ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 1, 2014

==အမ်းမရိတ်ဖလားချန်ပီယံဘယ်အသင်းဖြစ်မှာလဲ==

> (ယမန်နှစ်အမ်းမရိတ်ဖလားချန်ပီယံ အိမ်ရှင်အာကြီး-အာဆင်နယ်)

;သြဂုတ် ၂ ရက်မှ သြဂုတ် ၃ ရက်အထိ အမ်းမရိတ်ဖလားပြိုင်ပွဲကို အာဆင်နယ်အသင်း၏အိမ်ကွင်း အမ်းမရိတ်ကွင်းကြီးမှာ ကျင်းပပြုလုပ်မည်ဖြစ် သည်။ ၂၀၀၇ ခုနှစ်က အာဆင်နယ်အသင်း ဟိုက်ဘူရီကွင်းမှ အမ်းမရိတ်ကွင်း သစ်ကြီးဆီ ပြောင်းရွှေ့သည့်အထိမ်းအမှတ်ပွဲအဖြစ် စီစဉ်ကျင်းပခဲ့သည့် အမ်းမရိတ်ဖလားပြိုင်ပွဲသည် ယခုနှစ်ထိဆိုလျှင် ပြိုင်ပွဲသက်တမ်း ခုနစ်ကြိမ် ရှိခဲ့ပြီဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်အကြိမ်တိုင်း အိမ်ရှင်အာဆင်နယ်အသင်း နှင့်အတူအခြားပြိုင်ဘက်သုံးသင်းကို ဖိတ်ခေါ်ပြီးပါဝင်ယှဉ်ပြိုင်မှုပြုစေခဲ့ပါ သည်။ ၂၀၁၂ ခုနှစ် တစ်နှစ်တာအိုလံပစ်အားကစားပွဲအတွက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့၍ ပြိုင်ပွဲမကျင်းပဖြစ်ခဲ့ပါ။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ အထိ ငါးကြိမ် ဆက်နှင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ယခုနှစ် ၂၀၁၄ တို့တွင် ဆက်လက်ကျင်းပခဲ့သည်။  

ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့်အသင်းများမှာ အိမ်ရှင်အာဆင်နယ်၊ ပြင်သစ်ကလပ် မိုနာကို၊ ပေါ်တူဂီကလပ် ဘင်ဖီကာနှင့် စပိန်လာလီဂါအသင်း တစ်သင်းဖြစ်သည့် ဗလန်စီယာတို့ ဖြစ်ကြသည်။ ပြိုင်ပွဲဝင်အသင်း လေးသင်း သည် မဲခွဲပြီး နှစ်ပွဲစီကစားကြရမည်ဖြစ်သည်။ သြဂုတ် ၂ ရက်တွင် နှစ်ပွဲနှင့် သြဂုတ် ၃ ရက်တွင် နှစ်ပွဲ ကစားရမည်ဖြစ်ပြီး နှစ်ပွဲအပြီး စုစုပေါင်းအမှတ် အများဆုံးရရှိသည့်အသင်းချန်ပီယံဆုရရှိမည်။ အမ်းမရိတ် ဖလားပြိုင်ပွဲသည် အခြားပြိုင်ပွဲများနှင့်မတူဘဲ၊ ထူးခြားသည်မှာ အမှတ်ပေးစနစ်ပုံစံပင်ဖြစ်သည်။ တစ်ပွဲအနိုင်ရလျှင် သုံးမှတ်၊ သရေကျခဲ့ပါက တစ်မှတ်၊ အပြင်ဂိုးတစ်ဂိုးသွင်း ယူတိုင်း ရမှတ်တစ်မှတ် ထပ်ပေါင်းရရှိမည်။ ပြိုင်ပွဲဝင်အသင်းလေးသင်းထဲတွင် နှစ်သင်း၊ နှစ်သင်းနှင့်အထက် ရမှတ်တူညီနေမည်ဆိုပါက သွင်းဂိုးအရေ အတွက်များသည့်အသင်းသာအသာရမည်၊ သွင်းဂိုးတူလျှင်ပေးဂိုးနှင့်ဆုံးဖြတ် သဖြင့် အမ်းမရိတ်ဖလားပြိုင်ပွဲဝင်အသင်းတိုင်း တိုက်စစ်ဖွင့်ကစားသည့် နည်းစနစ်ပုံစံကို အသုံးပြုခဲ့သည်ကို ယခင်ပြိုင်ပွဲများတွင် တွေ့ရသည်။ ယခုနှစ်ပြိုင်ပွဲမှာလည်း အသင်းလေးသင်းစလုံး၏အကောင်းဆုံးတိုက်စစ် စွမ်းရည်ကို ကြည့်ရှုကြရဦးမည်ဖြစ်သည်။

သြဂုတ် ၂ ရက်တွင် စပိန်လာလီဂါအသင်း ဗလန်စီယာနှင့် ပြင်သစ်ကလပ် မိုနာကို၊ အိမ်ရှင်အာဆင်နယ်နှင့် ပေါ်တူဂီကလပ်ဘင်ဖီကာတို့ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး သြဂုတ် ၃ ရက်တွင် ပေါ်တူဂီအသင်းဖြစ်သည့် ဘင်ဖီကာနှင့်စပိန်ကလပ် ဗလန်စီယာ၊ အာဆင်နယ်နှင့် မိုနာကိုတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အိမ်ရှင်အာဆင်နယ်အသင်းသည် ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲ ခြောက်ကြိမ်တွင် သုံးကြိမ်ချန်ပီယံဖြစ်ခဲ့သော်လည်း နောက်ဆုံးပြိုင်ပွဲနှစ်ကြိမ်တွင် ဆုဖလားနှင့် ဝေးခဲ့ရ၍ ယခုနှစ်ပြိုင်ပွဲမှာ အိမ်ရှင်အသင်းချန်ပီယံပြန်ဖြစ်မလားဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေပြီဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၃ ပြိုင်ပွဲနှစ်ကြိမ်မှာ ဖိတ်ခေါ်ခံဧည့်သည်အသင်းများက ဗိုလ်စွဲခဲ့သဖြင့် ယခုနှစ် ဧည့်သည်အသင်း များဖြစ်သည့် မိုနာကို၊ ဗလန်စီယာနှင့်ဘင်ဖီကာတို့သုံးသင်းထဲက တစ်သင်း သင်းဆက်လက်ဗိုလ်စွဲဦးမှာလားဆိုသည့် မေးခွန်းများထွက်ပေါ်နေသည်မှာ လည်း စိတ်ဝင်စားစရာပင်ဖြစ်နေပါသည်။ မည်သို့ပင်ဖြစ်ပါစေ၊ ပြိုင်ပွဲဝင် အသင်းလေးသင်း၏ တိုက်စစ်အစွမ်း အားကုန်ထုတ်ပြိုင်မည့် ခုနစ်ကြိမ်မြောက် အမ်းမရိတ်ဖလားပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ပြီးကြည့်ကောင်းမည့် ဖလား လုပွဲတစ်ပွဲ ဖြစ်မှာသေချာနေပါကြောင်း . . . .။ 

+၀င်းထွတ်ဦး+

(ယမန်နှစ်အမ်းမရိတ်ဖလားချန်ပီယံ အိမ်ရှင်အာကြီး-အာဆင်နယ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)