ဂေါ့ဇီ.....မာရိယိုဂေါ့ဇီ..ချာတိတ်ကလေးဂေါ့ဇီ...စသဖြင့်၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မှာဂျာမနီအသင်းကိုရဲ့ချန်ပီယံဖြစ်စေခဲ့တဲ့အဖိုးတန်ဂိုးတစ်ဂိုးကိုသွင်းယူပေးခဲ့ သူပေါ့ဗျာ။ဂျာမာန့် ပြည်သူတွေကိုကမ္ဘာ့ဖလားချန်ပီယံဆိုတဲ့အိပ်မက်လှလှကိုမက်စေသူဟာဂေါ့ဇီပါပဲပရိသတ်။ ဂေါ့ဇီကိုကွင်းထဲမောင်းမသွင်းမီမှာတဖက်ပြိုင်ဘက်အာဂျင်တီးနားအသင်းက မက်ဆီထက်ပိုတော်သူရယ်လို့  အချိန်နဲ့ တပြေးညီစိတ်ဓာတ်ချာချင်သွင်းပေးခဲ့သူကဂျာမနီအသင်းနည်းပြဂျိုအာချင်လို ပဲဖြစ်ပါတယ်။မက်ဆီထက်ပိုတော်သူဆိုတာမြှောက်ပင့်လွန်းရာရောက်နေပေမယ့် ဂျာမနီအသင်းဟာအချိန်ပိုဒုတိယပိုင်းကစားနေချိန်အထိတစ်ဂိုးမှမသွင်းနိုင်ပဲဖြစ်နေချိန်မှာဒီစကားဟာ
အလွန်တာသွားခဲ့ပါတယ်။အဲ..မကြာပါဘူး။ပွဲချိန်၁၁၂မိနစ်မှာ ပြိုင်ဘက်အာဂျင်တီးနားအသင်းဘက်ကို
ချာတိတ်ကလေးဂေါ့ဇီ..ကအဖိုးတန်ဂိုးတစ်ဂိုး ကိုသွင်းယူလိုက်တော့တာပါပဲဗျို့ ။
( ပြိုင်ဘက်အာဂျင်တီးနားအသင်းဘက်ကိုဂျာမနီအသင်းက
ချာတိတ်ကလေးဂေါ့ဇီ..ကအဖိုးတန်ဂိုးတစ်ဂိုး ကိုသွင်းယူ)
ဟောကြည့်..မနေ့ ကမြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအောရှဇုန်ခြေစစ်ပွဲမှာ*သန်းပိုင်တို့ ရဲ့အဖိုးတန်ဂိုးတွေကသူ့ ပြည်သူတွေကိုကမ္ဘာ့ဖလား
အိပ်မက်မက်စေခဲ့သတဲ့ကွယ်*။
သန်းပိုင်ရေ......
သန်းပိုင်ရေ......
သန်းပိုင်ရေ......
မင်းဟာ..မာရိယိုဂေါ့ဇီ..ချာတိတ်ကလေးဂေါ့ဇီလက်သစ်ပါပဲကွာ..။ မင်းကြောင့်ကမ္ဘာ့နဲ့ အ၀ှမ်းမှာလုပ်အားရောင်းချနေရတဲ့မြန်မာရွှေ့ ပြောင်းအလုပ်သ မားတွေ(စုစုပေါင်း၉သန်းမျှ)ဟာအလွန်ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်ကွာ။
(သန်းပိုင်တို့ ရဲ့အဖိုးတန်ဂိုးတစ်ဂိုဟာအောင်နြင်မှုနဲ့ နှစ်ပေါင်းများစါာဝေးကွာနေလို့ အောင်ပွဲဆာလောင်
နေသော ပြည်တွင်း-ပြည်ပမြန်မာ့ ပြည်သူတွေကို ယူ-၂၀ကမ္ဘာ့ဖလားဝင်ခွင့်အိပ်မက်မက်စေခဲ့သတဲ့ကွယ်)
မနေ့ ကမြန်မာနဲ့ ယူအေအီး(ဒူဘိုင်း)အသင်းတို့ ကန်ကြမယ်ဆိုတော့ကာ. .ဒို့ ထိုင်းနိုင်ငံမဲဆောက်မြို့ ကတချို့ သောစက်ရုံအလုပ်သမားတွေဟာနေ့ တိုင်းမရှိတဲ့အိုတီချိန်ကို
အလုပ်မဆင်းပဲအော်ဟစ်အားပေးကြတယ်ကွ။
(သန်းပိုင်တို့ ရဲ့အဖိုးတန်ဂိုးတစ်ဂိုဟာ ပြည်တွင်း-ပြည်ပမြန်မာ့ ပြည်သူတွေကို ယူ-၂၀ကမ္ဘာ့ဖလားဝင်ခွင့်အိပ်မက်မက်စေခဲ့သတဲ့ကွယ်)
သန်းပိုင်ရေ...... သန်းပိုင်ရေ...... သန်းပိုင်ရေ....မင်းအပါအ၀င်ယူအေအီးကိုတစ်ဂိုးထဲနဲ့ အနိုင်ကစားခဲ့တဲ့ပွဲအပြီးမှာ ပရိသတ်ပြည်သူတွေကိုတိုင်ပင်မထားပဲကန်တော့ကြတဲ့မြင်ကွင်းဟာဖြင့် မင်းတို့ နဲ့ ပရိသတ်ပြည်သူတွေ၇ဲ့ အနာဂတ်အောင်မြင်မှုတံခါးခေါက်သံပဲလို့ ငါရဲရဲ ပြောလိုက်ပါရစေ။
သြော်...ပရိသတ်တို့ ရေ...ဂေါ့ဇီနဲ့ သန်းပိုင်တို့ ရဲ့အဖိုးတန်ဂိုးတွေကသူ့ ပြည်သူတွေကို ကမ္ဘာ့ဖလားအိပ်မက်မက်စေခဲ့သတဲ့ကွယ် ၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်နဂါး+
(ဂျာမနီ့ ပြည်သူတွေကို
ကမ္ဘာ့ဖလားချန်ပီယံဆိုတဲ့ 
အိပ်မက်လှလှမက်စေခဲ့သော*ဂေါ့ဇီ*)

No comments:
Post a Comment