ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 20, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
** တောက်တဲ့များ၏တွယ်ကပ်စွမ်းအားမြင့်မားရခြင်းလျှို့ ဝှက်ချက်များ**
(ပေကျင်း သြဂုတ် ၁၉)

မည်သည့်မျက်နှာပြင်တွင်မဆို တောက်တဲ့များ အံ့ သြဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ ခြေချောင်းများ ပေါ်ရှိ အမွေးအမှင်များကြောင့် ဖြစ်သည်ဟု သုတေသန လေ့လာချက်အသစ်တစ်ရပ်အရသိရသည်။ အသုံးချရူပဗေဒဂျာနယ်၌ ဖော်ပြသည့်  သုတေသန အစီရင်ခံချက်တွင် တောက်တဲ့ များသည် ဆဲတာဟုခေါ်သည့် ၎င်းတို့ ၏ ခြေချောင်းများပေါ်ရှိသေးငယ်ပါးလွှာသည့် အမွေးအမှင်များကို အသုံးပြုပီး မတ်စောက်သော နံရံများပေါ် တွယ်တက်လျက် ရံဖန်ရံခါ မျက်နှာကြက်ပေါ် တွင် ဇောက်ထိုးမိုးမျှော်အနေအထားဖြင့်ပင် မည်ကဲ့ သို့  တွယ်ကပ်နေနိုင်သည်ဟူသော အချက်ကို ရှင်းပြထားသည်။ တောက်တဲ့ များသည် ၎င်းတို့ ၏ အံ့ ဖွယ် ပြောင်းလွယ် ပြင်လွယ်ရှိမှု၊ မှီတွယ်နိုင်မှုနှင့်  ခြေချောင်းအမွေးအမှင်များ ဆန့်နိုင်မှုတို့ကြောင့် မည်သည့်မျက်နှာပြင်တွင်မဆို တွယ်ကပ်နေနိုင်ခြင်းဖြစ်သည်ဟု သုတေသနစာတမ်း ဦးဆောင်ပြုစုသူ အမေရိကန်ပြည်ထောင်စု အိုရီဂွန် ပြည်နယ်တက်္ကသိုလ် အင်ဂျင်နီယာဌာနမှ ပါမောက်္ခ အလက်စ်ဂရီးနီးက ပြောကြားသည်။ ဖော်ပြပါအချက်များကြောင့်  တောက်တဲ့ များသည် ၎င်းတို့ ၏ ခြေဖ၀ါးများကို လျင်မြန်စွာ ကပ်၊ ခွာ ပြုလုပ် နိုင်သဖြင့်  မျက်နှာပြင်များတစ်လျှောက် တစ်စက်္ကန့် လျှင် ခန်္ဓာကိုယ်အရှည်၏ အဆနှစ်ဆယ်အထိ လျှပ်တစ်ပြက် ပြေးလွှားနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။

 တောက်တဲ့ များ၏ ခြေချောင်းများအပေါ် သုတေသန စုံစုံလင်လင်ပြုလုပ်ထားကြောင်း၊ ရှေးဟောင်းဂရိခေတ် ကတည်းက လူများသည် တောက်တဲ့ များ နံရံများပေါ်တွင် မည်ကဲ့ သို့ တွယ်တက်နိုင်သည်ကို အံ့သြလာကြကြောင်း အလက်စ်ဂရီးနီးက ပြောကြားသည်။
တောက်တဲ့ များသည် ခြေချောင်းအမွေးအမှင်များ၏ မော်လီကျူးများမှ လာသည့်  အီလက်ထရွန်များနှင့်  နံရံ မော်လီကျူးများမှ လာသည့်  အီလက်ထရွန်များ တစ်ခုနှင့်  တစ်ခု အပြန်အလှန်ဓာတ်ပြုရာမှ ဖြစ်လာသော ရုပ်ပိုင်း ဆိုင်ရာ နှောင်ဖွဲ့ မှုဖြစ်သည့် van der Waals ကို အသုံးပြု ပြီး တွယ်ကပ်မှုပြုလျက် အီလက်ထရွန် မဂ်္ဂနက်တစ် ဆွဲငင်အားတစ်ခု ဖန်တီးကာ မည်သည့် မျက်နှာပြင်တွင် မဆို တွယ်ကပ်နိုင်ခြင်းဖြစ်သည်ဟု အမေရိကန်စက်ရုပ် ပညာရှင် ကဲလာအော်တွမ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် များက ၂၀၀၀ ပြည့်နှစ်တွင် တညီတညွတ်တည်း အတည်ပြုခဲ့ ကြသည်။(ထန်ဆွင်း)

**မိုက်ကယ်ဂျက်ဆင်၏ တေးသီချင်းဗီဒီယိုထွက်ရှိ**
ပေါ့ပ်ဂီတလောက၏ ဘုရင်တစ်ပါး ဟုတင်စားကြသည့်  ကြွေလွင့် ကြယ်ပွင့်  မိုက်ကယ်ဂျက်ဆင် မကွယ်လွန်မီ နောက်ဆုံးထွက်ရှိခဲ့ သည့်  A Place With No Nameသီချင်း၏ In The Closet တေးသီချင်းဗီဒီယိုထွက်ရှိလာပြီဖြစ်ကြောင်း သိရသည်။အဆိုပါမိုက်ကယ်ဂျက်ဆင်၏ တေးသီချင်းဗီဒီယိုကို၁၉၉၂ ခုနှစ်က မိုက်ကယ်ဂျက်ဆင်၏ တတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်မှ တေးသီချင်းဗီဒီယို ရိုက်ကူးပေးခဲ့သူ ဒါရိုက်တာဆမ်မျူရယ်ဘေယာက ပုံဖော်ရိုက်ကူး သွားမည်ဖြစ်သည်။ ဂီတ၊ အကနှင့်  ဖက်ရှင်လောကတွင် ဆယ်စုနှစ်လေးစုခန့်ကြာထိပ်ဆုံးတွင် နေရာယူထားနိုင်ခဲ့ သူ မိုက်ကယ်ဂျက်ဆင်သည် အသက်(၅၀)အရွယ် ၂၀၀၉ ခုနှစ် ဇွန် ၂၅ ရက်တွင် ကွယ်လွန်ခဲ့ သည်။(မျိုးစန်္ဒာမောင်)
**အီဗရာဟီမိုဗစ်ခ်ျရက်သတ်္တခြောက်ပတ်ကြာ အနားယူရမည်**

ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျသည် ပီအက်စ်ဂျီ အသင်းက ဘတ်စတီယာအသင်းအား အနိုင်ရရှိခဲ့ သည့်  ပွဲစဉ်တွင် ၀မ်းဗိုက်ပိုင်းဒဏ်ရာရရှိခဲ့  ခြင်းကြောင့်  ရက်သတ်္တခြောက်ပတ်ကြာ အနားယူရမည်ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းက အခိုင်အမာပြောကြားခဲ့ သည်။ အသက်(၃၁)နှစ်အရွယ်ရှိ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျသည် သြဂုတ် ၁၆ ရက်က ဘတ်စတီယာအသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့ သည့်  ပွဲစဉ်တွင် ၀မ်းဗိုက်ပိုင်းဒဏ်ရာ ရရှိခဲ့ ခြင်းကြောင့်  ပီအက်စ်ဂျီအသင်းနှင့် အတူ ပွဲထွက်ကစားနိုင်မည်မဟုတ်ဘဲ လိဂ်ပြိုင်ပွဲ ငါးပွဲ အထိ လွဲချော်မည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ ပြင် ပီအက်စ်ဂျီနောက်ခံလူ ဗန်ဒါဝီးလ်သည်လည်းဒဏ်ရာပြဿသနာကြုံထားပြီး အဆိုပါ ကစားသမားနှင့် ပတ်သက်၍ အချိန်ကာလမည်မျှအနားယူရမည်ကို ပီအက်စ်ဂျီအသင်းအနေဖြင့်  ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း သိရသည်။ [ငွေကြယ်]

**နယူးကာဆယ်ကွင်းလယ်လူတီအိုတီအားခေါ်ယူရန် အာဆင်နယ်ပစ်မှတ်ထား**
အင်္ဂလန်ထိပ်သီးကလပ် အာဆင်နယ်အသင်းသည် ယခုနှစ်ဘောလုံးရာသီအတွင်း အသင်း၏ ကွင်းလယ်ကိုအားဖြည့် ရန်အတွက် နယူးကာဆယ်အသင်း၏ အိုင်ဗရီကို့ စ်ကွင်းလယ်လူ တီအိုတီအားခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းသိရသည်။ လက်ရှိအချိန်တွင် အာဆင်နယ် အသင်းမှာ အလက်ဆစ်ဆန်းချက်ဇ်၊ ချမ်ဘာစ်၊ ဒီဘူချီ၊ အော့စ်ပင်နာတို့ အား ပေါင်သန်း ၄၀ ကျော်သုံးစွဲကာခေါ်ယူထားခဲ့ သော်လည်း အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းမီကာလအတွင်း ထိပ်တန်းအဆင့် ကွင်းလယ်လူတစ်ဦးကို ထပ်မံခေါ်ယူလိုနေခြင်းလည်းဖြစ်သည်။ အာဆင်နယ် အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးမှာ တီအိုတီအား ကာလရှည်စိတ်ဝင်စားနေခဲ့ ခြင်းဖြစ် ပြီး လွန်ခဲ့ သည့် ဘောလုံးရာသီက အာဆင်နယ်အသင်းသို့ ရောက်ရှိရန် အလွန်နီးစပ်ခဲ့ သော်လည်း ၎င်း၏အပြောင်းအရွှေ့ မှာပျက်ပြယ်ခဲ့ ရသည်။ သို့ သော် အာဆင်နယ်အသင်းမှာ တီအိုတီအတွက် ပေါင် ရှစ်သန်းအထိပေးကာကမ်းလှမ်းသွားဖွယ်ရှိနေပြီး ၎င်းမှာလည်း အာဆင်နယ်အသင်းသို့  ပြောင်းရွှေ့ ကစားရန် ဆန်္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။ ထို့ ပြင် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးမှာ အသင်းမှထွက်ခွာသွားသည့်  ဗာမယ်လန်းနေရာတွင် နောက်ခံလူတစ်ဦးကို ထပ်မံခေါ်ယူသွားရန် အလိုရှိနေပြီး ဂျူဗင်တပ်စ် နောက်ခံလူ ဘိုနူချီအား စောင့် ကြည့် နေ ကြောင်း သိရသည်။ [ကိုရဲ]

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)