ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 28, 2014

==လေယာဉ်ပျက် စုံစမ်းစစ်ဆေးရေးဖင့်နွှဲ...မထွေးနိုင်မအန်နိုင်ဖြစ်ရဆဲ==

>
မလေးရှား လေကြောင်းဌာနမှ ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျခဲ့သည့် နေရာတွင် နောက် ဆုံး လက်ကျန် ရုပ်အလောင်းများအား ရှာဖွေနိုင်ရန် နှင့် မှုခင်းဆေးပညာ ကျွမ်းကျင်သူ စုံစမ်းစစ်ဆေးရေး မှူးများက သဲလွန်စများ ရှာဖွေနိုင်ရန် နယ်သာလန်နိုင်ငံ က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသသို့ လုံခြုံရေး စောင့် ကြပ်ပေးမည့် စစ်ရဲတပ်ဖွဲ့ဝင် ၄၀ ကို စေလွှတ်မည်ဖြစ် ကြောင်း ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန် ကြေညာလိုက် သည်။ နယ်သာလန်နိုင်ငံ နည်းတူ သြစတြေးလျနိုင်ငံ ကလည်း လေယာဉ်ပျက်ကျခဲ့သည့်နေရာသို့ ရဲတပ်ဖွဲ့ ၀င်များကို စေလွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာ ခဲ့သည်။ အမ်အိပ်ခ်ျ-၁၇ လေကြောင်းခရီးစဉ် ပျံသန်းခဲ့ သော ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့် ပတ်သက် ၍ စုံစမ်းစစ်ဆေးမှုကို နယ်သာလန်နိုင်ငံက ဦးဆောင်ပြု လုပ်မည်ဖြစ်သည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက် ရေး လှုပ်ရှားသူများ ထိန်းချုပ်ထားသည့်နေရာတွင် လေယာဉ်ပျက်ကျခဲ့ပြီး လူပေါင်း ၂၉၈ ဦး ဇီဝိန်ကြွေ ခဲ့ရသည်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူ ဦးရေ၏ သုံးပုံနှစ်ပုံမှာ ဒတ်ခ်ျလူမျိုးများဖြစ်သည်။ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တစ်စင်းထိမှန်ခံရမှု ကြောင့် လေယာဉ်ပျက်ကျခဲ့ရသည်ဟု သင်္ကာမကင်းဖြစ် ကြရပြီး မည်သူ့လက်ချက်ဖြစ်သည်ကို စုံစမ်းဖော်ထုတ် နိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။ ပျက်ကျခဲ့သော ဘိုးအင်း-၇၇၇ အမျိုးအစားခရီး သည်တင်လေယာဉ်၏ အပျက်အစီးအပိုင်းအစများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြပြီး ရုပ်အလောင်းများကိုလည်း နောက်ထပ် ရှာဖွေတွေ့ရှိခဲ့ကြသည်။ လေယာဉ်ပျက်ကျသည့်နေရာကို ထိန်းချုပ်ခွင့်ရရှိ ရေးအတွက် နယ်သာလန်နှင့် သြစတြေးလျနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက ကြိုးပမ်းခဲ့ကြပြီး ယူကရိန်း နိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့သည်။ လက်ကျန်ရုပ်အလောင်းများ ရှာဖွေရေးနှင့် သဲလွန်စ များ ရှာဖွေနိုင်ရေးတို့အတွက် အထူးလုပ်ငန်းတစ်ရပ် ကို ဆောင်ရွက်နိုင်ရန် ယူကရိန်းနိုင်ငံက နယ်သာလန် နိုင်ငံအား တာဝန်ဝတ်္တရားများကို တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေး ၀န်ကြီး ဂျူလီဘစ်ရှော့က ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်တွင် ဇူလိုင် ၂၅ ရက်က သတင်းထောက်များ အား ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျခဲ့သည့်နေရာ၌ လုံခြုံမှုရှိရေးနှင့် ရုပ်အလောင်းများအား အပြီးတိုင် ရှာဖွေနိုင်ရေး အတွက် ဖက်ဒရယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ ၅၀ ကို စေလွှတ် ပေးရန် အသင့်ရှိနေပြီဟု သြစတြေးလျအစိုးရက ထုတ် ပြန်ကြေညာခဲ့သည်။ လေယာဉ်ပျက်ကျသည့် ကြမ်္မာဆိုးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမည့် နိုင်ငံခြားသား မှုခင်းဆေးပညာရှင် များအတွက် လုပ်ငန်းဆောင်ရွက်ခွင့်ဆိုင်ရာ အခြေခံမူ ဘောင် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ခြင်းမှာ တိုး တက်မှုတစ်ရပ်ဖြစ်သည်။

