ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 26, 2015

==လူထုကျန်းမာရေး(သစ်သီးများမှရနိုင်သော ဗီတာမင်၊ သတ္တုဓာတ်များ)==

>
**Public Health**

သစ်သီးများမှာ အဓိကပါဝင်တဲ့ ကစီဓာတ်၊ ပရိုတင်း၊ အဆီဓာတ် သာမက ဗီတာမင်၊ သတ္တုဓာတ်၊ အင်ဇိုင်းများနဲ့ ဓာတ်သဘာဝများကို သစ်သီးဝလံများ စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။

++ ဗီတာမင် (vitamins) ++

သဘာဝသစ်သီး ဖျော်ရည်ကို ဗီတာမင်အရည်လို့ ခေါ်နိုင်ပါတယ်။ အာဟာရဓာတ်များ ထောက်ပံ့ပေးနိုင်စွမ်း ရှိတယ်။ သစ်သီးဖျော်ရည်ဟာ ဗီတာမင်မှာ အော်ဂဲနစ် အာဟာရ ဓာတ်များဖြစ်လို့ ကျန်းမာရေး ထိန်းသိမ်းနိုင်ဖို့နဲ့ ပုံမှန်ဇီဝကမ္မ ဖြစ်စဉ်အတွက် ပမာဏ အနည်းငယ် လောက်သာလိုတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေမှာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် (ဗီတာမင်စီ၊ဘီ) အုပ်စုများနဲ့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် (အေ၊ဒီ၊အီး၊ကေ) တို့ ပါဝင်ကြပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်မှာ ဗီတာမင် တချို့ပါဝင်ပြီး ကယ်လိုရင်းခေါ် ပရိုဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေတို့နဲ့အတူ B12 မှလွဲပြီး ဗီတာမင်ဘီအုပ်စု စုံလင်စွာ ရနိုင်ပါတယ်။

++သတ္တုဓာတ်များ++

 သဘာဝသစ်သီး ဖျော်ရည်မှာပါတဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ထုံးဓာတ်၊ ကလိုရိုဒ်၊ မဂ္ဂနီစီယမ်၊ မီစုန်း၊ ပိုတက်စီယမ်ဓာတ်၊ ဆိုဒီယမ်၊ ကန့်၊ ဘိုရွန်၊ ခရိုမီယမ်၊ နီကယ်၊ ကိုဘော့၊ ကြေး၊ ဖလူအိုရိုဒ်၊ မဂ္ဂနိစ်၊ စီလီနီယမ်၊ မန်နာဒီယမ်၊ သွပ် စသည်တို့ ဖြစ်ကြပါတယ်။ ခန္ဓာကိုယ်ဟာ ဆဲလ်များ ဆီလျော်စွာ လုပ်ဆောင်နိုင်မှုအတွက် သတ္တုဓာတ်များ လိုအပ်ပါတယ်။

++ဗီတာမင်များ၊++

 သတ္တုဓာတ်များဟာ အင်ဇိုင်းများ ကောင်းစွာ လုပ်ဆောင်ရန်နဲ့ အထူးသဖြင့် စွမ်းအင် ထုတ်လုပ်ရန်အတွက် လိုအပ်ပါတယ်။ သတ္တုဓာတ်များဟာ အင်အော်ဂဲနစ်များ ဖြစ်ပြီး မြေဆီလွှာမှနေ၍ အပင်များက စုပ်ယူထားကြတယ်။

; ++အင်ဇိုင်းများ ++

လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်မှာ သဘာဝ အင်ဇိုင်းများစွာ ပါဝင်ပါတယ်။ အပူပေးချက်ပြုတ်ခြင်း၊ ပိုးသတ်ခြင်း၊ ဘူးသွပ်ခြင်းဟာ အင်ဇိုင်းများကို ပျက်စီးစေပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေကို သုံးခြင်းဖြင့် ခန္ဓာကိုယ်မှာ အင်ဇိုင်းများ ကြွယ်ဝကာ ကိုယ်တွင်းစွမ်းအင်များ ထုတ်လွှတ်ပေးတယ်။ 

 ++အပင်ထွက် ဓာတ်သဘာဝများ သို့မဟုတ် ရုက္ခမူ ဓာတ်သဘာဝများ++ 

အပင်ထွက် သဘာဝဓာတ်များဟာ အပင်ထွက် အာဟာရ ဓာတ်များလို့လည်း ခေါ်ပြီး အရောင်၊ အနံ့၊ အရသာများ ကွဲပြားမှု ရှိပါတယ်။ အပင်ထွက် သဘာဝ ဓာတ်သောင်းချီပြီး ရှိပါတယ်။ ပုံမှန်ခရမ်းချဉ်သီး တစ်လုံးမှာ အာဟာရမျိုးကွဲပေါင်း တစ်သောင်းကျော်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်များထက် အပူဒဏ်ခံနိုင်ပြီး ချက်ပြုတ် အပူပေးနည်းနဲ့ မပြိုကွဲနိုင်ဘဲ သဘာဝသစ်သီး ဖျော်ရည်အဖြစ် ပိုမိုသိပ်သည်း များပြားစွာ ရနိုင်ပါတယ်။ ယင်းတို့ဟာ ရောဂါများ ကာကွယ်ပေးပြီး အထူးသဖြင့် ကင်ဆာရောဂါကို အကာအကွယ်ပေးတယ်။ များစွာသော ဆေးဝါးများဟာ သစ်ပင်၊ သစ်သီး၊ သစ်စေ့တို့ကို အခြေခံပြီး ဖော်ထုတ်နေရဆဲ ဖြစ်တယ်။ သစ်သီးဝလံတွေဟာ ရောင်ရမ်းခြင်း လျော့စေတယ်။ ဗိုင်းရပ်စ်ကို နှိမ်နင်းတယ်။ ခုခံမှုစနစ်မြှင့် တင်ပေးတယ်။ ဒီအင်န်အေကို မပျက်စီးစေဖို့ ကာကွယ်ပေးတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ စတော်ဘယ်ရီ၊ ဂေါ်ဖီထုပ်နဲ့ အချဉ်သီးများ၊ ခရမ်းချဉ်သီး၊ ဘယ်ရီသီး၊ ချယ်ရီသီးတို့မှာ သဘာဝဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

+မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)