ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 15, 2014

==မျိုးတူသော (သို့မဟုတ်) ကွဲပြားလေသော နံရိုးများ ==

>
“ခရေပင်အောက်သို့ ရောက်လေတိုင်းဆိုတဲ့ ဇာတ်လမ်းလေးထဲကနှင်းဟာ ကြည်ဖြူပိုင်ရဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရေးထားခဲ့တာလားဟင်” “နှင်းနေရာမှာသာ ကြည်ဖြူပိုင်ဆိုရင် ဘယ်လို ဆုံးဖြတ်မှာလဲ။” ဒီမေးခွန်း၂ခုကို ရင်းနှီးသူ ၆ယောက်ထက်မနည်း မေးလာခဲ့တော့ နောက်ထပ် မေးလာခဲ့သူများ ရှိလာခဲ့သော် ဒီပို့စ်လေးကို လက်ညှိုးထိုးပြလိုက်ရင် ဇာတ်ကြောင်းအတူတူကို ပြန်ပြောရတဲ့ ဘ၀လေးက လွတ်အောင်ရယ်၊ နောက်ပြီး မမသက်ဝေရဲ့ facebook status လေးတစ်ခုမှာ အချစ်အကြောင်းဆိုတဲ့ တဂ်ပို့စ်လေးအကြောင်း ဖတ်မိရင်းနဲ့ ဆက်စပ်အတွေးလေးတွေ တိုက်ဆိုင်သွားတာရယ်မို့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။ :D ၁။ ကြည်ဖြူပိုင်ရဲ့ တကယ့်အဖြစ်အပျက်လားဆိုတော့ ၁၀၀% ကြီးမဟုတ်တဲ့အတွက် မဟုတ်ပါဘူးလို့ပဲ ငြင်းဆန်ပါရစေလား။း) - ခရေပင်တန်းများ စီတန်းစွာရှိနေသည့် လမ်းတွင် KPP နေ့တိုင်းလျှောက်လှမ်းပါသည်။ သို့သော် ပြုံးတုံ့တုံ့တော့ မလုပ်ပါ။ ရထားဂိတ်ကို အမြန်ရောက်လိုဇောနှင့် အပြေးတပိုင်း လျှောက်သည့်အခါ လျှောက်သလို၊ လုပ်ဖော်ကိုင်ဖက်တွေနှင့် စကားဖောင်ဖွဲ့ပြီး လျှောက်သည့်အခါ လျှောက်သည်။ ထို့ကြောင့် ဤအချက်သည် လွဲပြန်လေသည် ;) - KPP သည် စိတ်ဆင်းရဲလျှင် ၊ စိတ်ဖိစီးမှုများလျှင် ၊ စိတ်ကြီးလျှင် (အကုန် စိတ်ချည်းပဲနော် :P ) နေမကောင်းဖြစ်တတ်ပါသည်။ အခန့်မသင့်လျှင် အိပ်ရာထဲတောင် လဲသွားတတ်ပါသည်။ ထို့ကြောင့် အခန်း (၅) ၊ စာမျက်နှာ (၄၂)ရှိ ဂရုစိုက်မှု ရှားပါးလွန်းသော ချစ်သူကြောင့် ချစ်သောကရောက်နေရသောသူ ဖြစ်ရပါလျှင် နှစ်အနည်းငယ်အတွင်း KPP ၏ အသက်ဝိဉာဉ်ထွက်ကိန်းမြင်၏။ ထို့ကြောင့် ထိုကဲ့သို့ချစ်သူမျိုးရခဲ့ပါက မည်မျှပင်ချစ်သည်ဖြစ်စေ တရားနှင့်ဖြေ၍ သံယောဇဉ်ဖြတ်မိစေရန် ကြိုးစားရပါလိမ့်မည်။ အပျိုကြီးလုပ်သင့်က ပျော်ပျော်ကြီးလုပ်လိုက်မည်။ သို့ကလိုကြောင့် ဤအချက်လည်း