ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, February 26, 2015

===မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်မဲဆောက်နှင့်မြ၀တီတွင်ရွှေ့ ပြောင်းအလုပ်သမားရေးရာဆွေးနွေး၊ မဲဆောက်မြို့ နေ့ သစ်အလကကျောင်းသို့ ဝင်ရောက်အားပေး===

>

+(ဖေဖော်ဝါရီလ၂၆ရက်၊၂၀၁၅-သောင်ရင်းနဂါး)+
 မြန်မာနိုင်ငံအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်သည်ယနေ့ နံနက်ပိုင်းတွင်မဲဆောက်နှင့်မြ၀တီတွင်ရွှေ့ ပြောင်းအလုပ် သမားရေးရာကိစ္စရပ်များကိုကွင်းဆင်းဆွေးနွေးခဲ့သကဲ့သို့ မဲဆောက်မြို့ မှမြန်မာရွှေ့ ပြောင်း
လုပ်သားကျောင်းတစ်ကျောင်းဖြစ်သောနေ့ သစ် အလကကျောင်းသို့ ဝင်ရောက်အားပေးစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်သည်မဲဆောက်မြို့ တွင်ကျင်းပသောတာ့ခ်ခရိုင်လ၀က အရာရှိများ၊One StopService(ထိုင်းဘက်)မှအရာရှိများ၊မဲဆောက်ဒေသအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ(NGOs0နှင့်လူထုအခြေပြုအဖွဲ့ အစည်းများ(CBOs)။သတင်း မီဒိယာများနှင့်တွေ့ ဆုံဆွေးနွေးပွဲတွင်သူ၏ကွင်းဆင်းလာရောက်ရဖြင်းရည်ရွယ်ချက်ကို ယခုလိုရှင်းပြသည်။ **ထိုင်းနိုင်ငံမှာပန်းရောင်ဘတ်ကတ်ကိုင်ဆောင်ထားတဲ့မြန်မာရွှေ့ ပြောင်းအလုပ်သမား (၆၄၅၅၆၇)အတွက်နိုင်ငံကူးလက်မှတ်စာအုပ်ကြီးပြုလုပ်ဖို့ ၊ပြီးတော့တစ်ခါ၎နှစ်ဗီဇာ သက်တမ်းပြည့်တဲ့အလုပ်သမား(၃)သိန်းလောက်အတွက်အခက်အခဲမရှိသက်တမ်း ဆက်နိုင်ဖို့ လာရောက်ရှင်းပြရတာဖြစ်ပါတယ်...**ဟုကနဦးရှင်းပြသည်။

ဆက်လက်ပြီးညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ကပင်-**ထိုင်းနိုင်ငံကခ၇ိုင်ဒေသ(၇၇)ခုမှာ ပျံ့ နှံ့ ရောက်ရှိလုပ်ကိုင်နေကြတဲ့မြန်မာလုပ်သားတွေကိုတရားဝင်အထောက်အထား ပြုလုပ်ပေးဖို့ ကလာမယ့်
၂၀၁၅ခုနှစ်မတ်လ၃၁ရက်အထိပဲအချိန်ပေးထားပါတယ်။ ဒီလိုမှမလုပ်ရင်ဖမ်းဆီးမယ်လို့ တရားဝင်ကြေညာထားပါတယ်။မကြာမီထိုင်းနိုင်ငံ့ ကိုအဖွဲ့ ၂၁ဖွဲ့ ပါတဲ့စာရင်းကောက်ယူရေးအဖွဲ့ လာပါမယ်။ပုံစံ၂၁ချက်ကိုမြန်မာ လုပ်သားတွေဆီကစာရင်းကောက်မှာပါ။ပြီးရင်ဘန်ကောက်မြန်မာသံရုံးကို တင်ရပါမယ်။ပြီးရင်သံရုံးက စစ်ဆေးပြီးတာနဲ့ ၂နှစ်သက်တမ်းရှိတဲ့**မည်သူမည်ဝါဖြစ်ကြောင်း ယာယီအထောက်အထားစာအုပ်(အစိမ်းရောင်ပတ်စ်ပို့ )ထုတ်ပေးပါမယ်။ C of I ဆိုတဲ့*မည်သူမည်ဝါဖြစ်ကြောင်း ယာယီအထောက်အထားစာအုပ်(အစိမ်းရောင်ပတ်စ်ပို့ )ကိုထိုင်းနိုင်ငံ မှာနေရာဒေသ၅ခုကနေထုတ်ပေးပါမယ်။ဘန်ကောက်ဒေသမှာ၂ရုံး ၊မဲဆောက်ဒေသမှာ၁ရုံး၊မယ်ဆိုင် မှာ၁ရုံး၊ရနောင်းမှာ၁ရုံးစသဖြင့်ဖွင့်ပါမယ်။**ဟုရှင်းပြသည်။

(လ၀က ရဲဗိုလ်မှူးကြီးဆုန်ချိုင်းဒစ်ဂျဲ ကရှင်းလင်းတင်ပြ)

ထို့ နောက်တာ့ခ်ပြည်နယ်(ခရိုင်)လ၀ကညွှန်ကြားရေးမှူးရဲဗိုလ်မှူးကြီးဆုန်ချိုင်းဒစ်ဂျဲ ကလည်း**ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ကမြန်မာနိုင်ငံကိုယ်စားအခုလိုလာရောက် ရှင်းပြတာကျေးဇူးတင်ပါတယ်။C of I ဆိုတဲ့*မည်သူမည်ဝါဖြစ်ကြောင်း ယာယီအထောက်အထားစာအုပ်(အစိမ်းရောင်ပတ်စ်ပို့ )ကိုထိုင်းနိုင်ငံ မှာနေရာဒေသ၅ခုကနေထုတ်ပေးရာမှာကျနော်တို့ ထိုင်းနိုင်ငံဘက်ကအကောင်း မွန်ဆုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြမှာပါ။ဒီနေ့ ညွှန်ကြားရေးမှူးချုပ်ပြောသွား တဲ့အထဲမှာစိတ်ပူပန်မှုတွေကိုလည်းတွေ့ ရပါတယ်။ကျနော်တို့ ထိုင်းနိုင်ငံဘက် ကမြန်မာလုပ်သားတွေကိုအင်မတန်အလေးထားတဲ့အတွက်လိုအပ်တဲ့ အထောက်အထားတွေစုံစုံလင်လင်ပြုလုပ်ကြဖို့ တိုက်တွန်းနေရတာပါ။ မြန်မာလုပ်သားတွေထိုင်းနိုင်ငံမှာ
လူကုန်ကူးခံ ရတာတွေ၅နှစ်အတွင်းမှာ၆၀ရာခိုင်နှုန်းလျော့ကျသွားပါတယ်။ဒီနေရာမှာ ထိုင်းအစိုးရကတရားမ၀င်ရွှေ့ ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး မူဝါဒချမှတ်ထားတာရှိပါတယ်။ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကပြည့်တန်ဆာ၊ကလေးအလုပ်သမား၊တရားမ၀င် အလုပ်သမားတွေအပြင်လှေလုပ်သားတွေကိုလည်းကျေးကျွန်လိုခိုင်းစေတာမျိုး မရှိရလေအောင်တားမြစ်ထားတာတွေရှိပါတယ်...**ဟုပြောပြသည်။

ဆက်လက်ပြီးတာ့ခ်ပြည်နယ်(ခရိုင်)One Stop Service Centre(ထိုင်းနိုင်ငံဘက်) တာဝန်ခံခွန်ဆိထိချိုင်းဝါလေချနာကလည်း..**C of I ဆိုတဲ့*မည်သူမည်ဝါဖြစ်ကြောင်း ယာယီအထောက်အထားစာအုပ်(အစိမ်းရောင်ပတ်စ်ပို့ )ကိုအမြန်ဆုံးထုတ်ပေးဖို့ ရယ် ၊ကျနော်တို့ ထိုင်းအလုပ်သမားရှာဖွေနေရာချထားရေးဌာနညွှန်ကြားရေးမှူးချုပ်နဲ့  ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်တို့ အမြန်ဆုံးတွေ့ ဆုံဆွေးနွေးဖို့ တိုက်တွန်း လိုပါတယ်.**ဟုတင်ပြသည်။ ထို့ နောက်မဲဆောက်ဒေသအခြေစိုက်မြန်မာရွှေ့ ပြောင်းအလုပ်သမားအဖွဲ့ များနှင့် အန်န်ဂျီအိုများကဆွေးနွေးတင်ပြကြသည်။ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ ပြောင်း အလုပ်သမားကွန်ရက်(MMNT)မှဦးမိုးကြိုးက**ထိုင်းစစ်ကောင်စီကမရှိမဖြစ်ဆောင် ရွက်ခိုင်းတဲ့အတွက်မြန်မာရွှေ့ ပြောင်းလုပ်သားတွေဟာပန်းရောင်ကတ်ကို အဆောတလျင်ပြုလုပ်ကြရာမှာခွင့်ပြုအလုပ်ကတခြား၊လက်ရှိလုပ်နေတာက တခြားဖြစ်တာမျိုး၊အလုပ်ရှင်အမည်ခံက တခြားလက်ရှိအလုပ်ရှင်အမည်ကတလွဲဖြစ်နေတာတွေကိုယခုလဖေဖော်ဝါရီလ အတွင်းစီမံချက်မှာအဖမ်းအဆီးခံကြရကြောင်း၊ဒီလိုလွဲနေတာတွေကိုထိုင်းအစိုးရနဲ့ ပြန်လည်ညှိုနှိုင်း
တည့်မတ်ပေးစေလိုကြောင်း၊ဒါ့အပြင်ဘာဆိုဘာမှအထောက် အထားမရှိကြတဲ့အရေအတွက်များပြားလှတဲ့မြန်မာရွှေ့ ပြောင်းလုပ်သားတွေကို လည်းအထောက်အထား ပြုလုပ်ပေးတဲ့နောက်တစ်ကြိမ်အခွင့်အရေးထပ်ပေးရန်ထိုင်းအစိုးရထံ ပန်ကြားပေးပါရန်အတိုချုပ်တင်ပြသည်။

