ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 4, 2015

==ထွက်ပေါက်==

>
တိမ်တခင်းလဲ နေမင်းရိပ်သိမ်းတဲ့ဆီပါသွားတဲ့နေ့က ပြိုင်ဘက်ကင်းကင်း နေမင်းက ပူလောင်ခြင်း တွေဒီကမ္ဘာမြေပေါ်ဖြန်းကြဲချိန် ကျွန်တော်တစ်ယောက်လဲ အလုပ်အကိုင်မရှိယောင်ချာချာ ဦးလေးဆရာ တစ်ယောက်ထံသွားလည်ခဲ့တယ် ။သူ့အိမ်ကိုရောက်တော့ အိမ်ထဲမှာဘယ်သူမှမရှိကြဘူး ဒါနဲ့အော်ခေါ် လိုက်တော့ အိမ်နောက်ဘေးခြံထဲက ဦးလေးက ငါခြံထဲမှာလို့အော်ပြောတယ်။နေပူပူဒီဦးလေးတစ်ယောက်တော့ခြံထဲ ဘာလုပ်နေလဲလို့တကိုယ်တည်းရေရွတ်ပြီးသူရှိရာသို့အိမ်ထဲကိုဖြတ်ပြီးခြံထဲ ကိုဆင်းလာခဲ့သည် ။ ဟော..တွေ့ပါပြီ ကုန်းကွကုန်းကွနဲ့သူစိုက်ထားတဲ့ ငရုတ်သီးခင်းက ငရုတ်သီးတွေခူးလို့ သူ့နားလျှောက်သွားရင်း "ဦးရယ်နေကပူပူဒါတွေလုပ်နေရလား နေအေးမှဆရာမ(သူ၏အမျိုးသမီး)နဲ့ အတူတူခူးပါ့လား" "ဒီမယ် မောင်ရင် နေအေးတဲ့အထိအချိန်ကိုစောင့်နေရင်ကုန်သွားတဲ့ အချိန်တွေကို မောင်ရင်ပေးနိုင်လား မောင်ရင်းမပေးနိုင်သလိုဘယ်သူမှလဲမပေးနိုင်ဘူး" စကားသာပြောနေပေမယ့် မျက်လုံးနဲ့လက်က ငရုတ်သီးအပင်ပေါ်မှာရှိနေသောသူ့ကို "ဦးကလဲ ကျွန်တော်က စေတနာနဲ့နားနားနေနေ နေဖို့ပြောတာပါ ဦးတို့မှာ ဒီသီးပင်စားပင်တွေမစိုက်လဲ ဈေးထဲမှာကြိုက်သလောက်ဝယ်စားနိုင်နေတာပဲ ဦးတို့တမိသားစုလုံးအလုပ်အကိုင်နဲ့ နေနိုင်စားနိုင်သူတွေပဲ ဘာကြောင့်ဒါတွေအပင်ပန်းခံလုပ်နေရတာလဲ"ကျွန်တော်အဲ့လိုပြောတော့ သူတစ်ချက်ကျွန်တော့်ကိုလှမ်း ကြည့်ပြီး "မောင်ရင်ဒါတွေကိုဘယ်လိုမြင်လဲ" "ငရုတ်ပင်နဲ့ငရုတ်သီးလို့မြင်တယ်လေ"ချက်ချင်းဖြေလိုက်တော့ " ဦးလေးကကျွန်တော့ဘက်လှည့်ကြည့်ပြီး "အင်း မောင်ရင်မြင်တာလဲ မမှားပါဘူး ဒါပေမယ့် ဦးအမြင် ကဒါတွေဟာ ဦးလေးရဲ့စိတ်ထွက်ပေါက်ကွ" "ဗျာ ထွက်ပေါက်ဟုတ်လား ကျွန်တော်ကြားဖူးတဲ့ ထွက်ဆိုတာကတချို့က စိတ်ထွက်ပေါက်ကိုအရက် တချို့က သီချင်းစသဖြင့်ကိုယ်ကြိုက်တာနဲ့ထွက်ပေါက်ပေး လိုက်ကြတယ် ဦးလေးကြတော့တမျိုးနော်" သူကတချက်ရီပြီး" လူအမျိုးမျိုးစိတ်အထွေထွေပေါ့ကွာ ဦးလေးမောင်ရင့်ကိုစိတ်ထွက်ပေါက်ရှာတာလေးပြောပြမယ် ဥပမာကွာ အရက်သောက်ပြီး ထွက်ပေါက်ရှာတာသူ့အတွက်ရော ပတ်ဝန်းကျင်အတွက်ရောကောင်းလား" "ဟုတ် ဘယ်သူ့အတွက်မှမဟုတ်ပါဘူး" ကျွန်တော်ဖြေတော့"ဒါပေါ့ ဘယ်သူ့အတွက်မှမကောင်းတဲ့ထွက်ပေါက်ရှာတော့ သူဘာဖြစ်မယ်ထင်လဲ ထွက်ပေါက်ရှာပေမယ့် ၀င်ပေါက်မြန်မြန်နီးသွားတာပေါ့ " "ဗျာ .... ဘာဝင်ပေါက်လဲဗျ့" "မောင်ရင်ကလဲ ၀င်ပေါက်ဆိုတာ သေမင်းဆီဝင်တဲ့ဝင်ပေါက်လေကွာ အရက်သောက်တော့မြန်မြန်သေတာကိုပြောတာကွ" "ဟုတ် ဒါလဲဟုတ်တာပဲ ဒါနဲ့ဦးလေးရဲ့ အပင်လေးတွေနဲ့စိတ်ထွက်ပေါက်အကြောင်းလေးလဲပြောပြပါအုံး" "ဒီလိုကွ အပင်လေးတွေစိုက်တော့ စစိုက်ပြီဆိုကတည်းက ဒီမျိုးစေ့က ဒီမြေမှာပေါက်ပါ့မလား ငါပေါက်းထားတဲ့မြေကညက်မှညက်ပါ့မလား ပျိုးထားတဲ့မျိုးစေ့တွေက အညှောင့်ထွက်ပါ့ထွက်ပါ့မလားနဲ့ တချိန်လုံးစိတ်တွေကဒီအပင်ပေါ်ရောက်နေတာ ဒီတော့တခြားမဟုတ်တာလုပ်ဖို့ခေါင်းထဲရောက်တော့ဘူး ပေါ့ကွာ အရက်ဆိုရင်တော့ တခွက်နှစ်ခွက်သောက်ပြီးတာနဲ့မဟုတ်တာလုပ်ဖို့နှိုးဆော်နေတော့တာပဲ မဟုတ်ဘူးလား"မေးတော့ ချက်ချင်း " ဟုတ်ပါတယ်" လို့ကျွန်တော်ထောက်ခံတော့ ဦးလေးကဆက်ပြီး" " ပျိုးစေ့လေးတွေမြေချအပင်လေးတွေထွက်လာတော့ စိုက်ရသူကစိတ်ချမ်းသာလာတယ် ဒါနဲ့အပင်တွေ ကြီးထွားလာအောင်ရေလောင်းပေါင်းသင်နဲ့အချိန်တွေဟာကုန်မှန်းမသိ ကုန်သွားတာပေါ့ တိုတိုပြောရရင် အသီးတွေရတော့ အိမ်လဲစားချင်သလောက်စား မိတ်ဆွေတွေလဲပေးချင်သလောက်ပေး ဘယ်လောက် စိတ်ချမ်းသာဖို့ကောင်းလဲကောင်း ပိုက်ဆံလဲမကုန်ဘူး (ရေဖို့တော့ကုန်တာပေါ့)အသီးလေးတွေ ဘုရားလှူတော့ကုသိုလ်ရ ပိုလျှံတော့ရောင်းစားရတော့မိသားစုလဲအပိုဝင်ငွေရ မိတ်ဆွေတွေပေးစားတော့သူတို့လဲ ပျော် ကဲကြည့် အားလုံးဟာကောင်းကျိုးတွေပဲမဟုတ်လား ဒါကြောင့်စိတ်ထွက်ပေါက်ရှာတယ်ဆိုတာ ကိုယ်ရော ပတ်ဝန်းကျင်အတွက်ရောအားလုံးအကျိုးရှိဖို့လိုတယ်ကွ ဦးလေးကိုကြည့်မောင်ရင်တို့ဆရာမ အလုပ်သွား သားသမီးတွေကျောင်းသွားနဲ့အိမ်မှာတယောက်တည်းကျန်နေပေမယ့် ပျင်းဖို့အချိန်တောင်မရှိဘူး ဒီထွက်ပေါက်လေးနဲ့အချိန်ကုန်သွားတာ ညနေမိသားစုပြန်ရောက်လာတော့သူတို့နဲ့အချိန်ကုန် ဘ၀ဆို တာဒါပဲ ထွက်ပေါက်မမှားဖို့ပဲလိုတယ် မောင်ရင်လဲထွက်ပေါက်ရှာမယ်ဆိုကောင်း တဲ့ထွက်ပေါက်ရှာတတ်ဖို့ လိုတယ်နော်"လို့ စကားအရှည်ကြီးပြောပြီးမောလို့ထင်တယ်ဘေးမှာချထားတဲ့ရေနွေးကြမ်း အေးစက်စက်ကို မော့သောက်ပြီး ငရုတ်ခင်းမှထကာ ကန်စွန်းခင်းဘက်ထွက်သွားလေတော့သည် ။ ကျွန်တော်လဲဦးလေးကျောပြင်ကိုငေးရင်း အိမ်အပြန် ကုန်တိုက်သို့ဝင်ကာဝယ်ရန်စဉ်းစားထားသော ဘီယာဘူးနှင့် မျိုးစေ့ထုတ်တလှည့် ငရုတ်သီးတောင့်နှင့် အမြည်းလုပ်စားမည့်အားလူကြော်တပြန်စဉ်စား တွေးတော ဆုံးဖြတ်ကာ ဦးလေးကိုနှုတ်ဆက်ပြီး အိမ်အပြန်ဝယ်နေကျကုန်တိုက်ထဲသို့ဝင်ကာ...........။ >>>>>>>>>>>>>>>>>>>>&gt
;>>>>>>>>>>>>>>>>>>> 

+လွင်ပြင်လှိုင်းငယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)