ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 22, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**ဂူနီယာနိုင်ငံတွင်ကျန်းမာရေးအလုပ်သမားများသတ်ဖြတ်ခြင်းကို ခံခဲ့ရ**

 (အန်ဇီးရီကိုရီး(ဂူနီယာ) စက်တင်ဘာ ၂၁)

 ဂူနီယာနိုင်ငံတွင် အီဘိုလာ ရောဂါ အကြောင်း အသိပညာပေးရန် ကြိုးစား လျက်ရှိသည့် ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင် ရှစ်ဦးသည် ရွာသူရွာသားများ၏ တုတ်များ၊ မြက်ခုတ်ဓားများဖြင့် ရိုက်နှက်ထိုးခုတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။ ကျန်းမာရေးအလုပ်သမားများ၊ ဒေသ ဆိုင်ရာ တာဝန်ရှိသူများနှင့် ဂျာနယ်လစ်တို့၏ ရုပ်အလောင်းအချို့ကို အန်ဇီးရီကိုရီးမြို့အနီး ကျေးလက်ကျောင်းတစ်ကျောင်းမှ မိလ်္လာကန် တစ်ခုအတွင်း၌ တွေ့ရှိခဲ့ရသည်။ တာဝန်ရှိသူများက အီဘိုလာရောဂါကို တိုက်ဖျက်ရန် ကြိုးစားနေခြင်းအား ရွာသူ ရွာသားအချို့ကသံသယရှိနေကြောင်း သတင်း ထောက်များက ပြောသည်။ အနောက်အာဖရိကတွင် အီဘိုလာရောဂါ ဖြစ်ပွားခြင်းကြောင့် လူဦးရေ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ ကမ်္ဘာပေါ်တွင် အဆိုး ရွားဆုံး အီဘိုလာ ရောဂါဖြစ်ပွားခြင်းဖြစ် ကြောင်း၊ ရောဂါကူးစက်၍ လူဦးရေ ၂၀၀၀၀ ကျော်သေဆုံးနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးလျက်ရှိသည်။

++ပျောက်ဆုံးသွား++

အီဘိုလာရောဂါ စတင်ဖြစ်ပွားသော နေရာဒေသအဖြစ် မှတ်တမ်းတင်ထားသည့် ဂူနီယာနိုင်ငံတောင်ပိုင်း ၀ါမီးကျေးရွာသို့ ကျန်းမာရေးအဖွဲ့ ရောက်ရှိသွားသောအခါ ရွာသူရွာသားများ၏ ကျောက်တုံးကျောက်ခဲ များဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရသည်။ ထို့နောက်၎င်းတို့ပျောက်ဆုံးသွားခဲ့သည်။ ရွာသူရွာသားများ၏ အန်္တရာယ်မှ ထွက်ပြေးလွတ်မြောက်လာသည့် ဂျာနယ် လစ်တစ်ဦးက သတင်းထောက်များကို ပြန်ပြောပြရာတွင် သူမပုန်းနေစဉ်၌ ရွာသား များက ၎င်းတို့ကို ရှာဖွေနေသည့်အသံများအား ကြားခဲ့ရသည်ဟု ဆိုသည်။ ကျန်းမာရေးဝန်ကြီး ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် အဆိုပါဒေသ သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ရွာသွား ရာ လမ်းပေါ်ရှိ အဓိကတံတားကြီးကို ပိတ်ဆို့ ထားသဖြင့် အဆိုပါရွာသို့ မရောက်နိုင်ဘဲရှိနေသည်။