လွဲပြန်လေသည်။ :D ၂။ နှင်းနေရာမှာ ကြည်ဖြူပိုင်ဆိုရင့် ဘယ်လိုဆုံးဖြတ်မလဲ ဆိုတဲ့မေးခွန်းအပေါ်တော့ အိမ်ထောင်ရေးအပေါ် KPP ဘယ်လိုမြင်သလဲ ၊ အိမ်ထောင်သည်တိုင်းကို ဘယ်လိုဖြစ်စေချင်သလဲ ဆိုတာနဲ့ ဖြေပါရစေလား။း) - ဘ၀ဆိုတာ ခဏပါ။ ဒါပေမယ့် ခဏလေးအတွင်းမှာပဲ ကလိုက်ရတဲ့ဇာတ်တွေက စုံလို့။ တစ်ယောက်တည်း ဘ၀နောက်ဆုံးအချိန်အထိ ကသွားကြသလို သံယောဇဉ်ကြိုးတွေနဲ့ ကသွားကြသူတွေလည်းရှိရဲ့။ - တစ်ယောက်တည်း ကသူတွေမှာ အတွယ်အတာမရှိတော့ တခါတလေ လူးလူးလိမ့်လိမ့်၊ ဘ၀ဆိုတာ ဘာအဓိပ္ပါယ်လဲလို့ တွေးယူရတဲ့အချိန်တွေရှိသလို ၊ ကိုယ့်ကိုယ်ကို ကြိုးကိုင်ပြီး လွတ်လွတ်လပ်လပ်ကြီးတွေ ပျော်ရွှင်ချိန်လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် နေ၀င်ချိန်အတွက် သေချာဖို့တော့ ကြိုတင်စီစဉ်ဖို့ လိုလိမ့်မယ်။ - သံယောဇဉ်ကြိုးတွေငြိ၊ တချို့ကတော့ ချစ်ကြည်ပြီး သစ္စာတည်တဲ့ ဇနီးမောင်နှံ ၊ သားသမီးတွေက အတောင်နဲ့ပျံသွားရင်တောင်မှ သိတတ်လိမ္မာလွန်းတော့ နွေးထွေးကြည်နူးတဲ့ သူတို့ဘ၀၊ သူတပါး အားကျရတဲ့အထိငြိ သွားကြသလို၊ တချို့ကျပြန်တော့ မျက်ရည်နဲ့စစ်ခင်း၊ ကတုပ်ကျင်းထဲက မထွက်ရတဲ့ ဘ၀သာသာ အဖြစ်မျိုးနဲ့ လင်အပူ ၊ ဇနီးအပူ ၊ သားသမီးအပူတွေနဲ့ နေ၀င်ချိန်ဆိုတာ မသေဆုံးခင်က မှောင်မိုက်နှင့်ပြန်တယ်။ တခါတလေတော့ အိမ်ထောင်ရှင် မိတ်ဆွေတွေရဲ့ ဘ၀တွေကို ဘေးလူအနေနဲ့ ကြည့်ပြီး အမျိုးမျိုးတွေးခဲ့ဖူးပါတယ်။ အင်း…သူ့အိမ်ထောင်ရေးလေးကတော့ ကံကောင်းလိုက်တာ။ ဖြစ်ရလေ..သူကတော့ အိမ်ထောင်ရေး ကံဆိုးရှာတယ်။ စသည်ဖြင့်ပေါ့။ အိမ်ထောင်ရေးကံကောင်းသူတွေကို တွေ့ပြန်တော့ သူတို့ဘ၀လေးတွေအတွက် မုဒိတာ ပွားမိပါတယ်။ ကြည်နူးဖို့ ကောင်းတဲ့ သူတို့ဘ၀လေး သားသမီးမြေးမြစ်တွေရလာသည်အထိ ဒီတိုင်းဆက်တည်မြဲဖို့၊ သားသမီးမြေးမြစ်တွေကလည်း သူတို့ကို အားကျအတုယူပြီး ကောင်းသောအကျင့်ကို အမွေခံဆက်ယူစေဖို့ ဆန္ဒလေးက ဖြစ်လာပါတယ်။ အိမ်ထောင်ရေးကံဆိုးသူတွေကို တွေ့ရင်တော့ စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်။ လင်ဆိုးမယား တဖားဖား၊ သားဆိုးမအေ တပေပေ အမျိုးသမီးတွေကို တွေ့ရင် ဒီအမျိုးသမီးတွေ ကိုယ်စား ရင်မောမိပြန်တယ်။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ လူတိုင်းပြောကြသလို ထီထိုးတာနဲ့ထပ်တူပါပဲ။ ထီထိုးတာက ဘ၀နဲ့ မရင်းရပေမယ့် အိမ်ထောင်ရေးကတော့ ဘ၀နဲ့ရင်းရလို့ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုပဲဖြစ်နေမှာ သေချာပါတယ်။ မိတ်ဆွေတွေထဲမှာ လူမျိုးတူကို ယူထားပြီး ဖောက်ပြန်မှုတွေနောက် စီတန်းလိုက်နေတာကြောင့် အတွင်းကျိတ်လှိုက်စား စိတ်ဆင်းရဲနေရတဲ့ မောင်နှံတွေကို တွေ့ဖူးတယ်။ ထို့အတူ သိပ်ကို ပျော်ရွှင်ချမ်းမြေ့ကြပြီး ဘေးလူအားကျအတုယူနေရတဲ့ မောင်နှံတွေလည်း ဒုနဲ့ဒေး။ လူမျိုးမတူသူကို ယူထားသော်လည်း သက်ဆိုင်ရာ နှစ်သက်ရာဘာသာကို လွတ်လပ်စွာယုံကြည်ကိုးကွယ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး ဖေးမပြီး သစ္စာရှိရှိနဲ့ ချစ်သွားလိုက်ကြတာများ အသက်တောင် ၇၆နှစ်ရှိပေါ့ဆိုတဲ့မောင်နှံမျိုးနဲ့လည်း ခင်မင်ဖူးတာကြောင့် ဒါဟာ လူမျိုးနဲ့မဆိုင်ဘူးလို့လည်း သတ်မှတ်ထားပါတယ်။ အဓိကအနေနဲ့ အိမ်ထောင်ဆိုတဲ့ အသိုက်အမြုံတစ်ခု တည်ဆောက်ပြီးရင် တည်မြဲအောင် ကြိုးစားကြစေလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ငဲ့ညှာစေချင်တယ်။ တစ်ဦးဆန္ဒကို တစ်ဦးက ထည့်သွင်းစဉ်းစားသင့်တယ်။ ဖေးမကြင်နာသင့်တယ်။ ဘယ်တော့မှ လျစ်လျှူရှု ချောင်ထိုးခြင်းမပြုသင့်ပါဘူး။ အဲ့အချက်တွေအားလုံးကို ပေါင်းပြီးလူတွေ သတ်မှတ်တာက နားလည်မှုတဲ့။ ဟုတ်ကဲ့….အဲ့သည့်နားလည်မှုလေး၊ ကြင်နာမြတ်နိုး သစ္စာရှိမှုလေးတွေကို မြင်သူတိုင်း အားကျရတဲ့အထိ အိမ်ထောင်သည်တိုင်းကို ဖြစ်စေလိုပါတယ်။ KPP ဟာ ခုချိန်ထိ ကိုယ့်ကံကိုယ် မမြင်နိုင်သေးသူပါ။ မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အတွင်းမှာ အမျိုးမျိုးဖြစ်သွားတဲ့ အခြေအနေတွေလည်း အထိုက်အလျောက်ကြုံဖူးတဲ့အတွက် အိမ်ထောင်မပြုဘဲ နေဖြစ်သွားမလား၊ ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ပြုဖြစ်မလဲ ဆိုတာတွေဟာလည်း ကြိုမသိနိုင်သေးတဲ့ကံ ဖြစ်နေတာကြောင့် KPP