ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 18, 2015

==လူထုကျန်းမာရေး(ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ် နိုင်ရန်)===

>
**Public Health** 

 ယခုနှစ်ကဲ့သို့ အအေး လွန်ကဲသော ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှာ မလွဲမသွေ ကြုံတွေ့ရမည့် ပြဿသနာ တစ်ခု ဖြစ်သည်။ ဆောင်းရာသီတွင် အပူချိန် ကျဆင်းခြင်း၊ လေထုထဲ၌ ရေငွေ့ ပါဝင်မှု နည်းခြင်း၊ အေးစက်သော လေပြင်းများ တိုက်ခတ်ခြင်းတို့က သင့်အသား အရေရဲ့အဆီဓာတ်ကို ခန်းခြောက်စေပြီး အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွား စေပါသည်။ ထို့ကြောင့် အသားအရေ ခြောက်သွေ့ခြင်း မဖြစ်စေရန် (၁) အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသော ပစ္စည်းများသုံးပါ။ ထိုကဲ့သို့ ရေဓာတ်ပြန် ဖြည့်ပေးသော (moisturizer) များကို ရွေးရာ၌ ရေကို အခြေခံသော ပစ္စည်းများထက် အဆီကို အခြေခံသော moisturizerကို ပိုသုံး သင့်ပါသည်။ သို့မှသာ ယင်းအဆီက သင့်ရဲ့အရေပြားပေါ်တွင် အလွှာပါး တစ်ခု ဖြစ်ပေါ်စေပြီး ရေဓာတ်ဆုံးရှုံးမှုကို အခြား လိုးရှင်း တွေထက် ပိုလျော့ နည်းစေပါသည်။ (၂) ရေများများသောက်ပါ။ ဆောင်းတွင်း၌ အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ရန် တစ်ရက်ကို ရေတစ် လီတာမှ နှစ်လီတာခန့် သောက်သုံး သင့်ပါသည်။ ထို့အတူ အရည်ရွှမ်း သောအသီးများ ဖြစ်သည့်ပန်းသီး၊ သခွားသီးကဲ့သို့ အသီးများအား စားသုံးသင့် ပါသည်။ ထိုအစာများက သင့်ရဲ့အစာ စားချင်စိတ်ကို ထိန်းချုပ် ပေးနိုင်သည့် အပြင် သင့်အသား အရေကို တစ်နေကုန် ရေဓာတ်ပြည့်ဝ နေစေ ပါသည်။ (၃) နေရောင်ကာ ခရင်မ်သုံးပါ။ နေရောင်ကာ ခရင်မ်ကို နွေရာသီမှာပဲ သုံးရမည့် ဆိုသည့်အတွေးကို ခေါင်းထဲက ထုတ်ပစ် လိုက်ပါ။ ဆောင်းရာသီ နေရောင် ကလည်း သင့်အသား အရေကို ပျက်စီး စေနိုင်ပါသည်။ ထို့ကြောင့် လမ်းမထွက်မီ နေရောင်ကာ ခရင်မ်ကို မျက်နှာနဲ့ အခြားနေရောင်နှင့် ထိတွေ့သည့် နေရာများကို လိမ်းထား သင့်ပါသည်။ အကယ်၍ အချိန်ကြာကြာနေ မည်ဆိုလျှင် ထပ်မံလိမ်း သင့်ပါသည်။ (၄) ငါးမှရရှိသော အဆီဆေးများကို သုံးပါ။ လေ့လာမှု တစ်ခုအရ ငါးမှရသော အိုမီဂါ-၃ အဆီဆေးလုံးက အလွန်အကျွံ ခြောက်သွေ့နေသော အသားအရေ ရှိသူများတွင်ပင် ရက်သတ္တပတ် အနည်းငယ်အတွင်း အသားအရေကို ပြန်လည် စိုပြည် လာကြောင်း တွေ့ရသည်။
span id="fullpost">  (၅) အလွန်ပူသော ရေများကို ရှောင်ပါ။

 ဆောင်းရာသီတွင် ရေနွေးကို အသုံးပြုခြင်းက အလွန်ဇိမ်ရှိ လှသော်လည်း ဆောင်းရာသီမှာ ရေနွေးကို သုံး၍ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်းကို မလုပ်ရပါ။ ဤကဲ့သို့ လုပ်ခြင်းက မျက်နှာရှိ ဆံခြည်မျှင် သွေးကြောများ ပေါက်စေ၍ အဆီလွှာကို ပျက်စီးစေခြင်း၊ ရေဓာတ်ဆုံးရှုံးမှုကို အလွန်အကျွံ ဖြစ်စေပါသည်။ ထို့ကြောင့် ဂျိုဂျိုဘား (သို့မဟုတ်) ဗာဒံစေ့ဆီ အနည်းငယ်ခန့်ကို ချိုးမည့် ရေထဲသို့ ထည့်ပေးခြင်းက ဆောင်းရာသီမှာ သင့်အသား အရေကို အာဟာရ ပြည့်စေမှာပါ။

(၆) သင့်ရဲ့ ခြောက်သွေ့ကွဲအက်နေသည့် နှုတ်ခမ်းများကို မလျက်ပါနှင့်။

ဤကဲ့သို့ ပြုလုပ်ခြင်းက သင့်နှုတ်ခမ်းကို ပိုခြောက်စေပါသည်။ ဤကဲ့သို့ လျက်မည့်အစား နှုတ်ခမ်းဆီ၊ လိုးရှင်း သို့မဟုတ် သံလွင်ဆီနှင့် ပျားရည် အနည်းငယ် ရောပြီး နှုတ်ခမ်းကို သုတ်ထား သင့်ပါသည်။ (၇) လက်များကို ဂရုစိုက်ပါ။ အိပ်ရာ မ၀င်မီ လိုရှင်း တစ်မျိုးမျိုး သုံးပြီး အိပ်သင့် ပါသည်။ (၈) ခြေဖနောင့်ကွဲခြင်းကို ဂရုစိုက်ပါ။ ဆောင်းရာသီတွင် ခြေဖနောင့် ကွဲခြင်းက အလွန်နာကျင်သည့် ဝေဒနာကို ခံစား ရနိုင်ပါသည်။ ထိုနာကျင် နေခြင်းကို သက်သာစေရန် ရေနွေးနွေးထဲတွင် ခြေထောက်ကို စိမ်ပေး သင့်ပါသည်။ ထို့နောက် ခြေထောက်အား moisturizes (သို့မဟုတ်) မာဆက်ခရင်မ် တစ်မျိုးမျိုးအား လိမ်းပေးပြီး ညင်သာစွာ နှိပ်နယ် ပေးသင့်ပါသည်။ ခြေစွပ်ပွပွများနဲ့ ဖိနပ် ချောင်ချောင်များကို သုံးသင့်ပါသည်။

Ref: MNT Health Updates Journal

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)