ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 29, 2015

==လူထုကျန်းမာရေး(အသည်းရောင်အသားဝါစီပိုးရှိသူနှင့် သံဓာတ်)==

>
**Public Health** 

ကျွန်တော်တို့၏ အသည်းထဲတွင် သံဓာတ် များပါက အသည်း ထိခိုက် နိုင်ပါသည်။ အသည်း ခြောက်ခြင်း နှင့် အသည်း ကင်ဆာ ဖြစ်ပွား နိုင်ပါသည်။ အသည်းရောင် အသားဝါ စီပိုး ရှိသူများတွင် သံဓာတ်များ နေပါက အသည်း ကင်ဆာ ပို၍ ဖြစ်ပွား နိုင်ပါသည်။ သံဓာတ်များ နေသော စီပိုး ရှိသူများကို စီပိုး သေဆေးများနှင့် ကုသရာ တွင်လည်း စီပိုးသည် မပျောက်ဘဲ ဖြစ်နိုင် ပါသည်။ သံဓာတ်သည် စီပိုးများ ပွားခြင်းကို အားပေး ပါသည်။ ထို့ကြောင့် အသည်းရောင် အသားဝါ စီရောဂါ ရှိသော သူနှင့် သံဓာတ်သည် လုံးဝ မတည့်ခြင်း ဖြစ်သည်။ သံဓာတ်သည် စီပိုး ရောဂါသည် တစ်ဦး အတွက် အန္တရာယ်တစ်ခု အနေဖြင့် သတ်မှတ်ထား ရပါမည်။ သံဓာတ်များသော အစားအစာများကို စားမိခြင်းကြောင့် စီပိုးရှိသော သူများ၏ ခန္ဓာကိုယ်တွင် သံဓာတ်များ စုပုံ နေတတ် ပါသည်။ သံဓာတ် အများဆုံး ပါဝင်သော အစားအစာများမှာ ကြက်အသည်း၊ ဘဲအသည်း၊ ဝက်အသည်း၊ အမဲအသည်းနှင့် တခြား အသည်းများ ဖြစ်ပါသည်။ မည်သည့် သတ္တဝါပင် ဖြစ်စေ သံဓာတ်သည် အသည်းတွင် စုပုံ နေတတ် သောကြောင့် ဖြစ်သည်။ သံဓာတ်များသည့် စီပိုးရှိသော သူတွင် လွန်ကဲစွာ ဝင်ခြင်းကြောင့် အသည်းကင်ဆာ ဖြစ်ပွားမှုကို ပို၍ဖြစ်ပွား စေပါသည်။ ထို့ကြောင့် စီပိုးရှိသော သူများသည် အသည်းကို လုံးဝမစားဘဲ ရှောင်ကြဉ် ရပါမည်။ စီပိုးရှိသော သူများသည် အရွက်စိမ်း များကို လွန်ကဲစွာ မစားသင့်ပါ။ ထိုအရွက်စိမ်းများ (ဥပမာဘူးရွက်၊ ဟင်းနုနယ်၊ ကန်စွန်းရွက်)တွင် သံဓာတ်များ အတော်အသင့် ပါဝင်သောကြောင့် ဖြစ်ပါသည်။ စီပိုးရှိ သူများသည် သံဓာတ် များသည့် အနီရောင် ရှိသော အသားများ (ဥပမာ-အမဲသား၊ ဂျီသား၊ ဆတ်သား) စသည်တို့ကို ရှောင်ရပါမည်။ အမဲသားတွင် သံဓာတ်များစွာ ပါဝင်သောကြောင့် အသည်းကို လွန်စွာ ဒုက္ခပေးပါသည်။ သံဓာတ်ပါသော အစားအသောက်များကို ရှောင်ရသကဲ့သို့ သံဓာတ်များစွာ ပါဝင်သော ဗီတာမင် အားဆေးများ ကိုလည်း ရှောင်ရပါမည်။ တချို့သော အားဆေးများတွင် သံဓာတ်နှင့် ဗီတာမင် စီဓာတ် ပါဝင်မှု များစွာ ထည့်ထား ပါသည်။ အားနည်းလို့ သောက်သော ဆေးသည် မိမိ၏ အသည်းကို ဒုက္ခပေးခြင်းရှိ၊ မရှိ ကြည့်ရှုပြီး သောက်ရပါမည်။ သို့မှသာ သံဓာတ် များခြင်းကြောင့် ဖြစ်ပွားသော အသည်း ခြောက်ခြင်းနှင့် အသည်း ကင်ဆာဖြစ်ပွားမှု အန္တရာယ်မှ ကင်းဝေး နိုင်ပါသည်။ စီပိုးရှိသော သူများသည် သံဓာတ်များသော အစားအစာ ( ဥပမာ-အသည်း၊ အမြစ်၊ ကလီစာ၊ သွေးခဲများ)ကို ရှောင်ရပါမည်။ ဗီတာမင်စီနှင့် သံဓာတ် အနည်းအကျဉ်း ပါသော အားဆေးများကို သာ သောက်သင့် ပါသည်။ အစိမ်းရောင် ရှိသော ဟင်းသီး ဟင်းရွက်များကို ချင့်ချိန် စားသောက် သင့်ကြောင်း အကြံပြု အပ်ပါသည်။ ။

 +ဒေါက်တာမြင့်သန်းထွန်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)