သို့ရာတွင် ယူကရိန်းအစိုးရ အဖွဲ့နှင့် ရရှိခဲ့သော သဘောတူညီချက်ကို ခွဲ ထွက်ရေး သမားများက ရင်ကြားစေ့ လက်ခံနိုင်ခြင်း ရှိ၊ မရှိ တိတိပပ မသိရသေးပေ။ ထိုစဉ်အတွင်း ယူကရိန်းနိုင်ငံရေးမှာ ရိုးတိုးရွတ ဖြစ်လာသည်။ မတည်မငြိမ် လှုပ်ရှားလာသော နိုင်ငံရေး အခြေအနေတစ်ရပ်အတွင်း ဖြစ်ပေါ်လာသည့် အရှုပ် အထွေးတစ်ရပ်မှာ ယူကရိန်းဝန်ကြီးချုပ် အာဆန်နီ ယက်ဆန်ယွတ် ရာထူးမှ နုတ်ထွက်စာတင်ခြင်းဖြစ် သည်။ ယင်းမှာ အစိုးရအဖွဲ့အတွင်း အိုးနင်း ခွက်နင်း ကသောင်းကနင်းဖြစ်လျက် ဖြေရှင်းချက်ထုတ်ရမည့် နိုင်ငံရေး ပုစ်္ဆာတစ်ရပ်ဖြစ်သည်ဟု ဆိုရချိမ့်မည်။ ယူကရိန်းသမ်္မတ ပီထရိုပိုရိုရှန်ကိုသည် ရွေးကောက် ပွဲသစ်ကျင်းပရန် တိုက်တွန်းလိုက်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ ဖွဲ့စည်းရေးသို့ ဦးတည်နေချိန်တွင် လေယာဉ်ပျက် ကျသည့်ကိစ်္စနှင့် ပတ်သက်၍ နိုင်ငံတကာ သဘောတူ ညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ရသည်။ လေယာဉ်ပျက်ကျမှုဖြစ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှုပြုလုပ်နိုင်ရန် တာဝန်ဝတ်္တရားများကို ယူ ကရိန်း နိုင်ငံက နယ်သာလန်နိုင်ငံထံသို့ လွှဲပြောင်းပေး အပ်ခြင်းဖြင့် ရုရှားလိုလားသော ခွဲထွက်ရေးသမားများ အနေဖြင့် အထိအရှမခံ ပျက်လွယ်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လေးစားလိုက်နာလာ ရန် အကြောင်းအထောက်အပံ့တစ်ရပ်ဖြစ်လာမည် ဟု မျှော်လင့်ရသည်။

; ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအက်စ်စီအီး)၏ စစ်ရေးအကဲခတ်ပုဂ်္ဂိုလ်များသည် ခွဲထွက်ရေးလှုပ်ရှားမှု ခေါင်းဆောင်များနှင့် တိုက်ရိုက် ဆက်သွယ်ခဲ့ကြပြီး လေယာဉ်ပျက် စုံစမ်းစစ်ဆေးရေး မှူးများအနေဖြင့် စစ်ဇုန်အတွင်းသို့ ၀င်ရောက်ကာ အလုပ်လုပ်ကိုင်နိုင်ရန် ညှိနှိုင်းခဲ့ကြသည်။ လေယာဉ်ပျက်ကျသည့်နေရာ၌ ကယ်ဆယ်ရေးလုပ် ဆောင်နိုင်ရန် စေလွှတ်ခဲ့သည့် မိမိတို့၏ လုပ်သားများ အခြေစိုက်သည့် စခန်းမှ ရွက်ဖျင်တဲများကို သေနတ် သမားများက ယူဆောင်သွားခဲ့ကြကြောင်း၊ ကယ်ဆယ် ရေးလုပ်ငန်းသုံး စက်ကိရိယာများနှင့်အတူ ပြန်လည် ထွက်ခွာသွားရန် ၎င်းင်းတို့က မိမိတို့၏ လုပ်သား များကို သေနတ်ပြောင်းဝဖြင့်တေ့၍ မောင်းထုတ်ခဲ့ကြကြောင်း အရေးပေါ်လုပ်ငန်းများဆိုင်ရာ အကြီး အကဲတစ်ဦးက ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါဗစ်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့ရာ တွင် ယင်းဖြစ်ရပ် မည်သည့်အချိန်က ဖြစ်ပွားခဲ့သည် ကို မသိရပေ။ လေယာဉ်ပျက်ကျရာနေရာ အ၀န်းအ၀ိုင်းအတွင်း သို့ ၀င်ရောက်ရန် အခက်အခဲများရှိနေသည်ဟု ယူ ကရိန်းနိုင်ငံရောက် နယ်သာလန်ရဲတပ်ဖွဲ့ ကိုယ်စား လှယ်အဖွဲ့အကြီးအကဲဂျန်တွင်ဒါက ပြောကြားသည်။ နယ်သာလန်နိုင်ငံရှိ စစ်အခြေစိုက် စခန်းတစ်ခုသို့ ရုပ်အလောင်း ၇၄ လောင်း သယ်ဆောင်လာသော စစ် လေယာဉ်နှစ်စင်း ဆိုက်ရောက်လာချိန်မှာ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေဆဲ အချိန်ဖြစ်သည်။ နယ်သာ လန်နှင့် သြစတြေးလျ စစ်လေယာဉ်များက ရုပ် အလောင်းများကို ကူသယ်ခေါက်သယ် ပို့ဆောင် ပေးခဲ့သည်။ နယ်သာလန်နိုင်ငံအလယ်ပိုင်း ဟီဗာဆမ်မြို့ရှိ အိန်း ဟိုဗင် လေတပ်စခန်းမှ စစ်တန်းလျားတစ်ခု တည်ရှိရာ သို့ နိဗ်္ဗာန်ယာဉ် ယာဉ်တန်းဖြတ်သန်းမောင်းနှင်ချိန်တွင် လူထောင်ပေါင်းများစွာ က လမ်းဘေးဝဲယာမှ ရပ်လျက် ရင်သပ်ရှုမောစွာဖြင့် ငေးမောကြည့်ရှုနေခဲ့ကြသည်။ စစ်တန်းလျား၌ ခေတ်္တထားရှိမည့် ရုပ်အလောင်းများကို နိုင်ငံတကာမှ ကျွမ်းကျင်သူ ပညာရှင်များက စစ်ဆေး ကာ မည်သူ မည်ဝါတို့ဖြစ်သည်ဟု အတည်ပြုပေးမည် ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် လာမည့် ရက်ပိုင်းအတွင်း လေယာဉ်ပျက်ကျသည့် နေရာ သို့ မှုခင်းဆေးပညာရှင်များကို ထပ်မံစေလွှတ် ပေးမည်ဟု နယ်သာလန်ဝန်ကြီးချုပ်မာ့ခ်ရုက ပြော ကြားသည်။ သြစတြေးလျ စုံစမ်းစစ်ဆေးရေးမှူးများမှာလည်း လေယာဉ်ပျက်ကျသည့်နေရာသို့ ရောက်ရှိနေကြ ပြီး လုံခြုံရေးအခြေအနေကို တီးခေါက်လေ့လာလျက် ရှိကြသည်။ စုံစမ်းစစ်ဆေးမှု အသေးစိတ်ပြုလုပ်နိုင်မည့်နေရာ လုံခြုံမှုရှိရေးမှာ အရေးကြီးလှပြီး လောလောဆယ်တွင် မထွေးနိုင် မအန်နိုင် အကျပ်အတည်းဖြစ်လျက် အနေ ထားမှ ကျော်လွှားလွန်မြောက်နိုင်ရန် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးမှူးများက မျှော်လင့်တကြီး စောင့်စား လျက်ရှိနေကြလေသည်။ ။

+ကိုရင်သြ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)