာတ်ကားဟာ လူငယ် တွေကြားမှာဖြစ်ပေါ်နေတဲ့ အချစ် ဒဏ်ရာတွေကို ဂီတနဲ့ကုသပုံတွေကို ကေပေါ့ပ်ဂီတလောကကို နောက်ခံ ထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်”” ဟု ရိန်းက ပြောကြားခဲ့သည်။ ယင်းဇာတ်ကားကို အစပိုင်းတွင် ဟု အမည်ပေးထားသော်လည်း ရိန်း အနေဖြင့် ဇာတ်ကားကမ်းလှမ်းမှုကို လက်ခံပြီးမှ My Lovable Girl ဟု တရားဝင် အမည်ပြောင်းခဲ့ခြင်းဖြစ် ကြောင်း၊ ရိန်းနှင့်အတူပါဝင်သရုပ် ဆောင်မည့် အခြားသရုပ်ဆောင်များ ကိုလည်း များစွာသော အေဂျင်စီ များမှ စိတ်ကြိုက်ရွေးချယ်ထားခြင်း ဖြစ်ပြီး မျိုးဆက်သစ် လူငယ်များ အတွက် ဒရာမာဇာတ်ကားတွင် ပါဝင် ခွင့်ရရှိမည့် အခွင့်အရေးသစ် ရရှိကြ မည်ဖြစ်ကြောင်း၊ ယင်းဇာတ်ကားကို စက်တင်ဘာ ၁၇ ရက်တွင် ထုတ်လွှင့် ပြသသွားရန်စီစဉ်ထားပြီး ရိုက်ကူးမှု များကို သြဂုတ်လအတွင်း စတင်သွား မည်ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်) 

**လီဗာပူးခံစစ်မှူးးဖြစ်လာတဲ့ခရိုအေးရှား နောက်တန်းကစား သမားဒီဂျန်းလော်ဗရင်**

 ပြီးခဲ့တဲ့ရာသီက ဖလားနဲ့ကပ်ပြီး လွဲချော်ခဲ့တဲ့ လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ အကောင်းဆုံးပွဲ ထွက်လာဖို့ ကစားသမားကောင်းတွေ ဆက်လက်ရှာဖွေနေဆဲပါ။ ဒီအထဲမှာ ခရိုအေးရှား နောက်တန်းကစား သမားတစ်ဦးဖြစ်တဲ့ဒီဂျန်းလော်ဗ ရင် လည်း အပါအ၀င်ဖြစ်ပါတယ်။ သူဟာ ကမ်္ဘာ့ဖလားမှာလည်း နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရာမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ ခရိုအေးရှားကစားသမား ဒီဂျန်း လော်ဗရင်ဟာ ပရီမီယာလိဂ်ကလပ် ဆောက်သမ်တန်မှာ ကစားနေသူ လည်းဖြစ်ပါတယ်။ သူ့ကို လီဗာပူးက ပေါင်သန်း ၂၀ နဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ သူဟာ လီဗာပူးက ဒီနှစ်နွေရာသီမှာ ခေါ်ယူ တဲ့ ကစားသမားတွေထဲမှာ ပဉ်္စမ မြောက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်လာပါတယ်။ 

သူဟာ ဆောက်သမ် တန်ကနေ လီဗာပူးသို့ ပြောင်းရွှေ့ လာတဲ့ တတိယမြောက် ကစားသမား လည်း ဖြစ်ပါတယ်။ ၄င်းမတိုင်မီက ရစ်ကီးလမ်းပတ်နဲ့ အဒမ်လာလာနာ တို့ဟာလည်း ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းခဲ့ကြသူတွေဖြစ် ပါတယ်။ ““ဒီစာချုပ်က ကျွန်တော်တို့ အတွက်တော့ အရေးကြီးတဲ့ စာချုပ် ဖြစ်ပါတယ်”” လို့ လီဗာပူး နည်းပြ ဘရီဒန်းရော်ဂျာက ပြောဆိုပါတယ်။ ဗဟိုခံစစ်မှူး လော်ဗရင်ဟာ အမေရိကန်နိုင်ငံသို့ လီဗာပူးအသင်း နဲ့ သွားရောက် ကစားရာမှာလည်း ပါဝင်ကစားမှာဖြစ်ပါတယ်။ လာမည့် ပရီမီယာလိဂ်ရာသီမှာတော့ လီဗာပူး ရဲ့ အဓိကခံစစ်မှူးအဖြစ် တွေ့ရတော့ မှာဖြစ်ပါတယ်။(အာကာကျော်)

>

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)