ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 18, 2014

== နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ကိုကြိုဆိုပါ၏===

>

ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံတော်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့အစညှ်းု Inter- national Organization for Migration (IOM) ၏ ၁၄၇ နိုင်ငံမြောက် အဖွဲ့ ဝင်နိုင်ငံအဖြစ် ၂၇- ၁၀- ၂၀၁၂ ရက်နေ့တွင် ၀င်ရောက်၍ နိုင်ငံတကာ ရွှေ့ ပြောင်း အလုပ်သမားရေးရာကဏ္ဍများအား မျက်ခြည်မပြတ်စောင့်ကြည့်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရပါသည်။ လူတို့ စိတ်တွင် မိမိလက်ရှိနေထိုင် လုပ်ကိုင်ဆောင်ရွက်နေသည့် ပတ်ဝန်း ကျင်ထက် အခြားနေရာ ပတ်ဝန်းကျင်အား ပိုမိုသာလွန်ကောင်းမွန်သည်ဟု မျှော်လင့် ချက်ရှိသည်။ ထိုမျှော်လင့် ချက်ဖြင့် အခြားသောနေရာဒေသ ပတ်ဝန်း ကျင်အသစ်များသို့  သွားရောက်နေထိုင် လုပ်ကိုင်စားသောက်ကြသည်။ တိုင်း တစ်ပါးစကားပုံတစ်ခုရှိသည်။ ““ ခြံစည်းရိုးတစ်ဖက်မှ မြက်ခင်းလေးများ ပိုမို စိမ်းနေလေမလား”” (The grass is always greener on the other side of the fences) ဟု ဆိုထားသည်။ စာရေးသူတို့  မြန်မာတွင် ““တစ်ရွာ မပြောင်း သူကောင်းမဖြစ်”” ဆိုသည့်  စကားပုံတို့ ဖြစ်သည်။ အကြောင်းရင်းမှာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မှု၊ ရရှိသော လုပ်ခလစာနှင့် ကြီးမြင့်လာသည့် မိသားစုနေထိုင်စားသောက်မှု စရိတ်နှင့် သားသမီးများ ပညာသင်ကြားမှု စရိတ်များကြောင့်၊ အနာဂတ် မိသားစုဘ၀ အဆင်ပြေရှင်သန်ရပ်တည်ရေးအတွက် အိမ်နီးချင်းနိုင်ငံများမှ အစ အာရှ၊ ဥရောပ၊ အာဖရိကနှင့် အမေရိကအစရှိသော နိုင်ငံများသို့  ရွှေ့ ပြောင်းအလုပ်သမား(Migrant Workers) များအဖြစ်ခံယူကာ မိသားစု ၀မ်းရေးအတွက် လုပ်ငန်းကဏ္ဍအစုံတွင် အရေအတွက် သန်းနှင့်ချီ၍ လုပ်ကိုင် ဆောင်ရွက်နေကြောင်း သိရှိနေရပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  ၏ ထောင်စုနှစ် ရည်မှန်းချက်ဖြစ်သော ကောင်းမွန်သင့် လျော်သော အလုပ်အကိုင်အခွင့် အလမ်း (Decent Work) ကို နိုင်ငံသားတိုင်း ရရှိအောင် ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု လေ့လာသိရှိရပါသည်။ ကောင်းမွန်သင့် လျော်သော အလုပ်အကိုင်ဆိုသည်မှာ လူသားတစ်ယောက်၏ ဂုဏ်သိက်္ခာကို မထိခိုက်စေသော အလုပ်အကိုင်အခွင့်အလမ်း၊ သင့်တင့်  လျောက်ပတ်သော လုပ်ခလစာ၊ လုံခြုံစိတ်ချရသော လုပ်ငန်းခွင်အခြေအနေ အစရှိသော ကောင်းမွန်သော ရည်မှန်းချက်များဖြင့် ကြွေးကြော်အကောင် အထည်ဖော်ခြင်းဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလနှင့် ဒီဇင်ဘာလအတွင်း ဂျော်ဒန်နှင့် မလေးရှားနိုင်ငံတို့ ၌ ရွှေ့ ပြောင်းအလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ ခဲ့ရသော အခက်အခဲများနှင့် စိန်ခေါ်မှုဖြစ်ရပ်များသညှ်ုဥ ၏ ထောင်စုနှစ် ရည်မှန်း ချက်နှင့်  ဆန့် ကျင်သွေဖည်လျက်ရှိသည်ကိုလည်း တွေ့ ရှိရပါသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့်  