++သွေးအေးအေးဖြင့်သတ်++

 ရွာသားများသည် သေဆုံးသူများကို သွေးအေးအေးဖြင့် သတ်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလ်ဘတ်ဒါ စန်တန်ကာမားနားက ကြာသပတေးနေ့ည တွင် ပြောကြားခဲ့သည်။ အလောင်းများကို စစ်ဆေးရာတွင် တုတ် များ၊ မြက်ခုတ်ဓားများဖြင့် တိုက်ခိုက်ခြင်း ခံထားရသည့်လက်္ခဏာများ တွေ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။ လူခြောက်ဦးကို ဖမ်းဆီးထားခဲ့သည်။
ယင်းကျေးရွာမှာ ယခုအခါ သတင်းများအရ လူသူကင်းမဲ့လျက်ရှိသည်။ ယင်းသို့သတ်ဖြတ် ရခြင်း၏ အကြောင်းရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် ရွာသူရွာသားများက ကျန်းမာရေး ၀န်ထမ်းများကို ရောဂါဖြန့်လျက် ရှိသည်ဟု စွပ်စွဲကြသည်။ အချို့သော သူများက အီဘိုလာရောဂါ ရှိကြောင်းကို ယခုထက်တိုင် ယုံကြည်မှုမရှိကြ သေးပေ။ (ဘီဘီစီ)

**PSGမှကာဗာနီအားခေါ်ယူရန်အာဆင်နယ် ပြင်ဆင်လျက်ရှိ**

 အင်္ဂလန်ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်း သည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင်PSG အသင်း၏ ဥရုဂွေးတိုက်စစ်မှူးအက်ဒီဆင်ကာဗာနီအား ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ အာဆင်နယ်အသင်းမှာ ကာဗာနီအား ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မပိတ်သိမ်းမီကာလ ကတည်းက ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး အသင်း၏တိုက်စစ်မှူးဂီရော့ဒ်နှင့် အလိုက်ပေးလဲလှယ်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

 ထို့ပြင် အာဆင်နယ် အသင်းမှာ ယခုနှစ် ဘောလုံးရာသီမစတင်မီကာလအတွင်း မန်ယူအသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘက်အား ပေါင် ၁၆သန်းဖြင့်ခေါ်ယူထားခဲ့သော်လည်း တိုက်စစ်ပိုင်းအတွက် ကာဗာနီကိုပါထပ်မံခေါ်ယူသွားရန် ဆန်္ဒရှိနေခြင်းဖြစ်သည်။ PSGအသင်းမှာလည်း ကာဗာနီ အား ပေါင် ၅၅ သန်းဖြင့် ဈေးဖွင့်ထားပြီး ယင်းပမာဏ အား ပေးချေပါက ရောင်းထုတ်သွားရန် အသင့်ရှိနေ ကြောင်း ဗြိတိန်သတင်းစာDaily Mailကဖော်ပြခဲ့သည်။ ထို့ပြင် ကာဗာနီမှာလည်း PSGအသင်းမှထွက်ခွာရန် ဆန်္ဒရှိနေပြီး ပရီမီယာလိဂ်သို့ပြောင်းရွှေ့ကစားလိုကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ပြီး ၎င်းအားခေါ်ယူရန် အာဆင်နယ်အသင်းမှာ ထိပ်ဆုံးမှရေပန်းစားလျက်ရှိနေ ကြောင်း သိရသည။် (ကိုရဲ) 

