ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 28, 2015

==လူထုကျန်းမာရေး(ကလေးဝမ်းချုပ်ခြင်း အကြောင်း-သိကောင်းစရာ)==

>
**Public Health
**
 ဝမ်းချုပ်ခြင်းဆိုတာ ဝမ်းမှန်မှန် မသွားခြင်း၊ ဝမ်းသွားမှန်ပေမယ့်လည်း ဝမ်းပမာဏ နည်းခြင်းတို့ ဖြစ်ပါတယ်။ နို့ဘူးစို့ ကလေးငယ်တွေနဲ့ ဖြည့်စွက်စာ ကျွေးခါစ အရွယ်တွေမှာ ကျွေးတဲ့ အစားအစာမှာ ဟင်းသီးဟင်းရွက် ထည့်သွင်း ကျွေးမွေးမှုနှုန်း နည်းပါးလို့ ဝမ်းမာလာသလို အသီးအရွက် ပါဝင်မှုနှုန်းနည်းလို့ ဝမ်းသွားတဲ့ ပမာဏ နည်းသွား ရတယ်။ ရေသောက်နည်းရင်လည်း ဝမ်းချုပ်တတ်ပါတယ်။

*ရောဂါလက္ခဏာများ*

ဝမ်းမာပြီး စမြင်းတုံးဖြစ်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း နာခြင်းနဲ့ ကလေးရဲ့ ဘောင်းဘီမှာ သွေးစ တွေ့ရခြင်း စသည်တို့ဟာ လည်း ဝမ်းချုပ်တာကြောင့် ဖြစ်ပါတယ်။ ဝမ်းဖောဝမ်းရောင် မဖြစ်စေဖို့ ဝမ်းချူပေးသင့် ပြီး တစ်ခါတလေ ဝမ်းချုပ်ခြင်းက စိုးရိမ်စရာ မရှိပေမယ့် ဝမ်းနဲ့အတူ သွေးပါလာပါက ကျန်းမာရေးအရ ပြဿသနာ ရှိနိုင်ပါတယ်။ မိဘတွေက ကလေးငယ်ကို အချိန်မှန်မှန် ဝမ်းတည်ပေးရပါမယ်။ နာကျင်မှုမရှိစေဖို့ ကလေးကို ညှစ်ပြီး ဝမ်းသွားစေခြင်းကို ရှောင်သင့်တယ်။ ဝမ်းချူဘောလုံးနဲ့ ချူပေးဖို့လည်း လိုပါတယ်။ ကလေးကို ကျွေးတဲ့ အစားအစာမှာလည်း ဟင်းသီးဟင်းရွက် များများပါ ရပါမယ်။ ရေများများ တိုက်သင့်ပါတယ်။

*ဆရာဝန်ထံ ပြသသင့်*

 ဝမ်းသွားမယ့်လမ်းကြောင်းမှာ စမြင်းတုံးဖြစ်ပြီး ပိတ်နေပါက စမြင်းတုံးဖယ်ပေးပြီး ရေများများတိုက်ပေးပြီး ဝမ်းမှန် စေရပါမယ်။ ဝမ်းချူလို့မရဘဲ ဝမ်းမသွားပါက သက်ဆိုင်ရာဆရာဝန်ထံ ပြသသင့်ပါတယ်။
 *ဆရာဝန် လုပ်ဆောင်ချက်*

ကလေးခံစားနေရတဲ့ ရောဂါဝေဒနာကို ပျောက်ကင်းစေဖို့ အန္တရာယ်မရှိနိုင်တဲ့ ဝမ်းပျော့ဆေးကို ညွှန်ပေးနိုင်ပါ တယ်။ ကလေးစအိုမှာ ကွဲကြောင်းဖြစ်တဲ့အထိ ရောဂါလက္ခဏာရှိရင် ဆရာဝန်က ကလေးစအိုဝကို သေသေချာချာ စစ်ဆေးကြည့်ရပါမယ်။ အနာရှိပါက အနာကျက်တဲ့ လိမ်းဆေးအဆီ တစ်မျိုးမျိုးကို လိမ်းပေးသင့်ပါတယ်။

 *မိဘများကို အကြံဥာဏ်ပေးခြင်း*

 ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ကလေးကို ဝမ်းနုတ်ဆေး မတိုက်ကျွေးသင့်ပါဘူး။ ကလေးကို ဂရုစိုက်ပြီး ဝမ်းတည်ပေးရပါ မယ်။ အရည်များများ တိုက်ကျွေးပေးရပါမယ်။ ဝမ်းမသွားလို့ ဝမ်းချူမယ်ဆိုရင် သင်္ဘောရိုးငယ်နဲ့ ဆပ်ပြာရည် သွင်းပေးပြီး ဝမ်းချူနိုင်သလို ကလေးဝမ်းချူ ဘောလုံးတစ်လုံးသုံးပြီး ချူပေးနိုင်ပါတယ်။ ထိခိုက်မှု မရှိစေဖို့လည်း ဂရုစိုက်သင့်ပါတယ်။ ဝမ်းတစ်လုံးကောင်း ခေါင်းတစ်လုံးမခဲဆိုတဲ့ ဆိုရိုးစကားနဲ့အညီ ဝမ်းတစ်လုံး ကောင်းမွန်ရေး အတွက် မိဘများက အထူးသဖြင့် မိခင်များက စောင့်ကြည့်ဖို့ လိုပါတယ်။ ကလေး မူကြိုအရွယ် ကျောင်းပို့ရင်လည်း အိမ်မှာ ဝမ်းတည်ပြီးမှ ပို့ဖို့လိုပါတယ်။ ဒါမှမဟုတ် မူကြိုကျောင်းမှာ တည်ခိုင်းဖို့ လိုပါတယ်။ ကျောင်းမသွားမီနဲ့ ကျောင်းဆင်းချိန်တိုင်းမှာ ဝမ်းတည်ပေးတဲ့ အလေ့အကျင့်ကို လုပ်ပေးရ ပါမယ်။ အသီး အရွက်နဲ့ ငှက်ပျောသီး တစ်လုံးကို နေ့စဉ်ကျွေးသင့်ပြီး တတ်နိုင်သလောက် သဘာဝအတိုင်း ဝမ်းသွားနိုင်စေ ဖို့ လေ့ကျင့်ပေးဖို့ လိုပါတယ်။

Written by ကေတု 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)