ထိုင်းနိုင်ငံရှိ မြန်မာ ကမ္ဘောဒီးယား လော ရွှေ့ ပြောင်းအလုပ်သမားအသစ်တွေအတွက်ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်
လက်မှတ်( ဘတ်-WP )လုပ်ပေးရန် ထိုင်းအစိုးရကနောက်ထပ် ၅၃ ခရိုင်ဖွင့်လှစ်လိုက်ပါသည်။ rမူလက ၂၃ ခရိုင် အခု ၅၃ ခရိုင်ထပ်ဖွင့်တယ်ဆိုတော့ ရ၆ ခရိုင်ပြည့်သွားပြီ ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၇၆ ပဲရှိတယ်ဆိုတော့ တနိုင်ငံလုံးဖွင့်လှစ်ပေးသွားပြီဖြစ်ပါသည်။ 28.7.2014 ရက်နေ့မှ 31.3.2015 အထိဖွင့်လှစ်သွားမည်ဟု ကြေငြာချက် အမှတ် ၁၁၃/၂၅၅၇ မှာဖော်ပြထားပါသည်။ ထို့နောက် လုပ်ပြီးခဲ့သောသူတွေအတွက် ပတ်စပို့လုပ်လို့မမီသေးပဲ သက်တမ်းကုန်ဆုံးသွားလျှင် အနည်းဆုံး ၆လထပ်မံတိုးပေးသွားမည်ဖြစ်ပါသည်။ ထိုင်းစစ်ကောင်စီသည်ယခင်အရပ်သားအစိုးရများလက်ထက်ကနှောင့်နှေးကြန့် ကြာပြီးခရီးမပေါက်ခဲ့သော
ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာမူဝါဒများထဲမှပြင်ဆင် ပြောင်းလဲလုပ်ဆောင်နိုင်တာအချို့ ကိုလက်တွေ့ 
ကျကျဆောင်ရွက်နေခြင်းကိုသတိနှင့်ကြိုဆိုသော်လည်းအထောက်အထားရှိနှင့်အထောက်အထားမဲ့ရွှေ့ ပြောင်းအလုပ်
သမားများအတွက်.အောက်ပါအခက်အခဲများရှိနေဆဲဖြစ်ပါသည်။ယင်းတို့ မှာ....
(၁)လုပ်နည်းလုပ်ဟန်ရှုပ်ထွေးနေဆဲရှိခြင်း
(၂)ကုန်ကျစရိတ်မှာလည်းသိသိသာသာသက်သာခြင်းမရှိခြင်း။
(၃)အလုပ်ရှင်အာမခံမှုကိုဆက်လက်အလေး
ထားရှိတာကြောင့်အလုပ်ရှင်အမည်ခံမည့်သူကိုငွေပေးနေရ ဆဲဖြစ်ခြင်း၊
(၄)မြန်မာနိုင်ငံဘက်မှထိုင်းနိုင်ငံသို့ လာရောက်ဖွင့်လှစ်သည့်One Stop Service(OSS)သည်လည်းထိုင်းအစိုးရဌာနဆိုင်ရာများနှင့်အဆင်ပြေအောင်ကြည့်နေကြည့်စားပုံစံမျိုးဖြင့်
ရပ်တည်နေရခြင်းကြောင့်လွတ်လပ်စွာလုပ်ပိုင်ပိုင်ခွင့်မရှိ သည့်နည်းတူလာရောက်ဆက် သွယ်ဆောင်ရွက်သည့် ရွှေ့ ပြောင်းအလုပ်သမားများအတွက်လည်းဆက်ဆံရေး ကစပြီးအဆင်မပြေဖြစ်ရခြင်း၊
သာလုပ်ငန်းဆောင်တာမြန်ဆန်ခြင်း...စသည်ဖြင့်မလိုလားအပ်စွာဖြစ်တည်နေဆဲရှိသည် ဟုထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ကသုံးသပ်ပါသည်။

No comments:
Post a Comment