ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 21, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**ဘရတ်ဒ်ပစ်နှင့် အိန်ဂျလီနာဂျိုလီ အချစ်ဒရာမာ ဇာတ်ကားကိုမာတာကျွန်းတွင်စတင်ရိုက်ကူး**

 ဟောလိဝုဒ် ငွေကြယ်ပွင့် စုံတွဲ ဘရတ်ဒ်ပစ်နှင့် အိန်ဂျလီနာဂျိုလီ တို့ ၏ဇာတ်ကားသစ်ဖြစ်သည့်  By the Seaအမည်ရှိအချစ်ဒရာမာ ဇာတ်ကားကိုမာတာရှိဒုတိယ အကြီးဆုံးကျွန်းတစ်ခုဖြစ်သော Mgarr ix-Xini ကမ်းခြေ ၌ သြဂုတ် ၁၇ ရက်က စတင်ရိုက်ကူးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားသစ်၏ တစ် ကမ်္ဘာလုံးဆိုင်ရာ မူပိုင်ခွင့် ကိုယူနီဗာဆယ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ်္ပဏီမှရရှိထားပြီး ယင်းဇာတ်ကား၏ ဇာတ်လမ်းဇာတ်ကွက်အကြောင်းအရာအသေးစိတ်ကိုယခုအချိန်ထိတိုင် လျှို့ဝှက်ထားဆဲဖြစ်ပြီး ၂၀၁၅ ခုနှစ် တွင် ဖြန့်ချိပြသသွားနိုင်ရန် စီစဉ် ထားကြောင်းသိရသည်။ မင်းသား ဘရတ်ဒ်ပစ်အနေဖြင့်  ၂၀၀၄ ခုနှစ်က Troyဇာတ်ကား၊ ၂၀၁၃ ခုနှစ်က World War Z ဇာတ်ကားတို့ကို မာတာ၌ သွားရောက်ရိုက်ကူးခဲ့ဖူးပြီး လာမည့်အောက်တိုဘာ ၁၇ ရက်တွင် Furyဇာတ်ကားသစ်တွင် ထပ်မံမြင်တွေ့ရမည်ဖြစ်သည်။ ထို့ ပြင် အိန်ဂျလီနာဂျိုလီအား Kung Fu Panda 3သရီးဒီ အမေရိကန်-တရုတ် အက်ရှင်ဟာသဇာတ်မြူးကားနှင့် Salt 2စပိုင်ဇာတ်ကားသစ်များတွင် ထပ်မံမြင်တွေ့ရဦးမည်ဖြစ်သည်။ (မျိုးစန်္ဒာမောင်)

**အသက် ၁၁၁ နှစ်ရှိဂျပန်အဘိုးအိုတစ်ဦးကမ်္ဘာ့အသက်အကြီးဆုံး ပုဂ်္ဂိုလ်ဖြစ်လာ**
(တိုကျို သြဂုတ် ၂၀) ဂျပန်နိုင်ငံသား အသက် ၁၁၁ နှစ်အရွယ်ရှိအဘိုးအိုတစ်ဦးသည် ကမ်္ဘာ့အသက်အကြီးဆုံး ပုဂ်္ဂိုလ်အဖြစ် ဂင်းနစ်ကမ်္ဘာ့စံချိန်မှတ်တမ်းတင်အဖွဲ့ ၏ တရားဝင် သက်သေခံလက်မှတ်ကို တိုကျိုမြို့ရှိဘိုးဘွားရိပ်သာ၌ သြဂုတ်၂၀ ရက်က လက်ခံရယူခဲ့ ကြောင်း ယနေ့ဘီဘီစီသတင်း တွင် ဖော်ပြသည်။ ယင်းအဘိုးအိုသည် ရိုက်စ်ညီနောင်က ကမ်္ဘာ့ပထမဆုံးလေကြောင်း ပျံသန်းမှု ပြုလုပ် ခဲ့ခြင်းမရှိမီ လပေါင်းအတန်ကြာကာလအလိုတွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ရပြီး ကမ်္ဘာပေါ်တွင် အသက်ရှည်ဆုံး အမျိုးသားအဖြစ် သြဂုတ် ၂၀ ရက်တွင် အသက် ၁၁၁နှစ်ရှိပြီဟု သတ်မှတ်ခံရသူလည်း ဖြစ်သည်။ ဆာကာရီမိုမီအမည်ရှိအဆိုပါ ဂျပန်အဘိုးအိုမှာ၁၉၀၃ခုနှစ် ဖော်ဖော်ဝါရီ ၅ရက်တွင် မွေးဖွားခဲ့ သူဖြစ်ပြီး အထက်တန်းကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပြီး ဂင်းနစ်ကမ်္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ ၏ဘိုးသက်ရှည်အဖြစ် သက်သေခံလက်မှတ်ကိုလက်ခံရရှိခဲ့ သူဖြစ်သည်။