လူမှုဖူလုံရေးလုပ်ငန်းဝန်ကြီးဌာန အနေဖြင့်  ရွှေ့ ပြောင်းအလုပ်သမားများ၏ အနာဂတ်ဘ၀ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်သင့် လျော်သော အလုပ်အကိုင်အခွင့် အလမ်းများ ပိုင်ဆိုင်သူများ ဖြစ်အောင် ရည်ရွယ်၍သော်လည်းကောင်း၊ နိုင်ငံတကာအလုပ်သမားအဖွဲ့  အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ပူးပေါင်းပြီး ပြည်တွင်းရှိ ရွှေ့ ပြောင်းလုပ်သားများအရေး ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍သော် လည်း ကောင်း၊ ပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များအသင်း Myanmar Oversea Employment Agency Federation (MOEAF) ကို ၂၀၁၂ ခုနှစ်မှစတင်၍ ဖွဲ့ စည်းကာ ရွှေ့ ပြောင်းအလုပ်သမားရေးရာကိစ်္စများဆောင်ရွက်စေခဲ့ ပါသည်။ မြန်မာရွှေ့ ပြောင်းအလုပ်သမားများ အများဆုံးသွားရောက်လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ ရှိ တရားမ၀င်ရွှေ့ ပြောင်း အလုပ်သမားရေးရာကိစ်္စများဆောင်ရွက်ရန်နှင့်  အလုပ်သမားများ၏ အခွင့်  အရေးဆုံးရှုံးမှုများ၊ ရသင့် ရထိုက်သော အကျိုးခံစားခွင့် များ အကာအကွယ်ပေး ရေးများကို ထိထိရောက်ရောက်ဆောင်ရွက်ရန် ရည်ရွယ်၍ အလုပ်သမား သံတမန်အရာရှိ (Labour Attaches) )များကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ယခင်စေလွှတ်တာဝန်ထမ်းဆောင်စေခဲ့ သော ကိုရီးယားနိုင်ငံအပြင် ထိုင်း နိုင်ငံသို့ လည်းကောင်း၊ ၂၀၁၃ နှစ်လယ်ခန့် တွင် မလေးရှားနိုင်ငံသို့  လည်းကောင်း စေလွှတ်တာဝန်ထမ်းဆောင်စေခဲ့ သည်။ အိုးပစ်၊ အိမ်ပစ်ဖြင့်  မိသားစုနှင့်ခွဲခွာရုံသာမက အခြေအနေအရပ်ရပ်ကြောင့်  အိုးအိမ်နှင့် လယ်မြေယာမြေများရောင်းချ အရင်းအနှီးလုပ်၍ ရွှေ့ပြောင်း အလုပ်သမားဘ၀ခံယူကာ ကမ်္ဘာ့နိုင်ငံအနှံ့ သွားရောက်အလုပ်လုပ်ကိုင်နေသူ များသည် နိုင်ငံတော်အား တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားငွေရှာဖွေပေးနေ သူများလည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွှေ့ ပြောင်းအလုပ်သမားရေးရာကိစ်္စ များအား ကျယ်ကျယ်ပြန့် ပြန့်  ထိတွေ့ ဆက်ဆံနေရသော အလုပ်သမား သံအရာရှိများ (ူဘေသကမ ဗအအခေ့နျ) နှင့်  ပြည်ပအလုပ်အကိုင်လုပ်ငန်းရှင် များအသင်း (ြဥနင်္ဗ) အနေဖြင့် ရွှေ့ ပြောင်းအလုပ်သမားရေးရာကိစ်္စရပ် များ ဆောင်ရွက်ရာတွင် အလုပ်သမားများအား ရောင်းကုန်တွေလိုသဘော မထားဘဲ အကျိုးတူလုပ်ဖော်ကိုင်ဖက် စီးပွားဖက်များကဲ့ သို့  စိတ်စေတနာ အမှန်ဖြင့်  လူသားချင်း စာနာထောက်ထားဖို့ နှင့် နိုင်ငံသားချင်း စေတနာထား၍ အထူးဂရုပြု ၀န်ဆောင်မှုပေးသင့် ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။ တရားမ၀င်ရွှေ့ ပြောင်းလုပ်သားများအား တရားဝင်ဖြစ်အောင် ဆောင်ရွက် ပေးသည့် ကိစ်္စရပ်များတွင် နှစ်နိုင်ငံအစိုးရအကြားသဘောတူထားသည့်  ကုန်ကျ စရိတ်ထက် ပိုမိုထောက်ခံမှုဖြစ်စဉ်များမဖြစ်ပေါ်အောင် သက်ဆိုင်ရာဝန်ကြီး ဌာန၊ ပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များအသင်း (MOEAF)) နှင့် အလုပ် သမား သံအရာရှိများ (Labour Attaches) အနေဖြင့်  စနစ်တကျ စိစစ် ကြပ်မတ်ဆောင်ရွက်ပေးသင့် ပါသည်။ ဤကဲ့ သို့  တင်ပြရခြင်းမှာ ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံအစိုးရအကြား သဘောတူထားသည့်  ကုန်ကျစရိတ်ထက် အဆပေါင်း များစွာ ကုန်ကျခဲ့ ကြောင်း နေရပ်ပြန်လုပ်သားများ အင်တာနက်၊ ၀က်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နှင့်  အခြားသတင်းအရင်းအမြစ်အမျိုးမျိုးမှ မကြာခဏကြားသိ နေရပါသည်။အလုပ်သမား ၊အလုပ်အကိုင်နှင့်  လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် MOEAF အသင်းကြီးအနေဖြင့်  အနာဂတ်ရွှေ့ပြောင်းလုပ်သားများ၏ ဘ၀ ရပ်တည်မှုမြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များ ဖြစ်သည့်  အလုပ်သမားမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ်္စများအား ယေဘုယျမဆန်ဘဲ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် စနစ်တကျမှတ်ပုံတင်ခြင်းကိစ်္စများ ဆောင်ရွက်ခြင်း၊ ပြည်ပသို့  တရားမ၀င်သွားရောက်လုပ်ကိုင်မှုလျော့နည်း ပပျောက်အောင် အသိပညာပေးမှုများ ဆောင်ရွက်ခြင်း၊ တရားဝင်သွားရောက် လုပ်ကိုင်ဆောင်ရွက်နိုင်အောင်လည်း အပိုကုန်ကျမှုများမရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ အလုပ်သမားများအား မှတ်ပုံတင်ရာတွင် ယေဘုယျသာမှတ်ပုံတင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်ရောက်ရှိ၍ တရား မ၀င်ရွှေ့ ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသော ““သန်းနှင့် ချီသော”” အလုပ်သမားများ၏ ကိန်းဂဏန်းက သက်သေပြလျက်ရှိပါသည်။ မိသားစုအရေးနှင့် အခြေအနေအရပ်ရပ်၊ အကြောင်းအမျိုးမျိုးကြောင့်  ““ကြီးမားသော မျှော်လင့် ချက်””ဖြင့်  ပြည်ပတွင် အလုပ်လုပ်ကိုင်ဆောင်ရွက် နေသော ရွှေ့ ပြောင်းလုပ်သား အများစုသည် ဖြည့် ဆည်းမသွားသည့်  ““ပညာ ၀မ်းစာ”” ၊ ပြည့် စုံအောင်ယူဆောင်မသွားသည့် ““ကျွမ်းကျင်မှု”” ၊အသိအမှတ်ပြု လက်မှတ် (Certicate of Recognition) မိမိလောဘကိုသာ ရှေးရှု၍ လွဲမှားစွာ စီစဉ်ချိတ်ဆက်ပေးသည့်  ပြည်ပအလုပ်အကိုင်ဆိုင်ရာ ကုမ်္ပဏီများ ကြောင့် မျှော်မှန်းထားသလောက် ခရီးမပေါက်၊ ရသင့် ရထိုက်သော လုပ်ခ လစာများရရှိရန် ကြီးမားသောစိန်ခေါ်မှုများနှင့်  ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ MICT (II) တွင် ကျင်းပမည့်  အပြည်ပြည်ဆိုင်ရာ ရွှေ့ ပြောင်းအလုပ်သမားများနေ့ International Miigrants Day တွင် တစ်ကမ်္ဘာလုံးတွင်ဖြစ်ပေါ်နေသော အလုပ်သမားရေးရာကိစ်္စ များအပေါ် အခြေခံသင်ခန်းစာရယူ၍ လက်ရှိအိမ်နီးချင်းနိုင်ငံနှင့်  ကမ်္ဘာ့နိုင်ငံ အသီးသီးတွင် ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အနာဂတ်ဘ၀ သာယာဖြောင့်ဖြူး စေရန်အတွက် ရွှေ့ ပြောင်းအလုပ်သမားများဆိုင်ရာ မဟာဗျူဟာ (ှအမအေနါပ) နည်းဗျူဟာ (ွှအေငခ) များအား အလေးထားဆွေးနွေးသွားနိုင်လိမ့် မည်ဟု ယုံကြည်ပါကြောင်း ဤဆောင်းပါးဖြင့်  ရေးသားဂုဏ်ပြုအပ်ပါသည်။ 

+ပြည်သူတစ်ဦး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)