ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 25, 2015

==အာရပ်နွေဦးအုံကြွမှုဖြစ်စဉ်မှရယူရမည့်သင်ခန်းစာများ==

>
**ဒီမိုကရေစီရှေ့ ပြေးနိမိတ်ပေလား**

 နိုင်ငံရေးပညာရှင်အချို့ က အာရပ်နွေဦးအုံကြွမှုများကိုဒီမိုကရေစီရှေ့ ပြေးနိမိတ်ဟုမှတ်ယူခဲ့မှုသည်မှာ မှားယွင်းမှုတစ်ခုသာဖြစ်သည်ဟု ဝေဖန်သုံးသပ်ကြ သည်။ အာရပ်နွေဦးအုံကြွမှုသည် ဒီမိုကရေစီစနစ်ကိုဆောင်ကြဉ်းမလာဘဲ ဖ၊ရိုဖရဲပြိုကွဲမှုကိုသာ ယူဆောင် လာခဲ့ သည်ဟု နိုင်ငံရေးပညာရှင်အချို့ က ဝေဖန်ပြောဆို ကြသည်။ အရှေ့ အလယ်ပိုင်းဒေသသားများသည် လူမျိုး ရေး၊ ဘာသာရေး၊ ဂိုဏ်းဂဏအားပြိုင်မှုများ ပြင်းထန် နေကြပြီးသည်းခံခွင့်လွှတ်စိတ်များကင်းမဲ့နေသည့် အတွက် ပင်ကိုသဘာဝကိုက ငြိမ်းချမ်းတည်ငြိမ်မျှတ မှုရှိသည့်ဒီမိုကရေစီစနစ်ကိုမဖော်ဆောင်နိုင်ကြခြင်း ဖြစ်သည်ဟုဝေဖန်သုံးသပ်သူများလည်းရှိသည်။ ၂၀၁၁ ခုနှစ်နေ့ရက်များ၊အာရပ်ပြည်သူများသည် လမ်းပေါ်ထွက်၊အုံကြွဆန္ဒပြခဲ့ကြကာ လူထု အားဖြင့်အာဏာရှင်စနစ်ကို ဖြိုလှဲပစ်ခဲ့ ကြသော်လည်း ယနေ့အချိန်၊ ပြည်သူတို့၏ဘ၀သည် တိုးတက်ကောင်းမွန်မလာဘဲ မတည်ငြိမ်မှု၊ မဖွံဖြိုးမှု၊ တရားဥပဒေမစိုးမိုး မှုစသည်များဖြင့်သာများသောအားဖြင့်တွေ့ကြုံနေ ကြရပြီး ပြည်သူတို့ ၏ ဘ၀အခြေအနေများမှာပိုမိုဆိုး ရွားလာနေသည်ကိုအမှန်အတိုင်းပင် တွေ့ရှိနေရပေပြီ။ အာရပ်နွေဦးအုံကြွမှုမှ သင်ခန်းစာယူရမည့် အောက်ပါအချက်လေးရပ်ကို နိုင်ငံရေးလေ့လာသူတို့ က ဖော်ပြထားသည်။

 **အမှ တ် (၁)သင်ခန်းစာမှာအာရပ်နွေဦးအုံကြွမှုသည် စီစဉ်ထားသည့်ပြိုင်ပွဲ (event)တစ်ခုမဟုတ်ဘဲ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲလာသည့်ဖြစ်စဉ် (Process) တစ်ခုမျှသာဖြစ်သည်ဟု သုတေသီတို့ကပြောဆိုသည်။ နွေဦးအုံကြွမှုများ ဖြစ်ပေါ်ခဲ့ သော်လည်းလူ့ မလိုင်အထက်တန်းလွှာများနှင့်စစ်ဘက်၏ထောက်ကူပေး မှုကြောင့်အာဏာရှင်စနစ်များ ယနေ့တိုင်ချုပ်ငြိမ်းသွားမှုမရှိသေးပေ။ ဥပမာအားဖြင့်ဆီးရီးယားအာဏာရှင်-အာဆတ်သည် ၄င်း၏အာဏာဆက်လက်တည်တံ့ ခိုင်မြဲစေရန်အတွက် သိန်းချီသော ဆီးရီးယားပြည်သူများကိုချေမှုန်းနှိပ်ကွပ်ခဲ့ သော်လည်း