အနက်ရောင်ပွဲတက်ဝတ်စုံနှင့်  ရှပ်အင်္ကျီဖြူဝတ်ဆင်ကာ ငွေရောင်ဘိုးတိုင်ကိုဆင်မြန်း ထားသည့်  အဘိုးအိုက တိုကျိုမြို့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ သည်။ မိမိသည် ယခုနေထိုင်ရာ ဘိုးဘွားရိပ်သာမှ အခြားတစ်နေရာသို့ ရွှေ့ ပြောင်းသွားလိုခြင်း မရှိကြောင်း ၎င်းက ပြောကြားသည်။ ကမ်္ဘာ့ဘိုးသက်ရှည်ဘွဲ့ကို မစ်္စတာ ဆာကာရီက ယခုနှစ် ဇွန်လအတွင်းက ကွယ်လွန်ခဲ့သော အမေရိကန်နိုင်ငံသား ဘိုးသက်ရှည်အလက်ဇန်္ဒားအင်မိတ်ထံမှ လွှဲပြောင်းရယူခဲ့ သည်။ ယင်းအမေရိကန်ဘိုးသက်ရှည်မှာမစ်္စတာဆာကာရီထက် ရက် အနည်းငယ်စောကာ မွေးဖွားခဲ့ သူဖြစ်သည်။ (ဘီဘီစီ)  

** နောက်ထပ်မည်သည့် ကစားသမားကိုမျှ ကိုက်တော့ မည်မဟုတ်ကြောင်း ဆွာရတ်ဇ်ကတိက၀တ်ပြု**
ဘာစီလိုနာတိုက်စစ်မှူးး လူးဝစ်ဆွာရတ်ဇ်သည် ၎င်း၏အပြုအမူနှင့် ပတ်သက်၍ အထူးအလေးထားပြောကြားခဲ့ ရာတွင် နောက်ထပ်မည်သည့် ကစားသမားကိုမျှ ကိုက်တော့ မည်မဟုတ်ကြောင်း ကတိက၀တ်ပြုလိုက်ပြီဖြစ်သည်။ ဆွာရတ်ဇ်သည် ၂၀၁၄ ကမ်္ဘာ့ ဖလားပြိုင်ပွဲ၌ အီတလီကစားသမား ချီလီနီအား ကိုက်ခဲ့ ခြင်းကြောင့်  ဘောလုံးကစားခွင့် လေးလပိတ်ပင်ခံခဲ့ ရပြီး ၎င်း၏ ကစားသမားဘ၀တစ်လျှောက်တွင် သုံးကြိမ်တိုင်တိုင် ပြိုင်ဘက်ကစားသမားကို ကိုက်ခဲ့ သူဖြစ်သည်။ 