('ဦးမိုးကြိုး ဆွေးနွေးနေစဉ်)

တင်ပြမှုပြီးသော်ဦးမိုးကြိုးသည် ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ ပြောင်း အလုပ်သမားကွန်ရက်(MMNT)အားကိုယ်စားပြုကာရေးသားပြုစုထားသော *ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်းလုပ်သားများ၏လတ်တလောအခက်အခဲ အကျပ်အတည်းများ**အကြောင်းပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ပြည်ထောင်စု ဒုတိယ၀န်ကြီးဦးထင်အောင်၊ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်တို့ ထံလိပ်မူထား သည့်အစီရင်ခံစာကိုညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ထံတစ်ပါတည်းပေးအပ်ခဲ့သည်။ ထို့ နောက်ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်သည်မြ၀တီမြို့ သို့ ခရီးဆက်လက် ထွက်ခွာပြီးIOMအဖွဲ့ ကြီးမှကြီးမှူးကျင်းပနေသည့်**ရွှေ့ ပြောင်းသွားလာနေထိုင် ခြင်းဆိုင်ရာစွမ်းရည်မြှင့်
တင်ရေးအလုပ်ရုံဆွေးနွေးပွဲ**သို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

ထို့ နောက်ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်သည်ယင်းထံအခါအားလျော်စွာပုံမှန် အစီရင်ခံနေသူထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ ပြောင်းအလုပ်သမားကွန်ရက် (MMNT)နှင့်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)အဖွဲ့ တို့ မှဦးမိုးကြိုးတည်ထောင်
ခဲ့သော၁၀နှစ်သက်တမ်းရှိပြီးကျောင်းသား၄၆၆ဦးနှင့် ဆရာ၁၆ဦးရှိသည့်မဲဆောက်မြို့ နေ့ သစ်အလကကျောင်းသို့ ဝင်ရောက် အားပေးစကားပြောကြားကာ ကရင်ပြည်နယ်အစိုးရစစ်စာမေးပွဲနှင့်မြ၀တီခရိုင်စစ်စာမေးပွဲဝင်ရောက်ဖြေဆို သော၎တန်းနှင့်၈တန်းကျောင်း
သား၃၁ဦးအားနွေးထွေးစွာအားပေးစကားပြောကြားသည်။

( မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်-ဦးမျိုးအောင်လက်သို့ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ထံအစီရင်ခံစာ..ကို MMNTကိုယ်စားဦးမိုးကြိုး ကယနေ့ ပေးအပ်ခဲ့ပါသည်။)

ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်၏လုပ်ငန်းစစ်ဆေးရေး၊ကွင်းဆင်းဆွေးနွေးရေးလုပ်ငန်း များကိုအဆင်ပြေချောမွေ့ စေရန်One Stop Service(မြန်မာဘက်)တာဝန်ခံ- ဦးမိုးအောင်ခိုင်အဖွဲ့ နှင့်တာ့ခ်ပြည်နယ်(ခရိုင်)လ၀ကညွှန်ကြားရေးမှူးရဲဗိုလ်မှူးကြီး ဆုန်ချိုင်းဒစ်ဂျဲတို့ ကအဖက်ဖက်မှပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)