**မန်ယူတွင်ဆက်ကစားသွားရန်ရာဖေးလ်ဆန်္ဒရှိ**

 မန်ယူနောက်တန်းကစားသမား ရာဖေးလ် သည် အိုးထရက်ဖို့ဒ်၌ ကာလကြာရှည် ဆက်ကစားသွားရန် ဆန်္ဒရှိနေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ ဘရာဇီးနောက်တန်းကစားသမားတစ်ဦးဖြစ် သည့် ရာဖေးလ်သည် ၂၀၀၈ ခုနှစ်မှစတင်ကာ မန်ယူအသင်း၏ ပထမအသင်းတွင် ပါဝင် ကစားခဲ့သူဖြစ်ပြီး မန်ယူအသင်းနည်းပြ လူးဝစ် ဗန်ဟားလ်၏ လက်ထက်တွင်မူ စက်တင်ဘာ ၁၄ ရက်က ကျူပီအာအသင်းအား လေးဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်(၄) တွင် စတင်ကစားခဲ့ရသူ ဖြစ်သည်။ မန်ယူအသင်းတွင် ရီယိုဖာဒီနန်၊ နီမန်ဂျာ ဗီဒစ်နှင့် ပထရစ်အီဗရာတို့ရှိနေစဉ်တွင် ရာဖေးလ် သည် မန်ယူအသင်း၏ နောက်တန်းတွင် ဒုတိယ ဦးစားပေးကစားသမားအဖြစ်သာ ပွဲထွက်ခဲ့ရသူ ဖြစ်ပြီး လက်ရှိတွင် အဆိုပါကစားသမားသုံးဦး သည် ရာသီကုန်တွင် မန်ယူအသင်းနှင့် လမ်းခွဲ သွားခဲ့သည်။ 
ထို့ကြောင့် ရာဖေးလ်အနေဖြင့် မန်ယူအသင်းတွင် ဆက်နေရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
 ““မန်ယူအသင်းမှာ ကစားရတာ ပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဝမ်းနည်းရတဲ့အကြောင်း အရင်းက ကျွန်တော်နဲ့တွဲကစားခဲ့တဲ့ ကစားသမား တွေ မရှိတော့လို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မန်ယူ မှာ ဆက်ကစားဖို့ ဆန်္ဒရှိနေဆဲပါ။ မန်ယူ အသင်းမှာ ဆက်ကစားရဖို့ဆိုတာ ကျွန်တော့် အပေါ်မှာမူတည်ပါတယ်။ အကောင်းဆုံး ကစားနိုင်ဖို့လဲ လိုပါသေးတယ်””ဟု အသက်(၂၄) နှစ်အရွယ်ရှိ နောက်ခံလူ ရာဖေးလ်က မန်ယူ အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ပြောကြားထားသည်။ 
““ကျွန်တော် မန်ယူအသင်းကို စရောက်တော့ ကမ်္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးနဲ့ ဂယ်ရီနီဗီးလ်တို့က ကျွန်တော့်ကို အများကြီးအကူအညီ ပေးခဲ့ကြပါတယ်””ဟုလည်း ရာဖေးလ် က ၎င်းအတွက် အထောက်အပံ့ဖြစ်စေ ခဲ့သည့် ကစားသမားများနှင့် ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 

**နယူးကာဆယ်အသင်း၌ နည်းပြအဖြစ် ဆက်ရှိနေရေး နည်းပြ အလန်ပါဂျူးကြိုးပမ်းသွားမည်** 

အင်္ဂလန်ပရီမီယာလိဂ်ကလပ် နယူးကာဆယ်အသင်းမှ နည်းပြ အလန်ပါဂျူးသည် ဟားစီးတီးအသင်း အား တစ်ဖက်နှစ်ဂိုးစီသရေပွဲဖြစ်ခဲ့ ပြီးနောက် နယူးကာဆယ်အသင်း၌ နည်းပြအဖြစ် ဆက်ရှိနေရေးကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက်(၅၃)နှစ်အရွယ်ရှိ နယူး ကာဆယ်နည်းပြ အလန်ပါဂျူးသည် ယခုနှစ်ဘောလုံးရာသီတွင် နယူးကာ ဆယ်အသင်းအတွက် ဆိုးရွားသည့် ရလဒ်များသာ ဆောင်ကြဉ်းပေးနိုင်ခဲ့ ခြင်းကြောင့် နယူးကာဆယ်ပရိသတ်၏ ““အလန်ပါဂျူးအား နယူးကာဆယ် နည်းပြအဖြစ်မှ ထုတ်ပယ်ပေးပါ၊ ပါဂျူးကို နယူးကာဆယ်အလိုမရှိ”” ဆိုသည့် ပိုစတာများကိုင်ဆောင်ကာ ပြိုင်ပွဲအတွင်း သောသောညံခဲ့သည်။ 
ထို့ပြင် ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်တွင်လည်း လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ ခြင်းကြောင့် ယခုပရီမီယာလိဂ် ပွဲစဉ်(၅)အပြီးတွင် သုံးမှတ် သာရယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် နည်းပြ အလန်ပါဂျူးအနေဖြင့် နယူးကာဆယ်အသင်း၌ ဆက်လက် ရှိနေရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားလာခြင်းဖြစ် သည်။(ငွေကြယ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)