တိုက်စစ်မှူးးဆွာရတ်ဇ်သည် ၂၀၁၀ ခုနှစ်က အိုင်းယက်စ်အသင်းတွင် ကစားစဉ် ပီအက်စ်ဗွီအိုင် ဟိုဗင်ကစားသမား ဘက်ကယ်၏ ပခုံးကိုကိုက်ခဲ့ ခြင်းကြောင့်ခုနစ်ပွဲပွဲပယ်ခံခဲ့ ရသည်။ ၂၀၁၁ ခုနှစ်တွင် အီဗရာအား လူမျိုးရေးခွဲ ခြားမှုကြောင့်  ရှစ်ပွဲပယ် ပြစ်ဒဏ်နှင့်  ဒဏ်ကြေးပေါင် ၄၀၀၀၀ ဒဏ်တပ်ခံခဲ့ ရသည်။ ၂၀၁၃ ခုနှစ်တွင် ချယ်လ်ဆီး နောက်ခံလူ အိုင်ဗန်နိုဗစ်ကို ကို က်ခဲ့ ခြင်းကြောင့်  ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ ရပြီး၂၀၁၄ ကမ်္ဘာ့ဖလားတွင် ချီလီနီအား ကိုက်ခဲ့ ခြင်းကြောင်နိုင်ငံတကာပွဲစဉ် ကိုးပွဲအပါအ၀င် ဘောလုံးကစားခွင့်လေးလပိတ်ပင်ခံခဲ့ ရသူဖြစ်သည်။[နိုင်လင်းကြည်] 

**အသင်း၏တိုက်စစ်ကိုအားဖြည့်ရန်အတွက်ဖယ်လ်ကာအိုအားလီဗာပူးပစ်မှတ်ထား**
အင်္ဂလန်ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် အသင်း၏တိုက်စစ်ကိုအားဖြည့်ရန်အတွက် မိုနာကိုအသင်း၏ကိုလံဘီယာတိုက်စစ်မှူးး ဖယ်လ်ကာအို အား ပစ်မှတ်ထားနေကြောင်း သိရသည်။ လီဗာပူးအသင်းမှာယခုနှစ် နွေရာသီ အပြောင်းအရွှေ့  ကာလအတွင်း ကစားသမား ရှစ်ဦးအတွက် ပေါင်သန်း ၉၀ ကျော်သုံးစွဲကာ ခေါ်ယူထားခဲ့ သော်လည်း တိုက်စစ်ပိုင်း တွင် ဆောက်သမ်တန်တိုက်စစ်မှူးး ရစ်ကီလမ်းဘတ် တစ်ဦး တည်းကိုသာ ခေါ်ယူထားနိုင်ခြင်းကြောင့်  ယခုကဲ့ သို့ ဖယ်လ်ကာအိုအား စိတ်ဝင်စားလာခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် ဖယ်လ်ကာအိုမှာအပြောင်းအရွှေ့ ကာလ အစောပိုင်းက ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့  ရောက်ရှိနိင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း ရီးယဲလ်အသင်းမှာကစားသမားသစ်များ ထပ်မံခေါ်ယူတော့မည်မဟုတ်ဟု တရားဝင်ထုတ်ဖော်ကြေညာခဲ့ သောကြောင့်လီဗာပူးအသင်းက၎င်းအား စောင့် ကြည့်လာခဲ့ ခြင်းဖြစ်သည်။ 

ဖယ်လ်ကာအိုမှာလည်း ပရီမီယာလိဂ်တွင် ကစားရန်ဆန်္ဒရှိနေပြီး အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းမီ ကာလအတွင်း ၎င်းအား လီဗာပူးအသင်းမှ ကမ်းလှမ်း သွားဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာDaily Mail က ဖော်ပြခဲ့ သည်။ သို့ သော် မိုနာကိုအသင်းမှာဖယ်လ်ကာအို အား အပြီးတိုင်လက်လွှတ်ရန် ဆန်္ဒမရှိဘဲ တစ်ရာသီအငှား စာချုပ်ဖြင့်သာ ကမ်းလှမ်းလာခဲ့ ပါက ၎င်း၏အပြောင်း အရွှေ့ အပေါ် လက်ခံစဉ်းစားဖွယ်ရှိကြောင်းသိရသည်။ [ကိုရဲ]

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)