စစ်ဘက်၏ ထောက်ကန် ထားမှုဖြင့်ဆက်လက်ရှင်သန်လျက်ရှိသည်။ အနောက်ကမ္ဘာခေါင်းဆောင်များသည် ပွင့်သစ်စ ဒီမိုကရေစီစနစ်များကိုအားပေးထောက်ခံလိုစိတ်ပြင်းပြ နေကြသော်လည်း မိတ်ဆွေဟောင်းအာဏာရှင်များကိုလည်း မစွန့် ပစ်ရဲကြဘဲ စိတ်နှစ်ခွဖြစ်ပေါ်နေခဲ့ ကြသည်။ အာဏာရှင်စနစ်များအောက်တွင် ဆယ်စုနှစ် များစွာ နှိပ်ကွပ်ခံခဲ့ ရသည့်လူ့ အဖွဲ့ အစည်းတစ်ရပ်တွင် ဒီမိုကရေစီလူ့ အခွင့်အရေးနှင့် ကိုယ်ကျိုးစွန့် လွှတ်မှု များမှာနေ့ချင်းညချင်း ဖြစ်ပေါ်မလာနိုင်ဘဲ၊ မျိုးဆက်သစ်များစွာအချိန်ယူ၊ ကြိုပမ်းအားထုတ်ရခြင်းသာ ဖြစ်သည်ဟု နိုင်ငံရေးပညာရှင်များက အာရပ်နွေဦးအုံကြွမှုမှသင်ခန်းစာများကိုထုတ်ပြကြသည်။ ** အမှ တ် (၂)သင် ခန်းစာ မှာ နွေဦးအုံကြွမှုဖြစ်စဉ်သည် ပုံသေနည်းခိုင်ခိုင်မာမာမရှိခြင်းပင်ဖြစ်သည်ဟု သုတေ သီများက ဝေဖန်ထောက်ပြကြသည်။ အုံကြွမှုဖြစ်ပေါ် ရသော အကြောင်းတရားများမှာ မတူညီသကဲ့သို့ ဖြစ်ပေါ်သော အကျိုးတရားများမှာကွဲပြားနေသည်။ ဥပမာအားဖြင့်တူနီးရှားနိုင်ငံ အာရပ်နွေဦးအုံကြွမှု တွင် တပ်မတော်သည် အာဏာရှင်ကို မထောက်ခံဘဲ စွန့် ခွာပြီးနိုင်ငံရေးတွင် ပါဝင်လှုပ်ရှားမှုမပြုတော့ဘဲ တိတိကျကျကြားနေကာ အမျိုးသားနိုင်ငံရေးကိုသာ ဆောင်ရွက် ခဲ့ သည်။ အီဂျစ်နိုင်ငံ၊ အခြေအနေမှာပြောင်းပြန်ဖြစ်သည်။ အီဂျစ်တပ်မတော်သည် နှစ်ကြိမ်တိုင်မျှ လူထုအုံကြွမှုတွင် ပါဝင်ပတ်သက်ခဲ့ ရပြီး အာဏာရှင် မူဘာရက်နှင့် အစ္စလာမ်မစ်ဝါဒီသမတ မော်စီကိုဖယ်ရှားပစ်ခဲ့ကာ အိမ်စောင့် အစိုးရကိုဖွဲ့ စည်းပေးခဲ့ရသည်။
သို့ သော် အီဂျစ်တပ်မတော်သည် နိုင်ငံ၏အာဏာ ကို ကျွမ်းကျင်ပိုင်နိုင်စွာထိန်းချုပ်နိုင်ခဲ့ သော်လည်း ဒီမိုကရေစီစနစ် ကြီးထွားဖွံ့ ဖြိုးခိုင်မာစေရန် တပ်မတော်က ထောက်ကူပေးနိုင်သည်ဟူသော အယူအဆတစ်ရပ်မှာ သံသယဖြစ်ဖွယ်ရှိနေပါသည်ဟု နိုင်ငံရေးသုတေသီတို့ က ဆိုသည်။ လစ်ဗျားအုံကြွမှု၏ထူးခြားချက်မှာအနောက်ကမ္ဘာနှင့်နေတိုးစစ်မဟာမိတ်အဖွဲ့ က ကြားဝင်စွက်ဖက်ခဲ့ သည့်အတွက် အာဏာရှင်ကဒါဖီနှင့်၎င်း၏လုံခြုံရေးတပ်ဖွဲ့  မှာအချိန်တိုအတွင်း ချုပ်ငြိမ်းသွားခဲ့သည်မှန်သော် လည်း ယနေ့တိုင်ပင်ဖရိုဖရဲ ၀၊ုန်းသုန်းကားဖြင့်  ပြည်တွင်း စစ်ဆက်လက်ဖြစ်ပွားနေပြီး ပြိုကွဲသော နိုင်ငံတစ်ရပ် အဖြစ်ကျရောက်လျက်ရှိနေဆဲဖြစ်သည်။ ဆီးရီးယားအုံကြွမှု၊ အနောက်ကမ္ဘာက ကြားဝင်စွက်ဖက်ရန် စိတ်မ၀င်စားဘဲ ဒေသတွင်းအင်အားစုများက ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြိုးပမ်းခဲ့ သော် လည်း မအောင်မြင်သေးဘဲ လူပေါင်းသိန်းချီ၊ သေဆုံး နေရပြီး လူသန်းပေါင်းများစွာ စစ်ပြေးဒုက္ခသည်များ အဖြစ် ဒုက္ခပင်လယ်ဝေလျက်ရှိကာ ဆီးရီးယားနှင့်အီရတ်တွင်ရက်စက်ကြမ်းကြုတ်သော အစ္စလာမ်မစ်နိုင်ငံ အိုင်အက်စ်အစွန်းရောက်အဖွဲ့သာ ထိန်းမနိုင်သိမ်းမရ အင်အားကြီးထွားလာနေကြပြီး ဆီးရီးယားနှင့်အီရတ်မြို့ကြီးများစွာကိုသိမ်းပိုက်၊ တရားမ၀င်ကာလီဖိတ် အစ္စလာမ်မစ်အင်ပါယာနိုင်ငံကြီး ထူထောင်ထားသည်။ အမေရိကန်နှင့်ညွန့် ပေါင်းမဟာမိတ်အဖွဲ့၏ အိုင်အက်စ်များအပေါ် လေကြောင်းစစ်ဆင်ရေးမှာကိုးလကြာမြင့်ပြီ ဖြစ်သော်လည်း အိုင်အက်စ်အဖွဲ့မှာဆက်လက်အင်အား ကြီးထွားနေဆဲဖြစ်သည်။ အာရပ်နွေဦးအုံကြွမှု၏သိသာထင်ရှားသော အကျိုးဆက်မှာ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသ များတွင် အိုင်အက်စ်ကဲ့ သို့ သော ရက်စက်သည့်အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ များ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။ ** အမှ တ် (၃)သင် ခန်းစာမှာအာရပ်ကမ္ဘာတွင် လူ့ အဖွဲ့အစည်း၏ ပင်မနိုင်ငံရေးရေစီးကြောင်း (Mainstream)အတွင်း၊ လှုပ်ရှားရု၊ုန်းကန်ပြီး တည်ငြိမ်ဖွံ့ဖြိုးမှုကိုအလို ရှိကြသည့်  အစ္စလာမ်မစ်ဝါဒီများနှင့်အစွန်းရောက်ဝါဒီတို့  ကြား အားပြိုင်မှုများဖြစ်ပေါ်နေသည်ကိုတွေ့ ရှိနေရသည်။ အစွန်းရောက်ဝါဒီများကို အပြီးသတ်ဖယ်ရှားနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ရမည့်  အနေအထားတွင်ရှိနေသည်။ တူနီးရှားအစ္စလာမ်ဝါဒီတို့သည် ၄င်းတို့တစ်ဦး တည်းဖြင့် နိုင်ငံကိုအုပ်ချုပ်နိုင်စွမ်းမရှိကြောင်း နားလည်သဘောပေါက်ခဲ့ ကြသည်။ ရွေးကောက်ပွဲအနိုင်ရရှိခဲ့ သည့်မွတ်စလင် ညီနောင်များအဖွဲ့အီဂျစ်အစ္စလာမ်မစ်ဝါဒီတို့ သည် အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်တစ် နိုင်ငံရေးသမားများအား