သာ နှင်း နေရာမှာဆိုရင် ဘယ်လို ဆုံးဖြတ်မလဲလို့ မေးလာတဲ့ မေးခွန်းမှာတော့ ဆွံ့အ နေပါရစေ။ တစ်နေ့နေ့ကြုံလာရင် တစ်ခုခုတော့ ဆုံးဖြတ်ဖြစ်သွားမှာပါ။ သေချာတာကတော့ မည်သို့ပင် တွဲဖက်ထားသည်ဖြစ်စေ ပျော်ရွှင်အောင်မြင်စွာဖြင့် ကျေနပ်တည်မြဲနေသော အိမ်ထောင်ရေးကိုသာ ဖြစ်စေဖို့ ဦးတည်စဉ်းစားမည်ဖြစ်သည်။ ပတ်ဝန်းကျင်က ချစ်သူတွေ ဇနီးမောင်နှံတွေကို ကြည့်ပြီး သုံးသပ်မိတာကတော့ အချစ်သည် - အသက်အရွယ်နှင့်မဆိုင် - လူမျိုးနှင့်မဆိုင် - ရုပ်ရည်နှင့်မဆိုင် - အကျင့်စာရိတ္တနှင့်မဆိုင် - ရင်ထဲမှ ချစ်ခြင်းတရားနှင့်သာ သက်ဆိုင်၏။ တစ်ကိုယ်တည်းဘ၀တွင် မိမိ၏ ဂုဏ်ရောင် ကိုယ်ရည်ကိုယ်သွေးသည် မိမိ၏ လုပ်ရပ်တစ်ခုတည်းပေါ်တွင် မူတည်နေသော်လည်း.. ဘ၀ ၂ခုကိုပေါင်းစပ်၍ တစ်ဘ၀အဖြစ် တည်ထောင်ထားကြသော ဇနီးမောင်နှံတို့တွင်မူ ခင်ပွန်းသည်၏ စီးပွားရေး ၊ လူမှုရေး ၊ မိသားစုအရေးတို့တွင် ဘက်စုံညီမျှအောင်မြင်အောင် စွမ်းဆောင်နိုင်မှုကြောင့် ဇနီးသည်၏ ဂုဏ်ရည်တက်သကဲ့သို့ ၊ ထိုကဲ့သို့စွမ်းဆောင်နိုင်စေရန်ပံ့ပိုးကူညီသော ဇနီးသည်၏ လိမ္မာသိတတ်သော စွမ်းရည်ကြောင့် ခင်ပွန်းသည်၏ ဂုဏ်ရောင်လည်း ထွန်းပြောင်ပြန်သည်။ ထို့ကြောင့် မိမိ၏ ကိုယ်ရည်ကိုယ်သွေးသည် ခွဲခွာထား၍ မရစကောင်းသော မိမိနံရိုးတစ်ချောင်းပေါ်တွင် မှီတည်နေပြန်သည်။ အမျိုးအစား တူညီသော နံရိုးလေးများ ပေါင်းစပ်ထားသည် ဖြစ်စေ ၊ မတူညီစွာ ကွဲပြားနေသည့် နံရိုးလေးများ ပေါင်းစပ်ထားသည် ဖြစ်စေ။ နေ၀င်ချိန်ကို အတူတကွ လှပစွာ ၀င်သွားကြစေလိုပါသည်။ ခရေပင်အောက်တွင် လမ်းလျှောက်သွားသော ၀တ္ထုတိုလေးထဲမှ ဇာတ်ကောင်နှင်းသည် အမျိုးအစားမတူသော နံရိုးလေး သောမက်စ်အား ချစ်စိတ်မ၀င်သောကြောင့် ငြင်းပယ်ခဲ့သော်လည်း စိတ်ချစ်ကြည်မွေ့ခဲ့သည် ရှိသော် သူမအား တစ်ဘ၀စာ စိတ်ချမ်းသာစေမည့် ထိုနံရိုးလေးအား လက်ခံလေမည်လား မသေချာ။ ထို့ကြောင့် ထိုမေးခွန်းကို ဖြေဖို့ရာ….ဇာတ်လမ်းဆင်ခဲ့သူ KPP အား ဆွံ့အ နေခွင့်ပြုလှည့်ပါ။ 

+ကြည်ဖြူပိုင် +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)