အထင်သေးစွာဆက်ဆံခဲ့ပြီး အမှားများပြုလုပ်ခဲ့ကြမှု ကြောင့်  ပေးဆပ်လိုက်ရသည့် တန်ဖိုးမှာ ကြီးမားခဲ့ ရခြင်းဖြစ်သည်ဟု သုတေသီတို့က ဝေဖန်ထောက်ပြကြသည်။ အီဂျစ်အစ္စလာမ်မစ်ဝါဒီတို့ သည် ပြည်သူတို့၏ရွေးကောက် တင်မြှောက်မှုဖြင့် နိုင်ငံ့ အာဏာကိုရရှိခဲ့သော်လည်း ပြည်သူတို့ ၏ အကျိုးစီးပွားထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်လွန်းခဲ့ သည့် အတွက် ကျဆုံးခဲ့ ရခြင်းဖြစ် သည်ဟု နိုင်ငံရေးပညာရှင်များက ဝေဖန်ထောက်ပြကြသည်။ အာရပ်ကမ္ဘာတွင် ဒီမိုကရေစီအုံကြွမှုသည် မည် သည့်ရည်မှန်းချက်ပန်းတိုင်ကိုမျှ မရောက်နိုင်သည့်  အဆုံးသာယာလှပသောကမ္ဘာကြီးကိုတည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်မှုအစွန်းရောက်နည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်ဟူသော အယူအဆကို ကိုင်စွဲသူများလည်းဒုနှင့် ဒေးရှိနေပေသည်။ စတုတ္ထသင်ခန်းစာမှာလူထုအင်အားသက်သက် ဖြင့်မင်းဆိုးမင်းညစ်အာဏာရှင်များကိုမဖယ်ရှားနိုင် ခြင်းပင် ဖြစ်သည်ဟု သုံးသပ်သူများရှိနေသည်။ ထိုစဉ်က အီဂျစ်ထာမရော့ဒ်လူထုလှုပ်ရှားမှု၊ ပြည်သူတစ်သန်းကျော်၏
လက်မှတ်များရယူ ကာ အစ္စလာမ်မစ်ဝါဒီသမတ မော်စီ ရာထူးမှနုတ်ထွက် ပေးရန် ပြည်သူသန်းပေါင်းများစွာလမ်းပေါ်ထွက်ပြီးဆန္ဒ၊ပြတောင်းဆိုခဲ့ ကြသည်။ သို့ သော် လူထုအင်အားသက်သက်ဖြင့်  အစ္စလာမ်မစ် ၀ါဒီအစိုးရကို အာဏာမှ ဖယ်ရှားပစ်နိုင်ခဲ့ ခြင်းမရှိဘဲ အီဂျစ်တပ်မတော်မှ ၀င်ရောက်ကူညီမှုဖြင့်သာ သမတ မော်စီကိုဖယ်ရှားနိုင်ခဲ့ ခြင်းဖြစ်သည်။ အိုင်တီနည်းပညာ လူမှုရေးကွန်ရက်နည်းပညာ များ၏အကူအညီဖြင့်လူထုအင်အားပြလှုပ်ရှားမှုများ သည် နိုင်ငံတကာတွင်ခေတ်စားလာသည်။ အာရပ်နွေဦးအုံကြွမှုမှသင်ခန်းစာယူစရာများကိုခြုံငုံ၊လေ့လာကြည့်လျှင် ပြည်သူတို့၏ မကျေမနပ် ဆန္ဒပြမှုသည် အမှန်တကယ်ပင်ရေရှည်ခံသည့်  အနှစ် သာရရှိသော ပြောင်းလဲမှုများကိုဖော်ဆောင်နိုင်ပါမည် လားဟု မေးခွန်းထုတ်စရာများရှိနေသည်ဟု နိုင်ငံရေး ပညာရှင်တို့က ဝေဖန်သုံးသပ်သည်။ 

+ထွန်းတောက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)